Physiotherapy & Rehabilitation

Physiotherapy & Rehabilitation အရိုးအဆစ်နှင့်ပြန်လည်သန်စွမ်းရေးဆ?

05/04/2025
04/04/2025

#စစ်ကိုင်းပြတ်ရွှေ့ကျောက်လွှာပေါ်၌
#ရှောင်ရှားရမည့်မြို့ပြကျေးရွာများ

1. မြစ်ကြီးနား
2. နမ္မတီး
3. ကာမိုင်း
4. မိုးကောင်း
5. စမော
6. ဟွီလုံ
7. ပင်းဘော
8. တာလောကြီး
9. လိုင်ဇာ
10. ရွာသစ်
11. နန်းမား
12. ဘီလူး
13. မိုးညှင်း
14. ဟုန်ဂေါ
15. မော်ဟန်
16. နန်စီးအောင်
17. မော်လူး
18. နမီး
19. မန်လည်
20. မဲဇာ
21. တဘော
22. ဘုံချောင်း
23. ဒတွင်
24. ထီးချိုင့်
25. မြတောင်
26. သစ်ပုံ
27. တကောင်း
28. ဘုံဂွန်
29. ရှိန်မကာ
30. တကောင်း
31. ဖိုးရ
32. မကျီးကုန်း
33. လက်ပံကုန်း
34. သပိတ်ကျင်း
35. မမောဝ
36. ကြာညှပ်
37. ဇဂျီးဒေါ
38. ဇင်းချောင်း
39. ဗနွဲ
40. စပါယ်နဂို
41. မလည်
42. ညောင်ရင်း
43. ကျောက်ကြီး
44. ဗန်းမောက်
45. အင်းတော်
46. ကသာ
47. ကောလင်း
48. ကန့်ဘလူ
49. ကျပ်ပြင်
50. ဇရပ်ကွင်း
51. ချောင်းကြီး
52. ကျည်တောက်ပေါက်
53. နွယ်ရုံ
54. နတ်တောင်
55. လက်ပန်လှ
56. စဉ့်ကူး
57. ကျောက်မြောင်း
58. ရွှေပြည်
59. သစ်စိန်ကြီး
60. မတ်တရာ
61. လမိုင်း
62. မြကန်သာ
63. ကံကြီး
64. သဖန်းဒေါက်
65. မင်းကွန်း
66. အောင်ချမ်းသာ
67. ပုသိမ်ကြီး
68. မန္တလေး( မေမြို့ )
69. စစ်ကိုင်းမြို့
70. အမရပူရ
71. ပြည်ကြီးတံခွန်
72. မြစ်ငယ်
73. စဉ့်ကိုင်
74. တံတားဦး
75. ကျောက်ဆည်
76. မြစ်သား
77. ညောင်ဝန်းရွာ
78. ကူမဲ
79. ရွှေကူ
80. ကူမဲ
81. ရွှေတောင်
82. ပြင်စီ
83. ရွာခိုင်ကြီး
84. ဝမ်းတွင်း
85. သပြေဝ
86. မိတ်ထီလာ
87. သာစည်
88. ညောင်းရမ်း
89. လှိုင်းတက်
90. ဘုရားငါးဆူ
91. ပျော်ဘွယ်
92. ရမည်းသင်း
93. ညောင်လွန့်
94. တပ်ကုန်း
95. ပေါင်းလောင်း
96. နေပြည်တော်
97. ရေဇင်း
98. လယ်ဝေး
99. ဧလာ
100. ရေနီ
101. မြို့လှ
102. ဆွာ
103. ရေတာရှည်
104. ကျွန်းကုန်း
105. သံတောင်
106. တောင်ငူ
107. ဇရပ်ကြီး
108. ဇေယျဝတီ
109. ဖြူး
110. ကညွှတ်ကွင်း
111. ကျောက်ကြီး
112. ပဲနွယ်ကုန်း
113. ကျောက်တံခါး
114. ပိန်းဇလုပ်
115. ဖဒို
116. ညောင်လေးပင်
117. ပြွန်တန်ဆာ
118. ရွှေကျင်
119. ဘိုင်းဒါး
120. သုံးခွ
121. မြစ်ကျိူး
122. ဒိုက်ဦး
123. ကတုတ်
124. ကျိူက်စကော
125. ပျဉ်ပုံကြီး
126. ကျိူက်လှ
127. ဘုရားကြီး
128. ပဲခူး
129. သိမ်ဇရပ်
130. မုပ္ပလင်
131. သနပ်ပင်
132. ကမာစဲ
133. ရစ်ကန်ကြီး
134. တံတား
135. အုန်းနှဲ
136. သက်ကလ
137. ခရမ်း
138. ထုံးကြီး
139. သုံးခွ
140. ဇီးဖြူပင်
141. ပုတ္တလုတ်
142. ကန်တော
143. ရွှေဦး
144. တံခွန်တိုင်
145. တော်ကြီး
146. သန်လျင်
147. ပုလဲ
148. ကျောက်တန်း
149. ဘန်းဘွေ့ကုန်း
150. မင်းပြား

👆🏻 ထိုမြို့နှင့်ရွာများဟာမြန်မာနိုင်ငံအလယ်တည့်တည့်ငလျင်ကြောကြီးတည့်တည့်မှာထိုင်ထားတဲ့မြို့ရွာများပဲ ဖြစ်ပါတယ်

ဧရာဝတီရိုးမကမ်းမြောင်ဒေသနဲ့ရခိုင်ရိုးမကမ်းမြောင်ဒေသငလျင်ကြောမကြီးပေါ်မှာထိုင်နေတဲ့မြို့ရွာများကိုဆက်လက်ဖော်ပြပေးပါမယ်
👇🏻

1. ခန်တီး
2. အောင်မြေ
3. ဆင်သေ
4. ဘိန်းနန်း
5. ဟိန်းဆန်း
6. မှိုင်နှောင်
7. နပကန်
8. ထမံသီ
9. ရပ်ဖ
10. အွန်ဘက်
11. မန်ပ
12. မောင်းခန်း
13. ပင်ပလု
14. ကျော်ဝ
15. သိန်ခင်
16. ဆန်းခပ်
17. ဟုမ္မလင်း
18. တုန်မိန်
19. ရွှေပြည်အေး
ရွာငယ်များစွာရှိနေပါတယ်
20. ဖောင်းပြင်
21. စစ်တောင်း
22. မော်လိုက်
23. ကလေးဝ
ရွာငယ်များစွာရှိနေပါတယ်
24. ဖိုင်ဒင်း
25. ခမ်းပတ်
26. ရာဇဂြိုဟ်
27. ကလေး
28. ထောက်ကြန့်
29. သရက်တော
30. ဟံသာဝတီ
31. ပခုက္ကူ
32. ချောက်
33. ရေနံချောင်း
34. မင်းဘူး
35. ဂန့်ဂေါ
36. မင်းတပ်
37. မတူပီ
38. မြောက်ဦး
39. မြောင်းဘွေ
40. မင်းပြား
41. ကျောက်တော်
42. အမ်း
43. ကွင်းကြီး
44. မအီ
ထိုအနီးနားရှိသောမြို့နှင့်ရွာငယ်များစွာရှိနေပါတယ်
45. တောင်ကုတ်
46. ရွာမ
47. ရွှေလှေ
48. သံတွဲ
49. ကျောက်ကြီး
50. ဆပ်သွား
51. စကု
52. မင်းလှ
53. ဆင်ပေါင်ဝဲ
54. ကိုးပင်
55. အောင်လံ
56. ပြလို့
57. ဝက်ထီးကန်
58. မကွေး
59. ပြည်
60. သဲကုန်း
61. ပုတီးကုန်း
62. နတ်လင်း
63. မြန်အောင်
64. မိုးညို
65. ထူးကြီး
66. ကနောင်
67. အင်္ဂပူ
68. ဥသျှစ်ပင်
69. အင်ပင်
70. လေးမျက်နှာ
71. သီတာကုန်းပြင်
72. ဓနုဖြူ
73. ပန်းတနော်
74. ကျောင်းကုန်း
75. ဒါးက
76. သာပေါင်း
77. အသုတ်
78. ရေကြည်
79. အိမ်မဲ
80. ကန်ကြီး
81. မြောင်းမြ

အနီးတစ်ဝိုက်ရှိမြို့နှင့်ရွာများစွာ

82. ငွေဆောင် ( ဆူနာမီသတိ )
83. ချောင်းသာ ( ဆူနာမီသတိ )

စစ်ကိုင်းပြတ်ရွေ့ကျောက်လွှာချပ်ကြီးနှစ်ခုသည်

84. ပုသိမ်မြို့တည့်တည့် မှာ အဆုံးသတ်ပါသည်ထို့ကြောင့်လက်ရှိအထက်ဖော်ပြပါဖော်ပြခဲ့သောမြို့နှင့်ရွာများသည်စစ်ကိုင်းငလျင်ကြောမကြီးအပေါ်တည့်တည့်ပေါ်တွင်ထိုင်နေသောမြို့များ
နှင့်အနီးနားရှိမြို့ရွာများစွာထိလှုပ်ခပ်နိုင်ပါသည်သတိရှိရှိလေးနဲ့နေထိုင်စဉ်ချင်ကြစေဖို့ မိဘပြည်သူများအားချစ်ခင်လေးစားစွာဖြင့်
ဖော်ပြတင်ဆက်ပေးလိုက်ပါတယ်

#ဆရာစိုင်းဝမ်း
#အကြားအမြင်ပါရမီရှင်
ဘေးအန္တရယ်ကင်းရှင်းကြပါစေ

3-4-2025 / 10:46 AM / THURSDAY

ကျီးပေါင်းရောဂါများအတွက် Therapeutic Pain Relief Balm
02/02/2025

ကျီးပေါင်းရောဂါများအတွက် Therapeutic Pain Relief Balm

🔸 ကျီးပေါင်းဆိုတာဘာလဲ ? ကျီးပေါင်းဆိုတာ အရိုးအဆစ်ကြားထဲမှာရှိတဲ့ အရည်အိတ်ထဲက ရေဓာတ်တွေ တဖြည်းဖြည်းခန်းခြောက်သွားပြီး အရိ...
27/01/2025

🔸 ကျီးပေါင်းဆိုတာဘာလဲ ?

ကျီးပေါင်းဆိုတာ အရိုးအဆစ်ကြားထဲမှာရှိတဲ့ အရည်အိတ်ထဲက ရေဓာတ်တွေ တဖြည်းဖြည်းခန်းခြောက်သွားပြီး အရိုးချင်းအရိုးချင်းပွတ်တိုက်မိရာကနေကြာလာတော့ ဘေးမှာ အရိုးတွင်းမှာ အတက်လေးတွေထွက်လာပါတယ် ။
ဇက်ကျီးပေါင်း ဒူးကျီးပေါင်း ခါးကျီးပေါင်း စသဖြင့် အဖြစ်များပါတယ် ။

🔸 ဘယ်လိုကုသနိုင်လဲ ?

Physiotherapy treatment ယူကာ exercise ဖြင့် ကုသနိုင်ပါတယ် ။
အရမ်းဆိုးရင် surgery လုပ်ပြီးကုသနိုင်ပါတယ် ။ အဆိုးဆုံးအခြေအနေမှပါ ။

🔸 မည်သည့်အသက်အရွယ်တွင်ဖြစ်တတ်သလဲ ?

အသက် ၄၀ ကျော်လောက်ကစပြီးရေဓာတ်တွေတဖြည်းဖြည်းခန်းခြောက်ကာ ဖြစ်လေ့ရှိပါတယ် ။ ၄၀ ကျော်တာနဲ့ အရိုးအဆစ်အားဆေးတွေမှီဝဲသင့်ပါတယ်။ ဥပမာ - Glucosamin & Chondritin

များမကြာမီ ကျီးပေါင်းရောဂါအတွက် Physiotherapist ဆရာမ ကိုတိုင်ထုတ်ထားတဲ့ ပရုပ်ဆီ ထွက်ရှိပါတော့မယ် ။

သိထားသင့်တယ်----------------သွေးကျဆေးမှန်မှန်မသောက်ရင်ဘာဖြစ်မလဲ၊ သွေးကျဆေးစွဲသောက်ရင်ကျောက်ကပ်ပျက်လားဆိုတဲ့ အမေးများနေလိ...
25/01/2025

သိထားသင့်တယ်
----------------
သွေးကျဆေးမှန်မှန်မသောက်ရင်
ဘာဖြစ်မလဲ၊ သွေးကျဆေးစွဲသောက်ရင်
ကျောက်ကပ်ပျက်လားဆိုတဲ့ အမေးများနေလို့ ဖတ်ကြည့်စေချင်လို့ပါ

အယူမှန်ကန်..
ရောဂါဒဏ်..
အမြန်ကင်းဝေး..
ကျန်းမာရေး..

"သွေးတိုးရောဂါကိုသဘောပေါက်စေချင်တယ်"
"သွေးကျဆေးမှန်မှန်သောက်သင့်တယ်ဆိုတာကိုလည်းအမြင်မှန်ရစေချင်တယ်"
************************

အမည်..ဒေါ်နွဲ့မူ
အသက်..၆၈..နှစ်..

ခေါင်းတအားမူး..
တအားမောနေတဲ့အပြင်..
ရင်ဘတ်ထဲဆို့ကြပ်နေလို့..

ဆေးခန်းရောက်လာပါတယ်..

သွေးအချိုဓာတ်..
သွေးတွင်းအောက်စီဂျင်ရာခိုင်နှုန်း..
သွေးခုန်နှုန်း..တွေ..ပုံမှန်ပါပဲ..

သွေးပေါင်ချိန်ကတော့..
190/110mmHg..
ရှိသင့်ရှိထိုက်တာထက်..
အလွန်မြင့်တက်နေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ယခုနောက်ဆုံး..
WHO..World Health Organization..
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးရဲ့..
သတ်မှတ်ချက်အရ..
Blood Pressure..သွေးပေါင်ချိန်သည်..
120/80mmHg..ကိုသာအမွန္လို့..
သတ်မှတ်ထားပါတယ်..
140/90mmHg..ဆိုရင်တောင်..
သွေးတက်နေပြီလို့သတ်မှတ်နေရပါပြီ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ECG..ဆွဲကြည့်တော့..
Left Ventricular Hypertrophy..
ဘယ်ဘက်နှလုံးကြီးနေတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

သွေးတက်နေတာမသိဘူးလား..
သွေးပေါင်မချိန်ကြည့်ဘူးလား..မေးတော့..

သိတယ်တဲ့..
မကြာခဏလည်းချိန်ကြည့်တယ်တဲ့..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဒါဖြင့်..
သွေးကျဆေးမှန်မှန်မသောက်ဘူးလား..မေးတော့..

©သွေးတက်မှသောက်တာတဲ့..

ဘာလို့..
သွေးတက်မှသောက်တာတုန်းဆိုတော့..

©သွေးနည်းသွားမှာစိုးလို့တဲ့..

©သွေးကျဆေးသောက်တာကြာလာရင်..
ကျောက်ကပ်ပျက်တတ်တယ်ပြောကြလို့..
ကြာကြာစွဲမသောက်ရဲလို့..
မေသာက္ဘူးတဲ့..

©သွေးတက်မှာစိုးလို့..
အားဆေးလည်း..
မသောက်ရဲဘူးတဲ့..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အယူအဆမှားတွေ..
အယူအဆမှားတွေ..

ဒေါ်နွဲ့မူ..လိုအယူအဆမှားတွေကို..
အမှန်ယူပြီး..
သွေးတိုးရောဂါရှိနေပါလျက်..
ဆေးမှန်မှန်မသောက်ပဲ..
ရောဂါဆိုးရွားနေတဲ့လူတွေ..
ဘယ်လောက်များနေပြီလဲ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©သွေးပေါင်တက်..
သွေးဖိအားတက်..
သွေးတိုးနေရင်..

သွေးကျဆေးကို..
အမြဲစွဲစွဲမြဲမြဲသောက်ရပါမယ်..

သွေးတက်နေမှ..
တက်နေတုန်း..
သောက်ရမှာမဟုတ်ပါ..

©သွေးကျဆေးသောက်ရင်..
ရှိနေတဲ့သွေးတွေနည်းမသွားပါ..

©သွေးကျဆေးသောက်တာကြာလာရင်..
ကျောက်ကပ်ပျက်တတ်တယ်ဆိုတာ..
လုံဝမှားယွင်းနေပါတယ်..

©အားဆေးသောက်ရင်..
အားဆေးထိုးရင်..
သွေးမတက်ပါ..
ဘာမှမဆိုင်ပါ..
****************************

​Blood Pressure..
သွေးပေါင်ချိန်သွေးဖိအားအကြောင်းကို..
နားလည်အောင်ပြောပြပါမယ်..
သွေးပေါင်ချိန်အကြောင်းသိရှိသဘောပေါက်ပါမှ..
အမှန်မြင်နိုင်ကြမှာပါ..
**************************
အဆုပ်များမှသန့်စင်ပေးလိုက်သော..
အောက်စီဂျင်ဓာတ်ပြည့်ဝတဲ့..
သွေးအသစ်တွေကို..
နှလုံးရဲ့ဘယ်ဘက်သွေးဝင်ခန်းက..
လက်ခံရယူပြီး..

နှလုံးရဲ့ဘယ်ဘက်သွေးလွွတ်ခန်းကနေ..
သွေးလွွတ်ကြောမကြီးမှတဆင့်..

ခန္ဓာကိုယ်အနှံ့သွေးအသစ်များ..
ရောက်ရှိအောင်..
ညှစ်ထုတ်ပေးလိုက်ပါတယ်..

©နှလုံးညှစ်လိုက်တဲ့အချိန်..
ခန္ဓာကိုယ်တကိုယ်လုံးမှာရှိတဲ့..
သွေးကြောနံရံမှာ..
ဖြစ်ပေါ်လာတဲ့..
တင်းအားတွန်းအားကို..

Systolic Blood Pressure..
နှလုံးညှစ်ချိန်ဖြစ်လာတဲ့တွန်းအား..
လို့ခေါ်ပါတယ်..

သွေးပေါင်ချိန်တိုင်းရင်..
ကိန်းဂဏန်းကို..
အပေါ်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..

အပေါ်သွေးလို့..လွယ်လွယ်ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နှလုံး..တချက်ညှစ်ပြီးရင်..
နှလုံးနားနေပါတယ်..
Diastolic phase..လို့ခေါ်ပါတယ်..

နှလုံးနားနေချိန်မှာ..
ခန္ဓာကိုယ်တကိုယ်လုံးမှ..
အသုံးပြုပြီးသားသွေးအဟောင်း..
ကာဗွန်ဒိုင်အောက်ဆိုဒ်များစွာပါဝင်တဲ့..
သွေးအဟောင်းများသည်..

သွေးပြန်ကြော..သေး..လတ်..ကြီး..များမှတဆင့်..
နှလုံးရဲ့..ညာဘက်သွေးဝင်ခန်းသို့..
ပြန်လည်ဝင်ရောက်လာကြပါတယ်..

တနည်းအားဖြင့်..
နှလုံးနားနေချိန်မှာ..
ခန္ဓာကိုယ်အနှံ့က..
ပြန်ရောက်လာတဲ့..
သွေးအဟောင်းတွေကို..
နှလုံးမှ..ပြန်လည်လက်ခံနေပါတယ်..

အဲဒီအခိုက်အတန့်မှာ..

©သွေးကြောများအတွင်း..
ဖြစ်ပေါ်နေတဲ့..
တင်းအား..တွန်းအားကိုတော့..

Diastolic Blood Pressure..
နှလုံးနားနေချိန်ဖြစ်လာတဲ့တင်းအား..
လို့ခေါ်ပါတယ်..

သွေးပေါင်ချိန်တိုင်းရင်..
ကိန်းဂဏန်းကို..
အောက်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..
အောက်သွေးလို့..
လွယ်လွယ်ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အသက်အရွယ်ကြီးလာလေလေ..
သွေးကြောတွေ..မာကြောလာကြတယ်..

သွေးကြောနံရံများရဲ့..
Elasticity..ဆန့်ထွက်အား..
လျော့ကျသွားကြတယ်..
ထို့မှတဆင့်ကျဉ်းကျုံ့သွားကြတယ်..

ဒီအခါ..
နှလုံးညှစ်လိုက်တဲ့အခါတိုင်း..
သွေးကြောများအလိုက်အထိုက်..
ပျော့ပြောင်းကျယ်ပြန့်မလာနိုင်တဲ့အတွက်..
သွေးကြောနံရံရဲ့တင်းအား..
မြင့်တက်သွားပါတယ်..

သွေးပေါင်ချိန်တိုင်းကိရိယာနဲ့..
တိုင်းတာလိုက်တဲ့အခါ..
Systolic Blood Pressure..
နှလုံးညှစ်ချိန်..သွေးဖိအားတွန်းအား..
မြင့်တက်နေပါတယ်..

အပေါ်သွေးတက်နေတယ်လို့..
လွယ်လွယ်ခေါ်ကြပါတယ်..

******ခန္ဓာကိုယ်အပေါ်ပိုင်း..
သွေးတွေများနေတာမဟုတ်ပါ..
******သွေးကြောဖိအားတွန်းအား..
များနေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နှလုံးတချက်ညှစ်ပြီးချိန်..
အလိုက်သင့်လေး..
သွေးဟောင်းများကိုပြန်လက်ခံချိန်မှာ..

ခန္ဓာကိုယ်အနှံ့က..
သွေးကြောတွေမှာလည်း..
နှလုံးဆီကိုသွေးပြန်ပို့ပေးနိုင်ဖို့..
တွန်းအားတင်းအားရှိရပါတယ်..

အသက်အရွယ်ကြီးလာတာနဲ့အမျှ..
သွေးကြောနံရံတွေ..
ဆန့်ထွက်အားလျော့..
မာကြော..ကျဉ်းကျုံ့လာကြတဲ့အတွက်..
နှလုံးဆီကိုပြန်တွန်းပို့တဲ့အားလည်း..
လိုအပ်သည်ထက်..
မြင့်တက်နေပါတယ်..

သွေးပေါင်ချိန်တိုင်းကိရိယာနဲ့..
တိုင်းတာတဲ့အခါမှာ..
သွေးပေါင်သွေးဖိအားတက်နေပါတယ်..

ဒီသွေးပေါင်ချိန်ကတော့..
နှလုံးနားချိန်..တနည်းအားဖြင့်..
နှလုံးကသွေးဟောင်းလက်ခံချိန်..
သွေးကြောတွေမှာ..
ဖြစ်နေရှိနေတဲ့သွေးပေါင်ချိန်မို့လို့..
Diastolic Blood Pressure..
လို့ခေါ်ပါတယ်..

အောက်သွေးတက်နေတယ်..လို့လွယ်လွယ်ခေါ်ပါတယ်..

*****ခန္ဓာကိုယ်အောက်ပိုင်းကသွေးတွေများနေတယ်လို့အယူအဆမမှားလိုက်ပါနဲ့..
******သွေးများနေတာမဟုတ်..
သွေးဖိအားတင်းအားများနေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©သွေးကြောများအတွင်း..
သွေးအချိုဓာတ်များ..
လွန်ကဲများပြားလာရင်..
သွေးကြောနံရံများ..
တတိတိနဲ့ပျက်စီးတတ်ပါတယ်..
ထိုမှတဆင့်..
သွေးကြောများ..
ကျဉ်းကျုံ့ကုန်တဲ့အတွက်..

သွေးချိုဆီးချို ရောဂါကိုစံနစ်တကျ..
ကုသမှုမပြုရင်..
သွေးပေါင်သွေးဖိအားတက်နေတတ်ပါတယ်..

©သွေးအချိုဓါတ်..
လွန်ကဲများပြားနေတဲ့အခါ..
သွေးစီးလမ်းကြောင်းကို..
ပိတ်ဆို့ထားတဲ့အတွက်..
နှလုံးညှစ်လိုက်တိုင်း..
နှလုံးသွေးလက်ခံတိုင်း..
သွေးစီးလမ်းကြောင်းဟာ..
ချောမွေ့မှုမရှိ..ဆန့်ကျင်အားတွေ..
ဖြစ်ဖြစ်နေတာကြောင့်..
သွေးကြောနံရံရဲ့တင်းအားမြင့်ပြီး..
သွေးတက်တတ်ပါတယ်..

©သွေးအဆီဓာတ်များပြားလာရင်လည်း..
သွေးကြောနံရံများမှာ..
သွေးခဲစုစည်းမှု..
Platelet aggregation..​
တွေဖြစ်ပေါ်စေပါတယ်..
ထိုမှတဆင့်..
သွေးခဲပိတ်ဆို့မှု..
Clot..တွေဖြစ်စေပါတယ်..
သွေးလည်ပတ်မှုချောမွေ့မှုမရှိတဲ့အတွက်..
သွေးကြောဖိအားတင်းအား..
မြင့်နေပါမယ်..

ဒီလိုအခြေအနေမျိုးမှာလည်း..
သွေးပေါင်ချိန်တိုင်းလိုက်တိုင်း..
သွေးပေါင်တက်သွေးတိုးနေမှာပါ..

*****အယူအဆမမှားရန်ထပ်မံ..
အသိပေးပါတယ်..
*****သွေးတက်တယ်ဆိုတာ..
သွေးများနေတာမဟုတ်ပါ..
*****သွေးကြောဖိအားတက်နေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©နှလုံးရဲ့ဘယ်ဘက်ခန်းကနေ..
သွေးအသစ်တွေ..ခန္ဓာကိုယ်အနှံ့..
သွေးရောက်ရှိအောင်..
ညှစ်ထုတ်ပေးနေတဲ့အချိန်မှာ..

သွေးကြောတွေရဲ့..
တင်းအားဖိအားတွေ..
ရှိသင့်တာထက်များနေရင်..

နှလုံးဟာ..
ပိုပိုပြီး..အားစိုက်..
ပိုပိုပြီး..ညှစ်အားများများ
ထုတ်ထုတ်သုံးရပါတယ်..

ထုတ်သင့်တဲ့ညှစ်အားထက်..
ညှစ်ထုတ်အားစိုက်နေရတဲ့..
အချိန်ကာလကြာလာတာနဲ့အမျှ..

ဘယ်ဘက်နှလုံးရဲ့ကြွက်သားတွေ..
ထူထဲလာကြပါတယ်..
နှလုံးအရွယ်အစားကြီးမားလာပါတယ်..
Left Ventricular Hypertrophy..
ဘယ်ဘက်နှလုံးအရွယ်ကြီးခြင်း..
နှလုံးကြီးခြင်း..လို့ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

*****သွေးတက်လို့တက်မှန်းမသိသူ..

*****သွေးတက်နေမှန်းသိလျက်နဲ့..
ဆေးမှန်မှန်မသောက်သူ..

*****သွေးကျဆေးမှန်မှန်သောက်ရင်..
ရှိနေတဲ့သွေးကုန်သွားမှာစိုးရိမ်တဲ့..
အယူအဆမှားသူ..

*****သွေးကျဆေး..
ကြာကြာသောက်ရင်..
ကျောက်ကပ်ပျက်တတ်တယ်ဆိုတဲ့..
အယူအဆမှားကြောင့်..
ဆေးမှန်မှန်မသောက်သူ..

ထိုသူများအားလုံး..

©နှလုံးအရွယ်အစားကြီးမားလာကြပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©နှလုံးအရွယ်အစားကြီးမားတာ..
တာရှည်လာရင်..
မနိုင်ဝန်ထမ်းရတဲ့...နှလုံးညှစ်အား..
လျော့ကျသွားတဲ့အခါ..

©Heart Failure..
နှလုံးအားနည်းရောဂါဝင်ပြီး..

မ်က္ခြံမို့..
ခြေထောက်ရောင်..
အဆုပ်ထဲရေဝင်..
မောပမ်းလွယ်..
လူဖြစ်ရှုံးတဲ့ဘဝရောက်ရပါတယ်..
°°°°°°°°°°°°°°°°°°°°°•°°°°°°°°°°°

©သွေးတိုးတယ်ဆိုတာ..
သွေးတွေများလာတာမဟုတ်ပါ..
သွေးကြောများရဲ့..
ဖိအားတွန်းအား..တိုးနေများနေတာပါ..

သွေးပေါင်ချိန်တိုင်းကိရိယာမှာ..
သတ်မှတ်ထားတဲ့..
Pressure..ဖိအားတင်းအားထက်များနေလို့..
သွေးတက်တယ်လို့..
လွယ်လွယ်ပြောကြရာကနေ..
သွေးများနေတယ်လို့..
သဘောပေါက်မှားယွင်းသွားကြပါတယ်..

©သွေးကျဆေးသည်..
ခန္ဓာကိုယ်ထဲကရှိနေတဲ့သွေးတွေ..
နည်းသွားစေတာမဟုတ်ပါ..
ရှိနေတဲ့သွေးနဲ့ဘာမှမသက်ဆိုင်ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

သွေးကျဆေးသည်..

©တင်းမာနေသော..
သွေးကြောနံရံများကို..
အလိုက်သင့်ပျော့ပြောင်းနူးညံ့စေပါတယ်..

©ကျဉ်းကျုံ့နေသော..
သွေးကြောများကို..
အလိုက်သင့်..
ပွင့်ကျယ်လာစေပါတယ်..

သွေးကျဆေးသောက်လိုက်တဲ့အခါ..
သွေးကြောများပျော့ပြောင်းလာပြီး..
သွေးကြောများပွင့်ကျယ်လာတဲ့အတွက်..
သွေးဖိအားများပုံမှန်..
ရောက်ရှိသွားပါတယ်..

နှလုံးကလည်း..
တအားညှစ်ထုတ်စရာမလိုတော့ပဲ..
သက်သာရာရသွားပါတယ်..

သွေးစီးလမ်းကြောင်းလည်း..
ချောမွေ့သွားတဲ့အတွက်..
ခန္ဓာကိုယ်အစိပ်အပိုင်းများ..
လုံလောက်မျှတတဲ့သွေးများ..
ရရှိနေပါတယ်..
ကျန်းမာတဲ့ခန္ဓာကိုယ်ကို..
ဖြစ်ပေါ်စေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©ကျောက်ကပ်သည်..
သွေးကြောငယ်ကလေးများ..
မြောက်များစွာဖြင့်ဖွဲ့စည်းထားပါတယ်..

သွေးတိုးရောဂါရှိနေသူများ..

သွေးကျဆေးမသောက်ရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..
ဖိအားတင်းအားများနေတဲ့အတွက်..
သွေးကြောငယ်များပျက်စီးလွယ်ပါတယ်..
ထိုမှတဆင့်.
ကျောက်ကပ်ပျက်စီးသွားပါမယ်..

သွေးတိုးရောဂါရှိသူ..

သွေးကျဆေးမှန်မှန်သောက်နေရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..
ဖိအားတင်းအားလျော့ကျစေတဲ့အတွက်..
ကျောက်ကပ်ပျက်စီးခြင်းမှ..
ကာကွယ်ပြီးသားဖြစ်သွားပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အားဆေးဆိုတာ..

ဗီတာမင်ဓာတ်..
သတ္ထု ဓာတ်..
အသားဓာတ်..
ခန္ဓာကိုယ်တည်ဆောက်ပြုပြင်ဖို့..
လိုအပ်တဲ့ဓာတ်..
စတဲ့ဓာတ်အစုအပေါင်းသာဖြစ်ပါတယ်..

ထမင်းဟင်းစားသောက်တဲ့အခါမှာလည်း..
ပါဝင်ပြီးသားဖြစ်ပါတယ်..

အားဆေးဆိုတာ..
ခန္ဓာကိုယ်အတွက်..
လိုအပ်မည့်..
အာဟာရဓာတ်ကို..
ဖြည့်စွက်ပေးတာပါ..

သွေးတိုးသွေးတက်တာနဲ့..
လားလားမှမဆိုင်ပါ..

အားဆေးသောက်ခြင်းဖြင့်..
သွေးမတက်ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အားဆေးသောက်ခြင်းသည်..
သွေးမတက်စေပါ..
ဘာမှမဆိုင်ပါ..

သို့သော်..
အဆီများသောအစာ..
အငန်များသောအစာ..
စားရင်တော့..
သွေးတက်စေပါတယ်..

အဆီဓာတ်...အငန်ဓာတ်များသည်..
သွေးကြောများကို..
ကျဉ်းကျုံ့စေပြီး..
ဖိအားတင်းအားတက်လာစေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အမှားကင်းစင်၍..
အမှန်မြင်နိုင်ကြပါစေ..
မေတ္တာဖြင့်..
ဒေါက်တာဦးစိုင်းဟန်ကျော်စိန်
ဆမ..၁၁၀၀၈..

လေးစားစွာဖြင့်
May Yadanar

Credit ....All uploader

23/01/2025

Probiotics (ပရိုဘိုင်အိုတစ်)

အပင်တစ်ပင်ကြီးထွားဖို့ ရေ၊ နေရောင် နှင့် မြေကြီးထဲက အဟာရလိုပါတယ်။ မြေကြီးထဲမှာ အဟာရမရှိတဲ့အခါ အဟာရကို မြေကြီးထဲတိုက်ရိုက်ထည့်လို့မရဘူးလို့ သစ်ပင်ကျွမ်းကျင်သူက ဆိုပါတယ်။ အဟာရကို မြေကြီးထဲထည့်တာက စက်မှုနည်းလမ်းဖြစ်ပြီး သဘာဝကိုဆန့်ကျင်တယ်လို့ ဆိုပါတယ်။ မြေကြီးထဲမှာ ဇီဝပိုးကောင်တွေအရင်ရောက်အောင်ဖန်တီးရပါမည်။ ဒါမှ မြေကြီးက အသက်ရှုလာပြီး အသက်ဝင်လာမည်။ ဒါမှတောအုပ်တစ်ခုကို လျင်လျင်မြန်မြန်ဖန်တီးနိုင်မည်။ ဇီဝပိုးကောင်တွေက မြေကြီးထဲမှာ ပွားများပြီး အပင်ကို အကျိုးပြုနိုင်ပါလိမ့်မည်။

လူတစ်ယောက်ကျန်းမာဖို့ အဟာရတွေလည်းလိုပါတယ်။ လိုအပ်တဲ့ အဟာရကို အစာလမ်းကြောင်းထဲတိုက်ရိုက်ထည့်တာ သဘာဝမဆန်ဘူးလို့ ပြောပါရစေ၊ "" ခင်ဗျား ကိုယ်ခန္ဓာက အရွက်ဓာတ်တွေလိုတယ်ဗျာ၊ အရွက်များများစား "" ဆိုပြီး ဆရာဝန်စားခိုင်းလို့ အရွက်စားပါတယ်။ တစ်ချို့လူတွေက အရွက်စားလေပြသနာတက်လာလေပါ။ ဒါ အဟာရကျွေးတဲ့ နည်းလမ်းက သဘာဝမဆန်လို့ပါ။အလွယ်ဆုံး နှင့် သဘာဝအဆန်ဆုံးအလုပ်က အစာလမ်းကြောင်းမှာ ဇီဝအသိုက်အမြုံဖြစ်တဲ့ ပရိုဘိုင်အိုတစ်ကို ပြန်ထည့်ပေးလိုက်ပါ။

ပရိုဘိုင်အိုတစ်ဆိုတာ အစာလမ်းကြောင်းထဲမှာရှိနေတဲ့ ဇီဝပိုးကောင်လေးတွေပါ။ ပိုးကောင်လေးတွေဖြစ်တာကြောင့် ရောဂါဖြစ်စေနိုင်လားမေးကြတယ်။ လူဆိုး၊ လူကောင်းရှိသလို ပိုးအဆိုး နှင့် ပိုးအကောင်းဆိုပြီးရှိပါတယ်။ ပရိုဘိုင်အိုတစ်ဆိုတဲ့ ဇီဝပိုးကောင်တွေက လူသားအကျိုးပြုပိုးကောင်ကောင်းလေးတွေပါ။ အစာခြေခြင်း နှင့် အစာစုပ်ယူခြင်းမှာကူညီတယ်။ ကိုယ်ခံအားစနစ်ကို မြင့်တက်လာစေပြီး အစာလမ်းကြောင်းရောဂါအချို့ကို ပျောက်ကင်းစေတယ်။ အစာလမ်းကြောင်းအတွင်းက ရောဂါဖြစ်စေတဲ့ ဇီဝပိုးကောင်တွေ မများလာအောင် လုပ်ဆောင်ပြီး အစာလမ်းကြောင်းဇီဝမျှချေကို ထိန်းသိမ်းပေးတယ်။

ပရိုဘိုင်အိုတစ်မှာ lactobacillus ပရိုဘိုင်အိုတစ် နှင့် bifidobacterium ပရိုဘိုင်အိုတစ်ဆိုပြီး အဓိက နှစ်မျိုးရှိပါတယ်။ ဝမ်းပျက်ဝမ်းလျေှာရောဂါကို Lactobacill ပရိုဘိုင်အိုတစ်က ကုသပေးနိုင်ပြီး နို့ထဲမှာပါဝင်တဲ့ lactose ကို ချေဖျက်ပေးနိုင်တယ်။ Bifidobacterium ပရိုဘိုင်အိုတစ်က အူလမ်းကြောင်း မူမမှန်လှုပ်ရှားမှုရောဂါဖြစ်တဲ့ အိုင်ဘီအက်ရောဂါကို ကုသပေးနိုင်တယ်။ ပရိုဘိုင်အိုတစ်တွေက ရောဂါပိုးကြောင့် ဝမ်းသွားခြင်း၊ ပိုးသတ်ဆေးကြောင့်ဝမ်းသွားခြင်း၊ နှင်းခူကဲ့သို့သော အရေပြားရောဂါများ၊ ဆီး နှင့် လိင်အင်္ဂါကျန်းမာရေး ၊ ဓာတ်မတည့်ခြင်း၊ ဖျားနာခြင်း နှင့် သွားကျန်းမာရေးကို ကုသပေးနိုင်တယ်လို့ ယူဆကြတယ်။

“ပရိုဘိုင်အိုတစ်တွေက ခုခံအားစနစ်ကို အကောင်းဆုံးအခြေအနေရောက်အောင် မြှင့်တင်ပေးပြီး ကင်ဆာဖြစ်နိုင်တဲ့ ပုံမမှန်ဆဲလ်တွေကို သတ်နိုင်တယ် " လို့ Maxson ကပြောပါတယ်။ ပရိုဘိုင်အိုတစ်မှာ ရောင်ရမ်းမှုကို ကာကွယ်နိုင်စွမ်းရှိပြီးရင်သားကင်ဆာဆဲလ်တွေကြီးထွားမှုကို တားဆီးပေးတယ်လို့ အဟာရပညာရှင် Heather Shepard ပြောပါတယ်

ပရိုဘိုင်အိုတစ် ပိုးအမျိုးအစားတစ်ခုနဲ့ တစ်ခုကျန်းမာရေးအကျိုးပြုပုံတွေမတူပါ။လူသိများတဲ့ အမျိုးအစားအချို့ကိုသူတို့ရဲ့ အသုံးဝင်ပုံနဲ့ တွဲရေးပေးပါမည်။

* Bifidobacterium bifidum — မွေးကင်းစကလေးတွေမှာတွေ့ရပါတယ်။အူမကြီးအတွင်းမှာရှိပြီး ဗိုက်တာမင်ထုတ်ပေးခြင်းနဲ့ ရောဂါပိုးများဖယ်ရှားခြင်းပြုလုပ်ပါတယ်။ခုခံအားစနစ်မြင့်တက်စေတယ်။ဝမ်းပျက်၊ဝမ်းလျောကာကွယ်ပေးပါတယ်။

* Bifidobacterium longum — အသည်းရဲ့လုပ်ဆောင်ချက်ကိုမြင့်စေတယ်။ရောင်ရမ်းခြင်းကိုပျောက်ကင်းစေတယ်။ခဲဆိပ်သင့်ခြင်းကို ပျောက်ကင်းစေတယ်။

* Bifidobacterium breve — အူအတွင်းမှာနေပြီး ရောဂါပိုးကို နှိမ်နှင်းပေးပါတယ်။

* Bifidobacterium infantis —IBS ရောဂါကိုသက်သာစေတယ်။ဝမ်းချုပ်ခြင်း နှင့် ဝမ်းသွားခြင်းကို ပျောက်စေတယ်။

* Lactobacillus casei —ခုခံအားစနစ်ကောင်းမွန်စေတယ်။အစာအိမ်ရောဂါကိုဖြစ်စေသော H pylori ပိုးကိုသေစေတယ်။

* Lactobacillus acidophilus —လေပွခြင်း၊နို့နှင့်မတည့်ခြင်းကိုသက်သာစေပြီး ရောဂါဖြစ်စေသော E. coli မျိုးစိတ်ကို ဖယ်ရှားသည်။ကိုလက်စတောကျစေပြီး ဗိုက်တာမင် K ကိုဖန်တီးပေးသည်။

* Lactobacillus bulgaricus — အစာအိမ်ရဲ့ အက်ဆစ်ဒဏ်ခံနိုင်သော ပရိုဘိုင်အိုတစ်ဖြစ်ပြီး အဆိပ်ချေဖျက်ပေးပါတယ်။သဘာဝပိုးသတ်ဆေးကဲ့သို့သော အစွမ်းရှိသည်။

* Lactobacillus brevis —T killer cellအမျိုးအစားဖြစ်တဲ့ သွေးဖြူဥကို အားကောင်းစေပြီး H pylori ကို နှိမ်နှင်းနှိင်ပါတယ်။

* Lactobacillus rhamnosus —အသားအရေလှပစေသည်။ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းအတွက်ကောင်းသည်။စိတ်ဖိစီးမှုကို လျော့ချသည်။

* Bacillus subtilis — ဝမ်းကိုက်ပိုးကိုသေစေပြီး ခုခံအားမြင့်စေပါတယ်။

* Bacillus coagulans —အဆစ်ရောင်ရောဂါပျောက်ကင်းစေတယ်။အဟာရစုပ်ယူမှုကို ကူညီပါတယ်။

* Saccharomyces boulardii — Crohn’s disease အတွက်ကောင်းပါတယ်။

မြန်မာပြည်မှာ ဝယ်လို့ရတဲ့ ပရိုဘိုင်အိုတစ် ဖြည့်စွက်စာအမျိုးအစားများပါတယ်။ဒါပေမယ့် အများစုက သိပ်အကျိုးမရှိပါ။အဓိကပြသနာက အစာအိမ်အက်ဆစ်ကြောင့်ပဲဖြစ်ပါတယ်။ပရိုဘိုင်အိုတစ် ဖြည့်စွက်စာ ကို ဝယ်ရင်ထုတ်လုပ်ချိန်မှာပါဝင်တဲ့ ပိုးကောင်အရေအတွက်(the colony forming units (CFUs)) နဲ့ ပါဝင်တဲ့ ပိုးအမျိုးအစားတွေဖတ်လို့ရပါလိမ့်မည်။ပါဝင်တဲ့ ပိုးအများစုက အပူကြောင့်သေကုန်ကြတာများပါတယ်။ပို့ဆောင်တဲ့နေရာမှာ အအေးမပေးနိုင်တာလည်းပါပါတယ်။

ဒါကြောင့်probiotics ဝယ်ရင်အောက်ပါငါးချက်ကို သတိပြုပေးပါ။

၁။ တံဆိပ်အမျိုးအစား - Garden of Life, MegaFood and Axe Naturals တိုက နာမည်ရတံဆိပ်တွေပါ။

၂။ ပါဝင်တဲ့ပိုးကောင်အရေအတွက် - များများပါရင်ပိုကောင်းပါတယ်။ပုံမှန်လူတောင် အနည်းဆုံး 15 billion ကနေ 100 billionထိသောက်နိုင်ပါတယ်။

၃။ အရေအတွက်များများပါအောင်ဝယ်ပါ။အရေအတွက် 10-30 billions လောက်ထိပါသင့်ပါတယ်။

၄။ အူလမ်းကြောင်းမှာ ကြာကြာနေနိုင်တဲ့ အမျိုးအစားပါအောင်ဝယ်ပါ။bacillus coagulans, saccharomyces boulardii, bacillus subtilis, lactobacillus rhamnosusတို့ကအူလမ်းကြောင်းမှာ ပိုနေနိုင်ပါတယ်။

ဆေးဘူးပေါ်မှာရေးထားတဲ့ အချက်အပြင် သတိထားရရမှာတွေက

* ပရိုဘိုင်အိုတစ် ဖြည့်စွက်စာကောင်းရဖို့အတွက် ထုတ်ပိုးတဲ့နေရာ၊ထားသိုတဲ့နေရာ၊သိမ်းဆည်းတဲ့နေရာမှာ အေးမြဖို့လိုပါတယ်။အအေးပေး၊မပေးကြည့်ပါ။shelf stable ဖြစ်မဖြစ်ကြည့်ပါ။

* ပရိုဘိုင်အိုတစ် ဖြည့်စွက်စာ ထုတ်တဲ့ ရက်စွဲသေချာကြည့်ပါ။ကုန်ဆုံးရက်နဲ့ဝေးလေ ပိုကောင်းလေပါ။

* သက်ရှိပရိုဘိုင်အိုတစ်(live strains )ကပိုကောင်းပါတယ်။

* အရေအတွက်ပိုးများလေ ကိုယ်အတွက်ပိုကောင်းလေပါ။

❤️ ပရိုဘိုင်အိုတစ် ဖြည့်စွက်စာ ကြောင့်ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေက

၁။ ပရိုဘိုင်အိုတစ် ဖြည့်စွက်စာသောက်လျှင် အများဆုံးဖြစ်တတ်တာက လေပွတာပါ။သိပ်တော့ မကြာတတ်ပါ။ နှစ်ပတ်သောက်ပတ်လောက် ဆက်သောက်လိုက်လျှင် ပျောက်သွားတတ်ပါတယ်။ဒီလိုမဖြစ်ချင်လျှင် ပရိုဘိုင်အိုတစ် စသောက်ခါစမှာ နည်းနည်းနဲ့စပါ။ပြီးမှ တစ်ဖြည်းဖြည်းမြှင့်သွားပါ။တစ်လကျော်လို့ လေပွတာ မပျောက်လျှင် နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်ပါ။

၂။ ပရိုဘိုင်အိုတစ် ကြွယ်ဝတဲ့အစာတွေမှာ ဇီဝ အေမင်း (biogenic amines ) တွေပါပါတယ်။အေမင်းက တစ်ချို့လူတွေမှာ ခေါင်းကိုက်စေပါတယ်။

၃။ ပရိုဘိုင်အိုတစ် ဖြည့်စွက်စာမှာပါတဲ့ တစ်ချို့ပိုးတွေက လူရဲ့အူလမ်းကြောင်းမှာ ဟစ်တ(စ်)မင်း ဆိုတဲ့ ပစ္စည်းတစ်မျိုးများများဖြစ်လာစေပါတယ်။ဟစ်တ(စ်)မင်း ဆိုတာ ခြိမ်းခြောက်မှုတစ်ခုနဲ့ တွေ့တဲ့အခါ ကိုယ်ခန္ဓာက သဘာဝအတိုင်းထုတ်ပေးပါတယ်။ဟစ်တ(စ်)မင်း လိုတာထက်ပိုပြီး အဆပေါင်းများစွာ မြင့်တက်လာလျှင် ယားလာမည်။နှာစေးမည်။အသက်ရှုရခက်လာမယ်။ဟစ်တ(စ်)မင်း ကို diamine oxidase (DAO) လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးက ထိန်းချုပ်ထားတယ်တစ်ချို့လူတွေမှာ diamine oxidase (DAO) မထုတ်နိုင်လို့ ဟစ်တ(စ်)မင်း ထုတ်ပေးတဲ့ Lactobacillus buchneri, Lactobacillus helveticus, Lactobacillus hilgardii , Streptococcus thermophilus ပါတဲ့ ပရိုဘိုင်အိုတစ်သောက်လျှင် ဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။

၄။ ပရိုဘိုင်အိုတစ် ဖြည့်စွက်စာ ဝယ်တဲ့အခါ သူမှာဘာပါလဲသေချာ ဖတ်ဖို့လိုလိမ့်မည်။တစ်ချို့ပရိုဘိုင်အိုတစ် ဖြည့်စွက်စာတွေမှာ နို့ထွက်ပစ္စည်း၊ပဲ၊ နဲ့ ဥ တွေပါတတ်တယ်။တစ်ချို့က ပဲ နဲ့မတည့်လျှင် ပဲပါတဲ့ ပရိုဘိုင်အိုတစ် ဖြည့်စွက်စာ သောက်လျှင် ဓာတ်မတည့်တာ ဖြစ်မှာပဲ။တစ်ချို့ ပရိုဘိုင်အိုတစ် ဖြည့်စွက်စာတွေမှာ ပရီဘိုင်အိုတစ် ( prebiotics ) တွေပါတယ်။အဲဒီ ပရီဘိုင်အိုတစ် နဲ့ မတည့်လည်း ဓာတ်မတည့်တာ ဖြစ်တတ်တယ်။

၅။ ပရိုဘိုင်အိုတစ် က လူအများစုအတွက် ဘေးကင်းပါတယ်။လူတိုင်းအတွက်တော့ အကောင်းဆုံး မဟုတ်ပါ။ရှားပါးဖြစ်စဉ်အချို့မှာတော့ ပိုးက သွေးကြောထဲဝင်ရောက်ပြီး ရောဂါဖြစ်စေပါတယ်။ကိုယ်ခံအား လွန်စွာကျဆင်းနေသူများ၊ဆေးရုံရက်ရှည်တက်နေရသူများ၊လတ်တလော အူလမ်းကြောင်းခွဲစိတ်ထားသူတွေကို ပရိုဘိုင်အိုတစ် ဖြည့်စွက်စာ မတိုက်သင့်ပါ။

Dr.PHYO MAUNG

🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽

Parkinson’s disease အကြောင်း သိကောင်းစရာဥဏေှာက် နဲ့ အာရုံကြော ရောဂါ ဖြစ်ပါတယ်။ကြွက်သား လှုပ်ရှားခြင်းကို မထိန်းနိုင်တာ ဖ...
18/01/2025

Parkinson’s disease အကြောင်း သိကောင်းစရာ

ဥဏေှာက် နဲ့ အာရုံကြော ရောဂါ ဖြစ်ပါတယ်။

ကြွက်သား လှုပ်ရှားခြင်းကို မထိန်းနိုင်တာ ဖြစ်ပြီး လက် ခြေ၊ ခေါင်း တုန်ခြင်း တွေလဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်က တောင့်တင်းနေတတ်ပါတယ်။

လှုပ်ရှားမှုလည်း နေှးကွေးသွားပြီး ခန္ဓာကိုယ်၏ ဟန်ချက်ကိုလည်း ထိန်းရတာ ခက်လာတတ်ပါတယ်။

ကြာလာတဲ့ အခါမှာ လမ်းလျေှာက်ရတာ ခက်ခဲလာပါတယ်

စကား ပြောရတာက အစ အဆင်မပြေ ဖြစ်တတ်ပါတယ်။

လုပ်နေကျ အလုပ်တွေကိုလည်း မလုပ်နိုင်တော့ပါ။

တစ်ယောက် နဲ့ တစ်ယောက်ကလည်း မတူကြတာမို့ ယိုယွင်းလာနှုံးဟာလည်း မတူကြပါ။

ဟန်ချက် မညီတော့တာကြောင့် လိမ့်ကျပြီး အနာတရ ဖြစ်တတ်ပါတယ်။

Pneumonia အဆုပ် အအေးပတ်ခြင်းလဲ ဖြစ်တတ်ပါတယ်။

များသောအားဖြင့် အသက် ၆၀ ကျော်လာရင် ဖြစ်တတ်ပါတယ်။

သို့ပါသော်လည်း အသက် ငယ်သူများမှာလည်း တွေ့ရတတ်ပါတယ်။

ခေတ်မီ ဆေးမျိုး ပေါင်းစုံနဲ့ ကုသမှုကို ပေးနေသော်လည်း ရောဂါ၏ လက္ခဏာကို ထိန်းနိုင်ရုံလောက်သာ ရှိပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ဒီဆေးတွေဟာ အဓိက အကြောင်းရင်းကို မကုလို့ ဖြစ်ပါတယ်။

ဒီရောဂါ ဖြစ်လာပြီ ဆိုရင် ပြန်ကောင်းလာသူ အင်မတန်မှ ရှားပါတယ်။

တဖြေးဖြေးနဲ့ ပိုဆိုးလာတာကို တွေ့ရတာ များပါတယ်။

ဥဏေှာက်ဟာ သူ့နေရာနဲ့ သူ လုပ်ငန်းများ ရှိကြပါတယ်။

Parkinson’s disease မှာ ထိခိုက်တဲ့ နေရာကတော့ အင်္ဂလိပ်လို substantia nigra ဖြစ်ပါတယ်။ ဒီစာလုံးကို မြန်မာပြန် မရှိပါ။

ဒီနေရာမှာ ရှိတဲ့ ဥဏေှာက် ကလာပ်စည်း အတွင်းမှာ ရှိတဲ့ စွမ်းအင် ထုတ်တဲ့ စက်ရုံ mitochondria (မြန်မာပြန် မရှိပါ) ရဲ့ လုပ်ရည် ကျဆင်းခြင်း ဖြစ်ပါတယ်။

စွမ်းအင် ထုတ်တာ အားနည်းသွားတာ ဖြစ်ပါတယ်။

အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ပတ်ဝန်းကျင် အဆိပ်များ ဖြစ်ပါတယ်။

စွမ်းအင် ထုတ်ဖို့ ဥဏှာက် အကြိုက်ဆုံး လောင်စာကတော့ အဆီ ဖြစ်ပါတယ်။

အဆီကို လောင်ကျွမ်းစေတဲ့အခါ သကြားဓာတ်ထက် စွမ်းအင်လဲ ပို များများ ထွက်တယ်။

သူက သန့်ရှင်းသော လောင်စာလည်း ဖြစ်တယ်။

သကြားလို ခန္ဓာကိုယ်ကို ဥပါဒ်ပေးမဲ့ free oxygen species (မြန်မာပြန် မရှိပါ) တွေလဲ မထွက်ပါ။

အဆီဟာ ဓာတု ဖြစ်စဉ်မှာ ketone bodies တွေ လောင်စာ အနေနဲ့ ထွက်ပါတယ်။

ဥဏေှာက်ရဲ့ အကြိုက်ဆုံး လောင်စာ ဖြစ်ပါတယ်။

စဉ်းစားကြည့်ရင် ဘယ်လိုမှ အရှုံး မရှိနိုင်တာကြောင့် ဥဏေှာက် ကလာပ်စည်း စွမ်းအင် ကောင်းရအောင် အောက်ဖော်ပြပါအတိုင်း လိုက်နာနိုင်ပါတယ်။

၁. အဆီကို အဓိက ထားပြီး စားပါ။ ကျွန်မ ရေးထားပေးတာကို ပြန်ရှာပြီး ဖတ်ကြည့်စေချင်ပါတယ်
၂. D Ribose sugar 1 teaspoon twice a day with water or coffee
၃. CoQ10 200mg twice a day
၄. Acetyl L Carnitine 1000mg a day
၅. Magnesium malate or citrate 400-600mg a day in divided doses
၆. Take D3 according to blood level
ဒီလူနာများဟာ အိမ်ပြင်ကို ထွက်ခဲတာမို့ များသောအားဖြင့် vitamin D3 level နည်းနေတတ်ပါတယ်။
၇. Thyroid function test လုပ်ပါ။
၈. DHEA 25mg a day သင့်တော်ပါတယ်။
၉ . ဆနွင်းကို ဆီ နဲ့ ဖျော်သောက်ရမှာ ဖြစ်ပါတယ်။
၁၀. Cod liver oil 1 tablespoon once a day.
၁၁. အရွက်ကြိတ်ရည် သောက်ပါ။
၁၂. ဝမ်း မှန်မှန် သွားရမှာ ဖြစ်ပါတယ်
၁၃. ချွေး ထွက်ပါစေ။

နောက်ဆုံး သုံးချက်ကတော့ ခန္ဓာကိုယ်မှ အဆိပ် ထုတ်ပြစ်ခြင်း ဖြစ်ပါတယ်။

ဘာ ဥပါဒ်မှလဲ မရှိတာကြောင့် စဉ်းစားကြည့်ရင် ဘယ်လိုမှ အရှုံး မရှိပါ။

ကျွန်မ အနေနဲ့ အကြံပေးခြင်းသာ ဖြစ်ပါတယ်။

ရောဂါ ရှိသူများ စိတ်ဝင်စားတယ် ဆိုရင် ကိုယ်တွေ့ စမ်းကြည့်ချင်ရင် ရအောင် ဖြစ်ပါတယ်။

(ဥဏေှာက် ကင်ဆာ ရောဂါသည်များ အတွက်လဲ သင့်လျော်ပါတယ်)

နာတာရှည် ဥဏေှာက် ရောဂါသည်များအတွက် ဖြစ်ပါတယ်။ (Neurodegenerative diseases)

ဆရာမကြီးရှင့်...

ဆရာမကြီးရှင့် ကျမ ဦးလေးဖြစ်သူ မှာ အသက် ၇၂နှစ် ရှိပါပြီ။

နှလုံး သွေးကြောကျဉ်း ရောဂါ နဲ့ ပါကင်ဆန် ရောဂါ ခံစားနေရပါတယ်။

နှလုံးသွေးကြောကျဉ်းပြီး stent တစ်ခု ထည့် ထားပြီး နှလုံး နှင့်ပတ်သက်သော ဆေးဝါးများ သောက်နေရတယ်။ stent ထည့်ထားတာ ၁၁ နှစ်ရှိပါပြီ။ အခုချိန် ထိတော့ အဆင်ပြေပါတယ်။ ပြသာနာ မရှိပါ။

ဆီးချို နဲ့ သွေးတိုးလဲ ရှိပါတယ်။ ဒါပေမယ့် လဲ control ရပါတယ်။ ဆီးချို သွေးတိုးရှိ တာ ၁၃ နှစ် ရှိပါပြီ။

ပြသာနာ ရှိနေတာ က ပါကင်ဆန် ရောဂါ ပါ။ ပါကင်ဆန် ဖြစ်တာ ၆ နှစ် ရှိပါပြီ။ ရောဂါဖြစ်ပြီး ၅ နှစ် လောက် က ဆေး နဲ့ ထိန်း ထားနိုင်ပေမယ့် အခု နောက်ပိုင်း ၁ နှစ် မှာ အခြေအနေ ဆိုးလာပါတယ်။

လမ်းလဲ ကောင်းကောင်း မလျေှာက် နိုင် တော့ဘဲ wheel chair သုံးနေရပါတယ်။ စိတ်လဲ တိုလာပါတယ်။ ပင်ကိုယ် က စိတ်ရှည် တတ်တဲ့ သူပါ။

ပါကင်ဆန် နဲ့ ပတ်သက်တဲ့ ဆေးတွေ လဲ တိုးသောက်ခိုင်းပေမယ့် မသက်သာပါဘူး။ ဆေး တွေ သောက် ရတာများပြီး အခြေအနေ မတိုးတက်လာတဲ့ အတွက် လူနာ ကလဲ ဆေး တွေ သောက်ရတာ စိတ်ညစ်လာပါတယ်။

သောက်ရတဲ့ ဆေးတွေ လဲ ကျမ တင်ပြပါ့မယ်။

နှလုံးသွေးကြောကျဉ်း ရောဂါအတွက် Clopidogrel 75 mg : 1 , Metpure -XL 12.5 : 1-0-1/2, Atorvastatin 10mg : 1, Pantoprazole 40mg: 1,

ဆီးချို အတွက် NovoNorm 1mg: 1/2-1 -1/2. ,

သွေးတိုး အတွက် Ramipril 1.25mg: 1,

ပါကင်ဆန်ရောဂါအတွက် SYNDOPA 275 (Levodopa 250mg& Carbidopa 25mg) : 1/2-1/2-1/2-1/2,
ROPARK 0.5mg( Ropinirole Hydrochloride): 1-1-1, Selegiline HCI 5mg: 1 -1, Artane 1/2 , ဖြစ်ပါတယ်။

ညအိပ်ရာဝင် တွင် SYNDOPA CR : 1, ALPRAZOLAM 0.5 mg သေက်နေရပါတယ်။ Betex တနေ့ တလုံး , Multivitamin က Centrum Silver : 1 , COQ : 1, Vitamin E 400mg: 1 လုံး

သောက်နေရပါတယ်။ဆရာမကြီး လမ်းညွွန် ပေးပါဦးရှင့်။ ယုံကြည်အားကိုးစွာဖြင့် အကူအညီတောင်းခံအပ်ပါတယ်။

ဆရာမကြီးထံမှ အကြောင်းပြန်ကြားချက်ကို စောင့်မျေှာ်နေပါ့မယ်ရှင့်။

ကျွန်မ၏ သုံးသပ်ချက်
ရောဂါတစ်ခု၏ အကျိုးတွေကို ဆေးပေါင်းစုံနဲ့ လိုက်ပြီး ကုသနေတဲ့ Conventional medicine ရဲ့ ဥပမာတစ်ခုကို တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

ဆေးတွေကလဲ စုံလို့ပါပဲ။

Stent ထည့်ထားတယ် ဆိုတော့ သွေးခဲတွေ မဖြစ်ရအောင် Clodiprogel ( Plavix ) သောက်နေရတာရယ် MetPure Xl ( beta blocker ) က ထားလိုက်ပါတော့။

Atorvastatin ဆိုတဲ့ cholesterol ချဆေးကတော့ CoQ10 level ကို လျော့ကျစေသည့်အတွက် ဥဏေှာက်နဲ့ အာရုံကြောရောဂါ၊ နှလုံးရောဂါသည်တွေ အတွက် စဉ်းစားစရာ ဖြစ်ပါတယ်

လမ်းလျောက်တဲ့ ကြွက်သားတွေကလဲ CoQ10 လျော့သွားတာနှင့်အမျှ အားမရှိတာတွေလဲ ဖြစ်လာနိုင်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ CoQ10 အလိုဆုံး သုံးနေရာကတော့ ဥဏေှာက်၊ နှလုံးနဲ့ ကြွက်သားများ ဖြစ်ပါတယ်။

ဒီလို cholesterol ချဆေးတွေ သောက်နေသူတွေဟာ CoQ10 supplement သောက်ရမယ်ဆိုရင် 400mg a day လောက် သောက်ရမှာ ဖြစ်ပါတယ်။
200mg twice a day ဖြစ် ပါ တယ်။

ဒီလူ နာ wheel chair ပေါ် ရောက်သွားရတာ ဒီအကြောင်းကြောင့်လဲ ဖြစ်နိုင်ပါတယ်။

နဂိုကမှ ဥဏေှာက်နဲ့ အာရုံကြော ရောဂါရှိသူမို့ ဥဏေှာက်နဲ့ အာရုံကြော အလွန် လိုအပ်တဲ့ CoQ10 level ကျဆင်းသွားပြီဆိုရင် ဒီရောဂါ သက်သာလာအောင်ဆိုတာ စဉ်းစားစရာပါပဲ။

၂. နောက် တင်ထားတဲ့ ဆေးတစ်ခုက Pantoprazole
အစာအိမ်ထဲရှိ အက်စစ်ဓာတ်ကို ချပေးခြင်း ဖြစ်ပါတယ်။

နဂိုကမှ အသက်ကြီးလာရင် အစာအိမ် အက်စစ် နည်းလာတဲ့ဟာကို နောက်ထပ် ချပေးမယ် ဆိုရင် အသားဓာတ်ကို ကောင်းစွာ မ​​ချေပေးနိုင်တော့ပါ။ Amino acids တွေ လျော့ပါးလာရင် ဟော်မုန်းတွေ ထုတ်လုပ်ရာမှာလည်း ထိခိုက်ပါပြီ။

ဥဏေှာက် နဲ့ အာရုံကြော အတွက် အလွန် အရေးကြီးတဲ့ Vitamin B12 လည်း နည်းလာပြီ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဒီဆေးကို စွဲသောက်သူများ Dementia ဝင်တာ ဖြစ်ပါတယ်။ နောက်ပိုင်း သုတေသန စာတမ်းတွေလည်း အများကြီး ထွက်ပါတယ်။

နောက်တစ်ခုက ဒီဆေးဟာ ၆ ပတ်ထက် ပိုပြီး မသောက်သင့် ပါ

Parkinson ဆေးတွေ တိုးသောက်ပေမဲ့ မသက်သာပါလို့ ဆိုထားပြန်တယ်။

ဒီဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေ ပြန်ဖတ်ကြည့်မယ် ဆို ရင်လည်း ဥဏေှာက်နဲ့ အာရုံကြော ရောဂါရဲ့ လက္ခဏာတွေကို ပိုဆိုးလာနိုင်တာကို တွေ့ရပါလိမ့်မယ်။

ပိုက်ဆံလည်း ကုန်၊ သက်လည်း မသက်သာတဲ့ ဆေးတွေကို ဆက်သောက် မသောက်ကတော့ မိမိ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

Aprazolam (Xanax) ဆိုတဲ့ ဆေးဟာ စိတ်စောတတ်သူ၊ စိတ်လှုပ်ရှားသူတွေ အတွက် သုံးတာမို့ မလိုပဲ သုံးရင် ဥဏေှာက်နဲ့ အာရုံကြော အတွက် depressant ဖြစ်ပါတယ်။

ဥဏေှာက်နဲ့ အာရုံကြောအတွက် အထောက် အပံ့ ဖြစ်စေသည့် သဘာဝဆေးများကတော့

1. Vitamin B12 5000 microgram sublingual daily.
2. D Ribose powder 1 teaspoon in water twice a day or three times a day.
3. Acetyl L carnitine 1000 – 2000 mg every day in divided doses.
4. Magnesium citrate or maleate 400-600 mg every day.
5. CoQ10 400 mg daily in divided doses
6. Vitamin D3 10,000IU daily until blood level of 70 ng/ml is reached
7. Melatonin 5mg daily ညအိပ်ယာဝင်ရင် သောက်ပါ။ brain antioxidant ဖြစ်ပါတယ်။ Brain detoxification လဲ ဖြစ်ပါတယ်။
8. မြေကြီး နင်းခိုင်းပါ။
9. နေပူစာ လှုံပါ။
10. အရိုးပြုတ်ရည် သောက်ပါ။
11. ကလီစာဟင်း ချက်​ကျွေးပါ။
12. ချွေးထုတ်ပေးပါ။ အဆိပ်ထုတ်ပေးခြင်း ဖြစ်ပါတယ်။

မိတ်ဆွေများ အားလုံး ဗဟုသုတနဲ့ ပြည့်စုံကြပြီး မိမိကိုယ်ကို စောင့်ရေှာက်နိုင်ကြပါစေ။ Credit:
To a better health

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Physiotherapy & Rehabilitation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram