Myittarshin Specialist Clinic - မေတ္တာရှင် အထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Myittarshin Specialist Clinic - မေတ္တာရှင် အထူးကုဆေးခန်း

Myittarshin Specialist Clinic - မေတ္တာရှင် အထူးကုဆေးခန်း လူသားအားလုံး ကျန်းမာ​စေချင်​မေတ္တာရှင်

ပန်ကာ အသုံးပြုခြင်း အန္တာရယ် လူတိုင်းဖတ်ကြည့်သင့်ပါတယ်✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️အယူအဆများတစ်ညလုံးပန်ကာအသုံးပြုခြင်း ...
12/05/2025

ပန်ကာ အသုံးပြုခြင်း အန္တာရယ် လူတိုင်းဖတ်ကြည့်သင့်ပါတယ်
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️

အယူအဆများတစ်ညလုံးပန်ကာအသုံးပြုခြင်း

၁) ပန်ကာက လေထုကို ခြောက်သွေ့​စေခြင်း

လေထုခြောက်သွေ့တဲ့အခါ ခံတွင်းနဲ့လေပြွန်တွေခြောက်ကပ်ကာ အိပ်မရဖြစ်စေ
ပြင်းထန်စွာရေငတ်ပြီး အအေးမိခြင်းကိုဖြစ်စေနိုင်ပါတယ်။

၂) နေ့ဖက်အသုံးမပြုတဲ့ပန်ကာတွေမှာဖုန်တွေစုရုံးပါတယ်

ဒီတော့ပန်ကာကိုဖွင့်လိုက်တဲ့အခါဖုန်တွေနဲ့မျက်နှာကိုတိုက်ရိုက်မှုတ်သလိုဖြစ်ပြီး
နှာခေါင်းပိတ်ခြင်း လေလမ်းကြောင်းရောဂါကူးစက်မှုဖြစ်စေပါတယ်။

မိမိကိုယ်ကိုပုံမှန်မဟုတ်တဲ့ပတ်ဝန်းကျင်ဖန်တီးပေးတဲ့အခါ
ကိုယ်ခံအားစနစ်မှမတွန်းလှန်နိုင်ဖြစ်တတ်ပါတယ်

" Aircon နဲ့ ပန်ကာ "

Aircon က လေထဲက အစို ဓာတ်ကို စုပ်ပစ်လို့ လေကို ခြောက်သွေ့စေတယ်
ပန်ကာက အခန်းထဲက လေကို လှုပ်ရှား လှည့်ပတ်စေတာပဲဖြစ်ပြီး အခန်းထဲမှာ ရှိတဲ့
ရေငွေ့ ဆုံးရူံးမူ မရှိပါ။

တံခါးပိတ်ထားတဲ့အခန်းဆို အထဲကလေကို ပိုမခြောက်စေပါ။
နေ့ခင်းမှာ ကပ်နေတဲ့ ဖုန်ရှိလို့ လွင့်လာလည်း ဖွင့်ကာစ ခဏပါ ။
တစ်ပတ်လောက် မသုံးတဲ့ ပန်ကာ မဟုတ်ရင် ဘာဖုန်မှ များများစားစား မလွင့်ပါ။

ပူအိုက်ပြီး အိပ်မရလို့ အိပ်ရေးမဝရင် ကိုယ်ခံအားကျပါတယ်။
ပန်ကာဖုန်တက်ရင် သန်ရှင်း​ရေး ပုံမှန်လုပ်ပါ - နေ့တိုင်းလုပ်ရန်မလိုပါ။

သတိပြုရမည့်အချက်က -
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
ပန်ကာလေက လူအရေပြားကို တိုက်ရိုက်တိုးရင် အရေပြား မျက်နှာပြင် အေးလာတော့
သွေးကြောတွေပို ရှုံ့ပြီး အရေပြားကနေ အပူ ဓာတ်မရှုံးအောင် ကာကွယ်ပါတယ်။

အဲဒါကြောင့် အရေပြားပေါ်က အာရုံကြောတွေ သွေးကောင်းကောင်းမရလို့ ပန်ကာလေနဲ့ တိုက်ရိုက်တွေ့တဲ့ နေရာမှာ ကြာရင် နာကျင် ကိုက်ခဲတတ်ပါတယ်။
ဒါကတော့လူတိုင်းဖြသစ်တဲ့ပြသနာပါ
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
ညဖက် ပန်ကာဖွင့်အိပ်ရင် လေကို လူဆီ တိုက်ရိုက်မရောက်စေတာ ကောင်းပါတယ်။
ဆုံလည်ပန်ကာဆိုရင် ပတ်ချာ လည်နေပါစေ - မျက်နှာကျပန်ကာဆိုရင် စောင်ပါးပါး ခြုံထားပါ။

ပန်ကာလေကို အသုံးပြုမယ်ဆိုရင် နံရံဘက်ကို ပန်ကာကို လှည့်ထားပြီး နံရံက တဆင့်ပြန်လာတဲ့လေကို အချိန်ကြာ ညအိပ်ရင် အသုံးပြုပါ။
ဒါအန္တာရယ်ကင်းစေပါတယ်။




#​မေတ္တာရှင်အထူးကု​ဆေးခန်း
#ကျန်းမာ​ရေးဗဟုသုတ
#ပန်ကာအန္တာရယ်

💦​မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်မှ၍ 💦ရောဂါဘယများကင်း​ဝေပြီးစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံ​ပါ​စေ​ကြောင်း ​န...
17/04/2025

💦​မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်မှ၍ 💦

ရောဂါဘယများကင်း​ဝေပြီး
စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်
ပြည့်စုံ​ပါ​စေ​ကြောင်း ​
နှစ်သစ်ဆု​တောင်းအဖြစ်

မေတ္တာရှင်အထူးကု​ဆေးခန်းမိသားစုမှ
ဆုမွန်​ကောင်း​တောင်း​ပေးလိုက်ပါသည်။



#​မေတ္တာရှင်အထူးကု​ဆေးခန်း

💦နှစ်သစ်ဆု​တောင်း💦မြန်မာနှစ်သစ်အခါသမယမှာစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊အန္တရာယ်ကင်း​ဘေးရှင်း၍ ကျန်းမာ​ပျော်ရွှင်​...
17/04/2024

💦နှစ်သစ်ဆု​တောင်း💦

မြန်မာနှစ်သစ်အခါသမယမှာ

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊
အန္တရာယ်ကင်း​ဘေးရှင်း၍ ကျန်းမာ​ပျော်ရွှင်​သောဘဝကို
ပိုင်ဆိုင်နိုင်ကြပါ​စေ​ကြောင်း
​မေတ္တာရှင်မိသားစုမှ ဆုမွန်​ကောင်း​တောင်း​​ပေးလိုက်ပါတယ်


#​မေတ္တာရှင်အထူးကု​ဆေးခန်း
#နှစ်သစ်ဆု​တောင်း

💦𝑻𝒉𝒊𝒏𝒈𝒚𝒂𝒏 𝑪𝒍𝒐𝒔𝒊𝒏𝒈 𝑨𝒏𝒏𝒐𝒖𝒏𝒄𝒆𝒎𝒆𝒏𝒕💦💦သင်္ကြန်ရုံးပိတ်ရက် ကြေညာခြင်း💦👩‍🔬【၁၂.၄.၂၀၂၄】ရက်နေ့မှ【၁၈.၄.၂၀၂၄】ရက်နေ့ထိ ဆေးခန်းများပိတ်...
11/04/2024

💦𝑻𝒉𝒊𝒏𝒈𝒚𝒂𝒏 𝑪𝒍𝒐𝒔𝒊𝒏𝒈 𝑨𝒏𝒏𝒐𝒖𝒏𝒄𝒆𝒎𝒆𝒏𝒕💦

💦သင်္ကြန်ရုံးပိတ်ရက် ကြေညာခြင်း💦

👩‍🔬【၁၂.၄.၂၀၂၄】ရက်နေ့မှ【၁၈.၄.၂၀၂၄】ရက်နေ့ထိ
ဆေးခန်းများပိတ်ထားမှာဖြစ်ပြီး

🧑‍🔬【၁၉.၄.၂၀၂၄】ရက်နေ့တွင် ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။

🙏နှစ်သစ်ကူ အတာသင်္ကြန်မှာ ဘေးရန်ကင်းပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း မေတ္တာရှင်အထူးကုဆေးခန်း မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။🙏

01/01/2024

🥳 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟒!!🥳

🥰 ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်းနှင့် ပျော်ရွှင်သော အချိန်အခါလေးများ 𝟐𝟎𝟐𝟒 ရဲ့ နှစ်သစ်နှင့်အတူ အလုံးစုံပြည့်ဝ၊ ပိုင်ဆိုင်ကြပါစေကြောင်း ​မေတ္တာရှင်အထူးကု​ဆေးခန်းမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🥰
🎁🥳 ကျန်းမာပျော်ရွှင်သော နှစ်သစ် အခါသမယလေးများကိုပိုင်ဆိုင်ကြပါစေ🥳 🎁

25/12/2023

🎄𝐖𝐞 𝐰𝐢𝐬𝐡 𝐲𝐨𝐮 𝐚 𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬!❄️

အေးချမ်းလှတဲ့ 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 နေ့လေးကို ချစ်ရတဲ့မိသားစု၊ ချစ်ခင်ရသူတွေ နဲ့ ဖြတ်သန်းနိုင်ကြပြီး အေးချမ်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေကြောင်း ​မေတ္တာရှင်အထူးကု​ဆေးခန်းမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ❄️🎄❄️🎄


#​မေတ္တာရှင်အထူးကု​ဆေးခန်း

ယနေ့မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) တွင်ကုသိုလ်တရားများ ဆထက်ထမ်းပိုးပွားများနိုင်...
27/11/2023

ယနေ့
မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်
တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) တွင်
ကုသိုလ်တရားများ ဆထက်ထမ်းပိုးပွားများနိုင်ပြီး
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းအပေါင်းနှင့် ပြည့်စုံပါစေကြောင်း

​မေတ္တာရှင်အထူးကု​ဆေးခန်းများမိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်... 🙏🙏🙏

☎️ Ph: Insein-013 640702, 09 885 021 345
Hlaing Tharyar- 09 444 452 341, 09 444 452 348
📍 အခန်း(၄)၊ တိုက်(A)၊ လှိုင်မြစ်လမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်
📍 အခန်း(၇၊၈)၊ အောင်ဇေယျအိမ်ရာ၊ ကျန်စစ်သားလမ်း၊
လှိုင်သာယာမြို့နယ်၊ ရန်ကုန်




#မေတ္တာရှင်အထူးကုဆေးခန်း


ယနေ့ မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) တွင်ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကုသိုလ်တရားများ...
29/10/2023

ယနေ့ မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) တွင်
ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကုသိုလ်တရားများ ဆထက်ထမ်းပိုး ပွားများပြီး
ချစ်သူခင်သူ မိသားစုများနှင့်အတူ အစဉ်ထာဝရ ပျော်ရွှင်ချမ်းမြေ့
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း မေတ္တာရှင်အထူးကုဆေးခန်း မိသားစုမှ
ဆုတောင်းမေတ္တာပို့သလိုက်ပါသည် ...🙏
▫️
☎️ Ph: Insein-013 640702, 09 885 021 345
Hlaing Tharyar- 09 444 452 341, 09 444 452 348
📍 အခန်း(၄)၊ တိုက်(A)၊ လှိုင်မြစ်လမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်
📍 အခန်း(၇၊၈)၊ အောင်ဇေယျအိမ်ရာ၊ ကျန်စစ်သာလမ်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်




#မေတ္တာရှင်အထူးကုဆေးခန်း


 #​ကျောက်ကပ်​ရောဂါသိ​ကောင်းစရာ #ကျောက်ကပ်​ရောဂါဖြစ်ခါနီး လက္ခဏာ (၉) မျိုး🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻ကျောက်ကပ် ရောဂါဟာ ထူးခြားတဲ့ ရ...
16/09/2023

#​ကျောက်ကပ်​ရောဂါသိ​ကောင်းစရာ

#ကျောက်ကပ်​ရောဂါဖြစ်ခါနီး လက္ခဏာ (၉) မျိုး
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

ကျောက်ကပ် ရောဂါဟာ ထူးခြားတဲ့ ရောဂါလက္ခဏာမပြတဲ့ အတွက် ရောဂါကျွမ်းတဲ့ အခြေအနေရောက်မှသာ သိကြတာမို့ ကျောက်ကပ်ရောဂါနဲ့ ပတ်သက်ပြီး သတိထားမိအောင် ဖော်ပြ ပေးလိုက်ပါတယ်။

1️⃣ အချိန်တိုင်းလိုလို မောပန်းနေခြင်း

ကျောက်ကပ် မကောင်းဘူးဆိုတာနဲ့ ခန္ဓာကိုယ်တွင်းမှာ အဆိပ် အတောက်တွေ များလာစေသလို သွေးမသန့်တော့တာကြောင့် မောပန်းပြီး လေးလံ ထိုင်းမှိုင်းလာတတ်ပါတယ်။

အာရုံစူးစိုက်နိုင်စွမ်း လျော့ကျလာကာ မူးဝေခြင်း၊ အားနည်းခြင်းတွေ ဖြစ်လာပြီဆိုရင် သတိထားဖို့ လိုပါတယ်။

2️⃣ ခံတွင်းပျက်ခြင်း

ကျောက်ကပ်ထဲမှာ အဆိပ်အတောက်တွေ များလာတဲ့အတွက် ခံတွင်းပျက်တာ ဖြစ်နိုင်သလို လျှာက ကောင်းကောင်းအရသာ မခံ နိုင်တဲ့အတွက် စားချင်စိတ်​လျှော့နည်းကာ ကိုယ်အလေးချိန်ပါ လျော့ကျစေပါတယ်။

3️⃣ မျက်လုံး တစ်ဝိုက်မို့နေခြင်း

ကျောက်ကပ် ပျက်စီးနေတဲ့အခါ အဆိပ်အတောက်တွေ စစ်ထုတ် နိုင်စွမ်း လျော့နည်းလာတဲ့အတွက် ပြတဲ့ လက္ခဏာ တစ်ခုပါ။

4️⃣ အိပ်မပျော်ခြင်း

ကျောက်ကပ် လုပ်ငန်းစဉ်တွေ ပုံမှန် မဟုတ်တော့ရင် ဆီးကနေတစ်ဆင့် အဆိပ်အတောက်တွေ စွန့်ထုတ်ပစ်တဲ့ အစား သွေးထဲကို အဆိပ်အတောက် ဝင်သွားတာကြောင့်ပါ။

5️⃣ ဆီးနဲ့ပတ်သက်ပြီး ထူးခြားမှုများကြုံခြင်း

ဆီး မကြာခဏသွားချင်တာတို့၊ ဆီး အမြှုပ်ထတာတို့၊ သွေးပါလာတာတို့ဆို မပေါ့ဆသင့်ပါဘူး။

6️⃣ ခြေဆစ် လက်ဆစ်များ ရောင်ရမ်းခြင်း

ဒီလက္ခဏာကတော့ ကျောက်ကပ် ရောဂါသာမက နှလုံးနဲ့ အသည်း ရောဂါရှိနေရင်လည်း ပြတတ်ပါတယ်။

7️⃣ အသား အရေခြောက်ပြီး ယားယံခြင်း

ကျောက်ကပ်ပြဿနာရှိနေတဲ့အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရနဲ့ သတ္တုဓာတ်တွေ မမျှတတော့ဘဲ ကိုယ်တွင်းအဆိပ်အတောက်တွေက အရေပြားဆီကို ရောက်သွားတဲ့အတွက်အသားရည်​ခြောက်ပြီး ယားယံလာတတ်ပါတယ်။

8️⃣ မူးဝေ အော့အန်ခြင်း

ကိုယ်တွင်း အဆိပ်အတောက်တွေကို အော့အန်ခြင်းဖြင့် ထုတ်ပစ်တတ်တဲ့အတွက် သတိပြုစရာအချက်ပါ။

9️⃣ ဟီမိုဂလိုဘင်လျော့ကျခြင်း

ကျောက်ကပ်ပျက်စီးတဲ့အခါ လုံလောက်တဲ့ သွေးနီဥတွေထုတ်ပေး နိုင်ခြင်း မရှိတော့တဲ့အတွက် သွေးအားနည်းရောဂါ ဖြစ်လာစေပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် ​ကျောက်ကပ်ကြောင့်လို့ သံသယရှိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီတဲ့အတွက် ဆရာဝန်နဲ့ ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။

🏥​ဆေးခန်း (၁)
အခန်း-၄၊ တိုက် (A)၊ လှိုင်မြစ်လမ်း၊
(အင်းစိန်အကျဥ်း​ထောင်​ရှေ့)၊ အင်းစိန်မြို့။
☎️ - 013 640702, 09 885 021 347

🏥ဆေးခန်း (၂)
အမှတ် - ၈-၉၊ တိုက် (A)၊ ကျန်စစ်သားလမ်း၊ ၆ ရပ်ကွက်၊
အောင်​မြေသာယာဘုရား​ရှေ့၊ (လှိုင်သာယာ​ဆေးရုံကြီးအနီး)၊
လှိုင်သာယာမြို့။
☎️ - 09 444 452 348, 09 444 452 341

🏥ဆေးခန်း (၃)
အမှတ်-၂၁၉၊ သမိုင်းဘူတာရုံလမ်း၊ (၂) ရပ်ကွက်၊
(​​ရွှေအိုး​ဆေးဆိုင်​ဘေး)၊ မရမ်းကုန်းမြို့နယ်။
☎️ - 09 889 696 699, 09 889 696 688

Appointment Time - 8:00 AM to 6:00 PM


#​ကျောက်ကပ်ရောဂါလက္ခဏာများ
#​ကျောက်ကပ်ရောဂါသိ​ကောင်းစရာများ
#​မေတ္တာရှင်အထူးကု​ဆေးခန်း

 #သွေးလွန်တုပ်ကွေးရောဂါအကြောင်း🌧သည်းသည်းမည်းမည်း ရွာလိုက်တဲ့ မိုးနဲ့အတူ မိုးရာသီတောင် ရောက်လာပြန်ပြီနော်။ မိုးရာသီက နွေရ...
18/06/2023

#သွေးလွန်တုပ်ကွေးရောဂါအကြောင်း

🌧သည်းသည်းမည်းမည်း ရွာလိုက်တဲ့ မိုးနဲ့အတူ မိုးရာသီတောင် ရောက်လာပြန်ပြီနော်။ မိုးရာသီက နွေရဲ့ ပူပြင်းတဲ့ဒဏ်ကို သက်သာစေတယ် ဆိုပေမယ့် မိုးရာသီမှာအဖြစ်များတဲ့ ရောဂါတွေရဲ့ ပြဿနာကလည်း ရှိနေတယ်။ အဲ့ထဲမှာ ခြင်ကြောင့် ဖြစ်တဲ့ ရောဂါတွေ နဲ့ ယင်ကြောင့် ဖြစ်တဲ့ ရောဂါတွေက မဖိတ်ခေါ်ဘဲကို မိုးရာသီနဲ့အတူ လိုက်ပါလာတတ်ပါတယ်။

💧 မိုးရာသီက ပျော်ရွှင်စရာတွေ စိတ်ကြည်နူးစရာတွေနဲ့ ပြည့်စုံနေတဲ့ ရာသီပါ။ ဒီလိုမျိုး ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ရာသီမှာ ကိုယ်တိုင်ရော မိသားစုမှာပါ ရောဂါကင်းပြီး ပျော်ရွှင်ချင်တယ်ဆိုရင် စာလေးကို အဆုံးထိ ဆက်ဖတ်ပေးကြပါနော်။ 😍

🌡သွေးလွန်တုပ်ကွေးရောဂါ (Dengue Fever)

သွေးလွန်တုပ်ကွေးရောဂါ ဆိုတာက ခြင်ကနေတဆင့် ကူးစက်ခံရတဲ့ ရောဂါ တစ်မျိုးပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အပူပိုင်းဇုန်နဲ့ သမပိုင်းဇုန်ဒေသတွေမှာ အဖြစ်များပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ဆိုတဲ့ နေရာမှာလည်း Break-Bone Fever လို့ခေါ်တဲ့ အပျော့စား သွေးလွန်တုပ်ကွေးရောဂါ နဲ့ Dengue Hemorrhagic Fever လို့ခေါ်တဲ့ အပြင်းစား သွေးလွန်တုပ်ကွေးရောဂါ ဆိုပြီး နှစ်မျိုး ရှိပါတယ်။

🌡Break-Bone Fever (အပျော့စားသွေးလွန်တုပ်ကွေးရောဂါ)

ဒီဝေဒနာခံစားရတဲ့အခါ
🤒အဖျားတက်တာ
❇️အရေပြားမှာ အနီရောင် အဖုအပိမ့်တွေထွက်တာ
❇️ကြွက်သားနဲ့ အဆစ်တွေ နာကျင်ကိုက်ခဲမှုတွေ ကိုခံစားရနိုင်ပါတယ်။

🌡Dengue Hemorrhagic Fever (အပြင်းစားသွေးလွန်တုပ်ကွေးရောဂါ)

ဒီဝေဒနာခံစားရတဲ့အခါ
🔸သွေးယိုစိမ့်မယ်
🔸အဖျားတက်မယ်
🔸သွေးပေါင်ချိန်ကျတာလိုမျိုး ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
🔸အဆိုးဆုံးအနေနဲ့ကတော့ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်တဲ့အခါ အခုလိုလက္ခဏာတွေ ခံစားရနိုင်ပါတယ်

သွေးလွန်တုပ်ကွေး ခံစားနေရသူအများစု အထူးသဖြင့်တော့ ကလေးငယ်တွေ နဲ့ ဆယ်ကျော်သက်တွေမှာ ရောဂါသိပ်မပြင်းထန်ဘူးဆိုရင် ရောဂါလက္ခဏာတွေက သိသိသာသာမတွေ့ရတတ်ပါဘူး။ ခြင်ကိုက်ခံရပြီးပြီးချင်းမှာလည်း ရောဂါလက္ခဏာတွေ မပြတတ်ပါဘူး။ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရပြီး ၄ ရက်ကနေ ၇ ရက်အတွင်းမှာမှ ရောဂါလက္ခဏာစပြီး ပြတတ်တာဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်တဲ့အခါ –

👉ခေါင်းကိုက်မယ်
👉ကြွက်သားတွေ၊ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲမယ်
👉မအီမသာဖြစ်မယ်
👉အော့အန်မယ်
👉မျက်လုံးအနောက်ဘက်က နာကျင်မယ်
👉ဂလင်းတွေ ရောင်ရမ်းမယ်
👉အရေပြားမှာ အနီရောင်အဖုအပိမ့်တွေ ထွက်မယ်

💥အရမ်းပြင်းထန်လာမယ်ဆိုရင်တော့ –

😓ဗိုက်အောင့်မယ်
😰အဆက်မပြတ် အော့အန်နေမယ်
😰သားဖုံးနဲ့ နှာခေါင်းက သွေးထွက်မယ်
😰ဆီးသွားရင် သွေးပါမယ်၊
😰ဝမ်းသွားရင် သွေးပါမယ်၊
😰အန်တဲ့အခါ သွေးစတွေပါလာမယ်
😰အရေပြားအောက်မှာ သွေးယိုစိမ့်မှုဖြစ်ပြီး
😰အညိုအမည်းစွဲသလို အကွက်တွေဖြစ်မယ်
😰အသက်ရှူရခက်မယ်
😰အသက်ရှူတာ အရမ်းမြန်နေမယ်
😰ခန္ဓာကိုယ်ကအေးစက်နေမယ်
😰ခြေကုန်လက်ပန်းကျမယ်
😰အိပ်မပျော်ဘဲ စိတ်မတည်ငြိမ်တာမျိုးဖြစ်နေမယ်။

🤗သွေးလွန်တုပ်ကွေးကို ဒီလိုကာကွယ်လို့ရပါတယ် 🤗

ဘယ်ရောဂါမဆို မဖြစ်ခင်ကြိုတင် ကာကွယ်တာက အကောင်းဆုံး နည်းလမ်းပါ။ ဒီသွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်နိုင်မယ့် နည်းလမ်းက ခြင်ကိုက်မခံရအောင် ဂရုစိုက်တာနဲ့ ရောဂါပိုးရှိတဲ့နေရာတွေကို ရှောင်ကြဉ်တာပါ။ ခြင်ကိုက်မခံရအောင်ကာကွယ်မှုက အထိရောက်ဆုံးသော ရောဂါကာကွယ်နည်းပါ။

🌟ဖြစ်နိုင်ရင် လူထူထပ်တဲ့နေရာတွေကို ရှောင်ရှားပါ

– လူထူထပ်တဲ့နေရာတွေက ရောဂါပိုးအလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်တာကြောင့် လူထူထပ်တဲ့နေရာတွေကိုရှောင်ကြဉ်တာကလည်း ရောဂါကာကွယ်တဲ့ နည်းလမ်းတစ်ခုပါ။

🌟အိပ်စက်ချိန်မှာ ခြင်ထောင်ဖြင့် အိပ်စက်ပါ

–နေ့ဘက်မှာဖြစ်ဖြစ် ညဘက်မှာဖြစ်ဖြစ် အိပ်စက်တဲ့အခါတိုင်း ခြင်ထောင်ထောင်အိပ်တတ်တဲ့ အကျင့်ကိုမွေးမြူပါ။ ဒီအကျင့်က သွေးလွန်တုပ်ကွေးတင်မဟုတ်ဘဲ ခြင်ကြောင့်ဖြစ်တဲ့ရောဂါတိုင်းကို ကာကွယ်ပြီးသားဖြစ်ပါတယ်။

🌟နေအိမ်တွင်းကို ခြင်မဝင်နိုင်အောင် လုပ်ဆောင်ပါ

– နေဝင်ချိန် နဲ့ ညဘက်တွေမှာ လေအေးပေးစနစ် ဖွင့်ထားပြီး ခြင်မဝင်နိုင်အောင် သေချာစီမံထားတဲ့ နေရာမှာနေပါ။ နေအိမ်မှာ ခြင်လုံဇကာ တပ်ဆင်ပြီး ခြင်မဝင်ရောက်နိုင်အောင် ဂရုစိုက် လုပ်ဆောင်တာမျိုးတွေ လုပ်ဆောင်ပြီး နေအိမ်ကို ခြင်ကင်းစင်ဇုန်အဖြစ် ဖန်တီးပါ။

🌟လုံခြုံစွာဝတ်ဆင်ပါ

– ခြင်ကိုက်ခံရတာမျိုး မဖြစ်စေဖို့အတွက် ညနေဘက် နဲ့ ညဘက် အချိန်တွေမှာ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ဆင်ပြီး ခြင်ကိုက်မခံရအောင် ကာကွယ်ပေးပါ။

🌟ခြင်နိုင်ဆေးသုံးပါ

– ဒါကတော့ အသုံးအများဆုံးသော ခြင်ကာကွယ်နည်းလမ်း တစ်ခုပါ။ ခြင်ကို ကာကွယ်ဖို့အတွက် နေအိမ်တွင်းမှာ ခြင်ဆေး ထွန်းလို့ရသလိုခြင်ဆေး ဖြန်းဆေးကို အသုံးပြုလို့လည်း ရပါတယ်။

🌟နေအိမ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ

– နေအိမ်ပတ်ဝန်းကျင်မှာ အမှိုက်တွေ သန့်ရှင်းနေအောင် ထားပေးပါ။ ခြင်ခိုအောင်းနိုင်တဲ့ နေရာတွေကို ရှင်းလင်းပါ။ သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်ထားတဲ့ ခြင်တွေက အိမ်အတွင်းပိုင်းနဲ့ အိမ်အနီးတဝိုက်က နေရာတွေမှာ နေထိုင်ပြီး ကားတာယာ အဟောင်းလိုမျိုး မိုးရေတွေ ဝပ်နေနိုင်တဲ့ နေရာတွေထဲမှာ ပေါက်ဖွားနိုင်တာကြောင့် နေအိမ်ပတ်ဝန်းကျင်က ခြင်ခိုအောင်းနိုင်တဲ့ နေရာတွေကို ရှင်းလင်းထားပါ။

🌟ခြင်မကိုက်တဲ့ဆေး လူးပေးပါ

– သွေးလွန်တုပ်ကွေး အပါအဝင် ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို မဖြစ်အောင် ကာကွယ်ဖို့ဆိုရင် အရင်ဆုံး လုပ်ရမှာက ခြင်မကိုက်အောင် ဂရုစိုက်ဖို့ပါ။ ကိုယ်တိုင်မှာရော မိမိချစ်ရသူတွေမှာပါ မတော်တဆ ခြင်ကိုက်ခံရတာမျိုး မဖြစ်စေဖို့အတွက် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အရေပြားမှာ ခြင်မကိုက်အောင် လူးတဲ့ဆေးလေး လူးပေးပါ။

🌟တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ

– ခန္ဓာကိုယ်မှာ ချွေးနံ့ကင်းစင်နေမယ်ဆိုရင် ခြင်ကိုက်ခံရတာ သက်သာပါတယ်။ ဒါကြောင့် ခြင်ကိုက်ခံရတာနဲ့ ရောဂါဘယတွေဘေးကနေ ကင်းဝေးစေဖို့ဆိုရင် တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ဖို့လိုပါမယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ ?

ဘယ်ရာသီမှာပဲ ဖြစ်ဖြစ် အဖျားတက်တာ (၃) ရက်နဲ့ အထက်ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အထူးသဖြင့် ကလေးတွေပါ။ သွေးလွန်တုပ်ကွေးက မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို ရာသီမရွေး ဖြစ်နိုင်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် သွေးလွန်တုပ်ကွေးလို့ သံသယရှိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီတဲ့အတွက် ဆရာဝန်နဲ့ ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။

🏥​ဆေးခန်း (၁)
အခန်း-၄၊ တိုက် (A)၊ လှိုင်မြစ်လမ်း၊
(အင်းစိန်အကျဥ်း​ထောင်​ရှေ့)၊ အင်းစိန်မြို့။
☎️ - 013 640702, 09 885 021 347

🏥ဆေးခန်း (၂)
အမှတ် - ၈-၉၊ တိုက် (A)၊ ကျန်စစ်သားလမ်း၊ ၆ ရပ်ကွက်၊
အောင်​မြေသာယာဘုရား​ရှေ့၊ (လှိုင်သာယာ​ဆေးရုံကြီးအနီး)၊
လှိုင်သာယာမြို့။
☎️ - 09 444 452 348, 09 444 452 341

🏥ဆေးခန်း (၃)
အမှတ်-၂၁၉၊ သမိုင်းဘူတာရုံလမ်း၊ (၂) ရပ်ကွက်၊
(​​ရွှေအိုး​ဆေးဆိုင်​ဘေး)၊ မရမ်းကုန်းမြို့နယ်။
☎️ - 09 889 696 699, 09 889 696 688

Appointment Time - 8:00 AM to 6:00 PM


#သွေးလွန်တုတ်ကွေး
#​မေတ္တာရှင်အထူးကု​ဆေးခန်း

 #နား အကြောင်းနားနဲ့ပတ်သက်ပြီး မပြုလုပ်သင့်သော အရာများနားတွေမှာ သူ့ဖာသာသန့်စင်စေခြင်းနဲ့ သူ့ဖာသာ ကာကွယ်နိုင်ခြင်းဆိုတဲ့ ...
11/06/2023

#နား အကြောင်း

နားနဲ့ပတ်သက်ပြီး မပြုလုပ်သင့်သော အရာများ

နားတွေမှာ သူ့ဖာသာသန့်စင်စေခြင်းနဲ့ သူ့ဖာသာ ကာကွယ်နိုင်ခြင်းဆိုတဲ့ သဘာဝသတ္တိ
ရှိပြီးသားပါ။ နားဖာချေးက သဘာဝအရ နားကို စွတ်စိုပေးသောအရာဖြစ်သည်။

ဒါကြောင့် နားတွေကို မမှန်ကန်တဲ့နည်းတွေနဲ့ သန့်ရှင်းဆေးကြောမူ ပြုလုပ်တဲ့အခါမှာ နားမှာထိခိုက် ဒါဏ်ရာ ရခြင်းနဲ့ နားတွင်းကူးစက်ပိုးဝင်ခြင်းဆိုတဲ့ပြဿနာတွေ
ဖြစ်နိုင်ပါတယ်။

( ၁ ) အားတိုင်းနားမကလော်ပါနဲ့

နားဖာချေးတွေဟာ နားနဲ့သူ့ဖာသာ သန့်စင်စေတဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်း
အလုပ် လုပ်နိုင်အောင် ဆောင်ရွက်ပေးပါတယ် နားဖာချေးတွေဟာ ဆိုးဆိုးဝါးဝါး ပိတ်
ဆို့မနေရင် ကလော်ပြီး မဖယ်ရှားသင့်ပါဘူး။

အပြင်နားစည်အရေပြားရှိ ဂလင်းကနေ ထုတ်ပေးလေ့ရှိတဲ့ နားဖာချေးတွေဟာ အေရး
ကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နေပါတယ်။

နားစည်ရဲ့ အရေပြားကို ကာကွယ်ဖုံးအုပ်ပေးခြင်း ရေကိုတွန်းထုတ်ခြင်းနဲ့ နားတွင်းပိုးဝင်
ခြင်းနဲ့ ထိခိုက်ဒါဏ်ရာ မဖြစ်အောင် ကာကွယ်ပေးခြင်း စသည့်လုပ်ငန်းတွေအပြင်
နားအတွင်း အရေပြား ခြောက်သွေ့ယားယံခြင်း မဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။

ဒါ့ပြင် နားဖာချေးဟာ ဖုန်နဲ့ပိုးမွှားတွေကို နားစည်ထဲမရောက်အောင် သယ်ယူထားပေး
ပါတယ်၊ အများအားဖြင့် နားဖားချေးဟာ သူ့အလိုလို ထွက်သွားလေ့ရှိပါတယ်၊ဒါပေမယ့်
တချို့လူတွေမှာတော့ အလိုလို ထွက်မသွားတဲ့အတွက် နားဖာချေးကို ကလော်ပြီး
ဖယ်ထုတ်ရတတ်ပါတယ်။

( ၂ ) နားစည်ထဲဘာမှမထည့်ပါနဲ့

နားအတွင်းထဲကို ဝါဂွမ်းစ ကလစ်လို ချွန်တက်တဲ့ အရာတွေမထည့်ပါနဲ့ နားအတွင်းထဲ
ပြင်ပပစ္စည်းထည့်တာဟာ နားစည်ရဲ့နူးညံ့တဲ့ အရေပြားကို ထိခိုက်ပျက်ဆီးစေသလို
အခန့်မသင့်ရင် နားစည်ကို ပေါက်ပြဲစေပါတယ်။

လူအများစုဟာ နားဖာချေးထွက်သွားအောင် နားထဲကိုပြင်ပပစ္စည်းထည့်ပြီး ကလော်
ထုတ်တတ်ကြပါတယ် နားဖာချေး သိပ်မရှိပဲ ပြင်ပပစ္စည်းဟာ နားစည်အထိရောက်သွား
ရင် နားကို မသက်မသာဖြစ်စေကာ ယာယီနားမကြားတော့တာမျိုး ဖြစ်သွားတတ်ပါတယ်။

နားစည်အရေပြား ခြစ်မိခြင်းနဲ့ နားဖာချေးဟာ နားစည်အတွင်းထဲထိ ရောက်ရှိသွားခြင်း
တွေကြောင့် နားတွင်းကူးစက်ပိုးဝင်တဲ့ အန္တရာယ်လည်းများပါတယ်။

( ၃ ) နားအတွင်းထဲမဆေးကြောပါနဲ့

နားတွင်းအပြင်ဖက်ပိုင်းညစ်ပတ်နေရင် ဆပ်ပြာနဲ့ရေစိုစွတ်နေတဲ့အဝတ်နဲ့ အဝတ်စသုံး
ပြီး ဆေးကြောပေးပါ။ နားအတွင်းထဲကိုတော့ အဝတ်စ လက်ချောင်းနဲ့ တခြားဘာမှ
ထည့်ပြီးတော့မဆေးကြောပါနဲ့။

ကလေးရဲ့နားကို ဆေးကြောသန့်စင်ဆေးပေးချင်ရင်လည်း ဝါဂွမ်းစကို ဆပ်ပြာမပါတဲ့
ရေထဲထည့်ပြီး ဆေးကြောပေးလို့ရပါတယ် ဒါပေမဲ့ နားကို ခြောက်သွေ့အောင်ပြန်ပြု
လုပ်ဖို့ အရေးကြီးပါတယ်။

ရေကူးတဲ့သူတွေမှာ နားခြောက်သွေ့အောင်အထူးဂရုစိုက်ဖို့လို့ပါတယ် အကယ်၍ နားတွင်ပိုးဝင်ပြီး နာကျင်နေရင်တော့ ဆရာဝန်နဲ့ပြပါ။

( ၄ ) နားထဲက ပြင်ပပစ္စည်းကို အတင်းမဖယ်ရှားပါနဲ့

လူကြီးတွေရောကလေးတွေပါနားထဲ ပြင်ပပစ္စည်းဝင်နိုင်ပါတယ်။

လူကြီးတွေမှာတော့ မတော်တဆ နားကပ်ကျွတ်ပြီး နားထဲဝင်သွားတာဖြစ်တတ်ပြီး
ကလေးတွေကတော့စချင်နှောက်ချင်စိတ် စပ်စုလိုစိတ်နဲ့ အခြားကလေးရဲ့နားထဲ ဒါမှမဟုတ်ကိုယ့်နားထဲပြင်ပပစ္စည်းထည့်တတ်ကြပါတယ်။

ပဲစေ့လို ခဲဖျက်လိုပစ္စည်းတွေဆိုရင် သူ့အလိုလို ပြန်ထွက်သွားဖို့ မလွယ်ပါဘူး
အင်းဆက်ပိုးမွှားတွေလဲ နားထဲရောက်ပြီးပိတ်မိနေတာမျိုး ရှိပါတယ် အဲဒီအချိန်မှာ
ကိုယ့်ဖာသာပြင်ပပစ္စည်းကို ဖယ်ရှားဖို့ မကြိုးစားပါနဲ့ ဆရာဝန်ထံ ချက်ခြင်းသွားပါ။

ဆရာဝန်က နားထဲက ပြင်ပပစ္စည်းကို အထူးကိရိယာနဲ့ ဖယ်ရှားပေးမယ့်အပြင် နားထဲမှာ ထိခိုက်ဒါဏ်ရာ ရှိ မရှိ ဆန်းစစ်ကြည့်ရူကာ လိုအပ်သလို ကုသပေးပါလိမ့်မည်

( ၅ ) နားထဲနားဖားချေးအလွန်အကျွံပိတ်ဆို့နေခြင်း

နားထဲနားဖာချေးအလွန်အမင်းပိတ်ဆို့နေပြီး ဖယ်ရှားဖို့လိုတဲ့အခြေအနေတွေရှိပါ
တယ် ဖယ်ရှားဖို့လိုတဲ့ လက္ခဏာရပ်တွေကတော့ နား အကြားအာရုံ ဆုံးရူံးခြင်း
နားကိုက်ခြင်း နားအူခြင်း နားထဲပြည့်နေသလို ခံစားရခြင်း စတာတွေပဲဖြစ်ပါတယ်။

( ၆ ) ဝါဂွမ်းတံဖြင့်နားကလော်ခြင်းဆိုးကျိုး

ဝါဂွမ်းတံကို အသုံးပြုခြင်းဖြင့် အသံအိုးလို့ခေါ်တဲ့ ( Eardrum ) ထိခိုက်နိုင်ပြီး
မကြာခဏ နားကိုက်တာ နားယောင်ရမ်းတာ အနာဖြစ်ပြီး ပြည်တည်တဲ့ အပြင် အဆိုး
ဆုံး နားကန်းတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ခဏခဏနားကလော်ခြင်းကိုမလုပ်ပါနဲ့
အသံအိုးကိုထိခိုက်စေ
အကြားအာရုံကိုထိခိုက်စေ
နားကိုက်တာ နားယောင်ယမ်းတာ နားအနာကြောင့်ပြည်တည်တာဖြစ်စေတယ်
ဆေးပညာရှင်များက ခဏခဏနားကလော်စရာမလိုပါကြောင်း နားကန်းတတ်ပါတယ်။

( ၇ ) နားကလော်ခြင်း အန္တရာယ်

နားသည် သူ့အလိုအလျောက် သန့်ရှင်းရေးလုပ်သည် - သန့်ရှင်းရေး လုပ်ပေးရန်မလို -
နားအတွင်းဂွမ်းကို ထိုးထည့်လိုက်လျှင် နားဖာချေးကို အတွင်းသို့ ထိုးထည့်လိုက်သလို
ဖြစ်ပြီး နားအတွင်းသို့ဖိအားဖြစ်စေပြီး အကြားအာရုံကို ဆုတ်ယုတ်စေသည်။

နားဖာချေးများကို နားအတွင်းတွင် ထုတ်လုပ်ပေးပြီး အပြင်ပိုင်းသို့ သဘာဝအလျောက် တဖြည်းဖြည်း ရောက်ရှိလာသည် - အချို့လူများ နားဖာချေးက သာမန်ထက်များသည်

အချို့အသက်ကြီးသူများ နားဖာချေးက ခြောက်သွေ့ပြီး ပုံမှန်ထက် ပိုမာသည် - နား
ကလော်သည့် ဂွမ်းတံနဲ့ ဖြေရှင်းနိုင်မည်မဟုတ်ပါ။

နားစည်အတွင်းရှိနေသော နားဖာချေးအစုလိုက်ကို နားစည်အတွင်း တွန်းလိုက်မိပါက
နားစည် ပျက်စီး၍ နာကျင်ပြီး နားလေးခြင်း ရောဂါပိုးများ ဝင်ရောက်ပြီး နားပြည်ယိုခြင်းဖြစ်နိုင်သည်။

နား၊ နှာ​ခေါင်း၊ လည်​ချောင်း၊ ဦးခေါင်းခွဲစိတ်အထူးကုဆရာဝန်
​ဒေါက်တာ​အောင်ထက်ထွန်း
​မေတ္တာရှင်အထူးကု​ဆေးခန်း(အင်းစိန်)တွင်သာ
စ​နေ​နေ့တိုင်းထိုင်ပါသည်။

🏥​ဆေးခန်း (၁)
အခန်း-၄၊ တိုက် (A)၊ လှိုင်မြစ်လမ်း၊
(အင်းစိန်အကျဥ်း​ထောင်​ရှေ့)၊ အင်းစိန်မြို့။

Booking
☎️ - 013 640702, 09 885 021 347

Appointment Time - 8:00 AM to 6:00 PM

#​မေတ္တာရှင်အထူးကု​ဆေးခန်း


💦  "နှစ်သစ်ဆုတောင်း" 💦မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်နှစ်သစ်ကူး အချိန် အခါသမယမှာ မြန်မာပြည်သူပြည်သား အာ...
17/04/2023

💦 "နှစ်သစ်ဆုတောင်း" 💦

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်
မြန်မာ့ရိုးရာသင်္ကြန်
နှစ်သစ်ကူး အချိန် အခါသမယမှာ မြန်မာပြည်သူပြည်သား အားလုံး ကျက်သရေ မင်္ဂလာအပေါင်းတို့နှင့်ပြည့်စုံ၍
ကိုယ်၊စိတ်၊ နှလုံး ကျန်းမာ၊ချမ်းသာ၊ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း
" ​မေတ္တာရှင်မိသားစု" မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခဗျာ......🙏🙏🙏

"မင်္ဂလာရှိသော မြန်မာနှစ်သစ် ဖြစ်ပါစေခဗျာ😊"

#နှစ်သစ်ဆုတောင်း
#မြန်မာနှစ်သစ်ကူး
#​မေတ္တာရှင်အထူးကု​ဆေးခန်း

Address

Room 4, Building A, Hlaing River Street (Near Insein Prison)
Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

013640702

Website

Alerts

Be the first to know and let us send you an email when Myittarshin Specialist Clinic - မေတ္တာရှင် အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram