02/03/2026
# # # AI နဲ့ ယှဉ်တွဲနေထိုင်ခြင်း # # #
ဆရာ ... AI မှာမေးထားတာ ဆီးပိုးဝင်တာ အပြင် ဆီးကျောက်တည် တာလဲဖြစ်နိုင်တယ်တဲ့။
ဟေ။ ဟုတ်လား။
# # # # # # # # #
လူနာတွေထဲ လူငယ်တွေက ကျန်းမာရေးအတွက် AI ကိုစိတ်ဝင်စားသုံးနေကြပါပြီ။ ဒါက ခတ်ရေစီးကြောင်းတစ်ခု။ လက်ခံရမယ့် ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီလို လူနာတွေနဲ့ ပေါ့ပေါ့ပါးပါး ဆွေးနွေးရတာ စကားပြောရတာ ကောင်းတဲ့ ကိစ္စတခုပါ။
# # # # # # # # #
ဆရာလည်း AI ပြန်ကြည့်လိုက်သေးတယ်။ အခု ညီမ ဖြစ်နေတာကတော့ ဆီးပိုးဝင်တာပါပဲ။ ဆီးကျောက်တည်တာ မဟုတ်ပါဖူး။
လူနာ ရာဇဝင်ကို ပြန်ကြည့်ရင် သူငယ်ချင်းတွေစုံတယ်။ အပြင်ထွက်စားတယ်။ ဝမ်းပျက်တယ်။ ပြီးတော့ ဆီးပူတယ်၊ ကျင်တယ်၊နောက်တော့ ဖျားပါဖျားလာတယ်။
ပုလင်းချိတ်တယ်။ ဓာတ်ဆားတိုက်တယ်။ပိုးသတ်ဆေးထိုးတယ်။ သက်သာသွားတယ်။
AI က ကိုယ်မေးတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး အဖြေပြန်ထုတ်ပေးပါတယ်။ ကိုယ်က လူနာရာဇဝင် စမ်းသပ်မှု အချက်အလက် တွေကနေ ဘယ်အချက်အလက်တွေသူ့ကိုပေးမလဲ။ သူပြန်ဖြေရင်ကော ဘယ်ဟာတွေကို ယူမလဲ။ ဘယ်ဟာတွေကို ပယ်မလဲ ဆိုတာ သက်ဆိုင်ရာ ပညာရပ်နဲ့ဆိုင်တဲ့ background knowledge တော့ ကိုယ့်မှာ ရှိထားရပါမယ်။
အရင် ဆောင်းပါးမှာ ပြောခဲ့ သလိုပဲ AI ကိုမေးတာ ဖြစ်နိုင်ခြေတွေ ကုသမှုနည်းလမ်း တွေ မကျန်ခဲ့အောင်အတွက်။ မေးတတ်ဖို့ ဆုံးဖြတ်ချက်ချဖို့ တာဝန်ကတော့ လူပေါ်မှာ ကျန်သေးပါတယ်။
နောက်ပိုင်း တနေ့နေ့ AI က software အနေနဲ့ စက်ထဲမှာတင်မနေတော့ဘဲ ရုပ်ရှင်တွေထဲကလို လူကိုယ်လုံးနဲ့ စက်ရုပ်ဖြစ်လာမယ်။ လူနာ ရာဇဝင်လဲ သူ့ဖာသာမေးတတ်လာမယ်၊ သူ့ဖာသာ လူနာကို စမ်းသပ်တတ်လာမယ် ဆေးထိုးခွဲစိတ်တွေပါလုပ်တတ်လာမယ် ဆိုရင်တော့ ... ... 😊😊😊
Dr.AungKyawWin
March 1,2026