Art of Sharing by Dr. Zon

Art of Sharing by Dr. Zon Medical services to hospitals in Bangkok & India
(1)

We are assisting & consultation with Myanmar patients who wants to go to hospitals in Bangkok for Medical checkup , treatment, surgery & any health care plan.

❝ Mammogram စစ်ဆေးခြင်းက ရင်သားကင်ဆာကို ပျံ့နှံ့စေသလား? ❞Mammogram စစ်ဆေးခြင်းကြောင့် ရှိပြီးသားကင်ဆာဆဲလ်က ပျံ့နှံ့သွားတ...
10/10/2025

❝ Mammogram စစ်ဆေးခြင်းက ရင်သားကင်ဆာကို ပျံ့နှံ့စေသလား? ❞
Mammogram စစ်ဆေးခြင်းကြောင့် ရှိပြီးသားကင်ဆာဆဲလ်က ပျံ့နှံ့သွားတယ်ဆိုတာမျိုးမရှိပါဘူး။
🩻Mammogram (ရင်သားဓာတ်မှန်) ဆိုတာ ရင်သားတစ်ရှူးများအတွင်း ပုံမမှန်ပြောင်းလဲမှုများကို ဓာတ်ရောင်ခြည်ဖြင့် ပုံရိပ်ဖော် စစ်ဆေးခြင်းဖြစ်ပါတယ်။
လက်ဖြင့် စမ်းသပ်၍ မသိရှိနိုင်သေးသည့် အစောဆုံးအဆင့်တွင် ရင်သားအလုံးအကျိတ်ကို စတင်ရှာဖွေစစ်ဆေးနိုင်ပါတယ်။
🩺Mammogram စစ်ဆေးခြင်းဟာ ဓာတ်ရောင်ခြည် အနည်းငယ်မျှထိတွေ့မှုရှိတယ်ဆိုပေမယ့်
🔹အသက် ၄၅ နှစ်ကျော်အမျိူးသမီးများ၊
🔹ရင်သားကင်ဆာမျိုးရိုးရှိသူများအနေနဲ့ ကျန်းမာရေးစစ်ဆေးမှု (medical check-up) ပြုလုပ်ရာတွင် mammogram ကို ထည့်သွင်းစစ်ဆေးသင့်ပါတယ်။
စောစီးစွာသိရှိခြင်းက ကြိုတင်ကာကွယ်နိုင်သလို ကုသခြင်းအတွက်လည်း ပိုမိုထိရောက်စေပါတယ်....

💁‍♀️"မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်" ‌ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု 🩺

#ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကု #ဘန်ကောက်ဆေးကု #အိန္ဒိယဆေးရုံ #ဘန်ကောက်ဆေးရုံ #ရင်သားကင်ဆာ

သင့်ကလေးအတွက် မျက်မှန်မလိုဘဲ အမြင်အာရုံကောင်းစေမယ့် ❝ 𝟮𝟬-𝟮𝟬-𝟮𝟬 နည်းလမ်း ❞ဒီဂျစ်တယ်ခေတ်မှာ screen time များခြင်းကြောင့် က...
09/10/2025

သင့်ကလေးအတွက် မျက်မှန်မလိုဘဲ အမြင်အာရုံကောင်းစေမယ့် ❝ 𝟮𝟬-𝟮𝟬-𝟮𝟬 နည်းလမ်း ❞

ဒီဂျစ်တယ်ခေတ်မှာ screen time များခြင်းကြောင့် ကလေးငယ်တွေမှာ အမြင်အာရုံပြဿနာတွေမဖြစ်အောင် မိဘများအနေနဲ့ ဒီလိုနည်းလမ်းတွေနဲ့ ဂရုစိုက်ပေးနိုင်ပါတယ်...

❝ 🕑𝟮𝟬-𝟮𝟬-𝟮𝟬 နည်းလမ်း ❞
-မိနစ် ၂၀ ကြာ screen ကြည့်ပြီးတိုင်း ခဏနားပြီး
-အဝေး (ပေ ၂၀ ) အကွာကို
-စက္ကန့် ၂၀ ကြာ ကြည့်ခိုင်းပါ..
ဒီလွယ်ကူရိုးရှင်းတဲ့ အကျင့်ကောင်းလေးက screen ကြည့်ခြင်းကြောင့် ဖြစ်တတ်တဲ့ မျက်စိညောင်းညာခြင်းကို သက်သာစေပါတယ်။

ဒီနည်းလမ်းအပြင်-
🧸သဘာဝအလင်းရောင်ရှိတဲ့နေရာတွေမှာ အချိန်ပေးပြီး ဆော့ကစားခိုင်းတာ
📱မဖြစ်မနေ screen ကြည့်ရမယ်ဆိုရင်လည်း မျက်နှာပြင်သေးတဲ့ ဖုန်း အစား မြင်ကွင်းပိုကျယ်တဲ့ tablet, laptop, TV လိုမျိုးကြည့်ခိုင်းတာ
💡Screen အလင်းအမှောင်ကို ပတ်ဝန်းကျင်အလင်းရောင်နဲ့ သင့်တော်အောင် ချိန်ညှိပြီး မျက်လုံးထဲ အရမ်းစူးနေတာ (သို့) အရမ်းမှောင်နေတာမျိုးတွေမဖြစ်အောင် ဂရုစိုက်ပေးနိုင်ပါတယ်..

သင့်ရင်သွေးအတွက် ဘယ်နည်းလမ်းနဲ့ သင်ကြားပေးဖြစ်လဲဆိုတာ ဝေမျှပေးခဲ့ပါဦးနော်...
💁‍♀️"မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်" ‌ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု 🩺

#နိုင်ငံခြားဆေးကု #ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #ဘန်ကောက်ဆေးကု #အိန္ဒိယဆေးရုံ #ဘန်ကောက်ဆေးရုံ #ကလေး #အမြင်ဝါး

👩‍⚕️ အောင်မြင်စွာကုသနိုင်ခဲ့သော လူနာများ၏ ပုံရိပ်များ 🩺🔹မျက်ကြည်လွှာပျက်စီးခြင်း🔹အမြင်လွှာကွာခြင်း🔹မျက်လုံးပိုးဝင်ခြင်း ...
08/10/2025

👩‍⚕️ အောင်မြင်စွာကုသနိုင်ခဲ့သော လူနာများ၏ ပုံရိပ်များ 🩺
🔹မျက်ကြည်လွှာပျက်စီးခြင်း
🔹အမြင်လွှာကွာခြင်း
🔹မျက်လုံးပိုးဝင်ခြင်း စတဲ့ မျက်လုံးရောဂါများအတွက် ဒေါက်တာဇွန် ကျန်းမာရေးဝန်ဆောင်မှုနှင့် ချိတ်ဆက်ပြီး ဘန်ကောက်ရှိနာမည်ကြီး မျက်စိဆေးရုံကြီးများတွင် သွားရောက်ပြသအောင်မြင်ခဲ့သော လူနာများရဲ့ ပုံရိပ်လေးတွေကို တစ်စုတစ်စည်းတည်းမျှဝေပေးလိုက်ပါတယ် ...
အခုလိုကုသအောင်မြင်မှုများအတွက်
➡️သက်ဆိုင်ရာရောဂါအလိုက် ဆေးကုသမှုဆိုင်ရာကိစ္စရပ်များနှင့်
➡️လေယာဉ်လက်မှတ်၊
➡️hotel booking စသည့် သွားလာတည်းခိုမှုများအတွက်ကိုပါ ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယကျန်းမာရေးဝန်ဆောင်မှုမှ အစအဆုံး စီစဉ်ပေးနိုင်ခဲ့ပြီး ကုသအောင်မြင်မှုတိုင်းရဲ့ အောင်နိုင်ရာမှာ ပါဝင်ခွင့်ရခဲ့တာကြောင့် အထူးပင် ပီတိဖြစ်ဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်ပြောကြားလိုက်ပါရစေရှင် ...
💁‍♀️"မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်" ‌ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု 🩺

#ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကု #ဘန်ကောက်ဆေးရုံ #အိန္ဒိယဆေးရုံ #ဘန်ကောက်ဆေးကု #မျက်ကြည်လွှာ #မျက်စိဆေးရုံ

❝ အသည်းအစားထိုးဖို့ အမျိုးရင်းအလှူရှင်မရှိတဲ့အခါ ဘယ်လိုကုထုံးတွေထဲက ရွေးချယ်နိုင်သလဲ? ❞အသည်းကင်ဆာကုသနည်းတွေရဲ့ အထိရောက်ဆ...
07/10/2025

❝ အသည်းအစားထိုးဖို့ အမျိုးရင်းအလှူရှင်မရှိတဲ့အခါ ဘယ်လိုကုထုံးတွေထဲက ရွေးချယ်နိုင်သလဲ? ❞
အသည်းကင်ဆာကုသနည်းတွေရဲ့ အထိရောက်ဆုံးကုသမှုတွေထဲမှာ အသည်းအစားထိုးခွဲစိတ်မှုဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် မိသားစုဝင်တွေထဲမှာ
❓သင့်တော်တဲ့ အမျိုးရင်းအလှူရှင်မရှိတဲ့အခါမျိုး၊
❓လူနာရဲ့ ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်မှုကြီးကြီးမားမားလုပ်လို့ မဖြစ်နိုင်တဲ့အခြေအနေတွေမှာ ဘာဆက်လုပ်ရမလဲမသိ ဖြစ်တတ်ကြပါတယ်...
ဒီလိုအခြေအနေတွေအတွက် အသည်းကင်ဆာကို တိုက်ထုတ်နိုင်မယ့် အခြားထိရောက်တဲ့ ကုသမှုတွေကို ဖော်ပြပေးလိုက်ပါတယ်....

(၁) အသည်းအစိတ်အပိုင်း ဖြတ်ထုတ်ကုသခြင်း
🔺ကင်ဆာအကျိတ်က အသည်းရဲ့အပိုင်းတစ်ခုတည်းမှာ ရှိနေပြီး၊
🔺အသည်းပြင်ပပျံ့နှံနေတာလဲမရှိသေးဘူးဆိုရင် အသည်းအစိတ်အပိုင်းဖြတ်ထုတ်ကုသခြင်းဖြင့် ကုသကြပါတယ်။

(၂) 𝐓𝐀𝐂𝐄 (အသည်းဆေးဖျန်းခြင်း)
ပေါင်သွေးကြောမှတစ်ဆင့် အသည်းအကျိတ်ဆီသို့ ကင်ဆာဆေးသွင်း၍ ကုသနည်းဖြစ်ပါတယ်။
🔺အသည်းမှာပဲ ကင်ဆာဆဲလ်ပျံ့နှံ့မှုရှိမယ်
🔺အသည်းရဲ့ပင်မသွေးကြောထဲကို မရောက်သေးဘူးဆိုရင် ဒီကုသမှုနည်းလမ်းနဲ့ ကုသနိုင်ပါတယ်။

(၃) 𝐓𝐀𝐑𝐄 (အသည်းကို ဓာတ်ရောင်ခြည်ပေးခြင်း)
𝐓𝐀𝐂𝐄 ကဲ့သို့ ပေါင်သွေးကြောမှတစ်ဆင့် ဓါတ်ရောင်ခြည်ပါတဲ့ Radiaoactive အမှုန်လေးတွေကို အသည်းအကျိတ်သို့ပို့ပြီး ကျုံ့အောင်လုပ်ခြင်းဖြစ်ပါတယ်။
🔺ကင်ဆာအကျိတ်ဟာ အသည်းတစ်ခုလုံးမပျံ့နှံ့သေးဘဲ
🔺အသည်းရဲ့အပြင်ဖက် ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို မပျံ့သေးတဲ့ အခြေအနေမှာ ဒီကုသနည်းကို အသုံးပြုကြပါတယ်။

(၄) 𝐓𝐚𝐫𝐠𝐞𝐭𝐞𝐝 𝐭𝐡𝐞𝐫𝐚𝐩𝐲 𝐚𝐧𝐝 𝐈𝐦𝐦𝐮𝐧𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 (ပစ်မှတ်ထားကုထုံးနှင့် ကိုယ်ခံအားကုထုံး)
ကင်ဆာက အသည်းအပြင် အခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ပျံ့နှံ့နေတဲ့အခြေအနေမျိုးမှာတော့
🩺ပစ်မှတ်ထားကုထုံး (𝐓𝐚𝐫𝐠𝐞𝐭𝐞𝐝 𝐭𝐡𝐞𝐫𝐚𝐩𝐲)
🩺ကိုယ်ခံအားကုထုံး (𝐈𝐦𝐦𝐮𝐧𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲) များဖြင့် ကုသနိုင်ပါတယ်။

👩‍⚕️ဒီကုသမှုနည်းလမ်းတွေထဲကမှ အသင့်တော်ဆုံးနည်းလမ်းကို တိုင်ပင်ဆွေးနွေးနိုင်ဖို့ ဆေးမှတ်တမ်းတွေနဲ့အတူ ဒေါက်တာဇွန် အိန္ဒိယ/ဘန်ကောက် ကျန်းမာရေးဝန်ဆောင်မှုမှာ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

💁‍♀️"မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်" ‌ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု 🩺

#ဘန်ကောက်ဆေးကု #နိုင်ငံခြားဆေးကု #ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #အိန္ဒိယဆေးရုံ #ဘန်ကောက်ဆေးရုံ #အသည်းကင်ဆာ #ကင်ဆာ #အသည်းခြောက် #အသည်းရောင်

06/10/2025

✨ကြည်နူးရွှင်သာ...
သီတင်းကျွတ် အချိန်အခါ.....🧨

သီတင်းကျွတ်အခါသမယမှာ မိသားစုအားလုံး ရောဂါဘယကင်းကွာပြီး နှလုံးစိတ်ဝမ်း အေးချမ်းပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်...

💁‍♀️"မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်" ‌ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု 🩺

#သီတင်းကျွတ် #ဘန်ကောက်ဆေးကု #နိုင်ငံခြားဆေးကု #ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #အိန္ဒိယဆေးရုံ #ဘန်ကောက်ဆေးရုံ

❝ 👁️ မျက်လုံးနဲ့ပတ်သက်တဲ့ရောဂါများအတွက် ထိုင်းနိုင်ငံရှိ Rutnin မျက်စိဆေးရုံကြီး ❞ဘန်ကောက်ရှိ Rutnin မျက်စိဆေးရုံကြီးဟာ ...
04/10/2025

❝ 👁️ မျက်လုံးနဲ့ပတ်သက်တဲ့ရောဂါများအတွက် ထိုင်းနိုင်ငံရှိ Rutnin မျက်စိဆေးရုံကြီး ❞
ဘန်ကောက်ရှိ Rutnin မျက်စိဆေးရုံကြီးဟာ မျက်စိနဲ့ ပတ်သက်တဲ့ ကုသမှုမျိုးစုံကို ဝန်ဆောင်မှုပေးနေတဲ့ နာမည်ကြီးဆေးရုံကြီးဆိုတာလဲ တော်တော်များများသိပြီးကြပြီးဖြစ်ပါတယ်။
Rutnin မျက်စိဆေးရုံကြီးမှာဆိုရင်
🔹မျက်ကြည်လွှာအစားထိုးခြင်း (Corneal transplant)
🔹 အမြင်လွှာကွာခြင်း (Retinal Detachment)
🔹 အတွင်းတိမ် (Cataract)
🔹 မျက်စိရေတိမ် (Glaucoma) စတဲ့ မျက်လုံးရောဂါအမျိုးမျိုး
🔹 မျက်စိပါဝါများသူတွေအတွက် LASIK ကုသနည်း
🔹 ကလေးငယ်တွေအတွက် ငယ်စဉ်ကတည်းက မျက်စိအားကောင်းမှုကို စမ်းသပ် တဲ့ အထူးစင်တာတွေ ရှိတာကြောင့် မိဘများအနေနဲ့ စိတ်ချလက်ချ ပြသနိုင်ပါတယ်။

သင့်ရဲ့မျက်လုံးပြဿနာအလိုက် တိကျတဲ့ အထူးကုဆရာဝန်ကြီးများနဲ့ ပြသနိုင်ခြင်းဟာလည်း Rutnin ဆေးရုံကြီးရဲ့ အားသာချက်ပါ။
👨🏻‍⚕️ အမြင်လွှာ အထူးကု
👨🏻‍⚕️ မျက်ကြည်လွှာ အထူးကု
👨🏻‍⚕️ အတွင်းတိမ်နှင့် ရေတိမ် အထူးကု
👨🏻‍⚕️ မျက်စိပါဝါဖျောက်ခြင်း အထူးကုဆရာဝန်ကြီးများ စသဖြင့် မိမိရောဂါအလိုက် သင့်တော်တဲ့ဆရာဝန်ကို ရွေးချယ် ပြသနိုင်ပါတယ်။

✅ ဘန်ကောက်ရှိ Rutnin မျက်စိဆေးရုံကြီးတွင် အဆင်ပြေချောမွေ့စွာ ပြသနိုင်ဖို့အတွက် ဒေါက်တာဇွန် ကျန်းမာရေးဝန်ဆောင်မှုနှင့် ဆက်သွယ်ချိတ်ဆက်ပြီး ရက်ချိန်းယူနိုင်ပြီ ဖြစ်ပါတယ်။

💁‍♀️"မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်" ‌ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု 🩺

📍ရန်ကုန်ရုံး
အမှတ် B12, ရေးဗားဗျူး ဥယျာဉ်အိမ်ရာ (River View Garden Housing), ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
Phone - 09-880100730, 09-880100710, 09-880004038

📍မန္တလေးရုံး
အမှတ် (၁၄၅)၊ မြေညီထပ်၊ ၃၃လမ်း၊ ၇၄-၇၅ ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
Phone - 09-880004024

📍တောင်ကြီးရုံး
အမှတ် (၂၀၀)၊ နဂါးပွက်ကျောင်းလမ်း၊ ကန်အောက်ရပ်ကွက်၊ တောင်ကြီးမြို့။
Phone - 09-881000 224

#ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကု #ဘန်ကောက်ဆေးရုံ #ဘန်ကောက်ဆေးကု #အိန္ဒိယဆေးရုံ #မျက်လုံး

👩‍⚕️ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာရောဂါများအတွက် သွားရောက်ကုသခဲ့ကြသော လူနာပုံရိပ်များ 🩺🔹ဦးနှောက်အကျိတ်ရောဂါ🔹ဦးနှောက်အမြှေ...
04/10/2025

👩‍⚕️ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာရောဂါများအတွက် သွားရောက်ကုသခဲ့ကြသော လူနာပုံရိပ်များ 🩺
🔹ဦးနှောက်အကျိတ်ရောဂါ
🔹ဦးနှောက်အမြှေးပါးအကျိတ်
🔹ဦးခေါင်းတွင်းသွေးကြောပုံမမှန်ခြင်းများအတွက် ဒေါက်တာဇွန် ကျန်းမာရေးဝန်ဆောင်မှုနှင့် ချိတ်ဆက်ပြီး ဘန်ကောက် နှင့် အိန္ဒိယရှိ နာမည်ကြီးဆေးရုံကြီးများတွင်
➡️ခွဲစိတ်ကုသမှု
➡️Gamma knife ဓါတ်ရောင်ခြည်ကုထုံး
➡️ပစ်မှတ်ထားဓါတ်ရောင်ခြည်ကုထုံးများ ကုသမှုခံယူခဲ့ကြတဲ့ လူနာများရဲ့ ပုံရိပ်လေးတွေကို တစ်စုတစ်စည်းတည်း ဝေမျှပေးလိုက်ပါတယ်...

အခုလိုကုသအောင်မြင်မှုများအတွက်
➡️သက်ဆိုင်ရာရောဂါအလိုက် ဆေးကုသမှုဆိုင်ရာကိစ္စရပ်များနှင့်
➡️လေယာဉ်လက်မှတ်၊
➡️hotel booking စသည့် သွားလာတည်းခိုမှုများအတွက်ကိုပါ ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယကျန်းမာရေးဝန်ဆောင်မှုမှ အစအဆုံး စီစဉ်ပေးနိုင်ခဲ့ပြီး ကုသအောင်မြင်မှုတိုင်းရဲ့ အောင်နိုင်ရာမှာ ပါဝင်ခွင့်ရခဲ့တာကြောင့် အထူးပင် ပီတိဖြစ်ဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်ပြောကြားလိုက်ပါရစေရှင် ...

💁‍♀️"မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်" ‌ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု 🩺
#ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကု #ဘန်ကောက်ဆေးရုံ #ဘန်ကောက်ဆေးကု #အိန္ဒိယဆေးရုံ #ဦးနှောက်နှင့်အာရုံကြော

✨❝ သီတင်းကျွတ် ရုံးပိတ်ရက်ကြေညာခြင်း❞✨👩‍⚕️ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှုမှ သီတင်းကျွတ် ရုံးပိတ်ရက်အဖ...
03/10/2025

✨❝ သီတင်းကျွတ် ရုံးပိတ်ရက်ကြေညာခြင်း❞✨

👩‍⚕️ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှုမှ သီတင်းကျွတ် ရုံးပိတ်ရက်အဖြစ် (၅.၁၀.၂၀၂၅) မှ (၇.၁၀.၂၀၂၅) အထိ ခေတ္တရုံးပိတ်ထားမည်ဖြစ်ပါသည် ...
သီတင်းကျွတ် ပိတ်ရက်အတွင်း၊ ဆေးကုသမှုခံယူမည့်လူနာများအတွက် လိုအပ်သည့် စီစဉ်ဆောင်ရွက်မှုများကိုတော့ ပုံမှန်အတိုင်း Online နှင့် ဖုန်းမှတစ်ဆင့် ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ် ...

📍 ရန်ကုန်ရုံး
☎️ဖုန်းနံပါတ်/ Viber
09-880100730
09-880004038
09-880004039

📍မန္တလေးရုံး
☎️ဖုန်းနံပါတ်/ Viber
09-880004024

📍 တောင်ကြီးရုံး
☎️ဖုန်းနံပါတ်/Viber
09 881000 224

#ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကု #အိန္ဒိယဆေးရုံ #ဘန်ကောက်ဆေးရုံ #ဘန်ကောက်ဆေးကု #သီတင်းကျွတ် #သီတင်းကျွတ်ရုံးပိတ်ရက် #သီတင်းကျွတ်လပြည့်နေ့

❝ ကိုယ်ခံစားနေရတဲ့ လက္ခဏာတွေက သားအိမ်အလုံးတည်တာ ဟုတ်၊ မဟုတ် စစ်ဆေးကြည့်ရအောင်❗️❞သားအိမ်အလုံးတည်ခြင်းဆိုတာ အမျိုးသမီးတွေရ...
03/10/2025

❝ ကိုယ်ခံစားနေရတဲ့ လက္ခဏာတွေက သားအိမ်အလုံးတည်တာ ဟုတ်၊ မဟုတ် စစ်ဆေးကြည့်ရအောင်❗️❞

သားအိမ်အလုံးတည်ခြင်းဆိုတာ အမျိုးသမီးတွေရဲ့ သားအိမ်အတွင်းမှာ ပုံမှန်မဟုတ်တဲ့ အသားပိုအဖုအလုံးလေးတွေ ဖြစ်ပေါ်လာတာပါ။ ဒီအလုံးတွေဟာ မျက်စိနဲ့ မမြင်နိုင်တဲ့ အရွယ်လေးကနေ အရမ်းကြီးမားတဲ့ အလုံးတွေအထိ အရွယ်အစားအမျိုးမျိုးရှိတတ်ပြီး အမျိုးသမီးအများစုကို ဒုက္ခပေးနေတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်..

ဒီလိုလက္ခဏာတွေ ခံစားနေရပြီဆိုရင် ဂရုစိုက်ဖို့ လိုအပ်နေပါပြီ......
🩸 ရာသီမမှန်ခြင်း
🩸ဆီးစပ် တဆစ်ဆစ်အောင့်ခြင်း/နာကျင်ခြင်း
🩸ဆီးခဏခဏသွားရခြင်း (သို့) ဆီးသွားရခက်ခြင်း
🩸ဝမ်းချုပ်ခြင်း
🩸အမြဲလိုလို ခါးကိုက်ခြင်း
🩸ဗိုက်ပြည့်ကယ်သလို ခံစားနေရခြင်း

သားအိမ်အလုံးတည်ခြင်းအတွက် ဟော်မုန်းဆေးဝါးတွေနဲ့ ကုသနိုင်သလို၊ အရွယ်အစားကြီးမားပြီး ရောဂါလက္ခဏာခံစားနေရတာတွေရှိလာပြီဆိုရင်တော့ ခွဲစိတ်ကုသမှု ပြုလုပ်ဖို့ လိုအပ်လာပါတယ်။

ဘန်ကောက်၊ အိန္ဒိယဆေးရုံကြီးတွေမှာ သွားရောက်ပြသ၊ တိုင်ပင်ဆွေးနွေးလိုပါကလည်း ဒေါက်တာဇွန် ဘန်ကောက်၊ အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှုမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ် ...

💁‍♀️"မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်" ‌ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု 🩺

#ဘန်ကောက်ဆေးကု #နိုင်ငံခြားဆေးကု #ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #အိန္ဒိယဆေးရုံ #ဘန်ကောက်ဆေးရုံ #မီးယပ် #သားအိမ်အလုံးတည်

01/10/2025

အိန္ဒိယနိုင်ငံ Max ဆေးရုံကြီးတွင် အသည်းကင်ဆာအတွက် Microwave Ablation ကုသမှုခံယူခဲ့သော ဘုန်းဘုန်းမှကုသမှုအတွေ့အကြုံတွေကို အခုလိုပြန်လည်ဝေမျှပေးခဲ့ပါတယ်..

#ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကု #အိန္ဒိယဆေးရုံ #ဘန်ကောက်ဆေးရုံ #ဘန်ကောက်ဆေးကု #ကင်ဆာ #အသည်းကင်ဆာ

❝အသံပြောင်းသွားတယ်...❞ ဆိုတဲ့ စကားရဲ့နောက်ကွယ်က အသံကြိုးကင်ဆာဒီ ၆၃ နှစ်အရွယ် အန်ကယ်ဟာ အသံပြောင်းသွားတာကို သိရှိပြီး အချိ...
29/09/2025

❝အသံပြောင်းသွားတယ်...❞ ဆိုတဲ့ စကားရဲ့နောက်ကွယ်က အသံကြိုးကင်ဆာ

ဒီ ၆၃ နှစ်အရွယ် အန်ကယ်ဟာ အသံပြောင်းသွားတာကို သိရှိပြီး အချိန်ကြာတဲ့အထိ ပုံမှန်ပြန်မဖြစ်တဲ့အတွက် သံသယရှိပြီး ဆရာဝန်နဲ့ ပြသစစ်ဆေးခဲ့ပါတယ်၊ ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်လိုက်တဲ့အခါမှာတော့... အဖြေက ညာဘက် အသံကြိုးမှာ အကျိတ်တစ်ခုရှိနေကြောင်း သိခဲ့ရပါတယ်...

အန်ကယ်ဟာ အသိမိတ်ဆွေတစ်ဦးရဲ့ ညွှန်းပေးမှုဖြင့် ဘန်ကောက်တွင် ဆက်လက်ပြသစစ်ဆေးရန် ဒေါက်တာဇွန် ကျန်းမာရေးဝန်ဆောင်မှုကို လာရောက်စုံစမ်းခဲ့ပါတယ်
အန်ကယ် ရောက်လာတဲ့အခါမှာ ဒီလိုရောဂါမျိုးအတွက် အဆင်ပြေမယ့်ဆေးရုံတွေကို စိစစ်ညွှန်းပြခဲ့ပြီး၊ နောက်ဆုံးမှာတော့ ဘန်ကောက်ဆေးရုံကြီးမှာ သွားရောက်စစ်ဆေးဖို့ ရွေးချယ်ဖြစ်ခဲ့ပါတယ်။

အန်ကယ်ဟာ ဘန်ကောက်ဆေးရုံကြီးမှာ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီးနဲ့ တွေ့ဆုံပြီး လိုအပ်တဲ့စစ်ဆေးမှုတွေကို ဆက်လက်ခံယူခဲ့ရပါတယ်။
အကျိတ်ရဲ့အခြေအနေကို သေချာစေဖို့အတွက် လည်ပင်းကနေ အပေါက်ဖောက်ပြီး အသားစယူစစ်ဆေးခြင်းကိုလည်း ခံယူခဲ့ပါတယ်။
အသားစအဖြေအရ အသံကြိုးကင်ဆာမှန်းသိခဲ့ရပြီး ခွဲစိတ်မှုနှင့် ကင်ဆာဆေးသွင်းကုသမှုဖြင့် ကုသနိုင်ကြောင်း ဆရာဝန်က ရှင်းပြခဲ့ပါတယ်

အန်ကယ်ဟာ ကင်ဆာဆေးသွင်းကုသမှု အရင်ခံယူရန်ဆုံးဖြတ်ခဲ့ပြီး လက်ရှိမြန်မာနိုင်ငံမှာ ကင်ဆာဆေးသွင်းကုသမှုနှင့် ဓါတ်ရောင်ခြည်ကုသမှု ခံယူလျက်ရှိပါတယ်
အန်ကယ်ရဲ့ ရောဂါရှာဖွေစစ်ဆေးမှုခရီးစဉ်တစ်လျှောက်မှာ ဆေးခန်းပြသချိန်မှစလို့ ခရီးသွားလာရေးတွေအထိ အဆင်ပြေချောမွေ့အောင် စီစဉ်ဆောင်ရွက်ပေးခွင့်ရတဲ့အတွက်လည်း ကျွန်မတို့ ဒေါက်တာဇွန် ကျန်းမာရေးဝန်ဆောင်မှုမှ ဝမ်းသာပီတိဖြစ်ရပါတယ်။

မိမိရဲ့အသံက ပုံမှန်မဟုတ်ဘဲ ကာလတာရှည်တဲ့အထိ မသက်သာဘူးဆိုရင် ရိုးရိုးဖျားနာခြင်းလို့မသတ်မှတ်ဘဲ သေချာစွာစစ်ဆေးကုသသင့်ကြောင်း အန်ကယ်ရဲ့ဆေးကုသမှုခရီးစဉ်လေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်....

#ဘန်ကောက်ဆေးကု #ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကု #ဘန်ကောက်ဆေးရုံ #အိန္ဒိယဆေးရုံ #ကင်ဆာ

🫀နှလုံးရောဂါဆိုရင် ရင်ဘတ်ကို ဖိပြီး လဲကျသွားတာမျိုးပဲ မြင်ယောင်တတ်ကြပါတယ်...အမှန်တော့ နှလုံးရောဂါဟာ တိတ်တဆိတ်နဲ့ ရောက်လာ...
29/09/2025

🫀နှလုံးရောဂါဆိုရင် ရင်ဘတ်ကို ဖိပြီး လဲကျသွားတာမျိုးပဲ မြင်ယောင်တတ်ကြပါတယ်...
အမှန်တော့ နှလုံးရောဂါဟာ တိတ်တဆိတ်နဲ့ ရောက်လာတတ်ပါတယ်...🤫

❝ လုံးဝ လျစ်လျူမရှုသင့်တဲ့ လက္ခဏာ (၃) မျိုး ❞
🚨 ရင်ဘတ်မအီမသာဖြစ်ခြင်း၊ ရင်ညွန့်ကို ဖိထားသလိုမျိုး၊ ကျပ်တည်းလေးလံနေသလိုမျိုး ခံစားနေရခြင်း၊
🚨 အလွယ်တကူလုပ်နိုင်ခဲ့တဲ့ လှုပ်ရှားမှုတွေမှာတောင် မောပန်းနေခြင်း
🚨 ထိခိုက်ထားခြင်းမရှိဘဲ ဘယ်ဖက်လက်မောင်း၊ ပခုံး၊ လည်ပင်းနေရာမှ နာကျင်ခြင်း

🔥 ဒီလိုလက္ခဏာလေးတွေဟာ "နည်းနည်းလေးပင်ပန်းတာပါ" ဆိုပြီး ပစ်ထားလိုက်လို့ မရပါဘူး.
စောစီးစွာသိရှိပြီး ကြိုတင်ကာကွယ်စစ်ဆေးမှုတွေလုပ်ခြင်းဖြင့် 💖 သင့်နှလုံးသားကို ဂရုစိုက်လိုက်ပါ...

💁‍♀️"မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်" ‌ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု 🩺

#ဘန်ကောက်ဆေးကု #နိုင်ငံခြားဆေးကု #ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #အိန္ဒိယဆေးရုံ #ဘန်ကောက်ဆေးရုံ

Address

No. B12, ရေးဗားဗျူး ဉယျာဉ်အိမ်ရာ (River View Garden Housing), ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်။
Yangon
11121

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959773776296

Website

Alerts

Be the first to know and let us send you an email when Art of Sharing by Dr. Zon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Art of Sharing by Dr. Zon:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram