ATHA Yoga Corner

ATHA Yoga Corner ATHA YOGA NUSASSANAM
စိတ်နဲ့ခန္ဓာ ကိုသင်ကိုယ်တိုင်တာဝန်ယူဖို့အဆင်သင့်ဖြစ်ပြီဆိုရင် YOGA စလေ့ကျင့်လို့ရပါပြီ

11.04.2026 မှာ စတင်ခဲ့တဲ့ 20Hrs Basic Anatomy Course Batch 08 (Online Class) လေးကတော့ ဒီနေ့ဆိုရင် ၇ ရက်မြောက်ကို အောင်မြ...
17/04/2026

11.04.2026 မှာ စတင်ခဲ့တဲ့ 20Hrs Basic Anatomy Course Batch 08 (Online Class) လေးကတော့ ဒီနေ့ဆိုရင် ၇ ရက်မြောက်ကို အောင်မြင်စွာ ဖြတ်သန်းခဲ့ပြီးပါပြီ။

ရှေ့မှာ In-Person Class တွေသာ တောက်လျှောက်ဖွင့်လှစ်သင်ကြားခဲ့တာမို့ ခုလို ပထမဆုံး online class ဖွင့်တဲ့အခါ သင်ကြားမှုမှာ အဆင်ပြေပါ့မလားလို့ စိုးရိမ်စိတ်ရှိခဲ့ပါတယ်။

ကြိုတင်ပြင်ဆင်မှုလေးတွေ သေချာလုပ်ထားနိုင်ခဲ့တဲ့အတွက်လည်း တကယ်သင်တဲ့အခါကျတော့ In-Person Class တွေ သင်ရတာနဲ့မခြား အဆင်ပြေချောမွေ့ခဲ့ပါတယ်။

သင်တန်းစတဲ့ရက်ကနေ ခုချိန်ထိမှာ စိတ်ပါဝင်စားစွာနဲ့ အပြည့်အဝ စီးမျောလက်ခံပေးကြတဲ့ သူတစ်ယောက်ချင်းစီက ပေးတဲ့ ခွန်အားတွေကြောင့်သာ မျှော်မှန်းထားတာထက် အများကြီး ရှေ့ပိုရောက်ခဲ့ပါတယ်။

သင်တန်းသား တစ်ယောက်ချင်းစီရဲ့ စိတ်ဝင်တစားကြိုးစားအားထုတ်မှု၊ တန်ဖိုးထားပြီး လက်ခံသင်ယူမှု တိုင်းကို ကျေးဇူးတင်ပါတယ်။ အသိအမှတ်ပြုပါတယ်။ လေးစားပါတယ်။

လေ့ကျင့်ခန်းလုပ်သူတွေမှာ အဓိကလိုအပ်တဲ့ မိမိခန္ဓာကိုယ်အကြောင်း ရင်းနှီး၊ နားလည်၊ သဘောပေါက်ပြီး လေ့ကျင့်မှုတွေမှာ အန္တရာယ်ကင်းရှင်းစွာနဲ့ ပိုမိုတိုးတက်ကောင်းမွန်တဲ့ ရလဒ်တွေရရှိစေဖို့ ကိုယ်နိုင်ရာဝန်ကို အကောင်းဆုံး ဆက်ထမ်းပါဦးမယ်။




#အောက်ခြေခိုင်အောင်အခြေခံကစကြမယ်

16/04/2026

"Exercise is a celebration of what your body can do, not a punishment for what you ate. Taking care of your health today is an investment for your future self. Move your body, find your strength!"



16/04/2026

The bar isn't moving, but you are.



ပေးတဲ့သူနဲ့ ယူတဲ့သူကိုယ့်အပိုင်းကိုယ်တာဝန်ယူကြမယ် ✨💪   #အောက်ခြေခိုင်အောင်အခြေခံကစကြမယ်
15/04/2026

ပေးတဲ့သူနဲ့ ယူတဲ့သူ
ကိုယ့်အပိုင်းကိုယ်
တာဝန်ယူကြမယ် ✨💪



#အောက်ခြေခိုင်အောင်အခြေခံကစကြမယ်

14/04/2026

"Focus on the step you’re taking, not the mountain you’re climbing."
Wellness isn't a race; it's a gentle journey of self-love and rejuvenation for your body and soul. Perfection isn't the goal; starting is.
• Consistent: Small efforts lead to great results.
• Kind: Be patient with your progress.
• Strong: You are stronger than you think.
Enjoy the journey, one step at a time. ✨



14/04/2026

Slowly but surely, finding my balance. 🍃🤍
Tr. Bon Chan




သင်္ကြန်ကာလမှာ စိတ်နဲ့ခန္ဓာကိုယ် အန္တရာယ်ကင်းရှင်းစွာနဲ့ဖြတ်သန်းနိုင်ကြပါစေ။ပျော်ရွှင်စရာနှစ်သစ်ကူး အခါသမယ ဖြစ်ပါစေ။ #နီ...
13/04/2026

သင်္ကြန်ကာလမှာ
စိတ်နဲ့ခန္ဓာကိုယ်
အန္တရာယ်ကင်းရှင်းစွာနဲ့
ဖြတ်သန်းနိုင်ကြပါစေ။

ပျော်ရွှင်စရာနှစ်သစ်ကူး
အခါသမယ ဖြစ်ပါစေ။

#နီးစပ်ရာမှာYOGAကျင့်ပါ
#အခုကစYOGAကျင့်ပါ
#လှုပ်ရှားကျန်းမာစိတ်နဲ့ခန္ဓာ

လေ့ကျင့်ခန်းကို ကိုယ်တိုင်လေ့ကျင့်နေသူတွေအတွက်ရော၊ သူတစ်ပါးကိုလည်း ပြန်လည်မျှဝေနေသူတွေအတွက်ပါ ကိုယ့်ခန္ဓာကိုယ်အကြောင်း သ...
12/04/2026

လေ့ကျင့်ခန်းကို ကိုယ်တိုင်လေ့ကျင့်နေသူတွေအတွက်ရော၊ သူတစ်ပါးကိုလည်း ပြန်လည်မျှဝေနေသူတွေအတွက်ပါ ကိုယ့်ခန္ဓာကိုယ်အကြောင်း သေချာနားလည်ပြီး ထိခိုက်ဒဏ်ရာရရှိမှုကို ကာကွယ်နိုင်ဖို့ အဓိက ရည်ရွယ်ပြီး ဖွင့်လှစ်တဲ့ 20Hrs Basic Anatomy Course Batch 08 (Online Class) ရဲ့ ဒုတိယနေ့။

ပညာရပ်တစ်ခုကို စတင်သင်ယူလေ့လာကြတဲ့အခါ ကိုယ့်အတွက် တကယ်အကျိုးရှိတယ်လို့ ခံစားမိပြီး အသုံးဝင်တယ်ဆိုတဲ့ အသိတရားလေးကို အရင်တည်ဆောက်နိုင်မှသာ အမြဲမပြတ် ဆက်လက်လေ့လာဖြစ်နေမှာပါ။ ဘာပဲသင်သင် ချစ်အောင်သင်တတ်ဖို့ ကြိုးစားနေပါတယ်။




#အောက်ခြေခိုင်အောင်အခြေခံကစကြမယ်

11/04/2026

နေ့စဉ်ကိုယ်စီ လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေမှာ ခြေလှမ်းဘယ်လောက်များများ ငြိမ်းချမ်းခြင်းကို ဦးတည်ပြီးလျှောက်မိကြပါသလဲ?

ငြိမ်းချမ်းခြင်းဆိုတာ တည်နေရာ တစ်ခုမဟုတ်။
စိတ်နေစိတ်ထား၊ အကျင့်တရားတစ်ခုသာ။

ငြိမ်းချမ်းခြင်းဆိုတာ လူသားဘဝရဲ့ အရောက်လှမ်းရမယ့် ပန်းတိုင်မဟုတ်။
ကိုယ်ထူကိုယ်ထ တည်ဆောက်ရမယ့် အခြေခံအုတ်မြစ်တစ်ခုသာ။

ငြိမ်းချမ်းခြင်းကို ပြင်ပမှာ ရှာရင် တွေ့ဖို့က မသေချာဘူး။
မိမိရဲ့ စိတ်အတွင်းမှာသာ ငြိမ်းချမ်းခြင်းကို ကိုယ်တိုင်တည်ဆောက်နိုင်မယ်ဆိုရင်

အသိတရားနဲ့လှမ်းတဲ့ ခြေလှမ်းတိုင်းဟာ ငြိမ်းချမ်းမှုအပြည့် (သို့) ငြိမ်းချမ်းမှုစီ ဦးတည်နေမှာ သေချာပါတယ်။

ညာခြေတစ်လှမ်း လှမ်းတိုင်း No Harm (မထိခိုက်စေရ)

ဘယ်ခြေတစ်လှမ်း လှမ်းတိုင်း No One (ကိုယ်အပါအဝင် ဘယ်သူ့ကိုမှ မထိခိုက်စေရ)

ဆရာဇေယျာမိုးမြင့်ရဲ့ ရှေ့ဆောင်လမ်းပြမှုတွေထဲက တစ်ခု ဖြစ်တဲ့ Walk For Peace (ငြိမ်းချမ်းရေးခြေလှမ်းများ) တစ်ရက်ကို မိနစ် ၂၀ နဲ့ ၁၁၁ ရက်တာ ခရီးစဉ်လေးက ဒီနေ့ (11.04.2026) မှာ မှတ်တိုင် ၅၅ ကို ရောက်ရှိအောင်မြင်ခဲ့ပါပြီ။

#ခြေလှမ်းတိုင်းပန်းတွေပွင့်ဝေစေဖို့

09/04/2026

Arm Balancing pose တွေထဲက အခြေခံအကျဆုံး နဲ့ အလွယ်ဆုံး Crow Pose။

ဒီ pose လေးကို ပြန်ပြီးလေ့ကျင့်နိုင်လာတဲ့အတွက် ပြောမပြတတ်အောင် ပျော်ရွှင်ရတယ်။

အချိန်တွေအကြာကြီး ဝေးသွားခဲ့တဲ့ ချစ်ခင်ရသူတစ်ဦးနဲ့ ပြန်ဆုံရသလို တကယ်ကို လှိုက်လှိုက်လှဲလှဲ 🤗

#နီးစပ်ရာမှာYOGAကျင့်ပါ
#အခုကစYOGAကျင့်ပါ
#လှုပ်ရှားကျန်းမာစိတ်နဲ့ခန္ဓာ

09/04/2026

Final Call for
20Hrs Basic Anatomy Course
Batch 08 (Online Class)
(11.04.2026 ~ 21.04.2026)



#အောက်ခြေခိုင်အောင်အခြေခံကစကြမယ်

Address

Yangon

Alerts

Be the first to know and let us send you an email when ATHA Yoga Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ATHA Yoga Corner:

Share

Category