Sakura Hospital

Sakura Hospital Sakura hospital, one of the most historic private hospitals in Myanmar, was opened since 1st Jan,1998 We can also arrange for specialists on call service.

Sakura hospital, one of the most historic private hospitals in Myanmar, was opened since 1st January 1998. Our hospital is the 10th storey building with underground basement that can accommodate over 100 beds for our admission customers. The building is located at No.23, Shin Saw Pu Road, Sanchaung Township, Yangon. From 2009 March, Sakura hospital is being run by the new owner. Starting from 2009, we have been upgrading and investing both materials and personnel to reach international level. We are providing multidisciplinary medical care services not only with modern day medical technologies and equipments but also with excellent and prompt treatments. We always take care of our customers with well-experienced and trained medical doctors, nurses and also with expert professional staffs in every respective department. We always focus on our customers’ well-being and delightfulness.

တချို့သောအမျိုးသမီးတွေဟာ ကလေးမွေးပြီးချိန်မှာ စိတ်ကျဝေဒနာ (ဒါမှမဟုတ်) စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှု ခံစားရလေ့ရှိပါတယ်။ ...
08/10/2025

တချို့သောအမျိုးသမီးတွေဟာ ကလေးမွေးပြီးချိန်မှာ စိတ်ကျဝေဒနာ (ဒါမှမဟုတ်) စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှု ခံစားရလေ့ရှိပါတယ်။ ဒီလိုလက္ခဏာတွေက ရက်အနည်းငယ်အတွင်းမှာသက်သာ ပျောက်ကင်းသွားတတ် ပေမဲ့ ပိုပြီးပြင်းပြင်းထန်ထန်ခံစားရတဲ့တချို့သူတွေကတော့ သက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်နဲ့ ပြသတိုင်ပင် ဖို့လိုအပ်ပါတယ်။ လူနာကိုယ်တိုင် စိတ်ကျဝေဒနာရဲ့ လက္ခဏာတွေကိုမသိရှိတာ (ဒါမှမဟုတ်) လျစ်လျူရှု မိတာမျိုးဖြစ်နိုင်တဲ့အတွက် ကိုယ်ကိုယ်တိုင်သာမက မိသားစု တစ်ခုလုံးအပေါ်မှာပါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြဿနာ တွေ ကြုံရလာနိုင်ပါတယ် ❗❗

ကလေးမွေးပြီးခံစားရတဲ့ စိတ်ကျဝေဒနာဆိုတာ ကလေးမွေးပြီးဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတစ်မျိုးဖြစ်ပါတယ်။ ဒီလိုဖြစ်စေတဲ့အဓိကအကြောင်းအရင်းကို မသိရှိရသေးပေမဲ့ မိခင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုဆိုင်ရာ ပြဿနာတွေနဲ့ဆက်စပ်နေနိုင်ပါတယ်။ ကလေးမမွေးခင် ခံစားရတဲ့ဖိအားတွေနဲ့ မွေးဖွားပြီးချိန်မှာကြုံရတဲ့ ကိုယ်/စိတ်ပင်ပန်းမှုတွေ အားလုံးက စိတ်ကျဝေဒနာခံစားရတဲ့အထိ ဦးတည်သွားတာလည်းဖြစ်နိုင်ပါတယ် ⚠⚠

ကလေးမွေးပြီးစိတ်ကျဝေဒနာခံစားနေရသလား ဘယ်လိုသိနိုင်မလဲ❓
ကလေးမွေးပြီး မိခင်တွေအနေနဲ့ အောက်ပါမေးခွန်း (၂) ခုကို ကိုယ့်ကိုယ်ကိုပြန်မေးဖို့ လိုအပ်ပါ တယ်။

👉 ပြီးခဲ့တဲ့လအနည်းငယ်မှာ စိတ်အခြေအနေမကောင်းသလို၊ စိတ်ဓာတ်ကျနေသလို ဒါမှမဟုတ် အနာဂတ် အတွက်မျှော်လင့်ချက်မရှိသလို ခံစားနေရသလား❔

👉 ပြီးခဲ့တဲ့လအနည်းငယ်မှာ ဘာမှစိတ်မဝင်စားသလိုဖြစ်နေလား (ဒါမှမဟုတ်) စိတ်ညစ်ညူးနေသလား❔
အပေါ်က မေးခွန်း (၂) ခုစလုံးအတွက် အဖြေကဟုတ်တယ်ဆိုရင်တော့ သင့်အနေနဲ့ ကျွမ်းကျင်သူနဲ့ပြသပြီး တိုင်ပင်သင့်နေပြီဖြစ်ပါတယ်။

ကလေးမွေးပြီးခံစားရနိုင်တဲ့ စိတ်ဝေဒနာအမျိုးအစား (၃) မျိုးရှိပါတယ်။ ဒါတွေကတော့

🎗 ကလေးမွေးပြီးစိတ်မကြည်မသာဖြစ်ခြင်း (Postpartum Blues or Baby Blues)

ဖြစ်ပွားနိုင်ခြေ ◼ ကလေးမွေးပြီးမိခင် ၃၀% မှ ၈၀% အထိ ခံစားရတတ်ပါတယ်

ဖြစ်ပွားသည့်အချိန် ◼ မွေးပြီး ၃ရက်မှ ၄ရက်အတွင်း ဖြစ်လေ့ရှိပါတယ်

ကြာမြင့်ချိန် ◼ ရက်အနည်းငယ်သာကြာတတ်ပြီး သူ့အလိုလိုပြန်လည်သက်သာပျောက်ကင်းသွားတတ်ပါ တယ်

လက္ခဏာများ ◼ စိတ်လှုပ်ရှားခြင်း၊ စိတ်မကြည်လင်ခြင်း၊ စိတ်ဆိုးဒေါသထွက်လွယ်ခြင်း၊ ပင်ပန်းနွမ်းနယ် နေခြင်း၊ အလိုလိုဝမ်းနည်းနေတတ်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အိပ်မက်ဆိုးများမက်ခြင်း

ဘယ်လိုဖြေရှင်းနိုင်မလဲ ◼ ယာယီခံစားရတာဖြစ်တဲ့အတွက် ကုသဖို့မလိုအပ်ပါဘူး။ ရက်နည်းနည်းကြာရင် သူ့အလိုလိုသက်သာပျောက်ကင်းသွားတတ်ပါတယ်။ သို့ပေမဲ့မိသားစုဝင်တွေ အနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ အားပေးကူညီဖို့လိုအပ်ပါတယ်။ အကယ်၍ ၂ ပတ်ကျော်ကြာတဲ့အထိ မသက်သာသေးရင် ဆရာဝန်နှင့်ပြသသင့်ပါတယ်

🎗 ကလေးမွေးပြီး စိတ်ကျဝေဒနာခံစားရခြင်း (Postpartum Depression)

ဖြစ်ပွားနိုင်ခြေ 🔸 ကလေးမွေးပြီးမိခင် ၁၀% တွင်ဖြစ်ပွားလေ့ရှိပါတယ်

ဖြစ်ပွားသည့်အချိန် 🔸 မွေးပြီး ၆ ပတ်အတွင်း ဖြစ်လေ့ရှိပါတယ်

ကြာမြင့်ချိန် 🔸 ရက်သတ္တပတ်အနည်းငယ်မှ လနှင့်ချီကြာမြင့်တတ်ပါသည်

လက္ခဏာများ 🔸 စိတ်ဓာတ်ကျခြင်း၊ စိတ်မကြည်လင်ခြင်း၊ စိတ်ဆိုးဒေါသထွက်လွယ်ခြင်း၊ ပင်ပန်းနွမ်းနယ် ခြင်း၊ အိပ်ရေးပျက်ခြင်း၊ မိမိကိုယ်ကိုအပြစ်ရှိသလို (သို့မဟုတ်) တန်ဖိုးမရှိသလိုခံစားနေရခြင်း စတဲ့ လက္ခဏာတွေအပြင် အစားအသောက်ပျက်ခြင်း၊ အလိုလိုဝမ်း နည်းနေတတ်ခြင်း၊ မည်သည့်အရာကိုမှ စိတ်ဝင်စားမှုမရှိခြင်း၊ ဘဝတွင်ဆက်လက်မရှင်သန်လိုတော့ခြင်း၊ ရင်သွေးကိုကောင်းကောင်း မစောင့်ရှောက်နိုင်ဟု မိမိကိုယ်ကိုထင်လာခြင်း စသည့်လက္ခဏာများအပြင် ရောဂါပြင်းထန်သူများတွင် မိမိကိုယ်ကိုသက်သေရန်စဉ်းစားသည် အထိခံစားရနိုင်ပါတယ်

ဘယ်လိုဖြေရှင်းနိုင်မလဲ 🔸 သက်ဆိုင်ရာကျွမ်းကျင်သူများဖြင့်အမြန်ဆုံးပြသပြီးလိုအပ်သည့် ကုသမှုများ ခံယူရန်လိုအပ်ပါတယ်

🎗 ကလေးမွေးပြီး စိတ်ဝေဒနာခံစားရခြင်း (Postpartum Psychosis)

ဖြစ်ပွားနိုင်ခြေ 🔹 ကလေးမွေးဖွားပြီးမိခင် အယောက် ၁၀၀၀ တွင် ၁ ယောက်မှ ၂ယောက်အထိ ခံစားရ တတ်ပါတယ်

ဖြစ်ပွားသည့်အချိန် 🔹 များသောအားဖြင့် မွေးပြီး ၂ ပတ်အတွင်းဖြစ်ပွားလေ့ရှိပါတယ်

ကြာမြင့်ချိန် 🔹 ရက်သတ္တပတ်အနည်းငယ်မှ လနှင့်ချီကြာမြင့်တတ်ပါတယ်

လက္ခဏာများ 🔹 စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်ခြင်း၊ ငိုယိုနေတတ်ခြင်း၊ ညဖက်အိပ်မပျော်ခြင်း၊ ကိုယ်စိတ်အမူအရာများပြောင်းလဲလာခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း (ဥပမာ - မိမိကလေး သေဆုံးသွားသည် သို့မဟုတ် တခြားကလေးတစ်ဦးဖြင့်အစားထိုးခံလိုက်ရသည်ဟုထင်မြင်နေခြင်း)၊ ရောဂါပြင်းပြင်းထန်ထန် ခံစားရသူများတွင် မိမိကိုယ်ကိုသော်လည်းကောင်း မိသားစုဝင် များကိုသော်လည်းကောင်း အန္တရာယ်ပြုရန် အထိပါ ကြံရွယ်တာမျိုးအထိဖြစ်နိုင်ပါတယ်

ဘယ်လိုဖြေရှင်းနိုင်မလဲ 🔹 သက်ဆိုင်ရာကျွမ်းကျင်သူများဖြင့်အမြန်ဆုံးပြသပြီး အနီးကပ်စောင့်ကြည့်ကုသ နိုင်အောင် ဆေးရုံတက်ရောက်ကုသရပါမယ်

သင့်အနေနဲ့ ကလေးမွေးပြီး စိတ်ကျဝေဒနာ(ဒါမှမဟုတ်) စိတ်ဝေဒနာခံစားနေရရင်စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူတွေနဲ့တိုင်ပင်သင့်သလို ကိုယ်ခံစားနေရတာတွေကို ကိုယ့်ရဲ့မိသားစုဆရာဝန် (ဒါမှမဟုတ်) စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြောဆိုတိုင်ပင်ပြီး သေချာဆွေးနွေးကုသသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုထိခိုက်နာကျင်အောင်ပြုလုပ်ဖို့ အတွေးမျိုးပေါ်ပေါက်လာရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ကုသမှုခံယူသင့်ပါတယ်။

---------------------------------------------------------------------------------------------------------------------
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
☎ဆက်သွယ်ရန်ဖုန်း - 01 7512668, 09 965121864/65, 09 424405952/53
🏥ဆာကူရာဆေးရုံ - အမှတ်(၂၁/၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
🖥️ Website: https://www.sakurahospital.com.mm/

🏮သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)🏮သီတင်းကျွတ်အခါသမယတွင် (၇) ရက်သားသမီးများအားလုံး ကျန်းမာချမ်းသာပြီး ဘေးရန်ကင်း...
06/10/2025

🏮သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)🏮

သီတင်းကျွတ်အခါသမယတွင် (၇) ရက်သားသမီးများအားလုံး ကျန်းမာချမ်းသာပြီး ဘေးရန်ကင်းဝေးကြပါစေကြောင်း ဆာကူရာဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည် 🙏🙏

✅✅ ဆာကူရာဆေးရုံ၊ အစာအိမ်အူလမ်းကြောင်းကြည့်မှန်ပြောင်းဌာနတွင် နောက်ဆုံးပေါ်စက်ကိရိယာများ၊ နည်းပညာများကိုအသုံးပြု၍ အစာအိမ်...
04/10/2025

✅✅ ဆာကူရာဆေးရုံ၊ အစာအိမ်အူလမ်းကြောင်းကြည့်မှန်ပြောင်းဌာနတွင် နောက်ဆုံးပေါ်စက်ကိရိယာများ၊ နည်းပညာများကိုအသုံးပြု၍ အစာအိမ်အူလမ်းကြောင်းတစ်လျှောက်ရှိ ရောဂါအခြေအနေအမျိုးမျိုးကို စစ်ဆေးရှာဖွေကုသပေးလျက်ရှိပါသည် ✅✅

အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုစစ်ဆေး၏ အကျိုးကျေးဇူးများ 👍

မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းဖြင့်
💜 အစာရေမြိုပြွန်လမ်းကြောင်းကျဉ်းနေခြင်း/ပိတ်နေခြင်း

💜 သွေးကြောထုံး/သွေးကြောပွ နေခြင်း

💜 အစာအိမ်/အူနံရံအမြှေးပါးယောင်ရမ်းခြင်း

💜 အနာများ/အသားပို/အလုံး/အဖု/အကြိတ်များရှိခြင်း

💜 သွေးယိုစိမ့်မှုရှိခြင်း စသည်တို့ကို နေရာအတိအကျနှင့် ရောဂါ အခြေအနေတို့ကို ချက်ခြင်းသိရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းသည် မိနစ်ပိုင်းသာ ကြာမြင့်သောကြောင့် ဆေးရုံတက်ရန် မလိုအပ်ပါ။

ဆာကူရာဆေးရုံတွင် ပြုလုပ်ပေးနိုင်သည့် ကုသမှုများ 💉🩺

💜 အစာအိမ်အတွင်းမှ သေးငယ်သောအသားစကိုယူ၍ (H. pylori) အစာအိမ်ပိုးရှိ/မရှိ စစ်ဆေးခြင်း

💜 အစာရေမြိုပြွန်ကျဉ်း၍ အစာမြိုချရန်ခက်ခဲသော လူနာများအား အစာရေမြိုပြွန် stent (Oesophageal Stent) ထည့်ပေးခြင်း

💜 ပါးစပ်မှ အစာမစားနိုင်သည့် လူနာများ၊ နာတာရှည်လေဖြတ်လူနာများအတွက် အစာအိမ်အတွင်း တိုက်ရိုက်အစာပိုက်/အစာလမ်းကြောင်းလွှဲပိုက် (PEG tube) ထည့်ခြင်း

💜 အစာရေမြိုပြွန်သွေးကြောထုံး၊ သွေးကြောပွများရှိနေပါက သားရေကွင်းချည် (Rubber band Ligation) ၍ ကုသပေးခြင်း

💜 သွေးယိုစိမ့်သောနေရာများအား သွေးတိတ်စေရန်ဆေးထိုးကုသခြင်း အပြင် အခြားသောနည်းလမ်းများစွာ ဖြင့် ကုသပေးခြင်း

💜 အသားပို၊ အလုံးအကျိတ်များတွေ့ရှိပါက (အရွယ်အစားပေါ်မူတည်၍) မှန်ပြောင်းကြည့်ရှုရင်း တပါတည်း ဖြတ်တောက်ကုသ၍ဓာတ်ခွဲစစ်ဆေးနိုင်ခြင်း

💜 ပုံမှန်မဟုတ်သော အခြေအနေများတွေ့ရှိပါက အသားစ (သို့မဟုတ်) အရည်နမူနာယူ၍ ဓါတ်ခွဲ စစ်ဆေးနိုင်ခြင်း

💜 အစာအိမ်မှန်ပြောင်း မကြည့်လိုသူများအတွက် လေမှုတ်၍ အစာအိမ်ပိုး (H. pylori) ရှိ/မရှိ စစ်ဆေးနိုင်ခြင်း

ဆာကူရာဆေးရုံ၏ အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းဌာနကို ဘာလို့ရွေးချယ်သင့်သလဲ ❔

🔹 ကျွမ်းကျင်သောဆရာဝန်ကြီးများကိုယ်တိုင်ကြည့်ရှုကုသပေးခြင်း

🔹 မှန်ပြောင်းကြည့်ရှုခြင်းနှင့်ပတ်သက်၍ ကျွမ်းကျင်ဝန်ထမ်းများမှ team work ဖြင့် ခေတ်မီဆေးပညာများအသုံးပြု၍ ဝန်ဆောင်မှုပေးခြင်း

🔹 အချိန်တိုအတွင်း လူနာမှသက်တောင့်သက်သာဖြင့် မနာကျင်စေဘဲ ကြည့်ရှုကုသမှုပေးခြင်း

🔹 နိုင်ငံတကာအဆင့်မီ Olympus company ထုတ်စက်ပစ္စည်းများ၊ မှန်ပြောင်းများ၊ အသုံးပြု၍ အကောင်းမွန်ဆုံး ကြည့်ရှုကုသဝန်ဆောင်မှုပေးခြင်း

🔹 တစ်ကြိမ်အသုံးပြုပြီးတိုင်း မှန်ပြောင်းများကို ပိုးသတ်စက်များ၊ ပိုးသတ်ဆေးရည်များ အသုံးပြု၍ စနစ်တကျ ပိုးကင်းသန့်စင်ခြင်း

🔹 သင့်တင့်လျောက်ပတ်သောဈေးနှုန်းဖြင့် စစ်ဆေးနိုင်ခြင်း

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက ဆာကူရာဆေးရုံ၊ အစာအိမ်မှန်ပြောင်းဌာန 09 455201025 သို့ဆက်သွယ်နိုင်ပါသည်။

🏥Sakura Hospital - No (21/23), Shin Saw Pu Road, Sanchaung Township, Yangon.
☎01 7512668, 09 455201025

ဆာကူရာဆေးရုံ၊ ပြင်ပလူနာဌာနတွင် အူမကြီးနှင့် စအိုရောဂါခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ မျိုးသက်အောင်နှင့် အပတ်စဉ် အင်္ဂါ၊ ...
01/10/2025

ဆာကူရာဆေးရုံ၊ ပြင်ပလူနာဌာနတွင် အူမကြီးနှင့် စအိုရောဂါခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ မျိုးသက်အောင်နှင့် အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့ - မနက် ၁၁ နာရီတွင်ပြသနိုင်ပါပြီ။

======================================
☎️ Booking တင်ရန်နှင့်အထွေထွေစုံစမ်းရန်အတွက်
01-7512668, 09-965121864/65, 09-424405952/53 သို့ဆက်သွယ်နိုင်ပါတယ်

🏥 ဆာကူရာဆေးရုံ - အမှတ် (၂၁/၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

"သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ"

🫀World Heart Day | ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ 🫀ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ဟာ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ ဖြစ်ပါတယ်၊ ဒီနှစ်အတွက...
29/09/2025

🫀World Heart Day | ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ 🫀

ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ဟာ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ ဖြစ်ပါတယ်၊ ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ “Don’t Miss A Beat!” ဖြစ်ပြီး လူသားတိုင်း မိမိရဲ့ နှလုံးကျန်းမာရေးကို မပေါ့ဆဖို့၊ သံသယဖြစ်ဖွယ်လက္ခဏာတွေကို လျစ်လျူမရှုဖို့နဲ့ နှလုံးကျန်းမာရေးပုံမှန်စစ်ဆေးကြစေဖို့ ရည်ရွယ်အသုံးပြုထားတာဖြစ်ပါတယ် 🧑‍⚕️

နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါတွေဟာ နှစ်စဉ်လူသေဆုံးမှုအများဆုံးရောဂါတွေ အဖြစ်ရှိနေဆဲပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ထုတ်ပြန်ချက်အရ ၂၀၂၂ တစ်နှစ်တည်းမှာတင် နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါတွေကြောင့် သေဆုံးသူ သန်း ၂၀ နီးပါးရှိခဲ့တယ်လို့ ဆိုပါတယ် 😮

သို့ပေမဲ့ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါတော်တော်များများကို မိမိရဲ့ နေထိုင်မှုပုံစံကိုပြောင်းလဲပြီး ကာကွယ်နိုင်ပါတယ်။ ဆေးလိပ်/အရက်မသောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ပေးခြင်း၊ အဆီအစိမ့်အငန်များ လျှော့စားခြင်း၊ နှစ်စဉ်ကျန်းမာရေးစစ်ဆေးပေးခြင်း စတဲ့ အလေအကျင့်လေးတွေက နှလုံးကျန်းမာရေးအတွက် အများကြီး အထောက်အကူဖြစ်စေမှာပါ 💜💜

ဒါ့ကြောင့် နှလုံးသားလေးကျန်းမာစေဖို့ မိမိရဲ့ နေထိုင်စားသောက်ပုံကို ကျန်းမာရေးနဲ့ညီညွတ်အောင် အခုပဲပြုပြင်ပြောင်းလဲလိုက်ကြရအောင်နော် 💪

"သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ"

☎️ ဖုန်း - 01 7512668
🏥 လိပ်စာ - အမှတ် (၂၁/၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။


🐾World Rabies Day – ကမ္ဘာ့ခွေးရူး‌ရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ 🐾   “𝑨𝒄𝒕 𝒏𝒐𝒘: 𝒀𝒐𝒖, 𝑴𝒆, 𝑪𝒐𝒎𝒎𝒖𝒏𝒊𝒕𝒚”“ခွေးရူးရောဂါကင်းစင်ရေး၊ ...
28/09/2025

🐾World Rabies Day – ကမ္ဘာ့ခွေးရူး‌ရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ 🐾

“𝑨𝒄𝒕 𝒏𝒐𝒘: 𝒀𝒐𝒖, 𝑴𝒆, 𝑪𝒐𝒎𝒎𝒖𝒏𝒊𝒕𝒚”
“ခွေးရူးရောဂါကင်းစင်ရေး၊ မနှေးအမြန်လက်တွဲပေး”

ခွေးရူးရောဂါဟာ လူရော တိရစ္ဆာန်တွေမှာပါ ကူးစက်ဖြစ်ပွားနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါလက္ခဏာပြလာရင် ရာနှုန်းပြည့်အသက်သေဆုံးနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ နှစ်စဥ်ခွေးရူးရောဂါကြောင့် လူပေါင်းသောင်းနဲ့ချီသေဆုံးနေရဆဲဖြစ်တဲ့အတွက် လုံးဝမပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခုလည်းဖြစ်ပါတယ်။ ကာကွယ်ဆေးမထိုးထားတဲ့ ခွေးကိုက်ခံရမှုကနေ အများဆုံးကူးစက်ဖြစ်ပွားတာကို တွေ့ရှိရပြီး ဖြစ်ပွားသူအများစုကလည်း အသက် ၅ နှစ်ကနေ ၁၄ နှစ်ကြားရှိတဲ့ ကလေးငယ်တွေဖြစ်နေတာက သတိပြုသင့်တဲ့အချက်ဖြစ်ပါတယ် ⚠ ⚠

ဒါ့ကြောင့် ခွေးများနှင့် အမြဲတစေထိတွေ့နေရပြီး ခွေးကိုက်ခံရနိုင်ခြေများတဲ့ နေရာဒေသမှာနေထိုင်သူများ၊ အလုပ်လုပ်ကိုင်သူများအနေနဲ့ ခွေးကိုက်မခံရမီတည်းက ခွေးရူးရောဂါကာကွယ်ဆေး ကြိုတင်ထိုးနှံထားသင့်ပါတယ် 💉💉

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေနဲ့လည်း ၂၀၃၀ ခုနှစ်မှာ ခွေးရူးရောဂါကြောင့် လူသေဆုံးမှုမရှိစေရေးအတွက် ရည်ရွယ်ပြီး (With the Zero by 30: Global Strategic Plan for the elimination of dog-mediated human rabies deaths by 2030) ကို အကောင်အထည်ဖော်လျက်ရှိကာ နှစ်စဉ် စက်တင်ဘာလ ၂၈ ရက်နေ့ကိုလည်း ကမ္ဘာ့ခွေးရူးရောဂါကာကွယ်ရေးနေ့အဖြစ် သတ်မှတ်ပြီး ခွေးရူးရောဂါအကြောင်းအသိပညာပေးခြင်း၊ ရောဂါကို ကာကွယ်တိုက်ဖျက်ရာမှာ အားလုံးပါဝင်နိုင်ဖို့ နှိုးဆော်ခြင်း စတဲ့လှုပ်ရှားမှုတွေ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ် 💜💜

“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
☎ ဆက်သွယ်ရန်ဖုန်း :01-7512668/69, 09-424405952/53, 09-965121864/65
🏥 ဆာကူရာဆေးရုံ - အမှတ်(၂၁/၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
𝐖𝐞𝐛𝐬𝐢𝐭𝐞: https://www.sakurahospital.com.mm/

🏮🙏 လူကြီးမိဘများကို သီတင်းကျွတ်အချိန်အခါမှာ ကျန်းမာခြင်းလက်ဆောင်မွန်နဲ့ ကန်တော့ပြီး ကုသိုလ်ယူလိုက်ရအောင် 🙏🏮နှစ်စဥ်ပုံမှန...
27/09/2025

🏮🙏 လူကြီးမိဘများကို သီတင်းကျွတ်အချိန်အခါမှာ ကျန်းမာခြင်းလက်ဆောင်မွန်နဲ့ ကန်တော့ပြီး ကုသိုလ်ယူလိုက်ရအောင် 🙏🏮

နှစ်စဥ်ပုံမှန်ကျန်းမာရေးစစ်ဆေးမှုကြောင့် အဖြစ်များပြီး အန္တရာယ်များတဲ့ရောဂါတွေ၊ နာတာရှည်ရောဂါတွေနဲ့ လက္ခဏာမပြတတ်တဲ့ ရောဂါတွေကို စောစောစီးစီးရှာဖွေသိရှိပြီး လိုအပ်တဲ့ဆေးကုသမှုတွေ ဆက်လက်ခံယူနိုင်စေမှာဖြစ်တဲ့အတွက် သီတင်းကျွတ်အခါသမယမှာ ချစ်ခင်လေးစားရတဲ့ လူကြီးမိဘတွေကို ကျန်းမာရေးလက်ဆောင်ပေးခြင်းက အမွန်မြတ်ဆုံးလက်ဆောင်တစ်ခုဖြစ်စေမှာပါ 👴👵

သီတင်းကျွတ်အထူးပရိုမိုးရှင်းအနေနဲ့ အောက်တိုဘာလတစ်လလုံး ဆာကူရာဆေးရုံကြီးရဲ့ ကျန်းမာရေး စစ်ဆေးမှုအစီအစဉ်များ (Medical Check-up Packages) အားလုံးကို အများဆုံး 50% အထိလျှော့စျေးနဲ့ စစ်ဆေးနိုင်မှာဖြစ်ပါတယ်...Check-up Package တွေကို လက်ဆောင်ကူပွန်လေးတွေအနေနဲ့ ဝယ်ယူပြီး လူကြီးတွေကို ကန်တော့တာဖြစ်ဖြစ်၊ ချစ်ခင်ရသူတွေကို လက်ဆောင်ပေးတာပဲဖြစ်ဖြစ် သင့်လျော်တာမို့ အခုပဲရယူလိုက်ဖို့ သတင်းကောင်းပါးလိုက်ပါတယ်နော်

သီတင်းကျွတ် ပရိုးမိုးရှင်းမှာ ပါဝင်တဲ့ ကျန်းမာရေးစစ်ဆေးမှုအစီအစဥ်တွေကတော့ 👉

🌸အခြေခံကျန်းမာရေးစစ်ဆေးမှုတွေပါဝင်တဲ့ 𝑺𝒕𝒂𝒏𝒅𝒂𝒓𝒅 𝑷𝒂𝒄𝒌𝒂𝒈𝒆 - 𝟑𝟎% 𝐎𝐅𝐅
𝑷𝒓𝒐𝒎𝒐𝒕𝒊𝒐𝒏 𝑷𝒓𝒊𝒄𝒆 –𝟏𝟓𝟎,𝟓𝟎𝟎𝑲𝒔 (Normal Price – 215,000Ks)

🌸အသက် ၄၀ အောက်လူလတ်ပိုင်းများအတွက်သင့်တော်တဲ့ 𝑮𝒐𝒍𝒅 𝑷𝒂𝒄𝒌𝒂𝒈𝒆 - 𝟑𝟎% 𝐎𝐅𝐅
𝑷𝒓𝒐𝒎𝒐𝒕𝒊𝒐𝒏 𝑷𝒓𝒊𝒄𝒆 – 𝟐𝟐𝟕,𝟓𝟎𝟎𝑲𝒔 (Normal Price – 325,000Ks)

🌸အသက် ၄၀ အထက်လူကြီးပိုင်းများ စစ်ဆေးသင့်တဲ့ 𝑫𝒊𝒂𝒎𝒐𝒏𝒅 𝑷𝒂𝒄𝒌𝒂𝒈𝒆 -𝟑𝟎% 𝐎𝐅𝐅
𝑷𝒓𝒐𝒎𝒐𝒕𝒊𝒐𝒏 𝑷𝒓𝒊𝒄𝒆 – 𝟑𝟒𝟔,𝟓𝟎𝟎𝑲𝒔 (Normal Price – 495,000Ks)

ဒီလိုအထွေထွေကျန်းမာရေးစစ်ဆေးမှု အစီအစဥ်တွေအပြင်

🌸ကင်ဆာရောဂါ၊ အသည်းရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါဆိုင်ရာများကို အထူးပြုစစ်ဆေးနိုင်တဲ့ 𝑷𝒂𝒄𝒌𝒂𝒈𝒆 များ - 𝟑𝟎% 𝐎𝐅𝐅

🌸 အလုပ်မဝင်ခင် ကျန်းမာရေးအကြိုစစ်ဆေးလိုသူများအတွက် 𝑷𝒓𝒆-𝒆𝒎𝒑𝒍𝒐𝒚𝒎𝒆𝒏𝒕 𝑷𝒂𝒄𝒌𝒂𝒈𝒆 - 𝟓𝟎 % 𝐎𝐅𝐅

🌸 လက်ထပ်ခါနီး ဇနီးမောင်နှံများအတွက် 𝑷𝒓𝒆-𝒎𝒂𝒓𝒊𝒕𝒂𝒍 𝑷𝒂𝒄𝒌𝒂𝒈𝒆 - 𝟑𝟎% 𝐎𝐅𝐅
စတဲ့ package တွေပါဝင်ပါတယ်။

✈🛅နိုင်ငံခြားသွားမည့်သူများအတွက်လည်း သက်ဆိုင်ရာနိုင်ငံအလိုက် လိုအပ်သောစစ်ဆေးမှုအမျိုးမျိုးကို ပြုလုပ်ပေးနေပါတယ်

ဆာကူရာဆေးရုံ၊ ကျန်းမာရေးစစ်ဆေးမှုဌာနကို နေ့စဥ် မနက် ၈ နာရီခွဲမှ ညနေ ၄ နာရီအထိဖွင့်လှစ်ထားပြီး ဝန်ဆောင်မှုရယူလိုပါက 09-793 437 200 ကိုရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်ရှင့်။ ဆေးမစစ်မီ ဆရာ၀န်များနှင့် အခမဲ့ဆွေးနွေးတိုင်ပင်နိုင်ပြီး တစ်ဦးချင်းအလိုက်သင့်လျော်တဲ့ စစ်ဆေးမှုများကို ကူညီရွေးချယ်ပေးမှာဖြစ်လို့ ထိရောက်စွာစစ်ဆေးမှုခံယူနိုင်မှာဖြစ်ပါတယ် 💜
----------------------------------------------------------------------------------------------
“သင့်မိသားစု ကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
🏥ဆာကူရာဆေးရုံ၊ Wellness Centre: နေ့စဉ် မနက် ၈ နာရီခွဲ မှ ညနေ ၄ နာရီ
📱ဖုန်း - 09 793 437 200
☎Hotline – 01 7512668
ဆာကူရာဆေးရုံ - အမှတ် (၂၁/၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့

"𝐖𝐨𝐫𝐥𝐝 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭𝐬 𝐃𝐚𝐲 𝟐𝟎𝟐𝟓""ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အရေးကြီးသည့်အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲပါဝင်ဆောင်ရွက်နေသည...
25/09/2025

"𝐖𝐨𝐫𝐥𝐝 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭𝐬 𝐃𝐚𝐲 𝟐𝟎𝟐𝟓"
"ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အရေးကြီးသည့်အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲပါဝင်ဆောင်ရွက်နေသည့် ဆေးဝါးကျွမ်းကျင်ပညာရှင်များအား ကျေးဇူးတင်ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ဆေးဝါးကျွမ်းကျင်ပညာရှင်များ၏ စဉ်ဆက်မပြတ်ဆေးပညာလေ့လာနိုင်သော အခွင့်အလမ်းတစ်ခုအဖြစ်လည်းကောင်း ယနေ့ကျရောက်သည့် "𝐖𝐨𝐫𝐥𝐝 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭𝐬 𝐃𝐚𝐲 𝟐𝟎𝟐𝟓" အခမ်းအနားအား ဆာကူရာဆေးရုံတွင် ကျင်းပခဲ့ပါသည်။ ဆာကူရာဆေးရုံအနေဖြင့် ဆေးရုံ၏ဝန်ဆောင်မှုကဏ္ဍတွင် ကြိုးစားဆောင်ရွက်လျက်ရှိသည့် Pharmacist များ Pharmacist Aid များကို ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားခြင်း၊ Pharmacy ဌာနမှ ဝန်ထမ်းများအနေဖြင့် CPD အနေဖြင့် Presentation များပြုလုပ် ဆွေးနွှေးပြောကြားခြင်း၊ ဆေးရုံ၏ဂုဏ်ပြုလက်ဆောင်ကိတ်၊ Emcure Company မှ မေတ္တာဖြင့်ပေးပို့သည့်လက်ဆောင်ကိတ်များခွဲခြင်း စသည်ဖြင့် အောင်အောင်မြင်မြင်ကျင်းပခဲ့သည့်ပုံရိပ်များအား မျှဝေလိုက်ရပါသည်။"

အခမ်းအနားအတွက် အားဖြည့်ကူညီပေးခဲ့သည့် Emcure နှင့် Viatris အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။






25/09/2025

💜💊 𝑾𝒐𝒓𝒍𝒅 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒊𝒔𝒕 𝑫𝒂𝒚 2025 ၊ ကမ္ဘာ့ဆေးဝါးကျွမ်းကျင်ပညာရှင်များနေ့ 💊💜

ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်မှာ ဆေးဝါးကျွမ်းကျင်ပညာရှင်တွေဟာ

💊ဆေးဝါးများကို စနစ်တကျသောက်သုံး/သုံးစွဲနိုင်အောင် လမ်းညွှန်ပေးခြင်း

💊 ကျန်းမာရေးအကြံဥာဏ်များပေးခြင်း

💊 လူနာများကို ထိထိရောက်ရောက်ကုသပေးနိုင်စေရန် ဆရာ၀န်များနှင့်အတူ လက်တွဲဆောင်ရွက်ခြင်း

💊 ဆေးဝါးအမျိုးမျိုးရဲ့ ကောင်းကျိုး/ဆိုးကျိုးများကို ပညာပေးခြင်း

💊 ဆေးဝါးများကို လူနာများဘေးကင်းလုံခြုံစွာသောက်သုံးနိုင်အောင် စီမံပေးခြင်း
စတဲ့အရေးကြီးတဲ့အခန်းကဏ္ဍတွေကနေ ပါဝင်လျက်ရှိပါတယ်။

ယခုနှစ်ကျရောက်တဲ့ 𝑾𝒐𝒓𝒍𝒅 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒊𝒔𝒕 𝑫𝒂𝒚 2025 ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “𝑻𝒉𝒊𝒏𝒌 𝑯𝒆𝒂𝒍𝒕𝒉, 𝑻𝒉𝒊𝒏𝒌 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒊𝒔𝒕” ဆိုတဲ့အတိုင်း ကျန်းမာရေးကဏ္ဍမှာ ဆေးဝါးကျွမ်းကျင်ပညာရှင်များရဲ့ပါဝင်မှုက မရှိမဖြစ်ကို အရေးပါတာကိုတွေ့မြင်ရမှာပါ 🌸

လူသားများအတွက် ဘေးကင်းစိတ်ချရပြီး ထိရောက်တဲ့ဆေးဝါးများအသုံးပြုနိုင်အောင် ပါဝင်ဆောင်ရွက်ပေးနေကြတဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်များအားလုံးကို ဆာကူရာဆေးရုံကြီးမှ လေးစားစွာဂုဏ်ပြုလိုက်ပါတယ်...🌸💜

“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”

ဆက်သွယ်ရန်ဖုန်း :01-7512668/69, 09-424405952/53, 09-965121864/65
ဆာကူရာဆေးရုံ - အမှတ်(၂၁/၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
𝐖𝐞𝐛𝐬𝐢𝐭𝐞: https://www.sakurahospital.com.mm/


#ဆာကူရာဆေးရုံ

***𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭***𝐈𝐓 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐢𝐚𝐧 (𝟏 𝐏𝐨𝐬𝐭)လိုအပ်သောအရည်အချင်းများ ( Qualification )1) သက်ဆိုင်ရာတက္ကသိုလ် တခုခုမှ ...
22/09/2025

***𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭***

𝐈𝐓 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐢𝐚𝐧 (𝟏 𝐏𝐨𝐬𝐭)

လိုအပ်သောအရည်အချင်းများ ( Qualification )
1) သက်ဆိုင်ရာတက္ကသိုလ် တခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည် (Computer Science / Diploma IT / Global Certificate)
2) Cisco (CCNA), Microsoft (MCSA) ပြီးထားသူ ဦးစားပေးမည်။

လုပ်ငန်းအတွေ့အကြုံ (Experience)
1) သက်ဆိုင်ရာနယ်ပယ်တွင် လုပ်သက်အနည်းဆုံး (၃)နှစ်နှင့်အထက်ရှိရမည်။
2) IT infrastructure များနှင့်ပတ်သက်ပြီး အခြေခံများနားလည်ရမည်။
3) Duty roster အတိုင်း လုပ်ကိုင်နိုင်ရမည်။
4) ဆက်ဆံရေးပြေပြစ်ကောင်းမွန်စွာဖြင့် ရေရှည်လုပ်ကိုင်နိုင်သူအား ဦးစားပေး၍ လက်တွဲခေါ်ယူလိုပါသည်။

အထက်ပါရာထူးအား လျှောက်ထားရန် စိတ်ဝင်စားသူများသည်
-သက်ဆိုင်ရာဘွဲ့လက်မှတ်/ Certificate မိတ္တူ
-မှတ်ပုံတင်မိတ္တူ
-သန်းခေါင်စာရင်းမိတ္တူ
-(၃)လအတွင်းရိုက်ထားသော ဓာတ်ပုံ(၃)ပုံတို့နှင့်အတူ
အမှတ်(၂၁/၂၃)၊ရှင်စောပုလမ်း၊စမ်းချောင်းမြို့နယ်။ ဆာကူရာဆေးရုံ HR ဌာနသို့ လာရောက်လျှောက်ထားနိုင်ပါသည်။
အသေးစိတ်စုံစမ်းလိုပါက ဖုန်းနံပါတ် 01-7-512668 (Hot Line) Ext: 21201 (သို့မဟုတ်) 09-979867283 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

✔ဆာကူရာဆေးရုံကြီး၏ အဆင့်မြင့် ခွဲစိတ်ခန်းများ (Operation Theaters) တွင် သက်ဆိုင်ရာကျွမ်းကျင် ခွဲစိတ်အထူးကုဆရာဝန်ကြီးများ...
21/09/2025

✔ဆာကူရာဆေးရုံကြီး၏ အဆင့်မြင့် ခွဲစိတ်ခန်းများ (Operation Theaters) တွင် သက်ဆိုင်ရာကျွမ်းကျင် ခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများနှင့် ဆေးရုံရှိကျန်းမာရေးဝန်ထမ်းများမှ မိဘပြည်သူများအတွက် ခွဲစိတ်ကုသမှုအမျိုးမျိုးကို ဘေးကင်းလုံခြုံစွာပြုလုပ်နိုင်ရန် ဝန်ဆောင်မှုပေးလျက် ရှိပါသည် ။👩‍⚕️
🎗အစာအိမ်၊ အူလမ်းကြောင်း၊ အသည်းနှင့်သည်းခြေဆိုင်ရာ ခွဲစိတ်မှုများဖြစ်သည့် 🎗
-အူအတက်ပေါက်ခြင်း၊ အူကျွံခြင်း၊ အူကျခြင်း ရောဂါများအားခွဲစိတ်ကုသခြင်း
-လိပ်ခေါင်းရောဂါခွဲစိတ်ကုသပေးခြင်း
-သည်းခြေကျောက်တည်ခြင်းအား သမားရိုးကျခွဲစိတ်ကုသခြင်း/ မှန်ပြောင်းမှတစ်ဆင့်ကြည့်ရှု
ခွဲစိတ်ကုသခြင်း
-သည်းခြေအိတ်ခွဲစိတ်ဖယ်ရှားခြင်း
-အသည်းအစိတ်အပိုင်းအလိုက်ခွဲစိတ်ဖယ်ရှားခြင်း
-အစာအိမ်အား တစ်စိတ်တစ်ပိုင်းဖြစ်စေ အလုံးစုံဖြစ်စေ ခွဲစိတ်ဖယ်ရှားခြင်း
-အစာအိမ်အူလမ်းကြောင်းလမ်းကြောင်းလွဲှရန် ခွဲစိတ်ကုသခြင်း
-ဝမ်းဗိုက်အိတ်ဖောက်ခြင်း
-အူမကြီးလမ်းကြောင်းခွဲစိတ်ကုသခြင်း
🎗ကလေးမွေးဖွားခြင်းနှင့် မီးယပ်ဆိုင်ရာခွဲစိတ်မှုများဖြစ်သည့် 🎗
-ကလေးခွဲစိတ်မွေးဖွားခြင်း
-သားကြောဖြတ်ခြင်း
-သားဥအိမ်နှင့်သားအိမ်အလုံးအကျိတ်အမျိုးမျိုးအား သမားရိုးကျခွဲစိတ်ကုသခြင်း/မှန်ပြောင်းမှ တစ်ဆင့်ကြည့်ရှုခွဲစိတ်ကုသခြင်း
-သားဥပြွန်ပိုးဝင်ခြင်း၊ ကင်ဆာဖြစ်ခြင်းများအတွက် သားဥပြွန်ထုတ်ခြင်း
🎗အရိုးဆိုင်ရာခွဲစိတ်မှုများဖြစ်သည့် 🎗
-တင်ပါးဆုံရိုး တစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံးအစားထိုးခွဲစိတ်ကုသခြင်း
-ပေါင်ထိပ်ရိုးအရိုးကျိုးခြင်းကို ခွဲစိတ်ကုသခြင်း
-ဒူးခေါင်းရိုးတစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံး အစားထိုးခွဲစိတ်ကုသခြင်း
-ခါးဆစ်ရိုးကျွံ၍ ခါးရိုးတွင်းရှိ ပင်မအာရုံကြောပေါ်သို့ဖိအားသက်ရောက်နေခြင်းအား ခွဲစိတ်ကုသခြင်း
-အရိုးအဆစ်များနာကျင်ကိုက်ခဲမှုများအတွက် ဆေးထိုးကုသပေးခြင်း
-အာရုံကြောပိနေသော အရိုးအစိတ်အပိုင်းများကို ခွဲစိတ်ကုသပေးခြင်း
-ခါးကျောရိုးဆစ် ပြုပြင်ကုသခြင်း
-လက်ဆစ်ရိုး၊ လက်ဖျံရိုး၊ လက်မောင်းရိုး၊ ခြေသလုံးရိုး၊ ပေါင်ရိုး၊ လက်ထောက်ဝတ်အရိုးကျိုးခြင်း အမျိုးမျိုးကို ခွဲစိတ်ကုသပေးခြင်း
-ထိခိုက်ဒဏ်ရာရခြင်း (သို့မဟုတ်) ရောဂါကြောင့် ပျက်စီးသွားသောအာရုံကြောများကို အစားထိုး ခွဲစိတ်ကုသပေးခြင်း
🎗ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ ခွဲစိတ်မှုများဖြစ်သည့် 🎗
-ကျောက်ကပ်ကင်ဆာအပါအဝင် ကျောက်ကပ်ထိခိုက်ပျက်စီးမှုများနှင့် ရောဂါအမျိုးမျိုးအတွက် ကျောက်ကပ်ကိုခွဲစိတ်ဖယ်ရှားခြင်း
-ဆီးလမ်းကြောင်းမှတစ်ဆင့် ဆီးအိမ်အတွင်းသို့ ခေတ်မီမှန်ပြောင်းအသုံးပြု၍ ရောဂါရှာဖွေခြင်း၊ ဆီးကျောက်ဖယ်ရှားခြင်း၊ အသားစနမူနာယူခြင်း
- လိင်အင်္ဂါထိပ်အရေပြားဖြတ်ခြင်း၊ ကပ္ပါယ်အိတ် ခွဲစိတ်ကုသခြင်း
-လေဆာနည်းပညာဖြင့် ဆီးကျောက်ခြေပေးခြင်း
-ခေတ်မီမှန်ပြောင်းအသုံးပြု၍ ဆီးပို့ပြွန်နှင့် ကျောက်ကပ်ကို ကြည့်ရှုစစ်ဆေးခြင်း
-ဆီးလမ်းကြောင်းကျဉ်းခြင်းအား ကုသပေးခြင်း
-ကျောက်ကပ်မှ ဆီးအိတ်သို့ဆက်သွယ်သည့် ဆီးလမ်းကြောင်းပိတ်ဆို့ခြင်းအား ကုသခြင်း
-အရွယ်အစားကြီး၍ မှန်ပြောင်းမှတစ်ဆင့်ဖယ်ရှားရန်မလွယ်ကူသော ဆီးအိမ် ကျောက်များကို ခွဲစိတ်ဖယ်ရှားပေးခြင်း
-ဆီးအိမ်ကင်ဆာကျိတ်ကို မှန်ပြောင်းမှတစ်ဆင့်ခြစ်၍ ကုသခြင်း
-အပေါက်ငယ်လေးဖောက်၍ ကျောက်ကပ်ကျောက်များကို ခွဲစိတ်ဖယ်ရှားပေးခြင်း
🎗အဆုတ်နှင်ရင်ခေါင်းဆိုင်ရာ ခွဲစိတ်မှုများဖြစ်သည့် 🎗
-အဆုတ်တွင်း ရေဝင်နေခြင်းအား စုပ်ထုတ်ကုသခြင်း
-အဆုတ်နှင့်ရင်ခေါင်းကြားတွင် ပုံမှန်မဟုတ်ဘဲ လေများ၊ သွေးများ ဝင်ရောက်နေခြင်းကို စုပ်ထုတ်ခြင်း၊ ခွဲစိတ်ခြင်း
-ရောဂါကြောင့်ပုံမှန်အလုပ်မလုပ်နိုင်သော အဆုတ်အစိတ်အပိုင်းအား ခွဲစိတ်ဖယ်ထုတ်ခြင်း
-ဗီဒီယိုကင်မရာအသုံးပြု၍ ရင်ခေါင်းတွင်အပေါက်ငယ်လေးဖောက်ကာ အလုံးအကျိတ်များခွဲစိတ်ကုသခြင်း၊ လေများ/သွေးများ စသည်တို့ကို ဖယ်ရှားပေးခြင်း
-နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ခွဲစိတ်မှုများဖြစ်သည့်
-လည်ပင်းသိုင်းရွိုက်အကျိတ် ခွဲစိတ်ကုသခြင်း၊ ဖယ်ရှားခြင်း
-ခံတွင်း၊ လျှာနှင့် အာသီး ဆိုင်ရာခွဲစိတ်ကုသခြင်း
-နားပိုးဝင်ခြင်း၊ နားစည်ထိခိုက်ခြင်း များအားခွဲစိတ်ခြင်း
-မှန်ပြောင်းအသုံးပြု၍ နှာခေါင်းအတွင်းပိုင်းရောဂါအခြေအနေများအားခွဲစိတ်ကုသပေးခြင်း၊ အသားစနမူနာယူခြင်း
-လေပြွန်နှင့်လည်ပင်းတစ်လျှောက် ရောဂါများ၊ အလုံးအကျိတ်များအား ခွဲစိတ်ကုသခြင်း၊ အသားစယူခြင်း
🎗မျက်နှာ၊ မေးရိုးနှင့် ခံတွင်းဆိုင်ရာ ခွဲစိတ်မှုများဖြစ်သည့် 🎗
-မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းအား ခွဲစိတ်ကုသပေးခြင်း
-ထိခိုက်ဒဏ်ရာများ၊ အပူလောင်ဒဏ်ရာများအား ခွဲစိတ်ကုသပေးခြင်း
-မေးရိုးနှင့်ခံတွင်းဆိုင်ရာ အလုံးအကျိတ်များ ဖြတ်ထုတ်ဖယ်ရှားခြင်း၊ ခွဲစိတ်ပေးခြင်း၊ အစားထိုးပြုပြင်ပေးခြင်း
-ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှုများဖြစ်သည့်
-ဦးနှောက်တွင်းအရည်များနေခြင်းအား အပေါက်ဖောက်၍ စုပ်ထုတ်ပေးခြင်း
-ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ အလုံးအကျိတ်များ ခွဲစိတ်ကုသပေးခြင်း
-ဦးခေါင်းခွံထိခိုက်ဒဏ်ရာရခြင်းများအတွက် ခွဲစိတ်ကုသပေးခြင်း
စသည့် ခွဲစိတ်ကုသမှုအမျိုးမျိုးကို ဆာကူရာဆေးရုံရှိ အဆင့်မြင့်စက်ကိရိယာများတပ်ဆင်ထားသော ခွဲစိတ်ခန်းများ၊ ကုသမှုနည်းပညာများဖြင့် နေ့စဉ် ဝန်ဆောင်မှုပေးလျက်ရှိပါသည်
---------------------------------------------------------------------------------------------------------------------
🌸“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”🌸
ဆက်သွယ်ရန်ဖုန်း - 01 7512668
ဆာကူရာဆေးရုံ - အမှတ်(၂၁/၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

"ဆာကူရာဆေးရုံမှ September လ မွေးနေ့ရှင်ဝန်ထမ်းများအတွက် မွေးနေ့အမှတ်တရပွဲကျင်းပပြုလုပ်ပေးခဲ့သည့်ပုံရိပ်များအား အမှတ်တရမှ...
19/09/2025

"ဆာကူရာဆေးရုံမှ September လ မွေးနေ့ရှင်ဝန်ထမ်းများအတွက် မွေးနေ့အမှတ်တရပွဲကျင်းပပြုလုပ်ပေးခဲ့သည့်ပုံရိပ်များအား အမှတ်တရမှတ်တမ်းတင်မျှဝေလိုက်ရပါသည်။"




Address

21/23 Shin Saw Pu Road , Sanchaung Twp
Yangon
11111

Alerts

Be the first to know and let us send you an email when Sakura Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sakura Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

Our Story

Sakura hospital, one of the most historic private hospitals in Myanmar, was opened since 1st January 1998. Our hospital is the 10th storey building with underground basement that can accommodate 150 beds for our admission customers. The building is located at No.23, Shin Saw Pu Road, Sanchaung Township, Yangon. From 2009 March, Sakura hospital is being run by the new owner. Starting from 2009, we have been upgrading and investing both materials and personnel to reach international level. We are providing multidisciplinary medical care services not only with modern day medical technologies and equipments but also with excellent and prompt treatments. We always take care of our customers with well-experienced and trained medical doctors, nurses and also with expert professional staffs in every respective department. We can also arrange for specialists on call service. We always focus on our customers’ well-being and delightfulness.