18/11/2025
တကယ်လို့များအကြောင်းကြောင်းတွေဆုံလာလို့ စိတ်ပိုင်းဆိုင်ရာ မကျန်းမမာဖြစ်လာတဲ့အခါအဖြေမရှိဘူးလို့တော့ မထင်လိုက်ပါနဲ့နော်
ဘဝသစ် ရှိနေပါတယ်
ဘဝသစ်ဆိုတာ ..
မူးယစ်ဆေး ဖြတ်ချင်ပေမယ့် မဖြတ်နိုင်လို့ စိတ်ညစ်နေရသူတွေ
မူးယစ်ဆေးကြောင့် လူတောမတိုးနိုင်သူတွေ
အရက်ကြောင့် လူမှုဒုက္ခမျိုးစုံ ခံစားနေရသူတွေနဲ့
စိတ်ရောဂါဝေဒနာ ဖြစ်ပွား ခံစားနေရသူတွေကို ...
ကူညီပေးဖို့ ကျွမ်းကျင်ပညာရှင်တွေနဲ့ စုဖွဲ့ထားတဲ့ နေရာတစ်ခုပါ။
ဘဝကို အသစ်တစ်ဖန် ပြန်လည်စတင်လိုသူတွေကို ဘဝသစ်ကလက်ကမ်းကြိုနေပါတယ်။
"ဘဝသစ် စိတ်ကျန်းမာရေးဆေးရုံ"
အမှတ်(၁၉၂)၊ အင်းဝလုံးချင်းအိမ်ယာ၊ ဧရာဝတီ(၁)လမ်း၊
(၆၆)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 254202871 ,09 5111933
ဖုန်းဆက်လိုက်သည်နှင့် အိမ်တိုင်ရာရောက် လာရောက်ခေါ်ဆောင်ပေးသည့် ဝန်ဆောင်မှုထားရှိပေးပါသည်။
Trauma ရဲ့သဘောသဘာဝ
စိတ်ကျန်းမာရေး ပြဿနာတွေ၊ Disorders တွေအများအပြား Trauma ကနေ စဖြစ်လာတတ်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိပေမဲ့ စိတ်ကျန်းမာရေးပြဿနာတိုင်းကတော့ စိတ်ဒဏ်ရာကြောင့် မဟုတ်ပါဘူး။ နောက်ဆက်တွဲ အရှက်ရမှု၊ သိုဝှက်မှုတို့ပါလာတတ်ပြီး အပြစ်ပြောခံ၊ အမြင်စောင်းခံရမှာ စိုးရိမ်လို့ (အထူးသဖြင့်ဖြစ်စကာလတွေမှာ) အတွင်းထဲမှာ သိုဝှက်ထားတတ်ပါတယ်။
အဲဒီလိုအတွင်းမှာ သိမ်းထား၊ ဖွင့်ဟပြောဆိုနိုင်ခြင်းမရှိလို့၊ ဖိနှိပ်မိလို့ ပိုပြီးကြီးမားတဲ့ ဆိုးတဲ့နောက်ဆက်တွဲတွေ ဖြစ်လာတတ်ပါတယ်။ စိတ်ကျရောဂါ၊ မူးယစ်ဆေးသုံးတာ၊ မိမိကိုယ်ကိုယ် နာကျင်အောင်လုပ်တာတွေ အပါအဝင်ပါ။ ဒါကြောင့် လုံခြုံစိတ်ချရသူ၊ လုံခြုံတဲ့ နေရာမှာ ရင်ဖွင့်ပြောဆိုတာ၊ စိတ်ကျန်းမာရေးအကူအညီယူတာ စတာတွေလုပ်ဖို့က သက်သာ ပျောက်ကင်းဖို့အတွက် အရေးကြီးပါတယ်။
Trauma ရဲ့လက္ခဏာတွေထဲက သတိလွန်ကဲမှု
တစ်ကြိမ် ဆိုးရွားတာကြုံတွေ့ပြီး နောက်ထပ်သဘောတရားတူတဲ့ အခြေအနေမျိုး ကြုံရင်၊ တူညီတဲ့အဖြစ်အပျက်ဖြစ်နိုင်တဲ့နေရာမျိုးရောက်ရင် စိတ်ပူပန်တာ၊ သတိလွန်ကဲတာ၊ စိတ်ဖိစီးမှုများတာ စတာတွေ ဖြစ်တတ်ပါတယ်။ ထပ်ဖြစ်မှာအလွန်အမင်း စိုးရိမ်ပြီး သတိ လွန်ကဲကာ လုံခြုံမှုမရှိဘူး။ လူတွေ/ အခြေအနေတွေကို မယုံရဘူးဆိုပြီး စိတ်ထဲလွှမ်းမိုးပြီး ခံစားရခက်တဲ့ အခြေအနေမျိုးပါ။
အဲဒီလိုကြုံလာရင် လုပ်လို့ရတာက အခြေအနေတွေကို လက်တွေ့ကျကျမြင်မိအောင် တွေးပြီး၊ ခံစားနေရတာကို အသိအမှတ်ပြု၊ မိမိကိုယ်ကိုသနားကြင်နာမှုပေးတာမျိုးဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ အဖြစ်အပျက်မျိုးစုံ အချိန်မရွေးဖြစ်နိုင်တယ်၊ ဘယ်သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာမှ မရှိဘူး။ ဖြစ်ပျက်ခဲ့ဖူးတာလည်း ထပ်ဖြစ်နိုင်တယ်။ အဲဒီတော့ ခံစားနေတာ ပူပန်နေတာ၊ သတိရှိနေတာ မမှားဘူး။
ဥပမာ အခြားလူ/ ကိုယ်တိုင်ယာဉ်မတော်တဆမှု ကြုံခဲ့ရလို့ ကားမောင်းရင် စိတ်ထဲ ပူပန်နေတယ်။ တစ်ခုခုဖြစ်တော့မယ်ဆိုတာ တွေးနေမိရင်း ကားမောင်းခြင်းက လုံးဝအပြည့်အဝ လုံခြုံခြင်းမရှိတာကို လက်ခံတယ်။ ဒါပေမဲ့ ကိုယ်တိုင်ကားကို လုံခြုံစွာမောင်းတတ်တယ်။ ကားကလည်း သေချာပြုပြင်ထိန်းသိမ်းထားတယ်။
ကိုယ်က အရင်အဖြစ်အပျက်ကြောင့် အခုလို သတိလွန်ကဲ ပူပန်နေတာဖြစ်တယ်။ အဲဒါကလည်းအပြစ်မဟုတ်ဘူး။ ကိုယ့်ဘက်က လုံခြုံစိတ်ချရတဲ့မောင်းနှင်မှုကို လုပ်နေတယ်ဆို တယ် စသည်ဖြင့် မိမိကိုယ်ကို သနားကြင်နာ၊ နွေးထွေးမှုကိုပြန်ပေးခြင်းဖြင့် ခံစားနေရတာ သက်သာနိုင်ပါတယ်။
အကူအညီနဲ့ မျှော်လင့်ချက်က ရှိစမြဲပါ
တချို့အချိန်တွေမှာ ဘဝတွေရော၊ ကမ္ဘာကြီးမှာပါ မျှော်လင့်ချက်မဲ့ ကူရာမဲ့တယ်လို့ မြင်ရ၊ ခံစားရတာမျိုးတွေရှိတတ်ပါတယ်။ Dr. Paul Conti ကိုယ်တိုင်ရော သူ့ စိတ်ကျန်းမာရေး လုပ်ကိုင်တဲ့ ဘဝတစ်လျှောက်မှာပါ အဲလိုခံစားရပေမယ့် ပြန်ကောင်းတဲ့ အလင်းရောင်တောက်ပ တဲ့၊ မျှော်လင့်ချက်တွေပြန်ရှိလာတဲ့ အခြေအနေမြောက်များစွာကြုံတွေ့ခဲ့ရပါတယ်။
ခန်းစီးနဲ့ဥပမာပေးရရင် ခန်းစီးက ပိတ်မိနေတဲ့အခါ အလင်းရောင်မရ ဖြစ်နေတတ်ပေမဲ့ ပြန်ပွင့်ဖို့၊ အလင်းရောင်တွေရဖို့ အကူအညီတွေကရှိစမြဲပါ။ ပထမအကြိမ် အကူအညီရှာလို့ မရရင်၊ ။ ဒုတိယအကြိမ်၊ မရသေးရင် တတိယအကြိမ်၊ နောက်ဆုံးရတဲ့အထိ ကြိုးစားခွင့်ရှိတယ်။
အကူအညီတွေ၊ အပြော ပြောင်းအလဲတွေပေးနိုင်မယ့် လူတွေက သေချာပေါက်ရှိတယ်၊ သေချာပေါက်လည်းတွေ့ပါမယ်ဆိုတာတင်ပြပေးလိုက်ရပါတယ်။
ျားထံမှလေ့လာသိမှတ်ဖွယ်အကြောင်းအရာများ