Pinlon - ပင်လုံ Hospital

Pinlon - ပင်လုံ Hospital Esteemed medical institution delivering healthcare with advanced technology and skilled professionals The OFFICIAL page of Pinlon Hospital.

Please write your reviews, ask questions and check in here. Thank you for supporting Pinlon Hospital. We wish to hear from you.

23/04/2026

ပင်လုံဆေးရုံကြီးတွင် ကင်ဆာရောဂါကို အောင်မြင်စွာ ကုသပြီးစီးခဲ့သော ကင်ဆာဝေဒနာရှင် (၂)ဦး၏ အတွေ့အကြုံများ အပိုင်း (၁)

✨ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် မိဘပြည်သူများအနေနဲ့ စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေလို့ ပင်လုံ...
17/04/2026

✨ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် မိဘပြည်သူများအနေနဲ့ စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေလို့ ပင်လုံဆေးရုံများအုပ်စု မှ ထပ်လောင်းဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။ 🙏
———————-

✨💦 မြန်မာနှစ်သစ်ကူးအတာသင်္ကြန်အခါသမယတွင် ကျန်းမာပျော်ရွှင်ခြင်းသုခအပေါင်းနှင့် ပြည့်စုံ ကြပါစေကြောင်း ပင်လုံဆေးရုံများအု...
13/04/2026

✨💦 မြန်မာနှစ်သစ်ကူးအတာသင်္ကြန်အခါသမယတွင် ကျန်းမာပျော်ရွှင်ခြင်းသုခအပေါင်းနှင့် ပြည့်စုံ ကြပါစေကြောင်း ပင်လုံဆေးရုံများအုပ်စုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ 🙏


—————————

💦ပင်လုံဆေးရုံကြီးတွင် မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလအကြို မုန့်လုံးရေပေါ် စတုဒီသာ ကျွေးမွေးလှူဒါန်းခဲ့ပုံများကို ပြန်လည်မျှ...
11/04/2026

💦ပင်လုံဆေးရုံကြီးတွင် မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလအကြို မုန့်လုံးရေပေါ် စတုဒီသာ ကျွေးမွေးလှူဒါန်းခဲ့ပုံများကို ပြန်လည်မျှဝေလိုက်ရပါတယ်ရှင်။ အမှတ်တရ ဓာတ်ပုံလှလှလေးတွေ ရိုက်ဖို့အတွက်လည်း Photo Booth လေး ပြင်ဆင်ပေးထားလို့ လာရောက်ရိုက်ကူးဖို့အတွက်လည်း ဖိတ်ခေါ်ပါတယ်ရှင်။ 🥰
———————-

💦နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း (၁၃.၄.၂၀၂၆ ရက်နေ့မှ ၁၆.၄.၂၀၂၆ ရက်နေ့အထိ)💦✅နေ့စဉ် (၂၄) နာရီ ဆောင်ရွက်ပေးလျက်ရှိသော ကျန်းမာရေ...
08/04/2026

💦နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း (၁၃.၄.၂၀၂၆ ရက်နေ့မှ ၁၆.၄.၂၀၂၆ ရက်နေ့အထိ)💦

✅နေ့စဉ် (၂၄) နာရီ ဆောင်ရွက်ပေးလျက်ရှိသော ကျန်းမာရေးဝန်ဆောင်မှုများ
🔹အတွင်းလူနာဝန်ဆောင်မှု (Inpatient Service)
🔹အရေးပေါ်လူနာ ဝန်ဆောင်မှု (Emergency Service)
🔹အထူးကြပ်မတ်ကုသဆောင်ဝန်ဆောင်မှု (ICU Service)
🔹ပြင်ပလူနာနှင့် အတွင်းလူနာများအတွက် ဆေးအရောင်းဝန်ဆောင်မှု (OPD & Inpatient Pharmacy)
🔹ဓာတ်ခွဲခန်းဝန်ဆောင်မှု (Lab Service)
🔹ဓာတ်မှန်ဘက်ဆိုင်ရာ ဝန်ဆောင်မှုများ (X-ray, CT, MRI) (Imaging Service)
🔹ခွဲစိတ်ခန်းဝန်ဆောင်မှု (Operation Theatre Service)
🔹 အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်းဝန်ဆောင်မှု (Endoscopy Service)

✅နံနက် (၇) နာရီမှ ည (၇) နာရီအတွင်း ဆောင်ရွက်ပေးမည့် ကျန်းမာရေးဝန်ဆောင်မှုများ
🔹ပြင်ပလူနာဝန်ဆောင်မှု (Outpatient Department Service)
🔹ကာယကုသမှုနှင့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းဝန်ဆောင်မှု (Physiotherapy and Rehabilitation Service)
🔹ကျောက်ကပ်သွေးသန့်စင်ခြင်း ဝန်ဆောင်မှု (Hemodialysis Service)
🔹ကင်ဆာဆေးသွင်းအထူးကုခြင်း ဝန်ဆောင်မှု(Chemo Day Care and Infusion Service)

✅ခေတ္တရပ်နားထားမည့် ကျန်းမာရေးဝန်ဆောင်မှုများ
🔹ကျန်းမာရေးစစ်ဆေးခြင်း ဝန်ဆောင်မှု (Health Screening Service)
🔹အဏုမြူရောင်ခြည်သုံး ရောဂါရှာဖွေခြင်းဌာန (PET/CT & SPECT/CT Imaging Centre)
🔹ဓာတ်‌ရောင်ခြည်ဖြင့် ကုသခြင်း ဝန်ဆောင်မှု (Department of Radiation Oncology)
ကင်ဆာအထူးကုဌာနသည် (၁၄၊ ၁၅၊ ၁၆.၄.၂၀၂၆ နေ့)ထိ ခေတ္တပိတ်ထားမှာဖြစ်ပြီး (၁၇.၄.၂၀၂၆) တွင် ပြန်လည်ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်ရှင်။
🔹သွားဆေးခန်း (Dental Clinic) သည် (၁၃.၄.၂၀၂၆ နှင့် ၁၇.၄.၂၀၂၆ နေ့) ထိ ခေတ္တပိတ်ထားမှာဖြစ်ပြီး (၁၈.၄.၂၀၂၆) တွင် ပြန်လည်ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်ရှင်။

ပင်လုံဆေးရုံဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး အသေးစိတ်စုံစမ်းသိရှိလိုပါက
☎𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞: 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐄𝐱𝐭: 𝟏𝟎𝟎𝟒) / 𝐏𝐡𝐨𝐧𝐞: 𝟎𝟗-𝟕𝟕𝟕𝟕𝟕 𝟗𝟎𝟎𝟑~𝟒 သို့ ဆက်သွယ်နိုင်ပါပြီရှင်။
*********************

ကမ္ဘာ့ကျန်းမာရေးနေ့ (𝗪𝗼𝗿𝗹𝗱 𝗛𝗲𝗮𝗹𝘁𝗵 𝗗𝗮𝘆)Together for health. Stand with science.၂၀၂၆ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့တွင်ကျရောက်သေ...
07/04/2026

ကမ္ဘာ့ကျန်းမာရေးနေ့ (𝗪𝗼𝗿𝗹𝗱 𝗛𝗲𝗮𝗹𝘁𝗵 𝗗𝗮𝘆)
Together for health. Stand with science.
၂၀၂၆ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ကျန်းမာရေးနေ့ "𝗪𝗼𝗿𝗹𝗱 𝗛𝗲𝗮𝗹𝘁𝗵 𝗗𝗮𝘆 " တွင် မိဘပြည်သူအပေါင်း ကိုယ်စိတ်နှလုံးကျန်းမာပြီး အနာရောဂါ၊ ကပ်ရောဂါအပေါင်းမှ ကင်းဝေးကြပါစေကြောင်း၊ ပင်လုံဆေးရုံများအုပ်စုမှ ဆုမွန်ကောင်းတောင်းရင်း ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။

---------------------------

နှလုံးသွေးကြောကျဉ်းရောဂါ (𝐂𝐨𝐫𝐨𝐧𝐚𝐫𝐲 𝐀𝐫𝐭𝐞𝐫𝐲 𝐃𝐢𝐬𝐞𝐚𝐬𝐞) ခံစားနေရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အမေးများတဲ့ မေးခွန်းတစ်ခုကတေ...
02/04/2026

နှလုံးသွေးကြောကျဉ်းရောဂါ (𝐂𝐨𝐫𝐨𝐧𝐚𝐫𝐲 𝐀𝐫𝐭𝐞𝐫𝐲 𝐃𝐢𝐬𝐞𝐚𝐬𝐞) ခံစားနေရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အမေးများတဲ့ မေးခွန်းတစ်ခုကတော့ "ဒီရောဂါကို အပြီးအပိုင် ပျောက်ကင်းအောင် ကုသလို့ ရသလား" ဆိုတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီရောဂါကို ကုသနိုင်တဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး 𝐌𝐚𝐲𝐨 𝐂𝐥𝐢𝐧𝐢𝐜 ရဲ့ ဆေးပညာဆိုင်ရာ လမ်းညွှန်ချက်တွေကို ကိုးကားအခြေခံကာ ပင်လုံဆေးရုံကြီးက ဝေမျှပေးသွားပါရစေ။
နှလုံးသွေးကြောကျဉ်းရောဂါဟာ အပြီးအပိုင် ပျောက်ကင်းအောင်ကုသလို့မရပေမဲ့ အောက်ပါနည်းလမ်းတွေနဲ့ ထိရောက်စွာ ထိန်းချုပ်ကုသနိုင်ပါတယ်။

၁။ လူနေမှုပုံစံ ပြောင်းလဲခြင်း
ဆေးလိပ်ဖြတ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များ စားသုံးခြင်း၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ ကိုယ်အလေးချိန် လျှော့ချခြင်းနဲ့ စိတ်ဖိစီးမှု လျှော့ချခြင်း စတဲ့ အချက်တွေဟာ ရောဂါကို ထိန်းချုပ်ဖို့အတွက် အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်ပါတယ်။

၂။ ဆေးဝါးများဖြင့် ကုသခြင်း
သွေးကြောကျဉ်းရောဂါကို ထိန်းချုပ်ဖို့အတွက် 𝐂𝐡𝐨𝐥𝐞𝐬𝐭𝐞𝐫𝐨𝐥 လျှော့ချတဲ့ဆေးများ၊ သွေးကျဲဆေးများ၊ နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်စေရန် ထိန်းချုပ်ပေးသော ဆေးဝါးများကို ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးရမှာ ဖြစ်ပါတယ်။

၃။ သွေးကြောချဲ့ပြီး 𝐒𝐭𝐞𝐧𝐭 ထည့်ခြင်း
သွေးကြောအတွင်း ပိတ်ဆို့နေတဲ့နေရာကို ပူဖောင်းနဲ့ ချဲ့ပေးပြီး သွေးလည်ပတ်မှု ပြန်လည်ကောင်းမွန်လာအောင် 𝐒𝐭𝐞𝐧𝐭 လို့ခေါ်တဲ့ နှလုံးသွေးကြောချဲ့ အထောက်အကူပစ္စည်း ထည့်သွင်းပေးတဲ့ နည်းလမ်း ဖြစ်ပါတယ်။

၄။ သွေးကြောအစားထိုး ကုသခြင်း (𝐂𝐨𝐫𝐨𝐧𝐚𝐫𝐲 𝐚𝐫𝐭𝐞𝐫𝐲 𝐛𝐲𝐩𝐚𝐬𝐬 𝐠𝐫𝐚𝐟𝐭 𝐬𝐮𝐫𝐠𝐞𝐫𝐲 - 𝐂𝐀𝐁𝐆)
ဒါကတော့ ပိတ်ဆို့နေတဲ့ သွေးကြောကို ကျော်ပြီး သွေးအသစ် လည်ပတ်နိုင်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ တခြားနေရာက သွေးကြောနဲ့ အစားထိုး သွယ်တန်းပေးတဲ့ ခွဲစိတ်ကုသမှု ဖြစ်ပါတယ်။

ဒီရောဂါဟာ အမြဲတမ်း သတိထား ဂရုစိုက်ပြီး ပုံမှန်ကုသမှု ခံယူသွားရမဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ မိမိကိုယ်တိုင်နဲ့ ချစ်ခင်ရသူတွေမှာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ စစ်ဆေးမှုနဲ့ ကုသမှုတွေ ခံယူနိုင်ဖို့အတွက် ပေါ့ဆမနေဘဲ ကျွမ်းကျင်ဆရာဝန်ကြီးများနဲ့ ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးကြဖို့ ပင်လုံဆေးရုံကြီးက တိုက်တွန်းနှိုးဆော်လိုက်ပါရစေ။

ပင်လုံဆေးရုံကြီးမှာ နှလုံးကျန်းမာရေးနဲ့ ပတ်သက်ပြီး ကုသမှုခံယူလိုပါက ကျွမ်းကျင်ဝါရင့် ဆရာဝန်ကြီးများ၊ ခေတ်မီစက်ကိရိယာများနှင့်အတူ နွေးထွေးဖော်ရွေစွာဖြင့် ကျန်းမာရေးဝန်ဆောင်မှု ပေးလျက်ရှိပါတယ်ရှင်။

ဆရာဝန်ကြီးများနှင့် ပြသရန်အတွက် အသေးစိတ်စုံစမ်းမေးမြန်းခြင်းနှင့် ဘိုကင်ယူရန်
📞𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞: 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐄𝐱𝐭: 𝟏𝟎𝟎𝟒) 𝐏𝐡𝐨𝐧𝐞: 𝟎𝟗-𝟕𝟕𝟕𝟕𝟕 𝟗𝟎𝟎𝟑~𝟒 သို့ ဆက်သွယ်နိုင် ပါပြီရှင်။

“ချစ်ရသူတွေရဲ့ နှလုံးကျန်းမာရေးအတွက် အားထားရာဆေးရုံ … ပင်လုံ”

𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤 (ပြင်းထန်တဲ့နှလုံးထိခိုက်ခြင်း) အသက်ကြီးသူတွေမှာသာ ဖြစ်တတ်တယ်လို့ လူအများစုက ယူဆထားကြပါတယ်။ ဒါပေမဲ့ လူငယ်တွ...
01/04/2026

𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤 (ပြင်းထန်တဲ့နှလုံးထိခိုက်ခြင်း) အသက်ကြီးသူတွေမှာသာ ဖြစ်တတ်တယ်လို့ လူအများစုက ယူဆထားကြပါတယ်။ ဒါပေမဲ့ လူငယ်တွေမှာလည်း 𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤 ဖြစ်နိုင်ပါတယ်။ 𝐂𝐥𝐞𝐯𝐞𝐥𝐚𝐧𝐝 𝐂𝐥𝐢𝐧𝐢𝐜 ရဲ့ ဆောင်းပါးအရ လူငယ်တွေအကြား 𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤 ဖြစ်ပွားမှုနှုန်း မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။

လူငယ်တွေမှာ ဘာကြောင့် 𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤 ဖြစ်လာနိုင်တာလဲ?
အောက်ပါအကြောင်းရင်းတွေကြောင့် လူငယ်တွေမှာ နှလုံးသွေးကြောကျဉ်းခြင်းနဲ့ 𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤 ဖြစ်နိုင်ခြေ မြင့်တက်လာရတာပဲဖြစ်ပါတယ်။

• ဆေးလိပ်သောက်ခြင်း
• မူးယစ်ဆေးဝါး (အထူးသဖြင့် 𝐜𝐨𝐜𝐚𝐢𝐧𝐞 ကဲ့သို့သော 𝐬𝐭𝐢𝐦𝐮𝐥𝐚𝐧𝐭 များ) အသုံးပြုခြင်း
• အဝလွန်ခြင်း
• အစားအသောက် မဆင်ခြင်ခြင်း၊ ဆေးကုသမှုမခံယူခြင်း (သို့မဟုတ်) ဆေးကုသမှု ခံယူမှုပုံစံ မမှန်ကန်ခြင်း စသည့်အကြောင်းအရင်းများနှင့်အတူကောင်းမွန်စွာ ထိန်းချုပ်မထားသောသွေးတိုးနှင့် ဆီးချိုရောဂါ (𝐔𝐧𝐜𝐨𝐧𝐭𝐫𝐨𝐥𝐥𝐞𝐝 𝐡𝐢𝐠𝐡 𝐛𝐥𝐨𝐨𝐝 𝐩𝐫𝐞𝐬𝐬𝐮𝐫𝐞 𝐚𝐧𝐝 𝐝𝐢𝐚𝐛𝐞𝐭𝐞𝐬)
• ကိုယ့်ရဲ့မိသားစုဝင်နဲ့ မျိုးရိုးထဲမှာ နှလုံးရောဂါ ရှိဖူးသူများ (𝐅𝐚𝐦𝐢𝐥𝐲 𝐡𝐢𝐬𝐭𝐨𝐫𝐲 𝐨𝐟 𝐡𝐞𝐚𝐫𝐭 𝐝𝐢𝐬𝐞𝐚𝐬𝐞) ကလည်း လူငယ်အရွယ်ကတည်းက အန္တရာယ်ရှိနိုင်ပါတယ်။

𝐂𝐥𝐞𝐯𝐞𝐥𝐚𝐧𝐝 𝐂𝐥𝐢𝐧𝐢𝐜 ရဲ့ ဆောင်းပါးအရ လူငယ်တွေမှာ 𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤 ဖြစ်ပွားရခြင်းဟာ သွေးကြောအတွင်း အဆီခဲများ စုပုံလာခြင်း (𝐀𝐭𝐡𝐞𝐫𝐨𝐬𝐜𝐥𝐞𝐫𝐨𝐬𝐢𝐬)၊ သွေးခဲခြင်းနဲ့ ဆေးဝါး သို့မဟုတ် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် သွေးကြောကျဉ်းသွားခြင်းတို့ကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သတိထားရမဲ့ ရောဂါလက္ခဏာများ
လူငယ်ဖြစ်ပေမဲ့ အောက်ပါလက္ခဏာတွေ ရှိလာမယ်ဆိုရင်တော့ ပေါ့ဆမထားဘဲ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
• ရင်ဘတ်အောင့်ခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်း (အဆိုပါနာကျင်မှုသည် မေးရိုး၊ လည်ပင်း၊ ပခုံး၊ လက်မောင်း သို့မဟုတ် ကျောပြင်အထိပါ နာကျင်မှုခံစားလာရခြင်း)
• အသက်ရှူမဝခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း
• အကြောင်းအရင်းမရှိဘဲ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အားအင်ကုန်ခမ်းခြင်း
• ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ပျို့အန်ခြင်း သို့မဟုတ် အော့အန်ခြင်း
• စိုးရိမ်ပူပန်မှုလွန်ကဲစွာ ခံစားရခြင်း
• ချွေးအလွန်အမင်းထွက်ခြင်း
• မူးဝေခြင်း (ဝေဝါးမိန်းမောခြင်း)
• သတိလစ်ခြင်း

သက်ကြီးပိုင်းတွေသာမက လူငယ်ပိုင်း၊ သက်လတ်ပိုင်း လူရွယ်ပိုင်းတွေမှာလည်း ဖြစ်ပေါ်နိုင်တဲ့ အရေးကြီးကျန်းမာရေးအခြေအနေတစ်ခု ဖြစ်တဲ့အတွက် မျိုးရိုးလိုက်နှလုံးရောဂါအခံရှိသူတွေ၊ သွေးတိုး/ဆီးချို ရှိသူတွေ၊ ဆေးလိပ်သောက်သူတွေဟာ လူငယ်ဖြစ်ပေမဲ့လည်း ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်သင့်တဲ့အကြောင်း ပင်လုံဆေးရုံကြီးက တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

နှလုံးကျန်းမာရေး စောင့်ရှောက်မှုအတွက် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ချင်ရင်တော့ စိတ်ချယုံကြည်ရတဲ့ ပင်လုံဆေးရုံကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

ဆရာဝန်ကြီးများနှင့် ပြသရန်အတွက် အသေးစိတ်စုံစမ်းမေးမြန်းခြင်းနှင့် ဘိုကင်ယူရန်
📞𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞: 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐄𝐱𝐭: 𝟏𝟎𝟎𝟒) 𝐏𝐡𝐨𝐧𝐞: 𝟎𝟗-𝟕𝟕𝟕𝟕𝟕 𝟗𝟎𝟎𝟑~𝟒 သို့ ဆက်သွယ်နိုင် ပါပြီရှင်။

“ချစ်ရသူတွေရဲ့ နှလုံးကျန်းမာရေးအတွက် အားထားရာဆေးရုံ … ပင်လုံ”

ပင်လုံဆေးရုံကြီးမှာရှိတဲ့ 𝐏𝐡𝐢𝐥𝐢𝐩𝐬 𝐈𝐧𝐠𝐞𝐧𝐢𝐚 𝐄𝐥𝐢𝐭𝐢𝐨𝐧 𝐒 𝟑.𝟎𝐓 𝐌𝐑𝐈 စက်ကြီးသည် ခေတ်မီနည်းပညာများစွာကို အသုံးပြုထားတဲ့ အဆင့်မြင်...
01/04/2026

ပင်လုံဆေးရုံကြီးမှာရှိတဲ့ 𝐏𝐡𝐢𝐥𝐢𝐩𝐬 𝐈𝐧𝐠𝐞𝐧𝐢𝐚 𝐄𝐥𝐢𝐭𝐢𝐨𝐧 𝐒 𝟑.𝟎𝐓 𝐌𝐑𝐈 စက်ကြီးသည် ခေတ်မီနည်းပညာများစွာကို အသုံးပြုထားတဲ့ အဆင့်မြင့် MRI စက်တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ တစ်ရှူးများနှင့် အင်္ဂါအစိတ်အပိုင်းများကို ရှင်းလင်းစွာ ပုံရိပ်ဖမ်းယူနိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။

✅အားသာချက်တွေအနေနဲ့-
🔹ရှင်းလင်းပြတ်သားသောပုံရိပ်များ - ဒီစက်မှာ 𝟑 𝐓𝐞𝐬𝐥𝐚 သံလိုက်စက်ကွင်း ပါဝင်တာကြောင့် ပုံရိပ်များဟာ အလွန်ရှင်းလင်းပြတ်သားပြီး ရောဂါများကို ပိုမိုတိကျစွာ ရှာဖွေနိုင်ပါတယ်။
🔹တိကျ မြန်ဆန်သော စစ်ဆေးမှု - 𝐃 𝐒𝐭𝐫𝐞𝐚𝐦 𝐅𝐮𝐥𝐥𝐲 𝐃𝐢𝐠𝐢𝐭𝐚𝐥 နဲ့ 𝐌𝐮𝐥𝐭𝐢𝐭𝐫𝐚𝐧𝐬𝐦𝐢𝐭 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 တို့ကို အသုံးပြုထားတာကြောင့် ပုံရိပ်အရည်အသွေးကို မြှင့်တင်ပေးရုံသာမက စစ်ဆေးချိန်ကိုလည်း လျှော့ချပေးပြီး ပုံရိပ်များကို ပိုမိုမြန်ဆန်စွာ ရရှိနိုင်တာကြောင့် လူနာအတွက် စိတ်ဖိစီးမှု နည်းပါးစေပါတယ်။
🔹လူနာအတွက်သက်သောင့်သက်သာရှိမှု - ဒီ 𝐌𝐑𝐈 စက်ရဲ့ 𝐌𝐚𝐠𝐧𝐞𝐭 𝐁𝐨𝐫𝐞 ဟာ ပုံမှန် 𝐌𝐑𝐈 စက်တွေထက် ပိုမိုကျယ်ပြန့်ပြီး 𝐒𝐡𝐨𝐫𝐭 𝐁𝐨𝐫𝐞 ဒီဇိုင်းဖြစ်တာကြောင့် 𝐂𝐥𝐚𝐮𝐬𝐭𝐫𝐨𝐩𝐡𝐨𝐛𝐢𝐚 (ကျဉ်းမြောင်းတဲ့နေရာကို ထိတ်လန့်တတ်ခြင်း) ရှိသူ လူနာတွေအတွက် ဒီ 𝐌𝐑𝐈 စက်ဟာ အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်ပြီး လူနာများအတွက် သက်သောင့်သက်သာ ရှိစေပါတယ်။
ဒါ့အပြင် 𝐏𝐡𝐢𝐥𝐢𝐩𝐬 𝐀𝐦𝐛𝐢𝐞𝐧𝐭 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 𝐒𝐲𝐬𝐭𝐞𝐦 ကိုလည်း တပ်ဆင်ထားပြီး ဒီစနစ်ရဲ့ အလင်း၊ အသံနဲ့ 𝐕𝐢𝐬𝐮𝐚𝐥 တွေက လူနာများရဲ့ စိတ်ဖိစီးမှုကို 𝐌𝐑𝐈 ရိုက်ကူးနေစဉ်အတွင်းမှာ အာရုံလွှဲနိုင်ပြီး ပိုမိုထိရောက်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်နိုင်ဖို့ အထောက်အကူပြုပေး နိုင်ပါတယ်။

𝐌𝐑𝐈 စက်ဖြင့် ရိုက်ကူးနိုင်သောရောဂါများမှာ...
1️⃣ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါများ
2️⃣ကင်ဆာရောဂါများ
3️⃣အရိုးနဲ့ အဆစ်ဆိုင်ရာ ရောဂါများ
4️⃣နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများ
5️⃣အသည်း၊ ကျောက်ကပ်၊ သားအိမ်နဲ့ မမျိုးဥအိမ်ပြဿနာများ
6️⃣ကြွက်သားနဲ့ အရွတ်ဆိုင်ရာ ရောဂါများ
7️⃣ကျောရိုးဆိုင်ရာ ရောဂါများ
8️⃣အူလမ်းကြောင်းဆိုင်ရာ ရောဂါများ အစရှိသဖြင့်စစ်ဆေးသိရှိနိုင်ပါတယ်။

𝐌𝐑𝐈 ရိုက်ကူးခြင်းနှင့် ပတ်သက်ပြီး ဆက်သွယ်ဘိုကင်လိုပါက
ပင်လုံဆေးရုံ ဓာတ်မှန်ဌာန ဖုန်းနံပါတ် - 𝟎𝟗-𝟕𝟕𝟕 𝟎𝟒𝟓 𝟎𝟐𝟔 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
#𝟑𝐓𝐞𝐥𝐬𝐚 #𝐌𝐑𝐈 #ပင်လုံဆေးရုံ
--------------------------------

🩺အထွေထွေနှင့် အစာအိမ်၊ အူလမ်းကြောင်းခွဲစိတ်အထူးကုဆရာဝန်ကြီး                                                             ...
31/03/2026

🩺အထွေထွေနှင့် အစာအိမ်၊ အူလမ်းကြောင်းခွဲစိတ်အထူးကုဆရာဝန်ကြီး 👨‍⚕️ဒေါက်တာ ဦးခင်မောင်ဖြိုး
𝐌.𝐁.,𝐁.𝐒, 𝐌.𝐌𝐞𝐝.𝐒𝐜 (𝐒𝐮𝐫𝐠𝐞𝐫𝐲)
𝐅.𝐑.𝐂.𝐒 (𝐄𝐝), 𝐅.𝐑.𝐂.𝐒 (𝐆𝐥𝐚𝐬𝐠𝐨𝐰)
𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐚𝐧𝐝 𝐂𝐨𝐥𝐨𝐫𝐞𝐜𝐭𝐚𝐥 𝐒𝐮𝐫𝐠𝐞𝐨𝐧
𝐎𝐏𝐃 🗓 : 𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐅𝐫𝐢𝐝𝐚𝐲
-----------------------------
✅ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးတွင် အထွေထွေနှင့် အစာအိမ်၊ အူလမ်းကြောင်းခွဲစိတ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်လိုသူများအတွက် အထွေထွေနှင့် အစာအိမ်၊ အူလမ်းကြောင်းခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာဦးခင်မောင်ဖြိုးမှ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့များတွင် ပြင်ပလူနာကြည့်ရှုကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

✅ထို့ကြောင့် ဆရာကြီးနှင့် ပြသလိုသူများသည် အောက်ပါဖုန်းနံပါတ်များမှ တစ်ဆင့် ကြိုတင်စာရင်း ပေးသွင်း နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ပင်လုံဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများနှင့် ပြသရန်အတွက် ဆက်သွယ် booking ယူရန်
☎𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐄𝐱𝐭 : 𝟏𝟎𝟎𝟏 ~ 𝟏𝟎𝟎𝟒), 𝟎𝟗-𝟕𝟕𝟕𝟕𝟕 𝟗𝟎𝟎𝟑 ~ 𝟒
𝐂𝐚𝐫𝐞𝐦𝐞𝐛𝐨𝐭 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫, 𝐕𝐢𝐛𝐞𝐫 နှင့် 𝐖𝐞𝐛𝐬𝐢𝐭𝐞 တို့မှတဆင့်လည်း ဘိုကင်တင်နိုင်ပါသည်။ 👇
http://m.me/caremebots?ref=booking_pinlon
Caremebot Viber မှတစ်ဆင့် ဘိုကင်တင်ရန် 👇
https://ymbhub.com/ekzD
Website မှ တဆင့် ဘိုကင်တင်ရန် 👇
https://caremebot.com/HospitalProfile?hospitalid=57
📍လိပ်စာ - အမှတ် (၉/၁)၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
"ကျန်းမာရေးအတွက် အားထားရာ ဆေးရုံ … ပင်လုံ"

--------------------------

🩺သားဖွား၊ မီးယပ်အထူးကုဆရာဝန်ကြီး👨‍⚕️ဒေါက်တာ ဦးမျိုးဝင်း𝐌.𝐁.,𝐁.𝐒, 𝐌.𝐌𝐞𝐝.𝐒𝐜 (𝐎𝐆)𝐃𝐫.𝐌𝐞𝐝.𝐒𝐜 (𝐎𝐆)𝐅𝐞𝐥𝐥𝐨𝐰𝐬𝐡𝐢𝐩 𝐢𝐧 𝐆𝐲𝐧𝐞𝐜𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 ...
30/03/2026

🩺သားဖွား၊ မီးယပ်အထူးကုဆရာဝန်ကြီး
👨‍⚕️ဒေါက်တာ ဦးမျိုးဝင်း
𝐌.𝐁.,𝐁.𝐒, 𝐌.𝐌𝐞𝐝.𝐒𝐜 (𝐎𝐆)
𝐃𝐫.𝐌𝐞𝐝.𝐒𝐜 (𝐎𝐆)
𝐅𝐞𝐥𝐥𝐨𝐰𝐬𝐡𝐢𝐩 𝐢𝐧 𝐆𝐲𝐧𝐞𝐜𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐄𝐧𝐝𝐨𝐬𝐜𝐨𝐩𝐲 (𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝)
𝐒𝐞𝐧𝐢𝐨𝐫 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭 𝐎𝐛𝐬𝐭𝐞𝐭𝐫𝐢𝐜𝐢𝐚𝐧 𝐚𝐧𝐝 𝐆𝐲𝐧𝐞𝐜𝐨𝐥𝐨𝐠𝐢𝐬𝐭
🕚𝐎𝐏𝐃 𝐓𝐢𝐦𝐞𝐬: 𝐌𝐨𝐧𝐝𝐚𝐲 – 𝟏𝟏:𝟎𝟎 𝐚.𝐦./ 𝐅𝐫𝐢𝐝𝐚𝐲 – 𝟓:𝟎𝟎 𝐩.𝐦.
-----------------------------
✅ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးတွင် သားဖွား၊ မီးယပ်နှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်လိုသူများအတွက် သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးမျိုးဝင်းမှ အပတ်စဉ် တနင်္လာနေ့ နံနက် (၁၁)နာရီအချိန်နှင့် သောကြာနေ့ ညနေ (၅ နာရီ) အချိန်များတွင် ပြင်ပလူနာကြည့်ရှုကုသမှုများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။
✅ထို့ကြောင့် ဆရာကြီးနှင့် ပြသလိုသူများသည် အောက်ပါဖုန်းနံပါတ်များမှ တစ်ဆင့် ကြိုတင်စာရင်း ပေးသွင်း နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ပင်လုံဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများနှင့် ပြသရန်အတွက် ဆက်သွယ် booking ယူရန်
☎𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐄𝐱𝐭 : 𝟏𝟎𝟎𝟏 ~ 𝟏𝟎𝟎𝟒), 𝟎𝟗-𝟕𝟕𝟕𝟕𝟕 𝟗𝟎𝟎𝟑 ~ 𝟒
𝐂𝐚𝐫𝐞𝐦𝐞𝐛𝐨𝐭 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫, 𝐕𝐢𝐛𝐞𝐫 နှင့် 𝐖𝐞𝐛𝐬𝐢𝐭𝐞 တို့မှတဆင့်လည်း ဘိုကင်တင်နိုင်ပါသည်။ 👇
http://m.me/caremebots?ref=booking_pinlon
Caremebot Viber မှတစ်ဆင့် ဘိုကင်တင်ရန် 👇
https://ymbhub.com/ekzD
Website မှ တဆင့် ဘိုကင်တင်ရန် 👇
https://caremebot.com/HospitalProfile?hospitalid=57

📍လိပ်စာ - အမှတ် (၉/၁)၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
"ကျန်းမာရေးအတွက် အားထားရာ ဆေးရုံ … ပင်လုံ"


--------------------------

🩺𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐨𝐜𝐭𝐨𝐫’𝐬 𝐃𝐚𝐲 | 𝐌𝐚𝐫𝐜𝐡 𝟑𝟎, 𝟐𝟎𝟐𝟔🩺𝐇𝐨𝐧𝐨𝐫 𝐭𝐡𝐞 𝐂𝐚𝐥𝐥𝐢𝐧𝐠---------------------၂၀၂၆ ခုနှစ် မတ်လ (၃၀) ရက် ယနေ့မှာ ကျရောက်တ...
30/03/2026

🩺𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐨𝐜𝐭𝐨𝐫’𝐬 𝐃𝐚𝐲 | 𝐌𝐚𝐫𝐜𝐡 𝟑𝟎, 𝟐𝟎𝟐𝟔🩺
𝐇𝐨𝐧𝐨𝐫 𝐭𝐡𝐞 𝐂𝐚𝐥𝐥𝐢𝐧𝐠
---------------------
၂၀၂၆ ခုနှစ် မတ်လ (၃၀) ရက် ယနေ့မှာ ကျရောက်တဲ့ နိုင်ငံလုံးဆိုင်ရာ ဆရာဝန်များနေ့ (National Doctor’s Day) တွင် လူနာများ၏ ကျန်းမာရေးအတွက် ကိုယ်ကျိုးမငဲ့ဘဲ ရှေ့တန်းကနေ မနားတမ်း ကြိုးစားပေးနေကြတဲ့ ကမ္ဘာတဝှမ်းရှိဆရာဝန်များကို အထူးပင်ဂုဏ်ပြုဦးညွှတ်အပ်ပါတယ်ရှင်။
ထို့အပြင် လူနာများ၏ ကျန်းမာရေးအတွက်စေတနာထား၍ မိသားစုသဖွယ် ပြုစုစောင့်ရှောက်ပေးကြသည့် ပင်လုံဆေးရုံရှိ ဆရာဝန်များ၏ သတ္တိနှင့် အကြင်နာတရားကို ပင်လုံဆေးရုံများအုပ်စုမှလည်း လေးစားဂုဏ်ပြုအပ်ပါတယ်ရှင်။ 🥰

Address

No. 9/1, Saya San Road, 27th Quarter, North Dagon Township
Yangon
11421

Alerts

Be the first to know and let us send you an email when Pinlon - ပင်လုံ Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Pinlon - ပင်လုံ Hospital:

Share

Category

Our Story

Located in North Dagon Township of Yangon, Pinlon Hospital is a multi-speciality hospital which offers healthcare services to people living all over Myanmar. It houses a cancer centre, a gastro & liver centre, a heart centre and many other centres of excellence. Pinlon Hospital is particularly known for its cancer centre, wherein advanced techniques and technology are being used to provide quality oncology services. As per our pillars of care - Quality, Experience, Compassion - our mission is to provide care with complete integrity and honesty through service-minded teamwork in order to ensure comfort and satisfaction in our clients.