Myat Piti Pharmacy

Myat Piti Pharmacy ၃၂ရပ်ကွက်

30/04/2024

အပူချိန် ၄၀ ဒီဂရီ ကျော်ရင် ဦးဏှောက်ဆဲလ်တွေ စပြီးကြောင်လာပါတယ်တဲ့။ ဦးဏှောက်ဆဲလ်တွေအကြိုက်ဆုံးအခြေအနေက ၂၂ ဒီကရီလောက်အခြေအနေတဲ့။

သိပ်ပူတဲ့အခါ ဦးဏှောက်က ခန္ဓာကိုယ် အေးအောင် ချွေးတွေထုတ်ပြီး အပူဓါတ်ကိုလျော့ဖို့ ကြိုးစားတယ်။ ခန္ဓာကိုယ်တွင်း ဆားဓါတ်လျော့လာတော့ သတ္ထုဓါတ် မညီမျှမှုဖြစ်လာတယ်။ ဓါတ်ဆားရည်သောက်ပေးရတယ်။

သိပ်ပူတဲ့အခါ အရေပြားပေါ်က အပူအအေးထိမ်းညှိတဲ့ သာမိုစတက်တွေ ကြောင်သွားတဲ့အခါ ဦးဏှောက်က လိုက်ညှိဖို့ကြိုးစားရင်း အထိတ်တလန့်ဖြစ်ပြီး အပူရှော့ဝင်တတ်တယ်။ ( Aircon ခန်း) အအေးထဲကနေ အပြင် (အပူ) ကိုသွားတဲ့အခါ ဦးဏှောက်က ချက်ခြင်းပြောင်းသွားတဲ့ အပူချိန် ကို အမြန်လိုက်ညှိရင်း ဆားကက်ကြောင်သွားတတ်တယ်။

ပူလို့ ရေသောက်တာ ကောင်းတယ်၊ ရေဟာ ခန္ဓာကိုယ်တွင်းက ထွက်မည့်ချွေးတွေနေရာက အရည်တွေနေရာ ကူပြီး အစားထိုးပေးပေမယ့် အပူဒဏ်ကြောင့် ခန္ဓာကိုယ်အေးသွားအောင် မကာကွယ်ပေးနိုင်ဘူး။

အပြင်အပူချိန် ၄၀* ကျော်ရင် လူ့ရဲ့ ဆဲလ်တွေအပေါ် အကျိုးသက်ရောက်လာတယ်။ အထူးသဖြင့်ဦးဏှောက်ဆဲလ်တွေ စွမ်းဆောင်ရည်ကျလာတယ်။ ဦးဏှောက်ဆဲလ်တွေပူတဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုထိမ်းညှိပေးတဲ့ စနစ်ချို့ယွင်းသွားရင် သွေးလည်ပတ်မှုမြန်တာတို့၊ သတ္ထုဓါတ်တွေ မမျှတတာတို့ဖြစ်ပြီး လူဟာ အန္တရာယ်ရှိလာတယ်။ နောက်ဆုံး ဦးဏှောက်က သူအလုပ်မလုပ်နိုင်တော့ဘူးထင်ရင် ခဏ ပိတ်ပစ်လိုက်တယ်။ သတိလစ်သွားတာမျိုးပေါ့။ အသက်အန္တရာယ်ရှိပါတယ်။ အဲ့လိုအခြေအနေမှာ ခန္ဓာကိုယ်ရဲ့ အပူကို နည်းမျိုးစုံနဲ့လျော့ပြီး ဦးဏှောက်အအေးဓါတ်ရအောင်လုပ်ရပါတယ်။

အပူဒဏ်ကို ဦးဏှောက်က တွန်းလှန်ပေးဖို့ ခန္ဓာကိုယ်မှာ ဓါတ်ပေါင်းစုံမျှတဖို့လိုပါတယ်။ electrolyte တွေ ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံ၊ ဇင့်၊ ဗိုက်တာမင် ABCDE ပြည့်ဝတဲ့အစားအစာတွေ မိုးလင်းကတည်းက စားထားပါ။ ဥပမာ ဒန့်သလွန်ရွက်မှာ အဟာရပြည့်တယ်။ သောက်ပေးပါ။

ပူလွန်းလို့စိတ်ရှုပ်ရင် anxiety တက်လာပြီး လူဟာ ရှော့ ဖြစ်တတ်တယ်။ ဦးဏှောက်က ပူတာကိုထမ်းရတာတမျိုး၊ သောကကိုငြိမ်းရတာတမျိုးနဲ့ ဆားကက်တွေ ကမောက်ကမ နဲ့ မနိုင်ဝန်ထမ်းလာရတယ်။ စိတ်အေးအေးထားပါ။

ဒါကြောင့်သိပ်ပူရင် အေးတဲ့သဘာဝ လို့ ဦးဏှောက်က သတ်မှတ်ထားတဲ့ သစ်ပင်စိမ်းစိမ်းတွေ၊ ရေတွေနားမှာနေတဲ့လူတွေ သက်သာတယ်။ အပူကတော့ဒီအပူပါပဲ၊ ဦးဏှောက် သက်သာတော့ ဒဏ်မခံရတာပေါ့။

ပြင်ပ အပူရှိန် ကို ဦးဏှောက်ကို အကြောင်းကြားတဲ့ ဆက်သားတွေက မျက်နှာပေါ်က ပါးလွှာတဲ့အရေပြားအောက်က သွေးကြောလေးတွေက တခြားနေရာတွေထက် ဦးဏှောက်ဆီ အမြန် ပို့တတ်တယ်။ မျက်နှာကို sunscreen လိမ်းပါ၊ မျက်စိ မျက်နှာ ကို အအေးဓါတ် ကျွေးပါ။

ခန္ဓာကိုယ်အပူ ထက် ဦးဏှောက်ရဲ့ ဆဲလ်အပူရှိန် ကိုလျော့ချဖို့ အရေးကြီးပါတယ်။ ဒါကြောင့်လူတွေဟာ နေပူရင် ထီး ဦးထုတ်ဆောင်းကြတယ်။ အဓိကကတော့ ဦးဏှောက်ပါပဲ။ ခေါင်းအေးအေးထားပါ၊ အပူဒဏ်ကိုကျော်လွှားဖို့ ဦးဏှောက် စက်ခန်းကမောက်ကမမဖြစ်အောင် အမြင်အေးအေးနေရာမှာနေ၊ ခန္ဓာကိုယ် သတ္ထုဓါတ်တွေ ညီမျှနေအောင် စားသောက်နေထိုင်ပါ။

လူပူရင်ပူ၊ ဦးဏှောက်အေးအောင်ကြိုးစားကြပါ။



ခန္ဓာကိုယ်အတွင်းသတ္ထုဓာတ်ညီမျှအောင်
သောက်ပေးဖို့
Electral Forte
Electral
Royal D
Pharolit
Peditral
BPI ဓာတ်ဆားများ ဆိုင်မှာဝယ်ယူရရှိနိုင်ပါပြီရှင့်

Golden Silk Bird’s Nest ဝယ်ယူရရှိနိုင်ပါပြီရှင့်
29/04/2024

Golden Silk Bird’s Nest
ဝယ်ယူရရှိနိုင်ပါပြီရှင့်

Quality Guaranteed

Golden Silk ငှက်သိုက်သည် နိုင်ငံတကာအသိအမှတ်ပြု တံဆိပ်များစွာရရှိထားသည့်အပြင် မြန်မာနိုင်ငံ၏ တရားဝင်အသိအမှတ်ပြု (FDA) လက်မှတ်ရရှိထားသောကြောင့် ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါသည်။

Silk Bird's Nest
Grade Star

Address

ဗိုလ်မင်းရောင်လမ်း
Yangon

Telephone

+9595046962

Website

Alerts

Be the first to know and let us send you an email when Myat Piti Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Myat Piti Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram