Biology for students

Biology  for  students Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Biology for students, 168 yinnmar Street, Yangon.

SAMPLE  QUESTION
21/07/2018

SAMPLE QUESTION

01/04/2018

➡Weight of Brain: 1300-1400 gm in human adult
➡Normal Blood Pressure (B.P.): 120/80 mm Hg
➡Universal blood donor: O
➡Universal blood recipient: AB+
➡ Average body weight: 70 kg
➡Normal body temperature: 37 degree celsius
➡ Breathing Rate at rest: 12-16/minute
➡Number of Spinal Nerves: 31 pairs
➡Largest Endocrine Gland: Thyroid gland
➡ Gestation period: 40 weeks or 9 calendar months
➡ Normal Heart Beat at rest: 72 beats per minute
➡ Largest Gland: Liver
➡ Largest Muscle in the body: Gluteus Maximus or Buttock Muscle
➡ Smallest Muscle in the body: Stapedius
➡Largest Artery: Aorta
➡Largest Vein: Inferior Vena Cava
➡Largest and longest Nerve: Sciatic Nerve
➡ Longest Cell: Neurons (nerve cells)
➡Minimum distance for proper vision: 25 cm
➡Pulse rate: 72 per minute
➡Thinnest Skin: Eyelids
➡Weight of Heart: 200-300

08/02/2018

Cell Divison ( ဆဲလ်ကွဲပွားခြင်း)
Mitosis & Meiosis အား နားလည်ခြင်း

သက်ရှိတွေဟာ ဆဲလ်ကွဲပွားခြင်းနည်းလမ်းနဲ့ ရှင်သန်ကြီးထွားကြပါတယ် ။ ဆဲလ်တစ်ခုတည်းသာရှိသော သက်ရှိတွေဟာလည်း မူလလက်ရှိ chromosomes အရေအတွက်နဲ့ အရည်အသွေးမကျစေပဲ နောက်ထပ်ဆဲလ်တစ်ခု ပွားနိုင်ပါတယ် ။

မည်သို့ဆိုစေကာမူ ဆင် ၊ မြင်း ၊ ကျွဲ ၊ လူ စသော ဆဲလ်များစွာရှိသည့် သက်ရှိများသည်လည်း မူရင်းဆဲလ်တစ်လုံးကတည်းက စတင်ခဲ့ကြတာချည်း ဖြစ်၏ ။ အရာတိုင်းက ၁ ကနေစသည်ဟု ဆိုသလိုပေါ့။

ဒီတော့ ဆဲလ်ကွဲပွားခြင်း ( cell division ) နှစ်မျိုး ရှိပါတယ် ။
1. Mitosis
2. Meiosis တို့ပဲ ဖြစ်ပါတယ် ။

Mitosis ဆိုတာကတော့ ဆဲလ်မှာရှိတဲ့ Chromosome အရေအတွက်အတိအကျနဲ့ အရည်အသွေးမပျက်ပဲ လုံးဝချွတ်စွတ် တူညီသော နောက်ဆဲလ်တစ်ခု ထွက်ပေါ်လာခြင်းပါ။ Chromosome အရေအတွက် 46 က နောက်တစ်ခုမှာလဲ 46 ဒါမျိုးပေါ့ ။ အတိအကျရတယ် ။

Meiosis ဆိုတာကတော့ ဆဲလ်တစ်ခုရဲ့ chromosome အရည်အသွေးအပြည့်နဲ့ အရေအတွက် တစ်ဝက်တိတိသာလျှင်ပါရှိသော ဆဲလ်ကွဲပွားခြင်း ဖြစ်စဉ်ပါ။

ဒီနေရာမှာ မေးစရာရှိလာပါပြီ ။ မေးတတ်သူအဖို့ပေါ့ ။ ဆဲလ်ဆိုတာ ကွဲပွားရင်ပြီးပြီပဲ ။ ပထမနည်း Mitosis နည်းနဲ့တင် မလုံလောက်ဘူးလား ။ သက်ရှိအားလုံးဟာ Meiosis နည်းနဲ့ ဆဲလ်ကွဲပွားရင် Chromosome တစ်ဝက်ပဲ ရှိတော့တာဆိုတော့ ဘယ်လိုလုပ်အဆင်ပြေနိုင်မလဲ ။ စသဖြင့် မေးခွန်းတွေပေါ့ ။

ဒီတော့ ဒီကိစ္စကို ရှင်းဖို့လိုလာပြီ။
Mitosis ဆိုတာက မျိုးအောင်ပြီးသား ဆဲလ်တွေမှာ ဖြစ်ပွားတာပါ။ ပြီးတော့ ဆဲလ်တစ်လုံးတည်းရှိသောသတ္တဝါတွေ ၊ လိင်မဲ့မျိုးပွားနည်းဖြင့် မျိုးပွားကြတဲ့ သက်ရှိတွေမှာ ဒီ Mitosis နည်းနဲ့ပဲ ဆဲလ်ကွဲပွားပါတယ်။ လူ နဲ့ သက်ရှိတွေဟာ မွေးဖွားပြီးခါစမှ သေးငယ်တယ် ။ တဖြည်းဖြည်း ကြီးထွားလာတယ် ။
[ ဘာကြောင့် Giant လိုမျိုး အကြီးကြီးထိဆက်မကြီးထွားပဲ အသက်ရွယ်တစ်ခုမှာ ဆဲလ်ထပ်မပွားလဲဆိုတာကတော့ နောက်မှပြောပြပေးပါမယ် ။ အခုတော့ မမေးပါနဲ့ဦး ] အဲ့တော့ ဆဲလ်လေးတွေပျက်စီးသွားမယ် ၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားမယ်ဆိုရင် အဲ့နေရာမှာ ဆဲလ်အသစ်လေးတွေ ပြန်လည်အစားထိုး မွေးဖွားလာတာပေါ့ ။ ဒါကြောင့် Mitosis နည်းကလည်း အရေးကြီးပါတယ် ။

Meiosis ကတော့ သက်ရှိတစ်ကောင်မွေးဖွားဖို့အတွက် အစပြုခြင်းပါပဲ ။ လိင်ဖြင့် မျိုးပွားသော သက်ရှိတိုင်းမှာ ဒီ Meiosis နည်းသာမရှိရင် မျိုးဆက်ပွားနိုင်မှာ မဟုတ်ပါဘူး ။ အဖေဆီက မျိုးပွားကောင် နဲ့ အမေဆီက မျိုးပွားဥ - ကိုယ်စာလှယ်လေးတွေက အချင်းချင်းတွေ့တဲ့အခါ Meiosis စဖြစ်လာတာပါပဲ ။ ဒီကိစ္စမှာ သဘာဝတရားကြီးက အရမ်းဆန်းကျယ်တယ် ။ ပုံမှန်အတိုင်း အဖေ့မျိုး နဲ့ အမေ့မျိုးကို ပေါင်းစပ်ရင် အဖေ့ဆီက chromosome 46 နဲ့ အမေ့ဆီက chromosome 46 - total 92 chromosomes ဖြစ်သွားပြီး ဆဲလ်တစ်လုံးဖြစ်ပေါ်ဖို့ အခြေအနေမဟန်တော့ဘူး။ ဒီတော့ သဘာဝကိုယ်၌က chromosome 46 ခုကို စာရွက်တစ်ရွက် အလယ်ကခေါက်လိုက်သလို အရည်အသွေးတူတဲ့ chromosomes တစ်ဝက်တိတိ ခေါက်ထားလိုက်တယ် ။ ( ရူပဗေဒေသမားတွေအတွက် Symmetry သဘောတရားကို သုံးထားတယ် ) ဒီတော့မှ အဖေ့ဆီက တစ်ဝက် ၊ အမေ့ဆီက တစ်ဝက် နှစ်လွှာပေါင်းမှ တစ်ရွက်ဆိုတဲ့ မျိုးအောင်ဥကလေးဖြစ်ပေါ်လာတာပေါ့။ ကယ် Zygote ဆိုတဲ့ ဆဲလ်လေးတစ်လုံးလဲ အတိအကျဖြစ်ကော ကျန်တဲ့တာဝန်က Mitosis ရဲ့ တာဝန်ဖြစ်ပြီပေါ့။

ဒါဆို Mitosis နဲ့ Meiosis ကို အခြေခံ ဂဃနဏတော့ နားလည်ပြီပေါ့ ။ ကျန်တဲ့ အဆင့်တွေကတော့ အောက်မှာ တစ်ပုံချင်း ဖိကြည့်ပါ။
crd #
မှတ်ထားသမျှ စုစည်း၍ရေး၏ - Htet Arkar

Address

168 Yinnmar Street
Yangon

Telephone

09976504202

Website

Alerts

Be the first to know and let us send you an email when Biology for students posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram