09/05/2024
“Her Soul for Revenge”
Hellooo, where’s my Dark Romance girlie at?🫶🏻💓
Author: Harley Laroux
Length: 557 pages
Category: Fantasy Paranormal Dark Romance
Personal🌟: 4.5/5
⚠️This book isn’t suitable for people under the age of eighteen.⚠️
TW:// Drug use, sexual scenes, horror elements, scenes of trauma, anxiety, and PTSD, fetish/kink contents
Review: Fantasy Romancက အမြဲဖတ်နေကြ categoryထဲမှာတော့ မပါပေမဲ့ အခုနောက်ပိုင်း Dark Romanceတွေကို အဲ့ဘက်ရောက်တာမျိုးတွေပဲဖတ်ဖြစ်နေတယ်။ ဇာတ်အိမ်က witch, creatures, demon, devil, evil, လူသား(mortal)တွေက တစ်ယောက်နဲ့တစ်ယောက်ရှင်တွဲနေထိုင်ကြတဲ့ ကမ္ဘာမှာ creatureတစ်ကောင်ကို Godအနေနဲ့ ကိုးကွယ်ကြတဲ့ Libiriအုပ်စုတစ်စုပေါ်ကိုအခြေခံထားတာပါ။ ဒီအုပ်စုက သူတို့စွဲလမ်းနေတဲ့ ကိုးကွယ်မှုဆိုင်ရာ ကျင့်စဉ်အရ Godဟာ စွမ်းအင်တွေပြန်ရပြီး ကမ္ဘာပေါ်ပြန်တက်လာဖို့ လူသားတစ်ယောက်ကို အမြဲယဇ်ပူဇော်ရပါတယ်။ တစ်ရက်မှာတော့ အပူဇော်ခံရမဲ့သူဟာ Juniperဆိုတဲ့ ကောင်မလေးဖြစ်လာတယ်။ ဒါပေမဲ့ အဆိုးထဲက အကောင်းအနေနဲ့ Juniperဟာ Godကို အစာကျွေးတဲ့တွင်းထဲက လွတ်သွားပြီးတော့ မြို့ကနေထွက်ပြေးတိမ်းရှောင်နေလိုက်တယ်။ တစ်ရက်မှာ Juniperက Zaneလို့ခေါ်တဲ့ Demonတစ်ယောက်နဲ့တွေ့သွားပြီး ကလဲ့စားချေဖို့အတွက် အကူအညီတောင်းရင်း ဝိဥာဥ်ကို အလဲအလှယ်အနေနဲ့ရောင်းစားခဲ့ပါတယ်။ သူတို့၂ယောက်ရဲ့ ရည်ရွယ်ချက်က Godကိုတိုက်ခိုက်ပြီး Libiriတွေကို အမြစ်ဖြတ်ဖို့ဆိုပေမဲ့ Zaneက Juniperကိုချစ်မိလာတဲ့အခါမှာ…
မတူညီတဲ့ creaturesေတွချကြတဲ့ scenesတွေပါတာမလို့ Fantasyကို Dark Romanceထဲကဖတ်ချင်တဲ့သူတွေအတွက်အဆင်ပြေပါတယ်။ စာရေးသူကိုယ်တိုင်ကိုတောင် နေရခက်စေတဲ့ scenesတွေရှိတာကြောင့် check the warnings first, guysss။ ကိုယ်တိုင်အရမ်းဖတ်ချင်နေတော့လည်း မဖတ်နိုင်တဲ့ အခန်းတွေကြရင် စာကြောင်းကို ခုန်ပျံကျော်လွှားလိုက်တယ်🤣
Souls Trilogyထဲမှာ ဒုတိယမြောက်စာအုပ်အနေနဲ့ ထွက်ရှိထားပေမဲ့ တစ်အုပ်တည်း သီးသန့်ဖတ်လို့လည်း အဆင်ပြေပါတယ်။ တစ်အုပ်ချင်းဆီက charactersေတွကတော့ camoအနေနဲ့ပါတာကြောင့် အစအဆုံးဇာတ်အိမ်တစ်ခုလုံးကို နားလည်ချင်တယ်ဆိုရင် I recommend y'all to read.💯
📢I’ll say it again “This may be kinda out of zone for some people so please check the trigger warnings on the first page of book before you finally dive in!!!”
See ya in my next post~~XOXO