28/05/2024
女 - onna
ဒီခန်းဂျီ က ကျွန်တော်တို့အတွက်စိမ်းလှတဲ့ ခန်းဂျီ တော့မဟုတ်ပါဘူး။ သူ့ကို မရေးတတ်ရင်
kunoichi ဆိုတဲ့ စကားလုံးအနေနဲ့မှတ်ထားလို့ရပါတယ်။ အရင်ခေတ်က မိန်းကလေး နင်ဂျာတွေကို ခေါ်ခဲ့တဲ့ စကားလုံးဖြစ်ပြီး
くノ一 ဆိုတဲ့ စကားသုံးလုံးကို အစဉ်လိုက်ရေးလိုက်ရင် 女ဖြစ်ပါတယ်။
ဒီ ခန်းဂျီကနေမှတစ်ဆင့် 母ဆိုတဲ့ အမေ ခန်းဂျီဖြစ်ပေါ်လာပါတယ် ကလေးတွေကိုရင်ခွင်ထဲထည့်ထားတဲ့ မိန်းကလေးပေါ့။
人+母 လူတိုင်းဟာ မိခင်ကနေမွေးတာပါ သက်ရှိတိုင်းသည်အမေရှိပါတယ်။
ဒါကြောင့် ~တိုင်း ဆိုတဲ့ အဓိပ္ပာယ်ကို
毎【まい】လို့ရေးခြင်းဖြစ်ပါတယ်။
氵ဒါလေးကို sanzui ရေစက်သုံးခု radical လို့ခေါ်ပါတယ်။ ရေဆိုတဲ့ သဘောတရားရှိပြီးရေနဲ့ပတ်သတ်တဲ့ ခန်းဂျီတွေမှာသုံးပါတယ်။
氵+毎 ရေစက်လေးတွေတိုင်းဟာ ပင်လယ်ဆီကို စီးဆင်းတယ် ဒါကြောင့်မို့ 海【うみ】 လို့ရေးပါတယ်။
好き မိန်းကလေးနဲ့ ကလေး ပေါင်းရင် suki ကြိုက်နှစ်သက်ခြင်းဖြစ်ပါတယ်။
妹【いもう】女+未だ【まだ】မ~သေးဘူး ပေါင်းရေးလိုက်တော့ မိန်းကလေးရယ်လို့မဖြစ်သေးသူ ညီမလေးဖြစ်သွားပါတယ်။
Btw 始める hajimeru စတင်တယ်ဆိုတဲ့ ခန်းဂျီက 女 ဘေးမှာ 厶口 ကိုရေးထားတာပါ katana mu နဲ့ ပါးစပ်ခန်းဂျီ kuchi
mukuchi ဆိုတာ နှုတ်ဆိတ်နေတာ စကားနည်းသွားတာ ခေါင်းကြီးတို့။ အဲ့တော့ မိန်းကလေးတွေ စကားရုတ်တရက်နဲသွားရင် တခုခုကတော့
始まる စတင်လာတော့မယ်ဆိုတာ သိထားကြပေတော့။ バイバイ!
Crd 先生ヤーザー