Kone Baung Medical Center-ကုန်း ဘောင် အထူးကု ဆေးခန်း
  • Home
  • Myanmar
  • Yangon
  • Kone Baung Medical Center-ကုန်း ဘောင် အထူးကု ဆေးခန်း
Happy new year 2026. နှစ်သစ်မင်္ဂလာပါ ၂၀၂၆ ခုနှစ်တွင် မိဘပြည်သူများ၊  မိသားစုများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ...
01/01/2026
Happy new year 2026.
နှစ်သစ်မင်္ဂလာပါ
၂၀၂၆ ခုနှစ်တွင် မိဘပြည်သူများ၊ မိသားစုများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး
ကံကောင်းခြင်း၊ အောင်မြင်ခြင်းများ ပြည့်ဝပါစေကြောင်း ကုန်းဘောင်ဆေးခန်းမိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အရေပြားလိမ်းဆေးများအကြောင်းသိကောင်းစရာ။ဒေါက်တာ ကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)
05/12/2025
အရေပြားလိမ်းဆေးများအကြောင်းသိကောင်းစရာ။
ဒေါက်တာ ကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)
#ဆေးလိမ်းတာ_မမှားကြပါနဲ့ (၁)
#ဒေါက်တာကျော်ကျော်(အရေပြားအထူးကုဆရာဝန်ကြီး)
⚕️ ⚕️ ⚕️
🔷 အရေပြားမှာ အဖြစ်များတဲ့ ပြဿနာတွေကတော့ အလှအပနဲ့ပတ်သက်ရင် ဝက်ခြံ၊ တင်းတိပ်နဲ့ မှဲ့ခြောက်ပေါ့။ အယားနဲ့ပတ်သက်ရင်တော့ ပွေး၊ ဝဲ၊ နှင်းခူနဲ့ ဆိုရီယားစစ် စတာတွေပါ။ ဒီလို အဖြစ်များ၊ အတွေ့များတဲ့ ပြဿနာတွေကို ဆရာဝန်တွေနဲ့ မပြတော့ဘဲ ကြုံရာ၊ တွေ့ရာ၊ လက်သင့်ရာ လိမ်းဆေးတွေနဲ့ မိမိဘာသာမိမိကုတဲ့အလေ့အကျင့်ဟာ ကျွန်တော်တို့နိုင်ငံမှာ အမြစ်တွယ်နေပါပြီ။ အနာတခြား ဆေးတခြားဖြစ်တာတွေ၊ လိုအပ်တာထက် ပိုလိမ်းကြတာတွေ၊ မလိမ်းသင့်တဲ့နေရာမှာ ဆေးပြင်းပြင်းလိမ်းမိကြတာတွေကြောင့် ကြုံရဆုံရတဲ့ ဆိုးကျိုးပြဿနာတွေ တစ်လှေကြီးပါပဲ။ တချို့ဆို ဒီအရေပြားဟာ အဖတ်ဆယ်မရအောင်ကို ပျက်စီးသွားတော့တာပါ။
#ဘာဆေးတွေပါလိမ့်
🔷 အများဆုံး၊ အမှားဆုံးလိမ်းဆေးကတော့ စတီးရွိုက်ပြင်းပြင်းပါတဲ့ ဆေးတွေပါ။ ကျွန်တော်တို့နိုင်ငံမှာ ဆရာဝန်လက်မှတ်မပါဘဲ ကြိုက်သလောက် စိတ်တိုင်းကျဝယ်ယူနိုင်တဲ့ဆေးတွေပေါ့။ ဆေးဆိုင်တွေကလည်း များများရောင်းရလေ အကြိုက်တွေ့လေပါပဲ။ လူနာက မသိနားမလည်ရင်တောင် ဒီဆေးလိမ်းလိုက်၊ သက်သာတယ်ဆိုပြီး ရောင်းပေးတာမျိုးတောင် ရှိပါတယ်။ ခက်တာက စတီးရွိုက် (Steroid) လို့သာ ခြုံပြီး ပြောလိုက်ရပေမယ့် ဆေးပညာနဲ့စိမ်းတဲ့ အရပ်သူအရပ်သားနားလည်အောင် ရှင်းပြဖို့ အတော်ခက်ပါတယ်။ ဈေးကွက်ထဲမှာ စတီးရွိုက်ပါတဲ့ဆေးတွေ တောင်ပုံရာပုံပါပဲ။ အမျိုးအစားတွေ စုံမှစုံ၊ ထိုင်း၊ တရုတ်၊ မလေးရှား၊ အိန္ဒ်ိယ၊ ကိုရီးယားစတဲ့ နိုင်ငံတွေကနေ အလုံးအရင်းနဲ့ကို ဝင်နေတာပါ။ အမှန်တော့ တကယ်သုံးသင့်တဲ့ အရေပြားလူနာတွေရဲ့ ဆေးလိုအပ်ချက်ထက်ကို ပိုပြီးသွင်းနေကြရတယ်ဆိုပါတော့။ ဘာလို့လဲဆိုတော့ ခုနကပြောခဲ့တဲ့အတိုင်း ရှိသမျှ အရေပြားရောဂါအားလုံးကို ဒီဆေးတွေနဲ့ မှားယွင်းပြီး အလွန်အကျွံ သုံးနေကြလို့ပါပဲ။
#စတီးရွိုက်လိမ်းဆေးဆိုသည်မှာ
🔷 စတီးရွိုက်ရဲ့ အဓိကစွမ်းအားကတော့ ရောင်ရမ်းမှုကို လျော့ပါးစေတာပါပဲ။ ဒီတော့ နီရဲကြွဖောင်းနေတဲ့ အရေပြားအကွက်တွေ၊ အသားလောင်တာတွေကို လျော့ကျစေတယ်။ ဒါ့အပြင် အယားဓာတ်ကို လျော့စေတယ်။ အာနိသင်ကလည်း ဆေးလိမ်းပြီး မကြာခင်မှာ အစွမ်းပြတော့ လူနာတွေအကြိုက်ပေါ့။ အကြမ်းအားဖြင့် အပျော့၊ အပြင်းနဲ့ အလယ်အလတ်ဆိုပြီး ပြင်းအားသုံးမျိုးရှိပါတယ်။ ဘယ်ဆေးဟာအပျော့၊ ဘယ်ဆေးဟာအပြင်း၊ ဘယ်ဆေးဟာ အလယ်အလတ်ဆိုပြီး အများနားလည်အောင် ခွဲခြားပြဖို့ရာ အတော်ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ဆေးညှစ်တောင့်ဘူးပေါ်မှာ မြန်မာလိုဆိုဝေးရော၊ အင်္ဂလိပ်လိုတောင် လုံး၀ရေးပြမထားပါဘူး။ သူတို့ရေးပြထားတာက စတီးရွိုက်ရဲ့ ဓာတုဗေဒအမည်ရှည်ကြီးတွေပါ။
🔷 စတီးရွိုက် (Steroid) ဆိုတဲ့ အင်္ဂလိပ်စာလုံးတိုတိုလေးတောင် မပါတာများပါတယ်။ ဒီတော့ ဝယ်ယူသုံးစွဲသူတွေခမျာ မြင်းစီးလို့ အထီးမှန်း၊ အမမှန်း မသိကြရသလို ဖြစ်ပါလေရော။ ညှစ်တောင့်ရဲ့ စက္ကူဘူးအတွင်းမှာပါတဲ့ အညွှန်းစာရွက်သေးသေးလေးမှာတော့ စာလုံးသေးသေးလေးတွေ အင်္ဂလိပ်လို ရေးထားတာရှိပါတယ်။ အင်္ဂလိပ်စာမတတ်သူတွေ၊ အင်္ဂလိပ်စာတတ်ပေမယ့် ဆေးပညာနဲ့ မနီးစပ်သူတွေ ဘယ်လိုမှ နားလည်ကြမှာ မဟုတ်ပါဘူး။ မဖတ်ကြတာလည်း များပါတယ်။ လူပြောသူပြော၊ ဆေးဆိုင်ပြောနဲ့ပဲ သက်သာလိုသက်သာငြား လိမ်းလိုက်ကြတာ များပါတယ်။ ပျောက်သော်ရှိ၊ မပျောက်သော်ရှိပေါ့။
#သရီးအင်ဝမ်း၊ #တူးအင်ဝမ်း
🔷 စတီးရွိုက်ဆေးတွေမှာလည်း ကော်ဖီမစ်လို သရီးအင်ဝမ်း၊ တူးအင်ဝမ်းတွေ ရှိပါတယ်။ စတီးရွိုက်အပြင် မှိုသတ်ဆေး (Antifungal)၊ ပိုးသတ်ဆေး (Anti-bacterial) တွေပါ ရောသမပြီး အမည်စုံအောင် ထုတ်လုပ်ထားတာမျိုးတွေ ရှိပါတယ်။ နှင်းခူ၊ ယားနာတစ်ခုမှာ မှိုပိုးတွေ၊ ဘက်တီးရီးယားပိုးတွေ ထပ်ဆင့်ဝင်ရောက်ပြီး ရှုပ်ထွေးသွားတဲ့အခါ တစ်ချက်ခုတ် သုံးချက်ပြတ်ဖြစ်အောင် ဆေးဖော်စပ်ကြတာပါ။ တချို့ကျတော့ စတီးရွိုက်နဲ့ မှိုသတ်ဆေး နှစ်မျိုးတည်းပေါင်းထားတာမျိုး ရှိပါတယ်။ အရေပြားမှိုကြောင့် ယားတာ၊ ရဲတာကို သက်သာစေဖို့ အဓိက မှိုသတ်ဆေးအပြင် စတီးရွိုက်တစ်ခုခုကို ပေါင်းစပ်ပြီး ကွန်ပေါင်း (Compound) ဆိုပြီး အမည်ပေးထုတ်လုပ်ကြပါတယ်။
🔷 တချို့ဆေးဝါးထုတ်လုပ်သူတွေက မှိုသတ်ဆေးအမည်ခံပြီး စတီးရွိုက်ပြင်းပြင်းတွေနဲ့ ပေါင်းထားတတ်ပါတယ်။ ဆေးဘူးပေါ်မှာ မှိုသတ်ဆေးရဲ့ ဓာတုအမည်ကိုသာ ရေးပြထားပြီး စတီးရွိုက်အမည်ကို ထိန်ချန်ထားတာမျိုးပါ။ ကွန်ပေါင်း (Compound) ဆိုပြီး ဝိနည်းလွတ် ကမ္ပည်းထိုးထားတာပါ။ စက္ကူဘူးထဲက စာရွက်ခေါက်သေးသေးလေးမှာပဲ စတီးရွိုက်အမည်ကို ရေးထားတာပါ။ သာမန်သုံးစွဲသူတွေသာမက ဆရာဝန်ပါ မျက်စိလည်လောက်ပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် အရေပြားလိမ်းဆေးတစ်ခုမှာ စတီးရွိုက်ပါရင် အတော်ကို သတိထားသုံးကြရမှာပါ။
#စတီးရွိုက်အမျိုးအစား
🔷 အကြမ်းအားဖြင့် အပျော့၊ အလယ်အလတ်နဲ့ အပြင်းစားဆိုပြီး သုံးမျိုးရှိပါတယ်။ အများနားလည်လွယ်အောင် ရိုးရှင်းစွာ ရှင်းပြပါ့မယ်။ Hydrocortisone ဆိုတာ အပျော့စားပါ။ Betamethasone, Mometasone, Triamcinolone စတာတွေက အလယ်အလတ်ပြင်းအားရှိပါတယ်။ Clobetasone နဲ့ Fluocinolone တွေကတော့ အပြင်းစားစတီးရွိုက်တွေပါ။ ဒီလို စာလုံးရှည်ရှည်ကြီးတွေ ဖတ်ရတာရှုပ်တာမို့ ထိပ်စည်းကိုပဲ ကြည့်ပြီး မှတ်စေချင်ပါတယ်။
- H နဲ့အစပြုရင် အပျော့၊
- B, M, T တွေနဲ့ စခဲ့ရင် အလယ်အလတ်၊
- C ဒါမှမဟုတ် F နဲ့စတဲ့ စတီးရွိုက်ဓာတုအမည်ဆိုရင် အပြင်းဆုံးပေါ့။
🔷 ပြင်းအားပိုများလေ၊ လိမ်းတဲ့ပမာဏများလေ၊ လိမ်းတာကြာလေ၊ စတီးရွိုက်ရဲ့ဆိုးကျိုးတွေ ရလေပါပဲ။ စောစောကပြောခဲ့တဲ့ Compound ဆိုတာတွေကိုလည်း အထူးသတိထားပါ။ အခုပြောခဲ့တဲ့ စာလုံးတွေ လုံးဝမပါပေမယ့် စတီးရွိုက်အပြင်းစားတွေ ပါပါတယ်။
(စတီးရွိုက်ရဲ့ဆိုးကျိုးတွေအကြောင်းကို ဆက်လက်ဖော်ပြပါမယ်။)
#ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)
္ဂဇင်း
ောက်တိုဘာလထုတ် - မှ
05/11/2025
အသည်းအဆီ ဖုံး ရောဂါ အကြောင်း သိကောင်းစရာ။
Crd .
✅မင်္ဂလာပါ✅⭐️⭐️ဆေးခန်း ပိတ်ရက် အသိပေးကြေညာခြင်း⭐️⭐️✅၀၆၊၁၀၊၂၀၂၅ တနင်္လာနေ့ ( Monday ) တစ်ရက် ဆေးခန်း ပိတ် ပါ မည် ။ ✅❤️လေး...
06/10/2025
✅မင်္ဂလာပါ✅
⭐️⭐️ဆေးခန်း ပိတ်ရက် အသိပေးကြေညာခြင်း⭐️⭐️
✅၀၆၊၁၀၊၂၀၂၅ တနင်္လာနေ့ ( Monday ) တစ်ရက်
ဆေးခန်း ပိတ် ပါ မည် ။ ✅
❤️လေးစားအပ်ပါသော မိဘ ပြည်သူ များ သီတင်းကျွတ် အခါ သမယတွင် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့် ပြည့် စုံ ကြပါစေ လို့ ကုန်း ဘောင် အထူး ကုဆေးခန်း မိသား စု မှ ဆု မွန်ကောင်း တောင်း ပေးပါတယ်။❤️
26/05/2025
#မိုးကာလအရေပြားကျန်းမာရေး
#ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)
⚕️ ⚕️ ⚕️
မိုးကာလမှာ ကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတွေက အများကြီးပါ။
#မှိုတွေကြိုက်တဲ့_ခါဝသန်
မှိုတွေဟာ စွတ်စိုတဲ့ ပတ်ဝန်းကျင်ကို ကြိုက်ပါတယ်။ အစိုရှိမှ မှိုရှိတာပါ။ စားလို့ရတဲ့ မှိုဖြစ်ဖြစ်၊ စားလို့မရတဲ့ မှိုဖြစ်ဖြစ် မှိုအားလုံးလိုလိုဟာ စိုထိုင်းဆများတဲ့နေရာမှာ ပျော်ပါတယ်။ ပွားများပါတယ်။ ပြောရရင် မှိုပေါက်ပါတယ်။ ပြောရရင် ပွေးပေါ့။ ဒီတော့ မိုးတွင်းကာလမှာ အရေပြားမှိုပြဿနာ အများကြီးကြုံရနိုင်ပါတယ်။ ပွေးပေါက်တော့ ယားတော့တာပေါ့။ ယားတာကတစ်ဆင့် နောက်ဆက်တွဲပြဿနာတွေ ပါလာတော့တာပါ။ ကုတ်တာ၊ ဖဲ့တာကတစ်ဆင့် ဘက်တီးရီးယားပိုးတွေ ထပ်ဆင့်ဝင်ပါလေရော။
ရေဆိုးရေပုပ်တွေနဲ့ အဓိကထိတွေ့ရတာ ခြေထောက်ဆိုတော့ မိုးတွင်းမှာ ခြေထောက်မှိုစွဲလွယ်ပါတယ်။ များသောအားဖြင့် ခြေချောင်းကြားလေးတွေမှာ မှိုတွေ အလွယ်ခိုအောင်းတတ်ပါတယ်။ နောက်ပြီး ခြေသည်းမှိုပေါ့။ အသက်ကြီးတဲ့သူတွေ၊ ဆီးချိုအခံရှိသူတွေမှာဆိုရင် ပိုလို့တောင် အဖြစ်များပါတယ်။ မိုးတွင်းကာလမှာ ရင်သားတို့၊ ပေါင်ခြံတို့မှာ ပွေးပေါက်တာ များတတ်သလို ခြေထောက်မှာ မှိုစွဲတာလည်း များတတ်ပါတယ်။ မှိုဆိုတာ ထိုင်းမှိုင်းစွတ်စိုတဲ့ အကြိုအကြားကို အင်မတန်နှစ်သက်ပါတယ်။ ရေတို့၊ မြေတို့နဲ့ အလွယ်ထိတွေ့ဆက်စပ်နေရတဲ့ ခြေချောင်းကြားတွေက ပိုပြီးအဖြစ်များတာပေါ့။
#မြောင်းရေတွေက_တစ်ဒုက္ခ
ချောင်းရေတွေထက် မြောင်းရေတွေက ပိုပြီးပြဿနာပေးပါတယ်။ အထူးသဖြင့် ရေစီးရေလာမကောင်းတဲ့ ရန်ကုန်လိုမြို့ကြီးတွေမှာ အဆိုးဆုံးပါ။ ထုံးစံအတိုင်း မိုးဖြိုင်ဖြိုင်ရွာပြီဆိုမှဖြင့် အမှိုက်သရိုက်တွေ ပိတ်ဆို့နေတဲ့ မြောင်းထဲကရေတွေ လမ်းပေါ်ရောက်လာတော့တာပါ။ အဲဒီမြောင်းပုပ်တွေထဲမှာ ခိုအောင်းနေတဲ့ မြောက်မြားစွာသော ရောဂါပိုးကြီးငယ်ဟာ လမ်းမပေါ်ကို မိုးရွာရင် မိုးရေချိုးမယ်ဆိုပြီး ကလေးတွေ အော်ဟစ်မြူးထူးသလို တပျော်တပါး ထွက်လာပါတော့တယ်။ ဒီတော့ မြောင်းပုပ်ရေက ပြဿနာပေးပါလေရော။
သာမန်ကျန်းမာတဲ့ အရေပြားကို ဘက်တီးရီးယားပိုးတွေ ထိုးဖောက်ပြီး မဝင်ရောက်နိုင်ပါဘူး။ ဒါပေမဲ့ ပွန်းရာ၊ ပဲ့ရာ၊ ရှရာရှိရင် အဲဒီကတစ်ဆင့် ဝင်နိုင်ပါတယ်။ ဥပမာ ခြင်ကိုက်လို့ ယားတာ၊ ဓာတ်မတည့်လို့ ယားတာ၊ နှင်းခူရှိလို့ ယားတာ၊ ဝဲကြောင့် ယားတာ စသဖြင့် ယားတဲ့အခါ လက်သည်းနဲ့ ကုတ်ဖဲ့တာ၊ ကုတ်ခြစ်တာ လုပ်လေ့ရှိကြပါတယ်။ အဲဒီအခါ အရေပြားလည်း ပဲ့ရွဲ့သွားပြီး ဘက်တီးရီးယားတွေအတွက် လမ်းဖွင့်ပေးသလို ဖြစ်သွားတာပေါ့။ ဒီတော့ များသောအားဖြင့် မိုးရာသီမှာ ခြေထောက်၊ ခြေသလုံးမှာ အနာရှိရင် ရင်းတတ်ပါတယ်။ ရေဆိုးရေပုပ်တွေနဲ့ မကြာခဏ ထိတွေ့ရတော့ ပိုးတွေက အလွယ်တကူ ဝင်သွားနိုင်တာပါ။ ဆီးချိုရှိသူတွေဆိုရင် အတော်ကို ဂရုစိုက်ပေးရမှာပါ။ အနာဖြစ်တာက လွယ်ပေမယ့် အနာကျက်တာက နှေးလွန်းလို့ပါ။ ပြည်တစိုစိုနဲ့ ရောင်ရမ်းနေတတ်ပါတယ်။
#ရေမသန့်လို့_ယားတာပါ
မြောင်းရေတွေထဲမှာ စက်ရုံ၊ အလုပ်ရုံ၊ ဝပ်ရှော့ စတာတွေက မဆင်မခြင် စွန့်ပစ်လိုက်တဲ့ ဓာတုဒြပ်ပေါင်းတွေ၊ ဓာတ်သတ္တုပစ္စည်းတွေလည်း ပါနိုင်ပါတယ်။ ဒါ့အပြင် လူ၊ တိရစ္ဆာန်တွေက စွန့်ပစ်လိုက်တဲ့အညစ်အကြေးတွေလည်း ပါနိုင်ပါတယ်။ အဲဒီမသန့်စင်တဲ့ပစ္စည်းတွေနဲ့ အရေပြား ဓာတ်မတည့်ခဲ့ရင် ယားတာ၊ အင်ပျဉ်ထွက်တာ၊ အဖုအပိမ့် ထွက်တာတွေ ကြုံပါလေရော။ ဒါကြောင့် တချို့ဆိုရင် မြောင်းပုပ်ရေနဲ့ ခဏထိတွေ့တာနဲ့ပဲ ယားတော့တာပါ။ ယားတော့ ကုတ်မှာပါ။ ကုတ်တော့ ပဲ့၊ ပဲ့တဲ့နေရာကို ရေညစ်ပတ်ထဲက ဘက်တီးရီးယားပိုးတွေဝင်ပြီး အနာရင်းပါတော့တယ်။ ပြည်တစိုစိုနဲ့ပေါ့။
#သန်ကောင်လည်း_သတိထား
မြောင်းရေ၊ ချောင်းရေတွေမှာ လူတွေ၊ တိရစ္ဆာန်တွေရဲ့ စွန့်ပစ်အညစ်အကြေးတွေ ရောနှောနေတတ်ပါတယ်။ အဲဒီမှာ သန်ဥ၊ သန်ကောင် (အလုံး၊ အပြား၊ ချိတ်သန်ကောင်) အားလုံးလည်း ပါနိုင်တာပေါ့။ အားလုံးဟာ ကပ်ပါးပိုးတွေပါ။ ဒီပိုးတွေက မသန့်ရှင်းတဲ့အစားအစာ၊ ရေကတစ်ဆင့် ပါးစပ်ထဲဝင်ပြီး တစ်ဦးကတစ်ဦးကို ကူးစက်သွားတာပါ။ ရေနဲ့ အစားအစာက သန့်ဦးတော့၊ ကိုင်တွယ်တဲ့ (စားတဲ့)လက်က မသန့်ရှင်းရင်လည်း ဝင်နိုင်တာပါပဲ။ ခက်တာက ပါးစပ်ထဲရောက်တဲ့ ဟင်းသီးဟင်းရွက်၊ အသားငါးတွေကို လမ်းပေါ်မှာ ပလတ်စတစ်စုတ်လေးခင်းပြီး ရောင်းချနေကြတာပါ။ ဈေးသည်ရဲ့ အနီးဝန်းကျင်မှာလည်း မြောင်းပုပ်နဲ့ အမှိုက်ပုံနဲ့ပါ။ ဒီတော့ ကူးစက်ရောဂါတွေရဲ့ မစင်ကနေ ပါးစပ်သို့ F***l Oral Route လမ်းကြောင်းဟာ ထင်းထင်းကြီးကို ပေါ်လွင်နေတော့တာပေါ့။ ဒီကြားထဲ ယင်ကောင်တွေလည်း တလောင်းလောင်းနဲ့။ စဉ်းစားကြည့်ရင် ရောဂါပိုးတွေ ဖြန့်ဖြူးရာ နေရာချည်းပါပဲ။ အကျိုးဆက်ကတော့ ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်အပြင် သန်ကောင်စွဲတာပါ။ သန်ကောင်တွေရှိတော့ ယားနိုင်တာပေါ့။ ကလေးတွေဆိုလည်း ဗိုက်ပူနံကားနဲ့ အာဟာရချို့တဲ့သွားပါတယ်။
#ခြောက်အောင်ထားပါ
မိုးတွင်းမှာ သက်ရှိလူသားမှ မဟုတ်ပါဘူး။ အိမ်အသုံးအဆောင်တွေကိုလည်း ခြောက်သွေ့အောင် ထားပေးပါ။ အဝတ်အစားတွေ၊ မျက်နှာသုတ်ပဝါတွေ၊ ခေါင်းအုံးစွပ်တွေ ဖားဥစွဲတာ မိုးတွင်းပါ။ တကယ်တော့ ဖားဥစွဲတယ်ဆိုတာ မှိုစွဲတာပါပဲ။ ကင်မရာတွေဆိုရင်လည်း ခြောက်ခြောက်သွေ့သွေ့မထားမိရင် အဖိုးတန်မှန်ဘီလူးတွေ မှိုတက်ပါလေရော။
ရေတွေထဲကို မလွှဲသာမရှောင်သာ သွားခဲ့ပြီးရင်လည်း သန့်ရှင်းရေး ချက်ချင်းလုပ်ပါ။ ရေဆိုးရေညစ်တွေကို ရေသန့်သန့်နဲ့ ဆေးကြောပစ်ပါ။ ပိုးသတ်ဆပ်ပြာသုံးပြီး သန့်ရှင်းပါ။ အထူးသဖြင့် ခြေချောင်းကြားလေးတွေကို ဦးစားပေးဆေးကြောပါ။ ပြီးရင် အမြန်ခြောက်အောင် သုတ်ပေးပါ။ ဖိနပ်အစိုကြီးနဲ့လည်း မနေပါနဲ့။ မိုးတွင်းစီးညှပ်ဖိနပ်ပဲ သုံးပါ။ တတ်နိုင်ရင် ခြေချောင်းကြားလေးတွေကို မှိုသတ်ပေါင်ဒါ ထည့်ပေးပါ။ အမျိုးသားတွေ ပေါင်ခြံမှာ ပွေးမပေါက်အောင်လည်း အတွင်းခံမဝတ်စေချင်ပါဘူး။ ဝတ်ရင်လည်း ချောင်ချောင်ဝတ်ပါ။ တစ်ရက်တစ်ကြိမ် လျှော်ဖွပ်ပြီး အသစ်လဲပါ။
#သန့်သန့်ပြန့်ပြန့်
တစ်ကိုယ်ရေသန့်ရှင်းရေးက တကယ့်ကို အရေးကြီးပါတယ်။ မျက်နှာနဲ့ဆံပင်ကိုပဲ လှပဖို့ ဦးစားပေးကြပေမယ့် ခြေထောက်ကို အလေးပေးကြတာတော့ နည်းပါတယ်။ စောစောကပြောသလို ခြေထောက်ကို ခြောက်သွေ့ပါစေ၊ သန့်ရှင်းပါစေ။ တကယ်တော့ အိပ်ရာဝင်မှာ ခြေထောက်ကို ဆေးကြောသန့်စင်ပြီးမှ အိပ်တဲ့သူ ရှားပါတယ်။ ခြေသည်း၊ လက်သည်းလည်း တိုတိုထားပါ။ ရှည်ရင် ရောဂါပိုးတွေကို သယ်ပေးပါလိမ့်မယ်။ လက်ကို သေချာဆေးပါ။ မိုးတွင်းမှာ ယင်ကောင်တွေပေါတာမို့ အစားအစာတွေကိုလည်း ရေနဲ့ သေချာဆေးကြောသန့်စင်ပါ။ အသားငါးဆိုလည်း ကျက်အောင်ချက်ပြီးမှ စားပါ။ အရေပြားမှာ ယားနာ၊ အနာတစ်စုံတစ်ရာရှိခဲ့ရင်လည်း ဆရာဝန်နဲ့ပြပြီး စနစ်တကျ ကုကြပါ။ ဒါဆိုရင် စိုစိုစွတ်စွတ်နဲ့ မိုးတွင်းကာလကြီးကို အရေပြားပြဿနာတွေ ကင်းရှင်းစွာနဲ့ ဖြတ်သန်းနိုင်ကြမှာပါ။
#ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)
မင်္ဂလာပါ✅ကုန်းဘောင် အထူးကုဆေးခန်းတွင် သင်္ဘောသား များ (seafarers) ဆေး စစ် နိုင် ပါပြီ ဖြစ်ကြောင်း သတင်းကောင်း ပါး လိုက်...
08/05/2025
မင်္ဂလာပါ
✅ကုန်းဘောင် အထူးကုဆေးခန်းတွင်
သင်္ဘောသား များ (seafarers) ဆေး စစ် နိုင် ပါပြီ ဖြစ်ကြောင်း သတင်းကောင်း ပါး လိုက် ပါတယ်။✅
♦️♦️DMA အသိအမှတ်ပြု ဆေးခန်း များ ထဲ မှာ တစ်ခု ဖြစ်သော ကုန်း ဘောင် အထူးကုဆေး ခန်း တွင် သင်္ဘောသား များ စျေးနှုန်း ချိုသာစွာ ဖြင့် တိကျမှန်ကန်စွာ ဆေးစစ်နိုင် ပါပြီ ။♦️♦️
✅လူသစ် ၊ လူဟောင်း သင်္ဘောသား များ DMA အသိအမှတ်ပြု ဆရာဝန်များ နှင့် ဆွေးနွေးတိုင်ပင် ပြီး ဆေးစစ်နိုင်ပါသည်။✅
🏨အမှတ် -၂၆၈၊ အနော်ရထားလမ်း၊ ပန်းဘဲတန်းမြို့နယ် ၊ရန်ကုန်မြို့။
🏨အမှတ်-၃၀၃၊ရွှေဘုံသာ အထက်လမ်း၊ပန်းဘဲတန်းမြို့နယ် ၊ရန်ကုန်မြို့။
Phone -ရုံးချိန်အတွင်း ဆက်သွယ်ရန်
018-383609,
018-241074,
09421154786
🟥ဆေးခန်း ပိတ်ရက် အသိပေးကြေညာခြင်း🟥12.04.2025 မှ 17.04.2025 အထိ ဆေးခန်း ပိတ်ပါမည်။18.04.2025 (သောကြာနေ့ )တွင်ဆေးခန်း ပြန်...
10/04/2025
🟥ဆေးခန်း ပိတ်ရက် အသိပေးကြေညာခြင်း🟥
12.04.2025 မှ 17.04.2025 အထိ ဆေးခန်း ပိတ်ပါမည်။
18.04.2025 (သောကြာနေ့ )တွင်ဆေးခန်း ပြန်လည် ဖွင့် လှစ်ပါမည် ဖြစ်ကြောင်း ချစ်ခင်လေးစား စွာ အသိပေးအပ်ပါသည်။
Deepavali ( Diwali )အခါသမယမှာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေလို့ ကုန်းဘောင်ဆေးခန်းမိသားစုမှ...
31/10/2024
Deepavali ( Diwali )အခါသမယမှာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေလို့ ကုန်းဘောင်ဆေးခန်းမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
✅မင်္ဂလာပါ✅⭐️⭐️ဆေးခန်း ပိတ်ရက် အသိပေးကြေညာခြင်း⭐️⭐️✅၁၇၊၁၀၊၂၀၂၄ ကြာသပတေးနေ့(Thursday  )တစ်ရက် ဆေးခန်း ပိတ် ပါ မည် ။ ✅❤️လေ...
13/10/2024
✅မင်္ဂလာပါ✅
⭐️⭐️ဆေးခန်း ပိတ်ရက် အသိပေးကြေညာခြင်း⭐️⭐️
✅၁၇၊၁၀၊၂၀၂၄ ကြာသပတေးနေ့(Thursday )တစ်ရက်
ဆေးခန်း ပိတ် ပါ မည် ။ ✅
❤️လေးစားအပ်ပါသော မိဘ ပြည်သူ များ သီတင်းကျွတ် အခါ သမယတွင် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့် ပြည့် စုံ ကြပါစေ လို့ ကုန်း ဘောင် အထူး ကုဆေးခန်း မိသား စု မှ ဆု မွန်ကောင်း တောင်း ပေးပါတယ်။❤️
13/09/2024
Beware of sun light By Dr Kyaw Kyaw
25/04/2024
Beware of sun light
By Dr Kyaw Kyaw
#နွေရယ်_နေရယ်_အရေပြားရယ်
#ဒေါက်တာကျော်ကျော်(အရေပြားအထူးကုဆရာဝန်ကြီး)
⚕️ ⚕️ ⚕️
နေရောင်ခြည်ဟာ အလင်းရောင်နဲ့ နွေးထွေးမှုကို ပေးတဲ့အပြင် လူကို ရောဂါဖြစ်စေနိုင်တဲ့ပိုးတွေ (Pathogens) ကို သေစေနိုင်ပါတယ်။ နောက်ပြီး အရိုးအဆစ်သန်မာဖို့ လိုအပ်တဲ့ ဗီတာမင်ဒီကို အရေပြားကတစ်ဆင့် ထုတ်လုပ်တဲ့အခါမှာ နေရောင်ခြည်ကို မရှိမဖြစ် လိုအပ်ပါတယ်။
ပြီးတော့ အရေပြားရောဂါ (ဥပမာ ခရုသင်း၊ ဂျွတ်ပွေးနာ) တွေကို ကုတဲ့အခါမှာ နေရောင်ခြည်ကို သုံးရပါတယ်။ လင်းရောင်ခြည်ကုထုံး (Phototherapy) လို့ ခေါ်ပါတယ်။ ဒီလို အကျိုးပြုတဲ့ကိစ္စတွေရှိသလို နေရောင်ခြည်ရဲ့ မကောင်းတဲ့ကိစ္စတွေလည်း အများကြီးပါ။ မီးလိုပေါ့။ သုံးတတ်ရင် မိတ်ဆွေ၊ မသုံးတတ်ရင် ရန်သူပေါ့။
#နေမင်းပေးတဲ့ဝေဒနာ
အသားအရေကို ရင့်ရော်အိုစာစေတာ အဓိကအချက်ပါ။ Skin aging ပေါ့။ နေပူထိဖန်များတဲ့ အရေပြားဟာ ထူအမ်းရင့်ထော်ပြီး အိုစာတဲ့အသွင်ပေါက်ပါတယ်။ အရေပြားအောက်လွှာမှာရှိတဲ့ ကိုလာဂျင် (collagen) နဲ့ အီလတ်စတင် (elastin) တစ်သျှူးတွေ ပျက်စီးသွားလို့ပါ။ ဒီတစ်သျှူးတွေက အရေပြားကို တင်းတင်းရင်းရင်းဖြစ်အောင် ကျားကန်ထားပေးတာမို့ နေဒဏ်ခံရတဲ့သူတွေမှာ အရွယ်မတိုင်မီ ပါးရေနားရေ စောစောစီးစီးတွန့်တာပေါ့။ အသက်ထက် အရွယ်က ကျနေပြီး ဇရာဝင်တာ စောတာပေါ့။ အရွယ်က အိုစနာကျနေတာပေါ့။
နောက်ထပ်အရေးကြီးတဲ့ ပြဿနာကတော့ အရေပြားကင်ဆာပါ။ နေရောင်ခြည်ကြောင့် အရေပြားကင်ဆာတွေ ဖြစ်စေပါတယ်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ တကယ်တော့ ကင်ဆာဖြစ်စေတဲ့ မြူတေဂျင် (Mutagen) တွေပါ။ အဲဒီဓာတ်ကြောင့် အရေပြားကလပ်စည်းတွေရဲ့ DNA မှာ အပြောင်းအလဲဖြစ်ပြီး ကင်ဆာအသွင်ပြောင်းသွားတာပေါ့။
ဒါ့အပြင် တင်းတိပ်၊ မှဲ့ခြောက်၊ နေလောင်ကွက် စတဲ့ လူကို အရုပ်ဆိုးစေတဲ့ ပြဿနာတွေကလည်း နေရောင်ကြောင့်ပါပဲ။ တချို့ အရေပြားရောဂါတွေ ဥပမာ SLE ဆိုတဲ့ အရေပြားလေးဖက်နာရောဂါဆိုရင်လည်း နေထိတာနဲ့ ရောဂါကို ပိုဆိုးသွားစေပါတယ်။
#သောက်ဆေးတချို့နဲ့နေရောင်ခြည်
နေကိုကြောက်တဲ့ သောက်ဆေးတွေ ရှိပါတယ်။ ဥပမာ နှလုံးရောဂါဆေး (Amiodarone)၊ အနာကြီးရောဂါဆေး (Clofazimine)၊ ဝက်ခြံပျောက်ဆေး (Tetracycline, Minocycline) ၊ အကိုက်အခဲပျောက်ဆေး (Diclofenac, Mefenamic) စတဲ့ဆေးတွေ သောက်ထားရင် နေပူထဲ သိပ်မထွက်မိဖို့ပါ။ နေထိနိုင်တဲ့ မျက်နှာ၊ လည်ပင်း၊ လက်ဖျံ၊ လက်ဖမိုး စတဲ့နေရာတွေမှာ အသားမည်းတာတို့၊ နေလောင်တာတို့ ဖြစ်နိုင်ပါတယ်။ ဆေးပညာမှာတော့ Photodermatitis လို့ ခေါ်လေ့ရှိပါတယ်။
#မြန်မာမှာ_အရေပြားကင်ဆာအဖြစ်များသလား
တိတိကျကျ သုတေသနလုပ်ထားတာမျိုးတော့ မတွေ့မိသေးပါဘူး။ ကျွန်တော့်အတွေ့အကြုံအရတော့ နည်းတယ်လို့ ပြောနိုင်ပါတယ်။ အဓိကအချက်ကတော့ ကျွန်တော်တို့လူမျိုးက အသားညိုလို့ပါ။ အသားညိုတာက အရေပြားမှာရှိတဲ့ အရောင်ဆိုးဆေး (Melanin) များလို့ပါ။ နီဂရိုးတွေဆိုရင် ပိုများပေါ့။ အသားဖြူတွေကျတော့ အရောင်ဆိုးဆေး နည်းပါတယ်။ အဲဒီအရေပြားအရောင်ဆိုးဆေးက နေရောင်ခြည်ကို ထီးသဖွယ် ကာကွယ်ပေးထားတာကြောင့် အသားဖြူတဲ့သူတွေက အသားညို၊ အသားမည်းတဲ့သူတွေထက် နေဒဏ်ပိုပြီးခံရပါတယ်။ ပိုပြီး ကင်ဆာဖြစ်နိုင်တာပေါ့။
ဥပမာ ရွှေမြန်မာတွေက အော်ဇီလို့ခေါ်နေတဲ့ သြစတေးလျနိုင်ငံမှာ (Australia) နိုင်ငံမှာနေတဲ့ လူဖြူတွေမှာ အရေပြားကင်ဆာ အဖြစ်ဆုံးပါပဲ။ အဲဒီနိုင်ငံမှာ နေရောင်က နှစ်ပတ်လည်ရတဲ့အပြင် နေရောင်ဒဏ်ခံနိုင်ရည်အားနည်းတာကြောင့် ဒီပြဿနာဖြစ်ရတာပါ။ လူဦးရေအားဖြင့် အော်ဇီနိုင်ငံဟာ ကမ္ဘာ့လူဦးရေရဲ့ ဝ.၃ ရာခိုင်နှုန်းရှိပေမယ့် အရေပြားကင်ဆာဖြစ်ပွားနှုန်းကျတော့ နှစ်စဉ် တစ်ကမ္ဘာလုံးမှာဖြစ်တဲ့ အရေအတွက်ရဲ့ ၆ ရာခိုင်နှုန်းအထိတောင် ရှိပါသတဲ့။ ဒီတော့ သူတို့နိုင်ငံမှာ နေရောင်ခြည်ဒဏ်ရှောင်ရှားရေး၊ အရေပြားကင်ဆာဖြစ်နှုန်းကျဆင်းရေး စတဲ့ကိစ္စတွေကို အမျိုးသားရေးအသွင်နဲ့ ဦးစားပေးလုပ်ဆောင်နေရပါတယ်။ အဲဒီနိုင်ငံမှာ အရေပြားကင်ဆာကြောင့် နှစ်စဉ် လူ ၁၂၀၀ ကျော်လောက် သေရတယ်လို့ ဆိုပါတယ်။
#နေကိုသတိထား
ကျွန်တော်တို့နိုင်ငံမှာ နွေဦးရောက်တော့ အညာဘုရားဖူးထွက်ကြ၊ ချောင်းသာ၊ ငွေဆောင် စတဲ့ ပင်လယ်ကမ်းခြေသွားကြ၊ သင်္ကြန်မှာ လည်ကြပတ်ကြနဲ့ နေပူထဲကို ထွက်လေ့ရှိပါတယ်။ အဲဒီလို ခဏတဖြုတ် နေပူထဲထွက်တာမျိုးထက် အောက်ဒိုးအလုပ်လုပ်ရတဲ့သူတွေက ပိုပြီးဂရုစိုက်သင့်ပါတယ်။ လယ်သမားတွေ၊ ဆိုက်ကားသမားတွေ၊ လမ်းခင်းလုပ်သားတွေ၊ ယာဉ်ထိန်းရဲတွေ၊ လမ်းဘေးဈေးသည်တွေ၊ ယာဉ်မောင်းတွေ၊ ဂေါက်ရိုက်တဲ့သူတွေ စသဖြင့်ပေါ့။
အဓိကအချက်က တတ်နိုင်သမျှ နေရှောင်ဖို့ပါ။ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ အတတ်နိုင်ဆုံး နေရှောင်သင့်ပါတယ်။ ပူပေမယ့် အဝတ်အစားကိုလည်း လက်ရှည်အရောင်ဖျော့ဖျော့ ဝတ်သင့်ပါတယ်။ ဘောင်းဘီဆိုလည်း အရှည်ပဲပေါ့။ ဦးထုပ်ဖားဖားကြီးတွေလည်း ဆောင်းရမှာပါ။ ကိုရီးယား၊ ဂျပန် ရုပ်ရှင်ကားတွေကြည့်ရင် နေပူထဲထွက်ပြီး အလုပ်လုပ်တဲ့အခါမှာ နားရွက်၊ လည်ကုပ်ပါ လုံအောင်ဖုံးတဲ့ ဦးထုပ်တွေ တွေ့ဖူးကြမှာပါ။ မန္တလေးက ရွှေမန်းသူတွေဟာ တံတောင်ဆစ်အထိရှည်တဲ့ လက်အိတ်ရှည်တွေဝတ်ပြီး ဆိုင်ကယ်နဲ့ သွားကြလာကြတာဟာ နေရောင်ခြည်ရဲ့ဆိုးကျိုးကို ရှောင်နိုင်ဖို့ပါ။ ဆိုင်ကယ်စီးရင်း ထီးဆောင်းလို့မှ မဖြစ်နိုင်တာဆိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြရတာပါပဲ။ အဝေးပြေးလမ်းမကြီးမှာ လမ်းပြင်နေတဲ့ အလုပ်သမားတွေခမျာမှာလည်း လုံချည်ဟောင်းကို မျက်လုံးနေရာသာချန်ထားပြီး ပေါင်းထားတတ်ကြပါတယ်။ ဒါလည်း ကောင်းတာပါပဲ။
#နေရောင်ခံလိမ်းဆေးတွေ
အခုခေတ်မှာတော့ နေမင်းပေးတဲ့ ဝေဒနာကို သက်သာစေဖို့ နေရောင်ခံလိမ်းဆေးတွေ အမျိုးစုံအောင်ကို ပေါ်နေပါပြီ။ ဒါပေမဲ့ လူတိုင်း လက်လှမ်းမီဖို့တော့ ခက်ပါတယ်။ တတ်နိုင်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စရာပါပဲ။ အဲဒီနေရောင်ခံလိမ်းဆေးတွေကို စနစ်တကျသုံးစွဲတယ်ဆိုရင် နေရောင်ရဲ့ဆိုးကျိုး အတော်များများကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီပစ္စည်းတွေက အရည်အသွေးကောင်းဖို့တော့ လိုတာပေါ့။
နေရောင်ခံနိုင်စွမ်းအား (Sun Protection Factor - SPF) ပေါ် မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ အနည်းဆုံးတော့ ၁၅ ရှိသင့်ပါတယ်။ အသားဖြူတဲ့သူ၊ အသားလတ်တဲ့သူတွေက ၃၀ အဆင့်လောက် အနည်းဆုံး သုံးသင့်ပါတယ်။ နေပူထဲ ကြာမယ့်အချိန်နဲ့ နေရဲ့ပြင်းအားပေါ်လည်း မူတည်ပါသေးတယ်။ ဥပမာ ချောင်းသာလိုနေရာမျိုးမှာ နေ့ခင်း ရေကူးမယ်ဆိုရင်တော့ ပြင်းအားများလေ ကောင်းလေပါပဲ။ တချို့ကုမ္ပဏီတွေက နံပါတ်နဲ့မဖော်ပြဘဲ Broad Spectrum Protection ဆိုပြီး ရေးလေ့ရှိတယ်။ ဆိုလိုတာက ခရမ်းလွန်ရောင်ခြည် အေ (A) ရော၊ ဘီ (B) ရောကို ကာကွယ်ပေးနိုင်တယ်ပေါ့။ ပင်လယ်ကမ်းခြေဘက် သွားမယ့်သူတွေ၊ သင်္ကြန်လည်မယ့်သူတွေကတော့ နေရောင်ခံလိမ်းဆေးဝယ်တဲ့အခါ ရေစိုရင် မပျက်ပြယ်တဲ့ Water resistant အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။
#ဘယ်လိုလိမ်းမလဲ
ယေဘုယျအားဖြင့်တော့ နေပူထဲမထွက်ခင် နာရီဝက်လောက် ကြိုတင်လိမ်းရပါတယ်။ နေထိမယ့် မျက်နှာ၊ လည်ပင်း၊ လက်ဖျံ၊ လက်ဖမိုး စတဲ့နေရာတွေကို အဓိကထားပြီး လိမ်းရပါမယ်။ ဆေးလိမ်းပြီး ၄ နာရီလောက် နေပူထဲနေမိရင် အာနိသင်ပျက်ပြယ်နိုင်တာမို့ နောက်တစ်ကြော့ လိမ်းပေးဖို့ လိုပါတယ်။ ဆိုလိုတာက တစ်ကြိမ်လိမ်းရုံနဲ့ တစ်နေကုန် မလုံလောက်ဘူးပေါ့။ တစ်ခု သတိထားရမှာက ၆ လအောက် ဘေဘီလေးတွေကို မလိမ်းပေးဖို့ပါပဲ။
#နေရောင်ခံလိမ်းဆေးတွေ_လက်လှမ်းမမီရင်
သနပ်ခါးကို ထူထူလိမ်းပေးရင် နေရောင်ကို ကာပေးတဲ့အစွမ်း (physical barrier) ရှိပါတယ်။ ဒီတော့ ရိုးရာယဉ်ကျေးမှုလည်း ထိန်းသိမ်းရာရောက်တဲ့အပြင် နေဒဏ်လည်း အသင့်အတင့် ခံနိုင်ရည်ရှိတာမို့ သနပ်ခါးလိမ်းတဲ့ဓလေ့ကိုလည်း မစွန့်ပယ်သင့်ပါဘူးလို့ တိုက်တွန်းချင်ပါတယ်။
#ဒီအသီးအနှံတွေစားပါ
အင်တီအောက်ဆီဒင့် (Antioxidants) ပေါကြွယ်ဝတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ စားရင်တော့ နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးတဲ့အသားအရေကို ပြန်လည်ကောင်းမွန်အောင် အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။ အင်္ဂလန်နိုင်ငံ မန်ချက်စတာနဲ့ နယူးကာစတယ်မြို့က အရေပြားဆရာဝန်တွေ စမ်းသပ်တွေ့ရှိချက်အရ ခရမ်းချဉ်သီးနဲ့သံလွင်ဆီ များများသုံးစွဲမယ်ဆိုရင် နေရောင်ဒဏ်ကို ပိုပြီးကာကွယ်နိုင်တယ်ဆိုပဲ။
ဒါ့အပြင် မုန်လာဥနီ၊ ကန်စွန်းဥ၊ ဖရဲသီးနဲ့ ငရုတ်သီးပွတွေဟာလည်း နေရောင်ခံနိုင်တဲ့စွမ်းအားရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နွေရာသီမှာ အဲဒီအသီးအနံှတွေကို များများစားပေါ့။
#နေကာမျက်မှန်
ခရမ်းလွန်ရောင်ခြည်တွေဟာ အရေပြားတင်မကပါဘူး၊ မျက်စိကိုလည်း ထိခိုက်နိုင်တာမို့ နေကာမျက်မှန်လည်း တပ်သင့်ပါတယ်။ ဒါပေမဲ့ ခရမ်းလွန်ရောင်ခြည်ကို အပြည့်အဝကာကွယ်ပေးတဲ့ အမျိုးအစားပဲ ဖြစ်သင့်ပါတယ်။ အလှတပ်တာထက် ကျန်းမာရေးအတွက်ပဲ ဖြစ်သင့်တာမို့ အရည်အသွေးကို ဂရုပြုဖို့ လိုပါတယ်။ မဲမှောင်နေတိုင်းလည်း ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးချင်မှ ပေးတာပါ။
#အက်စ် (S) တွေကို သတိထား
နွေရာသီ (Summer) မှာ နေမင်း (Sun) ကနေ ထုတ်လွှတ်လိုက်တဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ ကောင်းကင်ပြာပြာ (Sky) ကို ဖြတ်သန်းပြီး ပင်လယ် (Sea) နဲ့ သဲသောင်ပြင် (Sand) ကို ထိတွေ့တဲ့အခါ ရောင်ပြန်ဟပ်ပါတယ်။ အရေပြား (Skin) ကို တိုက်ရိုက်ထိတွေ့တဲ့ နေရောင်ခြည်အပြင် ရောင်ပြန်ဟပ်တဲ့ ရောင်ခြည်တွေပါ ထိနိုင်တာမို့ ကမ်းခြေမှာ အပန်းဖြေရင် သတိထားကြပါ။
Sky, Sea, Sand နဲ့ ပျော်စရာကောင်းတဲ့ ကမ်းခြေမှ မဟုတ်ပါဘူး။ နေနဲ့မကင်းနိုင်တဲ့ ဘယ်နေရာပဲဖြစ်ဖြစ် နေကို ကာကွယ်ကြပါ။ စောစောကပြောခဲ့တဲ့ ရှောင်ရန်၊ ဆောင်ရန်တွေအတိုင်း လိုက်နာပြီး နေကို အန်တုမယ်ဆိုရင် နေရောင်ခြည်ရဲ့ ရေတို၊ ရေရှည် ဆိုးကျိုးတွေ ကင်းဝေးကြမှာပါ။
#ဒေါက်တာကျော်ကျော်
(အရေပြားအထူးကုဆရာဝန်ကြီး)
္ဂဇင်း
်လထုတ်
#အိုမင်းခြင်းအနုပညာ
🟥ဆေးခန်း ပိတ်ရက် အသိပေးကြေညာခြင်း🟥13.04.2024 မှ 18.04.2025 အထိ ဆေးခန်း ပိတ်ပါမည်။19.04.2024 (သောကြာနေ့ )တွင်ဆေးခန်း ပြန်...
12/04/2024
🟥ဆေးခန်း ပိတ်ရက် အသိပေးကြေညာခြင်း🟥
13.04.2024 မှ 18.04.2025 အထိ ဆေးခန်း ပိတ်ပါမည်။
19.04.2024 (သောကြာနေ့ )တွင်ဆေးခန်း ပြန်လည် ဖွင့် လှစ်ပါမည် ဖြစ်ကြောင်း ချစ်ခင်လေးစား စွာ အသိပေးအပ်ပါသည်။
Address
No. 303, Shwe Bon Thar (upper Block), Pabedan Township
Yangon
11141
Opening Hours
Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00
Telephone
+9518383609
Alerts
Be the first to know and let us send you an email when Kone Baung Medical Center-ကုန်း ဘောင် အထူးကု ဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Practice
Send a message to Kone Baung Medical Center-ကုန်း ဘောင် အထူးကု ဆေးခန်း:
Share
Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram
Our Story
ကျွန်တော်များကုန်းဘောင်အထူးကုဆေးခန်းကို(၁၉၈၀) ပြည့်နှစ်တွင်စတင်တည်ထောင်ခဲ့ပါသည်။
ရန်ကုန်မြို့၏မြို့လယ်ခေါင်ဖြစ်သောပန်းဘဲတန်းမြို့နယ်ရွှေဘုံသာအထက်လမ်းတွင်တည်ရှိသောကြောင့်အချက်ချာကျ၍သွားရေးလာရေးလွယ်ကူပါသည်။
နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ၊ ကျောင်း သွားတက်မည့် သူများကိုဆေးစစ်ပေးခြင်းလုပ်ငန်းအားနှစ်ပေါင်း(၃၀)ကျော်တိုင်ယနေ့အထိ အောင်မြင်စွာဝန်ဆောင်မှုပေးလျက်ရှိပါသည်။