Aspen Healthcare Products

Aspen Healthcare Products " ကုန်ကျမှုထက် ပိုသောကျွန်ုပ်၏တန်ဖိုး "
"The Greatest Value with Reasonable Price"

31/07/2025

မကြာခင် အသစ်ထွက်မည့် ကားမောင်းနှင်သူများအတွက် ခါးနာခြင်း ဒုက္ခကို ကာကွယ် ၊ပျောက်ကင်းအောင် ဆောင်ရွက်ပေးမဲ့ အဖော်မွန်


#ခါးနာခြင်း
#ကားဆရာ

🪻မွေးဖွားပြီးခါစ ဇနီးသည်ကို ယခင်ကထက် ပိုလို့ချစ်ပေးပါ။😍 ဒီအချိန်ဟာ သူမ၏ဘဝတွင် "အထိခိုက်လွယ်ဆုံး၊ စိန်ခေါ်မှုအများဆုံး အခ...
31/07/2025

🪻မွေးဖွားပြီးခါစ ဇနီးသည်ကို ယခင်ကထက် ပိုလို့ချစ်ပေးပါ။😍

ဒီအချိန်ဟာ သူမ၏ဘဝတွင် "အထိခိုက်လွယ်ဆုံး၊ စိန်ခေါ်မှုအများဆုံး အခိုက်အတန့်ဖြစ်သောကြောင့်" သင့်ရဲ့ဂရုစိုက်မှုက သူမ၏ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ အောင်မြင် ပျော်ရွင်မဲ့ အနာဂတ်မိသားစုလေးရဲ့ လူမှုရေးကျန်းမာရေးအတွက် မရှိမဖြစ်ပါပဲ။

💠 (၁) လှပခြင်း နှင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်နာလန်ထူရေး ။

🔹️ ဟော်မုန်းအပြောင်းအလဲများ : ကိုယ်ဝန်ပြီးကာစမှာ Estrogen, Progesterone စတဲ့ဟော်မုန်းတွေ ရုတ်တရက်ကျဆင်းသွားတာကြောင့် မောပန်းမှု၊ စိတ်အတက်အကျမြန်မှုတွေ ဖြစ်စေပါတယ်။

🔹️ ခန္ဓာကိုယ်ဒဏ်ရာ: မွေးဖွားစဉ်ကြုံတွေ့ရတဲ့ ဒဏ်ရာ (ဥပမာ - မွေးလမ်းကြောင်းစုတ်ပြဲမှု၊ ဗိုက်ခွဲမွေးထားလျှင် ခွဲဒဏ်ရာ) တွေကြောင့် နာကျင်မှုကို လပေါင်းများစွာ ခံစားရနိုင်ပါတယ်။

🔹️ နို့တိုက်ခြင်းဆိုင်ရာ စိန်ခေါ်မှုများ : နို့သီးခေါင်းကွဲခြင်း၊ နို့ထွက်နည်းခြင်းတို့က သူမကို စိတ်ဖိစီးစေပါတယ်။

💠 (၂) စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့လိုအပ်ခြင်း ။

🔹️ မိခင်စိတ်ကျရောဂါ (Postpartum Depression - PPD) : မိခင်တိုင်း ၇ ယောက်လျှင် ၁ ယောက်နှုန်း PPD ကို ကြုံတွေ့ရတတ်ပါတယ်။ အားပေးမှု၊ နားလည်မှုမရှိပါက ဆိုးရွားနိုင်ပါတယ်။
🔹️ ကိုယ့်ကိုယ်ကို ယုံကြည်မှုကျဆင်းခြင်း : ကလေးဂရုစိုက်ရာမှာ "ငါမတတ်နိုင်ဘူး" ဆိုတဲ့ခံစားချက်မျိုး ဖြစ်လေ့ရှိပါတယ်။
🔹️ အထီးကျန်မှုခံစားရခြင်း : လူမှုဆက်ဆံရေးနည်းသွားခြင်း၊ ကိုယ်ပိုင်အချိန်မရှိခြင်းတို့ကြောင့် သူမကို အထီးကျန်စေပါတယ်။

💠 (၃) လက်တွေ့ကူညီပေးရန် လိုအပ်ခြင်း ။

🔹️ အိမ်မှုကိစ္စများ : ထမင်းချက်၊ အိမ်သန့်ရှင်းရေး၊ အဝတ်လျှော်ခြင်းစတာတွေကို ဝင်လုပ်ပေးပါ။

🔹️ ကလေးဂရုစိုက်ခြင်း : ကလေးချော့ခြင်း၊ လေထုတ်ပေးခြင်း၊ ညဖက်နိုးပါက သူမ၏အနားယူဖို့ အချိန်ပေးပါ။

🔹️ အနားယူဖို့ အချိန်ဖန်တီးပေးခြင်း : တစ်နေ့လျှင် ၁-၂ နာရီ အိပ်ရာဝင်ခွင့်ပြုခြင်းက သူမ၏စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

💠(၄) ချစ်ခြင်းမေတ္တာကို အပြုအမူဖြင့် ပြသပါ ။

🔹️ စကားလုံးများဖြင့် အားပေး : "မင်းက အံ့သြစရာကောင်းတဲ့ အမေပါ"၊ "မင်းလုပ်နေတာက အရမ်းတော်တယ်" စသည်ဖြင့် ချီးမွမ်းပါ။

🔹️ လက်တွေ့လေးစားမှုပြပါ : သူမ၏ဆုံးဖြတ်ချက်များကို လေးစားပါ၊ ကလေးဂရုစိုက်နည်းများကို ဝင်မဝါပါနှင့်။
🔹️ သေးငယ်တဲ့ ဂရုစိုက်မှုများ : သူမကြိုက်နှစ်သက်ရာ မုန့်/ဟင်းလျာများ ဝယ်ပေးခြင်း၊ ခြေနင်းလေးနှိပ်ပေးခြင်း။

💠(၅) သင့်အတွက် အကျိုးကျေးဇူးများ ။

🔹️ မိသားစုနှောင်ကြိုး ခိုင်မြဲစေခြင်း : ဒီအချိန်မှာ ဂရုစိုက်မှုဟာ ဇနီးမောင်နှံကြား ယုံကြည်မှုနဲ့ ချစ်ခင်မှုကို အထူးနက်ရှိုင်းစေပါတယ်။

🔹️ ပျော်ရွှင်သော မိခင်တစ်ယောက် = ပျော်ရွှင်သော ကလေး : သူမ၏စိတ်ကျန်းမာရေးကောင်းမွန်မှုက ကလေး၏ဖွံ့ဖြိုးမှုကို တိုက်ရို အထောက်အကူပြုပါတယ်။

🔹️ အနာဂတ် မိသားစုလေးရဲ့အောင်မြင်မှုအတွက် များစွာအထောက်အကူပြုတဲ့ လှို့ဝှက်ချက်ပါဘဲ ။

🌟 " အဓိက အကြံပြုချက် "

" သူမရဲ့ဘဝသစ်ကို စတင်နေရတဲ့ဒီအခိုက်မှာ သင့်ရဲ့ဂရုစိုက်မှုဟာ သူမအတွက် အကာအကွယ်တစ်ခုလို ဖြစ်နေရမယ် "
အရေး ကြီးတာက သူမလိုအပ်နေတာကို မေးပါ၊ စောင့်ကြည့်ပါ၊ သူမ၏အားနည်းချက်တွေကို နားလည်ပေးပြီး အတူတူ ဖြတ်ကျော်ကြပါစို့။

ဒီကနေ့မှာတင် သင့်ဇနီးကို "မင်းကို ငါချစ်တယ်" လို့ ပြောလိုက်ပါ၊ သူမလုပ်နေရတဲ့ အလုပ်အတွက် ကျေးဇူးတင်ကြောင်း ဖွင့်ဟလိုက်ပါ။ ❤️🥰

👉နိုင်ငံတကာ တက္ကသိုလ်ကြီးများရဲ့ကျန်းမာရေး ဗဟုသုတရ စရာတွေ၊
👉အသိပညာတွေ. . . သိရှိရဖို့ . . . . နောင်တချိန်ပြန်တွေ့ရအောင်
Aspen Healthcare Products pag လေးကို Like & Follow လုပ်ထားပေးခြင်းဖြင့် မိတ်ဆွေအဖြစ် အသိအမှတ်ပြုခွင့် ရပါရစေ ။🌿. . .

"The greatest value with reasonable price"
ကုန်ကျမှုထက်ပိုသောကျွန်ပ်၏တန်ဖိုး

09 443944404


#ဝမ်းဗိုက်စည်းခါးပတ်

#ဗိုက်ချပ်


Wishing you a peaceful and meaningful Waso Full Moon Day.May this sacred day of Dhamma bring you mindfulness, compassion...
09/07/2025

Wishing you a peaceful and meaningful Waso Full Moon Day.

May this sacred day of Dhamma bring you mindfulness, compassion, and spiritual growth. May the light of the full moon guide your heart toward kindness and wisdom. 🌿


🔹️ ခါးနာခြင်းလည်း ကင်းဝေးစေ၊ နေ့စဉ်လှုပ်ရှားမှု လွတ်လပ်စေ !🤸‍♂️🤼‍♂️🤾🚴🔹️ အဆင့်မီဆေးနှင့် ဆေးပစ္စည်းဆိုင်ကြီး များတွင် စိတ...
21/06/2025

🔹️ ခါးနာခြင်းလည်း ကင်းဝေးစေ၊ နေ့စဉ်လှုပ်ရှားမှု လွတ်လပ်စေ !🤸‍♂️🤼‍♂️🤾🚴

🔹️ အဆင့်မီဆေးနှင့် ဆေးပစ္စည်းဆိုင်ကြီး များတွင် စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်ပါသည်။

🔹️ ခါးအနေအထား မှန်ကန်စေ၊နာကျင်မှုများ သက်သာစေမည့် ခါးပတ်။

🔹️ ကုန်ကျမှုထက်ပိုသော ကျွန်ုပ်တို့၏ တန်ဖိုး ( Aspen Lumbar Sacral Support)


#ခါးနာသက်သာစေသောခါးပတ်

🔹️ ခါးနာခြင်းလည်း ကင်းဝေးစေ၊ နေ့စဉ်လှုပ်ရှားမှု လွတ်လပ်စေ !🤸‍♂️🤼‍♂️🤾🚴🔹️ အဆင့်မီ ဈေးဆိုင်ကြီး များတွင် စိတ်ချယုံကြည်စွာ ဝ...
21/06/2025

🔹️ ခါးနာခြင်းလည်း ကင်းဝေးစေ၊ နေ့စဉ်လှုပ်ရှားမှု လွတ်လပ်စေ !🤸‍♂️🤼‍♂️🤾🚴

🔹️ အဆင့်မီ ဈေးဆိုင်ကြီး များတွင် စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်ပြီ။

🔹️ ခါးအနေအထား မှန်ကန်စေ၊နာကျင်မှုများ သက်သာစေမည့် ခါးပတ်။

🔹️ ကုန်ကျမှုထက်ပိုသော ကျွန်ုပ်တို့၏ တန်ဖိုး ( Aspen Lumbar Sacral Support)

#ဂမုန်းပွင့်

#ခါးနာသက်သာစေသောခါးပတ်

🌿 ဗုဒ္ဓနေ့ ဆိုတာ .........ကဆုန်လသည် လတကာတို့ထက် အလေးအနက် ပြုဖွယ်ဖြစ်ပြီး ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ် ဗောဓိပင် ညောင်ရ...
11/05/2025

🌿 ဗုဒ္ဓနေ့ ဆိုတာ .........
ကဆုန်လသည် လတကာတို့ထက် အလေးအနက် ပြုဖွယ်ဖြစ်ပြီး ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ် ဗောဓိပင် ညောင်ရေသွန်းပွဲနှင့်အတူ ယှဉ်တွဲကာ ဗုဒ္ဓဘာသာနိုင်ငံတို့တွင် တခမ်းတနား ကျင်းပလျက်ရှိကြပါသည်။

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓမြတ်စွာဘုရား၏ ဖြစ်တော်စဉ် တွင် ထူးခြားစွာပါဝင်နေသော နေ့တစ်နေ့ဖြစ်သည်။ ဘုရား လောင်းတော် သုမေဓာရသေ့သည် ဘဒ္ဒကမ္ဘာတွင် လေးဆူ မြောက် ဂေါတမဘုရားစင်စစ်ဖြစ်မည်ဟု ဒီပင်္ကရာမြတ်စွာ ဘုရားထံ နိယတဗျာဒိတ်ခံယူသည့်နေ့သည် ကဆုန်လပြည့်နေ့ ဖြစ်ပြီး ဂေါတမဘုရားလောင်းတော် သိဒ္ဓတ္ထမင်းသားလေးကို ဖွားမြင်သောနေ့သည် မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် နေ့၊ ဂေါတမဘုရားလောင်းတော် ဗောဓိပင်အောက်တွင် ဘုရားဖြစ်တော်မူသည့်နေ့သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၊ ဂေါတမဘုရား ပရိနိဗ္ဗာန်စံတော်မူသောနေ့ သည် မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်ရာ “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်” ဟူ၍ မှတ်သား ကြသည်။


ကဆုန်လသည် သက္ကတ၊ ပါဠိ၊ ဟိန္ဒီဘာသာတို့တွင် “ဝိသာခါ” Vesaka ဖြစ်၍ ဝိသာခါနက္ခတ်နှင့်ယှဉ်သောလ ဖြစ်သည်။ သီဟိုဠ်ဘာသာဖြင့် အသံထွက်တွင် Vesak ဟူ၍ ဖြစ်ရာ ယင်းအသံထွက်ကိုလိုက်၍ ကဆုန်လပြည့်နေ့ကို Vesak Day ဟု အနောက်နိုင်ငံသားတို့က ခေါ်ဆိုကြသည်။ ၁၉၉၉ ခုနှစ် (၅၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးဆုံးဖြတ်ချက်အရ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ကဆုန်လပြည့် နေ့ ညောင်ရေသွန်းပွဲတော်သည် ၁၂ လရာသီပွဲတော်များအနက် မှ ရာသီပွဲတစ်ခုပင်ဖြစ်ပြီး ကျောက်စာအထောက်အထားများ အရ ပုဂံခေတ်တွင်ပင် ကျင်းပနေပြီဖြစ်သည်။ ရှေးခေတ် ညောင်ရေသွန်းပွဲတော်များတွင် ဘုရင်နှင့်တကွ မင်းညီ မင်းသား၊ မှူးမတ်များအပါအဝင် ရွှေမြို့တော်ကြီးအတွင်း အပြင် အများပြည်သူတို့ နှစ်စဉ်ကျင်းပမြဲဖြစ်၍ ခမ်းနား ကြီးကျယ်လှသည်ကိုလည်း စာပေအထောက်အထားများ တွင် တွေ့ရှိနိုင်သည်။

မျက်မှောက်လူသားကမ္ဘာတွင် မိမိတို့ ရင်ဆိုင်ကြုံတွေ့နေ ရသည့် အားကြီးသူက အားနည်းသူအပေါ် အနိုင်အထက် ပြုကျင့်ခြင်း၊ လုယက်ခြင်း၊ ညှဉ်းပန်းခြင်း၊ မနာလိုမုန်းတီးခြင်း၊ တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း စသည့်မျက်မြင်ဒိဋ္ဌ ပြင်ပမီးတို့ တညီးညီးတောက်လောင်နေရခြင်း၏ အရင်းခံမှာ လောဘ၊ ဒေါသ၊ မောဟ ဟူသော အတွင်းမီးတို့ကြောင့် ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းသန္တာန်တွင် တောက်လောင်နေသည့် မီးသုံးပါးကို ငြှိမ်းသတ်နိုင်မှ ပြင်ပမီးတို့ ငြိမ်းနိုင်မည်ဖြစ်ပြီး ဗုဒ္ဓ၏ တရားတော်တို့ကသာလျှင် အတွင်းမီးတို့ကို ငြှိမ်းသတ် နိုင်မည့် ရေဖြစ်သည်။ ဗုဒ္ဓဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်ခဲ့ခြင်း သည် လောကကောင်းကျိုး၊ လူသားတို့၏ ကောင်းကျိုးအတွက် ဖြစ်သည့်အလျောက် ဗုဒ္ဓဝစန ဘုရားရှင်၏ အဆုံးအမတို့ကို လိုက်နာ ကျင့်ကြံခြင်းအားဖြင့် လူတစ်ဦးတစ်ယောက်ချင်းစီနှင့် တကွ လူသားကမ္ဘာတစ်ခုလုံး ငြိမ်းချမ်းသာယာနိုင်ပါစေ ကြောင်း Aspen Healthcare Products မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏🌿
#ကဆုန်လပြည့်
#ဆုတောင်း

#ဗုဒ္ဓနေ့

နှစ်သစ်ဆုတောင်း 🌿နှစ်ဟောင်းရဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူပြီးနှစ်သစ်မှာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ပါစ...
17/04/2025

နှစ်သစ်ဆုတောင်း 🌿

နှစ်ဟောင်းရဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူပြီး
နှစ်သစ်မှာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ပါစေ။
မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ။

ကျန်းမာရေး ကောင်းမွန်ပြီး စိတ်ချမ်းသာမှုတွေ ရရှိပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ 🌿


Happy Thingyan 2025!May the dawn of myanmar new year bring you the best of luck and high spirits 🌿 အတာကူးသော လတန်ခူးတွင်...
14/04/2025

Happy Thingyan 2025!

May the dawn of myanmar new year bring you the best of luck and high spirits 🌿

အတာကူးသော လတန်ခူးတွင်ပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေကြောင်း ကျွန်တော်များ Aspen Myanmar Co.,Ltd မှဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ။


08/04/2025

Oh Myanmar! Hold on tight
"အားတင်းထားပါ အို မြန်မာ "

သီချင်းရဲ မူရင်း အနုပညာရှင်များအား respect.

မန္တလေးတိုင်းမှာရှိနေတဲ့ နိုင်ငံတကာမှ Medical Team များနှင့် အခမဲ့ဆေးခန်း လိပ်စာများ
08/04/2025

မန္တလေးတိုင်းမှာရှိနေတဲ့ နိုင်ငံတကာမှ Medical Team များနှင့် အခမဲ့ဆေးခန်း လိပ်စာများ

💠 အားပေးစကားတွေပြောတဲ့အခါ ဘာတွေကို သတိပြုသင့် ပါသလဲ? 💠 ကိုယ့်ဘက်က ဘာတွေလုပ်ပေးသင့်ပါသလဲ ?ကျွန်တော်တို့ လူသားတိုင်းမှာ စာ...
02/04/2025

💠 အားပေးစကားတွေပြောတဲ့အခါ ဘာတွေကို သတိပြုသင့် ပါသလဲ?
💠 ကိုယ့်ဘက်က ဘာတွေလုပ်ပေးသင့်ပါသလဲ ?

ကျွန်တော်တို့ လူသားတိုင်းမှာ စာနာတတ်တဲ့ နှလုံးသားတွေရှိကြပါတယ်။ ပမာဏ နည်းတာ များတာ ကွာခြားနိုင်ပါတယ် ။

ဘယ်လောက်ပဲကွာခြားပါစေ အခုလို အဖြစ်ပျက်ဆိုးမျိုးနဲ့ ကြုံတွေ့လာတဲ့အခါ လူတိုင်းမှာ ကိန်းအောင်းနေတဲ့ ဒီ စာနာစိတ်လေးတွေဟာ ပွင့်ဟထွက်လာကြပါတယ်။ အားပေးနှစ်သိမ့်ဖို့တွေ ကြိုးစားလာကြပါတယ်။

ဒါကြောင့် အားပေးနှစ်သိမ့်ခြင်းတွေ ပြုလုပ်တဲ့အခါ ထိရောက်စေဖို့အတွက် သတိပြုသင့်တဲ့အချက်လေးတွေကို သတိပြုမိ နိုင်အောင် အကြံပြုပါရစေ။

🔹️(၁) ဆုံးရှုံးမှုခြင်း မနှိုင်းယှဉ်ပါနဲ့

- သက်ရှိပဲဖြစ်စေ သက်မဲ့ပဲဖြစ်စေ တစ်ယောက်ကိုပဲဖြစ်စေ အများကိုပဲဖြစ်စေ ဆုံးရှုံးသွားတဲ့အရာတိုင်းက ကာယကံရှင်တိုင်းအတွက် အရေးပါတဲ့အရာတွေပါပဲ။ စိတ်သက်သာမှုပေးလိုစိတ်နဲ့ ဆုံးရှုံးမှုခြင်း မနှိုင်းယှဉ်ပါနဲ့၊ ဆုံးရှုံးမှုတိုင်းအပေါ်မှာ တူညီစွာ ခံစားနာကျင်ရတယ်ဆိုတာကို နားလည်ပေးပါ။

🔹️(၂) ကိုယ့်အဖြစ်အပျက်တွေနဲ့ အစားမထိုးပါနဲ့။

-အားပေးစကားတွေပြောတဲ့အခါ

“ငါ့တုန်းက ဘယ်လိုတွေဖြစ်ခဲ့တာ နင့်ထက်ဆိုးတာတွေ ငါဆို ဘယ်လိုကြုံတွေ့ခဲ့တာ....” စသဖြင့်

ကိုယ့်အဖြစ်အပျက်တွေကိုပြောပြီး သူတစ်ပါးရဲ့ခံစားချက်တွေကို မဖိနှိပ်ပါနဲ့။ အားဖြစ်စေမယ့် လို့ ကိုယ့်ဘက်က ထင်ကောင်းထင်နိုင်ပေမယ့် ဒါက သူတို့ရဲ့ နာကျင်မှုတွေကို လစ်လျှူရှုရာရောက်ပါတယ်။

🔹️(၃) အခြေနေတွေကို လက်ခံဖို့ အတင်းဖိအားမပေးပါနဲ့။ အတင်းပြောင်းလဲဖို့ မကြိုးစားပါနဲ့။

-ဆုံးရှုံးမှုတွေကိုဖြတ်ကျော်နိုင်ဖို့၊ ဆုံးရှုံးမှုတွေနဲ့အတူဆက်လက်ရှင်သန်သွားနိုင်ဖို့က အချိန်တစ်ခုကိုဖြတ်ကျော်ဖို့ လိုအပ်ပါတယ်။ ဒီအခြေနေတွေမှာ စိတ်သောကတွေရောက်နေမယ်၊ စိတ်တွေ ပင်ပန်းနေမယ် ဆိုတာကို နားလည်ပါ။ ဆုံးရှုံးခြင်းကို ခံစားနေရတဲ့သူတွေနဲ့ အတူတူရှိနေပေးပါ။ ငိုနေတဲ့သူကိုလဲ ဆက်မငိုစေဖို့ ဝမ်းနည်းတဲ့သူကိုလဲ ဆက်ဝမ်းမနည်းဖို့ ဖိအားမပေးပါနဲ့။ သူတို့ခံစားချက်တိုင်းကို လက်ခံပေးပါ။ ဘေးမှာသာ အတူတူရှိနေပေးပါ။

🔹️(၄) အားပေးစကားပြောဖို့ပဲ အာရုံမစိုက်ပါနဲ့။

-သူကိုဘာတွေပြောမယ်၊ သူပြောရင် ကိုယ်က ဘာတွေပြန်ပြောမယ်ဆိုတာ ပဲအာရုံစိုက်နေစရာမလိုပါဘူး။ အားပေးနှစ်သိမ့်ခြင်းဆိုတာ စကားတွေ ပြောနေမှ မဟုတ်ပါဘူး။ ဘာမှမပြောဘဲ သူတို့ ပြောသမျှတွေ နားထောင်ပေးနေတာ၊ အနားမှာရှိပေးနေတာ၊ ပွေ့ဖက်ထားတာ တွေကလဲ ထိရောက်တဲ့ အားပေးနှစ်သိမ့်ခြင်းပါပဲ။

🔹️(၅) ဂရုစိုက်ပေးပါ။

-ဝမ်းနည်းမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ ဆုံးရှုံးရခြင်းတွေကြောင့် ကိုယ့်ကိုယ်ကိုယ် Self Care မလုပ်နိုင်ကြပါဘူး။ အအိပ်ပျတ် အစားပျတ် နဲ့ ကျန်းမာရေးပြဿနာတွေကြုံတွေ့လာရနိုင်ပါတယ်။

“ရေလေး သောက်လိုက်နော် ၊ ထမင်းလေး တစ်လုပ် နှစ်လုပ်လောက် စားလိုက်နော်…” စသဖြင့်

တိုက်တွန်းပေးပါ သူတို့စားနိုင်သလောက် ကျွေးမွေးပေးပါ။ ကိုယ်တတ်နိုင်သလောက် ဂရုစိုက်ပေးပါ။

🔹️(၆) ကိုယ်သိချင်စိတ်နဲ့ခဏခဏသွားမမေးပါနဲ့။

-သူတို့ပြောတာကိုသာ နားထောင်ပေးပါ။ ကိုယ့်ဘက်ကသိချင်စိတ်နဲ့ သွားမမေးပါနဲ့။ ထိခိုက်ဆုံးရှုံးခဲ့ရတဲ့သူတွေကို တစ်ယောက်ပြီးတစ်ယောက် ဒီအကြောင်းတွေကို မေးမနေဘဲ ဒီအဖြစ်ပျက်ဆိုးတွေထဲမှာ သူ့ကို ခဏလောက်ဖြစ်ဖြစ် စိတ်အနားပေးပေးပါ။

🔹️(၇) အတင်းအကြပ် ရင်မဖွင့်ခိုင်းပါနဲ့။

ဒီအဖြစ်အပျတ်တွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပြင်းထန်နိုင်ပေမယ့် တစ်ဖက်သားက သူ့ခံစားချက်ကို ပြောပြဖို့ အဆင်သင့်မဖြစ်သေးတဲ့အခါ အတင်းမပြောခိုင်းပါနဲ့ အတင်း ရင်မဖွင့်ခိုင်းပါနဲ့။ သူပြောပြဖို့အဆင်သင့်ဖြစ်တဲ့အထိ စောင့်ပါ။ လိုအပ်တဲ့အခါ ကိုယ် အသင့် ရှိနေကြောင်းသာ သူတို့ကိုပြောပြပေးပါ။
............................................................

ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့ရတဲ့သူတွေကို စိတ်ပိုင်းဆိုင်ရာ ဖေးမခြင်းတွေက အရမ်းလိုအပ်တဲ့ ကူညီထောက်ပံ့မှုတစ်ခုပါပဲ။

ဒါပေမယ့် ကျွန်တော်တို့အားလုံးက ကျွမ်းကျင်တဲ့ နှစ်သိမ့်ဆွေးနွေးတဲ့သူတွေ မဟုတ်တဲ့အတွက် အားနည်းချက်လေးတွေတော့ ရှိနိုင်ပါတယ်။

အားမငယ်ဘဲ အပေါ်မှာပြောတဲ့အချက်လေးတွေကို သတိပြုပြီး ကိုယ်တတ်နိုင်သလောက်ကြိုးစားကြည့်ပါ။

ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာတွေ ကျွန်တော်တို့ရဲ့ ကြိုးစားပေးမှုတွေဟာ သူတို့အတွက် ထိရောက်တဲ့ကူညီမှုကို ဖြစ်စေအောင် ကြိုးစားပေးကြပါစို့

#ငလျင်



#အားပေး

#နိုးဆော်

🌿 Stay Strong, Myanmar 🇲🇲We hope everyone is safe after the earthquake that shook our country. In times like these, unit...
29/03/2025

🌿 Stay Strong, Myanmar 🇲🇲

We hope everyone is safe after the earthquake that shook our country. In times like these, unity and care matter the most. Let’s check in on our loved ones, support those in need, and stay prepared.

Aspen Healthcare Products stands with you all. Wishing for everyone's safety and a swift recovery. Stay strong, Myanmar!

Address

50th Street
Yangon
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959443944404

Alerts

Be the first to know and let us send you an email when Aspen Healthcare Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aspen Healthcare Products:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram