Doctor On Call

Doctor On Call Myanmar's best healthcare information provider which is easily accessible regardless of time and pla

💃🕺တေးသံစဉ်‌နဲ့ ဂီတက ကိုယ့်ရင်သွေးအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်လဲ 🎶🎸🎼🎷🎵ကလေးငယ်တွေ ငိုရင် သားချော့တေးတွေဆိုပြ...
30/05/2023

💃🕺တေးသံစဉ်‌နဲ့ ဂီတက ကိုယ့်ရင်သွေးအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်လဲ 🎶🎸🎼🎷

🎵ကလေးငယ်တွေ ငိုရင် သားချော့တေးတွေဆိုပြတာတို့၊ သီချင်းလေးညည်းပြီး ချော့ရင် ကလေးလေးက ခဏနေရင် အိပ်ပျော်သွားတာသတိထားမိကြမယ်ထင်ပါတယ်။

🎶 Music ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုအတွက် အရေးပါပါတယ်။

📻 ကလေးတွေမှာဆိုရင် ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတာကြောင့် ဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်နိုင်လဲ သိချင်ရင်တော့ ဒီ Post လေးကို ဆုံးတံ အထိဖတ်ပေးနော်။

🎶ကိုယ်ဝန်ဆောင်ချိန်မှာ သီချင်းလေးတွေနားထောင်တာ မိခင်ရဲ့စိတ်ကိုလဲ အေးချမ်းစေပါတယ်။

🎸ကိုယ်ဝန်ဆောင်ချိန် 6လ လောက်မှာ ကလေးဟာ အသံကြားရာဆီကို Response ပေးကြောင်းတွေ့ရပါတယ်။

🥁ကိုယ်ဝန်လရင့်လာတဲ့အချိန်မှာ ကလေးဟာ ကိုယ့်မိခင်ရဲ့ အသံကိုကြားရပြီး မှတ်ထားတတ်ပါတယ်။

🎻 အဲ့တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သီချင်းအေးအေးလေးတွေ၊ တူရိယာအငြိမ်သံလေး၊ သားချော့တေးလေးတွေ နားထောင်ပေးပါ။

🎹ဂီတနဲ့ ရင်းနှီးနေတဲ့ ကလေးဟာ ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုလဲကောင်းပြီး ကျောင်းစာတွေကို ပိုလိုက်နိုင်ပါတယ်။

🎧အထူးသဖြင့် တူရိယာတွေကို တီးတတ်၊ သံစဉ်ဖတ်တတ်နေတဲ့ ကလေးဟာ စာအရေးအဖတ်တော်ပြီး၊ သချာ်ပညာမှာလဲတော်တာကို လေ့လာမှုတွေမှာ တွေ့ရပါတယ်။ 🎷🎺

🎸အဲ့တော့ Guitar တို့ Piano တို့ကို တီးခိုင်းရမှာလား? အဲ့လောက်မလိုပါဘူး. . . အမေ့တစ်ယောက်ရဲ့ ချော့မြူတဲ့ သီချင်းလေးတွေ၊ ပေါင်ကိုပုတ်ပြီး၊ ခုံကိုခေါက်ပြီး သံစဉ်တွေကိုကြားနေရတာကလဲ ဂီတတမျိုးပါပဲ။

🎷အိမ်က ဖန်ခွက်လေးကို ဇွန်းနဲ့ခေါက်ပြီး ကလေးအတူတူ ဆော့ရင်း သံစဉ်တွေကြားရတာလဲ ဦးနှောက်ကို လှုံဆော်ခြင်းတစ်မျိုးပါပဲ။ 🎸🎹🎻

🎶ပတ်ဝန်းကျင်မှာဆိုရင်လဲ တူရိယာတီးတတ်သူ၊ သီချင်းဆိုတတ်သူ‌တွေဟာ လူချစ်လူခင်ပေါများပြီး၊ လူတွေရဲ့ စိတ်ဝင်စားမှုကို ခံရပါတယ်။

🪕 အဲ့တာကြောင့် လူမှုရေးကောင်းတဲ့သူတွေ အနေနဲ့ ရပ်တည်နိုင်ကြပါတယ်။ 🎤🎤

🎶အဲ့တာကြောင့် ကိုယ့်ရဲ့ကလေးက Music အဆို၊ အတီး၊ အရေးကို ဝါသနာပါတယ်ဆို အားပေးပါ။

🎼ဒါဟာ သူတို့ရဲ့ ဦးနှောက်ကို ရွှင်လန်းစေပြီး၊ စိတ်ကိုလဲ ပျော်ရွှင်စေတာကြောင့် ကျန်းမာရေးကိုလဲ အထောက်အကူပြုပြီးသားဖြစ်မှာပါ။

ကျန်းမာရွှင်လန်းပါစေ
With love ,
Dr. Erica (UM1)

🤐သင်က ဆေးကို ရေခဲရေနဲ့ သောက်တက်တဲ့သူ တစ်ယောက်လား… ?🤷‍♀️ဆေးသောက်ပြီဆိုရင် ရေခဲရေနဲ့သောက်တတ်တဲ့သူတွေရှိကြလား? 🚫ဒါဆိုရင်တော...
28/05/2023

🤐သင်က ဆေးကို ရေခဲရေနဲ့ သောက်တက်တဲ့သူ တစ်ယောက်လား… ?

🤷‍♀️ဆေးသောက်ပြီဆိုရင် ရေခဲရေနဲ့သောက်တတ်တဲ့သူတွေရှိကြလား?

🚫ဒါဆိုရင်တော့ အဲ့ဒီအကျင့်လေးကို အခုကနေစပြီးတော့ ပြင်လိုက်ကြတော့နော်..

✅ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့သွေးကြောလေးတွေက အအေးဓာတ်နဲ့ထိတွေ့တဲ့အခါမှာ ပုံမှန်ထက်ပိုပြီးတော့ ကျုံ့သွားလေ့ရှိပါတယ်။ ပုံမှန်အခြေအနေမျိုးတွေမှာ ဆေးသောက်လိုက်ပြီဆိုရင် အစာအိမ်နံရံမှာရှိတဲ့သွေးကြောလေးတွေက ဆေးမှာပါတဲ့ဓာတ်တွေကို စုပ်ယူလိုက်ပြီးတော့ လိုအပ်နေတဲ့နေရာတွေကိုပို့ဆောင်ပေးကြတာပါ။ အကယ်၍ ရေခဲရေနဲ့သာဆေးသောက်လိုက်ပြီဆိုရင် အစာအိမ်နံရံမှာရှိတဲ့သွေးကြောလေးတွေက အအေးဓာတ်ကြောင့် ကျုံ့သွားပြီးတော့ ဆေးရဲ့အာနိသင်တွေကိုကောင်းမွန်စွာ မစုပ်ယူနိုင်တော့ပဲ ဆေးရဲ့အာနိသင်ပျက်ပျယ်သွားတတ်ပါတယ်။

✅နောက်ပြီးတော့ အစာအိမ်ထဲမှာရှိနေပြီးသား အစာတွေကို ရေခဲရေရဲ့ အအေးဓာတ်က အေးခဲသွားအောင် လုပ်နိုင်တာကြောင့် မိမိသောက်လိုက်တဲ့ဆေးတွေကလည်း အဲ့ဒီအစာတွေထဲမှာပဲ ရောထွေးသွားပြီးတော့ ဆေးရဲ့အာနိသင်တွေကိုပျက်ပျယ်သွားစေနိုင်ပါတယ်။

✅ခပ်လွယ်လွယ်ပြောရမယ်ဆိုရင် ရေခဲရေနဲ့ ဆေးသောက်တဲ့အခါ ရေခဲရေရဲ့ အအေးဓာတ် ကြောင့် ခန္ဓာကိုယ်ကနေ ဆေးရဲ့အစွမ်းသတ္တိတွေကို အပြည့်အဝမရနိုင်ပါဘူး။ ဒါကြောင့် ဆေးသောက်မယ်ဆိုရင် ရေခဲရေထက် ရိုးရိုးရေနဲ့သာ သောက်သင့်ပါတယ်လို့ အကြံပေးလိုက်ပါတယ်နော်။

🔎သင်မသိသေးတဲ့ ရဲယိုသီး စားသုံးခြင်းရဲ့ အကျိုးကျေးဇူးများ😇ကျွန်တော်တို့တွေ နေ့စဉ်စားသုံးနေကျအသီးတွေထဲမှာ မပါဝင်တတ်တဲ့ ရဲယ...
26/05/2023

🔎သင်မသိသေးတဲ့ ရဲယိုသီး စားသုံးခြင်းရဲ့ အကျိုးကျေးဇူးများ

😇ကျွန်တော်တို့တွေ နေ့စဉ်စားသုံးနေကျအသီးတွေထဲမှာ မပါဝင်တတ်တဲ့ ရဲယိုသီးဟာ မထင်မှတ်ထားရလောက် အောင်ကို ကျန်းမာရေးအတွက်ကောင်းမွန်စေတာကိုသိပြီးကြပြီလား...?

➡️ ရဲယိုသီးမှာ ပါ၀င်တဲ့ အဟာရဓါတ်တွေကတော့....
🤗ပရိုတင်း၊ အမျှင်ဓါတ်၊ အဆီဓါတ်၊ ဗီတာမင် A၊ ဗီတာမင် C နဲ့သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်တို့ ပါဝင်ပါတယ်။

ရဲယိုသီးစားသုံးခြင်းအားဖြင့် ဒီလိုအကျိုးကျေးဇူးတွေကိုရရှိစေနိုင်ပါတယ်...
✅ အကိုက်အခဲသက်သာစေပါတယ်။
✅ ခုခံအားကောင်းစေပါတယ်။
✅ အသားအရည်နဲ့ဆံသားတွေကိုကောင်းမွန်စေပါတယ်။
✅ မှတ်ဥာဏ်ကောင်းစေပါတယ်။
✅ ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်ပါတယ်။
✅ သွေးဖိအားကိုလျှော့ချပေးနိုင်ပါတယ်။
✅ စိတ်ဓာတ်ကျခြင်းကိုကာကွယ်ပေးပြီး တက်ကြွလန်းဆန်းစေပါတယ်။
✅ ပျော်၀င်လွယ်တဲ့ အမျှင်ဓါတ်များစွာပါ၀င်လို့ ၀မ်းမှန်စေပါတယ်။
🧑‍⚕️ဒါကြောင့်မို့ အနံ့ထူးပေမယ့် အကျိုးများစေတဲ့ ရဲယိုသီးကို စားသုံးပေးဖို့ မမေ့ကြပါနဲ့နော်....။

“ အရေးပေါ်ဆေးကို အရေးပေါ်ကိစ္စမှာဘဲ သုံးပါ.."⚠️🔔အရေးပေါ်သန္ဓေတားဆေးဆိုတာ အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ ရရှိလာမယ့် ကိုယ်ဝန်ရှ...
25/05/2023

“ အရေးပေါ်ဆေးကို အရေးပေါ်ကိစ္စမှာဘဲ သုံးပါ.."⚠️
🔔အရေးပေါ်သန္ဓေတားဆေးဆိုတာ အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ ရရှိလာမယ့် ကိုယ်ဝန်ရှိခြင်းကို တားဆီးပေးဖို့သာဖြစ်ပါတယ်.. ဒါပေမယ့်လိင်မှတစ်ဆင့် ကူးစက်တတ်သော အခြားမည်သည့် ရောဂါမျိုးကိုမျှ မကာကွယ်နိုင်တဲ့အတွက် သတိပြုဖို့တော့လိုမယ်နော်..

🔔ဆန္ဒတွေမထိန်းနိုင်လို့ နှစ်ကိုယ်တူ ချစ်ရည်တိုက်ပွဲနွဲ ပြီးရင်တော့ အရေးပေါ်သန္ဓေတားဆေးကို လိင်ဆက်ဆံပြီး ၃ ရက် (၇၂နာရီ) အတွင်း အသုံးပြုမှသာ အာနိသင် ရှိပါမယ်။ တစ်လအတွင်း ၂လုံးပါ ၂ကဒ် (၄ လုံး) ထက် ပို၍ မသောက်ပါနဲ့။ ပိုသောက်ပါက မျိုးဆက်ပွားစနစ်မှ ဟိုမုန်းထုတ်လုပ်ခြင်းကို ကမောက်ကမ ဖြစ်စေမှာ ဖြစ်ပါတယ်။❌❌

ဆေးသောက်ပြီးရာသီလာလို့ တိုးတိုးတိတ်တိတ် စိုးတထိတ်ထိတ် ဖြစ်နေပြီလား❓
🔔ဆေးသောက်ပြီးတဲ့နောက်ပိုင်း မိန်းမကိုယ်က သွေးဆင်းရင်၊ ဓမ္မတာမလာရင်၊ ကိုယ်ဝန်ရှိနေပြီလို့ ကိုယ့်ကိုယ်ကို သံသယဖြစ်နေရင် ဆရာဝန်ဆီ အမြန်သွားပြီးတော့ ဖြစ်နေတဲ့ ပြဿနာတွေ အပေါ် မှန်ကန်တဲ့ ကုသမှုကို ခံယူရမှာ ဖြစ်ပါတယ်။

🔔“Stand Proud…Carry a Condom”— ဆိုတဲ့ လိင်မှုရေးရာအတွက် ကွန်ဒုံးသုံးစွဲခြင်းဟာ ရှေးရိုးစွဲဝါဒီတွေအကြား အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီးတဲ့နောက် နည်းနည်းကြာတော့ တားဆေးသုံးတဲ့ ကိစ္စ “ ခေတ်ထ” လာတာပါပဲ။ ဒါကြောင့်း မြီးကောင်ပေါက်တို့ရဲ့ အချိန်မတိုင်မီ လိင်မှုအတွေ့အကြုံကိစ္စတွေမှာ စိုးရိမ်စရာတွေ ဖြစ်လာရတာပေါ့။

အရေးပေါ်သန္ဓေတားဆေးလုံးကလေးများအကြောင်း
🔔အရေးပေါ်သန္ဓေတားဆေးလုံးကလေးတွေမှာ progestin လို့ခေါ်တဲ့ သန္ဓေတားပေးတဲ့ ဟောမုန်းတစ်မျိုးပါဝင်ပြီး တစ်ချို့ ဆေးတွေမှာ estrogen လို့ခေါ်တဲ့ မ ဟော်မုန်း ပေါင်းစပ် ပါဝင်ပါတယ်။ ဒီဆေးဟာ မရည်ရွယ်ဘဲ ကိုယ်ဝန်ရှိသွားတာမျိုးမှ တားဆီးပေးနိုင်ပါတယ်။ အတူနေပြီး ဘယ်လောက်အကြာမှာ သောက်သလဲ ဆိုတဲ့အပေါ်မူတည်ပြီး ၈၀ ကနေ ၉၀ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။

🔔အရေးပေါ် သန္ဓေတားဆေး လို့ ဆိုထားတဲ့အတွက် ဒီဆေးဟာ “ အရေးပေါ်” ကိစ္စတွေအတွက် သီးသန့် အသုံးပြုရန်သာ ဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မှုမရှိဘဲ မရည်ရွယ်ဘဲ ဖြစ်သွား တဲ့ ကိစ္စတွေအတွက် ထိရောက်တဲ့ ကုစားမှုတစ်ခုသာဖြစ်ပြီး ရာနှုန်းပြည့် အောင်မြင်မယ်လို့ အာမ မခံနိုင် ပါဘူး။ နောက်ပြီးတော့လည်း ကိုယ်ဝန်ရှိခြင်းကို တားဆီးပေးဖို့သာဖြစ်ပြီး လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ AIDS ကဲ့သို့သော အခြားမည်သည့် ရောဂါမျိုးကိုမျှ မကာကွယ်နိုင်ပါဘူး။

🔔အရေးပေါ်သန္ဓေတားဆေးဆိုတာ အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ ရရှိလာမယ့် ကိုယ်ဝန်ကို တားဆီး ပေးနိုင်တာနဲ့အမျှ ဖြစ်လာနိုင်တဲ့ အန္တရာယ်ဆိုးကျိုးတွေကလည်း ရှိနေပါတယ်။

အလွန်အကျွံသောက်ခြင်း၊ မကြာခဏသောက်ခြင်း၊ နားလည်မှုလွဲမှားပြီး မမှန်မကန်သောက်ခြင်း စတာတွေကြောင့် မျိုးဆက်ပွားတဲ့ အပိုင်းမှာ ပုံမှန်မဟုတ်တဲ့ ဖောက်ပြန်မှုတွေ နောက်ပိုင်းမှာ ဖြစ်လာနိုင်ပါတယ်။

24/05/2023

☘ သင်မကြိုက်တဲ့ နံနံပင်ရဲ့ကောင်းကျိုးများ
🚫အန်တီရေ နံနံပင်မထည့်ဘူးနော် .... အန်တီရေ နံနံပင်တွေ ရှောင်ပေးပါ
မုန့်ဟင်းခါးစားတဲ့အခါမှာဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာပဲဖြစ်ဖြစ် ဟိုနေရာပါ ဒီနေရာပါတာကတော့ နံနံပင်ပါ။

☘ကြိုက်တဲ့သူတွေကျတော့လည်း နံနံပင်ကိုမွှေးတယ်တဲ့။ မကြိုက်တဲ့သူတွေကျတော့လည်း နံနံပင်ကို နံတယ်တဲ့။ ဘာပဲဖြစ်ဖြစ်ပါ။ နံနံပင်မှာလည်း သူ့ကောင်းကျိုးနဲ့သူရှိပါတယ်။

☘နံနံပင်စားခြင်းဖြင့် ဘာအကျိုးကျေးဇူးတွေရလာနိုင်မလဲဆိုတော့ ...
✅ ဗီတာမင် K ကြွယ်ဝစွာပါဝင်ခြင်း
✅ ကျောက်ကပ်အတွက်ကောင်းမွန်စေပါတယ်
✅ အရိုးအဆစ်နာတာ သက်သာပျောက်ကင်းစေနိုင်ပါတယ်
✅ ကင်ဆာဖြစ်ပွားနိုင်ချေ လျော့ကျစေနိုင်ပါတယ်
✅ ဆီးချိူရောဂါဖြစ်ပွားမှုနှုန်းလျှော့ချပေးနိုင်ပါတယ်
✅ အစာချေစနစ်အတွက်လည်း ကူညီထောက်ပံ့ပေးခြင်း တို့ပဲဖြစ်ပါတယ်။

👉ဒါကြောင့် အကျိုးကျေးဇူးတွေအများကြီးပါဝင်နေတဲ့ နံနံပင်ကို စားသုံးပေးကြဖို့ မမေ့ကြနဲ့ဦးနော်။

💦ရေခဏခဏချိုးသင့်လား 🌈ရေချိုးတယ်ဆိုတာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ မလုပ်မဖြစ်လုပ်နေကြတဲ့အရာတစ်ခုပါ။ မနက်ခင်းမှာရေမချိုးပဲ ...
22/05/2023

💦ရေခဏခဏချိုးသင့်လား
🌈ရေချိုးတယ်ဆိုတာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ မလုပ်မဖြစ်လုပ်နေကြတဲ့အရာတစ်ခုပါ။ မနက်ခင်းမှာရေမချိုးပဲ အလုပ်သွားတာပဲဖြစ်ဖြစ်၊ အလုပ်ကပြန်လာလို့ ရေမချိုးမိတာပဲဖြစ်ဖြစ် စိတ်မလန်းသလိုလိုခံစားရပြီးတော့ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။

❓ဒီတော့ ရေကိုတစ်နေ့ကို ဘယ်နှစ်ခေါက်ချိုးသင့်လဲ? ခဏခဏရေချိုးတာက ကျန်းမာရေးအတွက်ရော စိတ်ချရပါ့မလား?

👉ပြောရမှာ နည်းနည်းတော့ ထူးဆန်းပါတယ်။ ရေခဏခဏချိုးခြင်းဟာ ရေမချိုးခြင်းနဲ့ တူပါတယ်တဲ့။

❓ ဘာဖြစ်လို့ပါလိမ့်?
👉ရေမချိုးဘူးဆိုရင် ကျွန်တော်တို့ခန္ဓာကိုယ်ပေါ်မှာ ဘက်တီးရီးယားပိုးမွှားတွေ အလွယ်တကူ ကပ်တွယ်နေနိုင်တာကြောင့် ဖျားနာခြင်းတွေကို ခံစားရစေနိုင်ပါတယ်။

👉ထို့အတူပဲ ရေခဏခဏ ချိုးနေမယ်ဆိုရင် အသားအရေကို ခြောက်သွေ့အက်ကွဲစေပြီးတော့ ပိုးမွှားတွေကို ခန္ဓာကိုယ်ထဲကို အလွယ်တကူ ဝင်ရောက်စေနိုင်ပါတယ်တဲ့။

👉ဒါကြောင့် ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေကတော့ တစ်နေ့ကို အနည်းဆုံး ရေတစ်ခေါက်လောက်ပဲ ချိုးခြင်းက ကျန်းမာရေးအတွက် ပိုပြီးကောင်းမွန်စေနိုင်တယ်လို့ အကြံပေးထားပါတယ်ဗျာ ...

📌လည်ချောင်းစနာလာပြီဆိုရင်...........👆🏻လည်ချောင်းနာတဲ့ရောဂါ၊ အာသီးရောင်တဲ့ရောဂါတွေကတော့ လူတိုင်းအဖြစ်များကြတဲ့ ရောဂါတစ်မျ...
21/05/2023

📌လည်ချောင်းစနာလာပြီဆိုရင်...........
👆🏻လည်ချောင်းနာတဲ့ရောဂါ၊ အာသီးရောင်တဲ့ရောဂါတွေကတော့ လူတိုင်းအဖြစ်များကြတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတွေကြောင့် လည်ချောင်းနာရောဂါ ဖြစ်နိုင်ချေများပြီး နှာစေး၊ ချောင်းဆိုးရောဂါများနဲ့ တွဲဖြစ်တတ်ပါတယ်။

ဒီနေရာမှာ..အပူအအေးမမျှတတဲ့အခါ၊ အပူရှပ်တဲ့အခါ၊ အေးခဲစာတွေစားမိတဲ့အခါမှာလည်း အာသီးရောင်ပြီး လည်ချောင်းနာတတ်ပါသေးတယ်။

😣ဒါကြောင့် လည်ချောင်းစနာလာပြီဆိုရင် မကြောက်ကြပါနဲ့...။
ပုံမှန်လည်ချောင်းနာတာက ဘက်တီးရီးယားပိုးသတ်ဆေးတွေ သောက်စရာမလိုပဲ ကိုယ်ခံအားစနစ်ပေါ် မူတည်ပြီးတိုက်ထုတ်ပေးနိုင်တာကြောင့် ၃ရက်ကနေ ၄ရက်အတွင်း ပျောက်ကင်းနိုင်ပါတယ်။

👉အဲ့ဒါမှမသက်သာဘဲ ကိုယ်အရမ်းပူပြီးဖျားမယ်၊ ချောင်းဆိုးမယ်ဆိုရင်တော့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်တဲ့အခြေအနေပဲဖြစ်ပါတယ်။

ဒါကြောင့် သင့်အနေနဲ့ လည်ချောင်းစနာလာပြီဆိုရင်
✅ ဆားရေနွေးလေးကို တစ်နေ့(၃)ကြိမ် ငုံပေးပါ။
✅ရေများများသောက်ပေးပါ။
✅ ဟင်းရည်ပူပူ (သို့) ဂျင်းပြုတ်ရည်လေးကို သောက်သုံးပေးပါ။
✅ အပူအပုပ်ကင်းစေဖို့ ဝမ်းမချုပ်စေအောင် သတိပြုပါ။
🚫လည်ချောင်းနာတဲ့အချိန်မှာရေခဲရေသောက်ခြင်းကိုတော့ လုံးဝရှောင်ကြဉ်ပေးရပါမယ်။

"အမျိုးသားတွေရော သွေးဆုံးတတ်လား….⁉️အမျိုးသားများအတွက် သွေးဆုံးတယ်ဆိုတာကတော့ ဒီလိုပါ…🤷🏻‍♂️အမျိုးသမီးများနည်းတူ အသက်ကြီးလာ...
19/05/2023

"အမျိုးသားတွေရော သွေးဆုံးတတ်လား….⁉️
အမျိုးသားများအတွက် သွေးဆုံးတယ်ဆိုတာကတော့ ဒီလိုပါ…🤷🏻‍♂️

အမျိုးသမီးများနည်းတူ အသက်ကြီးလာတာနဲ့ အမျှ
ဟော်မုန်းပြောင်းလဲခြင်း ဖြစ်ပေါ်လာသလိုမျိုးနည်းတူ
ခန္ဓာကိုယ်အတွင်း ကျားဟော်မုန်းပြောင်းလဲခြင်းကြောင့်ပဲဖြစ်ပါတယ်။

🤷🏻‍♂️ ဘယ်အချိန်မှာစတင်ဖြစ်ပေါ်တတ်လဲ…..❓
အသက်၃၀ ကျော်လာချိန်မှာ အမျိုးသားများရဲ့ကျားဟော်မုန်းထုတ်လွှင့်တာတဖြည်းဖြည်းနဲ့ လျော့နည်းလာတာကိုစတင်ခံစားလာရပါပြီ….များသောအားဖြင့် အမျိုးသားအများစုက အသက်၅၀ကျော်မှစတင်ဖြစ်လာပါပြီ….

🤷🏻‍♂️ အမျိုးသားများသွေးဆုံးရင် ဘယ်လိုခံစားရတတ်လဲ❓
-ပင်ပန်းနွမ်းနွယ်ခြင်း
-စိတ်ဓါတ်တက်ကြွမှုမရှိခြင်း
-ချွေးထွက်လွန်ခြင်း
-လိင်စိတ်လျော့နည်းခြင်း
- ပန်းသေ ၊ ပန်းညှိုးဖြစ် ခြင်း
-မျိုးပွားနိုင်စွမ်းလျော့ကျခြင်းစတဲ့လက္ခဏာတွေကိုစတင်ခံစားလာရမှာဖြစ်ပါတယ်။

🤷🏻‍♂️ အမျိုးသားများအနေဖြင့် သွေးဆုံးခြင်းကိုကြိုတင် ကာကွယ်လိုပါက ဒီလိုအချက်လေးတွေကိုတော့ပုံမှန်လုပ်ဆောင်ပေးဖို့တော့လိုပါတယ်နော်..
✔️ အိပ်ချိန် မှန်စွာအိပ်စက်ခြင်း
✔️ ဆေးလိပ်ဖြတ်ခြင်း
✔️ အရက်ဖြတ်ခြင်း
✔️ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်း…
စတဲ့အချက်လေးတွေကို ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်
မဖြစ်ခင်ထက် ကြိုတင်ကာကွယ်ထားရာကျလို့ ပိုကောင်းပါတယ်နော်…..။"

"မိန်းမကိုယ်ယားယံခြင်းနှင့်ပတ်သက်ပြီး သိကောင်းစရာများ 🌺🌺မိန်းမတယောက်အတွက် တကိုယ်ရည်သန့်ရှင်းလှပနေဖို့ဆိုတာ အလွန်အရေးကြီး...
18/05/2023

"မိန်းမကိုယ်ယားယံခြင်းနှင့်ပတ်သက်ပြီး သိကောင်းစရာများ 🌺🌺
မိန်းမတယောက်အတွက် တကိုယ်ရည်သန့်ရှင်းလှပနေဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ တကိုယ်လုံးလှနေအောင် ဝတ်၊ ကျော့နေအောင် ဆင်ပြီးမှ အပြင်ထွက်ပါပြီတဲ့ . . . မိန်းမကိုယ်ယားယံလာပြီ အတော်ကသိကအောက် ဖြစ်စရာပါ။

လူကြားထဲရောက်တဲ့အချိန် ‌အတော်အခက်တွေ့ကြပါတယ်။ ဖွင့်ဟတိုင်ပင်ဖို့ မဝန်ရဲတဲ့ မိန်းကလေးတွေအတွက် ဒီလိုအကြောင်းအရာတွေ သိထားဖို့လိုပါတယ်။
အဲ့တာကြောင့် အမျိုးသမီးတွေ ဖြစ်လေ့ရှိတဲ့ မိန်းမကိုယ်ယားယံခြင်းနဲ့ပတ်သက်ပြီး သိသင့်တဲ့ အချက်လေးတွေ မျှဝေပေးလိုက်ပါတယ်။

မိန်းမကိုယ်ယားယံတာကို ‌ဖြစ်စေတာဘာတွေလဲ ?
1)ဓာတုပစ္စည်းတွေ☄️☄️
ယားယံလာပြီဆို ပထမဆုံးတွေးသင့်
တာက ကိုယ်ဘာပစ္စည်းတွေသုံးလဲဆို
တာပါပဲ။ တချို့အနံ့မွှေးစေတဲ့
ဓာတုပစ္စည်းတွေက မိန်းမကိုယ်ကို
allergic ဖြစ်စေပြီး ယားယံစေပါတယ်။
ဆပ်ပြာနဲ့ အလွန်အကျွံဆေးတာ၊ တ
ကိုယ်ရည်သန့်စင်ဆေးတွေ အသုံးများ
တာ၊ လိမ်းဆေးတွေ၊ အနံ့ပါတဲ့ တစ်ရှူး
စက္ကူနဲ့သုတ်တာ၊ ပိုးသားအတွင်းခံဝတ်
တာ စတဲ့ အရာတွေက နူးညံ့တဲ့
မိန်းမကိုယ်သားတွေကို ထိခိုက်စေပါ
တယ်။
2)မိန်းမကိုယ်မှာ မှိုစွဲတာ၊ ဘက်တီးရီးယား
ပိုးဝင်တာ🦠🦠
Yeast လို့ခေါ်တဲ့ မှိုစွဲပြီး ယားယံတာက
မိန်းမ 4ယောက်မှာ 3ယောက်ဖြစ်ကြပါ
တယ်။ Bacterial Vaginosis ဆိုတဲ့
ဘက်တီးရီးယားပိုးကြောင့်လဲ ဖြစ်တတ်
ပါတယ်။ဘာကြောင့်ဖြစ်ရလဲ‌ဆိုတော့
အရမ်းပြင်းတဲ့ ပိုးသတ်ဆေးတွေ ရက်
ရှည်သောက်လိုက်တဲ့အခါ မိန်းမကိုယ်
တွင်းရှိတဲ့ ကောင်းတဲ့ ပိုးလေးတွေ သေ
သွားပြီ မှိုတွေ၊ ဘက်တီးရီးယားတွေကို
ဖိတ်ခေါ်လိုက်သလို ဖြစ်သွားတာပါ။
ဘက်တီးရီးယားကြောင့်ဆို အနံ့ဆိုး
‌ေတွရမယ်၊ယားယံတာအပြင်၊ အဖြူ
ဆင်းတာ(မီးခိုးရောင်ညစ်ညစ်တွေလို
ဆင်းတာ)၊ လောင်သလိုခံစားရတာတွေ
ရှိပါလိမ့်မယ်။
3)လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေ
ကြောင့် ယားယံခြင်း💏💏
လိင်မှတဆင့်ကူးစက်တဲ့ ရောဂါတချို့
ကြောင့် မိန်းမကိုယ်ယားယံနိုင်ပါတယ်။
ဆီးပူညောင်းကျရောဂါ၊ မိန်းမကိုယ်မှာ
ရေယုန်ဖြစ်တာ၊ ge***al warts လို့ခေါ်
တဲ့ ကြွက်နို့ဖြစ်တာ စတာတွေကြောင့်
ယားယံနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆို
မိန်းမကိုယ်ကနေ အဝါအစိမ်းရောင်
အရည်‌တွေဆင်းတာ၊ အဖုတွေစမ်းမိ
တာ၊ ဆီးသွားရင် ပူပြီးနာတာတွေ ခံစား
ရပါမယ်။ ဒီလိုဖြစ်ပြီးဆို ဆရာဝန်နဲ့ အ
မြန်ဆုံးတိုင်ပင်သင့်ပါတယ်။
4)သွေးဆုံးခြင်း👵👵
အမျိုးသမီးတယောက်ဟာ သွေးဆုံး
သွားတဲ့ အခါ အမျိုးသမီးဟော်မုန်း‌
(estrogen)တွေ လျော့ပါးသွားပါတယ်။
အဲ့တာကြောင့် မိန်းမကိုယ်မှာ ပုံမှန်
စိုစွတ်အောင်ထိန်းထားပေးတာတွေ
ပျောက်ကွယ်သွားတယ်။ မိန်းမကိုယ်ရှုံ့
သွားတာ အပြင်မိန်းမကိုယ်ကခြောက်
သွေ့လာတော့ ယားယံလာတယ်။
5)စိတ်ဖိစီးခြင်း🙍🙍
စိတ်ဖိစီးတာက မိန်းမကိုယ်ကို ယားယံ
စေမယ်ဆိုတာ ထူးဆန်းပါတယ်။ စိတ်
ဖိစီးချိန်မှာ ခန္ဓကိုယ်ရဲ့ ခုခံစွမ်းအားကျ
ပြီး မိန်းမကိုယ်မှာ ပိုးဝင်နိုင်ပြီး ယားယံ
တာကို ဖြစ်စေပါတယ်။ ဒီအချက်
ကတော့ အရမ်းရှားပါးပါတယ်။
6)မိန်းမကိုယ်ကင်ဆာဖြစ်ခြင်း💢
မိန်းမကိုယ်ကင်ဆာဖြစ်ရင် တချို့
အမျိုးသမီးတွေမှာ မိန်းမကိုယ်အပြင်
သားတွေမှာ ယားယံတာ၊ မှုမမှန်သွေး
ဆင်းတာ၊ မိန်းမကိုယ်တဝိုက်နာနေတာ
စတဲ့ လက္ခဏာတွေပြတတ်ပါတယ်။

🌺ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်ပြီလဲ ?
မိန်းမကိုယ်က ကိုယ်မခံနိုင်အောင် ယားယံနေတာမျိုး၊ ကိုယ့်နေစဉ်လုပ်ငန်းဆောင်
တာတွေကို ထိခိုက်လာတာမျိုးဆို ပြသင့်ပါပြီ။ ဥပမာ - မိန်းမကိုယ်မှာ အဖုတွေ ၊ အနာတွေဖြစ်လာတာမျိုး၊ ရောင်ရဲပြီး နီနေတာမျိုး၊ ဆီးသွားရခက်နေတာမျိုး၊ လိင်ဆက်ဆံမှုကိုပါ ထိခိုက်လာတာမျိုးတွေမှာ ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်သင့်ပါတယ်။

ဘယ်လိုသက်သာအောင် လုပ်မလဲ ?
1)မိန်းမကိုယ်ကို အလွန်အကျွံသန့်စင်
အောင်လုပ်တာရှောင်ပါ။ 🙅🙅
ဆပ်ပြာတွေ၊သန့်စင်ဆေး‌တွေနဲ့ အရမ်း
ဆေးလိုက်ရင် မိန်းမကိုယ်ရဲ့ ကောင်းတဲ့
ပိုးတွေသေကုန်လို့ပါ။ နောက်တစ်ခုက
ရေနဲ့ဆေးရင် လက်ကို အရှေ့မှအနောက်
သို့ ဆွဲယူပြီးဆေးတာမျိုးလုပ်ပေးပါ။
2)အတွင်းခံအမျိုးအစားကိုရွေးချယ်တတ်
ပါစေ။👙👙
လှချင်လို့ ပိုးတွေ၊ ဇာတွေ၊ နိုင်လွန်နဲ့
ချုပ်ထားတဲ့ အတွင်းခံတွေက တချို့
အမျိုးသမီးတွေနဲ့ မတည့်တဲ့အတွက်
ယားယံစေတာပါ။ ချည်သားပါးပါးလေး
တွေဝတ်ဆင်ခြင်းက အကောင်းဆုံးပါပဲ။
အတွင်းခံစိုနေရင်လဲ မဝတ်ပါနဲ့။
တင်းကျပ်နေတဲ့ အတွင်းခံလဲ မဝတ်ပါနဲ့။
လေဝင်လေထွက်မကောင်းရင် အနံ့ဆိုး
တွေဖြစ် စေပြီး ယားယံတာလဲ ပိုဆိုးစေ
ပါတယ်။
3)ဒိန်ချဉ်သောက်ပါ။ 🥛🥛
ဒိန်ချဉ်မှာ လူတွေကို အကျိုးပြုတဲ့
ကောင်းတဲ့ ဘက်တီးရီးယားတွေပါပါ
တယ်။ အဲ့တာကြောင့် ဒိန်ချဉ်ကို ပုံမှန်
သောက်ရင် မိန်းမကိုယ်မှာ မှိုစွဲတာ၊ ပိုး
ဝင်တာတွေကို ကာကွယ်ပြီးသားဖြစ်မှာ
ပါ။
4)ရေခဲကပ်ပေးတာ ယားယံတာကို
သက်သာစေပါတယ်❄️❄️
ရေခဲကို အဝတ်တစ်ခုခုနဲ့ပတ်ပြီး
မိန်းမကိုယ်အပြင်သားကို မိနစ်
အနည်းငယ်လောက်ကပ်ပေးတာ
ယားယံတာကို သက်သာစေပါတယ်။
ရေခဲအတုံးလိုက်နဲ့တော့ မကပ်ပါနဲ့။
မိန်းမသားအားလုံး ကျန်းမားပျော်ရွှင်
ပြီး အလှတိုးနိုင်ပါစေ။🧡🧡🧡

With love,
Dr. Erica (UM1)"

❓❓ကိုဗစ်ကာလမှာ ဆီးချိုသမားတွေ ဘယ်လို နေထိုင်စားသောက်သင့်လဲ ????ခု လတ်တလော မှာ ကိုဗစ်တွေ ပြန်ဖြစ်နေကြတာကို သိကြမှာပါ💁💛ကို...
17/05/2023

❓❓ကိုဗစ်ကာလမှာ ဆီးချိုသမားတွေ ဘယ်လို နေထိုင်စားသောက်သင့်လဲ ????

ခု လတ်တလော မှာ ကိုဗစ်တွေ ပြန်ဖြစ်နေကြတာကို သိကြမှာပါ💁

💛ကိုရိုနာ ဗိုင်းရပ် ကူးစက်မှု့က ပျံပွားမူတွေ များပြားလာတာကြောင့် ရောဂါအခံရှိသော အသက်ကြီးသူများအနေနဲ့ ဆီးချိုရောဂါကို ဘယ်လို ကာကွယ်မလဲ ဘယ်လိုနေထိုင် စားသောက်သင့်လဲ ဆိုတာကို Doctor On Call မှ ပြောပြပေးမှာဖြစ်ပါတယ်။

💚ဆီးချိုရောဂါဟာ နာတာရှည်ရောဂါ တစ်ခုဖြစ်ပြီး အစားအသောက်အင်မတန် ဆင်ခြင်ရပါတယ်။ မဆင်မခြင် စားသုံးရင် သွေးတွင်း သကြားဓာတ် မညီမမျှဖြစ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ တစ်သီကြီး ဝင်လာနိုင်ပါတယ်။ ဒါ့ကြောင့် ယခုလို ကိုဗစ်ကာလမှာ ဆီးချိုရောဂါဖြစ်နေရင် ဘယ်အစားအသောက်ကို ဘယ်လိုစားသုံးမလဲဆိုတာ သိပ်အရေးကြီးလာပါပြီ။

🖤ဆီးချိုရောဂါအတွက် ကာဗွန်ဟိုက်ဒရိတ်ကို ရှောင်သင့်လား…
ကာဗိုဟိုက်ဒရိတ်ဓာတ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ပေးစွမ်းနိုင်တဲ့ အတွက်ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးမယ်ဆိုရင် သူလည်း ပါဝင်သင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်တိုင်းက ကိုယ်တွင်း သကြားဓာတ်ကို ထိခိုက်စေတာတော့ မဟုတ်ပါဘူး။

✔ကာဗိုဟိုက်ဒရိတ်ကို သကြားဓာတ်ချည်းပဲဖြစ်တဲ့ (ရိုးရိုးကာဗိုဟိုက်ဒရိတ်) နဲ့ ကစီဓာတ် (အဆင့်မြင့် ကာဗိုဟိုက်ဒရိတ်) ရယ်လို့ ခွဲခြားနိုင်ပါတယ်

ရိုးရိုး ကာဗိုဟိုက်ဒရိတ်
1️⃣ ဂလူးကို့စ်၊ စူးခရို့စ်၊ ပျားရည်၊ သစ်သီးယိုနဲ့ သကြားလုံးတွေ ဖြစ်ပါတယ်။

အဆင့်မြင့် ကာဗိုဟိုက်ဒရိတ်
2️⃣ ပေါင်မုန့်၊ ဆန်၊ ပါစတာ၊ ခေါက်ဆွဲ၊ အာလူး၊ ကန်စွန်းဥ၊ ပြောင်းဖူး စတာတွေ ပါဝင်ပါတယ်။

💙ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ (ဥပမာ- သကြားလုံး) စားလိုက်တဲ့အခါ သကြားဓာတ်က သွေးတွင်းကို ပိုမြန်မြန် ဝင်သွားလေပါပဲ။ ဒီအခါ စားပြီးတာနဲ့ သွေးတွင်းသကြားဓာတ်တွေ ချက်ချင်းထောင်တက် သွားပါတယ်။
ဆန်လုံးညိုတွေ စားလို့ ရပါတယ်…။

🖤ဆန်လုံးညိုရော ဆန်အဖြူတွေရောမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုက အတူတူပါပဲ။ ဆန်လုံးညိုမှာ အမျှင်ဓာတ် ပါဝင်မှု ပိုများပါတယ်။ အမျှင်ဓာတ်ကြောင့် အစာချေဖျက်မှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ် စုပ်ယူမှုကိုလည်း နှေးကွေးသွားစေပါတယ်။ ဒါ့ကြောင့် စားပြီးပြီးချင်း ဆီးချိုတက်သွားတာတွေ မဖြစ်စေဘဲ သကြားဓာတ်ကို ထိန်းထားနိုင်စေပါတယ်။ ဆန်လုံးအညိုတွေမှာ မဟုတ်ပါဘူး၊ ပေါင်မုန့်ကြမ်း၊ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ကွေကာအုတ်တွေ စားသုံးပေးမယ်ဆိုရင်လည်း တူညီတဲ့ရလဒ် ရရှိစေမှာဖြစ်ပါတယ်။

👉ဒါကြောင့် ဆီးချိုသမားများအနေဖြင့် နေ့စဉ်အစားအစာမှာ ဒီလိုတွက်ချက်ပြီးတော့ စားပေးပါနော်…
👉 နေ့စဉ်ကိုယ်စားသုံးမယ့် ကာဗိုဟိုက်ဒရိတ်ပမာဏကို တွက်ချက်ပြီး စားသုံးပါ။

👉 သွေးတွင်းသကြားတက်မှာစိုးပြီး မစားပဲလည်း မနေပါနဲ့။ ဒီလိုဆို Hypoglycemia ခေါ်တဲ့ သွေးတွင်းသကြားဓာတ် အလွန်အကျူး ကျဆင်းသွားတဲ့အခြေအနေ ဖြစ်သွားနိုင်ပါတယ်
👉 သကြားပါတဲ့ အချိုစာတွေကို တတ်နိုင်သမျှ မစားသုံးဘဲ သူတို့နေရာမှာ ဂျုံကြမ်းနဲ့ လုပ်ထားတဲ့ ပေါင်မုန့်၊ ပါစတာ၊ ကွေကာအုတ်စတာတွေကို အစားထိုး စားသုံးပေးပါ။

💁‍♀️အခုလို ဆောင်ရန် ရှောင်ရန် အချက်လေးတွေကို သတိပြုလိုက်နာပြီး ကျန်းမာပျှော်ရွှင်သောဘဝကို ပိုင်ဆိုက်လိုက်ရအောင်နော်....

" “ပူစီနံအစွမ်း အံ့မခန်း"" 🌿🌿""ပူစီနံရွက်"" ကို အချို့ကအနံ့ပြင်းလို့မကြိုက်ကြပေမဲ့ကျန်းမာရေးအတွက် ဆေးဖက်ဝင်အကျိုးအားနိသင...
15/05/2023

" “ပူစီနံအစွမ်း အံ့မခန်း"" 🌿🌿

""ပူစီနံရွက်"" ကို အချို့ကအနံ့ပြင်းလို့မကြိုက်ကြပေမဲ့
ကျန်းမာရေးအတွက် ဆေးဖက်ဝင်အကျိုးအားနိသင်အများဆုံးရှိနေပါတယ်။ 👍👍

""ပူစီနံအရွက်""ထဲမှာ လူသားတို့ကျန်းမာရေးအတွက် အများကြီးအထောက်အကူပြုတဲ့ဓါတ်သတ္တုပစ္စည်းတွေ အများဆုံးပါဝင်ပါတယ်။ ✨✨✨

ငွေကြေးအကုန်အကျမများစေဘဲ အလွယ်တကူရရှိနိုင်တဲ့ ပူစီနံရွက်ကနေ ဘယ်လိုသဘာဝဆေးစွမ်းသတ္တိတွေရနိုင်သလဲဆိုရင်......💁🏻‍♀️
✔️ လူတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ဖောလိပ် ၂၈% နဲ့ ကယ်လ်ဆီယမ် ၂၄% တို့ကို ပူစီနံအရွက်(၁၀၀ဂရမ်) ကနေ အပြည့်အဝရရှိနိုင်ပါတယ်။
✔️ ပူစီနံမှာပါဝင်တဲ့ ဗီတာမင်စီ နဲ့ ဗီတာမင်အေတို့ကလည်း အဆုတ်၊ အူမကြီးနဲ့ အရေပြားကင်ဆာရောဂါဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
✔️ ပူစီနံရွက်ကိုအနည်းဆုံးတစ်ပတ်တစ်ကြိမ် ဝါးစားပေးရင် ခံတွင်းထဲကဘက်တီးရီးယားများကိုသေစေနိုင်ပြီး သွားများကိုဖြူဖွေးစေရုံသာမက သွေးထဲရှိသကြားပမာဏကိုပါ ထိန်းပေးတာကြောင့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါရှိတဲ့သူတွေ စားသုံးပေးသင့်ပါတယ်။
✔️ ညဘက်အိပ်မပျော်ရင် ရေနွေးထဲကို ပူစီနံငါးရွက်ထည့်ပြီး ခပ်နွေးနွေးအနေအထားရောက်ရင်သောက်ပေးပါ။ မကြာမီနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။
✔️ ပူစီနံရွက်ကို Detox Waterထဲထည့်သောက်ပေးခြင်းဖြင့်လည်း ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပြီး အဆီကျလှပစေနိုင်ပါတယ်။
✔️ ပူစံနံရွက်မှာ ဓါတ်ကိုဆန့်ကျင်တဲ့ပစ္စည်းတွေပါဝင်တာကြောင့် အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးနိုင်ပြီးအမျိုးသမီးများ ဓမ္မတာလာစဉ် ရေနွေးကြမ်းအဖြစ်သောက်သုံးပေးပါက ကိုက်ခဲခြင်းဝေဒနာကို သက်သာစေပါတယ်နော်။"

Address

No-148, Pyay Road, Corner Of A1 Street, Mayangone Township
Yangon
11061

Alerts

Be the first to know and let us send you an email when Doctor On Call posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Doctor On Call:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

We are the foreign local JV service company incorporated under the laws of Myanmar. We are going to provide the following services soon.... (1) Providing information about updated health related issues. (2) Providing guideline for symptomatic treatment of common aliment and first aid management. (3) Sharing knowledge about Teen age Health, reproductive health and elderly health care. (4) Give directory service about local clinic, hospital and laboratory contact informations.