Zaw Clinic

Zaw Clinic ...

22/10/2025
22/10/2025

ဆေးခန်းဖုန်း 09774817370မှာ ခိုးယူခံရပါသဖြင့် ဆက်သွယ်၍ မရပါ ဤ ဖုန်းဖြင့် ဆက်သွယ်လာပါက ဆေးခန်းမှ တာဝန် မယူနိုင်ပါ

အခမဲ့ ဖုန်းအား အားသွင်းမီးလုံးများ power bank များ လာ​ရောက် အားသွင်းနိုင်ပါတယ်၁၇ ရပ်ကွက် စံပါယ်မြိုင်လမ်း ​တောင်ဒဂုံ
30/03/2025

အခမဲ့ ဖုန်းအား အားသွင်းမီးလုံးများ power bank များ
လာ​ရောက် အားသွင်းနိုင်ပါတယ်
၁၇ ရပ်ကွက် စံပါယ်မြိုင်လမ်း ​တောင်ဒဂုံ

11/06/2023

Calcium gluconate ဆေးဆိုတာ ဆေးရုံ တွေမှာ သွေးတွင်းပိုတက်စီယမ် များတဲ့ လူနာတွေ |ကယ်ဆီယမ်ဓာတ် အရမ်းကျတဲ့လူနာတွေမှ ပေးရတဲ့ ထိုးဆေးမျိုးပါ အမြန်ထိုးလို့မရပါဘူး|

❌အကြောဆေး ဆိုပူပူလေးမှ ဆိုသူတွေ အတွက် ❌

💉 အကြောဆေးထိုးပြီး တစ်ကိုယ်လုံးပူသွားတယ်ဆိုတာ...

-Calcium gluconate ကယ်လ်ဆီယံဂလူးကိုးနိတ်ထိုးတာပါ။

*သူက အားဆေးမဟုတ်ပါဘူး။ပြင်းထန်တဲ့ကယ်လ်စီ
ယမ်ဓာတ်နည်းတဲ့အခြေအနေတွေမှာ ထိုးပါတယ်။

*အပျော်ထိုးရတာမဟုတ်ပါဘူး။
ဆေးရုံတွေမှာ အတွင်းလူနာတွေကို လိုမှထိုးရတဲ့ဆေးမျိုးပါ။

*သူက Vasodilatation သွေးကြောကျယ်စေပါတယ်။
ထိုးလိုက်ရင် Heatwaves အပူလှိုင်းတွေဖျာထွက်သလိုဖြစ်တတ်ပါတယ်။
ပူတာက adverse effect မကောင်းတဲ့အာနိသင်ပါ။

* သွေးကြောတွေကျယ်ကုန်တော့ အခန့်မသင့်ရင် သွေးပေါင်ပြုတ်ကျတာ၊နှလုံးခုန်နှုန်းနှေးတာ၊နှလုံးခုန်မမှန်တာ၊နှလုံးရပ်တာအထိဖြစ်နိုင်ပါတယ်။

*ဆေးဆိုတာ အရသာရှိဖို့ထိုးရတာမဟုတ်ပါဘူး။

*သူ့သတ်မှတ်ချက်အတိုင်းထိုးရပါတယ်။

Crd: Dr PhyoWai Mg

၂၀၂၃ မိုးရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံလိုသူများ စာရင်းပေးသွင်းနိုင်ပါပြီ။(35000K) ➡️ ရာသီတုပ်ကွေး ကာကွယ်ဆေးကိုဘယ်လိုလူမျ...
24/03/2023

၂၀၂၃ မိုးရာသီတုပ်ကွေး ကာကွယ်ဆေး
ထိုးနှံလိုသူများ စာရင်းပေးသွင်းနိုင်ပါပြီ။
(35000K)


➡️ ရာသီတုပ်ကွေး ကာကွယ်ဆေးကိုဘယ်လိုလူမျိုးတွေ ထိုးဖို့လိုအပ်မလဲ?

👨🏻‍⚕️ လူတိုင်းထိုးသင့်ပါတယ်။

မဖြစ်မနေထိုးသင့်တာတွေကတော့

(၁) ကိုယ်ဝန်ဆောင် မိခင်လောင်းများ

(၂) အသက် (၆၅)နှစ်အထက် လူကြီးများ

(၃) အသက် (၆)လ အထက် ကလေးသူငယ်များ

(၄) ဆီးချို သွေးတိုး နှလုံး ကင်ဆာ အစရှိသည့် နာတာရှည်ရောဂါ အခံရှိသူများ။

(၅) ကျန်းမာရေးလုပ်သားများ
တို့ ဖြစ်ကြပါတယ်။

*အသက်(၉)နှစ်အောက်ကလေးများတွင် ယခင်ကထိုးခဲ့ဘူးပါက (၁)လုံးသာထိုးရန်လိုအပ်ပါသည်။

*ယခင်ကထိုးခဲ့ဘူးခြင်းမရှိပါက ပထမအကြိမ်(၁)လုံးထိုးပြီး တစ်လအကြာတွင်နောက်ထပ်(၁)လုံး ထပ်မံထိုးရန်လိုအပ်ပါသည်။

*အသက်(၉)နှစ်အထက်ဆိုပါက(၁)လုံးသာထိုးရန်
လိုအပ်ပါသည်။

စက်ရုံ အလုပ်ရုံနှင့် လူဦး​ရေ ၁၀ဦးအထက်များအတွက်
အထူး​စျေးနှုန်းဖြင့် ထိုးနှံနိုင်ပါတယ်။

Vaccination Record Card ရရှိပါမယ်

ဆေးထိုးနှံလိုပါက

Page Messengerတွင်
-ဆေးအလုံးအရေအတွက်
-ဖုန်းနံပါတ်
-ထိုးမည့်ရက်တို့ကို
ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

လက်လီ လက်ကား​ဆေး​စျေးနှုန်းအတွက်လည်း
စုံစမ်း​မေးမြန်းနိုင်ပါသည်။

Price
35000K for each vial
( kbz banking ဖြင့် ရှင်းနိုင်ပါသည်)
(Plus 10000 for home service)

📞 ဆက်သွယ်စုံစမ်းရန် - 09774817370 09758035916





#2023

29/09/2022

ခေါင်းကိုက်ခြင်းနှင့် ပတ်သတ်၍
Dr.Thet Naing Swe မှ
​ပြောကြားချက်များကို
အသိပညာ​ပေးသည့်အ​နေဖြင့်
ပြန်လည်​​ဝေမျှအပ်ပါသည်။

🌧မိုးရာသီမှာ ဖြစ်​ပေါ်​နေကျရာသီတုပ်ကွေးကို  ၂၅၀၀၀ ကျပ်ဖြင့် အပြည့်အဝ ကာကွယ်လိုက်ပါ🤗ခုဆိုရင် မိုးရာသီ ကာလကိုရောက်လာတာနဲ့အ...
23/05/2022

🌧မိုးရာသီမှာ ဖြစ်​ပေါ်​နေကျရာသီတုပ်ကွေးကို ၂၅၀၀၀ ကျပ်ဖြင့် အပြည့်အဝ ကာကွယ်လိုက်ပါ🤗

ခုဆိုရင် မိုးရာသီ ကာလကိုရောက်လာတာနဲ့အမျှ ရာသီတုပ်ကွေး ဖြစ်ပွားလာတာကို ခပ်စိပ်စိပ်တွေ့လာရပြီ ဖြစ်ပါတယ်။

✍️ အထူးသဖြင့် လူအများစုနဲ့ လုပ်ကိုင်ရပြီး ကူးစက်နိုင်စွမ်း အမြင့်ဆုံးဖြစ်တဲ့ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများ
✍️ ခုခံအားစနစ် ကောင်းစွာ အလုပ်မလုပ်နိုင်သော ၆ လအထက်ကလေးငယ်များ၊ ၆၅ နှစ်အထက် လူကြီးများ
✍️ ကိုယ်ဝန်ဆောင်မိခင်များ
✍️ နာတာရှည် ရောဂါအခံ ရှိသူများ
ဟာ ကူးစက်နိုင်စွမ်းမြင့်တဲ့ အုပ်စုတွေ ဖြစ်တဲ့အတွက် ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံသင့်ပါတယ်။

▫️ယခုချိန်မှာ ဆေးထိုးထားမယ်ဆိုရင် ကျန်ရှိနေတဲ့ မိုးတွင်း တစ်တွင်းလုံး အပြည့်အဝ ကာကွယ်နိုင်မှာ ဖြစ်တဲ့အတွက် ကိုယ်တိုင်ဝေဒနာခံစားရမှ ပိုက်ဆံအကုန်ခံ ကုသခြင်းထက် စောစီးစွာ ကြိုတင် ကာကွယ်ထားသင့်ပါတယ်။

▫️လုပ်ငန်းရှင်ကြီးများ အနေနဲ့လည်း မိမိဝန်ထမ်းများ ကျန်းမာရေးအတွက် ကာကွယ်ဆေးထိုးနှံ ပေးလိုပါက အထူးစျေးနှုန်းရှိပါတယ်။

✅️ စျေးနှုန်းကိုလည်း ၂၅၀၀၀ ကျပ်သာ ကျသင့်ပါမည်။

✅️ Vaccination Record Card ရရှိပါမည်။

✅️ စက်ရုံ၊ အလုပ်ရုံ လူအများစုအတွက် ထိုးနှံလိုသူများ အထူးစျေးနှုန်း သီးသန့်ရှိသည်။

✅️ ဆေးရုံဆေးခန်းလာရန် အခက်အခဲရှိသူများ၊ တစ်မိသားစုလုံး ထိုးနှံမည့်အိမ်များ အတွက် အိမ်ပင့် ဝန်ဆောင်မှု ရှိပါတယ်။ (ဓာတ်ဆီစျေးတွေ တက်နေတဲ့ ဒီကာလမျိုးမှာ အိမ်ပင့် ဝန်ဆောင်ခ အနေနဲ့ နေရာအနီး၊ အဝေးအပေါ် မူတည်ပြီး တစ်သောင်း/တစ်သောင်းခွဲကျပ်သာ ထပ်​ဆောင်း ကျသင့်မှာ ဖြစ်ပါတယ်။)

ဆေးထိုးနှံလိုပါက -

✍️ Zaw Clinic chat box တွင်

🔹️ဆေးအလုံးအရေအတွက်
🔹️ဖုန်းနံပါတ်
🔹️ထိုးမည့်ရက်တို့ကို
စာရင်းပေးသွင်းနိုင်ပါသည်။

ဆက်သွယ်ရန် -

☎ 09-774817370 09-758035916

📋 အမှတ် (၁၇) ရပ်ကွက်၊ စံပါယ်မြိုင်လမ်း၊ တောင်ဒဂုံ

#မိုးရာသီတုပ်ကွေးကာကွယ်ဆေး
#ရာသီတုပ်ကွေး


သင်ဟာ ဝိတ်ချချင်ပေမဲ့ အစားမရှောင်နိုင်သူ၊ ​လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မ​ပေးနိုင်သူ ဖြစ်​နေပါသလား❕️သင်ဟာ ကျန်းမာရေး အခြေအ...
16/05/2022

သင်ဟာ ဝိတ်ချချင်ပေမဲ့ အစားမရှောင်နိုင်သူ၊ ​လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မ​ပေးနိုင်သူ ဖြစ်​နေပါသလား❕️

သင်ဟာ ကျန်းမာရေး အခြေအနေအရ ဝိတ်လျော့ဖို့၊ အစားရှောင်ဖို့ အဆင်မပြေတဲ့သူ ဖြစ်နေပါသလား❕️

သင်ဟာ မလိုအပ်တဲ့ အဆီပိုတွေကို အချိန်တိုအတွင်း ရှင်းထုတ်ချင်ပါသလား❕️

မြန်မာကျပ်ငွေ နှစ်သောင်းကျပ်(Promotion Price)နဲ့ အချိန်အများကြီးပေးစရာမလို၊ လူလည်း မပင်ပန်း၊ ဘေးထွက်ဆိုးကျိုးလည်း မရှိသလောက်နည်းတဲ့ လျှပ်စစ်အကူကရိယာကို သုံးပြီး ဝိတ်ချနိုင်ကြောင်း သတင်းကောင်း ပါးပါရစေ....

လျှပ်စစ်နဲ့ ဝိတ်ချတယ် ပြောလို့လန့်မသွားကြပါနဲ့၊
Electrotherapy
ဒီနည်းလမ်းဟာ ခုနောက်ပိုင်းမှာလူသုံးများလာပြီး -
💢 ဝိတ်ကျဖို့ အချိန်အမြန်ဆုံး ❗️
💢 ကြွက်သားတက်လာဖို့ အလွယ်ကူဆုံး ❗️
💢 Muscle tone တက်လာဖို့ အလွယ်ဆုံး ❗️
နည်းလမ်း ဖြစ်ပါတယ်။

လူတော်တော်များများဟာ
⌛️ ဘေးထွက်ဆိုးကျိုးတွေရှိတဲ့ ပိန်ဆေးသောက်ခြင်း
⌛️ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလွန်အကျွံ အစား လျော့ပြီး ဝိတ်ချခြင်း
စတဲ့နည်းလမ်းတွေကို အသုံးပြုကြပါတယ်။ ခု လျှပ်စစ် အကူကရိယာကို အသုံးပြုပြီး ဝိတ်ချတဲ့ ကုထုံးဟာသေချာနားလည် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ စနစ်တကျ အသုံးပြုရင် ဘေးထွက် ဆိုးကျိုးဆိုတာ မရှိသလောက်ပါပဲ။

Electric Current ကို အသုံးပြုပုံကတော့ အဆီများတဲ့နေရာ အထူးသဖြင့် ဗိုက်လိုနေရာတွေမှာ စုပ်ခွက်လေးတွေတပ်ပြီး အဲ့ဒီနေရာမှာရှိတဲ့ ကြွက်သားကို လှုံဆော်ပေးတဲ့အတွက် ကြွက်သားဟာ ကျစ်လာပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေမှာဆို 6 packs ရဖို့အချိန်မိနစ် ၂၀ ဘဲလိုတယ်လို့ တင်စားပြောဆိုကြတာ ဖြစ်ပါတယ်။ ကြွက်သားကို လှုံ့ဆော်သလို အဆီတွေပါ တစ်ခါတည်း လောင်ကျွမ်းစေတာကြောင့် ခုနောက်ပိုင်းမှာ ဝိတ်ချဖို့ ကုထုံးတစ်ခုအနေနဲ့ အသုံးပြုလာကြတာ ဖြစ်ပါတယ်။

ဒီနည်းလမ်းဟာ ကယ်လိုရီလောင်ကျွမ်းဖို့ အခက်အခဲရှိတဲ့ -
✍️ ဟော်မုန်း မညီမျှတဲ့ရောဂါ ခံစားနေရသူတွေ
✍️ PCOS လို့ခေါ်တဲ့ သားဥအိမ်ရေအိတ်တည်တဲ့ ရောဂါ ခံစားနေရသူတွေ
✍️ အင်ဆူလင်ကို ခုခံနိုင်စွမ်းမြင့်နေတဲ့ ရောဂါသည်တွေ အပြင်
✍️ ကိုယ်လက်လှုပ်ရှားနည်းပြီး မကြာခဏ အကြောတက်တတ်သူတွေ
✍️ ဇက်ကြောတတ်၊ အရိုးကျီးပေါင်း ရောဂါရှိသူများအတွက်လည်း အလွန်ကို effective ဖြစ်တဲ့ ကုထုံးလည်း ဖြစ်ပါတယ်။

👨‍⚕️ စတီးရိုး ထည့်ထားသူများ
👨‍⚕️ နှလုံးစက် တပ်ထားရသူများ
👨‍⚕️ သွားညှိစက် တပ်ထားသူများ
👨‍⚕️ အတက်ရောဂါရှိသူများ
👨‍⚕️ ကိုယ်ဝန်ဆောင်များ
👨‍⚕️ သွေးတိုးရောဂါရှိသူများ
👨‍⚕️ခေါင်းတစ်ခြမ်းကိုက် ရောဂါရှိသူများ
ဟာ ဒီကုထုံးကို ကုသမှုခံယူဖို့ သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့ လိုအပ်ပါတယ်။

လျှပ်စစ်ကို အသုံးပြုပြီး ဝိတ်ချတဲ့ ကုထုံးကို ဇော်ဆေးခန်းတွင် လေးသောင်းကျပ်ဖြင့် ကုသလို့ရနိုင်ပါပြီ။ စိတ်ဝင်စားစရာတစ်ခုက ဒီကုထုံးဟာ တစ်ကြိမ်ယူရုံနဲ့ သိသာတဲ့ ရလာဒ်ကို ရရှိနိုင်တာဘဲ ဖြစ်ပါတယ်။

ဆက်သွယ်ရန် -
☎ 09-774817370

📋 အမှတ် (၁၇) ရပ်ကွက်၊ စံပါယ်မြိုင်လမ်း၊ တောင်ဒဂုံ

ကျီးပေါင်း၊ ဒူးနာ၊ ခါးနာ ရောဂါများအတွက် ဆေးထိုးရမဲ့ အကြိမ်ရေကို လျော့ချပေးတဲ့ Interferential Therapyအသက်နည်းနည်းရလာတဲ့ လ...
21/04/2022

ကျီးပေါင်း၊ ဒူးနာ၊ ခါးနာ ရောဂါများအတွက် ဆေးထိုးရမဲ့ အကြိမ်ရေကို လျော့ချပေးတဲ့ Interferential Therapy

အသက်နည်းနည်းရလာတဲ့ လူကြီး​တွေ၊ ကွန်ပျူတာ ရှေ့တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတဲ့သူ​တွေဟာ ကြာလာတဲ့အခါ ဇက်ကြောတက်၊ ကျီးပေါင်း၊ ခါးနာ၊ ဒူးနာလာတာမျိုးဟာ အဖြစ်များကြပါတယ်။ ကိုက်တယ်၊ ခဲတယ်ဆို အများစုက ဆေးထိုး /ဆေးသောက်ကြတယ်၊ သက်သာတယ်၊ နောက်တစ်ခါဖြစ်တယ်၊ ဆေးထိုးတယ် ဒါမျိုးနဲ့ဘဲ သံသရာလည်နေကြတာမျိုးပါ။

Interferential Therapy ဆိုတာကို ဒီမှာသိပ်မရင်းနှီးကြပေမဲ့ နိုင်ငံတော်တော်များများရဲ့ ပြန်လည်သန်စွမ်းရေးကုထုံး တွေမှာတော့ အသုံးချနေကြပြီ ဖြစ်ပါတယ်။ IFT ဟာ လျှပ်စစ်စီးကြောင်းနှစ်ခုကို တစ်ခုနဲ့တစ်ခု ထောင့်ဖြတ်စီးစေပြီး ရရှိလာတဲ့ သေးငယ်တဲ့ ( ခန္ဓာကိုယ်နဲ့ အရေပြားကို အန္တရာယ်မပြုနိုင်တဲ့) ကြိမ်နှုန်းနိမ့် လျှပ်စီး ကြောင်းတစ်ခုနဲ့ နာကျင်မှုကိုသက်သာ​​​အောင် ကုသခြင်း ဖြစ်ပါတယ်။

IFT နဲ့ ကုသနိုင်တဲ့ ရောဂါတွေကတော့ -
🖇 လည်ပင်းကျီးပေါင်း
🖇 ပခုံးကပ်ခြင်း၊ ပုခုံးနာရောဂါများ
🖇 ဒူးနာ၊ ခါးနာ
🖇 လေးဖက်နာ
🖇 ခါးကြောညပ်ခြင်း
🖇 ခြေ၊ လက် ထုံကျဥ် ကိုက်ခဲခြင်း
စတဲ့ရောဂါများ ဖြစ်ပါတယ်။

IFT နဲ့ ကုသတဲ့အခါ ရရှိလာမဲ့ အကျိုးကျေးဇူးတွေက -
📌 အကိုက်အခဲပျောက်ဆေး သောက်ခြင်း၊ ဆေးထိုး​​ခြင်းကို အချိန်ကြာမြင့်စွာ လုပ်ဆောင်ခြင်းကြောင့် ရရှိလာမည့် အသည်းနှင့် ကျောက်ကပ်ပျက်စီးခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ ဓာတ်မတည့်ခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာနိုင်စွမ်းကို လျော့နည်းစေခြင်း
📌 ကျီးပေါင်းရောဂါသမားများ ထိုးဆေးနဲ့ IFT တွဲသုံးပါက ကုန်ကျစရိတ်သက်သာမည့်အပြင် ဆေးထိုးလို့ရလာမဲ့ နောက်ဆက်တွဲ ဆိုးကျိုးများလျော့နည်းစေခြင်း တို့ဖြစ်ပါတယ်။

အမေးများတဲ့ မေးခွန်းတစ်ခုက လျှပ်စစ်နဲ့ကုတာဆိုတော့ ဓာတ်လိုက်မှာလား❔
လုံးဝ မလိုက်ပါဘူး။ ကုသနေစဥ်မှာလဲ အရေပြားကျဥ်တယ်ဆိုတာမျိုးလောက်သာ ခံစားရမှာဖြစ်ပါတယ်။ ကုသလိုတဲ့ နေရာကို အလယ်မှာထားပြီး စုပ်ခွက်လေးခုကို ဘေးပတ်လည်မှာ တပ်ဆင်ကာ လျှပ်စစ်စီးကြောင်းနှစ်ခုကို ထောင့်ဖြတ်စီးစေပါတယ်။ ကုသလိုတဲ့ နေရာမှာ လျှပ်စစ်စီးကြောင်းနှစ်ခုဟာ ဖြတ်သွားပြီး ဖြစ်ပေါ်လာတဲ့ ကြိမ်နှုန်းနိမ့်တဲ့ လျှပ်စီးကြောင်းဟာ -
📌 ထိုနေရာမှာရှိတဲ့ နာကျင်မှုများကိုသက်သာစေခြင်း
📌 ကြွက်သားများကိုလှုံဆော်ပေးခြင်း
📌 သွေးလှည့်ပတ်မှု ကောင်းစေခြင်း
📌 အနာကျက်မြန်စေသော ဟော်မုန်းများကို ထွက်စေခြင်း
စတဲ့ ပုံစံနဲ့ အလုပ်လုပ်တာဖြစ်ပါတယ်။

Zaw Clinic တွင် IFT ကို နောက်ဆုံးပေါ် စက်ကြီးများဖြင့် ကုသမှု ခံယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

Zaw Clinic တွင် -

◻ အထွေထွေရောဂါများ ကုသပေးခြင်းနှင့် လိုအပ်ပါက အထူးကု ဆရာဝန်ကြီးများနှင့် ချိတ်ဆက်ပေးခြင်း
◻ အသေးစား ခွဲစိတ်မှုများ ပြုလုပ်ပေးခြင်း
◻ ကာကွယ်ဆေး ထိုးနှံပေးခြင်း
◻ သွေးစစ်၊ ဆီးစစ် ဓာတ်ခွဲခန်းဝန်ဆောင်မှုများ
◻ ECG ဆွဲခြင်း
◻ ကျန်းမာရေး စစ်ဆေးပေးခြင်း
◻ အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း
◻ သားဆက်ခြားမျိုးပွားခြင်းဆိုင်ရာ ဆွေးနွေးပေးခြင်း
◻ လက်မောင်းအောက် သားဆက်ခြားပစ္စည်းထည့်ပေးခြင်း
◻ တီဘီရောဂါနှင့် ငှက်ဖျားရောဂါအခမဲ့ စစ်ဆေးပေးခြင်းနှင့် ကုသပေးခြင်း

စတဲ့ ဝန်ဆောင်မှုများလည်း ရရှိနိုင်ပါတယ်။

ဆက်သွယ်ရန် -
☎ 09-774817370

📋 အမှတ် (၁၇) ရပ်ကွက်၊ စံပါယ်မြိုင်လမ်း၊ တောင်ဒဂုံ

22/03/2022

၂၀၂၂ မိုးရာသီတုပ်ကွေး ကာကွယ်ဆေး
ထိုးနှံလိုသူများ စာရင်းပေးသွင်းနိုင်ပါပြီ။
(25000K)



➡️ ရာသီတုပ်ကွေး ကာကွယ်ဆေးကိုဘယ်လိုလူမျိုးတွေ ထိုးဖို့လိုအပ်မလဲ?

👨🏻‍⚕️ လူတိုင်းထိုးသင့်ပါတယ်။

မဖြစ်မနေထိုးသင့်တာတွေကတော့

(၁) ကိုယ်ဝန်ဆောင် မိခင်လောင်းများ

(၂) အသက် (၆၅)နှစ်အထက် လူကြီးများ

(၃) အသက် (၆)လ အထက် ကလေးသူငယ်များ

(၄) ဆီးချို သွေးတိုး နှလုံး ကင်ဆာ အစရှိသည့် နာတာရှည်ရောဂါ အခံရှိသူများ။

(၅) ကျန်းမာရေးလုပ်သားများ
တို့ ဖြစ်ကြပါတယ်။

*အသက်(၉)နှစ်အောက်ကလေးများတွင် ယခင်ကထိုးခဲ့ဘူးပါက (၁)လုံးသာထိုးရန်လိုအပ်ပါသည်။

*ယခင်ကထိုးခဲ့ဘူးခြင်းမရှိပါက ပထမအကြိမ်(၁)လုံးထိုးပြီး တစ်လအကြာတွင်နောက်ထပ်(၁)လုံး ထပ်မံထိုးရန်လိုအပ်ပါသည်။

*အသက်(၉)နှစ်အထက်ဆိုပါက(၁)လုံးသာထိုးရန်
လိုအပ်ပါသည်။

စက်ရုံ အလုပ်ရုံနှင့် လူဦး​ရေ ၁၀ဦးအထက်များအတွက်
အထူး​စျေးနှုန်းဖြင့် ထိုးနှံနိုင်ပါတယ်။

Vaccination Record Card ရရှိပါမယ်

ဆေးထိုးနှံလိုပါက

Page Messengerတွင်
-ဆေးအလုံးအရေအတွက်
-ဖုန်းနံပါတ်
-ထိုးမည့်ရက်တို့ကို
ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

လက်လီ လက်ကား​ဆေး​စျေးနှုန်းအတွက်လည်း
စုံစမ်း​မေးမြန်းနိုင်ပါသည်။

Price
25000K for each vial
( ဖြင့် တစ်ဝက်ရှင်းနိုင်ပါသည်)
(Plus 10000 for home service)

📞 ဆက်သွယ်စုံစမ်းရန် - 095086538 09774817370






#2022

Address

Sabai Myaing Street
Yangon
11431

Opening Hours

Monday 07:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 22:00
Sunday 07:00 - 22:00

Telephone

+9595086538

Alerts

Be the first to know and let us send you an email when Zaw Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category