Dr. Nutrition

Dr. Nutrition Clinical Dietitian Nutritionist
(281)

06/01/2026

နဂါးမောက်သီး နဲ့ ကြက်ဥ မတည့်ဘူးဆို 🤔🤔🤔🤔

အခုတလော အမေးအများဆုံး မေးခွန်း ပါ

အဖြေ ကတော့ “တည့်ပါတယ်”

နဂါးမောက်သီး မှာ ကာဗိုဟိုက်ဒရိတ် အဓိက ပါပါတယ်။

ကြက်ဥ ကတော့ အသားဓါတ်ပါ။

မတည့်စရာ အကြောင်းမရှိပါဘူး။

တော်တော်များများ က တွဲစားရင် အစာမကြေဘူး။ အော့အန်တယ် စတာတွေ ပြောကြပါတယ်။ အမှန်တော့ နဂါးမောက်သီး နဲ့ ကြက်ဥ ကြောင့်မဟုတ်ပါဘူး။

အစားအသောက် စားတာ များပြီး အစာမကြေတာ အော့အန် တာ ပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#ကြက်ဥ #နဂါးမောက်သီး #အစာမကြေ #အစာမတည့်

04/01/2026

သကြား ဖြတ်နေကြတော့ မမြင်နိုင်တဲ့ သကြားတွေ (hidden sugar) ကို ရော သတိထားမိကြလား

#သကြား #သကြားဖြတ်

Basic Nutrition Class (အာဟာရ အခြေခံ သင်တန်း)     Class ( #အာဟာရ  #အခြေခံ သင်တန်း) batch (42) (3 ရက် ဆက်တိုက်) အတန်း စတင်...
02/01/2026

Basic Nutrition Class (အာဟာရ အခြေခံ သင်တန်း)

Class ( #အာဟာရ #အခြေခံ သင်တန်း) batch (42) (3 ရက် ဆက်တိုက်) အတန်း စတင်လက်ခံပါပြီ

သင်ကြားပေးမည့် ခေါင်းစဉ်များ

1. တွက်ချက်နည်း
2. တဦးချင်းစီ အလိုက် ကယ်လိုရီ လိုအပ်ချက် တွက်ချက်နည်း (BMR/TEE)
3. #ကာဗိုဟိုက်ဒရိတ် အကြောင်း
4. #အသားဓါတ် အကြောင်း
5. #အဆီဓါတ် အကြောင်း
6. အမျှင်ဓါတ်
7. ဗီတာမင် နှင့် သတ္တုဓါတ် အကြောင်း
8. အစားအသောက်များ ၏ ကယ်လိုရီ တွက်ချက်နည်း (exchange list)
9. Label (အာဟာရတန်ဖိုး ဇယား) ရေးနည်း/ ဖတ်နည်း
10. #သွေးတိုးရောဂါ အတွက် အစားအသောက်ပုံစံ
11. #ဆီးချို အတွက် အစားအသောက်ပုံစံ
12. #သွေးတွင်းအဆီဓါတ်များသူများ အတွက် အစားအသောက်ပုံစံ
13. #ကင်ဆာရောဂါ အတွက် အစားအသောက် ပုံစံ
14. နာတာရှည် #ကျောက်ကပ်ရောဂါ အတွက် အစား အသောက်ပုံစံ
15. #ဝိတ်ချ၊ #ဝိတ်တင် နေသူများအတွက်Diet plan/ meal plan ရေးနည်း

စတာတွေ ကို သင်ကြားပေးမှာ ဖြစ်ပါတယ်။

တက်ရောက်သင့်သူများ

1. trainer
2. box လုပ်သူများ
3. နာတာရှည်ရောဂါသည် ကို ပြုစုနေသူများ
4. #ဝိတ်ချ၊ ဝိတ်တင်နေသူများ
5. #ကျန်းမာရေး နယ်ပယ်မှာ လုပ်ကိုင်နေသူများ

သင်ကြားမယ့် ပုံစံ ကတော့ - zoom meeting နဲ့ပါ

သင်တန်းရက် ကတော့ - Batch - 42 (January 23, 24, 25) - 6 pm - 8:00 pm

သင်တန်းကြေး - ၅ သောင်း ကျပ်

သင်တန်းပြီးဆုံးကြောင်း Certificate ကိုemail ပို့ပေးပါတယ် ခင်ဗျာ

Messenger က တဆင့် စုံစမ်းပြီး အပ်လို့ရပါပြီ ခင်ဗျာ

#အာဟာရအခြေခံ

မင်္ဂလာရှိသော နှစ် အခါသမယ ဖြစ်ပါစေ လို့ Dr. Nutrition မိသားစု မှ ဆုမွန်ကောင်းတောင်းပါတယ်2026 တနှစ်ပတ်လုံး စိတ်ချမ်းသား က...
01/01/2026

မင်္ဂလာရှိသော နှစ် အခါသမယ ဖြစ်ပါစေ လို့ Dr. Nutrition မိသားစု မှ ဆုမွန်ကောင်းတောင်းပါတယ်

2026 တနှစ်ပတ်လုံး စိတ်ချမ်းသား ကိုယ်ကျန်းမာ ရှိကြပါစေ

ဒေါက်တာ ညီညီကျော်

31/12/2025

စိတ်ဖိစီမှု့ များနေရင် ခန္ဓာကိုယ် က ဘယ်လိုတုန့်ပြန်လဲ?

ဒေါက်တာ ညီညီကျော်
#စိတ်ဖိစီးမှု့

29/12/2025

Mounjaro ပိန်းဆေး အကြောင်း အပိုင်း (၂)

ဒေါက်တာ ညီညီကျော်

#ပိန်ဆေး

28/12/2025

Mounjaro ပိန်းဆေး အကြောင်း အပိုင်း (၁)

ဒေါက်တာ ညီညီကျော်

#ပိန်ဆေး

27/12/2025

ဝမ်းချုပ်တတ်ရင် ဘာလုပ်ပေးရမလဲ

ဒေါက်တာ ညီညီကျော်

#အာဟာရ #လေ့ကျင့်ခန်း #ဝမ်းချုပ်

25/12/2025

ချစ်ခင်ရပါသော Dr. Nutrition မိသားစုဝင်များခင်ဗျာ...
ဒီနေ့ကျရောက်တဲ့ ခရစ္စမတ်နေ့လေးမှာ လူကြီးမင်းတို့ရဲ့ နှလုံးသားမှာ ပျော်ရွှင်ခြင်းတွေ ပြည့်လျှံပြီး ခန္ဓာကိုယ်မှာလည်း အင်အားသစ်တွေ ပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ❄️✨
ခရစ္စမတ်ရဲ့ အကောင်းဆုံး လက်ဆောင်ဆိုတာ "ကျန်းမာခြင်း" ပါပဲ။ 🎁
ကိုယ်ချစ်ရတဲ့သူတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ၊ အာဟာရတွေနဲ့ ဂရုစိုက်ရင်း နွေးထွေးတဲ့ ခရစ္စမတ်ညလေးကို ပိုင်ဆိုင်ဖြတ်သန်းနိုင်ကြပါစေ။

Stay Healthy, Stay Happy! ❤️

#ခရစ္စမတ်ဆုတောင်း

20/12/2025

ဆီးချို နဲ့ ကျောက်ဖရုံသီး

ဒေါက်တာ ညီညီကျော်

#ဆီးချို #ကျောက်ဖရုံသီး

လူပြောများနေတဲ့ ပိန်ဆေး Mounjaro (Tirzepatide) ထိုးသင့် မထိုးသင့် ????အခုတလော ပိန်ဆေး ထိုးကြတယ် ဆိုပြီး လူအများကြားမှာ ရ...
18/12/2025

လူပြောများနေတဲ့ ပိန်ဆေး Mounjaro (Tirzepatide) ထိုးသင့် မထိုးသင့် ????

အခုတလော ပိန်ဆေး ထိုးကြတယ် ဆိုပြီး လူအများကြားမှာ ရေပန်းတော်တော်စားနေပါတယ်

တကယ် ပိန် လား????

- ပိန် ပါတယ်။ ဝိတ်တကယ်ကျပါတယ်။

ပိန်ဆေးဆိုပြီး ထိုးနေကြတဲ့ Mounjaro (Tirzepatide) အလုပ် လုပ်တဲ့ ပုံ က (glucose-dependent insulinotropic polypeptide) and GLP-1 (glucagon-like peptide-1) receptor agonist

နားလည် အလွယ်ဆုံး ပြောရရင်

- ဗိုက် ပြည့်တယ် ဆိုတဲ့ ခံစားချက် ရအောင် လုပ်ပေးထားပြီး အစာစားချင်စိတ် နည်းအောင်၊
- အစာအိမ်ကနေလဲ စားလိုက်တဲ့ အစာ ကို ဖြည်းဖြည်းချင်း အစာအိမ်က ပြန်ထွက်အောင် (slow gastric emptying) လုပ်ပေးထားတဲ့ ဆေးပါ။

ဆေးစထိုးရင်တော့ 2.5 mg ကို တပါတ်တကြိမ် (၄) ပါတ် ထိုးပြီး နောက်ပိုင်း 5 mg ကနေ 15 mg အထိ တိုးထိုးသွားတာမျိုးပါ။

ဘေးထွက်ဆိုးကျိုး လဲ ရှိပါတယ်
1. မူးမော်၊ အော့အန်
2. ရင်ပြည့်၊ ရင်ကယ် ဖြစ်တာ
3. မစားချင်လို့ အစာ မစားရာ ကနေ အစာအိမ်နာတာ၊ ယောင်တာတွေ ဖြစ်နိုင်ပါတယ်
4. ရေရှည် အစာစားချင်စိတ် နည်းသွားပြီး အာဟာရ ချို့တဲ့ တာမျိုး ဖြစ်နိုင်ပါတယ်။
5. ဝမ်းချုပ်ခြင်း

ဘေးထွက်ဆိုးကျိုးလဲ ရှိသလို ကောင်းကျိုးလဲ များပါတယ်။
1. ဝိတ်ကျစေခြင်း
2. ဆီးချို - HbA1c ကျစေနိုင်
3. သွေတိုးကျစေနိုင် (ဝိတ်ကျလာလို့)
4. သွေးတွင်းအဆီကျစေနိုင်
5. အသည်း အဆီဖုံးတာ သက်သာနိုင်

အရေးကြီးဆုံး အချက်က

Mounjaro ကို အသုံးမပြုမီ မိမိမှာ သိုင်းရွိုက် (Thyroid) ရောဂါ(အထူးသဖြင့် ကင်ဆာ) ရှိ၊ မရှိ သို့မဟုတ် ပန်ကရိယ (Pancreas) ရောဂါအခံ ရှိ၊ မရှိ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ထိုရောဂါတွေ ရှိရင် ဆေးထိုးဖို့ ကို ဆရာဝန် နဲ့ သေချာတိုင်ပင်ပါ။

ဓါတ်ခွဲခန်း မှာ ကြွက်တွေ ကို Mounjaro ဆေးထိုးကြည့်တဲ့ အခါ thyroid C cell tumor (သိုင်းရွိုက် ကင်ဆာ) ဖြစ်ကြတာ တွေ့ပေမယ့် လူတွေမှာ တော့ ဖြစ်တယ် ဆိုပြီး တွေ့ရှိချက် မရှိသေးပါဘူး။ ဒါကြောင့် မိမိ မျိုးရိုးထဲ မှာ Medullary Thyroid Carcinoma (MTC) လိုမျိုး သိုင်းရွိုက်ကင်ဆာ ဖြစ်ဖူးတာ ရှိရင်တော့ ဆေးမထိုးသင့်ပါ။

ဆရာဝန် နဲ့ သေချာ တိုင်ပင်ပြီး အကျိုးအပြစ် ကို နားလည်အောင် လုပ်ပြီး ထိုးကြပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#ပိန်ဆေး #ဝိတ်ချ #အာဟာရ #ဒေါက်တာညီညီကျော်

18/12/2025

အဆုတ်ကင်ဆာ အာဟာရ

#အဆုတ် #ကင်ဆာ #အာဟာရ

Address

Thiri Mingalar Street, Mayangone
Yangon
+95

Website

Alerts

Be the first to know and let us send you an email when Dr. Nutrition posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Nutrition:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category