Kaung Myat Clinic

Kaung Myat Clinic နွေးထွေးသော ကျန်းမာရေးစောင့်ရှောက်မှုများကို ကွာလတီ ပြည့်မီ အောင် အစဥ်အမြဲ ကြိုးစားနေသော မိသားစု ဆေးခန်းလေး ဖြစ်ပါသည်။

ဒီတလော နာမည်ကြီး ပြီး စိတ်ပူသူတွေလာလာမေးလို့ တစ်ခါတည်းပဲ အားလုံးသိအောင် ပြောပြပါမယ်။Pencillin 5သိန်းအားတို့ 4သိန်းအားတို...
22/07/2025

ဒီတလော နာမည်ကြီး ပြီး စိတ်ပူသူတွေလာလာမေးလို့ တစ်ခါတည်းပဲ အားလုံးသိအောင် ပြောပြပါမယ်။
Pencillin 5သိန်းအားတို့ 4သိန်းအားတို့ သောက်ပြီး ဆုံးပါးသွားတဲ့ ကလေး တစ်ယောက်ပေါ့။
ဟာ၊ ငါးသိန်းအား လေးသိန်းအားတွေ က အရမ်းမများဘူးလား ပေါ့။
တကယ်က penicillin V 400000 unit ပါ၊ မီလီဂရမ် (mg) မဟုတ်ပါဘူး။
Penicillin 400000 ယူနစ်မှ penicillin 250 mg နဲ့ ညီမျှတာပါ။

အခု ဖြစ်သွားတာ ကြည့်ရတာ တော့ ဆေး အားများတာ နည်းတာကြောင့်မဟုတ်ပဲ ဆေးနဲ့ ဓာတ်မတည့်မှု အ​ပြင်းစားဖြစ်ပြီး ဆုံးပါးသွားဟန်တူပါတယ်။

Penicillin မှ မဟုတ်၊ ဘယ်ဆေးမဆို အပြင်းစားဓာတ်မတည့်မှုဆိုတာ ဖြစ်နိုင်ပါတယ်။ သူနဲ့ ကျ တည့်ပြီး၊ ကိုယ့်ကျမှ မတည့်ပဲ allergy ဖြစ်တာမျိုးရှိတတ်ပါတယ်။ ဒါကြောင့် ဆေးဆိုတာ သူများ သောက်တယ်၊ အဆင်ပြေတယ် ဆိုတိုင်း ကိုယ်နဲ့ အဆင်မပြေနိုင်ပါဘူး။ သူများသောက်တိုင်းလဲ ကိုယ်လိုက်သောက်ဖို့ မသင့်တော်ပါဘူး။

ဒီ ထက်ပိုအရေးကြီးတာက penicillin ဆိုတာ ပိုးသတ်ဆေး တမျိုးပါ။ ဆေးဆိုင်မှာ ဒီတိုင်းပြောဝယ်လို့ ရောင်းသင့်တဲ့ ဆေးဝါးမျိုးမဟုတ်ပါ။ ဆရာဝန် ညွှန်းစာ ပါမှသာ ရောင်းရမယ့် ဆေးအမျိုးအစားပါ။ prescription only drug ပါ။ ကိုယ့်သဘောနဲ့ကိုယ် ဝယ်သောက်လို့ရတဲ့ over the counter drug (OTC) အမျိုးအစားလုံးဝမဟုတ်ပါ။

လည်ပင်းနာတိုင်း ပိုးသတ်ဆေး မသောက်ရသလို၊ ဖျားတိုင်းလဲ အဖျားကြအောင် ပိုးသတ်ဆေးသောက်လို့မရပါဘူး။

ဒီကိစ္စမှာ ဆေးရဲ့ ​ပြင်းအား ပြဿနာ မရှိပေမယ့်၊ ပိုးသတ်ဆေးကို လွယ်လွယ်ရောင်းပေးတဲ့ သူမှာ တော့ အပြစ် ရှိပါတယ်။

ပိုးသတ်ဆေးဆိုတာ လွယ်လွယ် သောက်ချင်တိုင်းသောက်၊ dose ကိုသောက်ချင်းတိုင်းသောက်၊ ရက်မပြည့်ပဲ သောက်ချင်သလို သောက်လို့ လုံးဝ၊ လုံးဝ၊ လုံးဝ မရပါဘူး။

ထပ်ပြောပါရစေ၊ ပိုးသတ်ဆေးဆိုတာ penicillin မှမဟုတ်ပါဘူး၊ အမောက်စီစလင်(amoxicillin)၊ အဇိသရို(azithromycin)၊ 625 လို့ အလွယ်ခေါ်ကြတဲ့ co-amoxiclav ပိုးသတ်ဆေးတွေကို ဖျားနာတိုင်း၊ လည်ပင်းနာတိုင်း၊ ဝမ်းလျှောတိုင်း ကိုယ့်သဘောနဲ့ကို လွယ်လွယ်သောက်နေတာ လုံးဝ လုံးဝ မှားယွင်းပြီး မသင့်တော်ကြောင်း ထပ်မံ အသိပေးလိုက်ရပါတယ်။

ဒီနှစ် သွေးလွန်တုပ်ကွေး ဒေသတွင်း အဖြစ်များမယ်လို့ ကူစက်ရောဂါ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။ခန့်မှန်းကြတဲ့အတိုင်းပဲ အခုမို...
21/07/2025

ဒီနှစ် သွေးလွန်တုပ်ကွေး ဒေသတွင်း အဖြစ်များမယ်လို့ ကူစက်ရောဂါ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။
ခန့်မှန်းကြတဲ့အတိုင်းပဲ အခုမိုးရာသီမှာ သွေးလွန်တုပ်ကွေး သံသယ လူနာတွေ ရယ်၊ သွေးလွန်တုပ်ကွေး လူနာတွေ ရယ် ခပ်စိပ်စိပ် အတွေ့များလာပါပြီ။
လာမယ့် သြဂုတ်လ လောက်မှာ အဖြစ်အများဆုံး ဖြစ်လိမ့်မယ်လို့ ကြိုတင် တွက်ချက်ထားကြပါတယ်။
သွေးလွန်တုပ်ကွေး ဖြစ်ပြီး လူငယ် အသက် ၂၀ ကျော်တွေမှာတောင် အသက်ဆုံးရှူံးမှုတွေ ဖြစ်လာကြတာ စိတ်မကောင်းစွာနဲ့ ကြုံတွေ့လာရပါတယ်။

ကြောက်အောင်ခြောက်နေတာ မဟုတ်ပါဘူး၊ အရမ်းကြောက်စရာမလိုပါဘူး၊ သွေးလွန်တုပ်ကွေးက ကာကွယ်လို့ရပါတယ်။ ဒါပေမယ့် ပေါ့ဆလို့တော့ မရပါဘူး။

အိမ်နဲ့အနီးတဝိုက် ခြင်တွေ ပေါက်ဖွားမှုမရှိအောင် မိမိမှာ တာဝန်ရှိပါတယ်။ မိမိ အိမ်ရှေ့က ရေဝပ်တဲ့ နေရာတွေမှာ ခြင်ကြားတွေ ပေါက်ဖွားလာရင် ဒီခြင်က မိမိ အိမ်ထဲကိုပဲ ပြန်ဝင် ဒုက္ခပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိ အိမ် နဲ့ အနီးတဝိုက် ခြင်တွေ ပေါက်ဖွားလို့မရအောင် ရေဝပ်တဲ့နေရာတွေကိုရှင်းလင်းပစ်ရမယ်၊ သားလောင်းလေးတွေ ကို ဖယ်ရှား ပေးရမယ်။ မိမိ အိမ်သာ မက အိမ် နား တဝိုက်လုံးပါ ခြင်ကြားကင်းရှင်းဖို့ အားလုံး အတူတူ ဝိုင်းဝန်း တာဝန်ယူဖို့ တာဝန်ရှိပါတယ်။ ခြင်ကြားတွေဟာ မီတာ ၅၀ - မီတာ ၁၀၀ အထိ ပျံသန်းနိုင်တာကြောင့် ကိုယ့်တစ်အိမ်ထဲ လုံခြုံနေလို့မရပြန်ဘူး၊ အားလုံးအတူတူ ဝိုင်းဝန်း ကာကွယ်မှ ဖြစ်နိုင်မှာပါ။

နေ့လည်၊ နေ့ခင်း အိပ်စက်အနားယူတဲ့အခါ ခြင်မကိုက်အောင် ခြင်ထောင်ထောင်ပါ၊ အင်္ကျီရှည် လက်ရှည် ဝတ်ပါ။ ကလေးသူငယ်တွေကို ခြင်မကိုက်အောင် အမြဲ ဂရုစိုက်ပါ။

ကာကွယ်လို့ ရနိုင်တဲ့ ရောဂါ ကို မပေါ့မရော့ ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ ဖြစ်လာရင် ဝေဒနါ တိုးတာအပြင် စိတ်ပူပန်မှုပါ ပူလောင်ရပါတယ်။
သွေးလွန်တုပ်ကွေးသဘာဝ အရ ဆေးသောက်ပေမယ့် အဖျားက ၄ရက်လောက်ထိ မကျတော့ လူလဲပင်ပန်းရပါတယ်။

ဒါကြောင့် မိမိ မိသားစုရော မိမိ ပတ်ဝန်းကျင်ပါ ကျန်းမာပျော်ရွှင်ရေးအတွက် ဝိုင်းဝန်း ပြီး ခြင်ကြားဖောက်ဖွားမှုကို နှိမ်နှင်းနိုင်ဖို့ အသိပေးနှိုးဆော်လိုက်ရပါတယ်။

အမှတ် ၃၈ မြင့်မိုရ်လမ်း၊ စမ်းချောင်း
ကောင်းမြတ်ဆေးခန်း
09267531229

19.7.2025 စနေနေ့ အာဇာနည် နေ့ တစ်ရက် ကျွန်တော် တို့ ကောင်းမြတ်ဆေးခန်း လေး တစ်ရက်ပိတ်ကြောင်း အသိပေးအပ်ပါတယ် ခင်ဗျ။ 🙏🙏🙏🙏🙏တန...
17/07/2025

19.7.2025 စနေနေ့ အာဇာနည် နေ့ တစ်ရက်
ကျွန်တော် တို့ ကောင်းမြတ်ဆေးခန်း လေး တစ်ရက်ပိတ်ကြောင်း အသိပေးအပ်ပါတယ် ခင်ဗျ။ 🙏🙏🙏🙏🙏

တနင်္ဂနွေ နေ့ ကစပြီး ပြန်ဖွင့်ပါတယ်။
လပြည့်၊ လကွယ်နေ့တိုင်း ဆေးခန်းပိတ်ပါတယ်။

အမှတ် ၃၈ မြင့်မိုရ်လမ်း၊ စမ်းချောင်း။
ကောင်းမြတ်ဆေးခန်း
09267531229

အအေးမိ တုပ်ကွေး တွေ ငဗစ်တွေ အဖြစ်များ လို့ လူတိုင်း နှာစေး တရွှတ်ရွှတ် ၊ ချောင်းဆိုး တဟွတ်ဟွတ် နဲ့ ဖြစ်နေကြတဲ့ ကြားထဲမှာ...
04/07/2025

အအေးမိ တုပ်ကွေး တွေ ငဗစ်တွေ အဖြစ်များ လို့ လူတိုင်း နှာစေး တရွှတ်ရွှတ် ၊ ချောင်းဆိုး တဟွတ်ဟွတ် နဲ့ ဖြစ်နေကြတဲ့ ကြားထဲမှာ မေ့လို့မရတဲ့ သွေးလွန်တုပ်ကွေး ရန်သူတော်ကြီးကလဲ ရောနှောပြီး အဖြစ်များတဲ့ ရာသီ ဖြစ်နေပြီ။ သာမန် အအေးမိတာပဲ လို့ထင်ပေမယ့် သွေးလွန်တုပ်ကွေး ဖြစ်နေနိုင်တာ မမေ့သင့်ပါဘူး။

သွေးလွန်တုပ်ကွေးက အဖျားကြီးပါတယ်၊ အဖျား 100-101•F လောက်ရှိတတ်တယ်။ ကိုယ်တွေ လက်တွေ အရမ်းကိုက်ခဲတယ်၊ ခေါင်းကိုက်တယ်။ သွေးလွန်တုပ်ကွေး ကို break bone fever အရိုးကွဲအောင်ကိုက်တဲ့ ရောဂါလို့တောင် ခေါ်သေးတာကိုး၊ ကိုက်တာမှ တော်တော်ကို​က်တယ်၊ တုပ်ကွေး ကိုက်တာလောက်ကို သွေးလွန်တုပ်ကွေးက. ရင်တောင်မခုန် ဘူးလို့ ပြောသွားနိုင်တယ် 😬😬။

ဒါကြောင့် ဒီကာလာမှာ အဖျားကြီးပြီး ကိုက်ခဲရင် သွေးလွန်တုပ်ကွေးကို လုံးဝ မေ့ထားလို့မရပါဘူး။
လူနာတွေကတော့ ကိုက်ခဲ နာကျင်တော့ မြန်မြန်သက်သာအောင်ဆိုပြီး ဆေးထိုးပေးဖို့ တောင်းဆိုလေ့ရှိကြပါတယ်။
ဒါပေမယ့် ကျွန်တော် တို့ ဆရာဝန်တွေ က အဖျားကြီး လို့ သွေးလွန်တုပ်ကွေး သံသယရှိရင် ဆေးမထိုးဖို့ ပြောရင် စိတ်မဆိုးကြပါနဲ့။ အကိုက်အခဲသက်သာအောင်ထိုးတဲ့ ဆေးက အခန့်မသင့်ရင် အစာအိမ် သွေးကြော ပေါက်တတ်တယ်၊ သွေးလွန်တုပ်ကွေး ကိုယ်တိုင်ကလဲ ခန္ဓာကိုယ်ကနေ သွေးယိုစိမ့်တတ်တယ်။
သက်သာအောင် ဆေးထိုးခါမှ အခန့်မသင့်ပဲ ဆေးကြောင့် ရောဂါ ပိုဆိုးသွားမှာ စိုးလို့ မထိုးဖို့ ကျွန်တော်တို့က တိုက်တွန်းခြင်းဖြစ်ပါတယ်။

သောက်ဆေးသောက်ပြန်တော့လဲ သွေးလွန်တုပ်ကွေးက အရှင်းမသက်သာပဲ နည်းနည်းဖျားတာ၊ ကိုက်ခဲတာက ကျန်နေတတ်ပါတယ်။ သွေးလွန်တုပ်ကွေးရဲ့ သဘာဝကိုက ဆေးသောက်လဲ သောက်တုန်းခဏ သက်သာပြီး ပြီးရင် အဖျားပြန်တက် ၊ ပြန်ကိုက်ခဲတာ ဖြစ်ပါတယ်။
လူနာအနေ နဲ့ ကျ မသက်သာဘူး ယူဆပြီး ဆေးခန်းပြောင်းပြ၊ တခြားနေရာ ပြောင်းပြတာမျိုးဖြစ်တတ်ပါတယ်။ ဒီလို ဖျားနာ ကို​က်ခဲတာ ၄ရက် ကနေ ၆ရက်လောက်ကြာတတ်ပါတယ်။ စိတ်အရမ်းကြီးမပူပါနဲ့ အများစုက ၄ရက်မြောက် လောက်ဆို အဖျားကျ သက်သာသွားတတ်ပါတယ်။

ကျွန်တော်တို့ ဆရာဝန်တွေ အနေ နဲ့လဲ ပထမဆုံး ဖျားတဲ့နေ့မှာတင် ဒါ အအေးမိလား၊ ရာသီ တုပ်ကွေးလား သွေးလွန်တုပ်ကွေးလား ကွဲကွဲ ပြားပြား မသိနိုင်ပါဘူး။ သံသယအနေ နဲ့ပဲ ထားပြီး အဖျား ၃ရက်မြောက်နေ့လောက်မှာ ပြန်ခေါ်ကြည့်လေ့ရှိပါတယ်။ လိုအပ်ရင် အဖျားပျောက်သည့်တိုင် ၇ရက်ကြာအောင် လိုအပ်ရင် တစ်ရက်တစ်ခေါက်တောင် ခေါ်ကြည့်လေ့ရှိပါတယ်။ သွေးလွန်တုပ်ကွေးက ၇ရက် ကြာတတ်တာဆိုတော့ စိတ်ချရအောင် နေ့တိုင်း သွေးပေါင်လေးတိုင်းကြည့်၊ အသည်းလေး ကြီးလာလား၊ အဆုတ် ရေဖုံးတာလေးရှိလား စမ်းသပ်ကြည့်လေ့ရှိပါတယ်။
တချို့က "ဆရာဝန်က ပိုက်ဆံ ရအောင် နေ့တိုင်း ရက်ချိန်းခေါ်ကြည့်တယ်" လို့ အထင်လွဲ ကြပါတယ်။ မဟုတ်ပါဘူး။ သွေးလွန်တုပ်ကွေးနဲ့ ပတ်သတ်ရင် ဆရာဝန်တွေ အနေ နဲ့ စိတ်ပူလို့၊ မပေါ့ဆ ရဲလို့ အနီးကပ် ခဏခဏ ခေါ်ကြည့်ရတာပါ။
သွေးလွန်တုပ်ကွေးက အခန့်မသင့်လို့ သွေးလန့်ရင် ဖြစ်ပျက်တာ အရမ်းမြန်တတ်တော့ စိတ်ပူလို့ပါ။

ဘာလိုပဲ ဖြစ်ဖြစ်ပေါ့လေ၊ သွေးလွန်တုပ်ကွေးဖြစ်ရင် ဓာတ်ဆားရည်၊ ရေများများသောက်ပေးပါ။ အားရှိတဲ့ အစားအစာ၊ ရာသီပေါ် အသီးအနှံတွေ၊ အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားသုံးပေးနိုင်ပါတယ်။
အညိုရောင်ရှိသော အရည်တွေ အစားအစာတွေတော့ ရှောင်ပေးပါ။ ပြန်အန်တဲ့အခါ တကယ်ပဲ အညိုရောင်တွေ အန်တာလား ၊ စားတဲ့ အညိုရောင် အစား အရောင် အန်တာလား မသဲကွဲမှာ စိုးလို့ပါ။
မိုးတွင်းမှာ သွေးလွန်တုပ်ကွေး မဖြစ်အောင် ခြင်မကိုက်အောင် ဂရုပြုပါ။ ခြင်တွေ ပေါက်ဖွားနိုင်တဲ့ နေရာတွေ၊ ရေဝပ်တဲ့ နေရာတွေကို ဖယ်ရှားပေးပါ။
သွေးလွန်တုပ်ကွေးက အသက်အရွယ် အပိုင်းအခြားမရှိ ကလေး လူကြီး၊ အဘိုးအဘွားတွေ အထိ ဖြစ်နိုင်လို့ ဂရုပြုရပါမယ်။
ကာကွယ်ဆေးလဲ ရှိနေပြီလို့ ဖြစ်နိုင်ရင်တော့ ကာကွယ်ဆေးလေးထိုးထားနိုင်ရင်တော့ ပိုကောင်းပါတယ်။ ဆယ်နှစ်လောက်တော့ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ အကောင်းဆုံးကတော့ ခြင်မကိုက်အောင် ဂရုစိုက်တာတော့ အကောင်းဆုံးပါပဲ။
ဖျားနာတိုင်း ပိုးသတ်ဆေးသောက်တာ၊ ဆေးထိုးတာမျိုးတွေတော့ မလိုအပ်ပဲ မလုပ်ဖို့ အကြံပြုလိုက်ရပါတယ်။

အမှတ် ၃၈ မြင့်မိုရ်လမ်း၊
ကောင်းမြတ်ဆေးခန်း
09267531229

ဒီတစ်ခေါက် အဖြစ်များတဲ့ ကိုကိုဗစ်က ဒီတစ်ခါမှာတော့ လည်ပင်း အရမ်းနာတယ်လို့ သိရပါတယ်။ razor blade throat (လည်ပင်းထဲ ဘရိတ်ဒါ...
20/06/2025

ဒီတစ်ခေါက် အဖြစ်များတဲ့ ကိုကိုဗစ်က ဒီတစ်ခါမှာတော့ လည်ပင်း အရမ်းနာတယ်လို့ သိရပါတယ်။ razor blade throat (လည်ပင်းထဲ ဘရိတ်ဒါး မျိုးထားရသလို) မျိုးလို့တောင် တင်စားကြတယ်။

နောက်ဆုံး ဖြစ်နေကြတဲ့ မျိုးကွဲ 'Nimbus' ဟာ အရင် အိုမီခရွန် ကနေ ဆင်းသက်လာတဲ့ တစ်ဝမ်းကွဲ မောင်နှမတွေပါပဲ။

အရမ်းကြီး ပြာရာခက် ကြောက်စရာတော့ မလိုပါဘူး။ အရင် တွေ အတိုင်းပါပဲ၊ လက်ဆေးမယ်၊ နှာခေါင်းစည်း mask တပ်မယ်၊ လူထူထပ်တဲ့ နေရာတွေ ကို ဖြစ်နိုင်ရင်ရှောင်မယ်၊ အားရှိအောင် စားမယ်၊ ၊ အိပ်ရေးဝအောင်အိပ်ကြမယ်လေ။

လည်ပင်းလေးနာရင် ဆားရည်လေးနဲ့ အာလုတ်ကျင်းမယ်၊ ရေနွေးနွေးလေးတွေ သောက်ပေးမယ်၊ လိုအပ်ရင် အလွယ်တကူဝယ်လို့ရတဲ့ ပါရာစီတမော လောက်သောက်မယ်၊ ဒိလောက်နဲ့ တင် နှစ်ရက် သုံးရက်လောက်ဆို သက်သာပါတယ်။

လူ တစ်သောင်းမှာ ဆေးရုံတက်ရတာ ၂ယောက်ပဲ ရှိတယ်၊ နည်းနည်းလေး ပေမယ့် အယောက် ၂သိန်းလောက် ပြိုင်တူ ဖြစ်ခဲ့ရင် အယောက် ၂၀ လောက် ဆေးရုံတက်ရ၊ အယောက် ၂သန်းလောက် ဖြစ်ရင် လူအယောက် ၂၀၀ လောက် ဆေးရုံတက်ရရင် ဆေးရုံဆေးခန်းတွေ နဲ့ လူအင်အားတွေ မလုံမလောက်ဖြစ်နိုင်တာပေါ့လေ၊ ဒါကြောင့် အရမ်းကြီး မကြောက်ပါနဲ့ ပြောပေမယ့် ပေါ့လို့တော့လဲမရဘူး။ ကိုယ့်မိသားစု၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်မြို့လေး တွေ ရောဂါ မဖြစ်ပွားဖို့ မိမိက စလို့ လူတိုင်းမှာ တာဝန်ရှိတယ်နော်။

ဒီရာသီမှာ ရာသီတုပ်ကွေးရော၊ အအေးမိ cold ရော၊ သွေးလွန်တုပ်ကွေးရော ၊ အခုဆို ကိုကိုဗစ်များလားရော အဖျား ရောဂါတွေ စုံတဲ့ ကာလတွေ ဖြစ်လို့ သတိထား ဂရုစိုက်ဖို့တော့ ထပ်မှာမယ်နော်။

ကောင်းမြတ်ဆေးခန်း
အမှတ် ၃၈ မြင့်မိုရ်လမ်း၊ စမ်းချောင်း
09267531229

2025 အတွက် လဲ ကြိုတင်ကာကွယ်ကြပါစို့
24/05/2025

2025 အတွက် လဲ ကြိုတင်ကာကွယ်ကြပါစို့

ကျွန်တော်တို့ ကောင်းမြတ်ဆေးခန်းကနေ မိုးရာသီတုပ်ကွေးကာကွယ်ဆေးနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းလေးတွေကို ဖြေကြားဝေမျှပေးသွားပါမယ်။

မေး။ ။ တုပ်ကွေးကာကွယ်ဆေးဆိုတာဘာလဲ?

ဖြေ။ ။ တုပ်ကွေးကာကွယ်ဆေးဆိုတာ အသက်ရှူလမ်းကြောင်းက တဆင့် ကူးစက်တဲ့ influenza virus အတွက် ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးပါ။

မေး ။ ။ တုပ်ကွေးရောဂါက ဆိုးလို့လား?

ဖြေ ။ ။ လွယ်လွယ်ဖြေပေးရရင် ကို​ဗစ်လိုပါပဲ။ အများစုကတော့ နှာစေးချောင်းဆိုး ကိုက်ခဲဖျားနာပြီး ပျောက်သွားနိုင်ပေမယ့် ခံနိုင်ရည်အားမရှိတဲ့လူတချို့မှာ အဆုတ်ယောင် နမိုးနီးယားရောဂါ ဖြစ်ပြီး အောက်စီဂျင်ကျတာ အသက်ဆုံးရှုံးတာအထိဖြစ်နိုင်ပါတယ်။ တုပ်ကွေးရဲ့ ပြင်းထန်အားကို ကို​ဗစ်နဲ့တောင်နှိုင်းယှဥ်ကြပါတယ်။ လူတွေ အများကြီး ပြိုင်တူ ကို​ဗစ်လို မဖြစ်ခဲ့လို့သာ မသိသာသလိုဖြစ်နေတာပါ။ ဒါပေမယ့် ကို​ဗစ်လို အလစ်အငိုက်မခံရပဲ ကာကွယ်ဆေး ရှိနေတာက တုပ်ကွေးအတွက်တော့ အားသာချက်တစ်ခုပါ။

မေး။ ။ တုပ်ကွေးကာကွယ်ဆေးက တစ်နှစ်တစ်ခါထိုးဖို့လိုအပ်လို့လား?

ဖြေ။ ။ influenza တုပ်ကွေးပိုးက ကျွန်တော်တို့ ကိုဗစ် တုန်းကလိုပဲ ဗီဇ ပြောင်းတာ အရမ်းများတဲ့အတွက် တစ်နှစ်တစ်ခါ ဆေးအသစ်ကို အမြဲထိုးပေးနေရပါတယ်။ WHO ရဲ့ ကိန်းဂဏန်းတွေအရတော့ တစ်နှစ်ကို လူပေါင်း ၃သန်းကနေ ၅သန်း အထိ တုပ်ကွေးရောဂါ ဖြစ်ရာမှ လူပေါင်း ၃သိန်းကနေ ၆သိန်းခွဲ အထိ သေနှုန်းကို ဖြစ်စေပါတယ်။ တစ်နှစ်တစ်ခါ WHO ကနေ ဖြစ်နိုင်ခြေများတဲ့ ပိုးဗီဇကို တစ်နှစ်တစ်ခါ မှန်းဆပြီး ကာကွယ်ဆေးကို အမြန်ထုတ်လုပ်ပြီး ရောဂါအဖြစ်များတဲ့ မိုးတွင်းမတိုင်ခင် အမှီထိုးရပါတယ်။

မေး။ ။ တုပ်ကွေးကာကွယ်ဆေးက ဘယ်နှစ်မျိုးရှိလဲ?

ဖြေ။ ။ တုပ်ကွေးဆေးက ကမ္ဘာ့တောင်ခြမ်း နဲ့ မြောက်ခြမ်းဆိုပြီး နှစ်မျိိုး ဖြစ်တာ ကွာခြားတတ်တော့ မိုးရာသီကာကွယ်ဆေးနဲ့ ဆောင်းရာသီ ကာကွယ်ဆေးဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက်တော့ မိုးရာသီ ကာကွယ်ဆေးထိုးရင်လုံလောက်ပါတယ်။

မေး။ ။ ကာကွယ်ဆေးထိုးပြီးသွားရင် တုပ်ကွေးမဖြစ်တော့ဘူးပေါ့?

ဖြေ။ ။ ကာကွယ်ဆေးထိုးပြီးရင် တုပ်ကွေး မဖြစ်တော့ဘူးတော့ဘူးတော့ မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေတော့ လျော့သွားတယ်။ ဖြစ်ခဲ့ရင်လဲ မပြင်းထန်တော့ပဲ သာမန် နှာစေးချောင်းဆိုးလောက်နဲ့ ဖျားနာတဲ့ ရက်တိုပြီး မြန်မြန် နာလန်ထတာပေါ့။ အဓိက ကတော့ ရောဂါဆိုးရွားလာမှုကို လျှော့ချပေးတာပါ။

မေး။ ။ ဘယ်လိုလူတွေ ထိုးသင့်ပါသလဲ?

ဖြေ ။ ။ ဘယ်သူမဆိုတော့ ထိုးလို့ရပါတယ်။ ဒါပေမယ့် အဓိကအနေနဲ့ တုပ်ကွေးအန္တရာယ်ကို အဓိကခံစားရတဲ့ငယ်ရွယ်တဲ့ကလေးတွေရယ်၊ အသက်ကြီး အဘိုးအဘွားတွေရယ်၊ နာတာရှည်ရောဂါအခံရှိတဲ့ သူတွေ ပိုလို့ ထိုးသင့်ပါတယ်။ အဆုတ်ပွ၊ အဆုတ်ရောဂါအခံရှိတဲ့သူတွေနဲ့ နှလုံးရောဂါ ရှိတဲ့သူတွေကတော့ မဖြစ်မနေ နီးပါးထိုးသင့်ပါတယ်။

မေး။ ။ ဘယ်လိုလူတွေဆို မထိုးသင့်ဘူးလဲ?

ဖြေ။ ။ မထိုးသင့်တဲ့ လူမျိုးတော့ မရှိပါဘူး။ အရင်ထိုးတုန်းက ဓာတ်မတည့်တာ ဖြစ်ဖူးတဲ့သူမျိုးဆိုရင်တော့ သတိထားရပါမယ်။ အမေးများတဲ့ သွေးကျဲဆေးသောက်နေရတဲ့ သူတွေလဲ တကယ်တော့ ထိုးလို့ရပါတယ်။

မေး ။ ။ ဘယ်အချိန်ထိုးရမလဲ?

ဖြေ ။ ။ ပုံမှန်ဆို ဧပြီလလောက်ဆို ဆေးတွေကစဝင်ပါပြီ။ ဆေးရရခြင်းစောနိုင်သမျှ စောရင်တော့ အကောင်းဆုံးပေါ့။ ဘာလို့လဲဆိုတော့ ဆေးထိုးပြီးတာနဲ့ ကိုယ်ခံအားက ချက်ချင်းမရဘူး။ နှစ်ပတ်တန်သည် ခဏ အချိန်ပေးရတယ်။ တချို့ကြတော့ မိုးရာသီတုပ်ကွေးကာကွယ်ဆေး ဆိုပြီး မိုးကျမှ ထိုးကြတော့ ဖြစ်တဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး ဆေးထိုးပြီးမကြာဘူး တုပ်ကွေးဖြစ်ကြရော။ မိုးရာသီကာကွယ်ဆေးဆိုပေမယ့် တကယ်က မိုးမကျခင် ဧပြီလ မေလ လောက်ထဲက ကြိုတင်ထိုးနှံထားရပါတယ်။

ကုသချင်းထက် ကာကွယ်ခြင်းက ​သာလွန်ကောင်းမွန်လှပါတယ်။မဖြစ်ခင် ကြိုတင် ကာကွယ်နိုင်ဖို့ စေတနာဖြင့် ကောင်းမြတ်ဆေးခန်း မိသားစုမှ တိုက်တွန်းလိုက်ရပါတယ်။

လာပြန်ပြီလား တစ်လှိုင်းပြီး တစ်လှိုင်း?"ကိုဗစ် ကိုဗစ် တွေ တော်တော် ဖြစ်နေကြပြီတဲ့" ၊  "ဘာတွေ ဘယ်လိုတွေ လုပ်ရမှာတုန်း"😖😖😖...
21/05/2025

လာပြန်ပြီလား တစ်လှိုင်းပြီး တစ်လှိုင်း?

"ကိုဗစ် ကိုဗစ် တွေ တော်တော် ဖြစ်နေကြပြီတဲ့" ၊ "ဘာတွေ ဘယ်လိုတွေ လုပ်ရမှာတုန်း"😖😖😖

အရမ်းလဲ စိတ်မပူ မကြောက်ကြပါနဲ့။ ကမ္ဘာမြေကြီးပေါ်မှာ ကိုဗစ် နဲ့ တွေ့တာ ၅နှစ် မက ရှိသွားပြီလေ။ အထာတွေ နပ်နေပါပြီ။😏😏😏

အရမ်းကြီး မကြောက်ကြပါနဲ့၊ panic buying တွေ လဲ လုပ်ဖို့ မလိုအပ်ပါဘူး။😉😉😉

ကျွန်တော် တို့ဟာ ကိုဗစ် အလွန် ကာလမှာ ကိုဗစ် နဲ့ အတူတူ ယှဥ်တွဲ နေထိုင်ရတော့မယ်၊ ယှဥ်တွဲနေထိုင်ဖို့ ကြိုးစားရမယ် ဆိုတာ ပြောခဲ့ကြတာ ၃နှစ်တောင်ကျော်နေကြပြီလေ။

အခုမှတော့ ထူးပြီး ပိုကဲ စရာ မရှိသေးပါဘူး။

လိုင်းပေါ်က တင်သမျှတွေ ကို မယုံပါနဲ့။ ပြောသမျှတွေကို အားမကိုးပါနဲ့။ တရားဝင် ကျန်းမာရေးဌာန နဲ့ အသိပညာပေး ဌာနတွေ က သတင်းကြေငြာချက်တွေ၊ ညွှန်ကြားချက်တွေကို အသေအချာ ဖတ်ပါ။ ကောလဟာလ တိုင်းကို မယုံကြပါနဲ့။ တတ်ကျွမ်းနားလည်သူ ပညာရှင်တွေကို မေးမြန်းပါ။

ပြန်အဖြစ်များနေကြတာ မှန်သလားဆို မှန်ပါတယ်။
ဒါဆို ဘာလုပ်ရမလဲ ဆိုရင် မဖြစ်အောင် ကာကွယ်ရပါမယ်။

ဘယ်လို ကာကွယ်ရမလဲ?

ထူးထူးဆန်းဆန်းမဟုတ်ပါဘူး၊

*လက်ကို မကြာမကြာ ဆေးပါ။
*လူစုလူဝေးတွေကို ရှောင်ကျဥ်ပါ။
*နှာခေါင်းစည်း mask တွေ တပ်ပါ။
*ကာကွယ်ဆေး မထိုးရသေးရင်ထိုးပါ။

ကာကွယ်ဆေး ထပ်ထိုးရမလား မေးရင် တော့ ဖြေရခက်ပြီ။ မဖြစ်အောင်ကာကွယ်ချင်းဟာ ပိုကောင်းတယ်၊ ကာကွယ်ဆေးကလဲ ရောဂါကို ကာကွယ်ပေးနိုင်တယ်ဆိုတော့ ထိုးနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ကုန်ကျစရိတ်ကို တွက်ချက်ပြီး အဆင်ပြေရင် ထိုးပေါ့နော်၊ ခုနောက်ဆုံး ဖြစ်နေတဲ့ အိုမီခရွန် Xbb အတွက်လဲ ကာကွယ်ဆေးတွေ ရှိနေပါပြီ။
အရမ်းကြီး ကြောက်လန့်ပြီး ကာကွယ်ဆေး ကာကွယ်ဆေး ဆိုပြီး အသည်းအသန်တွေ တော့ မလုပ်ကြနဲ့ပေါ့နော်။
လိုအပ်ရင်တော့ ထိုးပေါ့။ အသက်ငယ်သူ၊ ကြီးမြင့်သူတွေ၊ ရင်ကြပ်ရောဂါ၊ အဆုတ်ရောဂါ အခံ ရှိတဲ့သူတွေ၊ ကိုယ်ခံအား ကျဆင်းတဲ့သူတွေကတော့ ထိုးနှံမယ်ဆို ထိုးနှံ လို့ရပါတယ်။

စိတ်ပူနေတာတွေ ရှိရင်တော့ ကျွန်တော်တို့ ကောင်းမြတ်ဆေးခန်းမှာ လာရောက်ဆွေးနွေးမေးမြန်းနိုင်ပါတယ်။ ဆေးခန်းမှာလဲ ကိုဗစ်ကို ဖြတ်ကျော်ဖို့ လိုအပ်တာတွေ ပြည့်စုံအောင် အတတ်နိုင်ဆုံး ဖြည့်စည်းပေးထားပါတယ်။😉😉😉

ကောင်းမြတ်ဆေးခန်း
မြင့်မိုရ်လမ်း စမ်းချောင်း၊ အမှတ် ၃၈
09267531229

15/05/2025

တနင်္လါ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ နဲ့ စနေ တနင်္ဂနွေ သားသမီးများ တုပ်ကွေးကာကွယ်ရန် ကာကွယ်ဆေးထိုးပါ။😄😄

အသက် ၁၄နှစ်အောက်နှင့် အသက် ၆၀ အထက် တုပ်ကွေး ကူးစက်ခြေရှိသောကြောင့် ကြိုတင်ကာကွယ်ပါ 😄😄

တုပ်ကွေး အပြင် သွေးလွန်တုပ်ကွေးပါ အထူးဂရုစိုက်ပါ။

တားတို့မပြောဘူး၊ တူပြောတာဘာ။

ဆေးခန်းအကူ Nurse Aid (ကျား/မ) တစ်ဦး အလိုရှိသည်❗️✔️အ‌ထွေထွေရောဂါကုဆေးခန်း (စမ်းချောင်း)တွင် လုပ်ကိုင်ရန်။✔️အတွေ့အကြုံရှိ ...
13/05/2025

ဆေးခန်းအကူ Nurse Aid (ကျား/မ) တစ်ဦး အလိုရှိသည်❗️

✔️အ‌ထွေထွေရောဂါကုဆေးခန်း (စမ်းချောင်း)တွင် လုပ်ကိုင်ရန်။

✔️အတွေ့အကြုံရှိ ကျွမ်းကျင်ဆေးအရောင်းဝန်ထမ်း ဖြစ်ရမည်။

✔️ဆေးဝါးအခြေခံနှင့်သက်ဆိုင်သော သင်တန်းဆင်းလက်မှတ် တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။

✔️အကျင့်စာရိတ္တကောင်းမွန်ပြီး ငွေကြေးကိစ္စ စိတ်ချရသူ ဖြစ်ရမည်။

✔️ရေရှည် လုပ်ကိုင်နိုင်သူ ဖြစ်ရပါမည်။

✔️စမ်းချောင်းမြို့နယ် အနီးတစ်ဝိုက်နေထိုင်သူ ဦးစားပေးပါမည်။

✔️လစာ : ၂၅၀၀၀၀နှင့် ၃၀၀၀၀၀ ကြားသင်တန်းဆင်း အတွေ့အကြုံ မရှိသေးသူများလည်း လျောက်ထားနိုင်ပါသည်။

(CV form အား 09267531229 Viber သို့ ပို့ပေးရန်၊)

ဤ ကမ္ဘာကြီး ပေါ်က တီဘီ ရောဂါဆိုးကြီး ပပျောက်ဖို့၊ အားလုံး လက်တွဲ ကူညီကြပါစို့။ကျွန်တော် တို့ ကောင်းမြတ် ဆေးခန်း သည် တီဘီ...
13/05/2025

ဤ ကမ္ဘာကြီး ပေါ်က တီဘီ ရောဂါဆိုးကြီး ပပျောက်ဖို့၊ အားလုံး လက်တွဲ ကူညီကြပါစို့။

ကျွန်တော် တို့ ကောင်းမြတ် ဆေးခန်း သည် တီဘီစီမံချက်ဝင် ဆေးခန်း ဖြစ်သောကြောင့် တီဘီ ရောဂါ ဝေဒနါ များ ခံစားနေရသူများ၊ တီဘီ ရောဂါ သံသယ ရှိသူများ အားလုံးကို သလိပ် အခမဲ့ စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်း၊ လိုအပ်ပါက တီဘီ ဆေးများကို အခမဲ့ စနစ်တကျ ပေးခြင်း၊ တို့ဖြင့် တီဘီ ရောဂါကြီး ပပျောက်အောင် ဝိုင်းဝန်း တိုက်ဖျက်လျက် ရှိပါတယ်။

သို့ပါ၍
1) ချောင်းဆိုး နှစ်ပတ် အထက်ကြာမြင့်သူများ၊
2) ချောင်းဆိုး သွေးပါခြင်း၊
3) တရှောင်ရှောင် ဖျား၍ အစားအသောက်ပျက်ခြင်း၊
4) ကလေးငယ်များ ကိုယ်အလေးချိန်မတက်ခြင်း၊
5)ကိုယ်ခန္ဓာကိုယ် အလေးချိန် အလွန်အမင်းကျဆင်းခြင်း၊
6) ဆီးချို ရောဂါ အခံရှိသူများ၊
7) အိမ်သားတွင် တီဘီရောဂါ ခံစားနေရသူများ၊

လိုအပ်ပါက တီဘီ ရောဂါ စစ်ဆေးရန် အခမဲ့ ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။

အထက်ပါ ရောဂါ လက္ခဏာများခံစားနေရပါက ပွင့်လင်းစွာ လာရောက် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
နွေးထွေးသော ဝန်ဆောင်မှုများဖြင့် ကူညီဖေးမလျက်ရှိပါသည်။

ကောင်းမြတ်ဆေးခန်း
မြင့်မိုရ်လမ်း၊ အမှတ် ၃၈၊ စမ်းချောင်း၊ ရန်ကုန်
09267531229
ဆေးခန်းဖွင့်ချိန် နံနက် ၉နာရီမှ ည ၈နာရီ

လေးမျိုးစပ်  မိုးရာသီ  တုပ်ကွေးကာကွယ်ဆေး ပထမ အသုတ် အယောက် 100 ကုန်သွားလို့ လာပြီးမှ မထိုးလိုက်ရတဲ့ မိတ်ဆွေများကို တောင်း...
22/04/2025

လေးမျိုးစပ် မိုးရာသီ တုပ်ကွေးကာကွယ်ဆေး ပထမ အသုတ် အယောက် 100 ကုန်သွားလို့ လာပြီးမှ မထိုးလိုက်ရတဲ့ မိတ်ဆွေများကို တောင်းပန်အပ်ပါတယ်။

လကုန်မှ နောက်အသုတ် ပစ္စည်းပြန်ရောက်မှာ မို့လို့ နေမကျလိုက်ရအောင် ကြိုတင်ပြီး စာရင်းလေးအပ်နှံ ထားလိုက်ပါ။

ဆေးစျေးတွေ တက်ပေမယ့် မတက်သေးပဲ အရင်တိုင်းပဲ သက်သာစွာ ထိုးနှံပေးနေပါပြီ။

သင်္ကြန်မိုးတွေလဲ ရွာထားတော့ ဖျားနာကိုက်ခဲ ၊ တုပ်ကွေး ရောဂါ မဖြစ်လိုက်ရအောင် စောနိုင်သမျှ စောအောင်ထိုးထားနိုင်ပါပြီ။

ကလေးငယ်များ၊ အသက်အရွယ်ကြီးမြင့်သူများ၊ အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ ရောဂါအခံရှိသူများ ကြိုတင်ကာကွယ်နိုင်ရင်ထိုးနှံထားသင့်ပါတယ်။

အမှတ် ၃၈ မြင့်မိုရ်လမ်း၊ စမ်းချောင်း
ကောင်းမြတ်ဆေးခန်း
09267531229

နှစ်စဥ် လူသန်းပေါင်းများစွာကို ဒုက္ခပေးနေတဲ့ ရာသီတုပ်ကွေးကို ကြိုတင် ကာကွယ်နိုင်ဖို့ အတွက် ၄မျိုးစပ် တုပ်ကွေးကာကွယ်ဆေး ရ...
08/04/2025

နှစ်စဥ် လူသန်းပေါင်းများစွာကို ဒုက္ခပေးနေတဲ့ ရာသီတုပ်ကွေးကို ကြိုတင် ကာကွယ်နိုင်ဖို့ အတွက် ၄မျိုးစပ် တုပ်ကွေးကာကွယ်ဆေး ရပါပြီ။

စောစောထိုးနိုင်လေ စောစော ကာကွယ်မှုရလေပါပဲနော်။

မိုးရွာမှ၊ မိုးတွင်းမှ ထိုးရမယ်ဆိုတာ လုံးဝမဟုတ်ပါဘူးနော်။

ဧပြီ၊ မေ လ လောက်မှ ထိုးနှံနိုင်မှ မိုးတွင်းနဲ့ ဆောင်းတွင်းမှာ အဖြစ်များမဲ့ ရာသီတုပ်ကွေးကို ထိရောက်စွာ ကာကွယ်နိုင်မှာပါ။

ကလေးတွေ နဲ့ ရောဂါအခံရှိတဲ့လူကြီးတွေ၊ အဆုတ်ရောဂါ အခံရှိတဲ့သူတွေကတော့ နှစ်စဥ် ထိုးနှံသင့်ပါတယ်။

ထိုးသင့်မထိုးသင့် တိုင်ပင်ချင်တယ်ဆိုရင်လဲ၊ ကောင်းမြတ်ဆေးခန်းမှာ မိသားစုဆရာဝန်တွေနဲ့ လာရောက်တိုင်ပင်လို့ရပါတယ်။

#လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေး

ကောင်းမြတ်ဆေးခန်း
အမှတ် ၃၈၊ မြင့်မိုရ်လမ်း၊ စမ်းချောင်း

Address

No. (38), Myint Mo Street, Sanchaung Tsp
Yangon

Telephone

+959267531229

Website

Alerts

Be the first to know and let us send you an email when Kaung Myat Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kaung Myat Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram