JPP Medical Travel

JPP Medical Travel "သင့်ကျန်းမာရေးအတွက် အမြဲအသင့်ပါ "

JPP Medical Travel မိသားစုမှ ကျောက်ကပ်ဝေဒနာရှင်များအတွက် အေးလရိပ် အထူးကုဆေးခန်းနှင့် ကျောက်ကပ်ဆေးစင်တာတွင် ကုသိုလ်ပြုလှူ...
23/09/2025

JPP Medical Travel မိသားစုမှ ကျောက်ကပ်ဝေဒနာရှင်များအတွက် အေးလရိပ် အထူးကုဆေးခန်းနှင့် ကျောက်ကပ်ဆေးစင်တာတွင် ကုသိုလ်ပြုလှူဒါန်းခဲ့ပါသည်။

JPP Medical Travel မှ မိတ်ဟောင်းမိတ်သစ်များလည်း
ကုသိုလ်ထပ်တူ ရကြပါစေလို့ ရည်ရွယ်ရင်း မျှဝေပေးလိုက်ပါတယ်ရှင့် ✨



14/09/2025

" အသည်းရောဂါနှင့်ကျောက်ကပ်ရောဂါရှင်များအတွက်သတင်းကာင်း "

အသည်းက ကိုယ့်ခန္ဓာကိုယ်အတွက် အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၊ ဗီတာမင်များကို သိမ်းဆည်းပေးတာ၊ သွေးထဲရှိ အဆိပ်အတောက်တွေကို စစ်ထုတ်ပေးတာ စတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပေးပါတယ်။

- အရက်အလွန်အကျွံသောက်သူတွေ၊
- Hepatitis B, C virus ( B ပိုး C ပိုး) ကူးစက်ခံရသူတွေ၊
- အဝလွန်သူတွေ၊
- ဆီးချိုရောဂါခံစားနေရသူတွေနဲ့
- ဆေးဝါးများကို အချိန်ကြာကြာသောက်သုံးနေရသူတွေမှာ အသည်းပျက်စီးတာတွေဖြစ်နိုင်ပါတယ်။
- ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုနည်းသူတွေနှင့် မျိုးရိုးလိုက်သူတွေမှာလည်း အသည်းရောဂါက အဖြစ်များတတ်ပါတယ်။

ကျောက်ကပ်ဆိုတာကလည်း သွေးထဲကအဆိပ်အတောက်တွေကို စစ်ထုတ်ပေးတဲ့အတွက် အရေးကြီးတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပါတယ်။
- ဆီးချိုရောဂါရှိတဲ့လူနာအနေနဲ့ ဆီးချိုထိန်းချုပ်နိုင်စွမ်း အားနည်းတဲ့အခါ ကျောက်ကပ်ထိခိုက်လာနိုင်သလို အရက်နဲ့ဆေးဝါးတွေကိုအလွန်အကျွံ သုံးစွဲသူတွေကလည်း ကျောက်ကပ်ပျက်စီးနိုင်ခြေများပါတယ်။

ဒီလို ရောဂါတွေကြောင့် စိုးရိမ်ပူပန်နေရသူများအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်မယ့် အခွင့်အရေး ကြီး လာပါပြီရှင့် ...

- Dr.K R VASUDEVAN (အသည်းခွဲစိတ်အထူးကုဆရာဝန်ကြီး)
(Director – Live Transplant & Surgical Gastroenterology ) က အသည်းခွဲစိတ်မှုများစွာကို အောင်မြင်စွာလုပ်ဆောင်ပေးနေပြီး နှစ်ပေါင်းများစွာအတွေ့အကြုံရှိတဲ့ ဝါရင့်ကျွမ်းကျင်အသည်းခွဲစိတ်အထူးကုဆရာဝန်ကြီးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ Saket and Noida မြို့ရှိ Max Super Speciality Hospital တွင် တာဝန်ယူခွဲစိတ်ကုသပေးနေပါတယ် ရှင့် ...

- Dr.ANANT KUMAR (ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်ကြီး) (Chairman – Urology , Renal Transplant , Robotics & Uro-Oncology) က ကျောက်ကပ် အစားထိုးမှုပေါင်း 5000+ Case များကို အောင်မြင်စွာခွဲစိတ်ကုသပေးခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် အတွေ့အကြုံရှိကာ အိန္ဒိယနိုင်ငံ Saket and Noida မြို့ Max Super Speciality Hospital တွင် စက်ရုပ်နည်းပညာကို အသုံးပြုလျက်ခွဲစိတ်ကုသပေးနေပါတယ် ရှင့် ..

ကျွမ်းကျင်တဲ့ဆရာဝန်ကြီးများနဲ့
September (21.9.2025) ,
နေ့လည် (၁၁)နာရီကနေ (၃)နာရီအထိ
Park Royal Hotel Yangon မှာ ဟောပြောဆွေးနွေးပေးသွားမှာဖြစ်လို့ 09 977776742 ကိုဖုန်းဆက်ပြီး အမည်ဖုန်းနံပါတ်ပေး၍ စာရင်းသွင်းနိုင်ပါတယ်ရှင့် ...

• Date: 21.9.2025 ( Sunday )
• Time: 11:00 AM to 3:00 PM
• Venue: Park Royal Hotel Yangon (အလံပြဘုရားလမ်းအနီး)





"သင့်ကျန်းမာရေးအတွက် အမြဲအသင့်ပါ "

*** ရန်ကုန်မှာ အခမဲ့ ဆွေးနွေးနိုင်မဲ့ အခွင့်အရေး ကြီး ထပ်ရောက်ရှိလာပါပြီ  ***ရန်ကုန်မြို့ The Eravati Sule Grand Hotel တ...
12/09/2025

*** ရန်ကုန်မှာ အခမဲ့ ဆွေးနွေးနိုင်မဲ့ အခွင့်အရေး ကြီး ထပ်ရောက်ရှိလာပါပြီ ***

ရန်ကုန်မြို့ The Eravati Sule Grand Hotel တွင် စက်တင်ဘာလ 27 -28 ရက်နေ့ 2 ရက်တိုင်တိုင် ကျင်းပမည့်
2nd International Hospital & Health care 2025 ကို

Phyathai Phahoyothin နှင့်
Phyathai 2 Hospital တို့မှ Dimond Sponsor အဖြစ် ပါဝင်ထားပြီး ဆေးရုံဘက်မှ ဆရာဝန်လေးဦးပါဝင်တက်ရောက်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်ရှင့် ...

တက်ရောက်မည့် ဆရာဝန်များကတော့
Phyathai Phahoyothin ဆေးရုံမှ
- အထွေထွေ ခွဲစိတ်ဆရာဝန်ကြီး Dr.Wasin Tangkitkiatkul (အစာအိမ် အသည်း သည်းခြေ) နှင့်

- အရိုးအ‌ ကြော ခွဲစိတ်ဆရာဝန်ကြီး Dr.Kritsakorn Srisom တို့ဖြစ်ပြီး

Phyathai 2 ဆေးရုံမှ
- မျိုးပွားခြင်းဆိုင်ရာနှင့် သားဖွားမီးယပ်အထူးကုDr.Theerayut Jongwutiwes (Obstetrician and Gynecologist, Reproductive Endocrinology and Infertility Specialist )နှင့်

- အရိုးနှင့် ကျောရိုးခွဲစိတ်အထူးကု ဆရာဝန် Dr.Chaiyod Chaichankul တို့ဖြစ်ပါတယ်ရှင့် ...

ဆရာဝန်ကြီးများနှင့် ရန်ကုန်မြို့မှာ တိုက်ရိုက် အခမဲ့ ဆွေးနွေးနိုင်သည့်အပြင် ဆေးရုံများရဲ့ အထူး Promotion အစီအစဉ် များ / JPP Medical Travel မှ Promotion အစီအစဥ်များနှင့်
ဘန်ကောက်မြို့သို့ ဆေးစစ်ကုသလိုသူများ အတွက် လက်လွတ်မခံသင့် အထူးအခွင့်အရေး ကြီးပဲ ဖြစ်ပါတယ်ရှင့် ..

Phyathai ဆေးရုံရဲ့ Booth နံပါတ်ကတော့ ၁၅ နှင့် ၁၆ မှာဖြစ်ပါသည်။

ပွဲအကြောင်း အသေးစိတ် မေးမြန်းစုံစမ်းချင်ရန်နှင့် စာရင်းသွင်းရန်အတွက် 09 977776742 ကို ဆက်သွယ်မေးမြန်းစာရင်းပေးနိုင်ပါတယ်ရှင့် ...









ဒူးနာ / ခါးနာ အရိုးအကြောနှင့် ပက်သက်ပြီး ခံစားနေရပါသလား? Yangon မှာ အခမဲ့ လာရောက်ဆွေးနွေးနိုင်မဲ့ အခွင့်အရေးကြီး ထပ်ရောက...
07/09/2025

ဒူးနာ / ခါးနာ အရိုးအကြောနှင့် ပက်သက်ပြီး ခံစားနေရပါသလား?
Yangon မှာ အခမဲ့ လာရောက်ဆွေးနွေးနိုင်မဲ့ အခွင့်အရေးကြီး
ထပ်ရောက်လာပါပြီ ....

Phyathai Phaholyothin ဆေးရုံကြီး၏ အရိုး အထူးကုဆရာဝန်ကြီး Dr.Kritsakorn Srison မှ
နေရာ - The Eravati Sule Grand Yangon
နေ့ရက် - 28 September 2025
အချိန် - နေ့လည် 1 နာရီမှ ညနေ 5 နာရီထိ
လူနာများကို အခမဲ့ ကြည့်ရှုဆွေးနွေးပေးမှာ ဖြစ်ပါတယ်ရှင့်...

ဆွေးနွေးလိုသော လူနာများအနေနှင့် ၆ လအတွင်း စစ်ဆေးထားသော
ဆေးမှတ်တမ်း ၊ X ray နှင့် MRI အ‌ဖြေများ ယူဆောင်လာခဲ့ရပါမည်...

Medical check up package များစုံစမ်းလိုသူများနှင့်
ဆေးကုသမှု ဝန်ဆောင်မှုများ သိရှိလိုပါက 27 / 28 September မနက် 9 နာရီမှ ညနေ 5 နာရီထိ လာရောက်စုံစမ်းနိုင်ပါသည် ....

လူဦးရေ ကန့်သတ် ထားပါသဖြင့် ဆက်သွယ်စာရင်းပေးရန်
Phone 09 977776742 သို့ ဆက်သွယ်စာရင်းပေးနိုင်ပါပြီ ...





အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာရှိသူများ / သည်းခြေရောဂါရှင်များ နှင့် အဝလွန် ရောဂါများ ဆွေးနွေးလိုသူများအတွက် သတင်းကောင...
07/09/2025

အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာရှိသူများ / သည်းခြေရောဂါရှင်များ နှင့် အဝလွန် ရောဂါများ ဆွေးနွေးလိုသူများအတွက် သတင်းကောင်း ...

အူကျွံခြင်း
အစာအိမ်နှင့် အူမကြီးဆိုင်ရာ ပြသနာများ
သည်းခြေအိတ် ရောင်ခြင်း / သည်းခြေကျောက်တည်ခြင်း
အသည်းရောဂါ ဝေဒနာရှင်များ
အဝလွန်ရောဂါအတွက် ခွဲစိတ်ကုသလိုသူများ အတွက်
Yangon မှာ အခမဲ့ လာရောက်ဆွေးနွေးနိုင်မဲ့ အခွင့်အရေးကြီး
ထပ်ရောက်လာပါပြီ ရှင့်...

Phyathai Phaholyothin ဆေးရုံကြီး၏ အထွေထွေ ခွဲစိတ်ဆရာဝန်ကြီး Dr.Wasin Tangkitkiatkul မှ
နေရာ - The Eravati Sule Grand Yangon
နေ့ရက် - 27 September 2025
အချိန် - နေ့လည် 1 နာရီမှ ညနေ 5 နာရီထိ
လူနာများကို အခမဲ့ ကြည့်ရှုဆွေးနွေးပေးမှာ ဖြစ်ပါတယ်ရှင့်...

ဆွေးနွေးလိုသော လူနာများအနေနှင့် ၆ လအတွင်း စစ်ဆေးထားသော
ဆေးမှတ်တမ်း ၊ X ray နှင့် MRI အ‌ဖြေများ ယူဆောင်လာခဲ့ရပါမည်...

Medical check up package များစုံစမ်းလိုသူများနှင့်
ဆေးကုသမှု ဝန်ဆောင်မှုများ သိရှိလိုပါက 27 / 28 September မနက် 9 နာရီမှ ညနေ 5 နာရီထိ လာရောက်စုံစမ်းနိုင်ပါသည် ....

လူဦးရေ ကန့်သတ် ထားပါသဖြင့် ဆက်သွယ်စာရင်းပေးရန်
Phone 09 977776742 သို့ ဆက်သွယ်စာရင်းပေးနိုင်ပါပြီ ...





Parkinson ရောဂါဆိုတာ ဘာလဲ? ဦးနှောက်အတွင်းကဒိုပါမင်း ဆိုတဲ့ ဓာတုပစ္စည်း ထုတ်လုပ်မှု နည်းပါးသွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်...
01/09/2025

Parkinson ရောဂါဆိုတာ ဘာလဲ?

ဦးနှောက်အတွင်းကဒိုပါမင်း ဆိုတဲ့ ဓာတုပစ္စည်း ထုတ်လုပ်မှု နည်းပါးသွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒိုပါမင်းဟာ လှုပ်ရှားမှုနဲ့ ဟန်ချက်ညီအောင် ထိန်းချုပ်ပေးတဲ့ အရေးပါတဲ့ ဓာတ်ဖြစ်ပါတယ်

အဓိက လက္ခဏာများ

· Tremor (တုန်ခါမှု) - ငြိမ်နေတဲ့အခါ လက်တုန်၊ ခြေတုန်ခြင်း (ဥပမာ - လက်ကောက်ဝတ် လိမ်ခြင်း)
· Rigidity (ကြွက်သားတောင့်တင်းမှု) - ကိုယ်ခန္ဓာ တောင့်နေခြင်း၊ ညင်းခြင်း။
· Akinesia/Bradykinesia (လှုပ်ရှားမှုနှေးကွေးခြင်း/နည်းပါးခြင်း) - လမ်းလျှောက်တာ၊ လှုပ်ရှားတာ နှေးသွားခြင်း၊ မျက်နှာပြင်ညီညာ ဖြစ်နေခြင်း။
· Postural instability (ဟန်ချက်မထိန်းနိုင်ခြင်း) - ကိုယ်ဟန်ချက်မညီဘဲ ယိုင်နဲ့ခြင်း၊ လွယ်လွယ်နဲ့ ချော်လဲခြင်း။

Parkinson ရောဂါသည်
· ကူးစက်ရောဂါ မဟုတ်ပါ။
· အသက်ကြီးသူတွေမှာ ပိုအဖြစ်များပြီး အရွယ်မရွေး ဖြစ်နိုင်ပါတယ်။
· ကုသ၍ ပျောက်ကင်းနိုင်သော ရောဂါမဟုတ်သော်လည်း ဆေးဝါးနဲ့ ကုသမှုခံယူပါက လက္ခဏာတွေကို ထိန်းချုပ်ကာ ဘဝအရည်အသွေး မြှင့်တင်နိုင်ပါတယ်။
· ကုသမှုမှာ ဆေးသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း (ဥပမာ - ယောဂ၊ တိုက်ချိ)၊ ခွဲစိတ်ကုသခြင်းတို့ ပါဝင်ပါတယ်။

အထက်ဖော်ပြပါ လက္ခဏာတွေ ကိုယ်တိုင် ကြုံတွေ့နေပြီဆိုရင် / ကိုယ့်မိဘတွေက အဲလို လက္ခဏာတွေ ခံစားနေရပြီဆိုရင်
Phyathai 1 ဆေးရုံကြီးမှာ Parkinson အထူးကုသမားတော် တယောက်ဖြစ်တဲ့ Dr.Chayut Kasemsuk နဲ့ ဆွေးနွေးကုသလို့ရပါပြီ...

စောစောသိရှိပြီီး လိုအပ်သောကုသမှု ထိရောက်ပါက ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ် ...

ဆေးရုံ Appointment နှင့် အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
🇲🇲 Phone - 09977776742
🇹🇭 Phone - 0818860856 သို့မေးမြန်းစုံစမ်းနိုင်ပါပြီ ...





*Phyathai 1 ဆေးရုံကြီးရဲ့ 49th Anniversary အထူး Promotion*Whole body Check Up package Normal Price - 20,420 THB ကို Spec...
23/08/2025

*Phyathai 1 ဆေးရုံကြီးရဲ့ 49th Anniversary အထူး Promotion*

Whole body Check Up package
Normal Price - 20,420 THB ကို
Special Price - 4,900 THB only ဖြင့် ရရှိမယ့်အပြင်
တခြား Check Up Package များစွာကိုလည်း
အထူးဈေးနှုန်းများဖြင့် ရရှိနိုင်မှာ ဖြစ်ပါတယ်ရှင့်...

Special Packages တွေကိုတော့ ခုချိန်ကနေ Dec 31 ထိ ရရှိမှာ ဖြစ်ပါတယ်ရှင့် ....

အသေးစိတ်စစ်ဆေးပေးမှာတွေကိုလည်း
Cmt box မှာ ဖော်ပြထားပေးပါတယ်ရှင့် ...

ဆေးရုံ Appointment ယူလိုခြင်းနှင့် ဝန်ဆောင်မှုအကြောင်း
အသေးစိတ် မေးမြန်းစုံစမ်းလိုပါက
🇲🇲 Phone - 09977776742
🇹🇭 Phone - 0818860856 သို့မေးမြန်းစုံစမ်းနိုင်ပါပြီ ...





ဟော်မုန်း ဘာကြောင့် စစ်ဆေးသင့်သလဲ? ဟော်မုန်းများသည် ခန္ဓာကိုယ်ရှိ အရေးကြီးသော လုပ်ငန်းဆောင်တာများကို ထိန်းညှိပေးသည့် ဓာတ...
12/08/2025

ဟော်မုန်း ဘာကြောင့် စစ်ဆေးသင့်သလဲ?

ဟော်မုန်းများသည် ခန္ဓာကိုယ်ရှိ အရေးကြီးသော လုပ်ငန်းဆောင်တာများကို ထိန်းညှိပေးသည့် ဓာတုပစ္စည်းများဖြစ်ပြီး၊ ဟော်မုန်း မညီမျှမှုများက ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေနိုင်ပါတယ် ...
အောက်ပါ အခြေအနေများတွင် ဟော်မုန်းစစ်ဆေးမှုများ
ပြုလုပ်သင့်ပါတယ် ...

(၁) နာတာရှည် ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် စိတ်အပြောင်းအလဲမြန်ခြင်း
- သိုင်းရွိုက်ဟော်မုန်း (TSH, T3, T4) နည်းခြင်း/များခြင်း
- ကော်တီဇောဟော်မုန်း (Cortisol) မညီမျှခြင်း

(၂) ကိုယ်အလေးချိန် အလွန်အမင်း တက်ခြင်း သို့မဟုတ် ကျခြင်း
- လပ်တင်ဟော်မုန်း (Leptin) နှင့် အင်ဆူလင် (Insulin) ပြဿနာများ
- သိုင်းရွိုက်ဟော်မုန်း မူမမှန်ခြင်း

(၃) ဆီးချို သို့မဟုတ် သွေးချိုဆိုင်ရာ ပြဿနာများ
- အင်ဆူလင် အာနိသင်မထိရောက်ခြင်း (Insulin Resistance)
- ဂလူးကဟော်မုန်း (Glucagon) မညီမျှခြင်း

(၄) မျိုးဆက်ပွားကျန်းမာရေး ပြဿနာများ
- အမျိုးသမီးများအတွက် Estrogen, Progesterone, Prolactin မညီမျှခြင်း (ဓမ္မတာမမှန်ခြင်း၊ PCOS)
- အမျိုးသားများအတွက် Testosterone နည်းခြင်း (စွမ်းဆောင်ရည်ကျခြင်း)

(၅) အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ
- Melatonin ဟော်မုန်း အားနည်းခြင်း
- Cortisol အချိန်မဟုတ် မြင့်တက်ခြင်း

(၆) အရိုးနှင့်ကြွက်သားဆိုင်ရာ ပြဿနာများ
- Parathyroid ဟော်မုန်း (အရိုးပါးခြင်း)
- Growth Hormone (ကြီးထွားမှုနှောင့်နှေးခြင်း)

ဟော်မုန်းမညီမျှမှုသည် ရောဂါလက္ခဏာများစွာကို ဖုံးကွယ်ထားနိုင်သောကြောင့် ဆရာဝန်နှင့် တိုင်ပင်ပြီး သင့်တော်သော စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်ရှင့် ...

ဟော်မုန်းအတွက် ဆေးစစ်ခြင်း Package ကို
Phyathai Phaholyothin ဆေးရုံကြီးမှာ
Male - 8200 THB
Female - 8900 THB ဖြင့် စစ်ဆေးနိုင်ပါပြီရှင့် ...

အသေးစိတ် မေးမြန်းစုံစမ်းလိုပါက
🇲🇲 Phone - 09977776742
🇹🇭 Phone - 0818860856 သို့မေးမြန်းစုံစမ်းနိုင်ပါပြီ ...




* 2 ခါမရနိုင်တဲ့ Special Promotion * (11 Aug ~ 15 Aug ) ထိသာ ရရှိနိုင်မည့်  အခွင့်အရေး Phyathai Phaholyothin ဆေးရုံကြီးမ...
07/08/2025

* 2 ခါမရနိုင်တဲ့ Special Promotion *
(11 Aug ~ 15 Aug ) ထိသာ ရရှိနိုင်မည့် အခွင့်အရေး

Phyathai Phaholyothin ဆေးရုံကြီးမှာ
အစာအိမ်နဲ့ အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း
Starting 37,000 THB

ဒူးအစားထိုး ခွဲစိတ်ကုသခြင်း (209,000 THB)
Package ကို 11 Aug ကနေ 15 Aug ထိသာ
ရောင်းချပေးသွားမှာ ဖြစ်ပါတယ် ...

ဒီလို Special Promotion အပြင်
တခြား surprise promotion တွေလည်းရှိတာမလို့
အသေးစိတ် သိရှိလိုလျှင်
🇲🇲 Phone - 09977776742
🇹🇭 Phone - 0818860856 သို့မေးမြန်းစုံစမ်းနိုင်ပါပြီ ...





"Phyathai Phaholyothin ဆေးရုံကြီးရဲ့ Ultimate Check Up Package Program "Buy one get one မစစ်ချင်ဘူး တယောက်ထဲ သီးသန့် Pac...
07/08/2025

"Phyathai Phaholyothin ဆေးရုံကြီးရဲ့ Ultimate Check Up Package Program "

Buy one get one မစစ်ချင်ဘူး တယောက်ထဲ သီးသန့် Package လေး မရှိဘူးလား မေးတဲ့သူတွေအတွက်

Male - 9,900 THB ( အမျိုးပေါင်း 28 မျိုး)
Female - 15,000 THB ( အမျိုးပေါင်း 29 မျိုး)

Check up package ကို ဝယ်ယူစစ်ဆေးနိုင်ပါပြီရှင့်...

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
🇲🇲 Phone - 09977776742
🇹🇭 Phone - 0818860856 သို့မေးမြန်းစုံစမ်းနိုင်ပါပြီ ...




Alzheimer's ဆိုတာ ဘာလဲ? Alzheimer's သည် ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းကြောင့် မှတ်ဉာဏ်နှင့် တွေးခေါ်နိုင်စွမ်း တဖြည်းဖြည်...
01/08/2025

Alzheimer's ဆိုတာ ဘာလဲ?
Alzheimer's သည် ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းကြောင့် မှတ်ဉာဏ်နှင့် တွေးခေါ်နိုင်စွမ်း တဖြည်းဖြည်း ကျဆင်းသွားစေသော ရောဂါဖြစ်ပြီး အသက်ကြီးသူများတွင် အဖြစ်များဆုံး စိတ်ကျရောဂါတစ်မျိုးဖြစ်ပါတယ် ...

အစောပိုင်း လက္ခဏာများ (Alzheimer's မတိုင်ခင် သတိထားစရာ)
1. မကြာခဏ မေ့လျော့ခြင်း (ဥပမာ - လတ်တလော အဖြစ်အပျက်များ၊ စကားလုံးများ မေ့ခြင်း)
2. နေ့စဉ်လုပ်ငန်းဆောင်တာများ (ဥပမာ - ငွေစာရင်းများ၊ ချက်ပြုတ်ခြင်း) လုပ်ရတာ အခက်အခဲရှိလာခြင်း
3. အချိန်နှင့်နေရာ စိတ်ရှုပ်ထွေးခြင်း (ဥပမာ - မိမိရောက်နေသောနေရာကို မမှတ်မိခြင်း)
4. ဆုံးဖြတ်ချက်ချရန် ခက်ခဲခြင်း
5. စိတ်အပြောင်းအလဲမြန်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း

ကာကွယ်ရန် အချက်များ
✔ ဦးနှောက်လေ့ကျင့်ခန်းလုပ်ပါ (စာဖတ်ခြင်း၊ ပဟေဠိဖြေခြင်း)
✔ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ပါ (အသီးအရွက်၊ ငါး၊ အုတ်ဂျုံ)
✔ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
✔ ဆေးလိပ်/အရက်ရှောင်ပါ
✔ လူမှုဆက်ဆံရေး ကောင်းမွန်စေရန် ဂရုစိုက်ပါ ...

Alzheimer အတွက် ကြိုတင်စစ်ဆေးလိုပါက
Phyathai 1 ဆေးရုံကြီးမှာ ကြိုတင်စစ်ဆေးခြင်းဖြင့် ကာကွယ်နိုင်ပါပြီ ...

Alzheimer's သည် ကုသပျောက်ကင်းနိုင်သော ရောဂါမဟုတ်သော်လည်း စောစီးစွာ သိရှိပါက ရောဂါအခြေအနေ နှေးကွေးအောင် ထိန်းသိမ်းနိုင်ပါသည်။

အသေးစိတ် စုံစမ်း သိရှိလိုပါက
🇲🇲 Phone - 09977776742 , 09 5173225
🇹🇭 Phone - 0818860856 သို့မေးမြန်းစုံစမ်းနိုင်ပါပြီ ...




💢မိုးရာသီ အထူးအစီအစဥ်အနေနဲ့ ဒူးခေါင်း ခွဲစိတ် Package ဝယ်ယူသူတိုင်း လေယာဥ်လက်မှတ် အခမဲ့ ရရှိနိုင်မည့် အခွင့်အရေး 💢 ဒူးနာ...
25/07/2025

💢မိုးရာသီ အထူးအစီအစဥ်အနေနဲ့ ဒူးခေါင်း ခွဲစိတ် Package ဝယ်ယူသူတိုင်း လေယာဥ်လက်မှတ် အခမဲ့ ရရှိနိုင်မည့် အခွင့်အရေး 💢

ဒူးနာခြင်းကြောင့် နေ့စဥ်လုပ်ငန်းဆောင်တာတွေ ထိခိုက်နေပြီလား ??

ဒူးနာကျင်ခြင်းကို အဆင့်အလိုက် ခွဲခြားပြီး ကုသမှုနည်းလမ်းများကို အောက်တွင် စနစ်တကျ ဖော်ပြထားပါသည်။ ဒူးနာခြင်းကို အဆင့် ၄ ဆင့်ခွဲ၍ ကုသရန် လိုအပ်သည့် နည်းလမ်းများကို ရှင်းလင်းစွာ ဖော်ပြထားပါသည် ။

ဒူးနာခြင်း အဆင့်များ
အဆင့် 1 - အနည်းငယ်နာကျင်ခြင်း
အဆင့် 2 - အလယ်အလတ် နာကျင်ခြင်း
အဆင့် 3 - ပြင်းထန်စွာ နာကျင်ခြင်း
အဆင့် 4 - အလွန် ပြင်းထန်စွာ နာကျင်ခြင်း

အဆင့် ( ၁ ) လက္ခဏာများ
- ဒူးတွင် အနည်းငယ်နာကျင်မှု ခံစားရခြင်း
- တစ်ခါတစ်ရံ လှုပ်ရှားမှုအပြီးတွင် နာကျင်မှု ပိုဆိုးလာခြင်း
- မနက်အိပ်ယာထချိန်တွင် ဒူးတောင့်တင်းနေခြင်း

အဆင့် (၂) လက္ခဏာများ
- နာကျင်မှု ပိုမိုဆိုးရွားလာခြင်း
- ဒူးဆစ်များ တောင့်တင်းလာခြင်း
- လှုပ်ရှားမှုတိုင်းတွင် နာကျင်မှုခံစားရခြင်း

အဆင့် (၃) လက္ခဏာများ
- နာကျင်မှု အလွန်ဆိုးရွားလာခြင်း
- ဒူးဆစ်များ လှုပ်ရှားရခက်ခဲလာခြင်း
- နေ့စဉ်လှုပ်ရှားမှုများ (လမ်းလျှောက်ခြင်း၊ ထိုင်ထခြင်း) ပြုလုပ်ရန် အခက်အခဲဖြစ်လာခြင်း

အဆင့် (၄) လက္ခဏာများ
- ဒူးဆစ်များ လုံးဝမလှုပ်ရှားနိုင်တော့ခြင်း
- နာကျင်မှုကြောင့် အိပ်ရာထဲတွင် အနားယူနေရခြင်း
- အရိုးနုများ လုံးဝပျက်စီးသွားပြီး အရိုးချင်းပွတ်တိုက်မိခြင်း

သင့် ဒူး နာကျင်မှု အဆင့်ကို Cmt မှာ ဆွေးနွေးနိုင်ပါတယ်ရှင့် !

ဒူးခေါင်းခွဲစိတ် ကုသလိုသူများအတွက် ကျွန်မတို့ JPP Medical Travel က Air Ticket Free လဲ ပေးနေပါတယ်နော် ...

ဒူးနာကျင်ခြင်းအတွက် ကုသမှုများကို
အသေးစိတ် သိရှိလိုသူများအတွက်
🇲🇲 Phone - 09977776742 , 09 5173225
🇹🇭 Phone - 0818860856 သို့မေးမြန်းစုံစမ်းနိုင်ပါပြီ ...





Address

Moe Kaung Street
Yangon

Alerts

Be the first to know and let us send you an email when JPP Medical Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to JPP Medical Travel:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

JPP Health Care Service

နိုင်ငံခြား မှာ ဆေးဝါးကုသလိုသူများ . ဆေးစစ်ချင်သူများ နှင့် အလှအပပြုပြင် လိုသူများအတွက် JPP health care မှာမေးမြန်းနိုင်ပါတယ်.