Parami Hospital

Parami Hospital Parami General Hospital Yangon, also known before as the first private Hospital exclusively for Women and Children in Yangon, Myanmar since 2010.

To be a center of medical excellence, the management of Royal Parami Life Sciences Co., Ltd has laid down plans, that embody a strong commitment to continuously improved quality service and patient safety. In mid 2011, Parami Hospital extends medical care services for adult patients and it becomes "Parami General Hospital, Yangon". Parami General Hospital, Yangon brings a group of dedicated specialists together to provide a multidisciplinary approach to patient care, in collaboration with advanced medical science and technology.

ဆီး နှင့် ကျောက်ကပ်ပြဿနာများစွာကို  အချိန်မီကုသဖို့ လိုအပ်နေပြီလား 💬🩺‌ဆီး နှင့် ကျောက်ကပ်ရောဂါဟာ သာမန်ရောဂါတစ်ခုလို တွေး...
28/02/2026

ဆီး နှင့် ကျောက်ကပ်ပြဿနာများစွာကို အချိန်မီကုသဖို့ လိုအပ်နေပြီလား 💬🩺

‌ဆီး နှင့် ကျောက်ကပ်ရောဂါဟာ သာမန်ရောဂါတစ်ခုလို တွေးထားကြပေမဲ့ တကယ်တမ်းမှာတော့ ထိရောက်တဲ့ ကုသမှုမခံယူရင် ဆိုးကျိုးများစေပြီး ဂရုစိုက်သင့်သော ရောဂါတစ်မျိုးဖြစ်ပါတယ်။

ပါရမီအထွေထွေရောဂါကုဆေးရုံမှာတော့ ဆီးနှင့်ကျောက်ကပ်ဝေဒနာရှင်များအတွက်" နောက်ဆုံးပေါ်ဂျပန်နည်းပညာ" ကို အသုံးပြုကာ ကျောက်ကပ်တု သွေးသန့်စင်ဌာနမှာ ကုသပေးလျက်ရှိပါတယ်။

📌ကျောက်ကပ်တုအသုံးပြု၍ကုသခြင်းဆိုတာဟာ ကျောက်ကပ်အတုအသုံးပြု၍ သွေးမှတဆင့် (𝐔𝐫𝐞𝐚/ 𝐂𝐫𝐞𝐚𝐭𝐢𝐧𝐢𝐧𝐞) အစရှိသည်တို့ကိုစစ်ထုတ်၍ ကျောက်ကပ်ကိုယ်စားစက်နှင့် သွေးသန့်စင်ပေးခြင်းဖြစ်ပါတယ်။

ပါရမီအထွေထွေရောဂါကုဆေးရုံရဲ့ ကျောက်ကပ်သန့်စင်ခြင်းဌာနဟာဆိုရင်
- ဂျပန်နိုင်ငံမှ တင်သွင်းတဲ့ 𝐍𝐢𝐩𝐫𝐨 𝐒𝐮𝐫𝐝𝐢𝐚𝐥 𝟓𝟓 𝐃𝐢𝐚𝐥𝐲𝐬𝐢𝐬 𝐌𝐚𝐜𝐡𝐢𝐧𝐞
- နောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့ 𝐌𝐎𝐑-𝐃 𝐂𝐨𝐦𝐩𝐚𝐜𝐭 𝐑𝐞𝐯𝐞𝐫𝐬𝐞 𝐎𝐬𝐦𝐨𝐬𝐢𝐬 𝐒𝐲𝐬𝐭𝐞𝐦
- ရာနှုန်းပြည့် ပိုးမွှားသန့်စင်ပေးနိုင်တဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐆𝐫𝐚𝐝𝐞 𝐑.𝐎 𝐰𝐚𝐭𝐞𝐫 ရေသန့်စင်စက်စတဲ
နည်းပညာမြင့် စက်ကိရိယာများကိုအသုံးပြုပြီး လူကြီးမင်းတို့ကျောက်ကပ်ရောဂါများအတွက် ဈေးနှုန်းအသက်သာဆုံး နှင့် အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

ဆီးနှင့်ကျောက်ကပ်ဝေဒနာဟာ ကုသမှုစနစ်တကျခံယူပြီး မှန်ကန်စွာကုသပေးတဲ့ နေရာကိုရွေးချယ်နိုင်မှသာ ပိုမိုကောင်းမွန်တဲ့ဘဝနဲ့ ရပ်တည်နိုင်မဲ့ ရောဂါဖြစ်တာကြောင့်ဆီးနှင့်ကျောက်ကပ်ဝေဒနာအမျိုးမျိုးအတွက် ပူပန်နေခဲ့ရရင် ပါရမီအထွေထွေရောဂါကုဆေးရုံရဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ လာရောက်ကုသမှုခံယူဖို့ အရောက်လာခဲ့ပါနော်။ 🩺💜

#ပါရမီအထွေထွေရောဂါကုဆေးရုံ
#ဆီးနှင့်ကျောက်ကပ်
#ကျောက်ကပ်တုသွေးသန့်စင်ဌာန
#ဂျပန်နည်းပညာ

  🏥 ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိပါရမီအထွေထွေရောဂါကုဆေးရုံတွင်တာဝန်ထမ်းဆောင်ရန်  ✨လစ်လပ်✨ ရာထူးနေရာများအတွက် အမြန်...
28/02/2026



🏥 ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိပါရမီအထွေထွေရောဂါကုဆေးရုံတွင်တာဝန်ထမ်းဆောင်ရန် ✨လစ်လပ်✨ ရာထူးနေရာများအတွက် အမြန်ခေါ်ယူလိုပါသည်။

🎁 အကျိုးခံစားခွင့်များ🎁

𝐊𝐏𝐈 𝐈𝐧𝐜𝐞𝐧𝐭𝐢𝐯𝐞 (လစဉ်အခြေခံလစာ၏ ၂၀% အထိ)
နှစ်စဥ် 𝐁𝐨𝐧𝐮𝐬
𝐌𝐞𝐝𝐢𝐜𝐚𝐥 & 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 𝐁𝐞𝐧𝐞𝐟𝐢𝐭𝐬
𝐅𝐞𝐫𝐫𝐲 & 𝐀𝐜𝐜𝐨𝐦𝐨𝐝𝐚𝐭𝐢𝐨𝐧 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞
𝐂𝐚𝐫𝐞𝐞𝐫 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬

✅ 𝐄𝐦𝐚𝐢𝐥- 𝐡𝐫𝐝𝐞𝐩𝐭@𝐩𝐚𝐫𝐚𝐦𝐢𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥.𝐜𝐨𝐦 သို့လည်းကောင်း၊
𝐕𝐢𝐛𝐞𝐫 𝐍𝐨. 𝟎𝟗-𝟗𝟒𝟗𝟐𝟐𝟎𝟒𝟔𝟔 သို့လည်းကောင်း 𝐂𝐕 𝐟𝐨𝐫𝐦 များပို့၍လျှောက်ထားနိုင်ပါသည်။

✅ လူကိုယ်တိုင်လည်းလာရောက်လျှောက်ထားနိုင်ပါသည်။

ရုံးလိပ်စာ-
𝐍𝐨 𝟏𝟗 (𝐀)၊ ဦးဘဟန်လမ်းသွယ် ၊ (၁၀)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ။
လိပ်စာဖြင့် လာရောက်လျှောက်ထားနိုင်ပါသည်။

💜 လူနာများအတွက် ပိုမိုကောင်းမွန်သော 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 ဝန်ဆောင်မှုများပေးနိုင်ရန် ပါရမီအထွေထွေရောဂါကုဆေးရုံကသင့်ကို ​ရှာ​ဖွေနေပါတယ်....💜

#ပါရမီအထွေထွေရောဂါကုဆေးရုံ

အင်္ဂလန်နိုင်ငံလန်ဒန်မြို့ 𝐁𝐚𝐫𝐭𝐬 𝐇𝐞𝐚𝐫𝐭 𝐂𝐞𝐧𝐭𝐫𝐞 , 𝐒𝐭 𝐁𝐚𝐫𝐭𝐡𝐨𝐥𝐨𝐦𝐞𝐰’𝐬  𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ) ဆေးရုံမှ နှလုံးရောဂါအထူးကုနှင့် နှလုံးပုံရိ...
28/02/2026

အင်္ဂလန်နိုင်ငံလန်ဒန်မြို့ 𝐁𝐚𝐫𝐭𝐬 𝐇𝐞𝐚𝐫𝐭 𝐂𝐞𝐧𝐭𝐫𝐞 , 𝐒𝐭 𝐁𝐚𝐫𝐭𝐡𝐨𝐥𝐨𝐦𝐞𝐰’𝐬 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ) ဆေးရုံမှ နှလုံးရောဂါအထူးကုနှင့် နှလုံးပုံရိပ်ဖော်ပညာရပ်ဆိုင်ရာ ပါမောက္ခဒေါက်တာနေအောင်မှ
“ 𝐖𝐡𝐞𝐧 𝐚𝐧𝐝 𝐇𝐨𝐰 𝐭𝐨 𝐔𝐬𝐞 𝐂𝐚𝐫𝐝𝐢𝐚𝐜 𝐌𝐑𝐈: 𝐀 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐚𝐥 𝐆𝐮𝐢𝐝𝐞 𝐭𝐨 𝐂𝐥𝐢𝐧𝐢𝐜𝐚𝐥 𝐒𝐜𝐞𝐧𝐚𝐫𝐢𝐨𝐬 ’’ (လက်တွေ့ကုသမှုအခြေအနေများတွင် 𝐂𝐚𝐫𝐝𝐢𝐚𝐜 𝐌𝐑𝐈 ကို ဘယ်လိုအသုံးပြုမလဲ - လက်တွေ့လမ်းညွှန်ချက်များ ) ခေါင်းစဥ်ဖြင့် ဖေဖော်ဝါရီလ ၂၂ ရက် နေ့လယ် ၂ နာရီက ပါရမီအထွေထွေရောဂါကုဆေးရုံရှိ 𝐀𝐮𝐝𝐢𝐭𝐨𝐫𝐢𝐮𝐦 ခန်းမတွင် အွန်လိုင်း 𝐙𝐨𝐨𝐦 ဖြင့် ဟောပြောဆွေးနွေးခဲ့ပါတယ်။

အဆိုပါဟောပြောပွဲကို တက်ရောက်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများတို့၏ မှတ်တမ်းတင်ပုံရိပ်များကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။




🎉 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 𝐁𝐨𝐫𝐧𝐬 🎉 🎂ပါရမီအထွေထွေရောဂါကုဆေးရုံမှာ လစဉ်ကျင်းပပေးနေကြမွေးနေ့ပွဲဖြစ်တဲ့  ဖေဖော်ဝါရီ...
26/02/2026

🎉 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 𝐁𝐨𝐫𝐧𝐬 🎉 🎂

ပါရမီအထွေထွေရောဂါကုဆေးရုံမှာ လစဉ်ကျင်းပပေးနေကြမွေးနေ့ပွဲဖြစ်တဲ့ ဖေဖော်ဝါရီလ အတွင်း‌မွေးဖွားခဲ့သောဝန်ထမ်းများအတွက်ပျော်ရွှင်စရာကောင်းသောမွေးနေ့အခိုက်အတန့်လေးများကို 𝟐𝟏.𝟐.𝟐𝟎𝟐𝟔 နေ့က ပါရမီအထွေထွေရောဂါကုဆေးရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဌာနအသီးသီးမှ ဝန်ထမ်းများဖြင့် မွေးနေ့ပွဲကိုပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပြီး မွေးနေ့ပွဲရဲ့ ပုံရိပ်များကို မျှဝေပေးလိုက်ရပါတယ်ရှင် ..........💜💜
ဖေဖော်ဝါရီလမှာ မွေးဖွားသော မွေးနေ့ရှင်လေးများအားလုံး 𝐇𝐚𝐩𝐩𝐲 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 ပါ……

🎉 ဖေဖော်ဝါရီလမှာ မွေးဖွားသူများအားလုံး မွေးနေ့မှစ၍ နောက်နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်မှုများစွာဖြင့် ပြည့်စုံပါစေ…..🎉

💜 ချစ်ခြင်းမေတ္တာများနှင့် ပြည့်စုံ၍ ဘဝပန်းတိုင်များအောင်မြင်စွာရောက်ရှိနိုင်ပါစေ လို့ပါရမီအထွေထွေရောဂါကုဆေးရုံမိသားစုများမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်…..

#ပါရမီအထွေထွေရောဂါကုဆေးရုံ


#𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲𝐁𝐨𝐫𝐧𝐬

🕊️💔အထူးဝမ်းနည်းကြေကွဲခြင်း💔🕊️
26/02/2026

🕊️💔အထူးဝမ်းနည်းကြေကွဲခြင်း💔🕊️

လေထုညစ်ညမ်းမှုကို မပေါ့ဆခြင်းဖြင့် ကာကွယ်ကြရအောင် 🩺💜လေထုညစ်ညမ်းမှုဆိုတာဟာ လေထုထဲမှာ ဓာတ်ငွေ့၊ဖုန်မှုန့်၊မြူခိုး၊မီးခိုးတ...
26/02/2026

လေထုညစ်ညမ်းမှုကို မပေါ့ဆခြင်းဖြင့် ကာကွယ်ကြရအောင် 🩺💜

လေထုညစ်ညမ်းမှုဆိုတာဟာ လေထုထဲမှာ ဓာတ်ငွေ့၊ဖုန်မှုန့်၊မြူခိုး၊မီးခိုးတွေဟာ ရှိသင့်တဲ့ ပမာဏထက် ပိုမိုများပြားပြီး အသက်ရှူဖို့စိတ်ချရတဲ့ လေထုကနေ ကျန်းမာရေးကိုထိခိုက်စေတဲ့ လေထုအဖြစ် ပြောင်းလဲလာတာပဲဖြစ်ပါတယ်။

လူသားတွေရဲ့ နှာခေါင်းထဲက အမွှေးအမျှင်တွေဟာ လေထုထဲက ဘက်တီးရီးယားတွေကို အမြဲတွန်းလှန်ကာကွယ်ထားနိုင်ပေမဲ့ လေထုညစ်ညမ်းမှုဖြစ်တဲ့ လေထုထဲမှာတော့ ဘက်တီးရီးယားတွေဟာ သေးငယ်လွန်းတာကြောင့် လူ့ကိုယ်ခန္ဓာရဲ့ အတွင်းထဲထိ ဝင်ရောက်သွားနိုင်ပါတယ်။

လေထုညစ်ညမ်းမှုဖြစ်နေတဲ့ လေကိုရှူရှိက်မိပါက အစပိုင်းမှာ

အသက်ရှူကြပ်ခြင်း၊ မျက်လုံးကျိန်းစပ်ခြင်း၊အသားအရေခြောက်သွေ့ခြင်းတွေကို ခံစားရနိုင်ပါတယ်။

ရှူရှိက်ရတဲ့ နေ့ရက်တွေများပြားလာပါက

အဆုတ်ရောင်ရောဂါ၊ပန်းနာရင်ကြပ်ရောဂါ၊ လေပြွန်ရောင်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အသည်းရောဂါ၊အာရုံကြောစနစ်ပြဿနာ၊ ကိုယ်ခံအားနည်းခြင်း အစရှိတာတွေဖြစ်လာစေပါတယ်။

လေထုညစ်ညမ်းမှုဒဏ်ကို အဓိကခံစားရနိုင်ပြီး သတိထားသင့်တဲ့သူတွေကတော့

▪️ဆီးချို၊သွေးတိုးရောဂါရှိသူတွေ

▪️နှလုံးရောဂါ၊အဆုတ်ရောဂါရှိသူတွေ

▪️နေအိမ်ပြင်ပမှာအလုပ်လုပ်ရသူတွေ

▪️အသက်အရွယ်ကြီးရင့်သူနဲ့ ကလေးငယ်တွေ

▪️ကိုယ်ဝန်ဆောင်မိခင်

▪️အားကစားသမားတွေပဲဖြစ်ပါတယ်။

လေထုညစ်ညမ်းမှုဒဏ်ကို ကာကွယ်ဖို့

📌 လေထုညစ်ညမ်းမှုအမြင့်ဆုံးဖြစ်တဲ့ မနက်ပိုင်းနဲ့ ညနေပိုင်းကို အတတ်နိုင်ဆုံးအိမ်ထဲမှာပဲနေပါ။

📌အပြင်ထွက်ရမည်ဆိုပါက N(95) Mask ကို တပ်ဆင်ပြီး ပြန်ရောက်ပါက လက်ကိုစင်ကြယ်အောင်ဆေးပါ။

📌နေအိမ်အနီး အမှိုက်မီးရှို့ခြင်း၊ခြင်ဆေးခွေထွန်းခြင်း၊အမွှေးတိုင်ထွန်းခြင်း၊မီးသွေးမီးဖိုဖြင့် ချက်ပြုတ်ခြင်း၊ မီးခိုးထွက်စေတဲ့ အပြုအမှုတွေကိုတတ်နိုင်သလောက်ရှောင်ကြဉ်ပါ။

📌ရေများများသောက်ပြီး အာဟာရပြည့်ဝအောင်စားသောက်နေထိုင်ကာ အိပ်ရေးဝဝအိပ်စက်ပါ။

📌လေ့ကျင့်ခန်း၊အလုပ်များကို ပြင်းထန်စွာလုပ်ခြင်းရှောင်ပါ။

လေထုညစ်ညမ်းမှုဟာ မိမိကိုယ်တိုင်က ကာကွယ်မှသာ ဘဝတသက်တာ ကျန်းမာရေးအတွက် စိတ်ချရနိုင်တာဖြစ်လို့ မပေါ့ဆဘဲ သတိပြုကြဖို ✨ပါရမီ‌အထွေထွေရောဂါကုဆေးရုံ✨မှ မျှဝေဖော်ပြအပ်ပါတယ်။

လေထုညစ်ညမ်းမှုကြောင့် ကျန်းမာတဲ့ဘဝတွေမထိခိုက်ဖို့ မပေါ့ဆခြင်းဖြင့်ကာကွယ်ကြရအောင်နော် ။🩺💜

#လေထုညစ်ညမ်းမှု

#ပါရမီအထွေထွေရောဂါကုဆေးရုံ

25/02/2026

💙 သင့်မိသားစုကျန်းမာရေးအတွက် အမြဲအလေးထားစောင့်ရှောက်ပေးနေသော ပါရမီအထွေထွေရောဂါကုဆေးရုံ 💙

ပါရမီအထွေထွေရောဂါကုဆေးရုံသည် သန့်ရှင်းသပ်ရပ်ပြီး လူနာများအတွက် ဘေးကင်းလုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တစ်ခုဖြစ်ပါသည်။ လူကြီးများ၏ ကျန်းမာရေးလိုအပ်ချက်များနှင့် ကလေးများ၏ နူးညံ့သိမ်မွေ့သော စောင့်ရှောက်မှုလိုအပ်ချက်များကို အထူးအလေးထားကာ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။

ပါရမီအထွေထွေရောဂါကုဆေးမှာဆိုရင် အတွေ့အကြုံများစွာရှိပြီး ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများ၊ ခေတ်မီတိကျသော ဆေးဘက်ဆိုင်ရာကိရိယာများဖြင့် ကျန်းမာရေးဝန်ထမ်းများမှလူကြီးမင်းတို့၏ ကျန်းမာရေးအတွက် အကောင်းဆုံးဝန်ဆောင်မှုများကို စိတ်ကျေနပ်မှုရရှိစေရန်နှင့် သက်သာ‌‌ပျောက်ကင်းအောင် ကုသပေးလျက်ရှိပါသည်။

ပါရမီအထွေထွေရောဂါကုဆေးရုံတွင်လာရောက်ဆေးကုသမှုခံယူပါက —
✔️ ရောဂါများကို တိတိကျကျ စစ်ဆေးဖော်ထုတ်ကုသပေးခြင်း
✔️ နာကျင်မှုများကို လျော့နည်းသက်သာစေရန် ဂရုစိုက်ပေးခြင်း
✔️ ရောဂါပြန်လည်ကောင်းမွန်ရေးအတွက် စနစ်တကျ ပြုစုစောင့်ရှောက်ပေးခြင်း

လူကြီးလူနာများအတွက် အထူးကုစောင့်ရှောက်မှု၊ ကလေးများအတွက် အထူးအလေးပေးဂရုစိုက်မှုနှင့် ကောင်းမွန်သန့်ရှင်းသော ပတ်ဝန်းကျင်တို့ကို တစ်နေရာတည်းတွင် ရရှိနိုင်ပြီး မိသားစုတိုင်း ယုံကြည်အားထားနိုင်သော ဆေးရုံတစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်လျက်ရှိပါသည်။

💙 သင့်နှင့် သင့်မိသားစု၏ ကျန်းမာရေးအတွက် ယနေ့ပဲ ယုံကြည်စိတ်ချစွာ လာရောက်ဆွေးနွေး
ကုသနိုင်ပါပြီ။ 💙



#ကြင်နာမှုဖြင့်စောင့်ရှောက်ခြင်း



ပါရမီအထွေထွေရောဂါကုဆေးရုံတွင် ၂၀၂၆ ဖေဖော်ဝါရီ ၂၈ ရက် စနေနေ့ ၌ 𝐏𝐫𝐨𝐟.𝐃𝐫. 𝐇𝐥𝐚 𝐘𝐞𝐞 𝐘𝐞𝐞 (𝐅𝐨𝐫𝐦𝐞𝐫 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫 𝐚𝐧𝐝 𝐇𝐞𝐚𝐝, 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧...
25/02/2026

ပါရမီအထွေထွေရောဂါကုဆေးရုံတွင် ၂၀၂၆ ဖေဖော်ဝါရီ ၂၈ ရက် စနေနေ့ ၌ 𝐏𝐫𝐨𝐟.𝐃𝐫. 𝐇𝐥𝐚 𝐘𝐞𝐞 𝐘𝐞𝐞 (𝐅𝐨𝐫𝐦𝐞𝐫 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫 𝐚𝐧𝐝 𝐇𝐞𝐚𝐝, 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 𝐨𝐟 𝐏𝐡𝐲𝐬𝐢𝐨𝐥𝐨𝐠𝐲, 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 𝐨𝐟 𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 𝟏 𝐚𝐧𝐝 𝐅𝐨𝐫𝐦𝐞𝐫 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫 𝐨𝐟 𝐏𝐡𝐲𝐬𝐢𝐨𝐥𝐨𝐠𝐲, 𝐭𝐡𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲, 𝐊𝐮𝐚𝐥𝐚 𝐋𝐮𝐦𝐩𝐮𝐫) မှ 𝐄𝐥𝐞𝐜𝐭𝐫𝐨𝐥𝐲𝐭𝐞𝐬 များ၏ ဇီဝကမ္မနှင့်ရောဂါဖြစ်စဉ်ကဏ္ဍများအကြောင်းအား ဟောပြောပို့ချသွားမှာဖြစ်ပါတယ်။

"𝐄𝐥𝐞𝐜𝐭𝐫𝐨𝐥𝐲𝐭𝐞𝐬 များ၏ ဇီဝကမ္မနှင့် ရောဂါဖြစ်စဉ်ကဏ္ဍများအကြောင်းဟောပြောပွဲလေးကို
𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐫 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐞𝐮𝐭𝐢𝐜𝐚𝐥𝐬 & 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 မှ 𝐌𝐚𝐢𝐧 𝐒𝐩𝐨𝐧𝐬𝐨𝐫 အနေဖြင့် ကူညီပံ့ပိုးပေးထားခြင်းဖြစ်ပါတယ်။

ဟောပြောပွဲကိုတက်ရောက်လိုသည့် ဆရာဝန်ကြီးများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသောဝန်ထမ်းများနှင့် ဆေးပညာရပ်ပိုင်းဆိုင်ရာများတွင် စိတ်ပါဝင်စားသူများသည် ဖော်ပြပါ 𝐐𝐑 ကို 𝐒𝐜𝐚𝐧 ဖတ်ပြီး စာရင်းပေးသွင်းတက်ရောက်နိုင်ပါတယ်ရှင် ...

𝐊𝐞𝐲 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬:
𝐒𝐩𝐞𝐚𝐤𝐞𝐫- 𝐏𝐫𝐨𝐟: 𝐃𝐫. 𝐇𝐥𝐚 𝐘𝐞𝐞 𝐘𝐞𝐞
𝐃𝐚𝐭𝐞 – 𝟐𝟖.𝟐.𝟐𝟎𝟐𝟔
𝐓𝐢𝐦𝐞 – 𝟏: 𝟎𝟎𝐏𝐌
𝐕𝐞𝐧𝐮𝐞 – 𝐏𝐚𝐫𝐚𝐦𝐢 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝟏𝟐𝐭𝐡 𝐅𝐥𝐨𝐨𝐫, 𝐀𝐮𝐝𝐢𝐭𝐨𝐫𝐢𝐮𝐦

ပါရမီအထွေထွေရောဂါကုဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ကြတဲ့ လူနာရှင်များမှ ပါရမီဆေးရုံ၏ဝန်ဆောင်မှုများအား ကျေနပ်ပီတိဖြစ်ခဲ့ပြီး ...
23/02/2026

ပါရမီအထွေထွေရောဂါကုဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ကြတဲ့ လူနာရှင်များမှ ပါရမီဆေးရုံ၏ဝန်ဆောင်မှုများအား ကျေနပ်ပီတိဖြစ်ခဲ့ပြီး ပါရမီအထွေထွေရောဂါကုဆေးရုံကို ယုံကြည်မှုအပြည့်ဖြင့် အသိအမှတ်ပြုပေးခဲ့ကြပါတယ်။

ပါရမီအထွေထွေရောဂါကုဆေးရုံ၏ဝန်ဆောင်မှုများအပေါ် ယခုလိုအသိအမှတ်ပြုပေးခဲ့ကြတဲ့ လူနာရှင်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ မိဘပြည်သူများ ရောဂါဘယများ အမြန်ဆုံးသက်သာကျန်းမာလာစေဖို့သာမက စိတ်အေးချမ်းသာစွာဖြင့် ဆေးကုသမှုခံယူနိုင်ရန် ပါရမီအထွေထွေရောဂါကုဆေးရုံမှ အစဥ်အမြဲကြိုးစားလျက်ရှိပါတယ်။


ဦးနှောက်ရောင်ရောဂါကို သိရှိနားလည်ခြင်းဖြင့် မိမိကိုယ်ကိုကာကွယ်ပါ 🧠🩺ယနေ့ဖေဖော်ဝါရီလ (၂၂) ရက်နေ့ဟာ ဦးနှောက်ရောင်ရောဂါကို ...
22/02/2026

ဦးနှောက်ရောင်ရောဂါကို သိရှိနားလည်ခြင်းဖြင့် မိမိကိုယ်ကိုကာကွယ်ပါ 🧠🩺

ယနေ့ဖေဖော်ဝါရီလ (၂၂) ရက်နေ့ဟာ ဦးနှောက်ရောင်ရောဂါကို တစ်ကမ္ဘာလုံးသိရှိနားလည်ပြီး ကာကွယ်နေထိုင်တတတ်စေဖို့ အသိပညာပေးတဲ့✨ ကမ္ဘာ့ဦးနှောက်ရောင်ရောဂါနေ့ ✨ ဖြစ်ပါတယ်။

ဦးနှောက်ရောင်ရောဂါဟာ အသက်အရွယ်မရွေး ဖြစ်နိုင်တဲ့ရောဂါဖြစ်ပြီး စောစီးစွာမကုသပါက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေတဲ့ ရောဂါဖြစ်ပါတယ်။

ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ ကမ္ဘာ့ဦးနှောက်ရောင်ရောဂါရဲ့ လက္ခဏာတွေကို အလွယ်တကူမှတ်မိစေဖို့ " Think Brain in FLAMES " ဖြစ်ပါတယ်။

F - Flu like symptoms ( တုပ်ကွေးလက္ခဏာလို ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း)

L - Light Sensitivity ( အလင်းရောင်မခံနိုင်ဘဲ မျက်စိကျိန်းခြင်း)

A - Altered Mental State ( စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲဖြစ်ကာ ကယောင်ကတမ်းဖြစ်ခြင်း၊သတိလစ်ခြင်း)

M- Memory Loss ( မေ့လျော့ခြင်းမှတဆင့် မှတ်ဉာဏ်ချို့ယွင်းခြင်း)

E- Epilepsy / Seizures ( အတက်ရောဂါကဲ့သို တက်ခြင်း)

S - Speech/ Sensory issues ( စကားပြောရာတွင်အခက်အခဲဖြစ်ခြင်း)

ဒီလိုလက္ခဏာတွေကို ဘယ်အသက်အရွယ်မှာပဲ ခံစားရပါစေ နီးစပ်ရာကျန်းမာရေးကုသမှုကျွမ်းကျင်သူဆီသွားရောက်စစ်ဆေးကာ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ဦးနှောက်ရောင်ရောဂါ အတော်များများဟာ ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တတ်တာမို့ တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ကာ ကာကွယ်ဆေးထိုးဖို့လည်း မပျက်ကွက်သင့်တဲ့အပြင် ခြင်ကိုက်မခံရအောင်လည်း နေထိုင်သင့်ပါတယ်။

ဦးနှောက်ကျန်းမာရေးဟာ အရေးကြီးပြီး မပေါ့ဆသင့်တဲ့အရာဖြစ်တာမို့ ပါရမီအထွေထွေရောဂါကုဆေးရုံမှ မျှဝေပြောပြလိုက်ပါတယ်ရှင်။

မိတ်ဆွေတို့အတွက် အကျိုးရှိတယ်ဆိုရင်ချစ်ခင်ရသူတွေကိုလည်း တဆင့်ပြန်လည် မျှဝေခဲ့ပါဦးနော်။ 💜🩺

#ပါရမီအထွေထွေရောဂါကုဆေးရုံ
#ကမ္ဘာဦးနှောက်ရောင်ရောဂါနေ့

🌟 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐂𝐡𝐢𝐥𝐝 𝐂𝐥𝐢𝐧𝐢𝐜 🌟𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐂𝐡𝐢𝐥𝐝 𝐂𝐥𝐢𝐧𝐢𝐜 ဟာဆိုရင် မြန်မာနိုင်ငံတွင် ပထမဦးဆုံးစတင်မိတ်ဆက်ခဲ့ပြီး ကလေးသူငယ်များကို ပြ...
20/02/2026

🌟 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐂𝐡𝐢𝐥𝐝 𝐂𝐥𝐢𝐧𝐢𝐜 🌟

𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐂𝐡𝐢𝐥𝐝 𝐂𝐥𝐢𝐧𝐢𝐜 ဟာဆိုရင် မြန်မာနိုင်ငံတွင် ပထမဦးဆုံးစတင်မိတ်ဆက်ခဲ့ပြီး ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ပေးလာတာ ၁၀ စုနှစ် တစ်ခုကျော်တိုင်ခဲ့ပါပြီ 💙 ယနေ့ခေတ်နှင့်အညီ ပိုမိုပြည့်စုံကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ပြီး ပါရမီအထွေထွေရောဂါကုဆေးရုံ၏ (၁၀) လွှာတွင် ပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်။ 🏥✨

👶 သားသားမီးမီးတို့၏
ကျန်းမာရေး 💪
ကြီးထွားဖွံ့ဖြိုးမှု 📈
အနာဂတ်ကောင်းမွန်ရေး 🌈
တို့ကို အထူးအလေးထားစောင့်ရှောက်ပေးမဲ့ ကလေးအထူးကုဆေးခန်းလည်းဖြစ်ပါတယ်။

💖 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐂𝐡𝐢𝐥𝐝 𝐂𝐥𝐢𝐧𝐢𝐜 တွင်ရရှိနိုင်သော ဝန်ဆောင်မှုများမှာ

✔️ ကလေးအထူးကုဆရာဝန်ကြီးများမှ ကျန်းမာရေးနှင့် ကြီးထွားဖွံ့ဖြိုးမှုအဆင့်ဆင့်ကို အသေးစိတ် စစ်ဆေးပေးခြင်း 🩺
✔️ မွေးကင်းစမှစတင်၍ အသက်အရွယ်အလိုက် လိုအပ်သောစစ်ဆေးမှုများနှင့် ကာကွယ်ဆေးထိုးနှံခြင်းများကို တစ်နေရာတည်းတွင် ပြည့်စုံစွာဆောင်ရွက်ပေးခြင်း 💉
✔️ ရောဂါများကိုစောလျင်စွာ ရှာဖွေတွေ့ရှိနိုင်ရန်နှင့် ထိရောက်မှန်ကန်စွာကုသနိုင်ရန်အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုးပေးခြင်း 🔬နှင့် အခြားသောကျန်းမာရေးဝန်ဆောင်မှုများစွာကိုလည်း ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

💙 မိဘများအတွက်သက်သာစေမဲ့ အထူးစျေးနှုန်းများဖြင့်ကျန်းမာရေးဝန်ဆောင်မှု 𝐏𝐚𝐜𝐤𝐚𝐠𝐞 များကိုလည်း စီစဥ်ပေးထားပါတယ်။

✅ (၁) ကြိမ် ပြသခြင်း – 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐏𝐚𝐜𝐤𝐚𝐠𝐞
✅ (၅) ကြိမ် ပြသခြင်း – 𝐏𝐚𝐜𝐤𝐚𝐠𝐞
✅ (၁၀) ကြိမ် ပြသခြင်း – 𝐏𝐚𝐜𝐤𝐚𝐠𝐞

သားသားမီးမီးတို့အတွက် သင့်လျော်မဲ့ 𝐏𝐚𝐜𝐤𝐚𝐠𝐞 များကို ဖေဖေမေမေတို့ မှ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါပြီရှင် 🤍

🎁 ထို့အပြင် 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐂𝐡𝐢𝐥𝐝 𝐂𝐥𝐢𝐧𝐢𝐜 တွင် ပထမဆုံးပြသမည့် (၅) ယောက်အတွက် အထူးမေတ္တာလက်ဆောင်အဖြစ် အရုပ်လက်ဆောင်များလည်း ပေးသွားမှာ ဖြစ်ပါတယ်။ 🧸✨

နွေးထွေးယုံကြည်ရသော ကျန်းမာရေးစောင့်ရှောက်မှုများရယူရန် 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐂𝐡𝐢𝐥𝐝 𝐂𝐥𝐢𝐧𝐢𝐜 သို့ အခုပဲ လာရောက်ပြသလိုက်ပါနော် 💕

⚠️ ကလေးငယ်များပြသရန် လူဦးရေကန့်သတ်ထားပါသဖြင့် ကြိုတင် 𝐁𝐨𝐨𝐤𝐢𝐧𝐠 ပြုလုပ်ထားဖို့
တော့ လိုပါမယ်နော် 📞




ပါရမီအထွေထွေရောဂါကုဆေးရုံတွင်  ၂၀၂၆ ဖေဖော်ဝါရီ ၂၂ ရက် (တနင်္ဂနွေ) နေ့တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ 𝐁𝐚𝐫𝐭𝐬 𝐇𝐞𝐚𝐫𝐭 𝐂𝐞𝐧𝐭𝐫𝐞...
19/02/2026

ပါရမီအထွေထွေရောဂါကုဆေးရုံတွင် ၂၀၂၆ ဖေဖော်ဝါရီ ၂၂ ရက် (တနင်္ဂနွေ) နေ့တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ 𝐁𝐚𝐫𝐭𝐬 𝐇𝐞𝐚𝐫𝐭 𝐂𝐞𝐧𝐭𝐫𝐞 , 𝐒𝐭 𝐁𝐚𝐫𝐭𝐡𝐨𝐥𝐨𝐦𝐞𝐰’𝐬 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ) ဆေးရုံမှ နှလုံးရောဂါအထူးကုနှင့် နှလုံးပုံရိပ်ဖော်ပညာရပ်ဆိုင်ရာ ပါမောက္ခဒေါက်တာနေအောင်သည်
“ 𝐖𝐡𝐞𝐧 𝐚𝐧𝐝 𝐇𝐨𝐰 𝐭𝐨 𝐔𝐬𝐞 𝐂𝐚𝐫𝐝𝐢𝐚𝐜 𝐌𝐑𝐈: 𝐀 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐚𝐥 𝐆𝐮𝐢𝐝𝐞 𝐭𝐨 𝐂𝐥𝐢𝐧𝐢𝐜𝐚𝐥 𝐒𝐜𝐞𝐧𝐚𝐫𝐢𝐨𝐬 ’’ (လက်တွေ့ကုသမှုအခြေအနေများတွင် 𝐂𝐚𝐫𝐝𝐢𝐚𝐜 𝐌𝐑𝐈 ကို ဘယ်လိုအသုံးပြုမလဲ - လက်တွေ့လမ်းညွှန်ချက်များ ) ခေါင်းစဥ်ဖြင့်အွန်လိုင်း 𝐙𝐨𝐨𝐦 မှ တဆင့်ဟောပြောဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

" လက်တွေ့ကုသမှုအခြေအနေများတွင် 𝐂𝐚𝐫𝐝𝐢𝐚𝐜 𝐌𝐑𝐈 ကို ဘယ်လိုအသုံးပြုမလဲ "- လက်တွေ့လမ်းညွှန်ချက်များ ဟောပြောပွဲလေးကို ပါရမီအထွေထွေရောဂါကုဆေးရုံနှင့် 𝐃𝐚𝐠𝐨𝐧 𝐌𝐞𝐝𝐢𝐜𝐚𝐫𝐞 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 (𝐃𝐌𝐇 ) တို့ပူးပေါင်းပြီး ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။

ဆရာဝန်ကြီးများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသောဝန်ထမ်းများနှင့် ဆေးပညာရပ်ပိုင်းဆိုင်ရာများတွင် စိတ်ပါဝင်စားသူများလည်း တက်ရောက်နိုင်ပါတယ်။

တတ်ရောက်လိုသူများအတွက် ဖော်ပြပါ 𝐐𝐑 ကို 𝐒𝐜𝐚𝐧 ဖတ်ပြီး စာရင်းပေးသွင်းတက်ရောက်နိုင်ပါတယ်ရှင် ...

𝐊𝐞𝐲 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬:
𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭 𝐂𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐢𝐬𝐭 - 𝐏𝐫𝐨𝐟: 𝐍𝐚𝐲 𝐀𝐮𝐧𝐠
𝐃𝐚𝐭𝐞 – 𝟐𝟐.𝟐.𝟐𝟎𝟐𝟔
𝐓𝐢𝐦𝐞 – 𝟐: 𝟎𝟎 𝐓𝐨 𝟒:𝟎𝟎 𝐏𝐌
𝐕𝐞𝐧𝐮𝐞 – 𝐏𝐚𝐫𝐚𝐦𝐢 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝟏𝟐𝐭𝐡 𝐅𝐥𝐨𝐨𝐫, 𝐀𝐮𝐝𝐢𝐭𝐨𝐫𝐢𝐮𝐦
𝐙𝐨𝐨𝐦 𝐈𝐃 : 𝟑𝟓𝟑 𝟓𝟐𝟐 𝟏𝟐𝟐𝟕
𝐙𝐨𝐨𝐦 𝐏𝐚𝐬𝐬𝐜𝐨𝐝𝐞 : 𝟏𝟒𝟎𝟏𝟏𝟕

Address

No60 G(1) Parami Road, Mayangone Township
Yangon
11062

Alerts

Be the first to know and let us send you an email when Parami Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Parami Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

Since, 2010, Royal Parami Life Sciences Co., Ltd has laid down plans to be a center of medical excellence by embracing a strong commitment to continuously improved quality service and patient safety.

Nation's First Private Children Hospital in Myanmar, with leading Paediatricians and Health Care Providers, in order to thrive as "One of a Leading First Private Children Hospitals in Myanmar". In mid 2011, Parami Hospital extends medical care services for adult patients and it becomes "Parami General Hospital, Yangon". Parami General Hospital, Yangon brings a group of dedicated specialists together to provide a multidisciplinary approach to patient care, in collaboration with advanced medical science and technology.