Parami Hospital

Parami Hospital Parami General Hospital Yangon, also known before as the first private Hospital exclusively for Women and Children in Yangon, Myanmar since 2010.

To be a center of medical excellence, the management of Royal Parami Life Sciences Co., Ltd has laid down plans, that embody a strong commitment to continuously improved quality service and patient safety. In mid 2011, Parami Hospital extends medical care services for adult patients and it becomes "Parami General Hospital, Yangon". Parami General Hospital, Yangon brings a group of dedicated specialists together to provide a multidisciplinary approach to patient care, in collaboration with advanced medical science and technology.

Dementia ရောဂါနဲ့ ပတ်သတ်သမျှ သိလိုရာမေးပါ ပါရမီကဖြေကြားပေးမှာ 💬🩺❐ Dementia ရောဂါဆိုတာဘာလဲ❐  ဘာကြောင့်ဖြစ်တာလဲ❐ လက္ခဏာတွေ...
11/08/2025

Dementia ရောဂါနဲ့ ပတ်သတ်သမျှ သိလိုရာမေးပါ ပါရမီကဖြေကြားပေးမှာ 💬🩺

❐ Dementia ရောဂါဆိုတာဘာလဲ

❐ ဘာကြောင့်ဖြစ်တာလဲ

❐ လက္ခဏာတွေကဘာလဲ

❐ ကုသပျောက်ကင်းနိုင်လား

❐ မိသားစုဝင်တစ်ဉီးအနေနဲ့ရင်ဆိုင်နေရရင် ဘာတွေဆက်လုပ်သင့်လဲ

အစရှိတဲ့မေးခွန်းပေါင်းမြောက်များစွာဟာ Dementia ရောဂါခံစားနေရသူတွေရဲ့ မိသားစုဝင်တွေမှာ အဖြေရှာစရာဖြစ်နေမယ်လို့ ပါရမီကထင်မြင်ယူဆမိပါတယ်။

များပြားလှတဲ့ မေးခွန်းအတွေးများစွာဟာ လူနာရှင်တွေအတွက် အဖြေရှာမှဖြစ်မဲ့အရာတွေမို့✨ ပါရမီအထွေထွေရောဂါကုဆေးရုံကြီး ( သိလိုရာမေး Dementia ကျန်းမာရေး ) ✨‌ဆိုတဲ့အစီအစဉ်လေးလုပ်ပေးထားပါတယ်။

Dementia ရောဂါနဲ့ပတ်သတ်သမျှ သိလိုရာကို အခု post လေးရဲ့ ကောမန့်မှာ မန့်ပေးထားရမှာဖြစ်ပါတယ်။

မေးခွန်းတိုင်းကို August လ 31 ရက် ပါရမီ‌အထွေထွေရောဂါကုဆေးရုံမှာပြုလုပ်မဲ့ health talk show မှာ❝ ဉီးနှောက်နဲ့အာရုံကြောဆိုင်ရာ အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဒေါ်စိမ်းမြမြအေး❞ ကပြန်လည်ဖြေကြားမျှဝေပေးသွားမှာပါ။

Dementia နဲ့ပတ်သတ်သမျှ သိလိုသမျှအရာရာ ပါရမီနဲ့အတူအဖြေရှာဖို့ အခုပဲ ကောမန့်မှာမေးလိုက်တော့နော်။ 🫶💜

#ပါရမီအထွေထွေရောဂါကုဆေးရုံ

#ပါမောက္ခဒေါက်တာဒေါ်စိမ်းမြမြအေး

World Periventricular Nodular Heterotopia Disorder(PVNH) Day (ရှားပါးဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းမှုရောဂါနေ့)🧠...
07/08/2025

World Periventricular Nodular Heterotopia Disorder(PVNH) Day (ရှားပါးဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းမှုရောဂါနေ့)🧠

PVNH ဆိုတာ ဦးနှောက်ဆဲလ်တွေက သူတို့ရှိသင့်တဲ့နေရာဆီကို ရောက်မသွားဘဲ ဦးနှောက်ထဲမှာစုပုံကျန်နေတဲ့အခါမှာ ဖြစ်လာလေ့ရှိတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ရှားပါးချို့ယွင်းမှုရောဂါဖြစ်ပြီး လူသိအရမ်းနည်းနေသေးတဲ့ရောဂါလည်းဖြစ်ပါတယ်။

PVNH ရဲ့ ရောဂါလက္ခဏာတွေက လူတစ်ယောက်နဲ့တစ်ယောက်ကွဲပြားမှုတွေရှိနိုင်ပေမယ့် များသောအားဖြင့်တော့ အတက်ရောဂါကိုပြင်းထန်စွာခံစားရခြင်း၊ အသိအမြင်ဆိုင်ရာချို့ယွင်းခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုပိုင်းဆိုင်ရာထိခိုက်ခြင်းတို့ကိုလည်း ခံစားရစေပါတယ်။

ဩဂုတ်လ (၇) ရက်နေ့ကို PVNH Day အဖြစ်သတ်မှတ်ခဲ့တဲ့ရည်ရွယ်ချက်ကတော့-

▪️PVNH ရောဂါ အကြောင်းကို လူသိများလာစေဖို့၊
▪️ဒီရောဂါနဲ့ပတ်သက်ပြီး သုတေသနရှာဖွေမှုတွေ၊ အသေးစိတ်တိကျတဲ့ ရောဂါဖြေရှင်းကုသမှုတွေ ပေါ်ပေါက်လာ‌စေဖို့နဲ့
▪️PVHN ရောဂါဝေဒနာခံစားနေသူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို နှစ်သိမ့်အားပေးနိုင်စေဖို့အတွက် ရည်ရွယ်ပြီးသတ်မှတ်ထားခဲ့တာပဲဖြစ်ပါတယ်။🎗️✨

အခုလိုရည်ရွယ်ချက်တွေအတိုင်း PVHN ရောဂါကို အရင်ကထက်ပိုပြီး ကုသမှုတွေလုပ်ဆောင်နိုင်အောင်၊ ရောဂါဝေဒနာအကြောင်းလူသိများလာနိုင်အောင်လို့ ❝ ပါရမီအထွေထွေရောဂါကုဆေးရုံ ❞ မှ အသိပညာပေးမျှဝေပြောပြလိုက်ပါတယ်။🩺💜


🙏🏻မင်္ဂလာပါရှင်🙏🏻ဦးနှောက်နှင့်အာရုံကြောရောဂါ များအတွက် တိုင်ပင်ဆွေးနွေးပြသရန် အတွေ့အကြုံရင့် ဦးနှောက်နှင့်အာရုံကြော ခွဲစ...
04/08/2025

🙏🏻မင်္ဂလာပါရှင်🙏🏻

ဦးနှောက်နှင့်အာရုံကြောရောဂါ များအတွက် တိုင်ပင်ဆွေးနွေးပြသရန် အတွေ့အကြုံရင့် ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်အထူးကုသမားတော်ကြီးများဖြစ်ကြသော

Dr.Aung Aung Kyaw
ဒေါက်တာ အောင်အောင်ကျော်
M.B.,B.S (Ygn)
M.Med.Sc (Neurosurgery)
Dr.Med.Sc (Neurosurgery)
Consultant Surgeon (Neurosurgery)
SNI Fellowship (Switzerland)

Dr. B La Tawng
ဒေါက်တာ B လတောင်
M.B.,B.S (Ygn)
M.Med.Sc (Neurosurgery)

တို့နှင့်ပြသဆွေးနွေးတိုင်ပင်ရန်ယခုပဲ ရက်ချိန်းရယူလိုက်ပါ။

ပါရမီအထွေထွေရောဂါကုဆေးရုံသည် ကလေး နှင့် လူကြီး လူနာများအတွက်အားထားစရာဆေးရုံအဖြစ် လိုအပ်သောဝန်ဆောင်မှုများပေးလျှက်ရှိပါသည်။

ရန်ကုန်မြို့၏အချက်အချာကျသော နေရာဖြစ်သည့် ပါရမီလမ်း၊ မရမ်းကုန်းမြို့နယ်တွင်တည်ရှိနေပါသည်။

✅ ဆရာဝန်ကြီးများ ၏အချိန်အပြောင်းအလဲရှိနိုင်ပါ၍ ကြိုတင် စာရင်းသွင်းရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင် ✅

ပါရမီအထွေထွေရောဂါကုဆေးရုံ၏
ဖုန်းနံပါတ်
☎️ 09 774 555 566 သို့ တိုက်ရိုက်ဆက်
သွယ်စာရင်းပေးဆက်သွယ် နိုင်ပါတယ်ရှင်။

✅ ဖုန်းများမအားလပ်ပါက အောက်ပါ Link မှတဆင့် Booking တင်နိုင်ပါတယ်ရှင် ✅

📌 http://m.me/caremebots?ref=booking_parami 📌

အဖြေမှန်ပြောရင်း ပါရမီနဲ့အတူ လက်ဆောင်ယူ🎊🎁 အစီအစဉ်လေး မှာ ပါဝင်ပေးခဲ့ကြတဲ့သူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် 😍ပါဝင်...
01/08/2025

အဖြေမှန်ပြောရင်း ပါရမီနဲ့အတူ လက်ဆောင်ယူ🎊🎁 အစီအစဉ်လေး မှာ ပါဝင်ပေးခဲ့ကြတဲ့သူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် 😍

ပါဝင်ပေးခဲ့ကြတဲ့ သူများထဲမှ အဖြေမှန်ကို ခန့်မှန်းရင်း ဖုန်းဘေလ်လက်ဆောင် ရယူဖို့ ပထမဆုံးမှန်ကန်တဲ့ ကံထူးရှင်(5) ဦးထွက်ပေါ်လာပါပြီ 🥳

🎁🎉ပထမဆုံးမှန်ကန်တဲ့ (5) ဉီးကို ဖုန်းဘေလ် ငါးထောင်ကျပ် မေတ္တာလက်ဆောင်ပေးအပ်သွားမှာဖြစ်တာမို့

winners လေးတွေက ဖုန်းဘေလ်လက်ဆောင်ကို ရယူရန် ပါရမီအထွေထွေရောဂါကုဆေးရုံကြီးရဲ့ Chat Boxကို လာရောက်ဆက်သွယ်ပေးကြပါဦးနော် 💜

#ပါရမီအထွေထွေရောဂါကုဆေးရုံ

#ပါရမီမှာလူကြီးရောကုသလို့ရလား

အဆုတ်ကျန်းမာရေးကို စောင့်ရှောက်ခြင်းဖြင့် အဆုတ်ကင်ဆာကိုကာကွယ်ပါ 🩺💜ယနေ့ဩဂုတ်လ (၁) ရက်နေ့သည် အဆုတ်ကျန်းမာရေးရဲ့ အရေးကြီးပု...
01/08/2025

အဆုတ်ကျန်းမာရေးကို စောင့်ရှောက်ခြင်းဖြင့် အဆုတ်ကင်ဆာကိုကာကွယ်ပါ 🩺💜

ယနေ့ဩဂုတ်လ (၁) ရက်နေ့သည် အဆုတ်ကျန်းမာရေးရဲ့ အရေးကြီးပုံကိုမျှဝေပြီး အဆုတ်ကင်ဆာကိုကာကွယ်ကြဖို တကမ္ဘာလုံးကိုမျှဝေသတိပေးတဲ့ ❝ World Lung Cancer Day ❞ ကမ္ဘာ့အဆုတ်ကင်ဆာရောဂါနေ့ဖြစ်ပါတယ်။

အဆုတ်ဟာ လူသားတစ်ယောက်အတွက်အရေးပါတာထက်ပိုတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဆုတ်ကင်ဆာရောဂါ အသက်ဆုံးရှုးခြင်းဖြစ်စေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

ဘယ်အသက်အရွယ်ကိုပဲရောက်ရောက် အသက်ရှူမှသာ ရှင်သန်နိုင်တာမို အဆုတ်ဟာ လူသားတွေရဲ့ သူငယ်ချင်းဆိုလည်း မမှားပါဘူး။

အဆုတ်ကျန်းမာရေးကိုစောင့်ရှောက်ဖို့

▪️လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

▪️ကျန်းမာရေးနဲ့အညီနေထိုင်စားသောက်ပါ

▪️စိတ်ဖိစီးမှုကင်းအောင်နေထိုင်ပါ

▪️စီးကရက်သောက်‌ခြင်းကိုရှောင်ကြဉ်ပါ

▪️အဆုတ်ကျန်းမာရေးလိုအပ်မှုတခုခုဖြစ်လာတဲ့အခါ မပေါ့ဆဘဲ ကျွမ်းကျင်ဆရာဝန်တွေနဲ့ အချိန်မှီတိုင်ပင်ဆွေးနွေးပါ

အဆုတ်ဟာ ရှင်သန်ခြင်းရဲ့အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တာမို အ‌ဆုတ်ကျန်းမာရေးကို စောင့်ရှောက်ခြင်းဖြင့် အဆုတ်ကင်ဆာကို လူသားတိုင်းကာကွယ်ကြပါလို ပါရမီဆေးရုံကအသိပညာမျှဝေသတိပေးအပ်ပါတယ်။

#အဆတ်ကင်ဆာရောဂါနေ့

#အဆတ်ကင်ဆာ

Congratulations......🎊🎉🎉🎊💜 Parami General Hospital 💜💜ပါရမီအထွေထွေရောဂါကုဆေးရုံသည် အမေရိကန်နိုင်ငံမှ AACI (American Accre...
01/08/2025

Congratulations......🎊🎉🎉🎊
💜 Parami General Hospital 💜
💜ပါရမီအထွေထွေရောဂါကုဆေးရုံသည် အမေရိကန်နိုင်ငံမှ AACI (American Accreditation Commission International) အဖွဲ့အစည်းမှပေးအပ်သော အပြည်ပြည်ဆိုင်ရာ အရည်အသွေးစစ်ဆေးအာမခံချက်လက်မှတ်ကို ထိုက်တန်စွာလက်ခံရရှိခဲ့ပါသည်။ 🎉🎊AACI လက်မှတ်ဆိုသည်မှာကမ္ဘာတစ်ဝန်းလုံးရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဆေးရုံ၊ဆေးခန်းများအနက် လူနာများ၏ ဘေးကင်းလုံခြုံမှုအတွက် သတ်မှတ်ထားသော နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသော ဆေးရုံများအားပေးအပ်သော နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တစ်ခုလည်းဖြစ်ပါသည်။ ပါရမီအထွေထွေရောဂါကုဆေးရုံမှလက်ခံရှိခဲ့သောဆုတံဆိပ်များမှာ
✨ အမေရိကန်နိုင်ငံမှ AACI စံချိန်စံညွှန်းပြည့်မှီ‌ကြောင်းအသိအမှတ်ပြုလက်မှတ်
✨ ISO 7101:2023 ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အရည်အသွေးစီမံခန့်ခွဲမှုစနစ် အသိအမှတ်ပြုလက်မှတ်
✨ ISO 9001:2015 အရည်အသွေးစီမံခန့်ခွဲမှုစနစ် အသိအမှတ်ပြုလက်မှတ် စသည့်လက်မှတ်များကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာပဲဖြစ်ပါတယ်။
ပါရမီအထွေထွေ‌‌ရောဂါကုဆေးရုံသည်လူနာ၊ လူနာရှင်များအတွက် အကောင်းဆုံး ဝန်ဆောင်မှုများပေးသွားနိုင်ရန် အစဉ်ကြိုးစားသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်...💜💜




#နိုင်ငံတကာစံချိန်စံညွှန်း #အရည်အသွေးအာမခံချက်
#လူနာဘေးကင်းလုံခြုံရေး

🙏မင်္ဂလာပါရှင့် 🏥ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ ဝန်ထမ်းသစ်တွေ ထပ်မံခေါ်ယူလျက်ရှိပါသည်။ Medical Officer (10)postMedical...
31/07/2025

🙏မင်္ဂလာပါရှင့်
🏥ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ ဝန်ထမ်းသစ်တွေ ထပ်မံခေါ်ယူလျက်ရှိပါသည်။
Medical Officer (10)post
Medical Imaging Technologist (3)post
Medical Laboratory Technologist(3)post
Pharmacist (5)post
စသည့်ရာထူးများကို အမြန်ခေါ်ယူနေပါပြီ 🤗
🌟အကျိုးခံစားခွင့်တွေအနေနဲ့

KPI Incentive (လစဉ်အခြေခံလစာ၏ ၂၀% အထိ)
နှစ်စဥ် Bonus
Medical & Allowance Benefits
Career Development Opportunities
တွေလဲ ရှိပါတယ်နော်🌟

အလုပ်လျှောက်ထားရန်
CV ကို hrdept@paramihospital.com
Viber 09949220466 မှဖြစ်စေ
အမှတ် ၁၉(က) ဦးဘဟန်လမ်းသွယ် မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့သို့

🌟လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ CVပေးပို့လျှောက်ထားနိုင်ပါသည်။✨✨✨

🙏မင်္ဂလာပါရှင့် 🏥ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ ဝန်ထမ်းသစ်တွေ ထပ်မံခေါ်ယူလျက်ရှိပါသည်။ အောက်ဖော်ပြပါရာထူးများကို အမြန်...
31/07/2025

🙏မင်္ဂလာပါရှင့်
🏥ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှာ ဝန်ထမ်းသစ်တွေ ထပ်မံခေါ်ယူလျက်ရှိပါသည်။ အောက်ဖော်ပြပါရာထူးများကို အမြန်ခေါ်ယူနေပါပြီ 🤗
🌟အကျိုးခံစားခွင့်တွေအနေနဲ့

KPI Incentive (လစဉ်အခြေခံလစာ၏ ၂၀% အထိ)
နှစ်စဥ် Bonus
Medical & Allowance Benefits
Career Development Opportunities
တွေလဲ ရှိပါတယ်နော်🌟

အလုပ်လျှောက်ထားရန်
CV ကို hrdept@paramihospital.com
Viber 09949220466 မှဖြစ်စေ
အမှတ် ၁၉(က) ဦးဘဟန်လမ်းသွယ်မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့သို့

🌟လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ CVပေးပို့လျှောက်ထားနိုင်ပါသည်။✨✨✨

🎉 Birthday Celebration for July Borns 🎉 🎂ဇူလိုင်မှာ မွေးဖွားသော မွေးနေ့ရှင်လေးများအားလုံး Happy Birthday ပါ……မိုးရာသီမှာ...
28/07/2025

🎉 Birthday Celebration for July Borns 🎉 🎂

ဇူလိုင်မှာ မွေးဖွားသော မွေးနေ့ရှင်လေးများအားလုံး
Happy Birthday ပါ……

မိုးရာသီမှာမွေးဖွားသောသူလေးများ
ဖြစ်ကြတဲ့အတွက်.....
မိုးရာသီရဲ့ လှပမှု​တွေနဲ့
ပြည့်စုံနေသူလေးတွေဖြစ်ကြပါတယ်

ဇူလိုင်လ မွေးဖွားတဲ့ မွေးနေ့ရှင်လေးတွေဟာ စိတ်ထားနူးညံ့သိမ်မွေ့သော၊ မိသားစုကိုအလေးထားတတ်သောသူများလည်းဖြစ်ပါတယ်။ ရဲရင့်ပြီးရှေ့ဆောင်လမ်းပြနှင့် စွန့်ဦးတီထွင်ဉာဏ်ကောင်းသူများလည်းအဖြစ်လည်းပါတ်ဝန်းကျင်မှထင်ရှားကြပါတယ်။

မွေးနေ့လမှ စ၍ နောက်နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်မှုများစွာဖြင့် ပြည့်စုံပါစေ…..
ချစ်ခြင်းမေတ္တာများနှင့် ပြည့်စုံ၍ ဘဝပန်းတိုင်များ အောင်မြင်စွာ ရောက်ရှိနိုင်ပါစေ လို့
ပါရမီဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်နော်…..

#ပါရမီအထွေထွေရောဂါကုဆေးရုံ

အသည်း‌ရောင်ရော‌ဂါကိုမမေ့မလျော့ကာကွယ်ပါ (‌World Hepatitis Day)🩺❣ယနေ့ဇူလိုင်လ (၂၈) ရက်နေ့ဟာ အသည်းရောင်ရောဂါကို ကာကွယ်ဖို့ ...
28/07/2025

အသည်း‌ရောင်ရော‌ဂါကိုမမေ့မလျော့ကာကွယ်ပါ (‌World Hepatitis Day)🩺❣

ယနေ့ဇူလိုင်လ (၂၈) ရက်နေ့ဟာ အသည်းရောင်ရောဂါကို ကာကွယ်ဖို့ တစ်ကမ္ဘာလုံးကို အသိသတိပေးတဲ့ ❝ ကမ္ဘာ့အသည်းရောင်ရောဂါနေ့❞ ဖြစ်ပါတယ်။

အသည်းရောင်ရောဂါဟာ သတိမပြုမိဘဲ ရှိနေတတ်တဲ့ရောဂါဖြစ်ပြီး မသိလိုက်ခင်မှာဘဲ ကမ္ဘာ့လူဉီးရေသန်းနဲ့ချီပြီး အသက်ဆုံးရှူံးစေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။❗️

အသည်းရောဂါကိုဖြစ်စေတဲ့အကြောင်းအရင်းများစွာနဲ့ အသည်းရောင်ရောဂါအမျိုးအစားများစွာရှိပါတယ်။

အဓိကဖြစ်စေတဲ့အကြောင်းအရင်းတွေက

📌အသည်းရောင်ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း

📌မူးယစ်စေသောအရာများသုံးစွဲသောက်သုံးခြင်း

📌အကိုက်အခဲပျောက်ဆေးအလွန်အကျွံသောက်ခြင်း

📌အသည်းအဆီဖုံးအောင် အဆီအဆိမ့်များအလွန်စားခြင်းတွေကြောင့်ဖြစ်ပါတယ်။

ဒီနှစ်ရဲ့ ❝ Hepatitis: Let’s Break It Down❞ Slogan အရ အသည်းရောင်ရောဂါကာကွယ်ရာမှာ အတားအဆီးဖြစ်နေတဲ့ အရာတွေကို လူသားတွေအနေနဲ့ ကျော်ဖြတ်ပြီး ကာကွယ်ရမှာဖြစ်ပါတယ်။

အသည်းကျန်းမာရေး ကောင်းမွန်ဖို့ အစာအုပ်စုတိုင်းကို မျှတအောင်စားပြီး အိပ်ရေးဝအောင် အိပ်စက်ဖို့နဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပြီး ဆရာဝန်နဲ့ အသည်းပိုးရှိမရှိစစ်ဆေးထားဖို့လိုအပ်ပါတယ်။

အသည်းကျန်းမာရေးဟာ လူတစ်ယောက်အတွက်မပေါ့ဆသင့်တဲ့ ကျန်းမာရေးဖြစ်တာကြောင့်အသည်းရောင်ရောဂါကိုမမေ့မလျော့ကာကွယ်ဖို့ ✨ပါရမီအထွေထွေရောဂါကုဆေးရုံကြီး✨မှ မျှဝေ‌အသိသတိပေးလိုက်ပါတယ်။

#ပါရမီအထွေထွေရောဂါကုဆေးရုံ
#ကမ္ဘာ့အသည်းရောင်ရောဂါနေ့

ဦးနှောက်ကျန်းမာ‌ရေးကို စောင့်ရှောက်ဖို့ မမေ့ပါနဲ့ (World Brain Day)ယနေ့ဇူလိုင်လ (၂၂) ရက်နေ့ဟာ ကမ္ဘာအာရုံကြောပညာအသင်း(WFN...
22/07/2025

ဦးနှောက်ကျန်းမာ‌ရေးကို စောင့်ရှောက်ဖို့ မမေ့ပါနဲ့ (World Brain Day)

ယနေ့ဇူလိုင်လ (၂၂) ရက်နေ့ဟာ ကမ္ဘာအာရုံကြောပညာအသင်း(WFN) က ဦးနှောက်ရဲ့အရေးပါခြင်းကျန်းမာရေးနဲ့ အာရုံကြောများအကြောင်းကို တကမ္ဘာလုံးသိရှိစေဖို့ အသိပညာပေးပွဲများကျင်းပတဲ့" ကမ္ဘာဦးနှောက်နေ့" ဖြစ်ပါတယ်။

ဦးနှောက်ဟာ လူတစ်ယောက်အတွက် မရှိမဖြစ်အရေးပါတဲ့ အရာလို့ပြောရင် မည်သူမျှမငြင်းနိုင်ပေမဲ့ ဦးနှောက်နဲ့အာရုံကြောကို ဂရုစိုက်တဲ့သူကတော့ သိပ်ကိုနည်းပါးပါတယ်။

ဦးနှောက်နဲ့အာရုံကြောကျန်းမာရေးဟာ မည့်သည်အသက်အရွယ်မဆိုထိခိုက်နိုင်တာကြောင့် ကလေးအရွယ်ကစပြီး ဉီးနှောက်ကျန်းမာဖို့ သေချာဂရုစိုက်ပေးသင့်ပါတယ်။

🧠မစဉ်းစားမတွေးတောဘဲနေထိုင်ခြင်း

🧠အိပ်ရေးပျက်များခြင်း

🧠အာဟာရချို့တဲ့ခြင်း

🧠စိတ်ဖိစီးမှုများခြင်း

🧠သီးသန့်နေထိုင်ခြင်း

အစရှိတာတွေက ဦးနှောက်ကိုဘာအလုပ်မှမပေးဘဲ ထိခိုက်မှုတွေဖြစ်လာစေတာမို့ ဒီနေ့ကစပြီးဆင်ခြင်သင့်ပါတယ်။

ဦးနှောက်ဟာလူတွေထင်ထားတာထက်ကို ပိုပြီး အရေးတဲ့အရာဖြစ်တာမို့ ဒီနေ့ကစပြီး ဦးနှောက်နဲ့အာရုံကြောကျန်းမာရေးကို မပေါ့ဆဘဲစောင့်ရှောက်ကြဖို့ ✨ပါရမီအထွေထွေရောဂါကုဆေးရုံ✨မှ သတိပြုမျှဝေ တိုက်တွန်းအပ်ပါတယ်။ 🩺💜

✨Brain Health for All Ages✨

#ပါရမီအထွေထွေရောဂါကုဆေးရုံ

#ကမ္ဘာဦးနှောက်နေ့

Address

No60 G(1) Parami Road, Mayangone Township
Yangon
11062

Alerts

Be the first to know and let us send you an email when Parami Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Parami Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

Since, 2010, Royal Parami Life Sciences Co., Ltd has laid down plans to be a center of medical excellence by embracing a strong commitment to continuously improved quality service and patient safety.

Nation's First Private Children Hospital in Myanmar, with leading Paediatricians and Health Care Providers, in order to thrive as "One of a Leading First Private Children Hospitals in Myanmar". In mid 2011, Parami Hospital extends medical care services for adult patients and it becomes "Parami General Hospital, Yangon". Parami General Hospital, Yangon brings a group of dedicated specialists together to provide a multidisciplinary approach to patient care, in collaboration with advanced medical science and technology.