Eating Right

Eating Right Collection for all eating sharing things over the world which I like....

18/09/2025
18/09/2025
16/09/2025
16/09/2025

ကြက်သွန်နီချဉ်စိမ်နည်း ‼️ တစ်ရက်တည်းနဲ့ စားလို့ရပြီ၊ ချဉ်ပြုံးပြုံးအရသာက စားလို့ကောင်းလွန်းလို့ ရပ်လို့ကိုမရဘူး 😋
ပါဝင်ပစ္စည်းများ........
* ရေသန့် ၅၀၀ မီလီလီတာ
* ရှာလကာရည် ၃၀၀ မီလီလီတာ
* သကြား ၁၅၀ ဂရမ်
* ဆား စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း.......
မီးအေးအေးနဲ့ ပါဝင်ပစ္စည်းအားလုံးကို ရောပြီး သကြားတို့ ဆားတို့ ပျော်သွားတဲ့အထိ တည်ပါ။ ပြီးရင် မီးပိတ်ပြီး အအေးခံထားပါ။ ကြက်သွန်နီ ၅၀၀ ဂရမ်ကို အခွံနွှာ၊ ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။ ကြက်သွန်နီတွေကို ပုလင်းထဲထည့်ပြီး အအေးခံထားတဲ့ ဆားရည်ကို ကြက်သွန်နီမြုပ်အောင် လောင်းထည့်ပါ။ အဖုံးကို လုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ ၁ ရက်ထားရင် အရသာရှိတဲ့ ကြက်သွန်နီချဉ်စိမ်ကို သုံးဆောင်နိုင်ပါပြီ။
အရမ်းအရသာရှိပါတယ်။



မုန်ညင်းစော ရှမ်းပြည်ကလူဆိုရင် ဒီဟင်းက ဘယ်အချိန်စားစား စားလို့အဝင်ဆုံး ဟင်းတမျိူး...Hay Man
14/09/2025

မုန်ညင်းစော
ရှမ်းပြည်ကလူဆိုရင် ဒီဟင်းက ဘယ်အချိန်စားစား စားလို့အဝင်ဆုံး ဟင်းတမျိူး...

Hay Man

“မုန်ညှင်းစော” ဆိုတာက မုန်ညှင်း နဲ့ ဝက်ရိုး (သို့) ကြက်ရိုးကို မီးအေးအေးနဲ့ ချိုချဉ်ဆိမ့်လေးချက်ထားတဲ့ “မုန်ညှင်းချဉ်ရည်ကျို” တစ်မျိုးပါ။ သူ့ကို မသိတဲ့သူတွေလည်း ရှိနိုင်သလို စားဖူးတဲ့သူတွေကိုဆိုရင်ကျ ထပ်ခါထပ်ခါ စားချင်စေတဲ့ အရည်သောက်လေး တစ်မျိုးပါ ❣️ရှမ်းပြည်ဘက်မှာနေတဲ့သူတွေ၊ ရှမ်းပြည်ဘက်ကနေ စားဖူးလာကြတဲ့သူတွေဆို တကယ်ကို အသည်းစွဲပဲ 🥰
ကဲ...ခု ဒီစာကို ဖတ်နေတဲ့သူတွေထဲ “မုန်ညှင်းစော” ကြိုက်တဲ့သူတွေ ဘယ်သူတွေပါသလဲရှင်???? 🤩
မုန်ညှင်းစောလုပ်ဖို့ ဘာမှလည်း ထွေထွေထူးထူး လိုမနေပြန်ဘူး။ ဘာတွေ အဓိကလိုလဲဆို -
- ကြက်ရိုး (သို့) အရိုးများတဲ့ ဝက်နံရိုး
- ခရမ်းချဉ်သီး
- ဂျင်း
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- ကြံသကာ (သို့) ထန်းလျက်ခဲ အနည်းငယ်
- မန်းကျည်းသီးမှည့် (သို့) ချဉ်စော်ခါးသီးခြောက် အနည်းငယ်
- ငြုပ်သီးစိမ်း (သို့) အနီ
- မြန်မာနံနံပင်
- ပဲပုတ် (မပါလည်းရ)
ဒါတွေရှိရင် “မုန်ညှင်းစော” ကောင်းကောင်းတစ်ခွက်ကို ရှမ်းပြည်ထိသွားသောက်စရာ မလိုဘဲ လူတိုင်းအိမ်မှာ ချက်သောက်နိုင်ပါပြီနော် 🥰 လာ...တူတူစချက်ကြမယ်။
အရင်ဦးဆုံး မုန်ညှင်းတွေကို လက်နဲ့ပဲ ဖဲ့ချိုးမယ်။ ဆိုဒ်က လက် ၅လုံးစာ ခပ်ရှည်ရှည်လေးတွေပေါ့။ ဖဲ့ရင်း ချိုးရင်း ဖဲ့မရတဲ့ အရင့်ပိုင်းလေးတွေဆို ဆက်မယူပါနဲ့တော့နော်။
ပြီးရင် ဆားရည်နဲ့ ၁၀ မိနစ်လောက် သေချာစိမ်ပြီး ရိုးရိုးရေနဲ့ ဆေးချပေးလိုက်ပါ။ ဒါဆို မုန်ညှင်းတွေက တော်တော်သန့်သွားပါပြီ။
ပြီးရင် နန္ဒာကတော့ ဆီသတ်ဘာညာ လုပ်မနေတော့ဘူး။ ရှမ်းဟင်းအရည်သောက်တွေ ချက်သလို ခပ်ကြမ်းကြမ်းလေးပဲ အကုန်ရောထည့်ကျိုပါမယ်။ ခုနက မုန်ညှင်းတွေကို ကျိုမယ့်အိုးထဲထည့်။ အရိုးတွေပါထည့်။ ခရမ်းချဉ်သီးတွေကိုဆိုလည်း လက်နဲ့ပဲ ချေထည့်လိုက်တယ်။ ကြက်သွန်ဖြူ နဲ့ ဂျင်းရောထောင်းထားတာထည့်၊ ကြက်သွန်နီပါးပါးလှီးထည့်၊ ကြံသကာခဲပါ ထည့်လိုက်ပါတယ်။
ပြီးရင် မွှေလို့ကောင်းရုံ ရေနည်းနည်းလေးထည့်ပြီး အကုန်သမပြီး မုန်ညှင်းတွေ အစိမ်းနံ့ပျောက်၊ အရိုးတွေ အပေါ်ယံကျက်ပြီး စမွှေးလာတဲ့အထိ လုံးချက်ချက်သလို မီးပြင်းပြင်းတင်ပြီး ယောင်းမနဲ့ အားရပါးရမွှေချက်ပေးလိုက်ပါတယ်။
မွှေချက်လို့ဝပြီဆိုမှ မန်းကျည်းမှည့်ရည်လေးပါ တစ်ခါတည်း ဖျော်ထည့်တယ်။ အစတည်းက အရိုးတွေ မုန်ညှင်းတွေထဲထိ အချဉ်အရသာလေး စိမ့်ဝင်နေတာကို ကြိုက်လို့ပါ။
ချဉ်စော်ခါးသီးခြောက်ဘာညာသုံးမယ့်သူကကျ အစတည်းက ထည့်ထားလို့လည်း ရပါတယ်။
ပြီးရင် ရေနွေးကို အဆာပလာတွေ အားလုံးမြုပ်အောင် ထည့်လိုက်ပြီး....မီးကိုလျှော့...အေးအေးလေးပဲထား။ အရသာအတွက် ဆားကိုလည်း ကိုယ်ထည့်တဲ့ ရေနဲ့ ချိန်ပြီး တစ်ခါတည်း အဲ့ချိန်မှာ ထည့်ထားလိုက်ပါနော်။ ရေက လေးပုံ ၁ ပုံလောက် ခမ်းဦးမှာဆိုတော့ ဆားကို အလျော့ဘက်ကပဲ ချိန်ထည့်ပေးထားပါ။
အဖုံးပိတ်ပြီး အနည်းဆုံး ၁ နာရီခွဲ - ၂ နာရီလောက် မီးအနည်းဆုံးနဲ့ ပစ်ထားလိုက်ပြီး အခြား ချက်စရာရှိတာတွေ သွားချက်နေလိုက်တော့ရှင် 😉 အဲ့အချိန်မှာ ဒီအိုးထဲက တောက်လျှောက်ထွက်နေမယ့် မုန်ညှင်းရနံ့သင်းသင်းလေးကတော့ တစ်အိမ်လုံးမွှေးနေမှာမို့ ဗိုက်မဆာလာအောင် စိတ်ကိုမနည်းထိန်းရမှာ သေချာတယ်နော့် 😁
အချိန် ၁ နာရီခွဲ - ၂ နာရီလောက်ပြည့်ပြီဆို အိုးအဖုံးလေးကို ဖွင့်လိုက်ရင်...အရည်နည်းနည်းလျော့သွားပြီး အရိုးထဲက အရသာတွေ၊ မုန်ညှင်းထဲက အနံ့အရသာတွေအကုန်ထွက်၊ အရွက်တွေကလည်း နူးအိ၊ မွှေးကြိုင်နေပါလိမ့်မယ်ရှင်။
အဲ့ချိန်ဆို စားချင်စိတ်က ထိန်းမရတော့ဘူး။ ပူပူလောလောပဲ ခပ်မြန်မြန် ပန်းကန်ထဲ ခပ်ထည့်။ အပေါ်ကနေ နုတ်နုတ်စင်းထားတဲ့ မြန်မာနံနံပင်၊ ကြက်သွန်ဖြူ၊ ငြုပ်သီးလေးတွေတင်၊ မီးကင်ပြီး အမှုန့်ဖြစ်အောင်ထောင်းထားတဲ့ ပဲပုတ်ထောင်းလေးပါရှိရင်ထည့်လိုက်ပါ။
သောက်ခါနီးဆို အားလုံးကို ပူပူလောလော ရောသမမွှေပြီး သောက်ချ...အားပါးပါး...သူ့အရသာက ချိုချိုချဉ်ချဉ် မွှေးမွှေးစပ်စပ်လေးနဲ့ မုန်ညှင်းနံ့သင်းပြီး စားကောင်းချက်ဆိုတာ တခြား ဘာဟင်းမှကို မလို...ထမင်းဖြူတစ်ပွဲရှိတာနဲ့တင် ပြည့်စုံစေတယ်ရှင်😍😍😍
လုပ်ရလည်းလွယ်..စားလို့လည်း ကောင်းတာမို့ မုန်ညှင်းပေါနေတဲ့ ဒီရာသီမှာ ဖြစ်အောင် လုပ်စားလိုက်ကြနော် အချက်တစ်လိုင်းတို့ 🥰


゚viralシfypシ゚

07/09/2025
02/09/2025
02/09/2025
02/09/2025
23/08/2025
22/08/2025
19/08/2025

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Eating Right posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram