ဆေးနန်းတော် ဆေးစတိုး

ဆေးနန်းတော် ဆေးစတိုး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဆေးနန်းတော် ဆေးစတိုး, Medical and health, Yangon.

ကဲ...ချစ်တို့​ရေ...ပစ္စည်းပြန်​ရောက်ပြီ​နော်......အရင်လိုချစ်​သေးရင် အား​ပေးကြပါအုံးလို့.....
13/10/2022

ကဲ...ချစ်တို့​ရေ...ပစ္စည်းပြန်​ရောက်ပြီ​နော်......
အရင်လိုချစ်​သေးရင် အား​ပေးကြပါအုံးလို့.....

Ganoderma Propolis Capsules
————————————————
လင်ဇီးမှုန့်၊ပျားဖယောင်းတို့ဖြင့်အထူးပေါင်းစပ်
ထုတ်လုပ်သောလင်ဇီးဆေးတောင့်

🍄🍄🍄လင်ဇီးဆိုသည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်၍ ရိုးရာဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည်

🐝🍯🐝ပျားဖယောင်းသည် ပျားများမှထွက်သည့်ပစ္စည်းနှင့် အပင်များမှစုတ်ယူထားသော ဝတ်ရည်တို့ပေါင်းစပ်ဖြစ်ပေါ်လာသော ကော်ကဲ့သို့ဖြစ်ပေါ်နေသောဆေးဖက်ဝင်အာနိသင်ရှိသောအရာတစ်ခုဖြစ်သည်

လင်ဇီးမှိုသည် ရေဓာတ်၊ပရိုတင်းဓာတ်၊အမိုင်နိုအက်စစ်၊ကစီဓာတ်၊ပေါ်လီစခရိုက်၊အမျှင်ဓာတ်၊ဗီတာမင်နှင့်သတ္ထုဓာတ်၊သံဓာတ်၊မဂ္ဂနီဆီယမ်၊ဇင့်၊သွပ်ဓာတ်၊ကယ်ဆီယမ်၊ဖော့စရပ်၊မပြည့်ဝဆီ နှင့်အခြားသောဆေးဖက်ဝင်အာနီသင်ရှိဓာတ်ပေါင်းစုံပါဝင်သည်။
🐝🍯ပျားဖယောင်းသည်လည်း ဗီတာမင် ACE နှင့် လင်ဇီးတွင်းပါဝင်သောဓာတ်များစွာနည်းတူပါဝင်ပါသည်

လင်ဇီးနှင့်ပျားဖယောင်းပေါင်းစပ်ထားသောဓာတ်စာသည် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးသောအာနိသင်ကြောင့် ဆီးချိုသွေးချိုသမားများအတွက်အထူးသင့်တော်သည်

ဤကျန်းမာရေးဓာတ်စာတွင် လျော့ ၃ လျော့နှင့် ကာ ၃ ကာ ဟူ၍အဓိကအကျိုးပြုအာနိသင်ရှိသည်

♻️လျှော့ ၃ လျှော့♻️
1️⃣ သွေးတွင်းအဆီကို လျှော့ချခြင်း
2️⃣ သွေးဖိအားကိုလျှော့ချခြင်း
3️⃣ သွေးချိုကိုလျှော့ချခြင်း

♻️ကာ ၃ ကာ ♻️
1️⃣ကင်ဆာကိုကာကွယ်ခြင်း
2️⃣ အိုမင်းမှုကို ကာကွယ်ခြင်း
3️⃣ ဓာတ်မတည့်မှုမှ ကာကွယ်ခြင်း

✅ကိုယ်ခံစွမ်းအားလုပ်ဆောင်ချက်ကိုတိုးမြှင့်ပေးခြင်း၊
✅ကာယစွမ်းအားကိုမြှင့်တင်ပေးခြင်းနှင့် ဆဲလ်များ၏ကိုယ်ခံစွမ်းအားကိုတိုးမြှင့်ပေးခြင်း၊
✅အသည်းကာကွယ်ခြင်းနှင့်စောင့်ရှောက်ခြင်း
အသည်းမှအဆိပ်တောက်များကိုစွန့်ထုတ်ခြင်းနှင့်
အသစ်များအစားထိုးထုတ်လုပ်နိုင်စွမ်းတိုးစေသည်
✅အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကုသမှု
Ganoderma lucidum spore အမှုန့်သည် Histamine နှင့်အခြားပန်းနာရင်ကြပ်ရောဂါတို့ကိုတားဆီးနိုင်သည်

အလွှာနံရံဖောက်ထွက်ခြင်းနည်းပညာကိုအသုံးပြုထားခြင်းကြောင့် Ganoderma Lucidum Spore လင်ဇီးအမှုန့်မှထိရောက်သောပါဝင်ပစ္စည်းများက်ု ခန္ဓာကိုယ်မှကောင်းမွန်စွာစုတ်ယူနိုင်သည်။Propolis ပျားဖယောင်းကို အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားခြင်းကြောင့် ၄င်းတွင်ပါဝင်သည့် ရှင်သန်ပစ္စည်းများကို ထိန်းသိမ်းထားနိုင်သည်။
ထိုနှစ်မျိုးပေါင်းစပ်ထားသည့်အတွက် Ganoderma Propolis Capsules ဓာတ်စာသည် လူသားတို့အတွက် ဆေးကုသမှုစောင့်ရှောက်မှုတွင် အထူးအရေးပါသော အခန်းကဏ္ဍတွင်ရှိပါသည်။
# # # # #

26/09/2022

ဗီတာမင်-စီ က အသားဖြူစေသလား❓❓

ဗီတာမင်-စီ သည် အရေပြားကျန်းမာရေးကို များစွာ အကျိုးပြုသည်။ အဆိုပါအာနိသင်များအနက် အသားကို ဖြူဝင်းစေသော အာနိသင်သည်လည်း လူအများစိတ်ဝင်စားသည့် အကြောင်းအရာ ဖြစ်ပါသည်။

သုတေသနရလဒ်များအရ ဗီတာမင်-စီ သည် အသားအရေကို ဖြူဝင်းလာစေသည်ကို တွေ့ရသည်။

ဗီတာမင်-စီ သည် အသားအရောင်ကို ဖြစ်စေသော မယ်လနင်ရောင်ခြယ် (Melanin) ထွက်ရှိမှုကို နည်းစေခြင်းဖြင့် အသားကို ဖြူစေသည်။

ထို့ကြောင့် မယ်လနင်ရောင်ခြယ် များခြင်းကြောင့်ဖြစ်ရသော အမဲစက် အမဲကွက်များ၊ တင်းတိပ်နှင့် မှဲ့ခြောက်များ၊ နေလောင်ကွက်များနှင့် အသက်အရွယ်ကြောင့် ဖြစ်သော အမဲ အစက်အပြောက်များကို ကုသရာတွင်လည်း ဗီတာမင်-စီ ကိုသုံးနိုင်သည်။

ဗီတာမင်-စီ တွင်ပါဝင်သော အင်တီအောက်ဆီဒင့်များက ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်သော အရေပြားပျက်စီးမှုများမှလည်း ကာကွယ်ပေးနိုင်သည်။

ဗီတာမင်-စီ သည် အသားကို ဖြူဝင်းစေသည်သာမက အရေးအကြောင်းများကို လျော့နည်းစေခြင်း၊ ကော်လာဂျင်များကို တိုးပွားစေပြီး ကော်လာဂျင်များ မပျက်စီးအောင် ထိန်းသိမ်းပေးခြင်း၊ အနာကျက်မြန်စေခြင်း နှင့် အမာရွတ်များကို ပျောက်ကင်းစေခြင်း စသော အာနိသင်များစွာကိုလည်း ပေးစွမ်းနိုင်ပါသည်။

ထို့ကြောင့် ဗီတာမင်-စီ ကြွယ်ဝစွာပါဝင်သော အစားအသောက်များကို ပိုမိုစားသုံးပေးခြင်း (သို့) အစားအစာများမှ ရရှိသော ဗီတာမင်-စီ ဖြည့်စွက်စာများ (ဥပမာ Nature-C®) ကို ပုံမှန်မှီဝဲပေးခြင်း၊ ဗီတာမင်-စီ ပါဝင်သော အလှကုန်များကို သုံးစွဲပေးခြင်းတို့ဖြင့် စိုပြေလှပသော အသားအရေကို ရရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

14/06/2022

🧠 မှတ်ဉာဏ်ကို ကောင်းမွန်စေသော ဘလူးဘယ်ရီ 🫐

ဘလူးဘယ်ရီသီး စားသုံးခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများနှင့် ကင်ဆာရောဂါများတွင် အသုံးဝင်နိုင်ပုံကို ယခင်က ရေးသားပြီးဖြစ်ပါသည်။

ဘလူးဘယ်ရီသီး၏ ကျန်းမာရေးအကျိုးကျေးဇူး (၁၀) ချက်
https://www.facebook.com/drkml.fame/posts/562722455209574

ဘလူးဘယ်ရီနှင့် ကင်ဆာ
https://www.facebook.com/drkml.fame/posts/530480885100398

ယခု Post တွင် ဘလူးဘယ်ရီ၏ မှတ်ဉာဏ်ကိုကောင်းမွန်စေသော အကျိုးအာနိသင်ကို နိုင်ငံတကာ သုတေသနစာတမ်းများကို ကိုးကား၍ တင်ပြလိုပါသည်။ မှတ်ဉာဏ်ကောင်းမွန်စေသည် ဆိုရာ၌ အသက်ကြီး၍ မှတ်ဉာဏ်ချို့ယွင်းမှုကို သက်သာစေနိုင်ပုံနှင့် ကလေးငယ်များကို မှတ်ဉာဏ်ကောင်းမွန်စေနိုင်ပုံ ဟူ၍ နှစ်ပိုင်းခွဲတင်ပြလိုပါသည်။

🧠 အသက်ကြီးသူများတွင် ဖြစ်ပေါ်လေ့ရှိသော မှတ်ဉာဏ်ချို့ယွင်းခြင်းကို သက်သာစေနိုင်ပုံ

အသက်အရွယ်ရလာသည်နှင့်အမျှ မှတ်ဉာဏ်လျော့ပါးလာတတ်သည်မှာ အများသိရှိပြီး ပြဿနာတစ်ခု ဖြစ်ပါသည်။ ထိုပြဿနာကို ဘလူးဘယ်ရီကို မှီဝဲပေးခြင်းဖြင့် အထိုက်အလျောက် ကာကွယ်ကုသနိုင်ပုံကို နိုင်ငံတကာသုတေသန (၄) ခုတွင် စိတ်ဝင်စားဖွယ် လေ့လာတွေ့ရှိရပါသည်။

၂၀၁၇ ခုနှစ်တွင် UK နိုင်ငံမှ အသက် ၆၅ နှစ်အထက် လူကြီးများတွင် ပြုလုပ်ထားသော သုတေသနတစ်ခုအရ ဆေးဖက်ဝင် အင်သိုဆိုင်ရာနင်ဒြပ်ပေါင်း ၃၈၇ မီလီဂရမ်ပါဝင်သော ဘလူးဘယ်ရီသီးအနှစ် ၃၀ မီလီလီတာကို ၃လကြာ တိုက်ကျွေးခြင်းသည် ရေတိုမှတ်ဉာဏ် (Short-term memory) ကို သိသိသာသာ ကောင်းမွန်စေကြောင်း တွေ့ရသည်။ [1] အမေရိကန်နိုင်ငံတွင် ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့သော သုတေသနတစ်ခုတွင်လည်း အင်သိုဆိုင်ရာနင်ဒြပ်ပေါင်း ၃၄၈ မီလီဂရမ် ပါဝင်သော ဘလူးဘယ်ရီသီးအမှုန့် ၂၄ ဂရမ်ကို အသက် ၆၀ ကျော်အရွယ် လူကြီးများအား ၃လကြာ တိုက်ကျွေးစမ်းသပ်ခဲ့ပါသည်။ မှတ်ဉာဏ်တိုးတက်မှုကို California Verbal Learning test ဖြင့် စမ်းသပ်ကြည့်ရာ တိုးတက်မှုကို သိသာစွာတွေ့မြင်ခဲ့ရပါသည်။ [2] အဆိုပါ ၂၀၁၈ ခုနှစ်တွင်ပင် UK နိုင်ငံရှိ အသက် ၆၅ နှစ်မှ ၈၀ ကြားရှိသူ ၁၂၂ ဦးကို ဘလူးဘယ်ရီသီးအဆီအနှစ် ၁၁၁ မီလီဂရမ်ကို ၆ လကြာ တိုက်ကျွေးသည့် သုတေသနတစ်ခုကို ပြုလုပ်ခဲ့ကြပါသေးသည်။ အဆိုပါသုတေသနတွင် ရေတိုမှတ်ဉာဏ်ကို Reys Auditory Verbal Learning Task ဖြင့်တိုင်းတာကြည့်ရာ ဘလူးဘယ်ရီသီးအဆီအနှစ် သောက်သုံးသူများတွင် မှတ်ဉာဏ်သိသိသာသာ တိုးတက်လာသည်ကို တွေ့ရပါသည်။ အဆိုပါအာနိသင်ကို စတင်တိုက်ကျွေးပြီး ၃ လအကြာကတည်းက တွေ့ရှိရပါသည်။ [3] အထက်ဖော်ပြပါသုတေသန ၃ ခုစလုံးသည် အသက်အရွယ်ကြီးသူများတွင် ပြုလုပ်စမ်းသပ်ခဲ့ကြသော်လည်း ကျန်းမာကြသူတွေချည်း ဖြစ်နေသောကြောင့် အမှန်တကယ် မှတ်ဉာဏ်ချို့ယွင်းသူများတွင် မည်ကဲ့သို့ရှိမည် ဆိုသည်မှာ မေးခွန်းထုတ်ဖွယ် ဖြစ်နေပေသည်။

အဆိုပါမေးခွန်းကို ဖြေရှင်းပေးနိုင်သော သုတေသတစ်ခုကို အမေရိကန်နိုင်ငံတွင် ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့ကြပါသည်။ ထိုသုတေသနတွင် မှတ်ဉာဏ်လျော့နည်းမှုကို ခံစားနေရသော အသက် ၆၂ နှစ်မှ ၈၀ အတွင်းရှိသူ ၉၄ ဦးကို အင်သိုဆိုင်ရာနင်ဒြပ်ပေါင်း ၁၃၄.၅ မီလီဂရမ်ပါဝင်သော ဘလူးဘယ်ရီသီးအမှုန့် ၂၅ ဂရမ်ကို ၆ လကြာတိုက်ကျွေးပြီး ရေတိုမှတ်ဉာဏ်ကို Hopkins Verbal Learning test နှင့် စမ်းသပ်ခဲ့ပါသည်။ ဤသုတေသနတွင်လည်း ဘလူးဘယ်ရီသည် မှတ်ဉာဏ်ကို သိသာစွာ တိုးတက်ကောင်းမွန်စေကြောင်း တွေ့ရှိရသဖြင့် အထက်ဖေါ်ပြပါ သုတေသန ၃ ခုကို ထပ်ဆင့် အတည်ပြုပေးနိုင်ခဲ့ပါသည်။ [4]

🧠 ကလေးငယ်များတွင် မှတ်ဉာဏ်ကောင်းမွန်စေနိုင်ပုံ

အများအားဖြင့် ကျောင်းနေအရွယ်ကလေးငယ်များတွင် စာပေ ကျက်ရမှတ်ရများသောကြောင့် မှတ်ဉာဏ်ကောင်းမွန်နေရန် အထူးလိုအပ်ပါသည်။

UK နိုင်ငံ၌ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့သော သုတေသနတစ်ခုတွင် အသက် ၈နှစ်မှ ၁၀နှစ်အတွင်းရှိသော ကလေးငယ်များကို အင်သိုဆိုင်ရာနင် ၁၄၃ မီလီဂရမ်ပါဝင်သော ဘလူးဘယ်ရီသီး ၂၀၀ ဂရမ်ကို နွားနို့နှင့်ရော၍ တိုက်ကျွေးကြည့်ရာ ရေတိုမှတ်ဉာဏ်ကို သောက်သုံးအပြီး ၂ နာရီတွင် သိသိသာသာ ကောင်းမွန်တိုးတက်စေကြောင်းတွေ့ရပါသည်။ [5] အဆိုပါသုတေသနကို ပြုလုပ်ခဲ့ကြသော သုတေသနပညာရှင် အဖွဲ့ကပင် ၂၀၁၆ ခုနှစ်တွင် သုတေသနတစ်ခုကို ထပ်မံပြုလုပ်ရာ၌ အသက် ၇ နှစ်မှ ၁၀ နှစ်အတွင်းရှိသော ကလေးငယ်များကို ဘလူးဘယ်ရီသီးအမှုန့် ၃၀ ဂရမ်ပါဝင်သော ဘလူးဘယ်ရီဖျော်ရည်ကို တိုက်ကျွေးစမ်းသပ်ခဲ့ပါသည်။ ဘလူးဘယ်ရီဖျော်ရည် တိုက်ကျွေးအပြီး ၁.၁၅ နာရီ၊ ၃ နာရီနှင့် ၆ နာရီတို့တွင် မှတ်ဉာဏ်ကို စမ်းသပ်စစ်ဆေးကြည့်ရာ ၁.၁၅ နာရီနှင့် ၃ နာရီတို့တွင် မှတ်ဉာဏ်ဆိုင်ရာ စမ်းသပ်မှုများ၌ သိသိသာသာ တိုးတက်လာကြောင်း တွေ့ရှိရပါသည်။ [6] အလားတူ သုတေသနမျိုးကို သုတေသီ Barfoot ဦးဆောင်သော ပညာရှင်များက UK နိုင်ငံတွင် ၂၀၁၈ ခုနှစ်အတွင်းက ထပ်မံပြုလုပ်ခဲ့ပါသေးသည်။ ထိုသုတေသနတွင်လည်း အသက် ၇ နှစ်မှ ၁၀ နှစ်အတွင်းရှိ ကလေး ၅၄ ယောက်ကို ဖလေဗိုနွိုက်ဒြပ်ပေါင်းများ ကြွယ်ဝစွာပါဝင်သော ဘလူးဘယ်ရီဖျော်ရည် ၂၀၀ မီလီလီတာကို တိုက်ကျွေးစမ်းသပ်ခဲ့ပါသည်။ အဆိုပါ ဘလူးဘယ်ရီဖျော်ရည်တွင် အင်သိုဆိုင်ရာနင်ဒြပ်ပေါင်းများ ၂၅၃ မီလီဂရမ် ပါဝင်သည်ဟု သိရပါသည်။ မှတ်ဉာဏ်ကို Auditory Verbal Learning Task ကိုအသုံးပြု၍ စစ်ဆေးရာ ဘလူးဘယ်ရီဖျော်ရည်သောက်ပြီး ၂ နာရီတွင် တိုးတက်မှုကို မြင်တွေ့ကြရပါသည်။ [7]

အထက်ပါတွေ့ရှိချက်များအရ ဘလူးဘယ်ရီသီးသည် အသက်ကြီးရင့်သူများတွင်သာမက ကလေးငယ်များတွင်ပါ မှတ်ဉာဏ်ကို တိုးတက်စေနိုင်ကြောင်း တွေ့ရှိရပါသည်။ သုတေသနများပြုလုပ်ခဲ့သည့် နိုင်ငံများကလည်း ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သည်သာမက သုတေသနအရာတွင် ရှေ့တန်းမှ ဦးဆောင်နေကြသော နိုင်ငံများဖြစ်ခြင်း၊ မကြာသေးမီနှစ်များကမှ ပြုလုပ်ခဲ့သော သုတေသများဖြစ်ခြင်းကြောင့် ခေတ်မီခြင်း နှင့် သုတေသနရလဒ်များကို ဖော်ပြခဲ့ကြသော ဆေးပညာဂျာနယ်များမှာလည်း အများလေးစားသည့် ဂျာနယ်များဖြစ်ခြင်းတို့ကြောင့် အဆိုပါရလဒ်များမှာ ယုံကြည်နိုင်ဖွယ် အချက်အလက်များဖြစ်ကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိဟု ထင်မြင်မိပါသည်။

“အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုသလို၊ စား၍ကောင်းပြီး ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုနိုင်သော ဘလူးဘယ်ရီကို ပုံမှန်မှီဝဲခြင်းဖြင့် မှတ်ဉာဏ်ကောင်းမွန်စေသော အကျိုးအာနိသင်အပြင် အခြားများပြားလှသော ကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိနိုင်ပါလိမ့်မည်။ အကြောင်းအမျိုးမျိုးကြောင့် ဘလူးဘယ်ရီသီး ပါဝင်သော အစားအစာများကို လက်လှမ်းမမီသူများအနေနှင့်လည်း ဘလူးဘယ်ရီသီးမှ ထုတ်လုပ်ထားသော သဘာဝဆေးဝါးများကို နေ့စဉ်ပုံမှန် မှီဝဲပေးခြင်းဖြင့် ကျန်းမာသုခကို ရရှိခံစားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

References
[1] Bowtell, J.L., Aboo-Bakkar, Z., Conway, M.E., Adlam, A.R., Fulford, J., 2017. Enhanced task-related brain activation and resting perfusion in healthy older adults after chronic blueberry supplementation. Appl. Physiol. Nutr. Metab. 42, 773–779. https://doi.org/10.1139/apnm-2016-0550

[2] Miller, M.G., Hamilton, D.A., Joseph, J.A., Shukitt-Hale, B., 2018. Dietary blueberry improves cognition among older adults in a randomized, double-blind, placebo-controlled trial. Eur. J. Nutr. 57, 1169–1180. https://doi.org/10.1007/s00394-017-1400-8

[3] Whyte, A.R., Cheng, N., Fromentin, E., Williams, C.M., 2018. A randomized, double-blinded, placebo-controlled study to compare the safety and efficacy of low dose enhanced wild blueberry powder and wild blueberry extract (ThinkBlue) in maintenance of episodic and working memory in older adults. Nutrients 10. https://doi.org/10.3390/nu10060660

[4] Bowtell, J.L., Aboo-Bakkar, Z., Conway, M.E., Adlam, A.R., Fulford, J., 2017. Enhanced task-related brain activation and resting perfusion in healthy older adults after chronic blueberry supplementation. Appl. Physiol. Nutr. Metab. 42, 773–779. https://doi.org/10.1139/apnm-2016-0550

[5] Whyte, A.R., Williams, C.M., 2015. Effects of a single dose of a flavonoid-rich blueberry drink on memory in 8 to 10 y old children. Nutrition (Burbank, Los Angeles County, Calif.) 31, 531–534. https://doi.org/10.1016/j.nut.2014.09.013

[6] Whyte, A.R., Schafer, G., Williams, C.M., 2016. Cognitive effects following acute wild blueberry supplementation in 7- to 10-year-old children. Eur. J. Nutr. 55, 2151–2162. https://doi.org/10.1007/s00394-015-1029-4

[7] Barfoot, K.L., May, G., Lamport, D.J., Ricketts, J., Riddell, P.M., Williams, C.M., 2018. The effects of acute wild blueberry supplementation on the cognition of 7–10-year-old schoolchildren. Eur. J. Nutr. https://doi.org/10.1007/s00394-018-1843-6

07/06/2022
26/05/2022

ဆေး နှင့် အလှကုန်
အ​ရောင်းဝန်ထမ်း အလိုရှိသည်...

​ဆေးနန်း​တော်.​ဆေးစတိုး
ဂျိုးဖြူကန်လမ်း..ဥပ္ပုံစုရပ်ကွက် ..တ်ုက်ကြီးမြို့..

Address

Yangon
MTZS270979

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ဆေးနန်းတော် ဆေးစတိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram