B.P.G Healthcare

B.P.G Healthcare To provide accessible healthcare throughout Myanmar

အနာဂါတ်မှာ ခေတ်မီဖွံ့ဖြိုရေးအတွက် ရှေးရှုသောဆေးရုံ၊ဆေးခန်းများ အတွက် — BPG RIS System လာပါပြီရှင် ….👩‍🦳သင့်ဆေးရုံမှာ လူန...
06/08/2025

အနာဂါတ်မှာ ခေတ်မီဖွံ့ဖြိုရေးအတွက် ရှေးရှုသောဆေးရုံ၊ဆေးခန်းများ အတွက် — BPG RIS System လာပါပြီရှင် ….👩‍🦳

သင့်ဆေးရုံမှာ လူနာတစ်ဦးချင်း စစ်ဆေးမှုမှတ်တမ်းတွေ၊ဓာတ်ရောင်ခြည်ပုံများကို အလွယ်တကူ စီမံနိုင်ဖို့လိုနေပါသလား?
💡 BPG Healthcare ရဲ့ RIS (Radiology Information System) ဟာ...

✅ Registration – လူနာအချက်အလက် မှန်ကန်လျှင်မြန်စွာ မှတ်ပုံတင်နိုင်ခြင်း။

✅ Image Viewing – PACS တွင် ထည့်သွင်းပြီး ပုံကြည့်ခြင်း၊ zoom in/zoom out နဲ့ အခြား toolsများ အလွယ်တကူအသုံးပြုနိုင်ခြင်း။

✅ Storage & Archiving – လူနာ ရိုက်ထားသောX ray, USG, CT , MRI စသည့်data များကို 5 နှစ်၊ 10 နှစ်အထိ safe archivingလုပ်ထားနိုင်ခြင်း။

✅ Reporting – Radiologist များအတွက် built-in reporting template နှင့် ဆရာဝန်တစ်ဦးချင်စီ အလိုက် Customized Format များ ပါဝင်ခြင်း။

✅ Workflow Efficiency – လူနာအချက်အလက်များအား တစ်နေရာတည်းတွင် စီမံခန့်ခွဲနိုင်ခြင်း။

📊 လူနာအချက်အလက် စီမံခန့်ခွဲမှုပိုင်းမှာ အချိန်တိုတောင်းပြီး error လျော့နည်းစေမှာ ဖြစ်ပါတယ်ရှင်။

📞 အသေးစိတ်သိလိုပါက CB မှာ စုံစမ်းမေးမြန်းနိုင်သလို Comment မှာ လည်း မန့် ခဲ့နိုင်ပါတယ်ရှင့်။
�📍 ဆေးရုံများ ဆေးခန်းများအတွက် Installation & Training ဝန်ဆောင်မှုပါ ပါဝင်ပါတယ်ရှင်။

25/07/2025

🩻🇲🇲 BPG Healthcare – Myanmar’s No.1 X-ray Machine Distributor

သင့်ဆေးခန်းရဲ့ ရောဂါရှာဖွေရေးပိုင်းကို အဆင့်မြှင့်တင်ဖို့ ယုံကြည်စိတ်ချရတဲ့ X-ray စက်တစ်လုံး ရှာဖွေနေပါသလား။
BPG Healthcare ဟာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဆေးရုံနှင့် ဆေးခန်းပေါင်း 1500 ကျော် ရဲ့ ယုံကြည်မှုကို ရရှိထားတဲ့ ဦးဆောင်ဖြန့်ဖြူးသူဖြစ်ပါတယ်။ ကွန်မတို့ဟာ စက်ပစ္စည်းရောင်းချသူအဖြစ်သာမက၊ သင့်ဆေးခန်းရဲ့ ရေရှည်အောင်မြင်မှုအတွက် မိတ်ဖက်တစ်ဦးအဖြစ် ရပ်တည်လျက်ရှိပါတယ်။

ဘာကြောင့် ဆေးခန်းပိုင်ရှင်တွေက BPG Healthcare ကို ရွေးချယ်ကြတာလဲ?

✅ သင့်ဆေးခန်းအတွက် အံဝင်ခွင်ကျ ရွေးချယ်စရာမျာစွာရှိခြင်း

ဆေးခန်းငယ်များမှသည် အထူးကုဆေးခန်း၊ဆေးရုံကြီးများအထိ၊ လုပ်ငန်းလိုအပ်ချက်နှင့် နေရာအနေအထားတိုင်းအတွက် အသင့်တော်ဆုံးဖြစ်မယ့် စက်ပစ္စည်းမျိုးစုံကို စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း။

✅ တိကျမှန်ကန်မှုနှင့် လူနာအတွက် စိတ်ချရမှု

တိကျမှန်ကန်သော ရောဂါရှာဖွေမှု (accurate diagnosis) ကို အထောက်အကူပြုပြီး၊ လူနာများအတွက် ဘေးကင်းလုံခြုံမှုအပြည့်အဝပေးနိုင်သော ကမ္ဘာ့အဆင့်မီ အရည်အသွေးစက်များဖြစ်ခြင်း။

✅ အာမခံချက်ရှိသော After-sales Support

စက်ရပ်တန့်ချိန် (downtime) ကို အနည်းဆုံးဖြစ်စေဖို့ အမြန်ဆုံးတုံ့ပြန်ဖြေရှင်းပေးမယ့် ကျွမ်းကျင် Support Team က အမြဲအသင့်ရှိနေခြင်း။

✨ သင့်ဆေးခန်းအတွက် အကောင်းဆုံး X-ray Solution ကို ရွေးချယ်ဖို့ အဆင်သင့်ဖြစ်ပြီလား?
💬 ကျွန်မတို့ရဲ့ ကျွမ်းကျင်ပညာရှင်များနဲ့ တိုက်ရိုက်ဆွေးနွေးပြီး သင့်လုပ်ငန်းရဲ့ လိုအပ်ချက်နဲ့ ဘတ်ဂျက်အတွက် အသင့်တော်ဆုံး အကြံဉာဏ်များကို အခမဲ့ ရယူလိုက်ပါရှင် ။
Messenger မှာ မေးလို့ရသလို Comment မှာ “CB” လို့ ရေးခဲ့ပေးရင်လည်း ရပါတယ်နော်။

400mA Integrated Digital X ray installation at Aung Specialist Orthopedic Clinic BPG Healthcare မှ 282 လုံးမြောက် Digita...
09/06/2025

400mA Integrated Digital X ray installation at Aung Specialist Orthopedic Clinic

BPG Healthcare မှ 282 လုံးမြောက် Digital X ray System ကို ရန်ကုန်မြို့ တောင်ဥက္ကလာ၊ နန္ဒဝန်ဈေးအနီး မှာ ရှိတဲ့ Aung Specialist Orthopedic Clinic မှာ အောင်မြင်စွာ တပ်ဆင်ထားခဲ့ပြီဖြစ်ကြောင်း ရပ်နီးရပ်ဝေးမှ မိဘညီအစ်ကို ဆွေမျိုးမောင်နှမများ ဆေးစစ်မှုများ စိတ်ချယုံကြည်စွာ လုပ်ဆောင်နိုင်ပြီး ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။

အောင် အရိုးအထူးကုဆေးခန်း ကိုလည်း BPG healthcare နဲ့ ယုံကြည်စိတ်ချစွာလက်တွဲဆောင်ရွက်ပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း ဆက်လက်ပြီးလည်းတာဝန်ယူမှုအပြည့်ပေးမှာဖြစ်ကြောင်း ပြောအပ်ပါတယ်ရှင့်။

လူကြီးမင်းတို့ရဲ့ ဆေးရုံ၊ဆေးခန်း အသီးသီးမှာ လိုအပ်တဲ့ ဆေးရုံသုံးပစ္စည်းအမျိုးမျိုး အတွက် ဝန်ဆောင်မှု များ လိုအပ်ပါက page messenger မှ တဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

07/04/2025

Biz-Partner Group Co.,Ltd ၏ မိတ်ဖက် ကုမ္ပဏီ များ၊ဆေးရုံ၊ဆေးခန်းများအား သိရှိစေရန် -
Biz-Partner Group Co.,Ltd တွင် Application Specialist အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးသူရအောင် နိုင်ငံသားစိစစ်ရေးကဒ်အမှတ် (၈/နမန(နိုင်)၂၀၆၁၀၄) နှင့် Sales Executive အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးခိုင်စိုးဝေ နိုင်ငံသားစိစစ်ရေးကဒ်အမှတ် (၉/ဝတန(နိုင်)၁၆၁၁၈၅) တို့အား (10.1.2025) တွင် Biz-Partner Group Co.,Ltd မှ အပြီးအပိုင်ထုတ်ပယ်လိုက်ပြီး ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အဆိုပါဝန်ထမ်း နှင့် ပတ်သက်သည့် မည်သည့် ကိစ္စရပ်များကိုမဆို ကုမ္ပဏီမှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း မှားယွင်း ဆက်သွယ် ဆောင်ရွက်မှုများ မဖြစ်စေရန် အတွက် အသိပေးအကြောင်းကြားအပ်ပါသည်။

ဒီနေ့ Wyndham Grand Hotel-Amarapura Grand Ballroom မှာကျင်းပခဲ့တဲ့ 2nd Myanmar Radiation Oncology Conference မှာ BPG မှတ...
11/01/2025

ဒီနေ့ Wyndham Grand Hotel-Amarapura Grand Ballroom မှာကျင်းပခဲ့တဲ့ 2nd Myanmar Radiation Oncology Conference မှာ BPG မှတင်သွင်းသော Orfit မှ immobilization products အချို့ကို ခင်းကျင်းပြသပြီး ကြွရောက်လာတဲ့ ဆရာကြီး ဆရာမကြီးများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါတယ်။ ကြွရောက်ပေးခဲ့သော ဆရာကြီး၊ ဆရာမကြီးများကို ကျေးဇူးအထူးတင်ပါတယ်ရှင့် ။
မနက်ဖြန် ဒုတိယနေ့မှာလည်း BPG မှ booth no. 10 တွင် ဆက်လက်ခင်းကျင်းပြသပြီး လက်ဆောင်များပေးအပ်သွားဦးမှာမို့ ကြွရောက်ပေးကြဖို့ ဖိတ်ကြားလိုက်ပါတယ်နော် 🙏🏻

11/10/2024

ရင်သားကင်ဆာ ဆိုတာဟာ ရင်သားအတွင်းရှိ ဆဲလ်များ အထိန်းအကွပ်မဲ့စွာ ကြီးထွားလာတဲ့ အကြိတ်ဖု များကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ကမ္ဘာတစ်ဝှမ်း နှစ်စဉ် ၂.၃ သန်းခန့် ရင်သားကင်ဆာ ဖြစ်ပွားမှုများ ရှာဖွေတွေ့ရှိလျက်ရှိပြီး ၅ နှစ်အတွင်း ၉၉% သော ဝေဒနာရှင် များမှာ စောစီးစွာ သိရှိ ကုသနိုင် ခဲ့ပြီး ၃၁% ခန့် သာ ရောဂါပြန့်ပွားမှုကို ခံစားနေကြရပါတယ်။
အမျိုးသမီးများတွင် ၈ ဦး မှ ၁ ဦး သည် ရင်သားကင်ဆာဖြစ်နိုင်ချေရှိပြီး ၊ အမျိုးသားများတွင် ၁ % ခန့်သာဖြစ်ပွားနိုင်ပြီး အမျိုးသမီးများတွင် အသက် ၅၀ နှင့် အမျိုးသားများမှာ အသက် ၆၅ တွင် ရင်သားကင်ဆာ ရှိလာနိုင်ကြောင်း သိရသည်။
ရင်သားကင်ဆာ ဖြစ်ပွားရသည့် အကြောင်းအရင်းတွေက ဘာတွေလဲ?
❖ မျိုးရိုးဗီဇကြောင့်။
❖ အဝလွန်သူများ။
❖ အရက်၊ဆေးလိပ်အလွန်အကျွံသောက်သုံးသူများ။
❖ သန္ဓေတားဆေးများ အား အချိန်ကြာမြင့်စွာ သုံးစွဲခြင်း။
❖ ဟော်မုန်းအစားထိုး ကုသမှု ခံယူခြင်း။
ရင်သားကင်ဆာ ရဲ့လက္ခဏာတွေက ဘာတွေလဲ?
❖ ရင်သား တွင် အကြိတ်များ တွေ့ခြင်း။
❖ ရင်သား ပုံစံ နှင့် အရွယ်အစားပြောင်းလဲလာခြင်း။
❖ ရင်သား သို့ နို့သီးအနားရှိ အရေပြား အရောင်ပြောင်းလဲလာခြင်း။
❖ ရင်သား မှ အနံ့မရှိသော အရည်ထွက်ခြင်း သို့ သွေးပါခြင်း။
❖ ရင်သား အကြိမ်ကြိမ် ကိုက်ခဲခြင်း။
ဒါဆို ဘယ်လိုကာကွယ်မလဲ?
❖ အဝမလွန် အောင် နေ့စဉ် လေ့ကျင့်ခန်းပြုလုပ်ပါ။
❖ အရက် နှင့် ဆေးလိပ် ကို ရှောင်ပါ။
❖ ဟော်မုန်းဆေးတွေသောက်တာကို ရှောင်ကြဉ်ပါ။
❖ မိခင်များ အနေဖြင့် ကလေးနို့တိုက်ခြင်းကလဲ ကင်ဆာဖြစ်နိုင်ချေကို အများကြီးလျော့ချပေးနိုင်ပါတယ်။
❖ နှစ်စဉ် တက်ကျွမ်းသည့် ဆရာဝန်များဖြင့် ပုံမှန် စစ်ဆေးမှုများပြုလုပ်ပါ။
❖ မိသားစုတွင် ရင်သားကင်ဆာဖြစ်ပွားဖူးသူ ရှိပါက ဆရာဝန်များဖြင့် ညှိနှိုင်းဆွေးနွေးပါ။
နောက်ဆုံးအကျဉ်းချုပ်ပြောရရင် မကြောက်ပါနဲ့ ၊ မရှက်ပါနဲ့ ၊ အသိနောက်မကျပါစေနဲ့ လို့ပြောရမှာဖြစ်ပါတယ်။ကုသခြင်းထက် ကာကွယ်ခြင်းက ပိုမိုထိရောက်တယ် ဆိုတဲ့ စကားအတိုင်း ဒီအချက်လေးတွေကို သတိထားပြုလုပ်မယ်ဆိုရင် ရင်သားကင်ဆာဖြစ်ပွားမှု့ကို လျော့ချနိုင်မှာ ပဲဖြစ်ပါတယ်။
ကဲ ဒီလောက်ဆို ရင်တော့ ဒီနေ့ အောက်တိုဘာ (၁၉) ရက်နေ့မှာ ကျရောက်မယ့် ရင်သားကင်ဆာ ရောဂါအကြောင်း သိသွားကြပြီလို့ထင်ပါတယ်။ အိမ်မှာ အသက် ၄၀ ကျော် အမျိုးသမီးတွေ ရှိရင် ဒီစာလေးကို ဖတ်ဖြစ်အောင်ဖတ်ခိုင်းလိုက်ကြပါနော်။

နိုင်ငံနှင့် အဝှမ်း ရေကြီး ရေလျှံမှုများ ဖြစ်ပွါးလျက်ရှိရာ BPG မှ ဝယ်ယူအားပေးထားသော အားပေးသူများ အနေနှင့် X-ray စက်များအ...
11/09/2024

နိုင်ငံနှင့် အဝှမ်း ရေကြီး ရေလျှံမှုများ ဖြစ်ပွါးလျက်ရှိရာ BPG မှ ဝယ်ယူအားပေးထားသော အားပေးသူများ အနေနှင့် X-ray စက်များအား ကြိုတင် ထိန်းသိမ်းလိုပါက အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါသည်ရှင့်

ရေကြီး ရေတက်မှုများ မဖြစ်ခင် X-ray စက်များအား ကြိုတင်ထိန်းသိမ်းနည်းများမှာ
1. Breaker ချထားပေးပါ.
2. ကြိုးများမဖြုတ်ခင် photo အရင်ရိုက်ထားပေးပါ.
3. Generator သို့၀င်ထားသောကြိူးများကို photo ရိုက်ထားပြီး ဖြုတ်ပါ.
4. Generator အားရေလွတ်ရာသို့‌ရွေထားပါ.
5. Xray Tube မှ HV ကြိုးများ ကို ရေမစိုစေရန်ပြုလုပ်ပါ.
6. HV Tank မှကြိုးများဖြုတ်ပြီး Tank ကိုနေရာရွေ့ပါ.
7. DR ကိုရေမစိုစေရန် အထူးဂရုစိုက်ရပါမည်
8. Computer, UPS, Printer စက်များကိုရေလွတ်ရာရွေ့ပါ.
9. Generator ထဲမှဖြုတ်ရမည့်ကြိုးများ
-HV Cable အား (+/-) အား marker ဖြင့်မှတ်ပြီးမှဖြုတ်ပါ။
-Main Power Cable ကြိူးများကို Line , Neutral မှတ်ပြီးမှဖြုတ်ပါ။
-Tank မှလာသောကြိုးများ ကိုလည်း photo ရိုက်ပြီးမှဖြုတ်ပါ။
_Table မှလာသောကြိုးများ ကိုလည်း photo ရိုက်ပြီးမှဖြုတ်ပါ။



United Imaging uMR Jupiter 5T
06/04/2024

United Imaging uMR Jupiter 5T



Foot non-contrast enhanced MR Angiography (NCE-MRA)!
Scanner: United Imaging uMR Jupiter 5T!
Courtesy of Zhongshan Hospital, Fudan University, China

BPG မှာ Dental CBCT ရှိတယ်ဆိုတာ သင်သိပါသလား ဒီနေ့ကတော့ သွားဆေးခန်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ CBCT ကို BPG မှာ ရနိုင်တဲ့...
14/03/2024

BPG မှာ Dental CBCT ရှိတယ်ဆိုတာ သင်သိပါသလား

ဒီနေ့ကတော့ သွားဆေးခန်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ CBCT ကို BPG မှာ ရနိုင်တဲ့အကြောင်း သတင်းကောင်းပြောပြချင်ပါတယ်

ကြည်လင်ပြတ်သားတဲ့ 3D သွားဓာတ်မှန်ကြောင့် ပိုမိုတိကျတဲ့ Treatment Plan များလုပ်လာနိုင်ခြင်း
Radiation Dose ကို ပုံမှန်ထက် လျှော့ချနိုင်ခြင်း
ဆရာများအတွက်ဆို Implant Library ပါရှိပြီး Implant Planning တွေကိုလည်း လွယ်ကူစွာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်

အထူးအနေနဲ့ BPG က On Stop Service ပေးတာမို့ ဘာမှထပ်ပြီး ဝယ်စရာမလိုပါဘူးနော် 💯
Service ကလည်း 24/7 Support ပေးအုံးမှာဆိုတော့ စိတ်ချလက်ချနဲ့ CBCT ထည့်လို့ရပါပြီရှင်

စိတ်ဝင်စားတယ်ဆိုရင် Page Messenger ကဖြစ်စေ 09755799903 ကို ဖြစ်စေ ဆက်သွယ်စုံစမ်းလို့ ရပါတယ်ရှင်

ယနေ့ မတ်လ ၁၄ ရက်နေ့ဟာ World Kidney Day ဖြစ်ပါတယ်။ ကျောက်ကပ်ကျန်းမာရေး၏ အရေးပါမှု ကိုသတိပြုမိစေရန်၊ ကျောက်ကပ်နှင့်ဆိုင်သေ...
14/03/2024

ယနေ့ မတ်လ ၁၄ ရက်နေ့ဟာ World Kidney Day ဖြစ်ပါတယ်။ ကျောက်ကပ်ကျန်းမာရေး၏ အရေးပါမှု ကိုသတိပြုမိစေရန်၊ ကျောက်ကပ်နှင့်ဆိုင်သော ရောဂါများ ကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါ၏ အစောပိုင်းကာလများတည်းက လက်ဦးမှု ရယူကုသနိုင်ကြရန် ရည်ရွယ်ပါတယ်။ “Kidney Health For All” theme ဖြင့် သတ်မှတ်ထားတဲ့ World Kidney Day 2024 မှာ BPG Healthcare အနေနဲ့ ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းတို့၏ ကျောက်ကပ်ကျန်းမာရေးတွက် ပါဝင်အသိပေး နှိုးဆော် လိုက်ရပါတယ်။

“Kidney Health For All”
World Kidney Day 2024

ယနေ့ Inya Lake hotel(YCC Hall) မှာ ကျင်းပပြုလုပ်တဲ့ Yangon Pet Expo & Myanmar Grand Dog Show 2024 (ပထမနေ့ ) မှာ ကျွန်မတိ...
09/03/2024

ယနေ့ Inya Lake hotel(YCC Hall) မှာ ကျင်းပပြုလုပ်တဲ့ Yangon Pet Expo & Myanmar Grand Dog Show 2024 (ပထမနေ့ ) မှာ ကျွန်မတို့ BPG Healthcare မှတင်သွင်းလျက်ရှိသော Vet X-ray System ကို ခင်းကျင်းပြသပြီး ကြွရောက်လာသော ဧည့်သည်များကို မေတ္တာလက်ဆောင်ပေးခြင်း များပြုလုပ်ခဲ့ပါတယ်။ နက်ဖြန် ဒုတိယနေ့မှာလည်း ဆက်လက်ခင်းကျင်းပြသသွားမှာ မို့ လာရောက်လေ့လာဖို့အတွက် ဖိတ်ကြားအပ်ပါတယ်ရှင့် ။

Yangon Pet Expo & Myanmar Grand dog Show 2024 တွင် BPG Healthcare မှ စက်ပစ္စည်းများပြသသွားမည်ဖြစ်ပြီး အမှတ်တရ လက်ဆောင် မ...
08/03/2024

Yangon Pet Expo & Myanmar Grand dog Show 2024 တွင် BPG Healthcare မှ စက်ပစ္စည်းများပြသသွားမည်ဖြစ်ပြီး အမှတ်တရ လက်ဆောင် များပေးအပ်သွားမည်ဖြစ်သောကြောင့် ကျွန်တော်တို့၏ ပြခန်းသို့ လာရောက်ပေးပါရန် ခင်မင်ရင်းနှီးစွာဖြင့်ဖိတ်ကြားအပ်ပါသည်။

Location : Booth No-J6 ၊ Yangon Convention Center(YCC Hall) ၊ Inya Lake Hotel

Date :March 9 to 10, 2024

Hotline : 09755799903

Address

No397၊ ကံ့ကော်မြိုင်လမ်း၊ သုဝဏ္ဏ၊ရန်ကုန်၊095136284, 09755799903
Dagon

Alerts

Be the first to know and let us send you an email when B.P.G Healthcare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to B.P.G Healthcare:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram