ရွှေတော်ဝင်-ဆေးနှင့်စတိုး

  • Home
  • ရွှေတော်ဝင်-ဆေးနှင့်စတိုး

ရွှေတော်ဝင်-ဆေးနှင့်စတိုး ကျန်းမာခြင်းသည် လာဘ်တစ်ပါး

ကထိန်အလှူကျင်းပကြသည့် ယခုလို အချိန်ကာလမှာ လူကြီးမိဘများ၊ မိတ်ဆွေများအနေနဲ့ ကထိန်အလှူပစ္စည်းများထဲမှာ ထည့်သွင်းလှူဒါန်းနိ...
20/11/2023

ကထိန်အလှူကျင်းပကြသည့် ယခုလို အချိန်ကာလမှာ
လူကြီးမိဘများ၊ မိတ်ဆွေများအနေနဲ့ ကထိန်အလှူပစ္စည်းများထဲမှာ
ထည့်သွင်းလှူဒါန်းနိုင်သည့် ဆေးဝါးများကို စျေးနှုန်းချိုသာစွာ Package လေးတွေ ရောင်းချပေးနေပါပြီ ခင်ဗျာ .....

လှူဒါန်းနိုင်သည့် ငွေပမာဏအတိုင်း ဆေးဝါး (၃) မျိုးမှ စ၍ တွဲလျက် ဝန်ဆောင်မှု ပေးနေပါတယ် ခင်ဗျ....

အားလုံး ကျန်းမာ ချမ်းသာကြပါစေ
မေတ္တာထားလျက်
ရွှေတော်ဝင်-ဆေးနှင့်စတိုး
09965453308

ကျန်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုင်စေမယ့် နည်းလမ်းကောင်း (၁၀) ချက်ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံကိုမွေးမြူလို့ရ...
13/11/2023

ကျန်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုင်စေမယ့် နည်းလမ်းကောင်း (၁၀) ချက်

ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံကိုမွေးမြူလို့ရပါတယ်။ ဒီတော့ဘာတွေလုပ်ရမလဲ ကြည့်လိုက်ရအောင်လား။

(၁) ရေများများသောက်ပါ – ခန္ဓါကိုယ်က ဇီဝလုပ်ငန်းစဉ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ရေများများသောက်ပေးပါ။ ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓါကိုယ် အနှံ့ကိုအောက်ဆီဂျင်နဲ့အာဟာရတွေ ပို့ဆောင်နိုင်စေဖို့ပါ။ အသားအရေခြောက်သွေ့တာကင်းစေသလို ဆီးဝမ်းမှန်စေနိုင်ပါတယ်။

(၂) အိပ်ရေးဝဝအိပ်ပါ – အဝလွန်တာ၊ ဆီးချိုနဲ့နာတာရှည်ပြဿနာတွေကင်းပြီး ကိုယ်ခံအားကောင်းစေဖို့ လုံလောက်တဲ့ အိပ်စက်ချိန်ထားရှိပေးပါ။

(၃) လမ်းလျှောက်ပါ – သိပ်မဝေးတဲ့နေရာလေးတွေကို လမ်းလျှောက်သွားပေးတာက ခန္ဓါကိုယ် ကျန်းမာသန်စွမ်းစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

(၄) တရားထိုင်ပါ – စိတ်ဖိစီးမှုကင်းဝေးစေပြီးကောင်းမွန်တဲ့ အိပ်စက်မှုကို ရစေနိုင်တာကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ချင်သူတိုင်း တစ်ပတ်ကို ၃ ကြိမ်လောက် တရားထိုင်ပါ။

(၅)လေ့ကျင့်ခန်းလုပ်ပါ – တစ်နေ့တာမှာ ပုံမှန် ၁၀ မိနစ်လောက်လေ့ကျင့်ခန်းလုပ်ပေးတာက ကိုယ်ခံအားကောင်းစေပြီး စိတ်ရောကိုယ်ပါကျန်းမာစေမှာပါ။

(၆) အသီးအနှံတွေများများစားပါ – သစ်သီးတွေမှာ ဗီတာမင် နဲ့ သတ္တုဓါတ်ကြွယ်ဝတာကြောင့်နေ့တိုင်း သစ်သီးစားပေးသင့်ပါတယ်။ ဖရဲသီး၊ တရုတ်ဇီးသီး၊ထောပတ်သီး၊ ပန်းသီး၊ သခွားမွှေး၊ ကမ္ဗလာသီး၊ ကီဝီသီး၊ မာလကာသီး၊ သင်္ဘောသီး၊ စတော်ဘယ်ရီသီးတို့ ပုံမှန်စားပေးလို့ရပါတယ်။

(၇) အချိုလျှော့စားပါ – အချိုစားတာက လိုတာထက်ပိုရင် ကျန်းမာရေးပြဿနာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်ချင်ရင်တော့ အချိုကဲတဲ့ အစားအစာတွေကိုရှောင်ပါ။

(၈)ပြုပြင်ထားတဲ့အစားအစာတွေရှောင်ပါ –ပြုပြင်ထားတဲ့အစားအစာတွေက အငန်ကဲတာကြောင့်သွေးတိုးနဲ့နှလုံးရောဂါဖြစ်စေနိုင်ပါတယ်။ပြုပြင်ထားတဲ့အစားအစာတွေထဲမှာပါတဲ့ တာရှည်ခံပစ္စည်းတွေက ကင်ဆာဖြစ်စေနိုင်ပါတယ်။

(၉)ဆေးလိပ် နဲ့ အရက်ဖြတ်ပါ -ဆေးလိပ် နဲ့ အရက်ကကောင်းကျိုးလုံးဝမပေးတဲ့အရာတွေဖြစ်တာကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်ချင်ရင် မဖြစ်မနေစွန့်လွှတ်ဖို့ လိုပါမယ်။

(၁၀) ကဖင်းတွေလျှော့ပါ -ကော်ဖီသောက်တာက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့် တန်ဆေး၊လွန်ဘေးပါ။ ဒါကြောင့်ကော်ဖီအပါအဝင် ကဖင်းပါတဲ့ အချိုရည်တွေနဲ့ အခြားသောစားစရာတွေကို အများကြီးမစားပါနဲ့။

ဒီအချက်လေးတွေကိုနေ့စဉ်အလေ့အထလေးတွေဖြစ်အောင် ကိုယ်တိုင်ကနေစပြီး မွေးမြူလို့ တစ်မိသားစုလုံးမှာ ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်အောင် လုပ်ဆောင်လိုက်ရအောင်လား မိတ်ဆွေတို့ရေ…….

https://hellosayarwon.com/author/aye-thi-mon
ရွှေတော်ဝင်-ဆေးနှင့်စတိုး
Myo Wai Aung
Wint Maw Tun

“ဆေးစွမ်း ထက်၊ မထက် စမ်းသုံးကြည့်ပါ”ကိုယ်တိုင်သုံးတဲ့ ဆေးကောင်းတစ်လက်မို့ မိတ်ဆွေများ သုံးရန် အထူးသင့်တော်ပါတယ်ရှင့် 😊သင...
12/11/2023

“ဆေးစွမ်း ထက်၊ မထက် စမ်းသုံးကြည့်ပါ”
ကိုယ်တိုင်သုံးတဲ့ ဆေးကောင်းတစ်လက်မို့ မိတ်ဆွေများ သုံးရန် အထူးသင့်တော်ပါတယ်ရှင့် 😊

သင်းကြူကြူမွှေးဆေးမြစ်စုံက ဆေးစွမ်းထက်လှပါတယ်လို့ လူတိုင်းကပြောနေကြပေမယ့်
သုံးကြည့်ဖူးမှ တကယ်ယုံစေချင်တယ် ...

✅အညောင်းအညာ ကိုက်ခဲ၀ေဒနာတွေ ပျောက်ရဲ့လား စမ်းသုံးကြည့်ပါ
✅ဆေးအေးဆေးမြစ်စုံ မှန်ရဲ့လား စမ်းသုံးကြည့်ပါ
✅မိတ်ဖု၊ ယားနာ သဲ၊ ၀ဲစားတာ ယူပစ်သလိုသက်သာသွားလား စမ်းသုံးကြည့်ပါ

အမှန်စင်စစ် ပျောက်ကင်းသက်သာသွားရင်တော့
🙏ကိုယ်သုံးသလို၊ မိတ်ဆွေများလည်း ပျောက်ကင်းသက်သာသွားအောင် ဆေးလှူဒါန၊ နှုတ်ဖြင့်ဆောင်မခြင်းဒါနတွေ လုပ်ဆောင်ရင်းကုသိုလ်ယူလိုက်ရအောင်နော်

သုံးစွဲချင်ကြသူ လူကြီးမင်းတို့အတွက်လည်း ၀ယ်ယူရလက်လှမ်းမီအောင် သင်းကြူကြူမွှေးက မြို့နယ်ပေါင်းစုံကိုဖြန့်ချီပေးလျက်ရှိပါတယ် ...

မြန်မာတစ်နိုင်ငံလုံး ဆေးမြစ်စုံအစွမ်းနဲ့ ရောဂါအနာဘယကင်းရှင်းသက်သာစေချင်တဲ့ သင်းကြူကြူမွှေးရဲ့စေတနာကို အသိအမှတ်ပြုလျက်ပါ 🙏

ဆေးတစ်ဘူး -၂၅၀၀/-ကျပ်

မှာယူလိုပါက
09965453308 သို့ ဆက်သွယ်မှာယူနိုင်သလို page messenger မှတစ်ဆင့်လည်း မှာယူနိုင်ပါတယ်။
==============================
ရွှေတော်ဝင်-ဆေးနှင့်စတိုး
Myo Wai Aung
Wint Maw Tun
#သင်းကြူကြူမွှေး #ဆေးပေါင်းဆီ #ဆေးမြစ်စုံလိမ်းဆေး
#မြန်မာတိုင်းရင်းဆေး

ဆေးဝါးကုသပေးတဲ့ အလုပ်ဆိုတာ အင်မ တန် မှမြင့်မြတ်တဲ့အလုပ်...ဒီအလုပ်ကို ထပ်ပိုးပေးရ မှာ တော့ ကိုယ့်ရဲ့စိတ်နေ သဘော ထားလေးပဲ....
11/11/2023

ဆေးဝါးကုသပေးတဲ့ အလုပ်ဆိုတာ အင်မ တန် မှမြင့်မြတ်တဲ့အလုပ်...ဒီအလုပ်ကို ထပ်ပိုးပေးရ မှာ တော့ ကိုယ့်ရဲ့စိတ်နေ သဘော ထားလေးပဲ.....
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မေတ္တာပုဗ္ဗင်္ဂမံ ဝေဇ္ဇသိပ္ပံ။ ဝေဇ္ဇသိပ္ပံ-ဆေးပညာ
အတတ်ဟာ၊မေတ္တာပုဗ္ဗင်္ဂမံ-မေတ္တာနဲ့ဦးဆောင်ပြီး
တော့ ပြုလုပ်ရတဲ့ အလုပ်ကိစ္စဖြစ်တယ်။

ဒါကြောင့်မေတ္တာထားမယ်ဆိုလို့ရှိရင် အင်မတန်မှ တန်ဖိုးရှိတဲ့လုပ်ငန်းကြီးပဲ၊မြင့်မြတ်တဲ့အလုပ်ပဲ။

တချို့အလုပ်က လုပ်တဲ့ကိစ္စ ကိုက မြင့်မြတ်တာ မဟုတ်ဘူး။

အခု ဒီ ဆေးဝါးကုသပေးတဲ့ အလုပ်ဆိုတာ အင်မ တန် မှမြင့်မြတ်တဲ့အလုပ်၊မြင့်မြတ်တဲ့အလုပ်ကို ထပ်ပိုးပေးရမှာတော့ ကိုယ့်ရဲ့ စိတ်နေ သဘော ထားလေးပဲ။

မေတ္တာစိတ်လေး ထပ်ပိုးပေးလိုက်လို့ရှိရင် အလုပ် က မြင့်မြတ်ပြီးသားဖြစ်သည့် အတွက်ကြောင့် အားလုံးဟာ မြင့်မြတ်သွားတယ်။

စိတ်ကလည်း မြင့်မြတ်တယ်၊အလုပ် က လည်း မြင့်မြတ်တယ်ဆိုတော့ နှစ်ထပ်ကွမ်း မြင့်မြတ်
တယ်၊ပြီးပြည့်စုံတယ်။

ကုသိုလ်ဖြစ်တဲ့ လုပ်ငန်းတစ်ခုလို့ ပြောရမယ်။ ဒါ က ဟုတ်မဟုတ် ကိုယ့်ဟာကိုယ်ပဲ ဆင်ခြင် သုံး သပ် လို့ရပါတယ်။

ဆရာဇီဝက ပညာသင်မလို့လုပ်တဲ့အခါမှာ သူစဉ်း စား တဲ့ အထဲမှာပါတယ်။

“ဘယ်ပညာ ငါသင်ရ”လို့ စဉ်းစားတယ်။

ပညာရပ်တွေ အများကြီး သူ စဉ်းစားမိတဲ့ အထဲ မယ်"မကျန်းမမာတဲ့ ပုဂ္ဂိုလ်တွေကို ကျန်းမာ အောင် ကုစားပေးတဲ့ ဆေးသမားတို့ရဲ့ အတတ် ပညာ ဟာ မကျန်းမာတဲ့သူကို ကျန်းမာအောင်
လုပ်ပေးတာ ဖြစ်သောကြောင့် အလုပ်ကိုက
မေတ္တာ-ထားတဲ့အလုပ်ဖြစ်သွားတယ်။"

ဒါကြောင့်မို့လို့ “ဒီအလုပ်လောက် မွန်မြတ်တာ မရှိဘူး”လို့ဆိုပြီး ဆေးပညာအလုပ်ကို ရွေးချယ် တာ လေ။

အဲဒီတော့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းဟာအင်မတန် မှ မြင့်မြတ်တဲ့အလုပ်ဖြစ်တယ်ဆိုတာ ရှေးဦးစွာ ခံ ယူထားပြီး မြင့်မြတ်တဲ့အလုပ်ကို မြင့်မြတ်တဲ့စိတ် ဓာတ် နဲ့အကောင်အထည်ဖော်ရမယ်။

“တို့ ဟာ နေ့စဉ် နဲ့ အမျှ ကုသိုလ် ရတဲ့ လုပ်ငန်း ကြီး တစ်ခု လုပ်နေရတယ်”လို့ ဝမ်းသာရတယ်။
တချို့က ပြောကောင်း

ပြောလိမ့်မယ်၊ဒါက business လုပ်ငန်းပဲ။ ပိုက် ဆံ ရလို့ လုပ်တာလို့။

ပိုက်ဆံရလို့ လုပ်တယ်လို့ ဆို ပေမယ့် စိတ်ဓာတ် မြင့်မြတ်ရင် (ကိုယ်မျှော်ကိုး တာက ငွေကြေးဓန မဟုတ်ဘဲနဲ့နော်)တစ်ဖက် သား ရဲ့ရောဂါဝေဒနာ ပျောက်ကင်းရေး ကို အာရုံ စိုက်နေတဲ့အချိန်မှာ ဖြစ်တဲ့ စိတ်ကို ကုသိုလ်စိတ် လို့ ခေါ်တာပဲ။

အဲဒီ ကုသိုလ်စိတ်ကို ကိုယ်အရယူဖို့လိုတယ်။

အေး၊ရောက်လာတဲ့ လူနာအပေါ်မှာ “ဒီလူနာ ဆီ က ပိုက်ဆံများများရအောင် လုပ်လိုက်မယ်”ဆိုရင်
တော့ ဒါ ကုသိုလ်စိတ်မဟုတ်ဘူးပေါ့နော်။

ရောက်လာတဲ့ လူနာဟာ ရှိတဲ့ရောဂါ အမှန်အကန် သိရအောင်စစ်ဆေးပြီး“ဒီဆေးနဲ့ ကုရင် ရောဂါ ပျောက်တယ်၊အမှန်အတိုင်း ကုသပေးတယ်။ သူ့ ကို ကူညီပေးတယ်၊ရောဂါပျောက်ကင်း ကြပါစေ၊ ချမ်းသာပါစေ”လို့ စိတ်ထားတယ်။

ဒါ မေတ္တာပဲ။မေတ္တာဟာ ဘယ်သူ့သန္တာန်မှာပဲဖြစ် ဖြစ် ကုသလာ အနဝဇ္ဇသုခဝိပါက လက္ခဏာ အပြစ် ကင်းတယ်တဲ့။

အပြစ်မရှိတဲ့ အရာတစ်ခု၊အပြစ်မရှိဘူး ဆိုတာ ဘယ်သူက အပြစ်တင်စရာမှမရှိတာ။

မကောင်းတာ ကောင်းအောင်လုပ်ပေးတယ်ဆိုတာ
အပြစ်ပြောစရာမရှိဘူး။ဒါက အပြစ်မဟုတ်ဘူး။

အပြစ်က ဒီ့ပြင်ဟာ။ ဆိုပါစို့၊ရောဂါပျောက်အောင် လုပ်ပေးတာက အပြစ်မဟုတ်ဘူး၊ ဒီပြင် ကိစ္စလုပ် ရင်တော့အပြစ်ပေါ့။

ဥပမာမယ် “ရောဂါမရှိဘဲနဲ့ ရှိတယ်”လို့ပြောပြီး
ငွေကြေးများများရအောင်လုပ်ရင်တော့ ဒါ အပြစ် ပဲ။

ရှိတာကို ရှိတဲ့အတိုင်းပြောပြပြီး “ဒါက ဒီရောဂါ ဒီလို ကုရမယ်၊ ငွေကြေး ဒီလောက်ကုန် ကျ လိမ့် မယ်” ဒီဟာက အပြစ်မဟုတ်ဘူးလေ။

ဒါက မှန်ကန်တဲ့အလုပ်ပဲ။ဒီလိုပဲပြောတာ။

အဲဒါကြောင့် ရောဂါပျောက်စေချင်တဲ့ စိတ်က
မေတ္တာ စိတ်ဓာတ်ပဲပေါ့။

အေး၊ဆေးသမားတို့ အတတ်ဟာ မေတ္တာ အခြေခံ ပြီး တော့ လုပ်ရတာ ဖြစ်သောကြောင့် အဲဒီ မေတ္တာ အခြေခံတဲ့စိတ်ဓာတ်နဲ့ လုပ်ကြမယ် ဆိုလို့
ရှိရင် အင်မတန်မှကုသိုလ်ရပါတယ်။

ကုသိုလ်ရအောင် စိတ်ထဲမှာ နှလုံးသွင်းဖို့ပဲ အရေး ကြီး ပါတယ်။

မြတ်စွာဘုရားကလည်း Intention ကိုပဲ အဓိက
ထားတာပါ။

ကိုယ့်ရဲ့ စိတ်နေသဘောထား သန့်ရှင်းတယ်၊မသန့် ရှင်း ဘူးဆိုတာ ကိုယ်အသိဆုံးပဲနော်။

Intention က ဘာလဲ?ရောဂါပျောက်ဖို့ပဲ။

ရောဂါရှင်က ဆေးဝါးခ၊ကုသခ တွေပေးတာက ဒါ သူတို့အပိုင်းနော်။

သူတို့အပိုင်း၊ ကိုယ်က ရောဂါပျောက်အောင်
စေတနာနဲ့ကုပေးတာ ဒါက မေတ္တာလုပ်ငန်းတစ်ခု။

အဲဒီတော့“နေ့စဉ်နဲ့အမျှ ကုသိုလ်ရနေတဲ့ အလုပ် ကြီး ကို တို့လုပ်ရတယ်”လို့ စိတ်ထဲမှာ ဒီလို အောက် မေ့ ကြရမှာပဲ။

အင်မတန်ကောင်းတယ်လို့ ပြောရမယ် မည်သည့် ကိစ္စ မှာပဲ ဖြစ်ဖြစ် ဆက်ဆံသမျှဟာ မေတ္တာနဲ့ ဆက် ဆံပါ။

မေတ္တာတရား နဲ့ ဆက်ဆံခြင်းဟာ လူမျိုးမရွေး ဘာသာမရွေးအတွက် အဆင်ပြေတယ်။

ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် မေတ္တာနဲ့ဆက်ဆံနေရင် ကိုယ့် ရဲ့ရင်ထဲ နှလုံးသားထဲမှာ အပြစ်ကင်းတယ်။

အပြစ်ကင်းတယ်ဆိုတဲ့ သဘောတရားက ကိုယ့်ရဲ့ ရင်ထဲ နှလုံးထဲမှာ အကုသိုလ် မဖြစ်တာ ဒီလို ဆိုလိုတယ်။

#ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်
#ဒေါက်တာနန္ဒမာလာဘိဝံသ

ရှားစောင်းလက်ပက်၏ အကျိုးကျေးဇူး ၅ ချက်ရှားစောင်းလက်ပက်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ပွားပြီး ထင်ရှားတဲ့ ဆေးဖက်ဝင်အပင်တစ်မျိ...
08/11/2023

ရှားစောင်းလက်ပက်၏ အကျိုးကျေးဇူး ၅ ချက်

ရှားစောင်းလက်ပက်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ပွားပြီး ထင်ရှားတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။ သူ့ရဲ့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေကြောင့် ရှားစောင်းလက်ပပ်ကို နှစ်ပေါင်းများစွာတည်းက အသုံးပြုလာကြတာဖြစ်ပါတယ်။ ကဲ …. ရှားစောင်းလက်ပက်၏ အကျိုးကျေးဇူး တွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ဒီအပင်ရဲ့ အရွက်တွေမှာ ဗီတာမင်၊ သတ္တုဓါတ်၊ amino acids နဲ့ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ အရာတွေ ပါဝင်ပါတယ်။ ရှားစောင်းလက်ပက်ရဲ့ အထင်ရှားဆုံး အကျိုးကျေးဇူး ငါးခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ရှားစောင်းလက်ပက်၏ အကျိုးကျေးဇူး ၅ ချက်
ရှားစောင်းလက်ပက်၏ အကျိုးကျေးဇူး တွေကတော့

*** ရှားစောင်းလက်ပက်မှာ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပြီး ဘက်တီးရီးယားတွေကို သေစေတဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။
ရှားစောင်းလက်ပက်မှာ အစွမ်းထက်တဲ့ ဓါတ်တိုးဆန့်ကျင့် ဂုဏ်သတ္တိရှိတဲ့ အရာများစွာ ပါဝင်ပါတယ်။ ဒီအရာတွေဟာ polyphenol အုပ်စုဝင်တွေဖြစ်ပြီး ကိုယ်ခန္ဓါက အရေပြားဆဲလ်တွေကို ထိခိုက်စေတဲ့ free radicals တွေကို ဖယ်ထုတ်ရှင်းလင်းပစ်ပါတယ်။

ရှားစောင်းလက်ပက်ဟာ အသားအရေကို နုပျိုစေတာကြောင့် အလှကုန်ပစ္စည်းတွေထဲမှာ အလွန်အရေးကြီးတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒီ polyphenols နဲ့ အခြားပါဝင်ပစ္စည်းတွေဟာ ကူးစက်ရောဂါတွေဖြစ်စေတဲ့ ရောဂါပိုးဝင်မှုကိုလည်း တိုက်ဖျက်ပေးပါတယ်။

ရှားစောင်းလက်ပက်ကို အရေပြားပေါ်မှာလိမ်းပေးမယ်ဆိုရင် ထိခိုက်ရှနာတွေကို အနာမြန်မြန်ကျက်စေပါတယ်။ သောက်မယ်ဆိုရင်တော့ ဖျားနာမှုတွေကို ကာကွယ်ပေးပြီး အစာခြေစနစ်ကို အဆိပ်အတောက် ကင်းစင်စေပါတယ်။

*** ရှားစောင်းလက်ပက်ဟာ အရေပြားကို ပြန်လည်ကောင်းမွန်စေပါတယ်။
ရှားစောင်းလက်ပက်မှာ fibroblasts လို့ခေါ်တဲ့ collagen ထုတ်ပေးတဲ့ အရေပြားဆဲလ်တွေကို လှုံ့ဆော်နိုင်စွမ်း ရှိပါတယ်။ Collagen ဟာ အရေပြားတည်ဆောက်ပုံနဲ့ ကျုံ့ဆန့်နိုင်စွမ်းတွေအတွက် မရှိမဖြစ် ပရိုတင်းတစ်ခုဖြစ်ပါတယ်။

လိမ်းရတဲ့ ရှားစောင်းလက်ပက်ဂျယ်တွေဟာ အရေပြားရဲ့အသက်ကြီးရင့်သွားမှုကို နှေးကွေးစေပါတယ်။ ရှားစောင်းလက်ပပ် ပါဝင်တဲ့ အသက်ကြီးခြင်းကို ထိန်းချုပ်ပေးတဲ့ အလှကုန်တွေဖြစ်တဲ့ Moisturisers တွေနဲ့ eye creams တွေဟာ အရေးအကြောင်းတွေနဲ့ အသက်ကြီးခြင်းကြောင့် ဖြစ်ပေါ်တဲ့ အခြားလက္ခဏာတွေကို လျော့ကျစေပါတယ်။

*** ရှားစောင်းလက်ပက်ဟာ မီးလောင်ဒဏ်ရာကျက်နှုန်းကို မြန်ဆန်စေပါတယ်။
အနာကျက်တဲ့ အကျိုးကျေးဇူးတင်သာမက ရှားစောင်းလက်ပပ်ကို မီးလောင်ဒဏ်ရာတွေ ကုသဖို့လည်း အသုံးပြုကြပါတယ်။ သိပ္ပံသုတေသနတစ်ခုက ရှားစောင်းလက်ပပ်ဟာ ပထမအဆင့်နဲ့ ဒုတိယအဆင့် မီးလောင်မှုဒဏ်ရာတွေအတွက် အသုံးဝင်တယ်လို့ ဆိုပါတယ်။

သုတေသနတစ်ခုက ရှားစောင်းလက်ပက်ဟာ အခြားဆေးတွေနဲ့ စာရင် မီးလောင်ဒဏ်ရာ အနာကျက်နှုန်းကို ၉ ရက်ခန့် လျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။ ရှားစောင်းလက်ပပ်ကို အရေပြားပေါ်ကို တိုက်ရိုက်ပွတ်လိမ်းပေးပြီး အသုံးပြုလေ့ရှိကြပါတယ်။

ရှားစောင်းလက်ပက်ဟာ ဆံပင်သန်စေပါတယ်။
ရှားစောင်းလက်ပပ်ကို ဦးရေပြားပေါ်လိမ်းပေးခြင်းဟာ ဆံပင်ကိုလျင်မြန်စွာ ပေါက်စေပြီးတော့ သန်စွမ်းစေပါတယ်။ လူအတော်များများက ရှားစောင်းလက်ပပ်ကို ဆံပင်ပေါက်ဖို့အတွက် အသုံးပြုခဲ့ကြပြီးတော့ အကျိုးရှိတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။

*** ရှားစောင်းလက်ပက်ဂျယ်ကို အသုံးအများဆုံးနည်းကတော့ ဆံပင်ပေါ်ကို တိုက်ရိုက်သုတ်လိမ်းပေးပြီး တစ်နာရီကြာရင် ရေဆေးချတာပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်သောက်သုံးခြင်းနဲ့ ရှားစောင်းလက်ပပ်ပါဝင်တဲ့ ဆံပင်ထုတ်ကုန်တွေကို အသုံးပြုခြင်းဟာလည်း ဆံပင်ကို ကျန်းမာသန်စွမ်းစေပါတယ်။

*** ရှားစောင်းလက်ပတ်ဟာ ပါးစပ်အနာကို ကုသပေးနိုင်ပါတယ်။
ပါးစပ်အနာတွေဟာ လူတွေမှာ အတွေ့များတဲ့ အနာတစ်မျိုးဖြစ်ပါတယ်။ ဒီအနာတွေဟာ ပါးစပ်အတွင်းပိုင်းကနေ နှုတ်ခမ်းအောက်ခြေအထိရှိပြီး နာကျင်မှုဟာ ၇ ရက်ကနေ ၁၀ရက်အထိ ကြာတတ်ပါတယ်။

*** ရှားစောင်းလက်ပက် အသုံးပြုခြင်းဟာ ပါးစပ်အနာတွေရဲ့ အနာကျက်တဲ့ဖြစ်စဉ်ကို ထောက်ပံ့ပေးတယ်ဆိုတဲ့ ယုံကြည်လောက်တဲ့သက်သေပြမှုတွေ ရှိပါတယ်။ ပါးစပ်အနာတွေရဲ့ အရွယ်အစားကို သေးငယ်စေရုံသာမက နာကျင်မှုကိုပါ လျော့ကျစေနိုင်ပါတယ်။

Dr. Thiha Phyo Myint မှ ရေးသားခြင်းအား မျှဝေပါသည်။

ရွှေတော်ဝင်-ဆေးနှင့်စတိုး

ရှားစောင်းလက်ပပ်၏ အကျိုးကျေးဇူး ၅ ချက် ရှားစောင်းလက်ပပ်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ပွားပြီး ထင်ရှားတဲ့ ဆေး....

  Beans Candyအလုံး ၁၀၀ ပါ တစ်ထုပ်      ၃၅၀၀/-ကျပ်တန်မှ တန်ပဲစားလို့လဲ ကောင်းလူကြိုက်များလို့ ရောင်းကောင်းတဲ့ Candy လေးပါ...
29/10/2023

Beans Candy
အလုံး ၁၀၀ ပါ တစ်ထုပ်
၃၅၀၀/-ကျပ်
တန်မှ တန်ပဲ
စားလို့လဲ ကောင်း
လူကြိုက်များလို့ ရောင်းကောင်းတဲ့
Candy လေးပါ

၁၀ထုပ်ဈေး - ၃၂၀၀/-ကျပ်
အလုံမြို့နယ်တွင်း Deli Free
09-965453308, 09-962930224

 #သီတင်းကျွတ်လက်ဆောင်ခြင်းလေးတွေ လှနေလိုက်ပုံများ😍ရွှေတော်ဝင်-ဆေးနှင့်စတိုး09965453308
24/10/2023

#သီတင်းကျွတ်လက်ဆောင်ခြင်းလေးတွေ လှနေလိုက်ပုံများ
😍

ရွှေတော်ဝင်-ဆေးနှင့်စတိုး
09965453308

ရွှေတော်ဝင်-ဆေးနှင့်စတိုး မှ Coral "Shower Cream" and "Liquid Soap"များ မှာယူလို့ရပါပြီခင်ဗျာ shower Cream ၃မျိုးရဲ့ ရနံ...
22/10/2023

ရွှေတော်ဝင်-ဆေးနှင့်စတိုး မှ Coral "Shower Cream" and "Liquid Soap"များ မှာယူလို့ရပါပြီခင်ဗျာ

shower Cream ၃မျိုးရဲ့ ရနံ့များ
(၁) သစ်သီးရနံ့
(၂) သနပ်ခါးရနံ့
(၃) စံပယ်ရနံ့

Liquid Soap ၃မျိုးရဲ့ ရနံ့များ
(၁) နှင်းဆီရနံ့
(၂) လီမွန်ရနံ့
(၃) သံပုရာရနံ့

ဈေးနှုန်းသင့်ပြီး Quality နဲ့ ရနံ့သင်းပျံ့တာကတော့ ရှယ်ကောင်း (ကိုယ်တိုင်လည်းသုံးနေ)တာမို့
ငွေကုန်ရကျိုးနပ်စေမှာပါ ခင်ဗျာ

လက်လီ‌/လက်ကားရောင်းပေးပါတယ်ခင်ဗျာ
လိုချင်တဲ့ အရောင် အနံ့ အရေအတွက်ကို သီးသန့်ပြောပြီး မှာလို့ရပါတယ်ခင်ဗျာ

09965453308 ဖုန်းလေးကိုသာ Hello လုပ်လိုက်ပါဗျ😊

မင်္ဂလာပါ ခင်ဗျာ....🙏🙏🙏သတင်းကျွတ်အချိန်အခါမှာ လူကြီး မိဘများ၊ အဘိုး အဘွားများ နှင့် ဂါဝရထားရမည့် သူများကို သတင်းကျွတ်လက်...
22/10/2023

မင်္ဂလာပါ ခင်ဗျာ....🙏🙏🙏
သတင်းကျွတ်အချိန်အခါမှာ လူကြီး မိဘများ၊ အဘိုး အဘွားများ နှင့် ဂါဝရထားရမည့် သူများကို သတင်းကျွတ်လက်ဆောင်မွန်များ ဂါရဝ ပြုကြဖို့
ကျနော်တို့ ရွှေတော်ဝင်-ဆေးနှင့်စတိုး မှာ Brand's (ငှက်သိုက်)ဘူးများ မှာယူလို့ ရပါပြီ ခင်ဗျ...

စျေးနှုန်းကတော့ - ၉၀,၀၀၀/- ကျပ် ခင်ဗျာ...
အလုံမြို့နယ် အတွင်း Deli Free ပါ ခင်ဗျာ....

မိတ်ဆွေများအတွက် စေတနာ ၊ မေတ္တာထားလျက်
ရွှေတော်ဝင် (မိသားစု)
09965453308

မင်္ဂလာပါ ခင်ဗျာ....🙏🙏🙏
သတင်းကျွတ်အချိန်အခါမှာ လူကြီး မိဘများ၊ အဘိုး အဘွားများ နှင့် ဂါဝရထားရမည့် သူများကို သတင်းကျွတ်လက်ဆောင်မွန်များ ဂါရဝ ပြုကြဖို့
ကျနော်တို့ ရွှေတော်ဝင်-ဆေးနှင့်စတိုး မှာ Brand's (ငှက်သိုက်)ဘူးများ မှာယူလို့ ရပါပြီ ခင်ဗျ...

စျေးနှုန်းကတော့ - ၉၀,၀၀၀/- ကျပ် ခင်ဗျာ...
အလုံမြို့နယ် အတွင်း Deli Free ပါ ခင်ဗျာ....

မိတ်ဆွေများအတွက် စေတနာ ၊ မေတ္တာထားလျက်
ရွှေတော်ဝင် (မိသားစု)

 #သီတင်းကျွတ် ဂါဝရပြု ဆေးမျိုးစုံခြင်းများOrder မှာယူလို့ ရပါတယ်ခင်ဗျာကြာချိန် -၂ရက်အလုံမြို့နယ်အတွင်း ပို့ခ Freeမိဘ မိတ...
21/10/2023

#သီတင်းကျွတ် ဂါဝရပြု ဆေးမျိုးစုံခြင်းများ
Order မှာယူလို့ ရပါတယ်ခင်ဗျာ
ကြာချိန် -၂ရက်
အလုံမြို့နယ်အတွင်း ပို့ခ Free

မိဘ မိတ်ဆွေအပေါင်းတို့ကို ကျေးဇူးတင်လျက်
🙏🙏🙏
ရွှေတော်ဝင်-ဆေးနှင့်စတိုး

Address

No. 36, Theik Pan Street, Ahlone Township

11121

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Website

Alerts

Be the first to know and let us send you an email when ရွှေတော်ဝင်-ဆေးနှင့်စတိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram