Myanmar Hoteliers Association

Myanmar Hoteliers Association Myanmar Hoteliers Association is one of the leading professional organization in Myanmar.

နှစ်သစ်မင်္ဂလာဆုတောင်း၂၀၂၆ ခုနှစ် နှစ်သစ်မင်္ဂလာအခါသမယတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် လက်တွဲဆောင်ရ...
31/12/2025

နှစ်သစ်မင်္ဂလာဆုတောင်း

၂၀၂၆ ခုနှစ် နှစ်သစ်မင်္ဂလာအခါသမယတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် လက်တွဲဆောင်ရွက်လျက်ရှိသော ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန နှင့် ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများ၊ညီနောင်အသင်းများ၊ အသင်းသူ၊ အသင်းသားများအပါအဝင် ပြည်သူ ပြည်သားများ အားလုံး မင်္ဂလာအပေါင်းပြည့်စုံခညောင်းလျက် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုး တိုးတက် မှုကို ရည်မှန်းပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍ အားကောင်း ခိုင်မာစေရေးကို ဦးတည်ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ အားလုံးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားပါမည်။

ဟိုတယ်လုပ်ငန်းရှင်များအားလုံးအနေဖြင့် အများအကျိုးအတွက် ပိုမိုနီးကပ်စွာ ဆောင်ရွက်သွားရန် နှင့် နှစ်သစ်မင်္ဂလာ အခါသမယတွင် မြန်မာနိုင်ငံသားများအားလုံး အေးချမ်းသာယာမှုများ ရရှိခံစားနိုင်၍ စီးပွားရေးလုပ်ငန်းများဖွံ့ ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်များ
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း

ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ် အခါသမယတွင် မြန်မာနိုင်ငံသားတိုင်းရင်းသား ဟိုတယ်လုပ်ငန်းရှင်များအားလုံး ကို မြန်မာနိုင်ငံ ဟိုတယ...
25/12/2025

ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ် အခါသမယတွင် မြန်မာနိုင်ငံသားတိုင်းရင်းသား ဟိုတယ်လုပ်ငန်းရှင်များအားလုံး ကို မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ ကျန်းမာချမ်းသာ၍ စီးပွါးလာဘ်လာဘ များတိုးတက်ပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်မှုနှင့် အတူ မြန်မာနိုင်ငံဟိုတယ်ဆိုင်...
22/12/2025

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်မှုနှင့် အတူ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ အထွေထွေအတွင်းရေးမှူး ဦးနေအောင်ကို၊ ဘဏ္ဍာရေးမှူး ဦးသီဟအောင် တို့ အဖွဲ့သည် ကမ္ဘောဒီးယား၊ ဆီရမ်ရိမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်း အဖွဲ့အစည်းအဝေး၊ သုံးနိုင်ငံ၊ ခရီးစဉ်တစ်ခု" မြှင့်တင်ခြင်းဆိုင်ရာအစည်းအဝေးနှင့် ဆက်စပ်၍ ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်အစားအသောက်ပွဲတော်နှင့်နယ်စပ်ဖြတ်ကျော် ခရီးသွား လုပ်ငန်း လွယ်ကူချောမွေ့စေရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

(၂၇၆၅) ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည် ...​မင်္ဂလာရှိသော ကရင်နှစ်သစ်ကူးနေ...
19/12/2025

(၂၇၆၅) ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည် ...

​မင်္ဂလာရှိသော ကရင်နှစ်သစ်ကူးနေ့အခါသမယတွင် ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA) မှ ဆုမွန်ကောင်းတောင်းအပ်ပါသည် ...

​နှစ်သစ်မှစ၍ ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပိုမိုထွန်းကားပြီး၊ အေးချမ်းသာယာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ ...

​ Year #ကရင်နှစ်သစ်ကူး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်၊ ဟိုတယ်ရွှေနန်းထိုက်၊ ပြင်ဦးလွင်တွင် ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်မြို့ရှ...
09/12/2025

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်၊ ဟိုတယ်ရွှေနန်းထိုက်၊ ပြင်ဦးလွင်တွင် ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်မြို့ရှိ ဟိုတယ်များမှ ဝန်ထမ်းများ ဝန်ဆောင်မှုစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး အတွက် Supervisory Skill Training သင်တန်းဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးသိန်းဋ္ဌေး၊ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားရေးမှူး ဦးဇော်မျိုးလတ်၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ပြင်ဦးလွင်ဇုန်) မှ နာယကကြီး ဦးသန်းဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ထွေး၊ အတွင်းရေးမှူး ဒေါ်တင်အေးကြည် နှင့် အလုပ်အမှုဆောင်များ၊ ခရိုင်မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သက်ဆိုင်ရာဟိုတယ်များမှ တာဝန်ရှိသူများ၊ သင်တန်းသား/သူ (၃၅)ယောက် တက်ရောက်ခဲ့ပါသည်။ သင်တန်းချိန်မှာ နေ့လယ်(၁:၀၀) နာရီမှ ညနေ(၄)နာရီအထိဖြစ်ပြီး သင်တန်းကာလမှာ (၅)ရက်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သင်တန်းဆင်းပွဲအခမ်းအနားကို (၆.၁၂.၂၀၂၅)ရက်နေ့၊ Hotel Spring ၌ အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ (၃၄) ကြိမ်မြောက် နှစ်ပတ်လည် အသင်း...
09/12/2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ (၃၄) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး ဂုဏ်ပြုညစာစားပွဲကို နိုဝင်ဘာ ၃၀ ရက်နေ့ ညနေပိုင်း Novotel Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးသိန်းဝင်း မှ ဦးဆောင်၍ ဒုတိယ ဥက္ကဌ ဦးထွန်းလင်းသောင်း၊ အထွေထွေအတွင်းမှူး ဦးနေအောင်ကိုတို့နှင့် အတူ တွဲဖက်ဘဏ္ဍာရေးမှုး (၃) ဦးချမ်းမင်းဦး၊ တွဲဖက် စာရင်းစစ် (၂) ဦးသန့်နိုင်ထွန်းတို့ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ (၃၄) ကြိမ်မြောက် နှစ်ပတ်လည်အသင်...
08/12/2025

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ (၃၄) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကို နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်) ၌ ကျင်းပခဲ့ရာ အစည်းအဝေး ပထမပိုင်းအစီအစဉ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ (၃၄) ကြိမ်မြောက် နှစ်ပတ်လည်
အသင်းသားစုံညီ အစည်းအဝေးသို့ ကြွရောက်လာသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ ကိုယ်စားလှယ်များမှ ညီနောင် အသင်းအနေဖြင့် တက်ရောက်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/ ၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊နိုဝင်ဘာ လ (၂၁)ရက်...
08/12/2025

ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/ ၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊နိုဝင်ဘာ လ (၂၁)ရက်၊ နံနက် (၁၁:၀၀)နာရီအချိန်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဒေသဆိုင်ရာခရီး သွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ရန်ကုန်တိုင်းဒေ သကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ကော်မတီ ဒုတိယဥက္ကဋ္ဌ အဖြစ်စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်၊ကော်မတီအတွင်းရေး မှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနန္ဒအောင်နှင့်ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဆက်စပ်ဌာနဆိုင်ရာများမှ တာ ဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်း တတ်သိပညာ ရှင်များနှင့်အတူ မြန် မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်)အထွေထွေအတွင်းရေး မှူး မှတက်ရောက်ခဲ့ပြီး နောက် ဟိုတယ်နှင့်ခရီး သွားကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး၊ MHA (ရန်ကုန်ဇုန်)နှင့် အသင်းဝင်ဟိုတယ်များ၏ လိုအပ် ချက်များ / ဖွံ့ဖြိုးတိုး တက်ရေးကိစ္စများအား တင်ပြခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်၊ Hotel Hazel တွင် ကျင်းပပြုလုပ်သော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မန္တလေးမြို့ရှိ ဟိုတ...
08/12/2025

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်၊ Hotel Hazel တွင် ကျင်းပပြုလုပ်သော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မန္တလေးမြို့ရှိ ဟိုတယ်များမှ ဝန်ထမ်းများ ဝန်ဆောင်မှုစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် Supervisory Skill Training သင်တန်းဖွင့်ပွဲအခမ်းအနားကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်ချီးမြှင့် အမှာစကား ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်)မှ ဦးမြင့်အောင်(ဥက္ကဋ္ဌ)၊ ဦးထွန်းမောင်(ဒု-ဥက္ကဌ)၊ ဦးစန်းလွင် (အတွင်းရေးမှူး)နှင့် EC အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်လျက်ရှိသောကြီးကြပ်ရေးမှုးနှင့်ဌာနခွဲမန်နေဂျာအဆင့်ရှိသူဝန်ထမ်းများတက်‌ရောက်ခဲ့ပါသည်။

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၅.၁၁.၂၀၂၅)ရက်နေ့မှ (၂၉.၁၁.၂၀၂၅)ရက်နေ့အထိ၊ Zoom ဖြင့် ပြုလုပ်ခဲ့သော ငလျင်ထိ စစ်ကိုင်းတွင်ရှိသော ဟ...
08/12/2025

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၅.၁၁.၂၀၂၅)ရက်နေ့မှ (၂၉.၁၁.၂၀၂၅)ရက်နေ့အထိ၊ Zoom ဖြင့် ပြုလုပ်ခဲ့သော ငလျင်ထိ စစ်ကိုင်းတွင်ရှိသော ဟိုတယ်များအတွက် ရည်ရွယ်၍ Customer Service သင်တန်းအားကျင်းပပြုလုပ်ခဲ့ရာ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း မှ သင်တန်းသား/သူ စုစုပေါင်း (၂၁)ယောက် တက်ရောက်ခဲ့ပါသည်။

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့၊ မန္တလေးမြို့ ဗထူးကွင်း မိုးလုံလေလုံခန်းမတွင် ကျင်းပပြုလုပ်သော ဟိုတယ်များမှ လုံခြုံရေးမ...
03/12/2025

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့၊ မန္တလေးမြို့ ဗထူးကွင်း မိုးလုံလေလုံခန်းမတွင် ကျင်းပပြုလုပ်သော ဟိုတယ်များမှ လုံခြုံရေးများ၏ မြန်မာ့ရိုးရာ သိုင်းသင်တန်းဆင်းပွဲကို မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်)မှ ဦးမြင့်အောင် (ဥက္ကဌ)၊ ဦးကျော်ညီညီလတ် ( တွဲဖက်အတွင်းရေးမှုး(၁)၊ ဦးစံမင်း (တွဲဖက်အတွင်းရေးမှုး(၂) တို့ တက်ရောက်ခဲ့ပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုး ကူညီမှုနှင့် မြန်မာနိုင်ငံဟို...
02/12/2025

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုး ကူညီမှုနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)၏ ပူးပေါင်းစီစဉ်မှုတို့ဖြင့် ဖွင့်လှစ် သော “ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင် (M&E)” သင်တန်းဆင်းပွဲအခမ်းအနားအား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်၊ သောကြာနေ့၊ ဟိုတယ်တာချီလိတ် တွင် ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်း၊ တာချီလိတ်မြို့ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်) ဥက္ကဋ္ဌ ဦးထွန်းနေဦး၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ တာချီလိတ်မြို့ ဟိုတယ်လုပ်ငန်းရှင်များ၊ အလုပ်အမှုဆောင်များ၊ သင်တန်းသား/သူ(၄၀)ဦး တက်ရောက်ခဲ့ပါသည်။

Address

Room No. (101), Aye Yeik Thar (1) Street, Shwe Than Lwin Condo, Bahan Township
Yangon

Alerts

Be the first to know and let us send you an email when Myanmar Hoteliers Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram