Kaung Thu Kha Pharmacy

  • Home
  • Kaung Thu Kha Pharmacy

Kaung Thu Kha  Pharmacy CARE
VALUE
SERVICE

17/04/2025
''မိခင်နို့အရည်အသွေးပြည့်ဝဖို့၊ နို့ထွက်အားကောင်းစေဖို့၊ ရေဓာတ်အပြည့်အဝရရှိဖို့ အတွက်'' 𝗛𝘂𝗺𝗮𝗻𝗮 𝗡𝘂𝗿𝘀𝗶𝗻𝗴 𝗧𝗲𝗮 🌺🌾☘️🌿 𝗛𝘂𝗺𝗮𝗻𝗮 ...
24/02/2025

''မိခင်နို့အရည်အသွေးပြည့်ဝဖို့၊ နို့ထွက်အားကောင်းစေဖို့၊ ရေဓာတ်အပြည့်အဝရရှိဖို့ အတွက်''

𝗛𝘂𝗺𝗮𝗻𝗮 𝗡𝘂𝗿𝘀𝗶𝗻𝗴 𝗧𝗲𝗮 🌺🌾☘️🌿

𝗛𝘂𝗺𝗮𝗻𝗮 𝗡𝘂𝗿𝘀𝗶𝗻𝗴 𝗧𝗲𝗮 မှာပါဝင်တဲ့ သဘာဝဆေးဖက်ဝင်ပန်းနှင့် သစ်သီးများကြောင့် မေမေတို့ ကိုယ်ဝန်ဆောင်စဥ်မှာ ကြုံတွေ့ရတဲ့ ဝေဒနာများစွာနဲ့ နေ့စဉ် ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို လျော့ပါးသက်သာစေမယ့်အပြင် စိတ်ကြည်လင်မှုကိုလည်း ရရှိစေနိုင်ပြီး ကလေးမွေးဖွားပြီးနောက် ကလေးနို့လှိုင်လှိုင်ရစေဖို့၊ နို့ချိုပြည့်ဝစွာရရှိဖို့ လိုအပ်တဲ့အာဟာရဓာတ်များစွာကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။

𝗛𝘂𝗺𝗮𝗻𝗮 မေမေတို့ရဲ့ အလှပဆုံးအချိန်လေးကို ကျန်းမာ၊ ပျော်ရွှင်စွာနဲ့ စိတ်ပူပန်မှုကင်းစွာ ဖြတ်သန်းနိုင်ဖို့အတွက် 𝗛𝘂𝗺𝗮𝗻𝗮 𝗡𝘂𝗿𝘀𝗶𝗻𝗴 𝗧𝗲𝗮 လေးရှိနေပါပြီ။

🌺"”မိခင်နှင့် ရင်သွေးငယ်တို့ ယုံကြည်အားထားရာ ဟူမားနား "🌺





Brain Rot ဆိုတာဘာလဲ.......?▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎Rot အဓိပ္ပါယ်ကို ဘာသာပြန်ရင...
09/01/2025

Brain Rot ဆိုတာဘာလဲ.......?
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

Rot အဓိပ္ပါယ်ကို ဘာသာပြန်ရင်တော့ ပုပ်သိုးသွားတယ်လို့ အဓိပ္ပါယ်ရပြီး Brain Rot ကို တိုက်ရိုက်ဘာသာပြန်ရင်တော့ ဦးနှောက်ပုပ်သိုးသွားတယ်လို့ အများက ထင်ကြပါလိမ့်မယ်။ တစ်ကယ်တမ်းမှာတော့ ဒီစကားလုံးက အင်တာနက်အသုံးပြုသူတွေဆီက ပေါ်ထွက်လာတဲ့စကားလုံးဖြစ်ပါတယ်။

အင်တာနက်အသုံးပြုသူတော်တော်များများက Brain Rot ပြသနာကို ရင်ဆိုင်နေရပြီး အသက်အရွယ်မရွေးဖြစ်နေကြတယ်လို့ ဆိုပါတယ်။
တစ်ချို့လူတွေကတော့ “Mental Fogginess” လို့ခေါ်ကြပါတယ်။

အဓိပ္ပါယ်ကတော့​ စိတ်ကျန်းမာရေးမကောင်းပဲ ဝေဝါးနေတယ်လို့ ဆိုပါတယ်။ ဒီလို ရောဂါဖြစ်ရခြင်းအကြောင်းရင်းကတော့ အင်တာနက်ကို အလွန်အကျွံအသုံးပြုပြီး social media တွေကို အလွန်အကျွံအသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။

Brain Rot စတင် ဖြစ်ပေါ်ရာ............

၂၀၀၇ ခုနှစ်လောက်မှာ ဒီစကားလုံးကို စတင်မိတ်ဆက်ခဲ့ပြီး Boston Children’s Hospital မှာ Media Use အလွန်အကျွံအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာတယ်လို့ ဆရာဝန်တွေက သုံးသပ်ကြပါတတယ်။
Dr Michael Rich လို့အမည်ရှိတဲ့ Digital ပိုင်းဆိုင်ရာနှင့် ပတ်သက်တဲ့ စိတ်ကျန်းမာရေးဆေးရုံက ဆရာဝန်ကြီးက Brain Rot ကို လူငယ်တော်တော်များများ ခံစားနေရတယ်လို့ ပြောကြားခဲ့ပါတယ်။
နေ့စဉ်နှင့်အမျှ ကြည့်နေကြတဲ့ social media တွေက contents တွေက လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကို တော်တော်ထိခိုက်စေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ လူနာတော်တော်များများက ဂိမ်းဆော့တဲ့အခါ ဆုတံဆိပ်ရသလိုမျိုး ဂုဏ်ယူနေကြပါတယ်။
အမှန်တကယ်ကတော့ Brain Rot ဖြစ်နေကြတာကို သူတို့ကိုယ်တိုင် မသိကြတာပါ။

ကလေးသူငယ်တော်တော်များများမှာတော့ အလွန်အကျွံဟာသပြုလုပ်တဲ့ videos, prank videos နှင့် မိုက်ရူးရဲဆန်စွာ လုပ်ပြတဲ့ video တွေက ကြည့်ရှုသူများပြားပြီး စွဲလန်းတဲ့အထိ ဖြစ်နေကြပါတယ်။
ထို့အပြင် streamers တွေကလည်း အပြင်လောကမှာ ဖြစ်ပျက်နေကြပုံစံတွေကို သွေဖယ်ပြီး လျှောက်လုပ်ပြတာမျိုးတွေကို လုပ်လာကြပါတယ်။ ကြည့်ရှုသူတွေက ဒီလိုအဖြစ်အပျက်မျိုးကို အပြင်မှာလည်း လုပ်လို့ ရတယ်လို့ မှတ်ယူပြီး နေထိုင်ပြောဆိုပုံကအစ မူမမှန်တော့တာမျိုးတွေ ဖြစ်လာပါတယ်။
ကလေးသူငယ်တွေက အဆိုပါ contents တွေကို social media မှာ ကြည့်ရှုမှု များလာတဲ့အခါ သူတို့ ကမ္ဘာငယ်တစ်ခုကို ရောက်သွားပြီး အပြင်လောကမှာလည်း လေးစားမှု၊ ကူညီမှုဆိုတဲ့အပြုအမူတွေ လုံး၀ပျောက်ကွယ်သွားပါတယ်။

အချို့ကလေးတွေမှာတော့ ကျောင်းသင်ခန်းစာတွေကို ကြာကြာအာရုံမစိုက်နိုင်တော့ပဲ ADHD တွေ ဖြစ်လာကြပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးက အရွယ်ရောက်ပြီးသားလူတွေတောင် ဖြစ်လာကြတဲ့အခါ ကလေးသူငယ်တွေမှာ Brain Rot ဖြစ်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။
ဒါကြောင့် မိဘတွေအနေနှင့် မိမိရဲ့ ကလေးငယ်တွေကို Brain Rot စောစောမဖြစ်စေချင်ရင်တော့ screen ပေါ်မှာ ကလေးငယ်တွေ ကြည့်တဲ့အရာတွေကို limit လုပ်ဖို့ လိုအပ်ပါတယ်။​ Screen Time ကို အတက်နိုင်ဆုံး နည်းသလောက်နည်းအောင် လုပ်ပြီး အပြင် activity တွေကို များများလုပ်ဖို့ တွန်းအားပေးသင့်ပါတယ်။ အရွယ်ရောက်ပြီးသား လူကြီးတွေအနေနှင့် Brain Rot နှင့် ပတ်သက်တဲ့ content မျိုးတွေကို အားပေးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်

■စိတ်ထဲကြည်လင်မနေဘူး နောက်ကျိမှုန်မှိုင်းနေပြီး ဘာမှ တွေးတောစဉ်းစားလို့မရဘူး
■အာရုံစူးစိုက်လို့မရသလို အရမ်းမေ့တတ်လာတယ်
ဘာမဟုတ်တာလေးနဲ့ စိတ်တိုတတ်နေပြီး ရန်များလာတယ်
■ပြဿနာတွေ ကောင်းကောင်း မဖြေရှင်းနိုင်တော့သလို
■ဆုံးဖြတ်ချက်တွေ မပြတ်သားတော့ဘူး
■ကောင်းကောင်းအိပ်မပျော်သလို နိုးတော့လည်းလန်းဆန်းမနေဘူး

ဒီလိုတွေ ခံစားလာနေရပြီး မူးယစ်ဆေးသုံးစွဲနေတာ ၊
အရက်အလွန်အကျွံသောက်နေတာ မဟုတ်ရင်တော့ သင်ဟာ Social Media အလွန်အကျွံသုံးစွဲမိနေတာပါ
(Screen Time များနေတာပေါ့)

Social Media အသုံးများလွန်းပြီး Social Media စွဲနေရာက ခန္ဓာကိုယ်ကို အထူးသဖြင့် အတွေးအခေါ်ပိုင်း ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတာကို Brain Rot လို့ ခေါ်ပါတယ်။

Crd
By Win Thet Oo
&
ဘုန်းစည်သူလွင်

Human metapneumovirus (HMPV) သည် များသောအားဖြင့် အအေးမိခြင်းကဲ့သို့ လက္ခဏာများကို ဖြစ်စေသည့် ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည်။...
03/01/2025

Human metapneumovirus (HMPV) သည် များသောအားဖြင့် အအေးမိခြင်းကဲ့သို့ လက္ခဏာများကို ဖြစ်စေသည့် ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည်။ ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှူကြပ်ခြင်း၊ နှာရည်ယိုခြင်း သို့မဟုတ် လည်ချောင်းနာခြင်းတို့ ဖြစ်နိုင်ပါသည်။ ရောဂါအများစုသည် အပျော့စားဖြစ်သော်လည်း ကလေး ငယ်များ၊ ၆၅ နှစ်အထက် လူကြီးများနှင့် ခုခံအားစနစ် အားနည်းသူများမှာ ပြင်းထန်သော ရောဂါဖြစ်နိုင်ချေ ပိုများသည်။ HMPV သည် အဖြစ်များပါသည် — အများစုသည် အသက် 5 နှစ်​အောက် က​လေး များ သတိထားသင့်သည်။

Human metapneumovirus (HMPV) ဆိုတာဘာလဲ။

Human metapneumovirus (HMPV) သည် အများအားဖြင့် အအေးမိခြင်းကဲ့သို့ လက္ခဏာများကို ဖြစ်စေသည့် ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည်။ ၎င်းသည် မကြာခဏဆိုသလို အသက်ရှုလမ်းကြောင်းအပေါ်ပိုင်းပိုးဝင်ခြင်းကို ဖြစ်စေတတ်သော်လည်း တစ်ခါတစ်ရံတွင် အဆုတ်အအေးမိခြင်း၊ ပန်းနာရင်ကျပ်ထခြင်း သို့မဟုတ် နာတာရှည်လေပြွန်ကျဉ်းရောဂါ (COPD) ကဲ့သို့ အသက်ရှူလမ်းကြောင်းအောက်ပိုင်းကို ထိခိုက်စေနိုင်သည်။ HMPV ရောဂါပိုးသည် ဆောင်းရာသီနှင့် နွေဦးပေါက်ရာသီများတွင် ပို၍အဖြစ်များပါသည်။

human metapneumovirus က ဘယ်လိုကူးစက်သလဲ။

HMPV သည် ရောဂါပိုးရှိသူနှင့် တိုက်ရိုက်ထိတွေ့ခြင်း သို့မဟုတ် ဗိုင်းရပ်စ်နှင့် ညစ်ညမ်းသောအရာများကို ထိတွေ့ခြင်းမှ ကူးစက်သည်။
ဥပမာအားဖြင့်:

ချောင်းဆိုး နှာချေခြင်း။

လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်း သို့မဟုတ် နမ်းခြင်း။

ဖုန်းများ၊ တံခါးလက်ကိုင်များ၊ ကီးဘုတ် သို့မဟုတ် အရုပ်များကဲ့သို့သော မျက်နှာပြင်များ သို့မဟုတ် အရာဝတ္တုများကို ထိ​တွေ့ခြင်း။

human metapneumovirus အတွက် ဖြစ်နိုင်ခြေ အကြောင်းရင်းတွေက ဘာတွေလဲ။

မည်သူမဆို HMPV ရနိုင်သော်လည်း

အသက် 5 နှစ်အောက် (အထူးသဖြင့် လမစေ့ဘဲ မွေးကင်းစကလေးများ) သို့မဟုတ် 65 နှစ်အောက်များ အဖြစ်များကြပါသည်။

အားနည်းသော ကိုယ်ခံအားစနစ် (HIV၊ ကင်ဆာ သို့မဟုတ် autoimmune ချို့ယွင်းမှုများ၊ သို့မဟုတ် သင့်ခုခံအားစနစ်ကို ဖိနှိပ်သည့် ဆေးဝါးများမှ) ရှိသူများ လဲ သတိထားသင့်သည်။

ပန်းနာရင်ကျပ် သို့မဟုတ် COPD ရှိသူများ

human metapneumovirus ၏ နောက်ဆက်တွဲပြဿနာများကား အဘယ်နည်း။

တစ်ခါတစ်ရံတွင် HMPV သည် နောက်ဆက်တွဲပြဿနာများကို ဖြစ်စေသည်။ ဒါတွေက ပြင်းထန်နိုင်ပြီး ဆေးရုံတင်ထားဖို့ လိုအပ်နိုင်ပါတယ်။ ၎င်းတို့တွင်-

Bronchiolitis ။

လည်ချောင်းနာ။

နမိုးနီးယား။

ပန်းနာရင်ကျပ် ။

နားပိုးဝင်ခြင်း (otitis media)။

Human metapneumovirus ကို ဘယ်လိုကုသသလဲ။

human metapneumovirus ကိုကုသနိုင်သော မည်သည့် ဗိုင်းရပ်စ် ဆေးဝါးမျှ မရှိပါ။ လူအများစုသည် ၎င်းတို့၏ ရောဂါလက္ခဏာများကို သက်သာရာရသည်အထိ အိမ်တွင် ထိန်းနိုင်သည်။

သင် သို့မဟုတ် သင့်ကလေးသည် ပြင်းထန်စွာနေမကောင်းပါက ဆေးရုံတင်ရန် လိုအပ်နိုင်သည်။ အဲဒီမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေက သင့်အခြေအနေကို စောင့်ကြည့်နိုင်ပြီး ဖျားနာခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

အောက်ဆီဂျင်ကုထုံး။ အကယ်၍ သင်သည် အသက်ရှုရခက်နေပါက၊ ဝန်ဆောင်မှုပေးသူတစ်ဦးသည် သင့်နှာခေါင်းရှိပြွန်မှတဆင့် သို့မဟုတ် သင့်မျက်နှာပေါ်ရှိ mask မှ သင့်အား အောက်ဆီဂျင်ပိုပေးနိုင်သည်။

IV အရည်များ။ သင့်သွေးပြန်ကြောသို့ တိုက်ရိုက်ပေးပို့သောအရည်များ (IV) သည် သင့်အား ရေဓာတ်ထိန်းပေးနိုင်သည်။

Corticosteroids။ Steroids များသည် ရောင်ရမ်းမှုကို လျှော့ချနိုင်ပြီး သင့်ရောဂါလက္ခဏာအချို့ကို သက်သာစေနိုင်သည်။

human metapneumovirus အတွက် ပဋိဇီဝဆေးများ လိုအပ်ပါသလား။

နံပါတ် ပဋိဇီဝဆေးများသည် ဘက်တီးရီးယားများကိုသာ ကုသသည်။ HMPV သည် ဗိုင်းရပ်စ်ဖြစ်သောကြောင့် ပဋိဇီဝဆေးများသည် ၎င်းကို မဖယ်ရှားနိုင်ပါ။ တခါတရံ HMPV မှ အဆုတ်အအေးမိသူများသည် တစ်ချိန်တည်းတွင် ဘက်တီးရီးယားပိုးဝင်ခြင်း (ဆင့်ပွားကူးစက်မှု) ကို ရရှိသည်။ အကယ်၍ သင့်ဝန်ဆောင်မှုပေးသူက ပဋိဇီဝဆေးများကို ညွှန်ကြားပါက၊ ၎င်းသည် နောက်ဆက်တွဲရောဂါပိုးများကို ကုသရန်ဖြစ်သည်။

ကာကွယ်ရေး

လူသား metapneumovirus ကူးစက်မှုကို ကာကွယ်နိုင်ပါသလား။

HMPV နှင့် အခြားကူးစက်ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည်-

လက်ကို ဆပ်ပြာနဲ့ ရေနဲ့ မကြာခဏ ဆေးပါ။ ဆပ်ပြာနဲ့ရေကို အသုံးမပြုနိုင်ရင် အရက်ပါတဲ့ လက်သန့်ဆေးရည်ကို အသုံးပြုပါ။

နှာချေ သို့မဟုတ် ချောင်းဆိုးသောအခါတွင် လက်ဗလာမဟုတ်ဘဲ တံတောင်ဆစ်ဖြင့် နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားပါ။

အအေးမိခြင်း သို့မဟုတ် အခြားကူးစက်တတ်သောရောဂါများ ဖျားနာနေချိန်တွင် အခြားလူများအနီးတွင် ရှိနေခြင်းမှ ရှောင်ကြဉ်ပါ။

အကယ်၍ သင်သည် နေမကောင်းဖြစ်ပြီး အခြားသူများနှင့် မရှောင်နိုင်ပါက Mask တပ်ရန် စဉ်းစားပါ။

မျက်နှာ၊ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို မထိမိပါစေနှင့်။

အစားအစာ (သို့) စားသုံးရန် အသုံးအဆောင်များ (ခက်ရင်း၊ ဇွန်း၊ ခွက်) ကို အခြားသူများနှင့် မမျှဝေပါနှင့်။

Crd
Cleveland Clinic

Paracetamol (ပါရာစီတမော့ အကြောင်းတစေ့တစောင်း)∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆မြန်မာနိုင်ငံတွင် လူသုံးအများဆုံးအိမ်သုံးဆေးဝါး ...
30/12/2024

Paracetamol (ပါရာစီတမော့ အကြောင်းတစေ့တစောင်း)
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
မြန်မာနိုင်ငံတွင် လူသုံးအများဆုံး
အိမ်သုံးဆေးဝါး ဖြစ်ပါတယ်။

ဆေးဈေးကွက်အတွင်း
အရောင်အသွေးမျိုးစုံ ထုတ်ပိုးမူပုံစံ အမျိုးမျိုး
"အဝိုင်း " "လေးထောင့်" " အတောင့်" စတဲ့အခဲပုံစံအမျိုးမျိုး
"အဖြူရောင် " "အပြာနု ""အဝါနု "အသားရောင်
အညိုရောင် အပြာ​​ရောင် စတဲ့ အရောင်အမျိုးမျိုး
ကလေးများ အတွက် အရသာ အမျိုးမျိူးဖြင့် အရည်များ
စအိုတွင်း ထည့် ဆေးတောင့် (အရပ်အခေါ် ဒုံးကျည် ) များ
ဖြင့် အလွယ်တကူ ဝယ်ယူ ရရှိနိုင်တဲ့ဆေးဝါးမျိုးပါ။

သုံးစွဲကြတဲ့ရည်ရွယ်ချက်တွေကတော့

- ခေါင်းကိုက်ခြင်း
- ကိုယ်လက် ကိုက်ခဲခြင်း
- အရိုးအဆစ်နာခြင်း
- ဖျားနာခြင်း
- အအေးမိ နာစေး ခြင်း
တို့အတွက် သုံးစွဲကြပါတယ်။

ကလေးငယ်များ အနေဖြင့်လဲ သူအရွယ် သူ့ပမာဏ အတိုင်း
ဘဲ တိုက်ကျွေးသင့်ပါတယ်။

- ရင်သွေးငယ်လေးတွေဟာ ခန္ဓာကိုယ်အလေးချိန်သေးငယ်တာကြောင့် ပါရာစီတမော သောက်သုံးရမယ့်ပမာဏကလည်း အလွန်နည်းပါတယ်။ ရင်သွေးငယ်လေးတွေကို ပါရာစီတမော တိုက်ကျွေးတော့မယ်ဆိုရင် လူကြီးတွေသောက်သုံးလေ့ရှိတဲ့ ပါရာစီတမောဆေးပြားကို ခွဲခြမ်းတိုက်ကျွေး တာမျိုး မပြုလုပ်သင့်ဘဲ ရင်သွေးငယ်လေးတွေအတွက် ရည်ရွယ်ဖော်စပ်ထားတဲ့ ပါရာစီတမောဆေးရည်တွေကို တိုက်ကျွေးပေးဖို့လိုပါတယ်။

- အသက် ၃ လကျော်ကာစ ရင်သွေးငယ်လေးတွေကို ပါရာစီတမော တိုက်ကျွေးတော့မယ်ဆိုရင် အစက်ချဆေးရည်တွေကို အသုံးပြုဖို့လိုပါတယ်။ အသက် ၃ လ အောက် ကလေးတွေကိုတော့ ဆရာ၀န်ညွှန်ကြားမှသာ ညွှန်ကြားချက်အတိုင်း တိုက်ကျွေးသင့်ပါတယ်။ မိမိသဘောနဲ့ မိမိ မတိုက်ကျွေးသင့်ပါဘူး။

- ရင်သွေးငယ်လေးတွေကို ပါရာစီတမောတိုက်ကျွေးတဲ့အခါ ခန္ဓာကိုအလေးချိန်အလိုက် တိုက်ကျွေး ရမယ့် ပမာဏကို ဆရာ၀န်နဲ့မေးမြန်းသင့်ပါတယ်။ ဒါမှမဟုတ် ဆေးရည်ဘူးအတွင်းမှာပါတဲ့ ဆေးညွှန်းအတိုင်း အတိအကျ တိုက်ကျွေးရမှာ ဖြစ်ပါတယ်။ ပါရာစီတမောဆေးရည် ထုတ်လုပ်တဲ့ကုမ္ပဏီပေါ်မူတည်ပြီး ထည့်သွင်းဖော်စပ်ထားတဲ့ ဆေးပမာဏချင်းလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။

- အများဆုံးတွေ့ရတာတွေ ကတော့ 5 ml မှာ 120 မီလီဂရမ် ပါ၀င်တဲ့အမျိုးအစားနဲ့ 5 ml မှာ 250 မီလီဂရမ် ပါ၀င်တဲ့အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ရင်သွေးငယ်လေးတွေကို ပါရာစီတမော 120 မီလီဂရမ်တိုက်ကျွေးဖို့လိုအပ်လာတဲ့အခါ 120mg/5ml နဲ့ ဖျော်စပ်ထားတဲ့ဆေးရည်ဆိုရင် 5 ml (စားပွဲဇွန်းတစ်ဇွန်း) တိုက်ကျွေးလို့ရပြီး 250mg/5ml နဲ့ ဖျော်စပ်ထားတဲ့ဆေးရည်ဆိုရင်တော့ 2.5 ml (စားပွဲဇွန်းတစ်၀က်) တိုက်ကျွေးရမှာဖြစ်ပါတယ်။ 120mg/5ml သို့မဟုတ် 250mg/5ml အချိုးအဆနဲ့ဖော်စပ်ထားတယ်ဆိုတာကို ဆေးပုလင်းပေါ်မှာ ထင်ထင်ရှားရှား ဖော်ပြထားလေ့ရှိပါတယ်။

- ပါရာစီတမောဆေးရည်ကို သတ်မှတ်ပမာဏအတိုင်း တိုက်ကျွေးဖို့လိုသလို တစ်နေ့ကို အများဆုံး ၄ ကြိမ်ထက်မပိုအောင် တိုက်ကျွေးဖို့ကိုလည်း သတိထားရမှာဖြစ်ပါတယ်။ ပါရာစီတမော တစ်ကြိမ်တိုက်ကျွေး ပြီးရင် ဆေးအာနိသင်အပြည့်အ၀ရစေဖို့အတွက် ၁ နာရီခွဲကနေ ၃ နာရီအထိ အချိန်ယူရလေ့ရှိတာကြောင့် ပါရာစီတမော တိုက်ကျွေးတဲ့ အကြိမ်ရေကြားမှာ အနည်းဆုံး ၄ နာရီ ခြားထားရမှာဖြစ်ပါတယ်။ ၆ နာရီခြားပြီး တစ်နေ့ကို ၄ ကြိမ်တိုက်ကျွေးပေးဖို့ ဆရာ၀န်တွေက ညွှန်ကြားလေ့ရှိပါတယ်။

- အသက် ၃ လကျော် ရင်သွေးငယ်လေးတွေမှာတော့ ပါရာစီတမောတစ်ခါတိုက်ကျွေးရင် အသုံးပြုရတဲ့ ဆေးပမာဏအလွန်နည်းတာကြောင့် အစက်ချဆေးရည်တွေအသုံးပြုပြီး အစက်ချတိုက်ကျွေးပေးဖို့ လိုပါတယ်။ ဆရာ၀န်ညွှန်ကြားချက် ဒါမှမဟုတ် ဆေးညွှန်းအတိုင်း အတိအကျ တိုက်ကျွေးပေးသင့်ပါတယ်။

မည်သည့် ရည်ရွယ် ချက်ဖြင့်သောက်သောက်
ပါရာစီတမော့ သောက်သုံးမည်ဆိုပါက အစာအိမ်ဆေးတခုခုဖြင့် တွဲဖက်သောက်သုံး ကြပါရန် အကြံပြုပါတယ်။

အစာအိမ်ရောဂါ ရှိသူများ
အစာအိမ်လမ်းကြောင်း သွေးယိုမူ ဖြစ်ဖူးသူများ
လည်းသတိထား သုံးစွဲသင့်ပါတယ်။

အသုံးများ ဆေးအမည်အချို့
- Biogestic tablet
- paracap
- cemol
- Sara tablet
- Ace
- Fast
- Lansen
- Minigrip P
- Mixaflu
- Napa
- paragesic
- P-125
- FEA
- Para Denk
- Biogestic Suspension
- Sara Suspension
- Progesic Suspension
- Babygesic Suspension
- Paragen Suspensiin , etc

{Ibuprofen နှင့်တွဲ၍
- Alaxan tablet
- Alaxan capsule
- Brucet
- Ubimol
- Ubimol forte
- My para forte
- Brupal forte
- Lopenca, etc

{ Orphenadrine နှင့်တွဲ၍
- Mustab
- Muscol
- Myopas
- Norgetex
- Nuberol
- Nuosic
- Onacine
-myogesic , etc

{ Diclofenac နှင့်တွဲဖက်၍
- Diclon - M
- Dynapar , etc


#​ကောင်းသုခ​ဆေးဆိုင်
#ကောင်းဆက်ဆေးဆိုင်
sat pharmacy

Reference...........
- Dr ဒေါက်တာ ဇေယျ ,
- Medical Dictionary ,
- Internet ,
- personal notes,

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကူးစက်ရောဂါများNorovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကဘာ...
12/12/2024

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကူးစက်ရောဂါများ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကဘာလဲ။
နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း က ရုတ်တရက် ပြင်းထန်စွာ အော့အန်ခြင်း နဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ ကူးစက်စေနိုင်ပြီး ချက်ပြုတ် ပြင်ဆင်တဲ့အခါ ဒါမှမဟုတ် ညစ်ပတ်တဲ့ ကြမ်းခင်းတွေပေါ်ကနေ တစ်ဆင့် မသန့်ရှင်းတဲ့ ရေ သို့မဟုတ် အစားအစာ အဖြစ်ကနေ ကူးစက်ခြင်းဖြစ်ပါတယ်။ ]

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း ဟာ အလွန်အတွေ့ရများပါတယ်။ အန္တရာယ်ရှိတဲ့ အချက်တွေကို ရှောင်ကြည်ခြင်းအားဖြင့် ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။ ထပ်သိချင်တယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။

လက္ခဏာများ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အတွေ့ရများတဲ့ နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း လက္ခဏာတွေကတော့ –

မူးဝေခြင်း

အော့အန်ခြင်း

ဝမ်းဗိုက်နာကျင်ခြင်း

အရည်ဝမ်းသွားခြင်း

ကိုယ်လက်မအီမသာ ဖြစ်ခြင်း

တငွေ့ငွေ့ဖျားခြင်း

ကြွက်သားများ နာကျင်ခြင်း

ဗိုင်းရပ်နဲ့ ထိတွေ့မိပြီး ၁၂ နာရီကနေ ၄၈ နာရီ အတွင်း ရောဂါလက္ခဏာတွေ စတင်ဖြစ်ပေါ်လာပါတယ်။ ပြန်ကောင်းပြီး နောက်ထပ် ၂ ပတ်လောက်ကြာတဲ့ အထိ မစင်မှာ ပိုးတွေ့နိုင်တဲ့ အတွက် သေချာစွန့်ပစ်ဖို့ လိုပါတယ်။ ကျန်းမာရေး သိပ်မကောင်းသေးဘူးဆိုရင် ရောဂါပိုးဟာ လပေါင်းများစွာအထိ ကျန်ရှိနေနိုင်ပါတယ်။

နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတဲ့ တချို့လူတွေမှာတော့ လူကောင်းအတိုင်းပဲ ဖြစ်ပြီး ဘယ်လို လက္ခဏာမှ မပြပါဘူး။ ဒါပေမယ့် ဗိုင်းရပ်စ်တွေကတော့ တခြားတစ်ယောက်ကို ကူးစက်နိုင်ပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေထဲမှာ ကျန်ခဲ့တာ ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာတစ်ခုခုနဲ့ ပတ်သက်ပြီး ပူပန်စရာ တစ်ခုခုရှိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
ရက်အတော်ကြာအောင် ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ မပျောက်ဘူးဆိုရင် ဆရာဝန်ပြပါ။ အန်တာ၊ သွေးဝမ်းသွားတာ၊ ဗိုက်အောင့်တာ၊ ရေဓါတ်ခမ်းခြောက်တာတွေ ဖြစ်ခဲ့ရင်လည်း ဆရာဝန်ပြပါ။

အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ခန္ဓါကိုယ်လှုပ်ရှားမှုပုံစံဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ သင့်အတွက် ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ
Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
ဘာတွေက နိုရိုဗိုင်းရပ်စ် ကူးစက်ခြင်းကို ဖြစ်စေသလဲ။

မသန့်ရှင်းတဲ့ ဖျော်ရည်နဲ့ အစားအစာတွေကို စားသောက်မိတဲ့ အခါ နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတတ်ပါတယ်။ အစိမ်း သို့မဟုတ် ကျက်အောင်ချက်မထားတဲ့ ကမာကောင်တွေနဲ့ ဟင်းသီးဟင်းရွက် အသီးအနှံ အစိမ်းတွေကလည်း ဖြစ်စေပါတယ်။ ဗိုင်းရပ်စ်ပိုးရှိနေတဲ့ ပစ္စည်း သို့မဟုတ် နံရံကို ထိလိုက်ပြီး နှာခေါင်း၊ ပါးစပ်၊ မျက်စိ တွေကို ထိလိုက်မယ် ဆိုရင် ရောဂါပိုး ကူးစက်ခံရတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
နိုရိုဗိုင်းရပ်စ်ကူးစက်ဖို့ အန္တရာယ်ရှိတဲ့ ဖြစ်နိုင်ချေတွေ အများကြီးရှိပါတယ်။

နည်းစနစ်တကျ သပ်ရပ်သန့်ရှင်းမှုရှိနေအောင် လုပ်မထားတဲ့ အစာကို စားမိခြင်း
မူကြို၊ နေ့ကလေးထိန်းကျောင်း တွင် တက်ရောက်ခြင်း
နီးကပ် ကျပ်သိပ်စွာ နေထိုင်ရခြင်း (ဥပမာ – ကလေးထိန်းသည့်နေရာများ)
လူအများအပြား နီးကပ်စွာ နေထိုင်လေ့ရှိသော ဟိုတယ်များ၊ ရီဆော့များ၊ ပင်လယ်ကူးသင်္ဘောများ သို့မဟုတ် အခြား နေရာများ
နိုရိုဗိုင်းရပ်စ်ကူးစက်ခံထားရသော လူတစ်ယောက်ယောက် နှင့် ထိမိခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆေးစစ်တာက ရောဂါလက္ခဏာတွေ အပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် ဝမ်းနမူနာကို ကြည့်ပြီး နိုရိုဗိုင်းရပ်စ်ကို စစ်ဆေးနိုင်ပါတယ်။ တကယ်လို့ သင့်မှာ မမျှတတဲ့ ရောဂါခုခံမှု စနစ် ဒါမှမဟုတ် တခြားရောဂါ အခြေအနေတွေရှိမယ်ဆိုရင် နိုရိုဗိုင်းရပ်စ် ရှိမရှိကို စစ်ဖို့ ဝမ်းနမူနာ ယူခိုင်းပါလိမ့်မယ်။

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကို ဘယ်လိုကုသပါသလဲ
နိုရိုဗိုင်းရပ်စ်ဟာ တခြားဗိုင်းရပ်စ်ပိုးတွေလိုပဲ ပဋိဇီ၀ ဆေးတွေကို မဖြုံပါဘူး။ ဘက်တီးရီးယားသတ်တဲ့ ဘယ်သောက်ဆေးကမှ နိုရိုဗိုင်းရပ်စ်ကို မတိုက်ခိုက်နိုင်ပါဘူး။ ဒါပေမယ့် ကျန်းမာရေး ကောင်းတဲ့ လူတွေမှာ ဆိုရင် ဗိုင်းရပ်စ်တွေ ကင်းစင်သွားဖို့ ရက်အနည်းငယ်လောက်သာ ကြာပါတယ်။ လူအများစုကတော့ ဗိုင်းရပ်စ်ကြောင့် ဝေဒနာ တာရှည်ခံစားရတာမျိုး မရှိပါဘူး။

ရေဓါတ်ခမ်းခြောက်တာကို ကာကွယ်ဖို့ အတွက် အရည်အများကြီး အထူးသဖြင့် ရေ နဲ့ အချိုရည်တွေကို သောက်ပါ။ ကလေးတွေကို ကုန်ခမ်းသွားတဲ့ အရည်နဲ့ အီလက်ထရိုလိုက်တွေ ပြန်ဖြည့်ပေးဖို့ ရေဓါတ်ဖြည့်အချိုရည်တွေ တိုက်ပါ။ သကြားပါတဲ့ အချိုရည်တွေကို ရှောင်ပါ။ ဝမ်းပျက်ဝမ်းလျှောခြင်း ပိုဆိုးလာနိုင်ပါတယ်။ အရက်နဲ့ ကဖင်းပါတဲ့ အချိုရည်တွေကလည်း ရေဓါတ်ကုန်ခမ်းစေပါတယ်။

ရေဓါတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေကတော့ ရပ်နေတဲ့ အခါမှာ မူးဝေခြင်း၊ အာခေါင်ခြောက်ခြင်း၊ ဆီးနည်းနည်းသာသွားခြင်း တို့ပါဝင်ပါတယ်။ ရေဓါတ်ကုန်ခမ်းနေတဲ့ ကလေးတွေကတော့ အိပ်ချင်နေပြီး ငိုတဲ့ အခါမှာလည်း မျက်ရည် မထွက်သလောက် ဖြစ်နေပါလိမ့်မယ်။

ဂေးဒေါ့စ် က “တချို့ လူတွေကတော့ နှုံးခွေပြီး ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရပါလိမ့်မယ်။ အဲ့ဒါ ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ အီလက်ထရိုလိုက် ပမာဏ မမျှတာတော့တဲ့ အတွက် ဖြစ်ပါတယ်။ အဲ့ဒီအချိန်ဆိုရင် ဆေးဝါးကုသမှု ခံယူရပါမယ်။ “

တကယ်လို့ ပြင်းထန်တဲ့ ရေဓါတ်ခမ်းခြောက်မှုကို ခံစားနေရတယ် ဆိုရင်တော့ ဆရာဝန်ပြပါ။ တစ်ခါတစ်လေ intravenous (IV) fluid တိုက်ဖို့ လိုပါတယ်။

နေထိုင်မှု ပုံစံ နှင့် အိမ်တွင်းကုထုံး
နိုရိုဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့ နေထိုင်မှု ပုံစံ နှင့် အိမ်တွင်းကုထုံးက တွေဖြစ်မလဲ။

အောက်မှာ ဖော်ပြထားတဲ့ နေထိုင်မှု ပုံစံနဲ့ အိမ်တွင်းကုထုံးတွေက နိုရိုဗိုင်းရပ်စ်ကူးစက်တာကို ထိန်းချုပ်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

တကယ်လို့ မိသားစုဝင်တွေထဲမှာ ငယ်ရွယ်တဲ့ ကလေးတွေ ရှိမယ်ဆိုရင် ရေဓါတ်အားဖြည့်ဖျော်ရည်တွေ ဝယ်သောက်သင့်ပါတယ်။ လူကြီးတွေက အားကစားလုပ်တဲ့ အချိန်မှာ သောက်တဲ့ ဖျော်ရည်တွေကို သောက်နိုင်ပါတယ်။ သကြားပမာဏ အများအပြားပါတဲ့ အရည်တွေ ဥပမာ – အသင့်သောက်အချိုရည်တွေ နဲ့ အသီးဖျော်ရည်တွေက ဝမ်းလျှောဝမ်းပျက်ခြင်းကို ပိုဆိုးစေပါတယ်။
နူးညံ့ပြီး အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ နည်းနည်းချင်းစီ အစာစားခြင်းက အော့အန်ခြင်းကို သက်သာစေပါတယ်။ ဘယ်လိုအစားအစာတွေလဲဆိုရင် –
စွပ်ပြုတ်

ကစီဓါတ်ပါဝင်တဲ့ အာလူး၊ ခေါက်ဆွဲ၊ ထမင်း၊ ခရက်ကာ စသည်..

ငှက်ပျောသီး

ဒိန်ချဉ်

အသီးအရွက်ပြုတ်

နိုရိုဗိုင်းရပ်စ်ရောဂါဟာ အရမ်းကူးစက်လွယ်ပါတယ်။ လူတိုင်းဟာ တစ်ကြိမ်မက ကူးစက်နိုင်ပါတယ်။ ကူးစက်ခြင်းကို ကာကွယ်ဖို့ –

အိမ်သာတက်ပြီးတိုင်း၊ ဒိုင်ယာပါလဲပြီးတိုင်း လက်ကိုသေချာဆေးပါ။

မသန့်ရှင်းတဲ့ ရေ နဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။ နေမကောင်းတဲ့သူချက်ပြုတ်ထားတဲ့ အစားအစာတွေကိုလည်း ရှောင်သင့်ပါတယ်။

ပင်လယ်စာတွေကို ကျက်အောင်ချက်ပါ။

နိုရိုဗိုင်းရပ်စ်တွေ လေထဲ မကျန်ရစ်အောင် အန်ဖတ်တွေနဲ့ ဝမ်းတွေကို သေချာစွန့်ပစ်ပါ။ တစ်ခါသုံး အိတ်တွေကိုသုံးပြီး သေချာထုတ်ပိုးပြီး ပစ်ပါ။

ဗိုင်းရပ်စ်ရှိနေနိုင်တဲ့ ကြမ်းခင်းနေရာတွေကို ကလိုရင်းပါတဲ့ အစွန်းချွတ်ဆေးတွေနဲ့ တိုက်ချွတ်ဆေးကြောပါ။ လက်အိပ်စွပ်ပါ။

အိမ်မှာနားပါ။ ရောဂါလက္ခဏာတွေ မရှိတော့ရင်တောင်မှာ သင့်ဆီကနေ တစ်ခြားတစ်ယောက်ဆီ ရောဂါပိုးကူးနိုင်ပါတယ်။ ကလေးတွေ အနေနဲ့လည်း အိမ်မှာပဲ နေသင့်ပါတယ်။

ရောဂါလက္ခဏာတွေ သေချာမပျောက်သေးသရွေ့ ခရီးမထွက်ပါနဲ့။


သတင်းဖတ်မိတာလေး
မျှဝေပါသည်

Promotion (No.1) Asomex -2.5 {Exp -5/2025)            1 ကဒ် -6000/_             အ​ရေအတွက်(8 ကဒ်)(No.2) RePACE H { Exp -7...
12/12/2024

Promotion

(No.1) Asomex -2.5 {Exp -5/2025)
1 ကဒ် -6000/_
အ​ရေအတွက်(8 ကဒ်)

(No.2) RePACE H { Exp -7/2025}
1 ကဒ် -4000/_
အ​ရေအတွက် -(9 ကဒ်)
ခဲ ကဒ် အ​ဖောင်း

Cash on deli ရ
YGN

Address


Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959442489963

Website

Alerts

Be the first to know and let us send you an email when Kaung Thu Kha Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram