Pharma Apex Co., Ltd

Pharma Apex Co., Ltd To provide quality services that exceeds the expectations of our esteemed customers

🎊  သီတင်းကျွတ်ဆုတောင်း  🎊🎉 ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယတွင်ချစ်ခင်လေးစားတန်ဖိုးထားရပါသောချစ်မိတ်ဆွေလူကြီးမင်းမျာ...
06/10/2025

🎊 သီတင်းကျွတ်ဆုတောင်း 🎊

🎉 ဝါလကင်းလွတ် သီတင်းကျွတ်
အချိန်အခါသမယတွင်
ချစ်ခင်လေးစားတန်ဖိုးထားရပါသော
ချစ်မိတ်ဆွေလူကြီးမင်းများ အားလုံး
ကိုယ်စိတ်နှလုံးကျန်းမာခြင်းနှင့်
ချမ်းသာခြင်း မင်္ဂလာအဖြာဖြာ ပြည့်စုံလျှက်
ဘေးအန္တရာယ်ဟူသမျှကင်းဝေး၍
အခက်အခဲဟူသမျှအောင်မြင်စွာ
ကျော်လွှားနိုင်ပြီးစီးပွါးလာဘ်လာဘများ
ဒီရေအလား တိုးတက်ကြီးပွါးပါစေကြောင်း Pharma Apexမိသားစုကဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ် 🙏🙏🙏

#သီတင်းကျွတ်ဆုတောင်း

 #၁၉ဂျူလိုင်မမေ့နိုင် ယနေ့ကျရောက်သော (၇၈) နှစ်မြောက် အာဇာနည်နေ့ တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင် (၉) ဦးတို့အား  ...
19/07/2025

#၁၉ဂျူလိုင်မမေ့နိုင်

ယနေ့ကျရောက်သော (၇၈) နှစ်မြောက် အာဇာနည်နေ့ တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင် (၉) ဦးတို့အား Pharma Apex မှ အောက်မေ့သတိရစွာဖြင့် ဂါရဝပြုအပ်ပါသည်။

’𝐒 𝐃𝐀𝐘

ဝါဆိုလပြည့်နေ့၊ ဓမ္မစင်္ကြာအခါတော်နေ့မှာ စိတ်​၏ချမ်းသာခြင်း၊ကိုယ်​၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး အလုပ်အကိုင်ကြံစည်သမျ...
09/07/2025

ဝါဆိုလပြည့်နေ့၊ ဓမ္မစင်္ကြာအခါတော်နေ့မှာ

စိတ်​၏ချမ်းသာခြင်း၊
ကိုယ်​၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး အလုပ်အကိုင်ကြံစည်သမျှ အဆင်ပြေချောမွေ့ကြပါစေ
လာဘ်လာဘများပေါကြွယ်ဝပြီး ကောင်းကျိုး
လိုရာဆန္ဒများပြည့်ဝကြပါစေကြောင်းPharma Apexမိသားစုက
ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏

#ဝါဆိုလပြည့်နေ့

15.6.2025  တွင်ကျရောက်သော ကမ္ဘာလုံးဆိုင်ရာအဖေများနေ့မှစပြီး ကမ္ဘာပေါ်မှာရှိတဲ့”အဖေ”များအားလုံးသက်ရှည် ကျန်းမာစွာဖြင့် မိ...
15/06/2025

15.6.2025 တွင်ကျရောက်သော ကမ္ဘာလုံးဆိုင်ရာအဖေများနေ့မှစပြီး ကမ္ဘာပေါ်မှာရှိတဲ့”အဖေ”များအားလုံးသက်ရှည် ကျန်းမာစွာဖြင့် မိသားစုများနှင့်အတူပျော်ရွှင်ဖြတ်သန်းရပါစေလို့ Pharma Apex မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

ကဆုန်လပြည့်နေ့မှ စိတ်နှလုံးအေးချမ်းပြီး ငြိမ်းချမ်းကြပါစေကြောင်း  PHARMA APEX မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
11/05/2025

ကဆုန်လပြည့်နေ့မှ စိတ်နှလုံးအေးချမ်းပြီး ငြိမ်းချမ်းကြပါစေကြောင်း PHARMA APEX မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

မေလ (၁)ရက်နေ့Labor Day (အလုပ်သမားနေ့) ဆိုတာက အလုပ်သမားတွေရဲ့ အားထုတ်မှုနဲ့စွမ်းဆောင်ရည်ကို ဂုဏ်ပြုတဲ့နေ့အဖြစ် ကမ္ဘာတစ်ဝှ...
01/05/2025

မေလ (၁)ရက်နေ့Labor Day (အလုပ်သမားနေ့) ဆိုတာက အလုပ်သမားတွေရဲ့
အားထုတ်မှုနဲ့စွမ်းဆောင်ရည်ကို ဂုဏ်ပြုတဲ့နေ့အဖြစ် ကမ္ဘာတစ်ဝှမ်းမှာ
ကျင်းပလေ့ရှိပါတယ်။

Labor Day နှင့်ပတ်သက်သည့် အချက်များ
အဓိပ္ပာယ် -အလုပ်သမားများ၏ အခွင့်အရေး၊
လူမှုရေး တရားမျှတမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်
သူတို့၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုသောနေ့ဖြစ်ပါတယ်။

ကျင်းပသည့်နေ့ - အမေရိကန်နှင့် ကနေဒါတွင် စက်တင်ဘာ၏
ပထမတနင်္လာနေ့ (ဥပမာ 2023 ခုနှစ်တွင် စက်တင်ဘာ ၄ရက်)။
အခြားနိုင်ငံများ (ဥရောပ၊ အာရှ၊ လက်တင်အမေရိက) တွင်
မေလ ၁ရက် (May Day) ကို အပြည်ပြည်ဆိုင်ရာ
အလုပ်သမားနေ့အဖြစ် ကျင်းပကြသည်။

သမိုင်းကြောင်း -၁၉ရာစုအတွင်း အလုပ်သမားများ၏
အလုပ်ချိန် ၈နာရီ၊ လုပ်ခ မျှတမှု စသည့် တောင်းဆိုမှုများမှ စတင်ခဲ့သည်။
ပထမဆုံး Labor Day ကို ၁၈၈၂ခုနှစ်တွင် အမေရိကန်၌ စတင်ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် Labor Day - မြန်မာနိုင်ငံ၌
မေလ ၁ရက်နေ့ကိုအလုပ်သမားနေ့ အဖြစ် သတ်မှတ်ပြီး
အလုပ်သမားသမဂ္ဂများက ဂုဏ်ပြုအခမ်းအနားများ ပြုလုပ်လေ့ရှိသည်။

အရေးပါမှု - အလုပ်သမားများ၏ အခွင့်အရေး ၊ လုပ်ခလစာ ၊
လုပ်ငန်းခွင်ဘေးကင်းရေးစသည့် အကြောင်းအရာများကို
အလေးထား ဆွေးနွေးသောနေ့ဖြစ်သည်။
လူမှုရေး တိုးတက်မှုအတွက် အလုပ်သမားများ၏
အခန်းကဏ္ဍကို မီးမောင်းထိုးပြသည့်နေ့။

ဒါကြောင့် Labor Day ဆိုတာ ကမ္ဘာတစ်ဝှမ်းက အလုပ်သမားတွေရဲ့
ရပိုင်ခွင့်နဲ့ ဂုဏ်သိက္ခာအတွက် ဂုဏ်ပြုကျင်းပတဲ့နေ့ ဖြစ်ပါတယ်။

🛠️၁.၅.၂၀၂၅ (ကြာသပတေး‌နေ့)သည် အပြည်ပြည်ဆိုင်ရာကမ္ဘာ့အလုပ်သမားနေ့ဖြစ်ပြီး

🛠️လုပ်ငန်းခွင်အသီးသီးမှ ကာယ၊ဉာဏလုပ်သားများအားလုံးကို
Pharma Apexမိသားစုကလေးစားစွာဂုဏ်ပြုကြိုဆိုလိုက်ပါသည်။

#အလုပ်သမားနေ့

21/04/2025
💌သင်္ကြန်ဆုတောင်း💌ဘဝရဲ့ ပန်းတိုင်တွေကို ဘေးဘယာကင်းကင်းကျန်းကျန်းမာမာဖြတ်သန်းနိုင်သောနှစ်သစ်ဖြစ်ရပါစေလို့ Pharma Apexမိသာ...
13/04/2025

💌သင်္ကြန်ဆုတောင်း💌
ဘဝရဲ့ ပန်းတိုင်တွေကို ဘေးဘယာကင်းကင်းကျန်းကျန်းမာမာဖြတ်သန်းနိုင်သောနှစ်သစ်ဖြစ်ရပါစေလို့ Pharma Apexမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 💊💥




မြေပြင်​ပေါ် ဖျာခင်းအိပ်ခြင်း​ကြောင့် ဖြစ်လာကြသည့် ​ဆိုးကျိုးရောဂါလက္ခဏာများ‼️ငလျင်ဒဏ်ခံစားပြီး​နောက် လူ​တွေဟာ တိုက်တာအ​...
11/04/2025

မြေပြင်​ပေါ် ဖျာခင်းအိပ်ခြင်း​ကြောင့် ဖြစ်လာကြ
သည့် ​ဆိုးကျိုးရောဂါလက္ခဏာများ‼️

ငလျင်ဒဏ်ခံစားပြီး​နောက် လူ​တွေဟာ တိုက်တာအ​ဆောက်အဦးမှာ မအိပ်နိုင်ကြ​တော့ဘဲ ည အချိန်၌ ကွင်းလပ်မှာ ဖျာခင်း၊မိုးကာခင်း အိပ်ကြရသည်။

တ​နေကုန် ပူပြီး ည အချိန်တွင် ​မြေ​ငွေ့ပျံခြင်း​အ​ပေါ် ကာလအချိန်အ​တော်ကြာ အိပ်ကြရသည့်အတွက် ​အောက်​ဖော်ပြပါ ​ရောဂါများ ခံစားလာကြရသည်ကို ​တွေ့ရပါသည်။

- ပါး​စောင်များ ​ရောင်ရမ်းခြင်း

- မျက်ဝတ်များ ထွက်ခြင်း၊မျက်စိဝါးခြင်း

- ဆီးပူ၊ဆီး​အောင့်ခြင်း

- ဂုတ်​ကြောများ​တောင့်တင်းခြင်း

- ခါးနာခြင်း

- အ​ရေပြား ယားယံပြီး အနီစက်ထွက်ခြင်း

- ​ခြေဆစ်၊လက်ဆစ်များ ကိုက်ခဲခြင်း

- ​ချောင်းဆိုး ရင်ကြပ်ခြင်း

- ​ခေါင်းကိုက်၍ စိတ်မကြည်လင်ခြင်း စသည့် ​ရောဂါလက္ခဏာများ နှင့် ဒွန်တွဲ ​တွေ့ရပါသည်။

အထက်ပါလက္ခဏာများ ခံစား​နေရပါက ​မြေပြင်​ပေါ် တိုက်ရိုက် မအိပ်ဘဲ
ခုတင်(စင်)တခုခု​ပေါ် ​ပြောင်းအိပ်သင့်​ပါတယ်။

ခန္ဓာကိုယ်အပူများပြီး ဖြစ်လာတဲ့အတွက် ​ရေများများ​သောက်​ပေးပါ။

ဝမ်း မချုပ်ပါ​စေနဲ့။
အရည်ရွှမ်း အသီးအနှံများများ စား​ပေးပါ။

ဓါတ်ဆားရည် ​သောက်လို့ရပါတယ်။

လူငယ်​တွေ ခံစား​နေရတာ မသိသာဘဲ အသက်အရွယ်ရ လူကြီး​တွေအတွက်​တော့ ​တော်​တော်ခံစားကြရပါတယ်🥲။

#​မိမိရဲ့မိသားစုအပေါ်ချစ်ခင်ကြင်နာနိုင်ပါစေ။

#ဂရုစိုက်ကြပါနော်။

#ဘေးဘယာကင်းဝေးကြပါစေလို့Pharma Apexမိသားစုကဆုမွန်ကောင်းပေးလိုက်ပါတယ်။

#အနာရောဂါကင်းဝေးကြပါစေ။



-N

ငလျင်အပြီး Aftershock လာနိုင်တာကြောင့် အရေးပေါ်အိတ် Emergency Bag တွေ ပြင်ထားဖို့ လုံးဝ အရေးကြီးပါတယ် ‼️ဘေးအန္တရာယ်ဆိုတာ...
06/04/2025

ငလျင်အပြီး Aftershock လာနိုင်တာကြောင့် အရေးပေါ်အိတ် Emergency Bag တွေ ပြင်ထားဖို့ လုံးဝ အရေးကြီးပါတယ် ‼️

ဘေးအန္တရာယ်ဆိုတာ အချိန်မရွေးကျရောက်နိုင်တာကြောင့် ဘယ်အချိန်မှာမဆို ထွက်ပြေးနိုင်ဖို့၊ ကိုယ့်ကိုယ်ကို ကယ်တင်နိုင်ဖို့အတွက် အရေးပေါ်အိတ်ထဲမှာ ဒီပစ္စည်းတွေ ရှိဖို့လိုအပ်ပါတယ်။

Emergency Bag ထဲမှာ ထည့်သင့်တဲ့ Item List ✅

1. 💧 သောက်သုံးရေ (အနည်းဆုံး ၁ လီတာ)

သောက်သုံးရေပြတ်တာတွေ ဖြစ်နိုင်တဲ့အပြင်သန့်ရှင်းတဲ့ရေတွေ ရှာရခက်ခဲလာနိုင်တာကြောင့် ရေသန့်တစ်ဘူးတော့ ဆောင်ထားပါ။

2. 🥫 တစ်နေ့တာ စားလို့ရတဲ့အစားအစာများ

Read Made စားရလွယ်တဲ့ Canned Food စည်သွပ်ဘူးတွေ၊ Biscuit လို သယ်ရလွယ်၊ အထားခံတဲ့ Dry Food တွေ ဆောင်ထားပါ။

3. 🔦 ဓာတ်မီး(Torchlight) + Battery

လျှပ်စစ်မီးပြတ်တောက်လို့ မီးပြတ်တဲ့အချိန်တွေ၊ ညဖက်တွေအတွက် အရမ်းအရေးကြီးပါတယ်။

4. 🔋 Power Bank (fully charged)၊ Phone Charger အားသွင်းကြိုး

အခုက ဖုန်းတွေမရှိရင် ဆက်သွယ်လို့ မရနိုင်တာကြောင့် ဖုန်းအားသွင်းကြိုးတွေအပြင် Power Bank တစ်ယောက်တစ်လုံးလည်း ဆောင်ထားဖို့လိုတယ်နော်။

5. 🩹 First Aid Kit

ပိုးသတ်ဆေး၊ ပလတ်စတာ၊ ပတ်တီး၊ အနာလိမ်းဆေး စတဲ့ အရေးပေါ်လိုအပ်တဲ့ဆေးတွေ၊ ကိုယ့်ကျန်းမာရေးအတွက် အမြဲသောက်ရတဲ့ဆေးတွေကိုလည်း အနည်းငယ်ပြင်ဆင်ထားပါ။

6. 😷 Mask + 🧴 Alcohol Wipes / Sanitizer

လူများတဲ့နေရာမှာ ဖြစ်ဖြစ်၊ ဖုန်တွေ သဲတွေများတဲ့နေရာမှာဖြစ်ဖြစ် ရောဂါကင်းစင်ဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒါမျိုးတွေ ပြင်ထားတာ မမှားပါဘူး။

7. 🪪 ID Card ၊ အရေးကြီး စာရွက်စာတမ်း၊ 💵 ငွေသားအနည်းငယ်

အရေးကြုံလာရင် မိမိကိုယ်ကိုယ် ဘယ်သူဘယ်ဝါမှန်း ထောက်ပြဖို့နဲ့ တဖြည်းဖြည်း ပြန်လည်ထူထောင်တဲ့အခါ အကူအညီတောင်းဖို့လည်း ဒီလိုမျိုး Documents တွေက လိုအပ်လာပါလိမ့်မယ်။

8. ☔ ထီး/ Raincoat / မိုးကာပလပ်စတစ်

သဘာဝဘေးအန္တရယ်ဆိုတာ မှန်းမရသလို မိုးရွာချင်ရွာနိုင်တာမလို့ ထီးဖြစ်ဖြစ် မိုးကာဖြစ်ဖြစ် အဆင်သင့်ထည့်ထားပါ။

9. 👕 အဝတ်အစားသန့်သန့် ၁ set + 🪥 တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းသေးသေးတွေ

အပြင်မှာ နေရမယ့်ရက်များရင် လုံးဝလိုပါတယ်။

10. 📣 Whistle

အကယ်၍ ကိုယ်က ပိတ်မိနေလို့ အကူအညီတောင်းဖို့ဖြစ်ဖြစ်၊ ထွက်ပြေးရင် အသံနဲ့ အကြောင်းကြားနိုင်ဖို့ ဝီစီလေးတစ်ခုတော့ ဆောင်ထားပေးပါ။

11. 📻 Battery သုံး Radio

ဖုန်းတွေ ရှိပေမယ့် အင်တာနက်လိုင်းတွေ Network တွေ ပျက်တဲ့အချိန်မှာတော့ သတင်းအချက်အလက်တွေ Update သိနိုင်ဖို့ Radio လေး ဆောင်ထားတာက မမှားပါဘူးနော်။

12. 📞 Emergency Contact List (စာရွက်ပေါ်ရေးထားတဲ့ဖုန်းနံပါတ်များ)

ဖုန်းထဲမှာပဲ Contact တွေ မှတ်ထားတတ်ကြတာကြောင့် တကယ်လို့ ဖုန်းဖွင့်မရရင်၊ Memory ပျက်သွားရင် ကိုယ့်ချစ်ရသူတွေနဲ့ ဆက်သွယ်နိုင်အောင် သူတို့ရဲ့ ဖုန်းနံပါတ်လေးတွေကို စာအုပ်ထဲ ကြိုရေးမှတ်ထားပါ။

13. 🧻 စက္ကူတစ်ထုပ် / Wet Tissue

အရေးပေါ်အခြေအနေမှာ သန့်ရှင်းရေးအတွက် တချို့အချိန်တွေဆို ရေမရနိုင်လို့ ပြင်ထားသင့်ပါတယ်။

14. 🛍️ ပလပ်စတစ်အိတ် (Ziplock / Garbage Bag)

ချွတ်ထားတဲ့အဝတ်အစားတွေထည့်ဖို့၊ အမှိုက်စွန့်ပစ်ဖို့ တို့အတွက် အသုံးဝင်ပါတယ်။

15. 🛠️ Multi-tool / Swiss Knife

တစ်ခုခုဆို ပိတ်တာဖွင့်တာ၊ လှီးဖို့ညှပ်ဖို့လိုလာတာ၊ ပြင်ဆင်ရတဲ့ အလုပ်အမျိုးမျိုးအတွက် အသုံးဝင်ပါတယ်။ (အကြီးမဟုတ်တောင် ဘေးကင်းတဲ့ One-Piece Tool လေးတွေလည်း ရပါတယ်။)

16. 🍼 ကလေးရှိတဲ့ ကလေးမိဘတွေအတွက် ပစ္စည်းများ (သက်ဆိုင်သူများအတွက်)

ကလေးရှိသူများအနေနဲ့ Diaper၊ Baby Formula၊ အခြားကလေးပစ္စည်း စတာမျိုး ထည့်ထားဖို့လိုပါတယ်။

17. 📝 Notebook + Pencil / Pen

ဖုန်းသုံးလို့မရတဲ့အခါ စာရေးဖို့၊ လမ်းညွှန် Map တွေရေးဖို့၊ အသေးစိတ်မှတ်သားဖို့ အသုံးဝင်ပါတယ်။

18. 🎙️ အသံဖမ်းစက်/Voice Recorder (နည်းပညာသုံးနိုင်သူများအတွက်)

အရေးပေါ်အခြေအနေမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ၊ အချက်အလက်မှတ်သားဖို့ အသုံးပြုနိုင်ပါတယ်။

အရေးကြီးသော သတိပေးချက်‼️

• ကိုယ့်ရဲဲ့ Emergency Bag အိတ်ကို မိသားစုဝင်အားလုံးသိတဲ့နေရာမှာထားပါ။
• Emergency Bag တစ်ခုချင်းစီကို အိမ်မှာသာမက ရုံး၊ ကားထဲမှာတောင် သေးသေးလေးဖြစ်ဖြစ် ပြင်ထားတာကောင်းပါတယ်။
• တစ်အိမ်လုံးအတွက် အိတ်တစ်အိတ်မဟုတ်ဘဲ လူတစ်ယောက်စီ တစ်အိတ်စီ သီးသန့်ပြင်ထားပါ။
• မိသားစုကိုယ်တိုင်အပြင် အိမ်မွေးတိရစ္ဆာန်လေးတွေရှိရင် သူတို့အတွက်လည်း သန့်ရှင်းရေး၊ အစားအစာအတွက် ပြင်ဆင်ထည့်စဉ်းစားပေးဖို့လိုပါတယ်။
• နှစ်ရက် တစ်ကြိမ် (သို့မဟုတ်) လေးရက် တစ်ကြိမ် ပြန်စစ်ကြည့်ပါ။ (အစားအစာ Expiry / Battery သက်တမ်း)
• Aftershock မဖြစ်ခင် ကြိုတင်ပြင်ထားတာကပဲ ကိုယ့်အတွက်ကိုယ် သေချာပေါက်ကယ်တင်နိုင်မှာပါ။








 #လက်ရှိဖြစ်ပွါးခဲ့တဲ့အင်အားကြီးငလျင်ဒဏ်ကြောင့်ခံစားခဲ့ရသောမြန်မာနိုင်ငံအနှံအပြားမှမြန်မာပြည်သူပြည်သားများအားလုံးအတွက်Ph...
02/04/2025

#လက်ရှိဖြစ်ပွါးခဲ့တဲ့အင်အားကြီးငလျင်ဒဏ်ကြောင့်ခံစားခဲ့ရသော

မြန်မာနိုင်ငံအနှံအပြားမှမြန်မာပြည်သူပြည်သားများအားလုံးအတွက်

Pharma Apex မိသားစုမှထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။

ဘေးဘယာကင်းဝေးပြီးကျန်းမာချမ်းသာကြပါစေကြောင်း

ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။







25/03/2025

Address

Pyi Daung Su Main Road
Yangon
11412

Alerts

Be the first to know and let us send you an email when Pharma Apex Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Pharma Apex Co., Ltd:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram