New V-Rohto in Myanmar

New V-Rohto in Myanmar ROHTO formula originated in Japan, and it is the largest-selling eye drop brand in the world. Ph: (01) 558 425

အရိုးရှင်းဆုံးက အကောင်းဆုံးအဖြေဖြစ်နေနိုင်တယ်ဆိုတာ New V.Rohto လေးကြောင့်ပါပဲနော်..💚 မျက်ဝန်းအတွက် လိုအပ်တဲ့ အစိုဓာတ်ကို...
28/04/2026

အရိုးရှင်းဆုံးက အကောင်းဆုံးအဖြေဖြစ်နေနိုင်တယ်ဆိုတာ New V.Rohto လေးကြောင့်ပါပဲနော်..💚

မျက်ဝန်းအတွက် လိုအပ်တဲ့ အစိုဓာတ်ကို ဖြည့်တင်းပေးပြီး အေးမြစေရုံတင်မကဘဲ မျက်စိယားယံတာ၊ နီမြန်းတာ၊ မျက်ရိုးကိုက်တာကနေ နေ့စဉ်ကြုံတွေ့ရတဲ့ မျက်စိပြဿနာပေါင်းစုံအတွက် New V.Rohto တစ်ဘူးတည်းနဲ့ ပြည့်စုံပါတယ်။💚👀
အလုပ်ထဲမှာပဲဖြစ်ဖြစ်၊ အပြင်သွားရင်းပဲဖြစ်ဖြစ် မျက်လုံးကလိုအပ်တဲ့အချိန်တိုင်း New V.Rohto အစိမ်းရောင်လေး ရှိနေတာက မျက်ဝန်းအတွက် First Aid ဆောင်ထားသလိုမျိုး စိတ်အေးရစေမှာမို့ ကိုယ်နဲ့မကွာ ဆောင်ထားဖို့ မမေ့လိုက်နဲ့နော်...🥰



V.Rohto ကို အွန်လိုင်းမှ မှာယူလိုပါက

Mercury Online Shopping Website >> https://mercury.shopping/product/vrohto-vitamin-oq6vb

KBZ Pay Market မှ မှာယူရန် >> https://shorturl.at/BpKl4

V.Rohto Myanmar Viber Channel ကို Subscribe လုပ်ပြီး မှာယူရန် လင့်ခ် >>
https://invite.viber.com/...

🌟"ကြည်လင်တောက်ပတဲ့ မျက်ဝန်းတစ်စုံအတွက် V.Rohto"🌟ပြီးခဲ့တဲ့ V.Rohto Thingyan Gift Box Campaign လေးမှာ ပါဝင်ခဲ့ကြတဲ့ V.Roh...
28/04/2026

🌟"ကြည်လင်တောက်ပတဲ့ မျက်ဝန်းတစ်စုံအတွက် V.Rohto"🌟

ပြီးခဲ့တဲ့ V.Rohto Thingyan Gift Box Campaign လေးမှာ ပါဝင်ခဲ့ကြတဲ့ V.Rohto ရဲ့ အမာခံပရိသတ်တွေရဲ့ အဖိုးတန် Reviews လေးတွေကို ခုလိုပဲ မှတ်တမ်းတင်ထားချင်ပါတယ်😊🫶

ပါဝင်ခဲ့တဲ့ V.Rohto ရဲ့ အမာခံပရိသတ်တစ်ဦးတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ကြောင်းပြောကြားရင်းနဲ့🤗

နောက်ပိုင်းတွေမှာလဲ V.Rohto က အမိုက်စား အစီအစဉ်လေးတွေကို တင်ဆက်ပေးသွားဦးမှာဖြစ်လို့ စောင့်မျှော်နေပေးကြဖို့လဲ မေတ္တာရပ်ခံချင်ပါတယ်ရှင်💚

နေ့စဉ်စွန့်ပစ်လိုက်တဲ့ အမှိုက်တွေဟာ အမှိုက်ပုံးထဲ ရောက်သွားရုံနဲ့တင် တာဝန်ကျေသွားပြီလို့ ထင်ပါသလား?😖တကယ်တော့ အမှိုက်တွေက...
26/04/2026

နေ့စဉ်စွန့်ပစ်လိုက်တဲ့ အမှိုက်တွေဟာ အမှိုက်ပုံးထဲ ရောက်သွားရုံနဲ့တင် တာဝန်ကျေသွားပြီလို့ ထင်ပါသလား?😖
တကယ်တော့ အမှိုက်တွေကို စနစ်တကျ မခွဲခြားဘဲ ရောနှောစွန့်ပစ်လိုက်တဲ့အခါ ပြန်လည်အသုံးပြုလို့ရတဲ့ (Recycle) ပစ္စည်းတွေပါ အညစ်အကြေးတွေနဲ့ ရောနှောပြီး အမှိုက်ပုံကြီးထဲမှာ အသုံးမဝင်တော့ဘဲ ပုပ်သိုးသွားတတ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ကမ္ဘာမြေကြီးကို ပိုမိုညစ်ညမ်းစေတဲ့ အဓိကအချက်ပဲ ဖြစ်ပါတယ်...🌍😞

အမှိုက်တွေကို မရောနှောဘဲ...
ပလတ်စတစ်အမှိုက်များ - ပြန်လည်အသုံးပြုလို့ရတဲ့ ပလတ်စတစ်ဘူးခွံများ၊ အိတ်များ
အမှိုက်များအစိုများ - စားကြွင်းစားကျန်၊ သစ်သီးခွံများ
အမှိုက်အခြောက်များ - စက္ကူဟောင်း၊ ကတ်ထူဘူးခွံနဲ့ အဝတ်စဟောင်းများ
အန္တရာယ်ရှိသောအမှိုက်များ - ပိုးမွှားအန္တရာယ်ရှိသော ဆေးရုံဆေးခန်းသုံးအမှိုက်များ၊ ဓာတ်ခဲ၊ ဘက်ထရီ အဟောင်းများ၊ ဖန်၊ သတ္တုအစများ... စသည်ဖြင့် ခွဲခြားစွန့်ပစ်သင့်ပါတယ်နော်။🗑️

အမှိုက်တွေ ရောနှောသွားရင်ကော ဘာဖြစ်မလဲ? အမှိုက်တွေ အားလုံး ရောနှောသွားတဲ့အခါ Recycle လုပ်ဖို့ ခက်ခဲသွားပြီး အမှိုက်ပုံကြီးတွေပဲ ပိုကြီးလာပါလိမ့်မယ်။ ဒါကြောင့် အမှိုက်တွေကို စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းအားဖြင့် ကမ္ဘာကြီးကို အတူတူ ကယ်တင်ကြစို့နော်...🌍🌱

V.Rohto အနေနဲ့လည်း သင့်ရဲ့ မျက်စဉ်းဘူးခွံဟောင်းလေးတွေကို စနစ်တကျ ပြန်လည်အသုံးပြုဖို့ Zero Trash Campaign မှာ စောင့်ကြိုနေပါတယ်။💚

ကလေးရဲ့ မျက်လုံးကျန်းမာရေးအတွက် ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသသင့်လဲ?🩺👀ကလေးငယ်တွေဟာ သူတို့ရဲ့ အမြင်အာရုံမှာ ပြဿနာတစ်ခုခုရှိနေ...
24/04/2026

ကလေးရဲ့ မျက်လုံးကျန်းမာရေးအတွက် ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသသင့်လဲ?🩺👀
ကလေးငယ်တွေဟာ သူတို့ရဲ့ အမြင်အာရုံမှာ ပြဿနာတစ်ခုခုရှိနေရင်တောင် လူကြီးတွေလို ရှင်းရှင်းလင်းလင်း မပြောပြတတ်ကြပါဘူး။ မကြည်မလင် မြင်ရတာကိုပဲ ပုံမှန်လို့ သူတို့လေးတွေက ထင်နေတတ်ကြပါတယ်။👦

"Joy of Seeing" ROHTO Project ကနေပြီးတော့ သားသားမီးမီးတို့ရဲ့ မျက်ဝန်းမှာ အခုလို လက္ခဏာလေးတွေ တွေ့လာရပြီဆိုရင် မျက်စိအထူးကုဆရာဝန်ကြီးများ ဒါမှမဟုတ် ကျွမ်းကျင်ပညာရှင်တွေနဲ့ အမြန်ဆုံး ပြသစစ်ဆေးဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်🔎

⚠️အဝေးကအရာတွေကို ကြည့်တဲ့အခါ မျက်မှောင်ကြုတ်ခြင်း
⚠️မျက်လုံးကို ခဏခဏ ပွတ်ခြင်း
⚠️စာဖတ်ပြီးချိန် ဒါမှမဟုတ် Screen ကြည့်ပြီးချိန်မှာ ခေါင်းကိုက်ကြောင်း မကြာခဏပြောခြင်း
⚠️စာဖတ်တဲ့အခါ ဒါမှမဟုတ် ဖုန်းကြည့်တဲ့အခါ အနီးကပ်ကြည့်ခြင်း
⚠️မျက်လုံးတစ်ဖက်က တစောင်းဖြစ်နေခြင်း

ဘယ်အရွယ်မှာ စစ်ဆေးသင့်သလဲ?
ကလေးတွေမှာ သိသာတဲ့ လက္ခဏာမပြရင်တောင် မူကြိုအရွယ် (၃ နှစ်မှ ၅ နှစ်) မှာ အနည်းဆုံး တစ်ကြိမ် စစ်ဆေးပေးသင့်ပါတယ်။ ကျောင်းနေအရွယ်သားသားမီးမီးတို့အတွက် တစ်နှစ်ကို တစ်ကြိမ် ပုံမှန်စစ်ဆေးပေးခြင်းက အမြင်အာရုံဝေဝါးမှုကြောင့် ကလေးရဲ့ စာသင်ကြားမှုကို မထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

"မြင်ရသမျှ ပျော်ရွှင်စရာ" တွေကို ကလေးတိုင်း အပြည့်အဝ ခံစားနိုင်ဖို့ဆိုရင် အချိန်မီ စစ်ဆေးကုသပေးဖို့က အလွန်အရေးကြီးပါတယ်နော်.. သားသားမီးမီးတို့ရဲ့ မျက်ဝန်းလေးတွေ ကြည်လင်တောက်ပနေစေဖို့ မျက်စိစစ်ဆေးမှုပုံမှန် လုပ်ပေးလိုက်ကြစို့…👀🩺

V.Rohto ရဲ့ Official TikTok Account ကို Follow လုပ်ပြီး Thingyan Gift Box ကံထူးသွားတဲ့ ကံထူးရှင်လေး ထွက်ပေါ်လာပါပြီရှင်💚...
24/04/2026

V.Rohto ရဲ့ Official TikTok Account ကို Follow လုပ်ပြီး Thingyan Gift Box ကံထူးသွားတဲ့ ကံထူးရှင်လေး ထွက်ပေါ်လာပါပြီရှင်💚

V.Rohto Thingyan Gift Box Campaign လေးမှာ ပါဝင်ကံစမ်းခဲ့ကြတဲ့ V.Rohto ရဲ့ အမာခံ ချစ်ပရိသတ် တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း🥰

ခုတကြိမ်မှာ ကံမထူးလိုက်တဲ့ ချစ်ကာစတန်မာအတွက်လဲ နောက်ပိုင်းတွေမှာ V.Rohto က အမိုက်စားအစီအစဉ်တွေ ပြုလုပ်ပေးသွားမှာမို့လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်🥰

ဟဲလို👀 ဟဲလို👀 Acnes နဲ့ V.Rohto ချစ်သူလေးတို့တွေအတွက် April လကုန်အမိုက်စား အထူးပရိုမိုးရှင်းလေး လာပါပြီရှင်😙😎April လ ၂၂ ...
23/04/2026

ဟဲလို👀 ဟဲလို👀

Acnes နဲ့ V.Rohto ချစ်သူလေးတို့တွေအတွက် April လကုန်အမိုက်စား အထူးပရိုမိုးရှင်းလေး လာပါပြီရှင်😙😎

April လ ၂၂ ရက်နေ့ကနေ့ ၃၀ ရက်နေ့အတွင်း Shop App မှာ Acnes နဲ့ V.Rohto ဝယ်ယူတဲ့ ချစ်ကာစတန်မာလေးတို့အတွက်😇

🎁 𝟏𝟖% အထိ အထူးလျှော့ဈေး (𝐔𝐏 𝐓𝐎 𝟏𝟖% 𝐎𝐅𝐅)
🚚 ပို့ဆောင်ခ အခမဲ့ (𝐅𝐑𝐄𝐄 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲) နဲ့ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်🤗

ဒါကြောင့်မို့လို့ အခုပဲ 𝐒𝐡𝐨𝐩 𝐀𝐩𝐩 ကနေတစ်ဆင့် အိမ်အရောက် Rohto Product တွေကို မှာယူလိုက်ရအောင်!

https://s.shop.com.mm/s.ZAws

ပူပြင်းခြောက်သွေ့တဲ့ နွေနေပူပူအောက်မှာ လူတိုင်း မျက်စိကျန်းမာရေးကို အထူးဂရုစိုက်ပြီး ကျန်းမာကြည်လင်တဲ့ မျက်ဝန်းတွေ ပိုင်...
22/04/2026

ပူပြင်းခြောက်သွေ့တဲ့ နွေနေပူပူအောက်မှာ လူတိုင်း မျက်စိကျန်းမာရေးကို အထူးဂရုစိုက်ပြီး ကျန်းမာကြည်လင်တဲ့ မျက်ဝန်းတွေ ပိုင်ဆိုင်ရဖို့က အရေးကြီးပါတယ်👀✅🥰

ဒီနေ့မှာတော့ V.Rohto Myanmar အဖွဲ့သားတွေက ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်မှာ ရှိတဲ့ ပုဇွန်တောင်ဈေးက အများပြည်သူများရဲ့ မျက်ဝန်းတွေ👀
နွေနေပူပူမှာ အဆုံးစွန်ထိ ကြည်လင်အေးမြစေဖို့ 🩵
Eye Drop Demonstration Activities 💧💧တွေကို ပြုလုပ်ခဲ့ပါတယ်😊

ရွှန်းစိုတောက်ပတဲ့ မျက်ဝန်းတစ်စုံအတွက် V.Rohto မျက်စဉ်းတွေနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းလိုက်ပါနော်💚

ပျော်ရွှင်စရာ ပိတ်ရက်ရှည်ကြီး ကုန်ဆုံးလို့ အလုပ်ခွင်ထဲ ပြန်ဝင်ရတော့မယ့် အချိန်ရောက်ပြီနော်...Computer Screen ရှေ့မှာ တစ်...
21/04/2026

ပျော်ရွှင်စရာ ပိတ်ရက်ရှည်ကြီး ကုန်ဆုံးလို့ အလုပ်ခွင်ထဲ ပြန်ဝင်ရတော့မယ့် အချိန်ရောက်ပြီနော်...
Computer Screen ရှေ့မှာ တစ်နေကုန် ပြန်ထိုင်ရတော့မယ့် မျက်ဝန်းလေးတွေအတွက် ဒီ Back
to Work Essentials လေးတွေကို အိတ်ထဲမှာ၊ အလုပ်စားပွဲပေါ်မှာ အဆင်သင့်ဆောင်ထားဖို့လိုလာပြီပေါ့။💚🧡💙
မျက်ဝန်းလေးတွေ အိုကေစိုပြေစေမယ့် New V.Rohto 💚
ခတ်လိုက်တာနဲ့ အေးမြလန်းဆန်းသွားစေမယ့်
V.Rohto Cool 💙
မျက်ဝန်းလေးကို အားဖြည့်ပြီး ကြည်လင်ပြတ်သားစေမယ့် V.Rohto Vitamin🧡
အလုပ်တွေ ဘယ်လောက်ပဲ များနေပါစေ... မျက်ဝန်းချိုချိုလေးတွေကို ဂရုစိုက်ဖို့ V.Rohto ကို အမြဲအနားမှာထားပေးပါနော်။ ရုံးပြန်တက်တဲ့ ရက်မှာ အားလုံးပဲ အလုပ်အကိုင်တွေ အဆင်ပြေချောမွေ့ကြပါစေရှင်...✨👀👩‍💼



V.Rohto ကို အွန်လိုင်းမှ မှာယူလိုပါက

Mercury Online Shopping Website >> https://mercury.shopping/product/vrohto-vitamin-oq6vb

KBZ Pay Market မှ မှာယူရန် >> https://shorturl.at/BpKl4

V.Rohto Myanmar Viber Channel ကို Subscribe လုပ်ပြီး မှာယူရန် လင့်ခ် >>
https://invite.viber.com/...

ဒီနေ့ခေတ်မှာ Digital Device တွေက ကလေးတွေရဲ့ အဖော်မွန်ဖြစ်နေပေမယ့် "မြင်ရသမျှ ပျော်ရွှင်စရာ" တွေကို အပြည့်အဝ ခံစားနိုင်ဖိ...
20/04/2026

ဒီနေ့ခေတ်မှာ Digital Device တွေက ကလေးတွေရဲ့ အဖော်မွန်ဖြစ်နေပေမယ့် "မြင်ရသမျှ ပျော်ရွှင်စရာ" တွေကို အပြည့်အဝ ခံစားနိုင်ဖို့ဆိုရင် လက်တွေ့လောကထဲက Creative Activities လေးတွေက အရေးကြီးလှပါတယ်။ Screen Time လျှော့ချရင်း ကလေးတွေရဲ့ အမြင်အာရုံနဲ့ စိတ်ကူးစိတ်သန်းကို အားဖြည့်ပေးမယ့် နည်းလမ်းလေးတွေကို မျှဝေပေးထားပါတယ်ရှင်…👧🧒

ပန်းချီဆွဲခြင်းနဲ့ ဆေးရောင်ခြယ်ခြင်း🎨
ဆေးရောင်စုံတွေကို ခွဲခြားတတ်လာတာ၊ စက္ကူပေါ်မှာ အာရုံစိုက်ပြီး ရေးဆွဲတာတွေက ကလေးတွေရဲ့ လက်နဲ့မျက်လုံး ချိတ်ဆက်အလုပ်လုပ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ Screen ထဲက အလင်းတန်းတွေအစား ရောင်စုံခဲတံလေးတွေက မျက်ဝန်းကို ပိုပြီး လန်းဆန်းစေပါတယ်နော်။

သဘာဝနဲ့ ထိတွေ့ခြင်း🌱
အပင်စိုက်တာ၊ ပန်းလေးတွေကို ရေလောင်းတာတွေက ကလေးတွေကို အပြင်ထွက်စေတဲ့အပြင် အဝေးက သစ်ပင်စိမ်းစိမ်းလေးတွေကို ကြည့်ရှုခွင့်ရတဲ့အတွက် မျက်လုံးကြွက်သားတွေကို အနားရစေပြီး အဝေးမှုန်ခြင်းကို ကာကွယ်ပေးပါတယ်။

စာဖတ်ခြင်းနဲ့ ပုံပြင်နားထောင်ခြင်း📚
စာအုပ်ထဲက စာလုံးလေးတွေ၊ ရုပ်ပုံလေးတွေကို အာရုံစိုက်ကြည့်ရင်း စိတ်ကူးထဲမှာ ပုံဖော်ရတာက ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အများကြီး အထောက်အကူပြုပါတယ်။ စာဖတ်တဲ့အခါ အလင်းရောင် လုံလောက်ဖို့တော့ လိုအပ်ပါတယ်နော်။

Screen Time ကင်းလွတ်တဲ့ ဒီလို Creative အချိန်လေးတွေက ကလေးငယ်တွေအတွက် အကောင်းဆုံးသော အမြင်အာရုံ လေ့ကျင့်ခန်းတွေပဲမို့ သားသားမီးမီးတို့ရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ဖန်တီးပေးဖို့ မမေ့နဲ့နော်👀😍

နွေရာသီရဲ့ အားလပ်ရက်ရှည်မှာ သင်္ကြန်ပွဲနွှဲရင်း💦၊ ခရီးတွေသွားရင်း...🚗ပျော်ရွှင်စရာ ဒီလိုနေ့ရက်တွေမှာ သတိမထားမိဘဲ ထွက်လာတ...
17/04/2026

နွေရာသီရဲ့ အားလပ်ရက်ရှည်မှာ သင်္ကြန်ပွဲနွှဲရင်း💦၊ ခရီးတွေသွားရင်း...🚗
ပျော်ရွှင်စရာ ဒီလိုနေ့ရက်တွေမှာ သတိမထားမိဘဲ ထွက်လာတတ်တာကတော့ တစ်ခါသုံး ပလတ်စတစ်အိတ်တွေ၊ ရေဘူးခွံတွေနဲ့ အမှိုက်အမျိုးမျိုးပါပဲ။ 😖
အပျော်လွန်ပြီး ဒီအမှိုက်တွေကို လွယ်လွယ်ကူကူပဲ စွန့်ပစ်လိုက်မိရင် လှပတဲ့နေရာလေးတွေနဲ့ သဘာဝပတ်ဝန်းကျင်ကြီးက အမှိုက်တွေနဲ့ ဖုံးလွှမ်းသွားနိုင်ပါတယ်နော်။🌍⚠️

ဒါကြောင့် ကိုယ်တိုင်ပျော်ရွှင်ရင်း သဘာဝပတ်ဝန်းကျင်ကိုလည်း တစ်ဖက်တစ်လမ်းကထိန်းသိမ်းဖို့ ဒီအချက်လေးတွေကို အတူတူ လိုက်နာကြည့်ရအောင်...🥰

အမှိုက်ကို စနစ်တကျ သိမ်းဆည်းပါ🗑️🚮
ခရီးသွားရင်းဖြစ်ဖြစ်၊ သင်္ကြန်လည်ရင်းဖြစ်ဖြစ် ထွက်လာတဲ့ အမှိုက်တွေကို အမှိုက်ပုံးရှိတဲ့နေရာအထိ သိမ်းဆည်းသွားပြီးမှ စွန့်ပစ်ပေးပါ။ ကိုယ်ပိုင် အမှိုက်အိတ်လေး တစ်အိတ်ဆောင်ထားတာက အကောင်းဆုံးပါပဲ။🥰

တစ်ခါသုံး ပလတ်စတစ်ကို လျှော့ချပါ🥰
ဖြစ်နိုင်ရင် ကိုယ်ပိုင်ရေဘူး၊ ပြန်လည်အသုံးပြုနိုင်တဲ့ အထည်အိတ်လေးတွေ သုံးပေးခြင်းဖြင့် မလိုအပ်တဲ့ ပလတ်စတစ်အမှိုက်တွေကို တဖက်တလမ်းက လျှော့ချနိုင်ပါတယ်။

ကြည်လင်လန်းဆန်းတဲ့ မျက်ဝန်းလေးတွေနဲ့အတူ ပလတ်စတစ်ကင်းစင်တဲ့ ပျော်ရွှင်စရာ နွေရာသီလေးကို ပိုင်ဆိုင်နိုင်ကြပါစေ...☀️✨🥰

“ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောမြန်မာ့နှစ်သစ် ၁၃၈၈ နှစ်ဆန်း တစ်ရက်နေ့ “ ဒေါ်စန္ဒာရွှေ (MD) ROHTO Mentholatum(Myanmar) C...
17/04/2026

“ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောမြန်မာ့နှစ်သစ် ၁၃၈၈ နှစ်ဆန်း တစ်ရက်နေ့ “

ဒေါ်စန္ဒာရွှေ (MD) ROHTO Mentholatum(Myanmar) Co.,Ltd ၏ မိသားစု နှစ်ဦးအလှူ ရွှေရင်အေး စတုဒီသာအလှူအားရွှေတိဂုံဘုရားကြီးတွင်လှူဒါန်းခဲ့ပါတယ်ရှင်

🙏🙏🙏🙏🙏

နှစ်သစ်မှစပြီး မိသားစုများအားလုံး
၇-ရက်သားသမီးများ
မြန်မာပြည်သူ မြန်မာပြည်သား
ကမ္ဘာသူ ကမ္ဘာသားများ အားလုံး

🌸ကျန်းမာကြပါစေ ချမ်းသာကြပါစေ 🙏
🌺ရောဂါဘယတွေ ကင်းဝေးကြပါစေ🙏
🌸လုပ်ငန်းတွေ အဆင်ပြေကြပါစေ🌺
🌺စီးပွါးရေးတွေ ဒီရေ အလား တိုးပွါးကြပါစေ🙏
🌸ကပ်ကြီး သုံးပါးမှ ကျော်လွှားနိုင်ကြပါစေ🙏
🌺အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနိုင်ကြပါစေ🙏

🌸🌸🌸🙏🙏🙏🌺🌺🌺


#မြန်မာ

နှစ်သစ်အခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်း စိတ်ရောကိုယ်ပါ အေးမြကြည်လင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 💚
17/04/2026

နှစ်သစ်အခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်း စိတ်ရောကိုယ်ပါ အေးမြကြည်လင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 💚

Address

Room(1002, 1003), 10th Floor, M Tower, Pyay Road, Kamayut Township
Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Telephone

01-558 425

Alerts

Be the first to know and let us send you an email when New V-Rohto in Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to New V-Rohto in Myanmar:

Share