12/10/2025
❓️❓️ခွေးကိုက်ခံရလျှင်/ကြောင်ကုတ်ခံရလျှင် ဘာလုပ်ရမလဲ??? 🐶🐱❓
👉 ခွေးရူးပိုး (Rabies Virus) ရှိနေနိုင်သည့် သွေးနွေးသတ္တဝါများဖြစ်သော ခွေး၊ ကြောင်၊ ကြွက်၊ လင်းနို့ စသည်တို့အား ထိတွေ့မိလျှင်/အကိုက်ခံရလျှင်/အကုတ်ခံရလျှင် ထိတွေ့မိသည့်နေရာ/အနာကို ဆပ်ပြာ 🧼 နှင့် ရေ 💧 အသုံးပြုပြီး သေချာစွာဆေးကြောသန့်စင်ပါ။
👉 ထို့နောက် ခွေးရူးကာကွယ်ဆေး 💉 (Rabies Vaccine) ထိုးရန် လို/မလို ကို တတ်ကျွမ်းနားလည်သည့် ဆရာဝန် 👨⚕️ 👩⚕️ နှင့်တိုင်ပင်ပါ။ ဆရာဝန်မရှိသည့်နေရာတွင်ရောက်ရှိနေပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းတစ်ဦးဦးနှင့်တိုင်ပင်ပါ၊ အကယ်၍ တိုင်ပင်ဆွေးနွေးနိုင်မည့်သူ မရှိပါက အလွယ်တကူ မှီငြမ်းကြည့်ရှုနိုင်ရန် World Health Organization (WHO) 🌎 မှ ထုတ်ပြန်ထားသော ခွေးရူးပိုးရှိနေနိုင်သည့် သတ္တဝါများနှင့်ထိတွေ့မိသူများ ကာကွယ်ဆေးများထိုးရန် လို/မလို ဒဏ်ရာအဆင့်ခွဲခြားသတ်မှတ်ပုံကို အလွယ်တကူ မှတ်သားထားနိုင်ရန် ဖော်ပြပေးထားပါတယ်။ 📝
🔸️ ခွေးကိုက်ခံရသူများ/ခွေးရူးများနှင့် ထိတွေ့သူများကို ကာကွယ်ဆေးများထိုးရန် လို/မလို ဒဏ်ရာအဆင့်ခွဲခြားသတ်မှတ်ခြင်း 🔸️
👉 ခွေး/ကြောင်/လင်းနို့/ကြွက် စသောခွေးရူးပိုးရှိနိုင်သော သွေးနွေးသတ္တဝါများ၊ ခွေးရူးပြန်ရောဂါခံစားနေရသော လူနာများနှင့် ထိတွေ့မိပါက /အကိုက်ခံရပါက ခွေးရူးကာကွယ်ဆေးနှင့် ခွေးရူးဖြေဆေးများထိုးရန် လို/မလို ဆုံးဖြတ်နိုင်ရန် ဒဏ်ရာအဆင့်ခွဲခြားသတ်မှတ်ပုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ 👇👇👇
🟢️ ဒဏ်ရာအဆင့် (၁) - မိမိနှင့်သွေးနွေးတိရိစ္ဆာန်များ ထိတွေ့ရုံသာထိခြင်း၊ မိမိ၏အကောင်းပကတိအရေပြားပေါ်သို့ တိရိစ္ဆာန်၏ တံတွေး (သို့) လျှာဖြင့် လျက်ခံရခြင်း။ 👅
ထိတွေ့မှုပြင်းအား - မရှိ ❌
အကြံပြုချက် - ခွေးရူးမဟုတ်ကြောင်း သေချာပါက ကာကွယ်ဆေးထိုးရန်မလိုပါ။ (သို့မဟုတ်) သံသယရှိပါက ကာကွယ်ဆေးထိုးနိုင်ပါသည်။
🟡️ ဒဏ်ရာအဆင့် (၂) - သွေးထွက်ခြင်းမရှိသော ပွန်းပဲ့ရာများ၊ ခွေးကိုက်မခံရသော်လည်း ငုံခဲခံရခြင်း၊ အပေါ်ယံကုတ်ခြစ်ဒဏ်ရာများ။ 🐾
ထိတွေ့မှုပြင်းအား - အနည်းငယ်
အကြံပြုချက် - ခွေးရူးကာကွယ်ဆေး (Rabies Vaccine) 💉 ကိုအမြန်ထိုးရန်။ 🏃
🔴 ဒဏ်ရာအဆင့် (၃) - အနာကို လျှာဖြင့်လျက်ခံရခြင်း၊ ပေါက်ပြဲဒဏ်ရာများ၊ သွေးထွက်အောင်ကိုက်ခဲခံရခြင်း၊ အထူးသဖြင့် ဦးခေါင်း၊ မျက်နှာ၊ လည်ပင်း၊ ပုခုံး စသည့်နေရာများတွင် အကိုက်ခံရခြင်း။ 🩸🤕
ထိတွေ့မှုပြင်းအား - ပြင်းထန် 🔥
အကြံပြုချက် - ပုံမှန်ခွေးရူးကာကွယ်ဆေး (Rabies Vaccine) 💉 နှင့်အဆိပ်ဖြေဆေး (Rabies Immunoglobulin) 🧪 နှစ်မျိုးလုံး အမြန်ထိုးရန် လိုအပ်ပါသည်။ 🚨
‼️မေးခိုင်ကာကွယ်ဆေး (ATT) ကို ဒဏ်ရာအဆင့် (၂) နှင့် (၃) လူနာများတွင် ထိုးနှံရန် လိုအပ်ပါသည်။
Reference : Dog bite article from WHO
Doctor Mon ရေးသားထားသောကျန်းမာရေးစာစုများကို လွတ်လပ်စွာ Share နိုင်ပါသည်။