MOMENTUM Physiotherapy & Movement Studio

MOMENTUM Physiotherapy & Movement Studio Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MOMENTUM Physiotherapy & Movement Studio, Physical therapist, 6/8, C(1), Ground Floor, Byaing Yay Oe Zin Street, Tamwe Township, Yangon.

သီတင်းကျွတ်ကာလမှာ  ပိတ်ရက်မရှိ ဖွင့်ပါတယ် 💖💖 လာရောက်ကုသမှုခံယူနိုင်ပါတယ်💖အကြောအဆစ်ကုပညာရှင်(physiotherapist) နှင့် မနက် ...
06/10/2025

သီတင်းကျွတ်ကာလမှာ ပိတ်ရက်မရှိ ဖွင့်ပါတယ် 💖💖 လာရောက်ကုသမှုခံယူနိုင်ပါတယ်💖

အကြောအဆစ်ကုပညာရှင်(physiotherapist) နှင့်
မနက် 9 နာရီ - ညနေ 5နာရီအထိ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါသည်..

စောင့်မနေရအောင် ဖုန်းဆက်ပြီး ကြိုချိန်းပေးပါရှင့် 💖

MOMENTUM Physiotherapy & Movement Studio
🏥 No.6/8(C-1) ဗျိုင်းရေအိုးစင်လမ်း ၊ တာမွေ။
📞 095024827 သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။



06/10/2025

🙏သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) 🙏

မင်္ဂလာရှိသော သီတင်းကျွတ် အခါသမယမှာ ရောဂါကင်းဝေး.. စိတ်ချမ်းသာ.. ကိုယ်ကျန်းမာသော ဘဝကို ပိုင်ဆိုင်ရပါစေလို့ MOMENTUM Physiotherapy & Movement Studio မိသားစုမှ ဆုတောင်းမေတ္တာပို့အပ်ပါသည်။

#သီတင်းကျွတ်လပြည့်နေ့
#အဘိဓမ္မာအခါတော်နေ့

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးအကြောင့် ၈နှစ်အရွယ် Emily လေး အေးအေးဆေးဆေး   ကန်တော်ကြီး ၁ပတ် ပြေးနိုင်တာ 🥰🥰🥰...
28/09/2025

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးအကြောင့် ၈နှစ်အရွယ် Emily လေး အေးအေးဆေးဆေး ကန်တော်ကြီး ၁ပတ် ပြေးနိုင်တာ 🥰🥰🥰

No Pain All Gain!!!




2025 Physiotherapy Day Fun Run, Let’s Join! Fun Run Day - 28.9.2025 (Sunday)ယခု Fun Run activity ၏ အဓိက ရည်ရွယ်ချက်မှာPh...
27/09/2025

2025 Physiotherapy Day Fun Run, Let’s Join!

Fun Run Day - 28.9.2025 (Sunday)

ယခု Fun Run activity ၏ အဓိက ရည်ရွယ်ချက်မှာPhysiotherapy Awareness တိုးတက်လာစေရန် ဖြစ်သောကြောင့်
No Pain, All Gain ဟူသော Slogan ထားရှိပါသည်။

ဆိုလိုရင်းမှာ-
“လူတွေရဲ့နေ့စဉ်ဘဝမှာ နာကျင်မှုဝေဒနာ ကင်းဝေးနေမှ နေ့စဉ်အလုပ်တွေကို အကောင်းဆုံးလုပ်နိုင်မှာဖြစ်သကဲ့သို့ ၊
အားကစားသမားတွေအတွက်လဲ ဒဏ်ရာ (injury)တွေကင်းဝေးမှသာ အကောင်းဆုံးသော performance တွေရရှိနိုင်မှာဖြစ်တယ်” လို့ ဆိုလိုတာပဲဖြစ်ပါတယ်”

ဒီလို နာကျင်မှုတွေ ကင်းဝေးဖို့အတွက်
Role of Physiotherapy က အရေးကြီးတဲ့အကြောင်းဝေမျှချင်တာပဲဖြစ်ပါတယ်။

“No Pain, All Gain”နာကျင်မှုတွေကင်းဝေးပြီး ၊ နေ့စဉ်ဘဝမှာ အကောင်းဆုံးသော ရလဒ်များ ရယူနိုင်ပါစေ





MOMENTUM Physiotherapy & Movement Studio မှာ ယုံကြည်စွာဖြင့် ကုသမှုယူနေသော လေးစားချစ်ခင်ရသော လူနာများအတွက် သတင်းကောင်း 🥰...
23/09/2025

MOMENTUM Physiotherapy & Movement Studio မှာ ယုံကြည်စွာဖြင့် ကုသမှုယူနေသော လေးစားချစ်ခင်ရသော လူနာများအတွက် သတင်းကောင်း 🥰

ဘန်ကောက်မှာ ဆေးကုပြီး ပြန်လာတဲ့ လူနာများ အမေးများနေတဲ့စက်..

နာကျင်မှုများကို သိသိသာသာ သက်သာပျောက်ကင်းစေနိုင်တဲ့စက်ဖြစ်တဲ့ BTL - 6000 Radial Pro Shockwave Therapy with Applicator Magnum စက်ကို ဝယ်လိုက်ပါပြီ 🥰

💖💖💖💖💖

Discover Shockwave Therapy: A Game-Changer for Chronic Pain Relief! Who Can Benefit?

Shockwaves ရဲ့ fast and high rise energy က muscluloskeletal system မှာဖြစ်ပေါ်လေ့ရှိတဲ့ နာတာရှည်နာကျင်မှု (chronic painful spots) အတွက် ထိရောက်စွာကုသနိုင်ပါတယ်

Shock waves က ဆဲလ်ပွားနှုန်းကိုမြန်စေနိုင်သလို
ဆဲလ်ပွားနှုန်းမြန်စေတဲ့ factors တွေကိုထုတ်ပေးနိုင်တာကြောင့် tissue regeneration, အရွတ်အရိုးမှာ repair process ကိုမြှင့်တင်ပေးခြင်း၊ calcifications ကို ဖယ်ရှားပေးခြင်း၊ နာကျင်မှုကြာရှည်စွာသက်သာစေခြင်း၊ အလွန်အကျွံကြွက်သားလုပ်ဆောင်မှာကို relax ရစေခြင်းများကိုဖြစ်ပေါ်စေပါတယ်...

ဘယ်လိုလူနာမျိုးတွေ shockwave treatment ကို
ယူသင့်သလဲ?
shockwave therapy ဟာ နာတာရှည် ကြွက်သားအရွတ် နာကျင်မှုများ၊ joint calcifications နှင့် bone nonunions ခံစားနေရသော လူနာများအတွက် ပထမရွေးချယ်ကုသမှုပြုရန်သင့်တော်သောစက်ဖြစ်ပါသည်...

💖💖💖💖💖

💥Radial Shockwave Therapy သည် နာတာရှည် လေဖြတ်‌ဝေဒနာရှိသူများ အတွက် ထိရောက်ပြီး ဘေးကင်းပါသည်။

လေဖြတ်ခြင်းကာလကြာမြင့်လာလေ ဦးနှောက်အာရုံကြော ပြန်လည်ကောင်းမွန်တိုးတက်လာနှုန်းသည် လေဖြတ်ဝေဒနာစဖြစ်ချိန်ကာလထက် နှေးကွေးသွားနိုင်သည်။ ကြွက်သားများတောင့်တင်းလာပြီး ခြေလက်အောက်ပိုင်း လှုပ်ရှားမှုလုပ်ဆောင်နိုင်စွမ်းများ ကျလာနိုင်ပါသည်။

သို့သော်လည်း ထိရောက်သော Rehabilitation ကုသမှုအရ ပြန်လည်သက်သာနိုင်သည်၊ Lower limb function နှင့် Range of Motion များ ကုသမှုယူပါက ပြန်တိုးတက်နိုင်သည်ကို တွေ့ထားရပါသည်။

Rosa Cabanas-Valdés et al. (2019) ၏ သုတေသနတွင် Shockwave Therapy သည် ခြေထောက်ကြွက်သား များ တင်းမာမှုကို လျှော့ချရန်နှင့် လှုပ်ရှားမှုလုပ်ဆောင်နိုင်စွမ်းများ ကောင်းမွန်စေရန်အတွက် ဘေးကင်းပြီး ထိရောက်သောနည်းလမ်းဖြစ်ကြောင်း အတည်ပြုခဲ့ပါသည်။ https://pubmed.ncbi.nlm.nih.gov/31710277/

🔹အသေးစိတ်သိရှိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ် 👍

💥 Radial Shockwave Therapy is effective and safe in chronic stroke survivors

When a patient with a chronic stroke enters this stage of recovery, their progress can look slower than it did in the acute stage.

💙We can observe real improvements in spasticity, improved lower limb function, and range of motion.
A meta-analysis done by Cabanas-Valdés (2019) confirmed that Shockwave Therapy is a safe and effective method for reducing lower limb spasticity and improving function.

Read the whole article here → https://pubmed.ncbi.nlm.nih.gov/31710277/

MOMENTUM Physiotherapy & Movement Studio
📞 095024827
🏠 No.6/8 (C-1) ဗျိုင်းရေအိုးစင်လမ်း၊ တာ‌မွေမြိုနယ်၊ ရန်ကုန်မြို့။



08/09/2025

Sep 8 မှာ ကျရောက်တဲ့ World Physiotherapy Day ကို ဂုဏ်ပြုသောအားဖြင့် ဘိုးဘိုး ဘွားဘွားတို့ လုပ်သင့်သော လွယ်လွယ်ကူကူ လေ့ကျင့်ခန်းများကို အသက် ၉၁နှစ် အရွယ် ဘွားဘွားမှ မော်ဒယ်လုပ်၍ တင်ဆက်ပြသထားပါသည် 💖💖💖

တက်ကြွပျော်ရွှင်သော သက်ကြီးဘဝကို ပိုင်ဆိုင်ဖို့ လေ့ကျင့်ခနိးလုပ်ကြပါစို့







💢 Hello 👋🏻 ဒီနေ့မှာတော့ အားကစားသမားတွေအပြင် အသက်အရွယ်အမျိုးမျိုး မှာအဖြစ်များတဲ့ ပုခုံးအရွတ်ရောင်ရမ်းခြင်း(Supraspinatus...
28/06/2025

💢 Hello 👋🏻 ဒီနေ့မှာတော့ အားကစားသမားတွေအပြင် အသက်အရွယ်အမျိုးမျိုး မှာအဖြစ်များတဲ့
ပုခုံးအရွတ်ရောင်ရမ်းခြင်း
(Supraspinatus tendonitis)💢အကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။

🤷🏻ပုခုံးအရွတ်ရောင်ခြင်းဆိုတာဘာလဲ ❓

ကျွန်တော်တို့ရဲ့ပုခုံးလှုပ်ရှားမှု‌တွေကိုလုပ်ဆောင်ပေးတဲ့ကြွက်သား‌များဖြစ်‌တဲ့ Rotator Cuff MusclesတွေထဲကSupraspinatus Muscleရဲ့ကြွက်သား‌ကြော(သို့)အရွတ်ရောင်ခြင်းဖြစ်ပါတယ်

🤷🏻ဘယ်လိုအ‌ခြေ‌ နေတွေမှာဖြစ်တတ်လဲ ❓

✔️Gymတွင် နည်းစနစ်မှားယွင်းစွာဆော့ကစားမိခြင်း။

✔️ကြွက်သားအားနည်း‌‌နေချိန်အလေးပင်မလွန်းခြင်း။

✔️စာရေးခြင်းကဲ့သို့အချိန်ကြာမြင့်စွာပုခုံးတစ်ဖက်တည်းအသုံးပြုခြင်း။

✔️အိပ်စက်ချိန်တွင်လက်မောင်းကိုဖိအိပ်မိခြင်း

✔️အသက်ကြီးလာ၍အရွတ်များပျက်စီးလာခြင်း

✔️ယခင်က ပုခုံးထိခိုက်ဖူး‌ခြင်း

စသည်တို့ကြောင့်အများဆုံးဖြစ်တတ်ပါတယ်။

🤷🏻ဘယ်လိုကုသနိုင်လဲ ❓

⛑️ အနားယူခြင်း(Resting)
အနားယူခြင်းကထိခိုက်သွားတဲ့/ပျက်စီးသွားတဲ့ အရွတ်တွေ ကြွက်သားတွေမှာ healing မြန်မြန်ပြန်ရ‌စေတာမလို့ အနားယူသင့်ပါတယ်။

‌⛑️ ရေခဲကပ်ခြင်း(Cryotherapy)
ရေခဲကပ်ခြင်းက ရောင်ရမ်းခြင်းကိုလျော့ကျ
စေပါတယ်။စဖြစ်ချိန်မှ ၄၈ နာရီအတွင်းကပ်ဖို့အ‌ရေးကြီးပါတယ်💢။ အနည်းဆုံး ၁၅-၂၀ မိနစ် ကပ်ပေးပါ။

⛑️ရေနွေးအိပ်ကပ်ခြင်း(heat pack)
ရေနွေးအိပ်ကပ်ခြင်းက နာကျင်နေတဲ့ ကြွက်သားနာကျင်ကိုက်ခဲခြင်း ကိုသက်သာ‌ စေတာမလို့ တစ်နေ့ကို ၂ကြိမ် နဲ့
မိနစ် ၂၀အနည်းဆုံးကပ်‌ပေးပါ။

⛑️ Electrical Stimulation (ES),Ultrasound, Infraredစတဲ့ therapeutic modelities များနဲ့
လဲ နာကျင်ရောင်ရမ်းမှုများကို လျော့ကျ‌စေရန်ကုသမှုခံယူနိုင်ပါတယ်။

⛑️လေ့ကျင့်ခန်းပြုလုပ်ခြင်း (exercise)
နာကျင်မှုသက်သာသွားတဲ့ အချိန်ကပြီး‌ပြုလုပ်ပါ။
ပုံမှန်အတိုင်းပြန်ပြီးလှုပ်ရှားနိုင်ဖို့နဲ့ကြွက်သားတွေအားမနည်းသွားဖို့ လေ့ကျင့်ခန်းလုပ်ခြင်းကအရေးကြီးပါတယ်။
💢📌Home exercise တွေလုပ်နိုင်သလို ကျွမ်းကျင်တဲ့
Physiotherapist နဲ့ ဆွေးနွေးတိုင်ပင်ပြီး physiotherapist မှ ရေးဆွဲပေးတဲ့
exercise plan အတိုင်းလုပ်နိုင်ပါတယ်။

💢💢သတိထားရန်အချက်များ💢💢

📌 ပုခုံးအားအလွန်သုံး၍အလေးမခြင်းကိုရှောင်ပါ။

📌 ကိုယ်ကာယအသုံးပြုရသောအလုပ်လုပ်ကိုင်ပါကမှန်ကန်‌‌သောကိုယ်နေဟန်ထား
နှင့် ပစ္စည်းများကို မ ပါ။

📌 ပုခုံးနာလာပါကချက်ခြင်းရပ်ပြီးအနားယူပါ။

📌ပခုံးကိုအလွန်အကျံအသုံးပြုခြင်းကို‌
ရှောင်ကျဉ်ပါ။

📌ပခုံးတစ်ဖက်အား ကြာရှည်စွာဖိမအိပ်မိစရန်သတိပြုပါ။

📌 ဆရာဝန်နှင့်စောစောတိုင်ပင်ကုသပါ။

❗ပုခုံးနာကျင်မှုမှာကြာရှည်ပြီးပြင်းထန်နေပါကအရွတ်စုတ်ပြဲခြင်းများဖြစ်နိုင်တဲ့အတွက် MRIရိုက်ပြီး သက်ဆိုင်ရာဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီးကုသမှုခံယူပါ။‼️

“𝙋𝘼𝙄𝙉 𝙁𝙍𝙀𝙀, 𝙈𝙊𝙑𝙀 𝙒𝙀𝙇𝙇”

#######################################xx

🟣 Momentum (Physiotherapy & Movement Studio)

⌛ ဖွင့်ချိန်: 8:00 am - 6:00 pm

🗓️ ဖွင့်ရက်: Monday - Sunday, ပိတ်ရက်မရှိ

☎️ ဖုန်းနံပါတ်: 09880004525, 09880004515

📌 လိပ်စာ: 6/8, C(1), မြေညီထပ်, ဗျိုင်း‌ရေအိုးစင်လမ်း, တာမွေမြို့နယ်, ရန်ကုန်မြို့

🗺️ Google Map Link: https://goo.gl/maps/1cqfGZh4vyz2FTeFA
(Momentum ရဲ့ နေရာအတိအကျကိုတော့ ဒီမြေပုံlink က တစ်ဆင့် ဝင်ကြည့်နိုင်ပါတယ်နော်။)

14/06/2025

Hello Everyone 👋🏻👋🏻👋🏻
ဒီနေ့မှာ‌တော့
Rehab Pedal Machineလို့ခေါ်တဲ့ပြန်လည်သန်စွမ်းရေးစက်ဘီးလေးအကြောင်းသိထားသင့်သမျှကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။

🚨Rehab Pedal Machineဆိုတာဘာလဲ 🤔❓

Rehab Pedal Machine(သို့)ပြန်လည်သန်စွမ်းရေး ခြေနင်းစက်ဆိုတာကလူနာများ၏ ကြွက်သားများ ပြန်လည်သန်စွမ်းလာစေရန်၊သွေးလည်ပတ်မှုကောင်းမွန်စေရန်နှင့်အဆစ်အမြစ်လှုပ်ရှားမှု ကောင်းမွန်စေပြီးကြွက်သားတောင့်တင်းမှုကိုပြေလျော့စေရန်ကူညီပေးတဲ့ ပြန်လည်သန်စွမ်းရေးသုံး စက်ဘီးလေးဖြစ်ပါတယ်။အိမ်တွင်ဖြစ်စေ၊ဆေးရုံ/ဆေးခန်းများတွင်ဖြစ်စေအသုံးပြုနိုင်ပါတယ်။

🚨ဘယ်သူတွေသုံးသင့်လဲ 🤔❓

✓လေဖြတ်ထားသူများ
✓Spinal Cord Injury (SCI)သို့မဟုတ်Traumatic Brain Injuryကြောင့်Rehabilitationလုပ်ရန်လိုအပ်သူများ
✓ပေါင်ရိုး ဒါမှမဟုတ် ခြေထောက်ရိုးကျိုးပြီးခွဲစိတ်မှုခံယူထားသူများ
‌✓ ကြွက်သားတောင့်တင်းရောဂါSpasticityရှိသူများ
✓‌ ခြေထောက်ကြွက်သားအားနည်းသူများ
✓အရိုးအဆစ်များနာကျင်ကိုက်ခဲခြင်းနဲ့လှုပ်ရှားရာတွင်ကောင်းမွန်စွာချောချောမွေ့မွေ့မလှုပ်ရှားနိုင်သူများ
✓အသက်ကြီးသူများနှင့်ဘိုးဘိုးဘွားဘွားများ
အတွက်အထူးသင့်လျော်ပါတယ် 🤗💯✔️✔️

🚨Rehab Pedal machine အသုံးပြုခြင်းဖြင့်ဘာအကျိုး‌ကျေးဇူးတွေရရှိနိုင်မလဲ 🤔❓

⚪သွေးလည်ပတ်မှုကောင်းပြီးအာဟာရများလိုအပ်သည့်ကြွက်သားများသို့ရောက်ရှိခြင်း။
⚪အားနည်းနေသည့်ကြွက်သားများသန်မာလာခြင်း။
⚪လှုပ်ရှားမှုများများချောမွေ့ လာစေခြင်း။
⚪ဦးနှောက်နှင့်အာရုံကြောများတိုးတက်ကောင်းမွန်လာခြင်း။
⚪စိတ်ကိုလန်းဆန်းစေပြီးအိပ်စက်မှု ကောင်းမွန်‌စေခြင်း။

စတဲ့အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။
🛑Rehab Pedal machineတွေကအမျိုးစားအမျိုးမျိုးရှိတဲ့အတွက် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကိုယ်နဲ့အဆင်ပြေမယ့်
အမျိုးအစားကိုရွေးချယ်ဝယ်သင့်ပါတယ်။

အမျိုးအစားတွေကတော့ 💁🏻‍♀️
✓Manual Pedalအမျိုးအစား
ဒီအမျိုးအစားကတော့Resistanceကိုမူလီနဲ့ချိန်ညှိနိုင်ပြီးအသုံးပြုနိုင်ပါတယ်။
✓Electronic Pedal အမျိုးအစား
လျှပ်စစ်နဲ့အသုံးပြုရတာဖြစ်ပြီးResistanceကို Remoteဒါမှမဟုတ်ခလုတ်နဲ့ချိန်ညှိနိုင်ပါတယ်။

🚨ဘယ်လိုအသုံးပြုရမလဲ 🤔❓

ထိုင်ခုံ/wheelchairပေါ်မှာ
ခါးမတ်မတ်ထိုင်ပြီးRehab Pedalစက်ကိုရှေ့တွင်တည့်တည့်ထားကာခြေထောက်ကိုကွင်းထဲသို့‌ သေချာထည့်နိုင်သည့်အကွာအဝေးတွင်ထားပါ။စက်ကိုသေချာနေရာချပါ။ချော်ကျမှုမဖြစ်စေရန်သေချာဂရုစိုက်ပါ။အသုံးပြု‌နေချိန်အတွင်းရှေ့သို့ စက်ရွေ့လာနိုင်တဲ့အတွက်ဘေးမှစက်ကိုကိုင်ပြီးကူထိန်းပေးပါ။

💢အရမ်းမဝေးဖို့နဲ့အရမ်းမနီးဖို့ကိုသတိပြုပါ💢

🛑အစပိုင်းမှာအကြိမ်ရေ ၅၀-၁၀၀ အထိ လုပ်နိုင်ပြီးတဖြည်းဖြည်းအကြိမ်အရေအတွက်တိုးသွားပေးပါ။
(ဥပမာ-ပထမတစ်ပတ်အကြိမ်၁၀၀
ဒုတိယပတ်အကြိမ်၂၀၀အစရှိသဖြင့်တိုးသွားပါ)
💢ပိုရောင်လာတယ်၊နာလာတယ်ဆိုရင်
ချက်ချင်းရပ်ပြီးဆရာဝန်နှင့်တိုင်ပင်ကုသပါ။🚨‼️

RPM သည်လူနာများအတွက်လွယ်ကူသော လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီးအိမ်မှာပဲအဆင်ပြေစွာအသုံးပြုနိုင်ပါတယ်။
💪🏻ကျန်းမာရေးနှင့်ညီညွတ်သောနေထိုင်မှုပုံစံဖြင့် ဘဝကိုပိုမိုအရည်အသွေးပြည့်ဝစွာဖြတ်သန်းနိုင်ကြဖို့🤗

Physiotherapy and Movent studio မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်🚴‍♂️...

"Pain Free, Move Well"

Hello🙋🏻‍♀️‼️ ဒီနေ့မှာတော့ Momentum မှာရှိတဲ့ Ultrasound စက်လေးအကြောင်းနဲ့ ကုသ‌ ပေးနိုင်တဲ့ရောဂါတွေကို ပြောပြ ပေးသွားပါမယ...
05/06/2025

Hello🙋🏻‍♀️‼️
ဒီနေ့မှာတော့ Momentum မှာရှိတဲ့ Ultrasound စက်လေးအကြောင်းနဲ့ ကုသ‌ ပေးနိုင်တဲ့ရောဂါတွေကို ပြောပြ ပေးသွားပါမယ်💢

‼️Ultrasound စက် ဆိုတာဘာလဲ?⁉️

Ultrasound စက် ဆိုတာ ကြိမ်နှုန်းမြင့်အသံ(High-frequency soundwave) ကို
အခြေခံထားပြီး အသံကနေ အပူစွမ်းအင်ထုတ်လုပ်‌ပေးတဲ့စက် ဖြစ်ပါတယ်။
Deep heating modelity တစ်ခုဖြစ်တာမလို့ tissues တွေ muscle တွေရဲ့ အတွင်းပိုင်းအထိကို အပူစွမ်းအင်ထုတ် ပေး နိုင်ပါတယ်။ Ultrasound therapy ကိုခံယူနေချိန်အတွင်းမှာ နွေးနွေးလေး ခံစားရမှာဖြစ်ပြီး အရမ်းပူတဲ့ အပူမျိုး မဟုတ်တဲ့အတွက် အပူလောင်မှာ စိုးရိမ်စရာမလိုပါဘူး။🙅🏻‍♀️💢💯

‼️Ultrasound therapy ခံယူခြင်းကနေဘာအကျိုးကျေးဇူးတွေရမလဲ?💁🏻‍♀️

🛑နာကျင်မှုလျော့ချပေးတယ် – thermal effect (အပူ) ကြောင့် နာကျင်မှုတွေသက်သာစေတယ်။

🛑ရောင်ရမ်းမှုကျစေတယ် – သွေးလှည့်ပတ်မှုကောင်းအောင် လှုံ့ဆော်ပေးတဲ့အတွက် ရောင်နေတာတွေ လျော့ကျစေပါတယ်။

🛑Healing effect ရှိတဲ့အတွက် ဒဏ်ဖြစ်နေတဲ့
တစ်ရှူး(tissue)တွေ ပြန်ကောင်းစေတယ်၊အရိုးကျိုးထားတဲ့နေရာတွေမှာပြန်‌‌ဆက်အောင်ကူညီပေးပါတယ်။

🛑အမာရွတ်တွေကို ပျော့ပျောင်း လာစေ ပြီးcollagen တွေထွက်လာ စေလို့ ပုံပျက်တဲ့အမာရွတ်တွေ ဖြစ်မလာအောင်ကာကွယ်‌ ပေးပါတယ်။ တကယ်လို့ ပုံပျက်တဲ့အမာရွတ် တွေရှိနေရင်လဲသက်သာလာစေပါတယ်။

‼️ဘယ်လိုအခြေ‌နေ‌တွေမှာ ultrasound therapy ခံယူနိုင်လဲ?💁🏻‍♀️

💢ဒူးနာ၊ ခါးနာ၊ ဇက်ကြောတက်ခြင်း

💢ကြွက်သားများ တောင့်တင်းခြင်း
(muscle spasm)

💢အရွတ်ရောင်ခြင်း(Tendonitis)

💢အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်း(Arthritis)

💢ပခုံးကပ်ခြင်း(Frozen Shoulder)

💢 Bursitis လို့ခေါ်တဲ့ အရွတ်(သို့)တစ်ရှူးနဲ့အရိုးကြားမှာ မှာလှုပ်ရှားမှုလွယ်ကူအောင်ပြုလုပ်‌‌ပေးတဲ့အရည်အိတ်လေး ရောင်ခြင်း

💢အဖြစ်များတဲ့ ခြေထောက် ခေါက်လဲပြီး
ခြေကျင်းဝတ်လည်ပြီး အရွတ်များပြဲ ပြီး ရောင်ခြင်း (‌Ankle Sprain)

💢ဖြစ်ခါစအမာရွတ်၊ကြာပြီးပုံပျက်နေသောအမာရွတ်‌‌များ(Adherent scar)

‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‼️ဘယ်သူတွေကသတိထားပြီး Ultrasound therapy ယူသင့်လဲ?💁🏻‍♀️

⚪ကိုယ်ဝန်ဆောင်အမျိုးသမီးများ(ဗိုက်နားတဝှိုက်အသုံးပြုခြင်းကိုရှောင့်သင်ပါတယ်)

⚪Cancer (သို့) အလုံးအကျိတ်ရှိသူများ

⚪နှလုံးစက်တပ်ထားသူများ

⚪အရိုးကျိုးပြီးစတီးရိုးထည့်ထားသူများ၊ဒူးဆစ်ရိုးပေါင်ဆစ်ရိုးအစားထိုးထားသူများ

စတဲ့အ‌ခြေအနေရှိတဲ့သူတွေအနေနဲ့ သေချာ လေး သတိထားသင့်ပါတယ်။

💢သက်ဆိုင်ရာ ဆရာဝန် (သိူ့) Physiotherapist ကိုလဲ ဒီအခြေ‌အ နေ တွေရှိတယ်ဆိုတာကိုပြောပြဖို့
မမေ့ပါနဲ့လို့အကြုံပြုလိုက်ရပါတယ်။💢

"Pain Free and Move Well'

Momentum(Physiotherapy and Movent Studio)

⌛ ဖွင့်ချိန်: 8:00 am - 6:00 pm

🗓️ ဖွင့်ရက်: Monday - Sunday, ပိတ်ရက်မရှိ

☎️ ဖုန်းနံပါတ်: 09880004525, 09880004515

📌 လိပ်စာ: 6/8, C(1), မြေညီထပ်, ဗျိုင်း‌ရေအိုးစင်လမ်း, တာမွေမြို့နယ်, ရန်ကုန်မြို့

🗺️ Google Map Link: https://goo.gl/maps/1cqfGZh4vyz2FTeFA
(Momentum ရဲ့ နေရာအတိအကျကိုတော့ ဒီမြေပုံlink က တစ်ဆင့် ဝင်ကြည့်နိုင်ပါတယ်နော်။)

MNA Inflight Magazine မှာ ပါဝင်ထားတဲ့ Momentum အကြောင်းလေးကို လေယာ်ဉ်စီးပီး ဖတ်ရှုပေးပါအုံး 🤍
15/05/2025

MNA Inflight Magazine မှာ ပါဝင်ထားတဲ့ Momentum အကြောင်းလေးကို လေယာ်ဉ်စီးပီး ဖတ်ရှုပေးပါအုံး 🤍

04/05/2025

‼️Hello 🙋

ဒီနေ့မှာတော့ Deep Vein Thrombosis (DVT) ဆိုတာ ဘာလဲ?🤷နဲ့ ကာကွယ်ဖို့ ဘာလေ့ကျင့်ခန်းတွေလုပ်ရမလဲ?🤷ဆိုတာ ရှင်းပြပေးမှာဖြစ်ပါတယ်💢💢💁💁

DVT(Deep Vein Thrombosis)ဆိုတာက သွေးပြန်ကြောထဲ သွေးခဲပိတ်တဲ့ရောဂါဖြစ်ပါတယ်။ ခြေထောက်၊ ပေါင်၊ တင်ပါးမှာရှိတဲ့သွေးပြန်‌ကြောတွေမှာဖြစ်ပွားတတ်ပြီး‌တော့ (အထူးသဖြင့် ခြေသလုံးမှာရှိတဲ့ သွေးပြန်‌ကြောပိတ်တာ‌‌ တွေ့ရများပါတယ်)

သွေးခဲကြောင့် သွေးစီးဆင်းမှုနှေးသွားနိုင်ပြီး သွေးခဲပြုတ်ထွက်သွားပါက လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းအပြင် ချက်ချင်းအသက်အန္တရာယ်ရှိတဲ့ အဆုတ်သွေးကြောပိတ်ခြင်း (Pulmonary Embolism)အထိဖြစ်နိုင်ပါတယ်။

⛲️⛲️⛲️⛲️⛲️

📍‼️အောက်ပါအချက်တွေက DVT ဖြစ်နိုင်ခြေကို မြင့်စေပါတယ်။ 💢

1.သွေးစီးဆင်းမှုနှေးခြင်း – ဥပမာ ခြေထောက်လှုပ်ရှားမှုနည်းခြင်း၊ ခွဲစိတ်ကုသမှုခံယူပြီး အိပ်ရာထဲလှဲနေရခြင်း၊လေဖြတ်၍မလှုပ်ရှားပဲနေခြင်း ။

2. သွေးကြောနံရံထိခိုက်မိခြင်း – ခွဲစိတ်တာကြောင့် ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရရှိခြင့်ကြောင့်ဖြစ်နိုင်ပါတယ်။

3. သွေးပျစ်မှုများ၍ သွေးခဲနိုင်ခြေမြင့်တတ်ခြင်း - ခွဲစိတ် စိတ်ပြီးနောက် သို့မဟုတ် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သွေးဥမွှားအရေအတွက် တက်လာခြင်း (အထူးသဖြင့် ကိုယ်အလေးချိန်များသူတွေ)။

4. ဆေးဝါးသုံးစွဲခြင်း – ဥပမာ ကိုယ်ဝန်တားဆေး။

5. ယခင်က DVT ဖြစ်ဖူးတာ ဒါမှမဟုတ် သွေးကြော/သွေးရောဂါရှိသူတွေ။

6.ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်:

⛲️⛲️⛲️⛲️⛲️

📍တွေ့ရများတဲ့ ရောဂါလက္ခဏာ တွေကတော့

1.ခြေသလုံးအောင့်ခြင်း –ကြွက်တက်သလိုနာကျင်ကိုက်ခဲခြင်း။

2.ခြေသလုံး၊ခြေဖဝါး၊ခြေဖမိုးများ ရောင်ပြီးနီနေခြင်း၊ပူနေခြင်း

3. ကြွက်သားနာခြင်း – ခြေကျင်းဝတ်ကို အပေါ်ကော့ ရင် ပိုနာပါတယ်တယ် (Homans' sign)။

4. တစ်ခါတလေ လက္ခဏာမပြဘဲ လဲ ဖြစ်နိုင်ပါတယ်။

⛲️⛲️⛲️⛲️⛲️

DVT က အသက်အန္တရာယ်ရှိပေမယ့် ကာကွယ်လို့ရတဲ့ ရောဂါဖြစ်ပါတယ်။ *

📍DVT ကာကွယ်နည်းများ💢‼️
1. **လှုပ်လှုပ်ရှားရှားနေပါ** – ခရီးရှည်သွားရင် ၂ နာရီတစ်ခါ ခြေထောက်ဆန့်ပါ။

2. **ရေများများသောက်ပါ** – သွေးပျစ်ခြင်းကို ကာကွယ်ပေးတယ်။

3. Anti embolism stocking (TED Stockings)
သွေးမခဲအောင်ကာကွယ်ပေးတဲ့‌ အထူးထုတ်ခြေအိတ်ဝတ်ဆင်ခြင်း-သွေးခဲဖြစ်နိုင်ခြေကို ၅၀% အထိလျှော့ချပေးနိုင်တဲ့အတွက်ခွဲစိတ်ပြီးလူနာများဝတ်ဆင်ရန်အထူးသင့်တော်ပါတယ်။

4. DVT ကာကွယ်မည့် စနစ်ကျသည့် လေ့ကျင့်ခန်းများ လုပ်ဆောင်ရမည်ဖြစ်ပါသည်။ (လေ့ကျင့်ခန်းများကို Video နှင့်တကွ ဖော်ပြထားပါသည်)

4. ရောင်ရမ်းနေတဲ့ခြေထောက်ကိုရေနွနဲ့ ရေခဲ တလှည့်ဆီကပ်‌ပေးပါ။ရေနွေးအိတ် (၁၅ မိနစ်) + ရေခဲဝတ် (၁၅ မိနစ်)လှည့်ကပ်ပါ။

5. Leg Elevation (ခြေထောက်မြှောက်ခြင်း)**
- **အိပ်ရာမှာ ခြေထောက်ကို နှလုံးအထက် ၆ လက်မခန့်မြှောက်ထားပါ** (ညအိပ်ချိန်မှာ ၁၅ မိနစ်လောက်လုပ်ပါ)

6.ဆေးလိပ်ဖြတ်ပါ - ဆေးလိပ်က သွေးကြောကျဉ်းစေတဲ့အန္တရာယ်ရှိလို့ဖြစ်ပါတယ်။

⛲️⛲️⛲️⛲️⛲️

‼️💢သင့်လူနာမှာ DVT ရှိနေပြီလို့ သံသယရှိရင်‌တော့ လုံးဝမပေါ့ဆပဲ သက်ဆိုင်ရာ ဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးသွားကာ.. D-dimer စစ်ခြင်း၊ Doppler Ultrasound ရိုက်ခြင်း ပြုလုပ်ပါ။

⛲️⛲️⛲️⛲️⛲️

🙅🏻‍♀️‼️သွေးခဲရှိ‌နေတဲ့ ခြေထောက်ကို နှိပ်တာ လှုပ်ရှားတာ အဲ့ဒီ ခြေထောက်အပေါ်မက်တပ်ရပ်တာမျိုးတွေမလုပ်ရပါဘူးနော်။သွေးခဲပြုတ်ထွက်နိုင်ခြေမြင့်လို့ဖြစ်ပါတယ်။ 🙅🏻‍♂️
သွေးခဲပြုတ်လျှင် အသက်အန္တရာယ်ရှိပါသည်။ 🙅🏻

⛲️⛲️⛲️⛲️⛲️

DVTက ကာကွယ်လို့ရတဲ့ အရာဖြစ်တာမလို့ အကြာကြီးထိုင်တာမျိုး၊အိပ်ရာထဲလှဲနေတာမျိုးမလုပ်ဘဲလှုပ်လှုပ်ရှားရှားနေပါ။ခွဲစိတ်ပြီးလူနာတွေမှာလဲလှုပ်နိုင်သမျှလှုပ်ရှားပေးဖို့နဲ့လိုအပ်ပါက ဘေးကအကူအညီနဲ့လှုပ်ရှား ပေးဖို့ အကြံပြုရင်း ကျန်းမာပျော်ရွှင်သော လူနေမှုဘဝကို ရပါစေလို့ MOMENTUM Physiotherapy & Movement Studio မိသားစုမှ ဆုမွန်ကောင်းတောင်းပေးပါတယ်။

⛲️⛲️⛲️⛲️⛲️

MOMENTUM Physiotherapy & Movement Studio
💒💒💒 No.6/8(C-1) ဗျိုင်းရေအိုးစင်လမ်း၊ တာမွေ။
📞📞📞 09880004515

⛲️⛲️⛲️⛲️⛲️




01/05/2025

-အထိုင်များသူအတွက် အညောင်းမိခြင်းမှ သက်သာစေရန်👌👌
-အထိုင်များခြင်းကြောင့် ခါးကြောတင်း ခါးနာခြင်းမှ သက်သာစေရန်👌👌
- Stretching သုံးမျိုးလေး ဝေမျှပေးထားပါတယ်ဗျ😇

# &MovementStudio

Address

6/8, C(1), Ground Floor, Byaing Yay Oe Zin Street, Tamwe Township
Yangon
11211

Website

Alerts

Be the first to know and let us send you an email when MOMENTUM Physiotherapy & Movement Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram