16/01/2021
နှလုံးသွေးကြောကျဉ်းနေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ?
နှလုံးသွေးကြောကျဉ်းတဲ့ပြဿနာက အရေးပေါ်ကုသမှုခံယူရမယ့် အခြေအနေပါ။
ဒါကြောင့် နှလုံးသွေးကြောကျဉ်းခါနီးတဲ့ လက္ခဏာတွေကို သိထားရပါမယ်။ ဒါတွေကတော့
‼️ ရင်ဘတ်အောင့်ပါတယ်။ ရင်ဘတ်ကို တစ်ခုခုနဲ့ ဖိထားသလို၊ တင်းကြပ်နေသလို၊ အစာမကြေသလို စသဖြင့် ခံစားရပါတယ်။ အောင့်တဲ့နေရာကို တိတိကျကျ မှန်းလို့မရပါဘူး။
‼️ အများအားဖြင့် ရင်ဘတ်အောင့်တာက လှုပ်ရှားရင်ပိုဆိုးပြီး နားလိုက်ရင် သက်သာသွားပါတယ်။
‼️ တစ်ခါတလေ ရင်ဘတ်အောင့်တာမဟုတ်ဘဲ လက်မောင်းအောင့်တာ (အထူးသဖြင့် ဘယ်ဘက်)၊ မေးကြောတွေနာတာ၊ နောက်ကျောတွေနာတာ စတဲ့လက္ခဏာတွေလည်း ပြတတ်ပါတယ်။
‼️ ဗိုက်အောင့်ပြီး အစာမကြေသလိုခံစားရပါတယ်။
‼️ တစ်ခါတလေ ရင်ဘတ်မအောင့်ဘဲ နုံးပြီး နေလို့မကောင်းသလို၊ မောသလို ခံစားရပါတယ်။
‼️ ဆီးချိုရှိတဲ့သူတွေမှာ ဘာလက္ခဏာမှ မပြတာမျိုး ဖြစ်တတ်ပါတယ်။
‼️ အမျိုးသမီးတွေမှာ တွေ့နေကျမဟုတ်တဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။
ဒီလိုလက္ခဏာတွေ ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။
အထူးသဖြင့် နှလုံးနဲ့ သွေးကြောမှာ ရောဂါအခံရှိတဲ့သူတွေ၊ ဆီးချိုရောဂါရှိတဲ့သူတွေဆို ပိုပြီးဂရုတစိုက်နဲ့ ပြသသင့်ပါတယ်။
နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါများကို အခမဲ့တိုင်ပင်ချင်တာဖြစ်ဖြစ်၊ အထူးကုဆရာဝန်ကြီးများနဲ့ ပြသချင်တာဖြစ်ဖြစ် Healtppyရဲ့ မက်ဆင်ဂျာမှာ လာရောက်မေးမြန်းနိုင်ပါတယ်။