Shwe Kant Kaw Dental Clinic

Shwe Kant Kaw Dental Clinic ရွှေကံ့ကော်သွားဆေးခန်းမှ ကြိုဆိုပါတယ်။

ကုန်ကျစရိတ်သက်သာ၍ သန့်ရှင်းသပ်ရပ်သောဆေးခန်းဖြစ်အောင် တည်ဆောက်ထားပြီး သွားနှင့် ခံတွင်းရောဂါများကို တာဝန်ယူ၍ ကုသမှုပေးနေပါတယ်။

Severe crowding လို့ သတ်မှတ်ထားတဲ့ သွားအလွန်အမင်းထပ်နေသော သွားအနေအထားကုသရန်အတွက် သွားအရေအတွက် လျှော့ချ(extraction)လုပ်၍ ...
25/06/2025

Severe crowding လို့ သတ်မှတ်ထားတဲ့ သွားအလွန်အမင်းထပ်နေသော သွားအနေအထားကုသရန်အတွက် သွားအရေအတွက် လျှော့ချ(extraction)လုပ်၍ သွားညှိရပါသည်။ extraction upper 4/4, lower 4/4 လုပ်၍ သွားညှိပေးထားပါသည်။

ဒေါက်တာ နန်းခင်နွေးနွေးခိုင်
B.D.S, M.D.Sc (Orthodontics),
Dr.D.Sc (Orthodontics)
Ph -09 5393427
09 882616633

အံကပ်တပ်ခြင်းကြောင့်ဖြစ်ပေါ်စေသော သွားဖုံးရိုးနိမ့်ကျသွားခြင်းကို ကာကွယ်ပေးနိင်သည့် သတ္ထုဖရိန်ဖြင့် ပြုလုပ်ထားသည့် အံကပ်...
15/06/2025

အံကပ်တပ်ခြင်းကြောင့်ဖြစ်ပေါ်စေသော သွားဖုံးရိုးနိမ့်ကျသွားခြင်းကို ကာကွယ်ပေးနိင်သည့် သတ္ထုဖရိန်ဖြင့် ပြုလုပ်ထားသည့် အံကပ်..
Acrylic denture(ပလပ်စတစ်အမာအံကပ်) ၁ခု ၃၀၀၀၀၀
Skeletal denture( သတ္ထုအောက်ခံအံကပ်) ၁ခု ၅၀၀၀၀၀

(မိမိ သွားဖုံးပေါ်တွင် အံဝင်ခွင်ကျဖြစ်အောင် အဆင့်ဆင့်ပြုလုပ်ရသဖြင့် တစ်ပတ်ဝန်းကျင်ခန့် ကြာနိုင်ပါသည်)

ရွှေကံ့ကော် သွားနှင့်ခံတွင်းဆေးကုခန်း
င/ ၂၅၊ သန္တာ ၉ လမ်းထိပ် ၊ မြောက်ဥက္ကလာ။
09 882616633 (Booking and Enquiry)

Start ortho treatment with metal self ligating bracketsPh no. 09 882616633
09/06/2025

Start ortho treatment with metal self ligating brackets
Ph no. 09 882616633

Start ortho treatment
01/06/2025

Start ortho treatment

အံဆုံးသွားနှုတ်တဲ့အခါ ဘာတွေလုပ်ဖို့ လိုမလဲ?💁🏻‍♂️🤍အံဆုံးဆိုတာ အိပ်နေတဲ့ကျားတစ်ကောင် လိုပါပဲ။ 🐯🦷ဒီလို ဒုက္ခပေးတဲ့အံဆုံး ကိ...
11/10/2023

အံဆုံးသွားနှုတ်တဲ့အခါ ဘာတွေလုပ်ဖို့ လိုမလဲ?💁🏻‍♂️🤍

အံဆုံးဆိုတာ အိပ်နေတဲ့ကျားတစ်ကောင် လိုပါပဲ။ 🐯🦷

ဒီလို ဒုက္ခပေးတဲ့အံဆုံး ကိုနှုတ်ကိုနှုတ်ရမှာပါ။
မနှုတ်ပဲထားလိုက်မယ်ဆိုရင် အခြေအနေပိုဆိုးလာတာကြောင့် ရှေ့အံသွားတွေပါ နှုတ်လိုက်ရတဲ့ အထိ ဖြစ်သွားနိုင်ပါတယ်။

အံဆုံးကို အချိန်မီ ဖယ်ရှားနိုင်မှသာ အဖိုးတန်သော သွားများဆုံးရှုံးခြင်းမှ ကာကွယ်နိုင်မှာပါ…..

ဒါဆို အံဆုံးနှုတ်ဖို့ ဘာတွေ ဆောင်ရမလဲ ဘာတွေရှောင်ရမလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။✨

အံဆုံးနှုတ်ဖို့ ဆောင်ရမှာတွေကတော့_

🦷 သွားနှုတ်ပြီးပြီးခြင်း ပါးတစ်ခြမ်း နီရဲရောင်ရမ်းတာတွေ သက်သာဖို့ ရေခဲကပ်ပေးပါ။

🦷မေးရိုး exercises အနေနဲ့ ပါးစပ်ကို ဖွင့်လိုက်၊ပိတ်လိုက် ဖြေးဖြေးလေးလုပ်ပေးပါ။

🦷ထမင်းပျော့ပျော့၊ ဆန်ပြုတ်၊ စွပ်ပြုတ် စတဲ့ အစာပျော့ပျော့တွေကိုသာ စားသောက်ပေးပါ။

🦷နှုတ်ပြီး 2 ရက်မြောက်ကနေစပြီး သွားစတိုက်နိုင်ပါပြီ။ ဒါပေမဲ့ သွေးခဲလေးတွေကို မတိုက်မိအောင် သတိပြုပေးပါ။

🦷အရောင်ကျပြီး အနာသက်သာစေဖို့ ဆရာဝန် ညွှန်ထားတဲ့ဆေးတွေကို ပုံမှန်သောက်သုံးသင့်ပါတယ်။

🦷 အဖျား တက်လာတာ၊ ဒါမှမဟုတ် နာတာ ရောင်တာ မသက်သာတာမျိုး ရှိလာခဲ့ရင် ဆရာဝန်ကို ဆက်သွယ်မေးမြန်းပါ။

အံဆုံးနှုတ်ပြီးရင် ရှောင်ရမှာတွေကတော့_

⛔️ ပိုက်နဲ့ စုပ်သောက်ရတာတွေကို ရှောင်ပေးပါ။

⛔️ ပလုတ်ကျင်းတဲ့ခါမှာလည်း ဆရာဝန် ခွင့်ပြုတဲ့အချိန်အတွင်းသာ ဆားငန်ရေလေးနဲ့ ညင်ညင်သာသာ ကျင်းပေးပါ။

⛔️မာပြီး ကပ်စေးတတ်တဲ့ အစားအစာတွေ ရှောင်ကြဉ်ပါ။

⛔️အံဆုံးနှုတ်ထားတဲ့ အချိန်မှာ အနာကျက်ခြင်းကို နှောင့်နှေးစေတဲ့ ဆေးလိပ်သောက်ခြင်းကို လုံးဝရှောင်ကြဉ်ရပါမယ်။

အံဆုံးသွားကပေးတဲ့ ပြဿနာတွေကို ဖယ်ရှားပြီး နေ့ရက်တိုင်း အပြုံးတွေဝေဆာနိုင်ဖို့ "ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း " ကိုသာ လှမ်းလာလိုက်တော့နော်...🥰

" ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း " နှင့် ဆက်သွယ်လိုတယ်ဆိုရင်တော့ -

☎ Ph no - 09882616633

🏠 ဆေးခန်းလိပ်စာ - အမှတ် (၅၂)၊ သန္တာ (၉)လမ်းထိပ် ၊ သန္တာလမ်း၊မြောက်ဥက္ကလာပ၊ ရန်ကုန်။
( မြောက်ဥက္ကလာ သုဓမ္မာလမ်း၊သန္တာမှတ်တိုင်တွင်ဆင်းရပါမည်။)🚌

#အံကပ်ပြုလုပ်ပေးခြင်း
ြင့်သွားစိုက်ခြင်း
#ကြွေအစစ်ဖြင့်သွားစိုက်ခြင်း
#သွားညှိကုသမှုအမျိုးမျိုး
ြုလုပ်ပေးခြင်း
#လေဆာဖြင့်သွားဖြူခြင်း
"Implantစိုက်ခြင်း
#သွားတွင်စိန်အလှတပ်ဆင်ခြင်း
#သွားနှင့်ခံတွင်းကျန်းမာရေးကုသမှုများ

ကလေးများရဲ့ ငယ်သွားကို သွားဆေးခန်းမှာ ဘာလို့ နုတ်သင့်တာလဲ ❓ကလေးတွေအတွက် ငယ်သွားဆိုတာ သိပ်အရေးကြီးတဲ့အရာဖြစ်သလို သေချာလည်...
20/09/2023

ကလေးများရဲ့ ငယ်သွားကို သွားဆေးခန်းမှာ ဘာလို့ နုတ်သင့်တာလဲ ❓

ကလေးတွေအတွက် ငယ်သွားဆိုတာ သိပ်အရေးကြီးတဲ့အရာဖြစ်သလို သေချာလည်း ဂရုစိုက်ရမဲ့ အရာပါ။

မိဘတော်တော်များများက " ငယ်သွားက သူ့ဘာသာ အချိန်တန်ရင် ကျိုးပြီး အချိန်တန်ရင် ပေါက်လာမှာပဲ" ဆို ပြီး သိပ်ဂရုမစိုက်မိကြပါဘူး။

တကယ်တန်းကျ ငယ်သွားဆိုတာ ကြီးသွားတွေ ညီညာလှပစွာ ပေါက်လာစေဖို့၊ ကြီးသွားတွေမှာ ပြဿနာမဖြစ်စေဖို့အတွက် အဓိကကျတဲ့ အပိုင်းလို့ဆိုရပါတယ်။

ဒီတော့ ငယ်သွားကို သေချာဂရုမစိုက်မိလို့ ပျက်စီးသွားတဲ့အခါ၊ဒါမှမဟုတ် ငယ်သွားတွေကို စနစ်တကျမနုတ်မိတဲ့အခါ ကြီးသွားပေါက်လာတဲ့အချိန်ကျရင် ပုံစံမမှန်တော့ဘဲ သွားထပ်တာ၊သွားမညီတာ၊သွားကျဲတာ စတဲ့ ပြဿနာတွေကြုံတွေ့ရတတ်ပါတယ်။

ဒါကြောင့် မိမိကလေး ငယ်သွားလေးတွေကို အချိန်မတန်ခင် မပျက်စီးအောင် သေချာဂရုစိုက်သင့်သလို နုတ်မယ်ဆိုရင်လည်း သွားဆေးခန်းတွေမှာ သွားနုတ်တာ အသင့်တော်ဆုံးပါပဲ။ ✅

ဒီလို မိမိကလေးရဲ့ ငယ်သွားလေးတွေကို စနစ်တကျ နုတ်ပေးချင်တယ်ဆိုရင်တော့ ဆယ်စုနှစ်တိုင်အောင် ဖွင့်လှစ်ထားပြီဖြစ်တဲ့ " ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း " ရှိကြောင်း အသိပေးလိုက်ရပါတယ်နော်။ 💓

" ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း " နှင့် ဆက်သွယ်လိုတယ်ဆိုရင်တော့ -

☎ Ph no - 09882616633

🏠 ဆေးခန်းလိပ်စာ - အမှတ် (၅၂)၊ သန္တာ (၉)လမ်းထိပ် ၊ သန္တာလမ်း၊မြောက်ဥက္ကလာပ၊ ရန်ကုန်။
( မြောက်ဥက္ကလာ သုဓမ္မာလမ်း၊သန္တာမှတ်တိုင်တွင်ဆင်းရပါမည်။)🚌

#အံကပ်ပြုလုပ်ပေးခြင်း
ြင့်သွားစိုက်ခြင်း
#ကြွေအစစ်ဖြင့်သွားစိုက်ခြင်း
#သွားညှိကုသမှုအမျိုးမျိုး
ြုလုပ်ပေးခြင်း
#လေဆာဖြင့်သွားဖြူခြင်း
"Implantစိုက်ခြင်း
#သွားတွင်စိန်အလှတပ်ဆင်ခြင်း
#သွားနှင့်ခံတွင်းကျန်းမာရေးကုသမှုများ
#ကလေးသွားနုတ်ခြင်း

သွားကျောက်ကင်းစင်ပြီး အပြုံးပန်း ဆင်နိုင်ဖို့ ✨သွားကျောက်ဆိုတာ တံတွေးပါတဲ့ သတ္ထုဓာတ်တွေအနည်ကျလာတာ၊ သွားကိုစနစ်တကျမတိုက်တ...
12/09/2023

သွားကျောက်ကင်းစင်ပြီး အပြုံးပန်း ဆင်နိုင်ဖို့ ✨

သွားကျောက်ဆိုတာ တံတွေးပါတဲ့ သတ္ထုဓာတ်တွေအနည်ကျလာတာ၊ သွားကိုစနစ်တကျမတိုက်တာ၊ ဆေးလိပ်ကွမ်းစားများတာ စတာတွေကြောင့် သွားကြွေလွှာပေါ် ဖြစ်ပေါ်လာတဲ့ ကျောက်လေးတွေပါ။

ဒီသွားချေးကျောက်တွေက ဘယ်လောက်တောင်ဆိုးလဲဆိုရင်
• ခံတွင်းအနံ့ကို ဆိုးရွားစေတယ်။
• အပေါ်ယံကြွေလွှာကို ပျက်စီးစေတယ်။
• သွားဖုံးရောဂါတွေ ဖြစ်ပွားစေတဲ့အပြင်
• အဆိုးဆုံးအနေနဲ့ ရေစီးကမ်းပြိုရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဒီလိုပြဿနာတွေ မကြုံရစေဖို့ သွားကျောက်ခြစ်ကုသမှုကို ခြောက်လ တစ်ကြိမ်ကုသမှု ခံယူသင့်ပါတယ်နော်။

သွားကျောက်ခြစ်ကုသမှုကို ခံယူချင်တယ်ဆိုရင်တော့ ဆယ်စုနှစ်တိုင်အောင် ဖွင့်လှစ်ထားပြီဖြစ်တဲ့ " ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း "ဆီ လှမ်းချီလာခဲ့လိုက်ပါ ✨

အဆင့်မြင့် စက်ကိရိယာပစ္စည်းများ၊ သွားအထူးကုဆရာဝန်ကြီးတွေကိုယ်တိုင် ကုသပေးသွားမှာမို့ သွားကျောက်မှန်သမျှ အကုန်ကင်းစင်ကာ အပြုံးပန်ဆင်နိုင်မှာ အသေအချာပါပဲ။💓

" ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း " နှင့် ဆက်သွယ်လိုတယ်ဆိုရင်တော့ -

☎ Ph no - 09882616633

🏠 ဆေးခန်းလိပ်စာ - အမှတ် (၅၂)၊ သန္တာ (၉)လမ်းထိပ် ၊ သန္တာလမ်း၊မြောက်ဥက္ကလာပ၊ ရန်ကုန်။
( မြောက်ဥက္ကလာ သုဓမ္မာလမ်း၊သန္တာမှတ်တိုင်တွင်ဆင်းရပါမည်။)🚌

#အံကပ်ပြုလုပ်ပေးခြင်း
ြင့်သွားစိုက်ခြင်း
#ကြွေအစစ်ဖြင့်သွားစိုက်ခြင်း
#သွားညှိကုသမှုအမျိုးမျိုး
ြုလုပ်ပေးခြင်း
#လေဆာဖြင့်သွားဖြူခြင်း
"Implantစိုက်ခြင်း
#သွားတွင်စိန်အလှတပ်ဆင်ခြင်း
#သွားနှင့်ခံတွင်းကျန်းမာရေးကုသမှုများ

အရောင်စွန်းထင်းမှုများကို ဖယ်ရှားပြီး အဖြူစင်ဆုံး ပြုံးပြနိုင်စေဖို့ နေ့စဥ် သုံးဆောင်နေကြတဲ့ လက်ဖက်ရည် ၊ ကော်ဖီ ၊ ကိုလာ ...
22/08/2023

အရောင်စွန်းထင်းမှုများကို ဖယ်ရှားပြီး အဖြူစင်ဆုံး ပြုံးပြနိုင်စေဖို့

နေ့စဥ် သုံးဆောင်နေကြတဲ့ လက်ဖက်ရည် ၊ ကော်ဖီ ၊ ကိုလာ ၊ ကွမ်းယာ ၊ ဆေးလိပ်တွေကြောင့် သွားအပေါ်ယံကြွေလွှာမှာ အရောင်စွန်းထင်းမှုတွေကို ဖြစ်စေတယ်ဆိုတာ သိကြရဲ့လား 💁🏻‍♀

ဒီလိုမျိုး မိမိသွားမှာ အရောင်တွေ စွန်းထင်းနေမယ်ဆိုရင် အပြုံးလေးတွေက အရင်ကလောက် ဘယ်လှပါတော့မလဲ ❌

ဒါကြောင့် မိမိသွားလေးတွေကို အရောင်စွန်းထင်းမှုမှန်သမျှ ဖယ်ရှားပြီး အဖြူစင်ဆုံး ပြုံးပြနိုင်စေဖို့ "ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း " မှာ Laser Whitening Treatment ဆိုတဲ့ ကုသမှုကို ခံယူသင့်တယ်နော် ✅

🤍နိုင်ငံတကာအဆင့်မီ စက်ပစ္စည်းကိရိယာများဖြင့် အပေါ်ယံသွားကြွေလွှာကို မထိခိုက်စေဘဲ နဂိုထက် (3) ဆ ဖြူစင်သွားအောင် အကောင်းဆုံး ကုသပေးမှာကြောင့်

နေ့ရက်တိုင်း ​ဖြူစင်တောက်ပသော အပြုံးလေးတွေနဲ့ ဖြတ်သန်းနိုင်ဖို့ "ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း " ကိုသာ လှမ်းလာလိုက်ပါရှင်...💓

" ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း " နှင့် ဆက်သွယ်လိုတယ်ဆိုရင်တော့ -

☎ Ph no - 09882616633

🏠 ဆေးခန်းလိပ်စာ - အမှတ် (၅၂)၊ သန္တာ (၉)လမ်းထိပ် ၊ သန္တာလမ်း၊မြောက်ဥက္ကလာပ၊ ရန်ကုန်။
( မြောက်ဥက္ကလာ သုဓမ္မာလမ်း၊သန္တာမှတ်တိုင်တွင်ဆင်းရပါမည်။)🚌

#အံကပ်ပြုလုပ်ပေးခြင်း
ြင့်သွားစိုက်ခြင်း
#ကြွေအစစ်ဖြင့်သွားစိုက်ခြင်း
#သွားညှိကုသမှုအမျိုးမျိုး
ြုလုပ်ပေးခြင်း
#လေဆာဖြင့်သွားဖြူခြင်း
"Implantစိုက်ခြင်း
#သွားတွင်စိန်အလှတပ်ဆင်ခြင်း
#သွားနှင့်ခံတွင်းကျန်းမာရေးကုသမှုများ

အပြုံးလေးတွေကို ညီညာလှပစွာ ထုတ်ပြနိုင်ဖို့ သွားထိန်းညှိကုသမှုကို ခံယူကြမယ် 🦷✨အများရှေ့မှာ ယုံကြည်မှုအပြည့်နဲ့ မိမိအပြုံး...
17/08/2023

အပြုံးလေးတွေကို ညီညာလှပစွာ ထုတ်ပြနိုင်ဖို့ သွားထိန်းညှိကုသမှုကို ခံယူကြမယ် 🦷✨

အများရှေ့မှာ ယုံကြည်မှုအပြည့်နဲ့ မိမိအပြုံးလေးတွေကို ထုတ်ပြချင်ပေမဲ့ ညီညာမှုမရှိတဲ့ သွားတွေကြောင့် ​ပြုံးပြဖို့ ခက်ခဲနေပြီလား . . .❓

ဒါဆိုရင် မိမိအပြုံး​လေးတွေကို ညီညာသွားအောင် ပြုပြင်ဖို့ "ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း " မှာ
အရစ်ကျစနစ်ဖြင့် သွားထိန်းညှိကုသမှုကို ခံယူနိုင်ပါပြီ✨

🔰သွားညီညာမှုမရှိတဲ့သူတွေ
🔰သွားထပ်နေသူတွေ
🔰သွားကျဲနေသူတွေအနေဖြင့် ဒီကုသမှုကို ခံယူသင့်ပြီး ကုသမှုခံယူမယ်ဆိုပါက "သွားထိန်းကိရိယာ" (Braces) တပ်ပေးရမှာဖြစ်ပါတယ်။

"သွားထိန်းကိရိယာ" (Braces) တပ်ရမဲ့အချိန်ကာလကတော့ သွားအခြေအနေမူတည်ပြီး အနည်းဆုံး (၆)လကနေ အများဆုံး (၃) နှစ်အထိ ကြာမြင့်နိုင်ပါတယ်။

ဒါကြောင့် သွားထိန်းကိရိယာ (Braces) တပ်ဖို့ စဉ်းစားထားတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ သွားဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ကြည့်သင့်ပြီး ဆရာဝန်မှာကြားသမျှကိုလည်း လိုက်နာရပါမယ်။

သွားထိန်းညှိိကုသမှုခံယူချင်တယ်ဆိုရင်တော့ နှစ်ပေါင်းဆယ်စုနှစ်ကြာအောင် ဖွင့်လှစ်ထားတဲ့" ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း "ဆီ လှမ်းလာနိုင်ပြီး သွားညှိအထူးကုကြီးမှ ကိုယ်တိုင် စစ်ဆေးကာ ကုသမှုပေးမှာပဲ ဖြစ်ပါတယ်နော် 👩‍⚕️

" ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း " နှင့် ဆက်သွယ်လိုတယ်ဆိုရင်တော့ -

☎ Ph no - 09 882616633

🏠 ဆေးခန်းလိပ်စာ - အမှတ် (၅၂)၊ သန္တာ (၉)လမ်းထိပ် ၊ သန္တာလမ်း၊မြောက်ဥက္ကလာပ၊ ရန်ကုန်။
( မြောက်ဥက္ကလာ သုဓမ္မာလမ်း၊သန္တာမှတ်တိုင်တွင်ဆင်းရပါမည်။)🚌

#အံကပ်ပြုလုပ်ပေးခြင်း
ြင့်သွားစိုက်ခြင်း
#ကြွေအစစ်ဖြင့်သွားစိုက်ခြင်း
#သွားညှိကုသမှုအမျိုးမျိုး
ြုလုပ်ပေးခြင်း
#လေဆာဖြင့်သွားဖြူခြင်း
"Implantစိုက်ခြင်း
#သွားတွင်စိန်အလှတပ်ဆင်ခြင်း
#သွားနှင့်ခံတွင်းကျန်းမာရေးကုသမှုများ

မြောက်ဥက္ကလာပမြို့ထဲမှာတင် နီးနီးနားနား ကုသမှုခံယူနိုင်တဲ့ " ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း " 🦷သွားနှင့်ခံတွင်းရေ...
16/08/2023

မြောက်ဥက္ကလာပမြို့ထဲမှာတင် နီးနီးနားနား ကုသမှုခံယူနိုင်တဲ့ " ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း " 🦷

သွားနှင့်ခံတွင်းရောဂါများအတွက် နီးနီးနားနား မြောက်ဥက္ကလာထဲမှာ ကုသမှုခံယူနိုင်တဲ့ " ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း " ကို သိပြီးကြပြီလား.... ❓

" ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း " ဟာဆိုရင် နှစ်ပေါင်း ဆယ်စုနှစ်တိုင်အောင် ဖွင့်လှစ်ထားခဲ့တာဖြစ်ပြီး သွားနှင့် ခံတွင်း ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေး မေးမြန်းခြင်းများကို စိတ်တိုင်းကျ ဝန်ဆောင်မှုပေးနေတာပဲ ဖြစ်ပါတယ် 🦷

ဒါ့အပြင် သွားညှိကုသမှု ခံယူလိုသူများကိုလည်း ကုန်ကျစရိတ်များကို လစဉ်အရစ်ကျစနစ်ဖြင့် စရိတ်ခွဲသွင်းကာ ကုသမှုခံယူနိုင်ပြီး သွားညှိအထူးကုကြီးမှ ကိုယ်တိုင် စစ်ဆေးကာ ကုသမှုပေးမှာပဲ ဖြစ်ပါတယ်နော် 👩‍⚕️

" ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း " မှာ ရရှိနိုင်သော ကုသမှုများကတော့ -
🦷 အံကပ်ပြုလုပ်ပေးခြင်း
🦷 Nickle chrome ဖြင့် သွားစိုက်ခြင်း
🦷 ကြွေအစစ်ဖြင့် သွားစိုက်ခြင်း
🦷 သွားညှိကုသမှု အမျိုးမျိုး
🦷 Hollywood smile ပြုလုပ်ပေးခြင်း
🦷 လေဆာဖြင့် သွားဖြူခြင်း
🦷 Dental implant စိုက်ခြင်း
🦷 သွားတွင် စိန်အလှ တပ်ဆင်ခြင်း နှင့်
🦷 သွားနှင့် ခံတွင်းကျန်းမာရေး ကုသမှုအမျိုးမျိုးတို့ကို ကုသမှုခံယူနိုင်တာပဲဖြစ်ပါတယ် ။

" ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း " မှ တခါသုံးပစ္စည်းများ နှင့် ပိုးသတ်ထားသော ပစ္စည်းများကိုသာ အသုံးပြုကိုင်တွယ်ပေးပြီး အရည်အသွေးပြည့်မှီသော စက်ပစ္စည်းကိရိယာများဖြင့် ကုသပေးနေတာဖြစ်တဲ့အတွက် စိတ်ချယုံကြည်စွာ ကုသမှုယူနိုင်တဲ့အပြင် ..... 👩‍⚕️

သွားလာစိုက်သူ မိဘပြည်သူများ အဆင်ပြေစေရန်တွက် သွားအတု အမြန်ဆုံးရရှိအောင်ပါ ဆောင်ရွက်ပေးပါတယ်နော် 🦷

🦷 သင့်တင့်သော ကုသမှုစရိတ်များနှင့် အကောင်းဆုံးသော ကုသမှုများကို ခံယူနိုင်ရန် ဆက်သွယ်သင့်တာ " ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း "ပါ 🦷

" ရွှေကံ့ကော် - သွားနှင့်ခံတွင်းဆေးခန်း " နှင့် ဆက်သွယ်လိုတယ်ဆိုရင်တော့ -

☎ Ph no - 09 882616633

🏠 ဆေးခန်းလိပ်စာ - အမှတ် (၅၂)၊ သန္တာ (၉)လမ်းထိပ် ၊ သန္တာလမ်း၊မြောက်ဥက္ကလာပ၊ ရန်ကုန်။
( မြောက်ဥက္ကလာ သုဓမ္မာလမ်း၊သန္တာမှတ်တိုင်တွင်ဆင်းရပါမည်။)🚌

#အံကပ်ပြုလုပ်ပေးခြင်း
ြင့်သွားစိုက်ခြင်း
#ကြွေအစစ်ဖြင့်သွားစိုက်ခြင်း
#သွားညှိကုသမှုအမျိုးမျိုး
ြုလုပ်ပေးခြင်း
#လေဆာဖြင့်သွားဖြူခြင်း
"Implantစိုက်ခြင်း
#သွားတွင်စိန်အလှတပ်ဆင်ခြင်း
#သွားနှင့်ခံတွင်းကျန်းမာရေးကုသမှုများ

13/08/2023
အပြုံးလေးတွေလှပဖို့ သွားလေးညီအောင် ရွေကံကော်မှာ ပြုပြင်ပါနော် ဆေးခန်းလိပ်စာ- အမှတ် င/၅၂၊ သန္တာ ၉ လမ်းအနီး၊              ...
24/06/2023

အပြုံးလေးတွေလှပဖို့ သွားလေးညီအောင် ရွေကံကော်မှာ ပြုပြင်ပါနော်

ဆေးခန်းလိပ်စာ- အမှတ် င/၅၂၊ သန္တာ ၉ လမ်းအနီး၊
သန္တာလမ်းမကြီး၊ မြောက်ဥက္ကလာ။
ဆေးခန်းဖုန်း. - 09 882616633

(သွားညှိကုသမှုအတွက် ****
သွားညှိအထူးကုပါရဂူ နှင့် ကုသမှု မယူမီ အရင်ဆုံး လာရောက်ဆွေးနွေးတိုင်ပင်နိုင်ခြင်း၊ သွားညှိကုသစရိတ်ကိုလဲ လစဥ် အရစ်ကျပေးသွင်း၍ ကုသ ခြင်းပြုလုပ်နိုင်ပါတယ်)

*******Traditional metal braces အမျိုးအစားဖြင့် သွားညှိကုသပါက ကုသစရိတ် (၁၃) သိန်းခွဲ ကို ကုသချိန် တစ်နှစ် မှ နှစ်နှစ်ခွဲ ကာလအတွင်း လစဥ် (၅၀၀၀၀ မှ ၁၀၀၀၀၀) ကြား အရစ်ကျပေး၍ ကုသနိုင် ပါတယ်..******

Address

င/၅၂၊ သန္တာ (၉)လမ်း အနီး၊ သန္တာလမ်း၊ မြောက်ဥက္ကလာ။ (မြောက်ဥက္ကလာ သန္တာ မှတ်တိုင်တွင်းဆင်းပါ)
Yangon
11031

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959882616633

Website

Alerts

Be the first to know and let us send you an email when Shwe Kant Kaw Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Kant Kaw Dental Clinic:

Share

Category