ကချင်ဒေသထွက်ကုန် YGN

ကချင်ဒေသထွက်ကုန် YGN Diabetes

13/04/2019

သင်္ကြန်တွင်စာပြန်မဖြေပေးလျင် ဖုန်းမကိုင်လျင် စိတ်မဆိုးကြပါနဲ့လို့

ခွေးလျားပင်နှင့် အသုံးချမှုများမြန်မာ့ရေမြေ၌ပေါက်ရောက်လျက်ရှိသောသီးပင်စားပင်တို့နည်းတူ ခွေးလျားပင် အယဉ်မျိုးကို ကျေးလက်အစ...
01/01/2017

ခွေးလျားပင်နှင့် အသုံးချမှုများ
မြန်မာ့ရေမြေ၌ပေါက်ရောက်လျက်ရှိသောသီးပင်စားပင်တို့နည်းတူ ခွေးလျားပင် အယဉ်မျိုးကို ကျေးလက်အစားအစာ အာဟာရအဖြစ် အသုံးချမှုများကိုတွေ့ရသည်
အရွက်နုတို့ကို ဟင်းခါးရည် ချက်၍ စားလေ့ရှိကြသည် အထူးသဖြင့်နို့တိုက်မိခင်များအတွက် နို့ရည်ကိုတိုးပွားစေတက်သည့် ဟင်းမယ်တစ်မျိုးဖြစ်သည် အလုပ်ကြမ်းလုပ်နေသော လယ်ယာသမားများအတွက် အားအင်ကိုတိုးစေသည်
ခွေးလျားသီး အယဉ် အသီး နုလေးများကို ပါးပါးလှီး၍ ကြော်ချက်၍စားကြသည် အခြားသော အသီးအရွက်များနှင့်ရော၍အချဉ်ဟင်းရည် ချက်၍လည်းစားလေ့ရှိကြသည်
ခွေးလျားပင် အယဉ်၏အပွင့်အခိုင်များကိုလည်း ငါးကင် ပုဇွန်ခြောက် စသည်တို့ဖြင့်ကြော်ချက်၍စားနိုင်သည် အားအင်တိုးပွားစေသော ဟင်းတစ်ခွက်ဖြစ်သည်
အချို့နိုင်ငံများ၌ကော်ဖီအစားထိုး ကော်ဖီတစ်မျိုးအဖြစ် သုံးလျက်ရှိသည် Nescofeဟု ခေါ်လေ့ရှိကြသည်
အချို့သောနိုင်ငံတို့တွင် ခွေးလျားစေ့ကို အညှောင့်ဖောက် ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်ကြသည် အစေ့ကို စားသုံးမည်ဆိုပါက ရေဖြင့်ပြုတ်ပစ်ရန် လိုပါသည် အစေ့တွင်ပါသော L_DOPA အဆိပ်ကို ထုတ်ပစ်ရန်ရေနှငိ့ မိနစ်၃၀စိမ်ထားပြီးမှ ရေဖြင့်ပြုတ်ရသည် ၄၈နာရီကြာအောင်ပြုတ်ရသည်ကိုတွေ့ရသည် ပြုတ်နေစဉ် ရေသစ်ခဏခဏလဲပေးရသည်
L-DOPAက လူသားအပါအဝင် စားမြုံပြန်လေ့မရှိသည့် နို့တိုက်သတ္တဝါတို့အတွက် အန္တရာယ်ပေးသောအဆိပ်မျိုးဖြစ်သည်
ကိုးကား အားဆေးဘုရင်ခွေးလျားပင်

ဗောက်ပင်အစွမ်း အံ့မခမ်းလမ်းဘေးမှာအလေ့ကျ ပေါက်နေတဲ့ဗောက်ပင်လေးတွေကို လူတိုင်းလိုလိုသိကြမြင်ကြပေမဲ့ အမှတ်တမဲ့ပဲ နေမိကြမှာပ...
01/01/2017

ဗောက်ပင်အစွမ်း အံ့မခမ်း

လမ်းဘေးမှာအလေ့ကျ ပေါက်နေတဲ့
ဗောက်ပင်လေးတွေကို လူတိုင်းလိုလို
သိကြမြင်ကြပေမဲ့ အမှတ်တမဲ့ပဲ နေမိကြမှာပါ
ဗောက်သီးမှည့်လေးတွေ ကတော့ အလွန်
ချိုပါတယ် ကလေးတွေကြိုက်ကြတယ်....။

ထူးခြားတာက ဗောက်ပင်တပင်လုံးကို
ပဉ္စငါးပါး(အမြစ်မှအညွန့်)အားလုံးကို
ရေစင်ကြယ်အောင်ဆေးကြောပြီး
အိုးသန့်သန့်မှာထည့် ရေမက်ခွက်
၃ခွက်ထည့်ပါ ရေ တစ်ခွက်စာကျန်သည့်
တိုင်အောင် မီးအေးအေးနှင့်ကျိုချက်ပြီး
တစ်နေ့ကို၃ ကြိမ်ခန့် သောက်ပေးပါက
ဆီးချို သွေးချို ရောဂါကို ဒိဌ သက်သာ
ပျောက်ကင်းစေပါတယ်

အရသာကခါးပေမဲ့ အကုန်ကျ အလွန်နည်းပါး
တာကြောင့် ဝေဒနာခံစားရေရသော မိတ်ဆွေများ
အတွက်ဖြန့်ဝေ ပေးလိုက်ပါတယ်
ဆီးချို သွေးချို ဝေဒနာ သက်သာပျောက်ကင်းကြပါစေ

01/01/2017

ခါးနာအတွက် သဘာဝဆေးနည်း

ခါးနာပျောက်သည့် ဆေးနည်းများကို မကြာခဏ တင်ပေးဖူးပါပြီ။ အခုတစ်ခါ ထပ်မံတင်ပေးမယ့် ဆေးနည်းကတော့ အလွန်ရိုးရှင်းလွယ်ကူလှတဲ့ အားလူးခါးကပ်နည်းပဲ ဖြစ်ပါတယ်။

အားကစားလုပ်၍ဖြစ်စေ၊ အလေးအပင်မ၍ဖြစ်စေ၊ အထိုင်များ၍ဖြစ်စေ ခါးနာနေလျှင် အောက်ပါသဘာဝနည်းဖြင့် ကုသနိုင်ကြပါတယ်။

(၁) အာလူးတစ်လုံးကို စင်ကြယ်အောင်ရေဆေးပြီး ခပ်ပါးပါးလေး အကွင်းလိုက် အကွင်းလိုက် လှီးထားပါ။

(၂) ညအိပ်ခါနီး နာနေတဲ့ ခါးပေါ်ကို အာလူးအကွင်းများ ကပ်ပေးပြီး အားကစားသမားများသုံးတဲ့ အယ်လပ်စတစ် ခါးပတ်ကို အပေါ်ကနေ ပတ်ပေးထားပါ။ (အဲဒီ ခါးပတ်မရှိသော်လည်း အ၀တ်သန့်သန့်ဖြင့် အာလူးများ ခွါကျမသွားအောင် စည်းပေးထားပါ)။

မနက်အိပ်ယာထတဲ့အချိန် ၄င်းအာလူးများကို ခွါလိုက်လိုက်ပါ။ ၃ ရက်ခန့် ဆက်တိုက်လုပ်ပေးပါက ခါးနာသိသာစွာ သက်သာလာမည်။ ၅ ရက်နဲ့ တစ်ပတ်ခန့် ဆက်လုပ်ပေးပါက ခါးနာဝေဒနာ ပျောက်ကင်းသွားပါလိမ့်မည်။

လက်တွေ့ ပျောက်ကင်းသွားသော မိတ်ဆွေများ အမြာက်အများရှိပြီမို့  ယုံကြည်စွာ သုံးကြည့်နိုင်ပါတယ်။

ခါးနာဝေဒနာရှင်များ အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ကြပါစေ။
Creadit

ယူရစ်အက်ဆစ်ကြောင့် ဖြစ်တဲ့ ရောဂါတွေအတွက် သက်သာစေတဲ့ဆေးတစ်လက်========================================သင့်ခံစားနေရတဲ့ ဂေါက...
01/01/2017

ယူရစ်အက်ဆစ်ကြောင့် ဖြစ်တဲ့ ရောဂါတွေအတွက် သက်သာစေတဲ့ဆေးတစ်လက်
========================================
သင့်ခံစားနေရတဲ့ ဂေါက်ရောဂါ၊ အဆစ်ရောင်ရောဂါ တွေ ဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းအရာက
ယူရစ် အက်ဆစ်ကိုယ်ထဲမှာ များနေလို့ ဖြစ်ရတာပါ။ ဂေါက်ရောဂါသာမက အစာအိမ်နာရောဂါ၊ ချောင်းဆိုးရောဂါ တွေကိုပါ ပျောက်ကင်း
စေပါတယ်။ Mr. Liuရဲ့ လက်တွေ့ သောက်သုံးပြီး ပျောက်ကင်းထားတဲ့ ဆေးနည်းတစ်လက်ပါ။ သူရော သူ့အသိမိတ်ဆွေပါ
လက်တွေ့သောက်သုံးပြီး ရောဂါဝေဒနာခံစားရမှု့မှ ကင်းဝေးပါတယ်တဲ့။ ဘေးအန္တရယ် မဖြစ်စေတဲ့ သဘာဝ အံသြဖွယ် ဆေးတစ်
လက်လည်းဖြစ်ပါတယ်။

ဆေးနည်းလေးကတော့
---------------------------
သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်မှာလှီးဖြတ်ထားပါ။ အထဲမှာရှိတဲ့ သင်္ဘောအစိတွေကို ဖယ်ထုတ်လိုက်ပါ။ ပြီးရင်တော့
ဆူပွတ်နေတဲ့ ရေနွေးများကို အထဲမှာ လောင်းထည့်လိုက်ပါ။ လက်ဖက်ခြောက်အနည်းငယ်ကို ထည့်ထားပါ။
လှီးထားတဲ့ ထိပ်ပိုင်းနဲ့ ခဏလောက်ပြန်ပိတ်ထားပါ။ ဖွင့်ရလွယ်ကူအောင် သွားကြားထိုးတံလေးနဲ့
ထိပ်ကို ထိုးထားရင် ပိုပြီး အဆင်ပြေပါတယ်။ ဒီ သင်္ဘောသီးစိမ်း လက်ဖက်ရည်နွေးကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့်
ယူရစ်အက်ဆစ်မြင့်မားမှု့ကြောင့် ခံစားနေရတဲ့ ဂေါက်ရောဂါ၊ အဆစ်ရောင်ရောဂါတွေကို၊ သက်သာပျောက်ကင်းစေပါတယ်။
သင့်ရဲ့ ယူရစ်အက်ဆစ် ပုံမှန်အခြေအနေဖြစ်သွားရင်တော့ ရောဂါဟောင်းဖြစ်ပွားမှု့မှ ရှောင်ရှားရန် တစ်လကို ၁-၃ ကြိမ်ထိ
သောက်သုံးပေးပါ။

မိတ်ဆွေအားလုံးရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေ

ခွေးတောက်ပင်၏ ကျန်းမာရေးအတွက် အကျိုးပြုပုံများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ခွေးတောက်သည် သလိပ်၊ ချွဲ၊ လည်ချောင်းနာ၊ လေရော...
01/01/2017

ခွေးတောက်ပင်၏ ကျန်းမာရေးအတွက် အကျိုးပြုပုံများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ခွေးတောက်သည် သလိပ်၊ ချွဲ၊ လည်ချောင်းနာ၊ လေရောဂါ၊ ညောင်းကျနာ၊ ပန်းနာရင်ကျပ်၊ ဒူလာနှင့် ကြွက်အဆိပ်သင့်နာများကို ပျောက်ကင်းစေပါသည်။

ထို့အပြင် ၀မ်းမီးကို ကောင်းစေခြင်း၊ အစာကြေလွယ်စေခြင်း၊ အမျိုးသားအားကို တိုးပွါးစေခြင်း၊ အမျိုးသမီးများအတွက် သွေးသားမှန်ကန်စေခြင်းနှင့် စိတ်ရွှင်လန်းစေခြင်းတို့ကို ဖြစ်စေပါသည်။

ဆိုင်ရာရောဂါများအတွက် ဆေးအဖြစ် အသုံးပြုပုံများ

၁။ ခွေးတောက်အရွက်ကို ဟင်းခါးချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့် လေထိုး၊ ဆီးချုပ်ရောဂါများ ပျောက်၏။

၂။ ခွေးတောက်ရွက်ကို ကြိတ်၍၄င်း အရည်ဖြင့် ရေယုန်နာကို ဆွတ်လိမ်း ပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။

၃။ ထန်းရည်၊ အရက်ကြာရှည်စွာသောက်သုံးသူများ တစ်နှစ်တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းအားဖြင့်ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်အတောက်များ ပြေပျောက်စေ၏ ။

၎။ အရွက်ကို မီးကင်၍ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ အနာနုလျှင်ပိန်၍ အနာရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။

၅။အရွက်ကို ကြိတ်၍ အုံးစည်းပေးခြင်းဖြင့် အဖုအကျိတ်များလည်း ပျောက်၏။

၆။ ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်း ပျောက်၏ ။

၇။ ခွေးတောက်ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားတိုးပွားစေ၏ ။

၈။ ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး ၊ အန်ဆေးနှင့် သလိပ်ရွှင်ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

(၉) ခွေးတောက်ရွက်နုကို ကြက်ရိုးနှင့် ဟင်းရည်ပြုတ်သောက်ပါက ကာမအားတိုးစေပါသည်။

ကိုးကား - ဆေးဖက်ဝင်အပင်များ

လေဖြတ်ရောဂါအတွက် ဆိပ်ဖူးပင်----------------------------------------ယခုပုံထဲမှာ မြင်နေရတဲ့အပင်ကတော့ ဆိပ်ဖူးပင် ဖြစ်ပါတယ်။...
01/01/2017

လေဖြတ်ရောဂါအတွက် ဆိပ်ဖူးပင်
----------------------------------------

ယခုပုံထဲမှာ မြင်နေရတဲ့အပင်ကတော့ ဆိပ်ဖူးပင် ဖြစ်ပါတယ်။

ဆိပ်ဖူးပင်ဟာ ဆေးဖက်ဝင်သည့် အပင်တစ်မျိုး ဖြစ်ပါတယ်။ မြန်မာ့တိုင်းရင်းဆေးများမှာလည်း
ဆိပ်ဖူးကို ထည့်သွင်း အသုံးပြုထားကြပါသည်။ အချိုပင်နှင့် အချဉ်ပင် နှစ်မျိုးစလုံး သုံးနိုင်ပါသည်။

ဆေးသုံးစွဲနည်း
------------------

၁။ ဆိပ်ဖူးပင်၏ ဥကို ထောင်းပြီးလျှင် ထန်းလျှက်ရည်နှင့် တစ်နေ့ ၃ ကြိမ်ဖြင့် တစ်လခန့် သောက်ပေးပါက လေဖြတ်ဝေဒနာသည်များ အကောင်းအတိုင်း ပြန်ဖြစ်လာပါသည်။

၂။ ဆိပ်ဖူး၊ မျှစ်၊ ပုဇွန်တို့ကို အတူလုံး၍ ရွဲယိုရွက်ဖြင့် ထုပ်ကာ ချက်စားနိုင်ပါသည်။

၃။ ဆိပ်ဖူးကို ပုဇွန်ခြောက်နှင့်အတူကြော်၊ ကျက်ခါနီး ဆန်မှုန့်ရေဖြော်ပြီးထည့်၊ ကျက်သွားအောင်ထပ်ကြော်ပြီး စားသုံးလျှင် အလွန်အရသာရှိပါသည်။

၎။ ဆိပ်ဖူးကို မှိုနှင့်အတူ ချက်စားလျှင် အဆိပ်တောက်များကို ပြေစေပါသည်။

၅။ ဆိပ်ဖူးကို ပြုတ်၍ တို့စရာအဖြစ် စားသုံးနိုင်ပါသည်။ ငရုတ်သီးနှင့်အတူ ထောင်းစားနိုင်ပါသည်။

ဆိပ်ဖူးပင်သည် မိုးတွင်းမှာ အဖူး ဖူးပါသည်။ ၄င်းဆေးပင်ကို မွန်ပြည်နယ်၊ ထီးလင်း၊ သိမ်ဇရပ်နှင့် အချို့မြို့များမှာ ရနိုင်ပါသည်။ ဈေးထဲတွင်လည်း မေး၍ ၀ယ်ယူနိုင်ပါသည်။

မည်သူမဆို SHARE လုပ်ပေးခြင်းဖြင့် ဆေးဒါနပြုပေးနိုင်ကြပါသည်။

နေဆိုင် (ပူတာအို) မျှဝေပါသည်။

ဒန့်သလွန်အစေ့ခြောက်အစွမ်း━━━━━━━━━━━━━━━━━━(၁) ဒန့်သလွန်ရွက် ဟင်းချိုချက်သောက်ခြင်း။ကြော်စားခြင်းဖြင့်အစာကြေစေသည်။သွေးတိ...
01/01/2017

ဒန့်သလွန်အစေ့ခြောက်အစွမ်း
━━━━━━━━━━━━━━━━━━
(၁) ဒန့်သလွန်ရွက် ဟင်းချိုချက်သောက်ခြင်း။ကြော်စားခြင်းဖြင့်
အစာကြေစေသည်။သွေးတိုးအမူးရောဂါသက်သာစေသည်။

(၂) ဒန့်သလွန်ရွက်အစိမ်းကိုထောင်းအရည်ညှစ်ဆားအနည်းငယ်
ခပ်၍တိုက်လျှင်ချောင်းဆိုး။ကိုယ်ပူ အဖျားရောဂါသက်သာစေသည်။

(၃) ဒန့်သလွန်ရွက်သတ္တုရည်ကိုမျက်စဉ်းခပ်ပေးလျှင်ခေါင်းကြီးကိုက်
ရောဂါသက်သာစေသည်။

(၄) ဒန့်သလွန်သီးမီးဖုတ် အတွင်းမှအစေ့နှင့်အသားကိုခြစ်ယူပြီး
ကြက်ဥနှင့်ရောကြော်စားသော်သွေးဝမ်း။လိပ်ခေါင်းသွေးကျရောဂါ
သက်သာစေသည်။

(၅) ဒန့်သလွန်သီးအရင့်ကိုနေခြောက်လှန်းအစေ့ခြောက်ကိုဖန်ပုလင်း
ဖြင့်သိမ်းထားပါ။

သွေးတိုးလျှင်နှစ်စေ့။သုံးစေ့ဝါးစားပါ။ရေအဝသောက်ပါနာရီဝက်
အတွင်းသွေးတိုးကျပါသည်။

နှလုံးသွေးကြောကျဉ်းရောဂါရှိလျှင်အစေ့ခြောက်ကိုအမှုန့်ထောင်း
ပြီးပျားရည်နှင့်တေ။နေ့စဉ်ဟင်းစားဇွန်းတစ်ဇွန်းခန့်စားပါ။

ရင်ကြပ်။သွေးတိုး။နှလုံးမောရောဂါရှိလျှင် ဒန့်သလွန်သီးအစေ့
ခြောက်အမှုန့်နှင့် ချင်းခြောက်မှုန့်ဆတူရောစပ်။ရေနွေးနှင့်သောက်ပါ။

ဒန့်သလွန်သီးအစေ့ခြောက်ကိုနေလှန်းပြီးသိမ်းထားလျှင်နှစ်ကြာ
သည်အထိအာနိသင်မပျက်စီးပါ။

လိပ်ခေါင်းရောဂါပျောက်သည့် ဆေးနည်း(၁) အင်္ကောလအရွက်ခြောက်ကို အကျွမ်းလှော်၍ ပြာကဲ့သို့ဖြစ်အောင် အမှုန့်ချေထားပါ။ (၂) အေကၤာလျ...
31/12/2016

လိပ်ခေါင်းရောဂါပျောက်သည့် ဆေးနည်း
(၁) အင်္ကောလအရွက်ခြောက်ကို အကျွမ်းလှော်၍ ပြာကဲ့သို့ဖြစ်အောင် အမှုန့်ချေထားပါ။
(၂) အင်္ကောလပြာ ၁ ပဲသား၊ ငရုတ်ကောင်း ၂၅ စေ့၊ ဒုတ္ထာမီးဖောက် ၃ ပဲသား၊ ကျောက်ဆေးဒန်း ၁ ပဲသားတို့ကို ရောစပ်၍ ကျောက်ဆုံဖြင့် ညက်နေအောင် ထောင်းထားပါ။
(၃) နှမ်းဆီနှင့် ပျားဖယောင်းတို့ကို သင့်တော်ရုံထည့်၍ ညက်နေအောင် ထပ်ထောင်းပါ။
(၄) ၄င်းဆေးကို မြင်းသရိုက် အပြင်လိပ်ဖြစ်သည့်နေရာကို တစ်နေ့ ၂ကြိမ်ခန့် လိမ်းပေးပါ။
၎င်းဆေးကို လိမ်းပေးပါက တစ်ပတ်အတွင်းမှာ လိပ်ခေါင်းရောဂါ
ခြောက်သွေ့သွားပြီး ကွာကျသွားကာ ပျောက်ကင်းသွားပါမည်။ သဘာဝဆေးနည်းဖြစ်သည့်အတွက် အနည်းငယ် စိတ်ရှည်ပေးရပါမည်။
(အင်္ကောလဆေးပင်ကို မန္တလေးမြို့ဟောင်း ပုထိုးတော်ကြီးအနီးအနားတွင် များစွာပေါက်နေကြသည်ဟု သိရပါသည်။ လိုအပ်သည့်အခြားဆေးများကို ပရဆေးဆိုင်များတွင် ၀ယ်ယူနိုင်ကြပါသည်)
လိပ်ခေါင်းဝေဒနာကို ခံစားနေရသည့် ဝေဒနာရှင်များအားလုံး အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ကြပါစေ။
ကိုးကား - ဆရာဝရဇိန်မင်း၊ အစွမ်းထက်တိုင်းရင်းဆေးများ

Address

No.45 Bogalayzay St.
Yangon

Website

Alerts

Be the first to know and let us send you an email when ကချင်ဒေသထွက်ကုန် YGN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram