30/12/2025
ကျေးဇူးပြု၍ နားဆင်ပါရှင် ❗
လေယာဉ်အမှတ်စဉ် 2026 ✈️
မကြာမီ ပျံသန်းတော့မှာ ဖြစ်ပါတယ် 🛫
နောက်ထပ် ရေတွက်ရမယ့် (Countdown) ရက်အနည်းငယ်အတွင်းမှာ...
ကျေးဇူးပြုပြီး Gate No. 2025 ကို ကြွလှမ်းပေးကြပါရှင်။
လူကြီးမင်းရဲ့ ခရီးဆောင်အိတ်ထဲမှာ 🧰
လှပတဲ့ အရာတွေပဲ ပါဝင်ရပါမယ် 🥰
ကျွန်မတို့ရဲ့ ခရီးစဉ်အတွင်းမှာ လူကြီးမင်းကို...
ဝမ်းနည်းမှုတွေ၊ စိတ်ပျက်မှုတွေ၊ အခက်အခဲတွေ၊ နာကျင်မှုတွေ၊ ဖျားနာမှုတွေ ဒါမှမဟုတ် တခြား စိတ်မချမ်းမြေ့စရာ အရာတွေကို... ယူဆောင်ခွင့် မပြုပါဘူး 🙅♂️🙅♀️
အဲဒီအရာအားလုံးကို လေယာဉ်ပေါ်မတက်ခင် Gate က အမှိုက်ပုံးထဲမှာ စွန့်ပစ်ခဲ့ပေးပါ 🗑️
ဒီခရီးစဉ်ဟာ 🛫
၁၂ လ တိတိ ကြာမြင့်မှာ ဖြစ်ပါတယ် 🛬
ကျေးဇူးပြုပြီး ခါးပတ်ပတ်ထားပေးပါ။
ကျွန်မတို့ သွားမယ့် ဦးတည်ချက်ကတော့ 🛬
😊 ကိုယ်စိတ်နှစ်ပါး ကျန်းမာခြင်း
😙 ရွှင်လန်းသော စိတ်နှလုံး
🥰 မေတ္တာတရား ❤️
😘 ကြင်နာသနားမှု
🤩 တိုးတက်အောင်မြင်မှုနဲ့ ပြည့်စုံတဲ့ ပျော်ရွှင်မှု
😍 ကြွယ်ဝချမ်းသာမှု 💰
ဒီခရီးစဉ်အတွင်း...
ကျွန်မတို့က အောက်ပါ စားသောက်ဖွယ်ရာတွေကို တည်ခင်းပေးသွားမှာ ဖြစ်ပါတယ် 🥘:
🍹 ချစ်ခြင်းမေတ္တာ အဖျော်ယမကာ 🥂
🍱 ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ 🍣
🍧 အရသာရှိတဲ့ သရေစာ ☕️
📚 သင့်ကို တိုးတက်စေမယ့် စာအုပ်ကောင်းများ 🍨
🥗 အောင်မြင်ခြင်း ဆလတ်သုပ် 🥟
🎂 ကံကောင်းခြင်း ကိတ်မုန့် 🧁
🍧 အပြုံးတွေ ဆောင်ကြဉ်းပေးမယ့် အချိုပွဲများ 🍯🍦🍫🍪🍮🍩🌰🍿
👩❤️👨 သင်နဲ့ သင့်မိသားစု တဦးချင်းစီတိုင်း ပျော်ရွှင်စရာ ခရီးစဉ်လေး ဖြစ်ပါစေ 👨👩👦👦
🥰 သုခချမ်းသာ၊
😘 ဝမ်းမြောက်ခြင်း၊
😍 စိတ်အေးချမ်းမှုများနဲ့အတူ...
🛫 ၂၀၂၆ ခုနှစ်ရဲ့ ခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေ။
😊 အရာရာတိုင်း အဆင်ပြေချောမွေ့ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် 🥰
✈️ ခရီးလမ်းတလျှောက်လုံး ဘေးကင်းပါစေ 🛩
အစဉ်အမြဲ မေတ္တာနှင့် ဂရုစိုက်မှုများဖြင့်...
☕️....😘
SM Medical Services