31/12/2025
ဒီဇင်ဘာ ၃၁ ရက်နေ့ည နဲ့ စပျစ်သီး 🍇
စပျစ်သီးဝယ်ပြီးကြပြီလားဝေ့
တို့တော့ ကြိုမှာပြီး ဝယ်ပြီးသွားပြီ😁
တခုပြောပြချင်တာက
စပျစ်သီးအစိမ်းမရလဲ စိတ်မပူဖို့ပါ
စပျစ်သီးအစိမ်း -၁၂လုံးစားပြီး ဆုတောင်းတဲ့ ဓလေ့ က စပိန်ကဆင်းသက်လာတဲ့ ချစ်စရာ ရိုးရာဓလေ့ လေးပါ.
အဓိက က တော့ နှစ်ဟောင်းက နှစ်သစ်ကို စတင်ကူးပြောင်းချိန်မှာ မိမိရဲ့ လိုအင်ဆုတောင်းတွေကို
Manifest လုပ်တဲ့သဘောပါပဲ
အဲ့ဒီတော့ စပျစ်သီး အစိမ်းမရရင်
ဘာတွေနဲ့ ဆုတောင်းလို့ရသေးလဲဆိုရင်
စပျစ်သီး အညိုလဲရတယ်
အစေ့အဆန်တွေလဲရတယ်
ဥပမာ - မြေပဲဆံ ပေါ့
မြေပဲ-၁၂စေ့
ချိုချဉ် /ချောကလက် -၁၂ခု စတဲ့
ချိုမြတဲ့အစားစာတွေလဲရတယ်
ပန်းသီးစိတ် -၁၂စိတ် လဲရတာပါပဲ
အဓိက က တော့ ၁၂ ခုဖြစ်ဖို့လိုတာပါ
မိမိဆုတောင်းတွေကို တခုချင်းအာရုံစိုက် ဆုတောင်းမယ်
စားရမယ့် ဟာက ၁၂ခု ပြည့်မယ်ဆိုရင်
ဆုတောင်းက ပြည့်မှာပါ
မိမိရဲ့စိတ်စွမ်းအားနဲ့ဖြစ်ရမယ်ဆိုတဲ့ယုံကြည်မှုသာအဓိက ပါ.
အဲ့ဒီတော့ ဒီညမှာ စပျစ်သီးရရင် စပျစ်သီးနဲ့ဆုတောင်းပါ
မရရင်လဲ အပေါ်ကပြောထားတဲ့ထဲက အဆင်ပြေရာနဲ့ ဆုတောင်းပေါ့နော် ..
အားလုံး နှစ်သစ်မှာ ဆုတောင်းပြည့်ကြပါစေ