Sakura Hospital

Sakura Hospital Sakura hospital, one of the most historic private hospitals in Myanmar, was opened since 1st Jan,1998 We can also arrange for specialists on call service.

Sakura hospital, one of the most historic private hospitals in Myanmar, was opened since 1st January 1998. Our hospital is the 10th storey building with underground basement that can accommodate over 100 beds for our admission customers. The building is located at No.23, Shin Saw Pu Road, Sanchaung Township, Yangon. From 2009 March, Sakura hospital is being run by the new owner. Starting from 2009

, we have been upgrading and investing both materials and personnel to reach international level. We are providing multidisciplinary medical care services not only with modern day medical technologies and equipments but also with excellent and prompt treatments. We always take care of our customers with well-experienced and trained medical doctors, nurses and also with expert professional staffs in every respective department. We always focus on our customers’ well-being and delightfulness.

"၂၀၂၆ ခုနှစ်၏ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥𝐬 𝐖𝐞𝐞𝐤 အတွင်း ဆာကူရာဆေးရုံမှ 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 ဝန်ထမ်းများအား ဂုဏ်ပြုသောအားဖြင့် 𝐖...
07/05/2026

"၂၀၂၆ ခုနှစ်၏ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥𝐬 𝐖𝐞𝐞𝐤 အတွင်း ဆာကူရာဆေးရုံမှ 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 ဝန်ထမ်းများအား ဂုဏ်ပြုသောအားဖြင့် 𝐖𝐨𝐫𝐥𝐝 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐃𝐚𝐲 အခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရောဂါဗေဒပညာရှင် ဒေါက်တာအေးအေးမင်း မှ 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥𝐬 များအတွက် အမှာစကားပြောကြားခြင်း၊ ဂုဏ်ပြုကိတ်အားအတူတကွခွဲခြင်း၊ အမှတ်တရဓါတ်ပုံရိုက်ကူးခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။ တန်ဖိုးရှိအသက်ပေါင်းများစွာကိုကျန်းမာစေရန်အတွက် ပညာရှင်များအနေဖြင့် တစ်တပ်တအား ပါဝင်ဆောင်ရွက်လျက်ရှိသည့် 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥𝐬 များအားလုံးကို အထူးပင်ကျေးဇူးတင်ဂုဏ်ယူလျက်ရှိပါကြောင်း ဆာကူရာဆေးရုံမှ မှတ်တမ်းတင်ဂုဏ်ပြုလိုက်ရပါသည်။"




🌸 International Midwives Day 🌸ကိုယ်ဝန်ဆောင်စဉ်မှ စတင်ကာ မွေးဖွားချိန်နှင့် မွေးဖွားပြီးနောက်ပိုင်းအထိ မိခင်နှင့် မွေးကင်...
05/05/2026

🌸 International Midwives Day 🌸

ကိုယ်ဝန်ဆောင်စဉ်မှ စတင်ကာ မွေးဖွားချိန်နှင့် မွေးဖွားပြီးနောက်ပိုင်းအထိ မိခင်နှင့် မွေးကင်းစကလေးငယ် များ၏ ကျန်းမာရေးအတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်စောင့်ရှောက်ပေးနေကြသော သားဖွားဆရာမများအားလုံးကို ယနေ့ကျရောက်သည့် International Midwives Day တွင် လေးစားဂုဏ်ပြုအပ်ပါသည် 🎗️

💜 One Million More Midwives 💜

“(𝐟𝐨𝐫 𝐇𝐢𝐧𝐭𝐡𝐚𝐝𝐚 𝐒𝐚𝐤𝐮𝐫𝐚 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥) 𝐖𝐞 𝐚𝐫𝐞 𝐬𝐞𝐞𝐤𝐢𝐧𝐠 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐈𝐦𝐚𝐠𝐢𝐧𝐠 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐢𝐬𝐭𝐬 "𝐑𝐨𝐥𝐞𝐬 𝐚𝐧𝐝 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬:-Perform a vari...
04/05/2026

“(𝐟𝐨𝐫 𝐇𝐢𝐧𝐭𝐡𝐚𝐝𝐚 𝐒𝐚𝐤𝐮𝐫𝐚 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥) 𝐖𝐞 𝐚𝐫𝐞 𝐬𝐞𝐞𝐤𝐢𝐧𝐠 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐈𝐦𝐚𝐠𝐢𝐧𝐠 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐢𝐬𝐭𝐬 "

𝐑𝐨𝐥𝐞𝐬 𝐚𝐧𝐝 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬:
-Perform a variety of diagnostic imaging procedures, including X-rays, CT scans, and ultrasound examinations, in accordance with established protocols and physician orders.
-Ensure patient safety and comfort during imaging procedures, including proper positioning and monitoring.
-Operate and maintain imaging equipment, ensuring accuracy and functionality.
-Evaluate images for quality and clarity, identifying any issues or abnormalities that may require further attention.
-Collaborate with radiologists and other healthcare professionals to interpret imaging results and assist in patient care.
-Maintain accurate patient records and documentation of procedures performed.
-Adhere to all regulatory standards and guidelines for medical imaging practices.

𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬 𝐚𝐧𝐝 𝐒𝐤𝐢𝐥𝐥𝐬:
-𝐌𝐮𝐬𝐭 𝐛𝐞 𝐁.𝐌𝐞𝐝.𝐓𝐞𝐜𝐡 (𝐈𝐦𝐚𝐠𝐢𝐧𝐠).
-Good interpersonal and communication Skills.
-Professional manner and appearance.
-Able to work for the long term and day/night shifts.
-Salary will be negotiated based on experience and skills.

➡ Please send your CV with relevant documents via 𝐡𝐫.𝐬𝐚𝐤𝐮𝐫𝐚𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥𝐡𝐢𝐧𝐭𝐡𝐚𝐝𝐚@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦 or Viber : +𝟗𝟓𝟗𝟕𝟕𝟏𝟕𝟎𝟓𝟑𝟖𝟏.

💜 International Labour Day 💜 အလုပ်သမားနေ့ 💜နေ့စဉ်ဘဝကို ပိုမိုအဆင်ပြေစေဖို့၊ မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းအတွက် အားထုတ်က...
01/05/2026

💜 International Labour Day 💜 အလုပ်သမားနေ့ 💜

နေ့စဉ်ဘဝကို ပိုမိုအဆင်ပြေစေဖို့၊ မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းအတွက် အားထုတ်ကြိုးစားနေကြသော အလုပ်သမားများအားလုံးကို လေးစားဂုဏ်ပြုအပ်ပါသည် ✨✨

Happy Labour Day! 🌿🌿




🙏 🌕 ကဆုန်လပြည့်နေ့  🌕 🙏 ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်သည့် ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့)တွင်မိ...
30/04/2026

🙏 🌕 ကဆုန်လပြည့်နေ့ 🌕 🙏

ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်သည့် ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့)တွင်မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆာကူရာဆေးရုံမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည် 🌸 😊 🌸

🩺မပေါ့ဆသင့်သော မုန့်ချိုအိတ်ကင်ဆာ (Pancreatic Cancer) 🩺 မုန့်ချိုအိတ် (Pancreas) ဟာ အစာချေဖျက်ရာမှာ အရေးကြီးတဲ့ enzyme မ...
28/04/2026

🩺မပေါ့ဆသင့်သော မုန့်ချိုအိတ်ကင်ဆာ (Pancreatic Cancer) 🩺

မုန့်ချိုအိတ် (Pancreas) ဟာ အစာချေဖျက်ရာမှာ အရေးကြီးတဲ့ enzyme များ ထုတ်ပေးသလို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ hormone များကိုလည်း ထုတ်လုပ်ပေးတဲ့ အရေးပါတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။ မုန့်ချိုအိတ်ဆဲလ်တွေ မထိန်းနိုင်အောင် ကြီးထွားလာပြီး ကင်ဆာဆဲလ်တွေဖြစ်လာချိန်မှာ မုန့်ချိုအိတ်ကင်ဆာဖြစ်လာပါတယ်❗️

မုန့်ချိုအိတ်ကင်ဆာဟာ အခြားကင်ဆာအမျိုးအစားတွေနည်းတူ အစောပိုင်းအဆင့်မှာ လက္ခဏာမထင်ရှားဘဲ လူနာအများစုက ရောဂါရင့်လာချိန်မှာမှ သတိထားမိတတ်ပါတယ်။ ဒါကြောင့် မသိမသာ ဖြစ်ပေါ်နေတဲ့ လက္ခဏာတွေကိုလည်း လျစ်လျူရှုမထားဘဲ သတိထားကြည့်ရှုဖို့ အလွန်အရေးကြီးပါတယ်။ အချို့လူနာများတွေမှာ

❌ ဝမ်းဗိုက်အပေါ်ပိုင်းနာပြီး နောက်ကျောပြန်နာခြင်း

❌ အစာမကြေခြင်း

❌ မရည်ရွယ်ဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်းစတဲ့လက္ခဏာတွေကို တွေ့ရနိုင်ပြီး ရောဂါအဆင့်တက်လာချိန်မှာ အသားနှင့် မျက်စိအဝါရောင်ဖြစ်လာခြင်းလို လက္ခဏာတွေလည်း ထင်ရှားလာနိုင်ပါတယ်❗️

ဒါကြောင့်မုန့်ချိုအိတ်ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းတွေ၊ တခြားသူတွေထက်ရောဂါပိုဖြစ်စေနိုင်တဲ့ အခြေအနေတွေကိုသိရှိထားဖို့နဲ့ စောစောစီးစီး စစ်ဆေးမှုခံယူပြီးရောဂါကိုကြိုတင်ကာကွယ်ဖို့အရေးကြီးပါတယ် ✅✅

မုန့်ချိုအိတ်ကင်ဆာဖြစ်စေသော အကြောင်းအရင်းများ

⚠️ ဆေးလိပ်သောက်ခြင်း

⚠️ ဆီးချိုရောဂါရှိခြင်း

⚠️ မုန့်ချိုအိတ်ရောင်ရမ်းရောဂါ (chronic pancreatitis) ရှိခြင်း

⚠️ အဝလွန်ခြင်း

⚠️ မိသားစုမျိုးရိုးတွင် မုန့်ချိုအိတ်ကင်ဆာ သမိုင်းရှိခြင်း

⚠️ အသက်အရွယ်မြင့်တက်လာခြင်း (အထူးသဖြင့် အသက် ၆၅ နှစ်ကျော်သူများ)

သတိထားသင့်သော လက္ခဏာများ ⛔️

❗️ဝမ်းဗိုက်အပေါ်ပိုင်းနာပြီး နောက်ကျောပြန်နာခြင်း

❗️အစာစားချင်စိတ် လျော့နည်းခြင်း

❗️မရည်ရွယ်ဘဲ ကိုယ်အလေးချိန် ကျဆင်းခြင်း

❗️အသားနှင့် မျက်စိ အဝါရောင်ဖြစ်ခြင်း (Jaundice)

❗️ဆီးအရောင် မည်းလာခြင်း၊ ဝမ်းအရောင် ဖျော့လာခြင်း

❗️အစာမကြေခြင်း၊ မအီမသာဖြစ်ခြင်း

❗️ပင်ပန်းနွမ်းနယ်ခြင်း

❗️ဆီးချိုရောဂါ အသစ်ဖြစ်လာခြင်း သို့မဟုတ် ထိန်းရခက်လာခြင်း

ဘယ်လိုစစ်ဆေးနိုင်လဲ🔎
မုန့်ချိုအိတ်ကင်ဆာကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်ရန် အောက်ပါ စစ်ဆေးမှုများကို ပြုလုပ်နိုင်ပါတယ်

✅ Ultrasound ရိုက်ကူးခြင်း

✅ ကွန်ပြူတာဓာတ်မှန်ရိုက်ကူးခြင်း (CT Scan)

✅ သံလိုက်ဓာတ်မှန်ရိုက်ကူးခြင်း (MRI Scan)

✅Endoscopic Ultrasound (EUS)

✅သွေးစစ်ဆေးမှုများ

အထက်ပါစစ်ဆေးမှုတွေကတဆင့် မုန့်ချိုအိတ်နဲ့ ဆက်စပ်နေတဲ့ကိုယ်တွင်းအင်္ဂါတွေကိုပါ အသေးစိတ် ရှာဖွေစစ်ဆေးနိုင်ပြီး ရောဂါအခြေအနေကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။

မုန့်ချိုအိတ်ကင်ဆာဟာ ရောဂါလက္ခဏာမထင်ရှားတဲ့အတွက်ကြောင့် ဂရုတစိုက်နဲ့ စောစောစီးစီး ကျန်းမာရေး စစ်ဆေးမှုခံယူပြီး ကြိုတင်လက်ဦးမှုရယူဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့်သံသယဖြစ်စရာလက္ခဏာတွေ ဆက်တိုက်ခံစားနေရရင် မပေါ့ဆဘဲ ဆရာဝန်နှင့် တိုင်ပင်စစ်ဆေးခြင်းက သင့်ကျန်းမာရေးအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်စေမှာပါ ☘️☘️

🏥 ဆာကူရာဆေးရုံကြီးတွင် နောက်ဆုံးပေါ် ကွန်ပြူတာဓာတ်မှန် (CT Scan) နှင့် သံလိုက်ဓာတ်မှန် (MRI) စစ်ဆေးမှုများဖြင့် အတွေ့အကြုံရှိကျွမ်းကျင်ဝန်ထမ်းများမှ ရောဂါအခြေအနေများကို နေ့စဥ်စစ်ဆေးပေး လျက်ရှိသည့်အတွက် မိဘပြည်သူများအနေဖြင့် စိတ်ချယုံကြည်စွာလာရောက်စစ်ဆေးမှုခံယူနိုင်ကြောင်း သတင်းကောင်းပါးလိုပါတယ်ရှင့် 💜💜
=======================================================
🌸သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ🌸
🏥 Address: No (21/23), Shin Saw Pu Road, Sanchaung Township, Yangon
🗺️ Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
Phone: 01 7512668/69 (Hotline), 09 965121864/65, 09 424405952/53
✉️ Mail: info@sakura.hospital
🖥️ Website: sakurahospital.com.mm



💜 ဆာကူရာဆေးရုံကြီးတွင် ခေတ်မီနည်းပညာများအသုံးပြု၍ တိကျမြန်ဆန်စွာဖြင့် သင့်မိသားစုကျန်းမာရေးကို ဦးစားပေးစောင့်ရှောက်ပေးလျ...
24/04/2026

💜 ဆာကူရာဆေးရုံကြီးတွင် ခေတ်မီနည်းပညာများအသုံးပြု၍ တိကျမြန်ဆန်စွာဖြင့် သင့်မိသားစုကျန်းမာရေးကို ဦးစားပေးစောင့်ရှောက်ပေးလျက်ရှိပါတယ် 💜

👨‍⚕️ ဆရာဝန်ကြီးများနှင့်ပြသရန် 📅 Booking တင်ခြင်း နှင့် အထွေထွေစုံစမ်းမေးမြန်းရန် အတွက်👉

📞 01-7512668

📞 09-424405952 / 09-424405953

📞 09-965121864 / 09-965121865 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
----------------------------------------------------------------------------------------------------------
🌸 သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ 🌸
🏨 ဆာကူရာဆေးရုံ - အမှတ်(၂၁/၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
🧭 Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
📨 Mail: info@sakura.hospital
🖥️ Website: sakurahospital.com.mm
#ဆာကူရာဆေးရုံ

"ဆာကူရာဆေးရုံမှ 𝐀𝐩𝐫𝐢𝐥 လ မွေးနေ့ရှင်ဝန်ထမ်းများအတွက် မွေးနေ့အမှတ်တရပွဲကျင်းပပြုလုပ်ပေးခဲ့သည့်ပုံရိပ်များအား အမှတ်တရမှတ်တမ...
23/04/2026

"ဆာကူရာဆေးရုံမှ 𝐀𝐩𝐫𝐢𝐥 လ မွေးနေ့ရှင်ဝန်ထမ်းများအတွက် မွေးနေ့အမှတ်တရပွဲကျင်းပပြုလုပ်ပေးခဲ့သည့်ပုံရိပ်များအား အမှတ်တရမှတ်တမ်းတင်မျှဝေလိုက်ရပါသည်။"




🌸 ဆာကူရာဆေးရုံကြီးတွင် Helium-free, 1.5T MRI စက်သစ်ကြီးဖြင့် သံလိုက်ဓာတ်မှန်ရိုက်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုပါ...
21/04/2026

🌸 ဆာကူရာဆေးရုံကြီးတွင် Helium-free, 1.5T MRI စက်သစ်ကြီးဖြင့် သံလိုက်ဓာတ်မှန်ရိုက်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုပါတယ်ရှင့် 🌸

MRI (သံလိုက်ဓာတ်မှန်ရိုက်ကူးခြင်း) နည်းပညာဟာ ကိုယ်တွင်းကလီစာများ၊ အရိုးများ၊ ကြွက်သားများနှင့် သွေးကြောများ အားလုံးကို အသေးစိတ်ရိုက်ကူးနိုင်စွမ်းရှိပြီး ဓာတ်ရောင်ခြည်ထိတွေ့မှုလုံးဝမရှိတဲ့အတွက် ရောဂါစစ်ဆေးခြင်း၊ ရှာဖွေခြင်းတွေမှာ များစွာအသုံးဝင်ပါတယ် 💜💜

ဒါ့အပြင် ဆာကူရာဆေးရုံကြီးမှ MRI စက်သစ်ကြီးမှာဆိုရင် 👉🏼

✅ Helium-free နည်းပညာသစ် ဖြစ်တာကြောင့် ကုန်ကျစရိတ်သက်သာခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် အထောက်အကူပြုခြင်း

✅ Power Sense Fast Imaging System အသုံးပြုထားတဲ့အတွက် အချိန်တိုအတွင်း အရည်အသွေးမြင့်ပုံရိပ်တွေ ရိုက်ကူး ထုတ်လုပ်ပေးနိုင်ခြင်း

✅ i-Smooth Mute နည်းပညာအသုံးပြုတာကြောင့် ဆူညံသံထွက်မှုနည်းတဲ့အတွက် လူနာများသက်တောင့် သက်သာရိုက်ကူးမှုခံယူနိုင်ခြင်း
စတဲ့အားသာချက်တွေ ပါဝင်ပါတယ်

MRI အသုံးပြုပြီး ရှာဖွေစစ်ဆေးပေးနိုင်တဲ့ရောဂါတွေကတော့

☘️ ဦးနှောက်နှင့်အာရုံကြောရောဂါများ

☘️ ဦးနှောက်သွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်အကျိတ်များ၊ အယ်လ်ဇိုင်းမားရောဂါ

☘️ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာရောဂါများ

☘️ အရိုး၊ အကြော၊ အဆစ်ရောဂါများ (လည်ပင်းနာ၊ ခါးနာခြင်း၊ ခါးဆစ်ကျွံခြင်း ၊ အာရုံကြောညပ်ခြင်း၊ အရွတ်ရောင်ခြင်း၊ အရွတ်ပြဲခြင်း စသဖြင့်)

☘️ ဝမ်းဗိုက်တွင်း ကလီစာများတွင်ဖြစ်သောရောဂါအမျိုးမျိုး (အစာအိမ်၊ အူလမ်းကြောင်း၊ မုန့်ချိုအိတ်၊ အသည်း၊ သည်းခြေအိတ်၊ ကျောက်ကပ် စသဖြင့်)

☘️ ရင်သားအကျိတ်များ

☘️ မီးယပ်ရောဂါများ

MRI ရိုက်လျှင် ဓာတ်ရောင်ခြည်ထိတွေ့မှု လုံးဝမရှိပဲ ရောဂါတိတိကျကျရှာဖွေနိုင်တဲ့အပြင် Helium-free နည်းပညာသစ် ဖြစ်တာကြောင့် ကုန်ကျစရိတ်သက်သာခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အထောက်အကူပြုခြင်းစတဲ့ အကျိုးကျေးဇူးများလည်း ရရှိစေမှာဖြစ်ပါတယ်ရှင့် ✨✨

သံလိုက်ဓာတ်မှန်အတွက် ဆက်သွယ်စုံစမ်းလိုပါက ဆာကူရာဆေးရုံ၊ ဓာတ်မှန်ဌာန - 𝟎𝟗 𝟐𝟔𝟖𝟎 𝟒𝟐𝟕𝟔𝟐, 𝟎𝟗 𝟕𝟓𝟗𝟗 𝟐𝟒𝟑𝟑𝟗 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် 🤗
=======================================================
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
🏥 Address: No (21/23), Shin Saw Pu Road, Sanchaung Township, Yangon
🗺️ Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
☎️ Phone: 09 268042762, 09 759924339
📧 Mail: info@sakura.hospital
🖥️ Website: sakurahospital.com.mm
#သံလိုက်ဓာတ်မှန်

"မြန်မာ့နှစ်သစ်ကူး ကုသိုလ်ဒါန""မြန်မာတို့၏ နှစ်သစ်ကူးကာလ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း နှင့် နှစ်သစ်ဦးအလှူဒါနအစုစုအ...
20/04/2026

"မြန်မာ့နှစ်သစ်ကူး ကုသိုလ်ဒါန"

"မြန်မာတို့၏ နှစ်သစ်ကူးကာလ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း နှင့် နှစ်သစ်ဦးအလှူဒါနအစုစုအား မျှဝေရင်း မိဘပြည်သူများအားလုံး ရောဂါဘယများကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆာကူရာဆေးရုံမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။"


💦🪅 သင်္ကြန်ပွဲတော်ကြီးမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ပြီးတဲ့နောက် ကျန်းမာရေးပြဿနာအသေးစားလေးတွေ တွေ့ကြုံရတတ်ပါတယ...
18/04/2026

💦🪅 သင်္ကြန်ပွဲတော်ကြီးမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ပြီးတဲ့နောက် ကျန်းမာရေးပြဿနာအသေးစားလေးတွေ တွေ့ကြုံရတတ်ပါတယ်။ ပူပြင်းတဲ့ရာသီအတွင်း နေရောင်ထဲမှာ အချိန်ကြာကြာနေပြီး ရေကစားတာ၊ သင်္ကြန်ကာလအတွင်း အိပ်ချိန်မလုံလောက်တာနဲ့ အစားအသောက်မျိုးစုံစားသောက်မိတာ စတဲ့အချက်တွေကြောင့် ပင်ပန်းနွမ်းနယ်ပြီးအားနည်းတာ၊ ဗိုက်အောင့်ဗိုက်နာဖြစ်တာ၊ အရေပြားပျက်စီးတာ စတဲ့လက္ခဏာတွေ ခံစားရတတ်ပါတယ်။
ဒါကြောင့် ပွဲတော်ကာလပြီးချိန်မှာ ကိုယ်ခန္ဓာကို ပြန်လည်ဂရုစိုက်ပြီး နေ့စဉ်ဘဝကို ကျန်းမာစွာ ဆက်လက်လုပ်ဆောင်နိုင်ဖို့၊ ကိုယ့်ကျန်းမာရေးကို နည်းနည်းပိုဂရုစိုက်ပေးဖို့ နည်းလမ်းလေးတချို့ကို မျှပေးပေးချင်ပါတယ် 💜💜

💤 လုံလုံလောက်လောက်အနားယူပါ
သင်္ကြန်ကာလအတွင်း သွားလာလှုပ်ရှားရချိန်များတာကြောင့် အိပ်ချိန်နည်းပြီး ကိုယ်ခန္ဓာအားနည်း နေနိုင်ပါတယ်။ ဒါ့ကြောင့်နေ့စဉ် အိပ်ရေးဝဝယူပြီး ခန္ဓာကိုယ်ကိုအားပြန်လည်ဖြည့်တင်းဖို့ လိုအပ်မှာပါ။

💧 ရေဓာတ်ပြန်လည်ဖြည့်တင်းပါ
ရာသီဥတုအင်မတန်ပူတာကြောင့် ရေဓာတ်လျော့နည်းလွယ်ပြီး ခန္ဓာကိုယ်မောပန်းနေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာအတွင်း ရေကို အလုံအလောက်သောက်ပေးပါ၊ လိုအပ်ရင် သဘာဝအသီးဖျော်ရည်တွေ၊ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်သော အချိုရည်တွေကိုလည်း သောက်သုံးနိုင်ပါတယ်။

🥘 အစားအသောက်ကို ပြန်ဂရုစိုက်ပါ
ပွဲတော်အတွင်း အပြင်အစားအသောက်များ (အကင်များ၊ အသင့်စားအစားအသောက်များ) သို့မဟုတ် အချိုရည်/အရက်အလွန်အကျွံသောက်သုံးမှုများကြောင့် ခန္ဓာကိုယ်အတွင်း အဆင်မပြေမှုများ (hangover လို ခံစားရခြင်း၊ အစာမကြေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း) ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် ပွဲတော်ပြီးနောက်မှာတော့ ရေဓာတ်ပြန်လည်ဖြည့်တင်းပြီး ပေါ့ပါးလွယ်ကူသော၊ သန့်ရှင်းပြီး အာဟာရညီမျှသော အစားအစာများကို ရွေးချယ်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကို ပြန်လည်ထိန်းသိမ်းသင့်ပါတယ်။

🛡️ အရေပြားကျန်းမာရေးကိုလည်း ဂရုစိုက်ပါ
သင်္ကြန်ပြီးနောက် ရေကစားခြင်း၊ နေရောင်ထိတွေ့မှုများခြင်းနှင့် အညစ်အကြေးများကြောင့် အရေပြားယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်း သို့မဟုတ် အရေပြားမသက်သာမှုများ ဖြစ်ပေါ်နိုင်ပါတယ်။ ထိုသို့သော လက္ခဏာများရှိပါက မပေါ့ဆဘဲ လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်စစ်ဆေးသင့်ပါတယ်။

⚠️ မသက်သာတာတွေရှိရင် မပေါ့ဆပါနဲ့
ရက်အနည်းငယ်ကြာတဲ့အချိန်အထထိ မောပန်းနွမ်းနယ်မှု၊ အသက်ရှူမဝမှု၊ အစာမကြေမှု စတာတွေခံစားနေရ မယ်ဆိုမပေါ့ဆဘဲ ဆရာဝန်နှင့် တိုင်ပင်စစ်ဆေးသင့်ပါတယ်၊ အကြောင်းကတော့ ဒီလိုလက္ခဏာတွေက ရိုးရိုးပင်ပန်းမှုကြောင့်သာ မဟုတ်ဘဲ အခြားကျန်းမာရေးပြဿနာတစ်ခုခုရဲ့အစောပိုင်းလက္ခဏာလည်း ဖြစ်နိုင်တာကြောင့် အချိန်မီစစ်ဆေးလိုက်မယ်အချိန်မီ ထိန်းချုပ်နိုင်စေမှာပါ။

💙 ကျန်းမာသော နှစ်သစ်တစ်ခုကို အတူတကွ စတင်ကြပါစို့ 💙
=======================================================
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
🏥 Address: No (21/23), Shin Saw Pu Road, Sanchaung Township, Yangon
🗺️ Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
☎️ Phone: 01 7512668/69, 09 424405952/53, 09 965121864/65
📧 Mail: info@sakura.hospital
🖥️ Website: sakurahospital.com.mm
-tips

🙏 နှစ်သစ်အကြို ဆုမွန်ကောင်း 🙏မြန်မာ့နှစ်သစ်ကူး သင်္ကြန်အခါသမယမှစတင်၍ မြန်မာပြည်သူပြည်သားအားလုံး ရောဂါအနာဘယများကင်းဝေးပြီ...
13/04/2026

🙏 နှစ်သစ်အကြို ဆုမွန်ကောင်း 🙏

မြန်မာ့နှစ်သစ်ကူး သင်္ကြန်အခါသမယမှစတင်၍ မြန်မာပြည်သူပြည်သားအားလုံး ရောဂါအနာဘယများကင်းဝေးပြီး မင်္ဂလာရှိသော နှစ်သစ်ကူးအချိန်အခါလေးပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆာကူရာဆေးရုံမိသားစုမှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့် 💜💜
---------------------------------------------------------------------------------------------------------------------
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
📞Phone: 01- 7512 668/69, 09424405952/53, 09 965121864/65
🏥ဆာကူရာဆေးရုံ - အမှတ်(၂၁/၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
🧭Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
📧Mail: info@sakura.hospital
🖥️Website: sakurahospital.com.mm

#သင်္ကြန်

Address

21/23 Shin Saw Pu Road , Sanchaung Twp
Yangon
11111

Alerts

Be the first to know and let us send you an email when Sakura Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sakura Hospital:

Share

Category