PS Medical Hub and Travels

PS Medical Hub and Travels Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PS Medical Hub and Travels, Room No/98 (B), Kabaraye Pagoda Road, Bahan Township, Yangon.

Pentagon Medical Hub and Travels was founded in Aug 2017 with a vision to provide best services to customers in all travel related fields and one stop medical services.

နေထိုင်မကောင်းဖြစ်တဲ့အခါ "ဘာရောဂါဖြစ်တာလဲ … ဘယ်ဆေးရုံနဲ့ သင့်တော်မလဲ ..." ဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ စိုးရိမ်ပူပန်န...
10/03/2026

နေထိုင်မကောင်းဖြစ်တဲ့အခါ "ဘာရောဂါဖြစ်တာလဲ … ဘယ်ဆေးရုံနဲ့ သင့်တော်မလဲ ..." ဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ စိုးရိမ်ပူပန်နေရတတ်ပါတယ်။ ❗️

ဒါပေမယ့် စိတ်မပူပါနဲ့။ PS Meidical Hub and Travels ရှိပါတယ်။ 🤗

🏥 PS Medical Hub and Travels မှာဆို ထိုင်းနိုင်ငံရဲ့ နာမည်ကြီးဆေးရုံ (၂၃) ရုံနှင့် တရားဝင်ချိတ်ဆက်ထားတဲ့အပြင်

✅ အခမဲ့ဆွေးနွေးတိုင်ပင်ခြင်း နှင့် ဆရာဝန်နဲ့ တိုက်ရိုက် ရက်ချိန်းယူပေးခြင်း။
✅ ခရီးစဉ်အတွက် ဗီဇာ၊ လေယာဉ်အကြိုအပို့စီစဉ်ပေးခြင်း။
✅ အရေးပေါ်လူနာများအတွက် အထူးဝန်ဆောင်မှုများကို စီစဉ်ပေးခြင်း။
✅ မြန်မာဘာသာပြန်များ ထားရှိပေးခြင်း။
✅ ကုသမှုအပြီး ဆေးရုံဆင်းပြီးနောက်မှာလည်း ရောဂါအခြေအနေကို ပြန်လည်ရှင်းပြခြင်း။
✅ လိုအပ်တဲ့ ဆေးဝါးများ စီစဉ်ပေးခြင်း။

စတဲ့ဝန်ဆောင်မှုတွေအားလုံးကို တစ်နေရာတည်းမှာ ရယူနိုင်မှာပဲဖြစ်ပါတယ်။

ကျန်းမာရေးကိစ္စမှာ စိတ်မပူရဘဲ အမြန်ဆုံး ပြန်လည်ကျန်းမာလာစေဖို့ ကျန်တဲ့အထွေထွေကိစ္စရပ်တွေကို PS Medical Hub and Travels ကိုသာ လွှဲထားလိုက်ပါ။ 🤝✨

☎️ အသေးစိတ်စုံစမ်းလိုပါက -
ဆက်သွယ်ရန်
ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ဘန်ကောက်ရုံး-
+66 658785643, +66 654596983
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို့
(Unipharma ဆေးဆိုင် အပေါ်ထပ်)


09/03/2026

နှစ်ပေါင်း (၅၀) နီးပါး တိုင်တည်ခဲ့တဲ့ အတွေ့အကြုံနှင့် အဆင့်မြင့်ကျန်းမာရေးစောင့်ရှောက်မှုတွေပေးလျက်ရှိတဲ့ Thonburi Bamrungmuang Hospital 🌟🏥

ဆယ်စုနှစ် (၅) ခုနီးပါးတိုင်အောင် အကောင်းဆုံးကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ ထိုင်းနိုင်ငံမှာ နာမည်ဂုဏ်သတင်း ကြီးမားလာခဲ့တဲ့ Thonburi Bamrungmuangဆေးရုံကြီးအကြောင်းကို အသေးစိတ် တင်ဆက်ပေးလိုက်ပါတယ်။

ဆေးရုံကြီးရဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ ကုသမှုတွေအကြောင်းကို ဗီဒီယိုလေးထဲမှာ ကြည့်လိုက်ကြရအောင်နော် .... ။

☎️ အသေးစိတ်စုံစမ်းလိုပါက -
ဆက်သွယ်ရန်

ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

ဘန်ကောက်ရုံး-
+66 658785643, +66970762050
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို့
(Unipharma ဆေးဆိုင် အပေါ်ထပ်)


အမျိုးသမီးတွေဟာ မိသားစုနဲ့ လုပ်ငန်းခွင်အတွက် နေ့စဉ် မမောမပန်း ကြိုးစားရုန်းကန်နေကြတဲ့ စူပါဟီးရိုးတွေပါ။ 🌹ဒီလို ရုန်းကန်လ...
08/03/2026

အမျိုးသမီးတွေဟာ မိသားစုနဲ့ လုပ်ငန်းခွင်အတွက် နေ့စဉ် မမောမပန်း ကြိုးစားရုန်းကန်နေကြတဲ့ စူပါဟီးရိုးတွေပါ။ 🌹

ဒီလို ရုန်းကန်လှုပ်ရှားရင်း ကိုယ့်ရဲ့ကျန်းမာရေးကိုတော့ ဂရုစိုက်ဖို့မေ့နေတတ်ကြလို့ ကိုယ့်ကိုယ်ကိုယ် ကျန်းမာခြင်းဆိုတဲ့ အကောင်းဆုံးလက်ဆောင်နဲ့ ချစ်ပေးလိုက်ရအောင်နော်။ 🥰

မတ်လ (၈) ရက်နေ့ International Women’s Day အထိမ်းအမှတ်အနေနဲ့ အမျိုးသမီးတိုင်း မဖြစ်မနေ စစ်ဆေးသင့်တဲ့ Checkup Package တွေကို PS Medical Hub and Travels မှ အထူးစီစဉ်ပေးထားပါတယ်။

ကျန်းမာရေးထက် တန်ဖိုးကြီးတဲ့ လက်ဆောင်မရှိတာမို့ အခုပဲ PS Medical Hub and Travels မှာ ဆက်သွယ်စုံစမ်းလိုက်ပါနော်။ ✨

☎️ အသေးစိတ်စုံစမ်းလိုပါက -
ဆက်သွယ်ရန်
ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ဘန်ကောက်ရုံး-
+66 658785643, +66 654596983
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို့
(Unipharma ဆေးဆိုင် အပေါ်ထပ်)


ရိုးရိုးဗိုက်အောင့်တာလား ... အူလမ်းကြောင်းကင်ဆာရဲ့ လက္ခဏာလား ...❓မကြာခဏ ဗိုက်အောင့်တာ၊ ရင်ပူတာ၊ လေပွတာနဲ့ ဝမ်းမမှန်တာတွေ...
06/03/2026

ရိုးရိုးဗိုက်အောင့်တာလား ... အူလမ်းကြောင်းကင်ဆာရဲ့ လက္ခဏာလား ...❓

မကြာခဏ ဗိုက်အောင့်တာ၊ ရင်ပူတာ၊ လေပွတာနဲ့ ဝမ်းမမှန်တာတွေကို "ရိုးရိုးအစာအိမ်နာတာနေမှာပါ" ဆိုပြီး ပေါ့ပေါ့ဆဆ မထားသင့်ပါဘူးနော်။

တချို့သာမန်လက္ခဏာတွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာလို ကြီးမားတဲ့ ရောဂါတွေရဲ့ အစပျိုးမှု ဖြစ်နေတတ်ပါတယ်။

ရောဂါကို စောစောသိမှ ထိရောက်စွာ ကုသနိုင်မှာဖြစ်လို့ အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာတွေအတွက် ထိုင်းနိုင်ငံရှိ ViMUT ဆေးရုံကြီးရဲ့ GI Center (အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန) မှာ အတိကျဆုံး အဖြေရှာလိုက်ပါ။ 🏥✨

👨‍⚕️ ViMUT ဆေးရုံကြီးမှာဆို ဝါရင့် အထူးကုသမားတော်ကြီးများရဲ့ အတွေ့အကြုံ၊ ခေတ်မီ မှန်ပြောင်းနည်းပညာတွေနဲ့ ရောဂါဇစ်မြစ်ကို သေချာရှာဖွေပြီး အကောင်းဆုံး ကုသမှုတွေ ရယူနိုင်မှာပဲဖြစ်ပါတယ်။

ကျန်းမာရေးအတွက် အချိန်မဆွဲဘဲ အခုပဲ PS Medical Hub and Travels ကို ဆက်သွယ်လိုက်ပါနော်။ 😇

☎️ အသေးစိတ်စုံစမ်းလိုပါက -
ဆက်သွယ်ရန်

ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

ဘန်ကောက်ရုံး-
+66 658785643, +66970762050
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို့
(Unipharma ဆေးဆိုင် အပေါ်ထပ်)


အသက်အရွယ်အလိုက် ဘယ်လို Check-up မျိုးကို ဦးစားပေး စစ်ဆေးသင့်လဲ ❓🩺Medical Check-up ဆိုတာ ရောဂါရှာတာထက် ကျန်းမာတဲ့ဘဝကို ရေ...
03/03/2026

အသက်အရွယ်အလိုက် ဘယ်လို Check-up မျိုးကို ဦးစားပေး စစ်ဆေးသင့်လဲ ❓🩺

Medical Check-up ဆိုတာ ရောဂါရှာတာထက် ကျန်းမာတဲ့ဘဝကို ရေရှည်ထိန်းသိမ်းဖို့ဖြစ်လို့ အသက်အရွယ်အလိုက် ဘယ်လိုအချက်တွေကို အဓိကထား စစ်ဆေးသင့်လဲဆိုတာ ကြည့်လိုက်ရအောင်နော်။ 👇

✔️ အသက် (၂၀) မှ (၃၀) ဝန်းကျင်
ဒီအသက်အရွယ်က အလုပ်အကိုင်နဲ့ ဘဝကို စတင်တည်ဆောက်နေချိန်မလို့ Lifestyle ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကို အဓိကထားရပါမယ်။ အဓိကစစ်ဆေးဖို့အတွက်ကတော့ သွေးပေါင်ချိန်၊ ကိုယ်အလေးချိန် (BMI)၊ သွေးတွင်းအဆီဓာတ်၊ အသည်းရောင်အသားဝါ (B) ပိုး ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်း၊သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ကို ကြိုတင်ထိုးထားသင့်ပါတယ်။

✔️ အသက် (၄၀) မှ (၅၀) ဝန်းကျင်
ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ စတင်ပြောင်းလဲလာပြီး နာတာရှည်ရောဂါတွေ ခိုအောင်းနေတတ်တဲ့ အရွယ်ဖြစ်ပါတယ်။ အဓိကစစ်ဆေးဖို့အတွက်ကတော့ သွေးတွင်းသကြားဓာတ် (ဆီးချို)၊ နှလုံးစစ်ဆေးခြင်း (ECG)၊ ကျောက်ကပ်နှင့် အသည်း၊
ကင်ဆာရောဂါများအတွက် ကြိုတင်စစ်ဆေးခြင်း (ဥပမာ- အမျိုးသမီးများအတွက် ရင်သားဓာတ်မှန်၊ အမျိုးသားများအတွက် ဆီးကျိတ်စစ်ဆေးခြင်း)၊
ရေတိမ်နှင့် အမြင်အာရုံပြဿနာတွေကို စတင်စစ်ဆေးသင့်ပါပြီ။

✔️ အသက် (၆၀) နှင့်အထက်
ဒီအရွယ်မှာတော့ ခန္ဓာကိုယ်ရဲ့ ပျက်စီးယိုယွင်းမှုတွေကို ထိန်းညှိပြီး ဘဝကို ကျန်းကျန်းမာမာနဲ့ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ဖို့ လိုအပ်ပါတယ်။ အဓိကစစ်ဆေးဖို့အတွက်ကတော့ အရိုးသိပ်သည်းဆ၊ နားကြားအာရုံနှင့် မျက်စိ၊ နှလုံးနှင့် သွေးကြောဆိုင်ရာ အသေးစိတ်စစ်ဆေးမှုများ၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း၊ ဗီတာမင်ချို့တဲ့မှုနှင့် ကိုယ်ခံအားစနစ်ကို စစ်ဆေးပြီး လိုအပ်တဲ့ ဖြည့်စွက်စာများအတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ရောဂါတစ်ခုဟာ အစောပိုင်းအဆင့်မှာ သိရှိခဲ့ရင် ကုသရတာ ပိုလွယ်ကူသလို ကုန်ကျစရိတ်လည်း ပိုသက်သာစေလို့ အသက်အရွယ်မရွေး တစ်နှစ်မှာ အနည်းဆုံး (၁) ကြိမ်တော့ ဆေးစစ်ဖို့ မမေ့ပါနဲ့နော်။

အသင့်တော်ဆုံး ကျန်းမာရေးစစ်ဆေးမှု Package တွေအကြောင်းကိုတော့ PS Medical Hub and Travels မှာ အသေးစိတ်စုံစမ်းလိုက်တော့နော်။ 🤗

☎️ အသေးစိတ်စုံစမ်းလိုပါက -
ဆက်သွယ်ရန်

ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

ဘန်ကောက်ရုံး-
+66 658785643, +66970762050
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို့
(Unipharma ဆေးဆိုင် အပေါ်ထပ်)


"အတူတူ အိုမင်းသွားကြမယ်" ဆိုတဲ့ ကတိတစ်ခု တည်မြဲဖို့ဆိုတာ ကျန်းမာရေးကောင်းမွန်နေမှ ဖြစ်မှာပါ။အထူးသဖြင့် အသက်ရှင်သန်ဖို့ အ...
27/02/2026

"အတူတူ အိုမင်းသွားကြမယ်" ဆိုတဲ့ ကတိတစ်ခု တည်မြဲဖို့ဆိုတာ ကျန်းမာရေးကောင်းမွန်နေမှ ဖြစ်မှာပါ။

အထူးသဖြင့် အသက်ရှင်သန်ဖို့ အရေးကြီးဆုံးဖြစ်တဲ့ "နှလုံး" ကျန်းမာရေးကိုပေါ့။ 🫀

PS Medical Hub and Travels မှာ ချစ်ရသူတွေနဲ့အတူ စစ်ဆေးနိုင်မယ့် Heart Package တွေများစွာရှိပါတယ်​။

🧑‍⚕️နှလုံးအထူးကု ဆရာဝန်ကြီးတွေရဲ့ အကောင်းဆုံးအကြံဉာဏ်တွေနဲ့အတူ ခေတ်မီစက်ကိရိယာတွေနဲ့ စစ်ဆေးပေးသွားမှာပဲဖြစ်ပါတယ်။

ချစ်ရသူတွေနဲ့အတူ သက်တမ်းရှည်ရှည်နေနိုင်ဖို့ နှလုံးကျန်းမာရေးကို အတူတူစစ်ဆေးဖို့ PS Medical Hub and Travels နဲ့ အခုပဲချိတ်ဆက်လိုက်တော့နော်။ 😇

☎️ အသေးစိတ်စုံစမ်းလိုပါက -
ဆက်သွယ်ရန်

ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

ဘန်ကောက်ရုံး-
+66 658785643, +66970762050
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို့
(Unipharma ဆေးဆိုင် အပေါ်ထပ်)


ကျောက်ကပ်မှာ ကျောက်တည်စေနိုင်တဲ့ အစားအသောက်တွေကို သိပြီးပြီလား? 🤔ကျောက်ကပ်ကျောက်တည်တာဟာ စားသောက်နေထိုင်မှုပုံစံနဲ့ တိုက်...
26/02/2026

ကျောက်ကပ်မှာ ကျောက်တည်စေနိုင်တဲ့ အစားအသောက်တွေကို သိပြီးပြီလား? 🤔

ကျောက်ကပ်ကျောက်တည်တာဟာ စားသောက်နေထိုင်မှုပုံစံနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ "ဘာမှမဖြစ်ပါဘူး" ဆိုပြီး ဂရုမစိုက်ဘဲ စားမိနေတဲ့ အစားအစာတွေက ကျောက်ကပ်ကို ဒုက္ခပေးနိုင်ပါတယ်။

🧂 အငန်ကဲသော အစားအစာများ
ဆားနဲ့ ဆိုဒီယံပါဝင်မှုများတဲ့ အသင့်စား စည်သွပ်ဗူးတွေ၊ အချိုမှုန့်တွေက ဆီးထဲမှာ Calcium ပါဝင်မှုကို မြင့်တက်စေပြီး ကျောက်တည်ဖို့ အားပေးပါတယ်။

🥩 အနီရောင်အသားများ
အမဲသား၊ ဝက်သား စတဲ့ အနီရောင်အသားတွေကို အလွန်အကျွံစားသုံးခြင်းက Uric Acid ကို မြင့်တက်စေပြီး ကျောက်တည်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

🥤အချိုရည်နှင့် သကြား
အချိုကဲတဲ့ အအေးတွေ၊ အထူးသဖြင့် Fructose ပါဝင်မှုများတဲ့ ဖျော်ရည်တွေက ကျောက်တည်နိုင်ခြေကို ပိုများစေပါတယ်။

🍫Oxalate များသော အစားအစာများ
ကော်ဖီ၊ ချောကလက်၊ လက်ဖက်ရည်တို့ကို အလွန်အကျွံ စားသုံးခြင်းဟာလည်း ကျောက်တည်ခြင်းကို အားပေးပါတယ်။

❗️ကျောက်ကပ်ကျောက်တည်ခြင်းဟာ အစောပိုင်းမှာ လက္ခဏာမပြတတ်တာကြောင့် ခါးနာတာ၊ ဆီးသွားရင် အောင့်တာ၊ ဆီးနောက်တာမျိုး ခံစားနေရပြီဆိုရင်တော့ စစ်ဆေးဖို့အကြုံပြုလိုက်ပါတယ်နော်။

ကျောက်ကပ်ကျန်းမာရေးကို အသေးစိတ်စစ်ဆေးကြည့်ချင်ရင်ပဲဖြစ်ဖြစ်၊ ကျောက်ကပ်အထူးကု ဆရာဝန်ကြီးတွေနဲ့ ပြသချင်ရင်ပဲဖြစ်ဖြစ် PS Medical Hub and Travels နဲ့ ချိတ်ဆက်လိုက်ပါနော်။ 😇

☎️ အသေးစိတ်စုံစမ်းလိုပါက -
ဆက်သွယ်ရန်

ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

ဘန်ကောက်ရုံး-
+66 658785643, +66970762050
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို့
(Unipharma ဆေးဆိုင် အပေါ်ထပ်)


လူနာတစ်ယောက်အတွက် မိနစ်၊ စက္ကန့်တိုင်းဟာ တန်ဖိုးရှိလှပါတယ်။ ⏰အသက်အန္တရာယ်စိုးရိမ်ရတဲ့လူနာတွေကို အချိန်နှင့်တစ်ပြေးညီ အသက...
24/02/2026

လူနာတစ်ယောက်အတွက် မိနစ်၊ စက္ကန့်တိုင်းဟာ တန်ဖိုးရှိလှပါတယ်။ ⏰

အသက်အန္တရာယ်စိုးရိမ်ရတဲ့လူနာတွေကို အချိန်နှင့်တစ်ပြေးညီ အသက်ကယ်ဆယ်နိုင်ဖို့ Medical Charter Flight ဝန်ဆောင်မှုရှိပါတယ်။ ✈️🩺

PS Medical Hub and Travels ရဲ့ "Bed to Bed" ဝန်ဆောင်မှုဟာ -

✅ လူနာကို မူလရှိရာနေရာကနေ လူနာတင်ယာဉ်နဲ့ စတင်ခေါ်ဆောင်ပေးပြီး

✅ လေယာဉ်ပေါ်မှာ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေနဲ့ စောင့်ရှောက်ပေးကာ

✅ ဆေးရုံမှာ ကုသမှုတွေကို စနစ်တကျခံယူဖို့ စနစ်တကျ လွှဲပြောင်းပေးသွားမှာပဲဖြစ်ပါတယ်။

မကြာသေးမီကလည်း လူနာတစ်ဦးကို အဆင်ပြေချောမွေ့စွာ ပို့ဆောင်ပေးနိုင်ခဲ့ပြီး လူနာအနေနဲ့ လက်ရှိမှာ ကျွမ်းကျင်ဆရာဝန်ကြီးတွေရဲ့ စောင့်ရှောက်မှုအောက်မှာ ကုသမှုတွေခံယူနေပြီပဲဖြစ်ပါတယ်။ 😇

ကျန်းမာရေးအတွက် အရေးပေါ်အခြေအနေကြုံလာတိုင်း PS Medical Hub and Travels ကိုသာ သတိရလိုက်ပါနော်။

☎️ အသေးစိတ်စုံစမ်းလိုပါက -
ဆက်သွယ်ရန်

ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

ဘန်ကောက်ရုံး-
+66 658785643, +66970762050
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို့
(Unipharma ဆေးဆိုင် အပေါ်ထပ်)


23/02/2026

PS with You Program လေးကနေ ထပ်မံကြိုဆိုလိုက်ပါတယ်နော်🤗

ဒီတစ်ခေါက်မှာတော့ PS Medical Hub & Travels မှ ဒေါက်တာစည်သူထွန်းကနေ ကလေးတွေမှာအဖြစ်များတတ်တဲ့ နာတာရှည်ချောင်းဆိုးရောဂါအကြောင်းကို မျှ​ဝေပေးသွားမှာပဲဖြစ်ပါတယ်။

ကလေးတွေမှာဖြစ်တတ်တဲ့ နာတာရှည်ချောင်းဆိုးရောဂါဖြစ်ရခြင်းအကြောင်းရင်းတွေကို ဆွေးနွေးပေးသွားမှာဖြစ်လို့
Video လေးကို အဆုံးထိကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။ 🤗

☎️ အသေးစိတ်စုံစမ်းလိုပါက -

ဆက်သွယ်ရန်
ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

ဘန်ကောက်ရုံး-
+66 658785643, +66970762050
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို့
(Unipharma ဆေးဆိုင် အပေါ်ထပ်)


ကင်ဆာဆိုတာ မျိုးရိုးလိုက်တတ်လား❗️မိသားစုထဲမှာ ကင်ဆာဝေဒနာရှင်တစ်ဦးရှိနေရင် "ငါ့မှာရော ကင်ဆာဖြစ်နိုင်ခြေ ရှိလား" ဆိုပြီး စ...
19/02/2026

ကင်ဆာဆိုတာ မျိုးရိုးလိုက်တတ်လား❗️

မိသားစုထဲမှာ ကင်ဆာဝေဒနာရှင်တစ်ဦးရှိနေရင် "ငါ့မှာရော ကင်ဆာဖြစ်နိုင်ခြေ ရှိလား" ဆိုပြီး စိုးရိမ်တတ်ကြတာ သဘာဝပါပဲ။

ဒီနေ့မှာတော့ PS Medical Hub and Travels ကနေ လူအများသိချင်နေကြတဲ့ ကင်ဆာနဲ့ မျိုးရိုးဗီဇ ဆက်စပ်မှုကို ပြောပြပေးသွားပါမယ်။

ကင်ဆာအားလုံးဟာ မျိုးရိုးလိုက်တာလား ❓

အဖြေကတော့ "မဟုတ်ပါဘူး"။ ဆေးပညာအရ ကင်ဆာဝေဒနာရှင် စုစုပေါင်းရဲ့ (၅%) ကနေ (၁၀%) လောက်သာ မျိုးရိုးဗီဇကြောင့် ဖြစ်တာပါ။ ကျန်တဲ့ (၉၀%) ကျော်ကတော့ အနေအထိုင်၊ စားသောက်မှုပုံစံနဲ့ ရောဂါအခံတွေကြောင့်ဖြစ်ရတာပါ။

🧬 မျိုးရိုးဗီဇရှိရုံနဲ့ ကင်ဆာဖြစ်တာမျိုးမဟုတ်ဘဲ မျိုးရိုးဗီဇရှိတာဟာ တခြားသူတွေထက်စာရင် ကင်ဆာဖြစ်နိုင်ခြေပိုများတတ်ပါတယ်။ မျိုးရိုးလိုက်တဲ့ကင်ဆာတွေကတော့ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတို့ပဲဖြစ်ပါတယ်။

ကင်ဆာမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့အတွက်ကတော့ -
✅ ပုံမှန် ကျန်းမာရေးစစ်ဆေးမှု Medical Check-up ပြုလုပ်ပါ။
✅ ဆေးလိပ်၊ အရက် ရှောင်ကြဉ်ပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းပါ။
✅ ကျန်းမာနေအောင် အစားအသောက်အနေအထိုင်ဆင်ခြင်ပါ။

မိသားစုဝင်တွေထဲမှာ ကင်ဆာဝေဒနာရှင်ရှိလို့ စိတ်ပူနေရတယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ဆေးရုံကြီးတွေမှာ ကျန်းမာရေးစစ်ဆေးမှုရယူဖို့ PS Medical Hub and Travels ကို အခုပဲချိတ်ဆက်လိုက်ပါနော်။

☎️ အသေးစိတ်စုံစမ်းလိုပါက -
ဆက်သွယ်ရန်

ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

ဘန်ကောက်ရုံး-
+66 658785643, +66970762050
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို့
(Unipharma ဆေးဆိုင် အပေါ်ထပ်)



18/02/2026

PS Medical Hub and Travels ဆိုတာဘာလဲ ❓

ထိုင်းနိုင်ငံမှာ ကျန်းမာရေးစစ်ဆေးဖို့နဲ့ ဆေးကုသမှုခံယူဖို့ စဉ်းစားနေသူတွေအတွက် PS Medical Hub and Travels က ဘယ်လိုဝန်ဆောင်မှုတွေပေးနေလဲဆိုတာကို ဒီဗီဒီယိုလေးထဲမှာ အသေးစိတ်ရှင်းပြပေးထားပါတယ်။

PS Medical Hub and Travels ရဲ့ Founder တစ်ဦးဖြစ်တဲ့ Ma Yin Thu Lwin နဲ့ Dr. Maung Win တို့က တော်တော်များများသိချင်နေကြတဲ့ အမေးအဖြေလေးတွေကို ဖြေကြားပေးသွားမှာဖြစ်လို့ အဆုံးထိကြည့်လိုက်ကြရအောင်နော်။ 🤗

☎️ အသေးစိတ်စုံစမ်းလိုပါက -
ဆက်သွယ်ရန်

ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

ဘန်ကောက်ရုံး-
+66 658785643, +66970762050
အမှတ် (၄၉၁/၄)၊ ရချာပါရုပ်၊ မာ့ကဆန်၊ ရချဒေဝီ၊ ဘန်ကောက်မြို့
(Unipharma ဆေးဆိုင် အပေါ်ထပ်)


Address

Room No/98 (B), Kabaraye Pagoda Road, Bahan Township
Yangon
11081

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

959420420418

Alerts

Be the first to know and let us send you an email when PS Medical Hub and Travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to PS Medical Hub and Travels:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

CLICK ME

❝ PS Medical Hub & Travels မှ ချိတ်ဆက်ထားသော နိုင်ငံတကာ ဆေးရုံကြီးများသို့ သွားရောက် ကုသလို သူများအတွက် ပြုလုပ်ပေးနေသော ဝန်ဆောင်မှုများ ❞

(၁) လူနာများအား မြန်မာဆရာဝန်၊ တာဝန်ခံများ နှင့် အခမဲ့ ကြိုတင်ဆွေးနွေးခြင်း

(၂) ဆေးကုသမည့် လူနာများ အတွက် ဆရာဝန်များ နှင့် ကြိုတင်ရက်ချိန်း ယူပေးခြင်း

(၃) ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များ စီစဉ် ဆောင်ရွက်ခြင်း