25/11/2025
Stainless Steel Kitchen တွေကို ကြာရှည်ခံစေမယ့် လျှို့ဝှက်ချက်😉😉😉
===========================================
Stainless Steel Kitchen Equipment တွေမှာအားသာချက်များစွာရှိသလို
အသုံးပြုသူတွေ ကြုံရတတ်တဲ့ တစ်ချို့
အားနည်းချက်လည်းရှိပါတယ်နော်။
Stainless Steel တွေကို အသုံးပြုတဲ့အခါမှာ
ကြုံတွေ့ရလေ့ရှိတဲ့
အားနည်းချက်လေးတွေကို အချက်အလက်နဲ့တကွ အောက်မှာဖော်ပြပေးလိုက်ပါတယ်။
1️⃣ ခြစ်ရာ၊ အစင်းရာများ (Scratches) ထင်လွယ်ခြင်း
Stainless Steel မျက်နှာပြင်ကိုသန့်ရှင်းတဲ့နေရာမှာ Soft Microfiber Cloth မသုံးမိဘဲ
Brush, Abrasive sponge တွေကိုသုံးပြီး သန့်ရှင်းရေးလုပ်မိတဲ့အခါမျိုးမှာ ခြစ်ရာ၊အစင်းရာများ ဖြစ်ပေါ်တတ်ပါတယ်။
ဒါကြောင့် Soft Microfiber Cloth တွေသုံးပါ။
2️⃣ လက်ရာများနဲ့ အစွန်းအထင်းများ
ပေကျံလွယ်ခြင်း (Fingerprints & Smudges)
အသုံးပြုပြီးတိုင်းမှာ လက်ရာများပေါ်လွယ်ပြီး ဆီကွက်အစွန်းအထင်းများ ပေကျံလွယ်လို့
နေ့တိုင်းသန့်ရှင်းပေးနေဖို့လိုတတ်ပါတယ်။
Stainless Cleaner သို့မဟုတ် Vinegar-Water Solution အသုံးပြုပြီး သန့်ရှင်းပေးပါ။
3️⃣ သံချေးတက်နိုင်ခြေ အနည်းငယ်ရှိခြင်း (Corrosion Risk)
Stainless လို့ခေါ်ပေမဲ့လည်း ၁၀၀% သံချေး
မတက်နိုင်တာမျိုးတော့ မဟုတ်တာကြောင့်
စိုစွတ်မှု၊ အငန်ဓာတ်၊ အဆီခဲ သို့မဟုတ် အညှီအနှောက်တွေနဲ့ ဓာတ်ပြုပြီး သံချေးတက်နိုင်တာကြောင့်
ရေစိုမယ့်နေရာမျိုးတွေမှာ မထားဘဲ
နေ့တိုင်း သန့်ရှင်းရေးလုပ်ပေးပါ။
4️⃣ အသံကျယ်လောင်ခြင်း (Noisy When Using)
Stainless Steel Kitchen တွေမှာ Pot, Pan, Tray စတာတွေနဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါ
အသံကျယ်လောင်စွာ ထွက်ပေါ်တတ်တာကြောင့်
ထိတွေ့ရာနေရာတွေကို Rubber Padding
သို့မဟုတ် Lining သုံးပါ။
5️⃣ အပူခံနိုင်ပေမယ့် လက်အပူလောင်
လွယ်ခြင်း ( Heat Conduction)
Stainless Steel နဲ့ပြုလုပ်ထားတဲ့ပစ္စည်းတွေက အပူစီးကူးမှုမြန်လို့ မီးဖိုပေါ်မှာထားတဲ့အချိန် လက်နဲ့မတော်တဆထိမိရင် အလွယ်အတူ အပူလောင်နိုင်တာဖြစ်လို့
Handle များတွင် Insulator Cover တွေ
အသုံးပြုပါ။
6️⃣ စျေးနှုန်း အနည်းငယ်မြင့်မားခြင်း ( Higher Cost)
Quality ပြည့်မီတဲ့ Stainless Steel (ဥပမာ 304, 316 Grade) တွေဟာ သက်တမ်းကြာတာနဲ့အမျှ စျေးကလည်း ပိုမြင့်လာတတ်ပါတယ်။
ဒါပေမယ့် Long-term investment အနေနဲ့
စဉ်းစားပြီး Maintenance ကောင်းမယ်ဆိုရင် ပေးရတဲ့ဈေးနဲ့ အများကြီးတန်ပါတယ်နော်။
ဒါကြောင့် Stainless Steel တွေကို
ကြာရှည်ခံစေမယ့် လျှို့ဝှက်ချက်ဆိုတာဟာ
တကယ်တော့ Stainless Steel Kitchen Equipment တွေရဲ့
အားနည်းချက်တွေနဲ့ သန့်ရှင်းရေးကို
အထူးဂရုစိုက်ပေးခြင်းပဲဖြစ်ပြီး
ဒီလိုမျိုးနေ့စဉ်ပုံမှန်ထိန်းသိမ်းပေးခြင်းအားဖြင့်
Stainless Steel Kitchen တွေကို အချိန်ကြာရှည်စွာ အသုံးပြုနိုင်စေမှာပဲဖြစ်ပါတယ်ရှင်။
09-45016 2233, 09772727251
Address: အမှတ် 517၊ ရှင်ထွေးညိုလမ်း၊14ရပ်ကွပ်၊အရှေ့ဒဂုံ၊ရန်ကုန်မြို့။