Vita Xtrong Gym & Supplements Protein Shop

Vita Xtrong Gym & Supplements Protein Shop No -17 The Atrium condominium Relax Floor, Upper Pansodan Road & Conner of Bo Min Khaung Road,Mingalar Taung Nyunt Township,Yangon.

Contact:09972234444. 09448444440

02/05/2026

🫣🫣🫣
🇲🇲


🇲🇲

အပိုင်း(2)ကစားသမား-Trainer - Gym Ownner သူတို့ လျှောက်တဲ့ ခရီးလမ်း ဘယ်သူပိုကြမ်းလည်း❓✅✅✅✅✅ ထရိန်နာကတော့ ကစားသမားနဲ့မတူပါ...
02/05/2026

အပိုင်း(2)
ကစားသမား-Trainer - Gym Ownner သူတို့ လျှောက်တဲ့ ခရီးလမ်း
ဘယ်သူပိုကြမ်းလည်း❓
✅✅✅✅✅

ထရိန်နာကတော့ ကစားသမားနဲ့မတူပါဘူး ဟိုးအရင်တုန်းကတော့
ကစားသမားနဲ့ ထရိန်နာက ဖိနပ်တရံလိုပဲ ကစားသမားလည်းလုပ်တယ်
ထရိန်နာလည်းဖြစ်တယ် ။

အခုခေတ်မှာတော့ ထရိန်နာ အများစုက ကစားသမားမဟုတ်ကြပါဘူး
Certificate တခု နှစ်ခု ယူလိုက်ပြီး ထရိန်နာအမည်ခံယူလိုက်ရုံပါပဲ
အရင်တုန်းက Gym မှာ ထရိန်နာအလုပ်လျှောက်မယ်ဆိုရင် ကစားသမား
ဟုတ်မှန်ကြောင်း Gym မှာရှိတဲ့ ထရိန်နာတွေ တယောက်စနှစ်ယောက်စ
ထောက်ခံပေးမှ ထရိန်နာ လုပ်လို့ရပါတယ် ။

အခုချိန်အခါမှာတော့ Gym တွေက ပိုများလာတော့ ထရိန်နာ
လိုအပ်ချက်အရ အဆင်ပြေမယ်ထင်ရင် ထရိန်နာတန်းဖြစ်တာပါပဲ

ထရိန်နာတော့ဖြစ်ပါပြီ Gym ထဲမှာတန်းစီလိုက်ရင် လူသစ်ထရိန်နာက
နောက်ဆုံးကပါပဲ
Communication ဘယ်လောက်ကောင်းကောင်းး
အသင်အပြ ဘယ်လောက်ကောင်းကောင်း
လူဟောင်းတွေလောက်တော့ နေရာ မရရပါဘူး။

လူဟောင်းတွေကလည်း မမြဲကျပါဘူး အခြား Gym မှာ လူသစ်သွား
လုပ်ကြမှ ကိုယ်ကတဖြေးဖြေး နေရာ ရလာပါတယ်

Gym မှာ အသင်းအဖွဲ့ အစုအဖွဲ့နဲ့ လုပ်တတ်ကိုင်တတ်တဲ့ စိတ်ထားရှိမှ
အဆင်ပြေပါမယ်
Gym မှာရှိတဲ့ အခြားထရိန်တွေထက် ကိုယ်ကချွန်ထွက်လာရင်
ဝိုင်းသမမဲ့ လူတွေရှိပါတယ်
အလွန် တုံးလွန်းရင်လည်း Gym Ownner က အမြင်ကြည်မှာ
မဟုတ်တဲ့အတွက် အလုပ်မြဲဖို့ မလွယ်ပါဘူး

Gymထဲမှာ ဘယ်တော့မှမရိုးနိုင်တဲ့ ထရိန်နာတွေအချင်းချင်း အားပြိုင်မှု
က အမြဲရှိပါတယ်
သူ့ဆရာ ငါ့ဆရာ သတ်မှတ်ပြီး ဆရာခွဲတမ်းချထားတဲ့ Clients
တွေရှိပါတယ် ။

ထရိန်နာဆိုတာ Gym Ownner မျက်နှာလည်းကြည့်ရ Clients
မျက်နှာလည်းကြည့်ရ ထရိန်အချင်းချင်း ချွန်တွန်းလုပ်မဲ့သူလည်း
ကြည့်ရနဲ့ ဆူးကြားထဲက ဗူးသီးလို အရပ်ရှစ်မျက်နှာမှာ ဆူးတွေ
ချည်းပါပဲ အနေအထိုင်မတတ်ရင် စူးမှာပါပဲ။

ထရိန်တယောက်ဟာ Gym က ပေးတဲ့ လစာနဲ့ တွက်ခြေမကိုက်ပါဘူး
PT ယူတဲ့သူ ရှိမှ တွက်ခြေကိုက်ပါတယ်
PT ယူတဲ့သူယုံကြည်မှုရှိဖို့ကလည်း ထရိန်နာ ရုပ်ပေါက်ဖို့က
လိုအပ်ပါသေးတယ် ထရိန်နာတိုင်းဟာ ကာယဗလမောင်မဟုတ်တဲ့
အတွက် သန်မာကြံ့ခိုင်တဲ့ ပုံစံ ရှိဖို့ လိုအပ်ပါတယ်
အဆီတွေနဲ့ ဝဖီးနေတဲ့သူက ပိန်ဆေးဖေါ်ရောင်းရင် ဘယ်သူမှ ဝယ်မှာ
မဟုတ်ပါဘူး။

ကာယဆရာလုပ်မှတော့ ကာယဆရာပုံစံပေါက်ဖို့ လို့ပါတယ်
ကာယဆရာလုပ်မယ်ဆိုရင် ကာယဆရာတွေရဲ့ ပုံစံကို သီးသန့်
သတ်မှတ်ထားတာတော့ မရှိပါဘူး
ဒါပေမဲ့ သူများတွေထက် အောင်မြင်ချင်တယ် ဝင်ငွေပိုကောင်း
ချင်တယ်ဆိုရင်တော့ မိမိပုံစံက အများတကာထဲမှာ ထင်ရှားနေဖို့
လိုအပ်ပါတယ်။

ကျနော်တို့ခေတ်က ကစားသမားဘဝကနေထရိန်အဖြစ်ကိုတက်လှမ်း
ရတာပါ စာရွက်တရွက်နှစ်ရွက်လောက်ယူပြီး ထရိန်နာတန်းလုပ်လို့
မရပါဘူး ။

အခုခေတ်မှာတော့ လူငယ်တွေက ကစားသမားထက် ထရိန်နာဘဝ
ကို ပိုလုပ်ချင်ကြပါတယ် စီနီယာတွေရဲ့ အောင်မြင်မှုနဲ့ ဝင်ငွေကို
ကြည့်ပြီး အားကျကြပါတယ် ။

မိမိကြတော့ စီနီယာတွေလို တထပ်တည်းဖြစ်ဖို့မလွယ်ပါဘူး
ထရိန်နာဖြစ်တိုင်း PT ရတာ မဟုတ်ပါဘူး
နယ်တွေမှာ လုပ်တဲ့ ထရိန်နာတွေဆိုရင် PT ရဖို့မလွယ်ပါဘူး
ပြိုင်ပွဲဝင် ကစားသမားတွေ ထရိန်နာလုပ်ရင် ပိုပြီးရုန်းကန်ရပါတယ်
မိမိအတွက် ကစားရတာကတဖက် ဝင်ငွေရဖို့ အလုပ်ကြိုးစား
ရတာက တဖက်နဲ့ ပြိုင်ပွဲနီးလေ ရူးချင်လာလေပါပဲ။

မိမိဝင်ငွေကောင်းဖို့နဲ့ အောင်မြင်ဖို့ကလည်း မိမိ အလုပ်ဝင်တဲ့
Gym နဲ့လည်း သက်ဆိုင်ပါတယ်
Gym တွေမှာ 3 မျိုး 3 စားရှိပါတယ်
1️⃣ ရပ်ကွက်ထဲမှာ နေရာကျဉ်းကျဉ်း ခေတ်မီစက်ကရိယာ မရှိတရှိနဲ့
အဖြစ်ဖွင့်ထားတဲ့ Gym
2️⃣ ခေတ်မီစက်ကရိယာတွေ မစုံမလင်နဲ့ အခန်းက မကျဉ်းမကျယ်
အလယ်လတ်တန်းစား Gym
3️⃣ စက်ကရိယာတွေစုံ နေရာကလည်း ရှယ် ကောင်းပြီး heavy
ဖွင့်ထားတဲ့ Gym ကြီးတွေ
ပြောခဲ့တဲ့ Gym 3 မျိုးထဲမှာ ဘယ် Gym မှာ လုပ်တဲ့ ထရိန်နာက ဝင်ငွေ
ပိုကောင်းလည်းဆိုတာ တွေးကြည့်တာနဲ့တင် မြင်နိုင်ပါတယ်

ဝင်ငွေကောင်းပြီး အောင်မြင်တဲ့ ထရိန်နာတယောက်ဖြစ်ဖို့က
ဒီခေတ်မှာ မလွယ်တော့ပါဘူး ဆရာကြီးတွေအရမ်းများတဲ့
နယ်ပယ်ဖြစ်နေလို့ပါ

ဘယ်အရပ်ဘယ်ဒေသမှာဖြစ်ဖြစ် အထက်မှာပြောခဲ့သလို
ထရိန်နာ အချင်းချင်းအားပြိုင်မှုတွေ ဆရာလုတဲ့ Clients တွေ
ကတော့ အမြဲရှိနေမှာပါပဲ။

ထရိန်နာလုပ်မယ်ဆိုရင် ထရိန်တယောက်ရဲ့ သိသင့် တတ်သင့်တဲ့
ဝမ်းစာတွေပြည့်နေဖို့လိုပါတယ် စာတွေက အသိပညာကိုပေးတယ်
ကစားသမားဖြစ်မှ အတတ်ပညာရမယ်

မျဉ်းပြိုင်သွားနေတဲ့ သံလမ်းပေါ်က ရထားလို လုပ်ဆောင်နိုင်မှ
ထရိန်နာရဲ့ ခရီးကပေါက်မြောက်ပါမယ်
သိပြီး မတတ်လည်း အလုပ်မဖြစ်ပါဘူး
တတ်ပြီး မသိလည်း အလုပ်မဖြစ်ပါဘူး
ထရိန်နာတယောက်က ကစားသမားထက်စာရင် ပိုပြီး ရုန်းကန်း
ရပါတယ် စီနီယာ ဂျူနီယာအထာတွေ Clients အထာတွေ
Gym Ownner အထာတွေ နှပ်နေမှ ထရိန်နာကောင်းတယောက်
ဖြစ်နိုင်မှာပါ

တချို့က ဘယ်ဖိအားမှ မခံချင်တာနဲ့ လွတ်လွတ်လပ်လပ်ရှိတဲ့
Freelance Trainer ဘဝကိုရွေးချယ်ကြပါတယ်
ဒါပေမဲ့ Freelance Trainer ဆိုတိုင်း အမြဲတမ်း လက်မထောင်
နိုင်နေတာတော့ မဟုတ်ပါဘူး

Freelance Trainer တွေကို ကြိုဆိုတဲ့ Gym တွေရှိသလို လက်မခံ
တဲ့ Gym တွေလည်းရှိပါတယ် ဘယ်လောက်အောင်မြင်နေတဲ့
ထရိန်နာဖြစ်ပါစေ Gym တိုင်းကို ရင်ကော့ခေါင်းမော့ပြီး သွားပြလို့
ရတဲ့ အခွင့်အရေးမရှိပါဘူး ဒီလိုကနေ မခံချင်စိတ်ရှိပြီး အရင်းအနှီး
တတ်နိုင်တဲ့ ထရိန်နာတွေဟာ Gym တွေ ထဖွင့်ပြီး Gym Ownner
အဖြစ်ပြောင်းလဲ သွားပါတော့တယ် ။

ထရိန်နာလုပ်မယ်ဆိုပြီး ဘာသင်တန်းညာသင်တန်းတွေတက်ပြီး
မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့သူတွေအများကြီးရှိပါတယ်

ထရိန်နာတွေရဲ့ လမ်းကြောင်းကလည်း ချောမွေ့နေတာမဟုတ်ပဲ
သူးများတွေထက်ပိုပြီး ရုန်းကန်နိုင်မှ တော်ကာကြပါမယ်

မြက်တောထဲက မြက်တပင်ကို ထူးဆန်းပြီး ဘယ်သူမှ အရေးတယူ
ကြည့်မှာ မဟုတ်ပါဘူး ဒါပေမဲ့ အခြားမြက်တွေထက် ပိုရှည်ပြီး
ပိုကြီးနေရင်တော့ သတိပြုမိပါလိမ့်မယ်
ထရိန်လောက က လည်း ထိုအတိုင်းပါပဲ သူများထက် ချွန်ထွက်နေမှ
လူအများသတိပြုမိပါလိမ့်မယ်

သူများတွေထက် ချွန်ထွက်နေဖို့ကတော့ မိမိဘာသာ ကြိုးစားဖို့ပဲ
လိုအပ်ပါတယ်
လူတွေ ကျန်းမာရေးလိုက်စားပြီး Gym ကစားနေသမျှ ကာလပတ်လုံး
ထရိန်နာဆိုတာဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ဆက်ပြီးရှိနေ
ဦးမှာဖြစ်ပါတယ်။

ဝင်ငွေကောင်းပြီး အောင်မြင်တဲ့ ထရိန်နာတယောက်ဖြစ်ဖို့ကတော့
ကံနဲ့လည်းဆိုင်သလို ညဏ်နဲ့လည်းဆိုင်ပါတယ်
ထရိန်နာတိုင်း အောင်မြင်ကြပါစေ💪💪💪

📝📝📝📝📝📝📝📝📝📝📝📝

01/05/2026

Q&A about ကွမ်း
🇲🇲


🇲🇲

30/04/2026

facts😩
🇲🇲


🇲🇲

ကစားသမား-Triner - Gym Ownner သူတို့ လျှောက်တဲ့ ခရီးလမ်း ဘယ်သူပိုကြမ်းလည်း❓✅✅✅✅✅1️⃣ ကစားသမား ဘဝဒီခေတ်အခါမှာ ကစားသမား ဘဝလည...
30/04/2026

ကစားသမား-Triner - Gym Ownner သူတို့ လျှောက်တဲ့ ခရီးလမ်း
ဘယ်သူပိုကြမ်းလည်း❓
✅✅✅✅✅

1️⃣ ကစားသမား ဘဝ
ဒီခေတ်အခါမှာ ကစားသမား ဘဝလည်းမလွယ်ပါဘူး
တနေ့တခြားကြီးမားလာတဲ့ ကုန်ဈေးနှုံးနဲ့ စားသောက်စရိတ်
Gym Wear စရိတ် သွားလာစရိတ်တွေနဲ့တင် တော်တော်လေး
ကုန်ကျစရိတ်က ထောင်းနေပါပြီ
Bodybuilding & Fitness နယ်ပယ်ကို လျှောက်လှမ်းမယ်ဆိုရင်
စားနိုင် သောက်နိုင် လူလတ်တန်းစားနဲ့ ချမ်းသာသူတွေပဲ ကစားလို့
အဆင်ပြေမဲ့ ကစားနည်းတခုဖြစ်နေပါပြီ
သာမာန် လက်လုပ်လက်စား ဘဝသမားတွေအနေနဲ့ Gym နားကို
ကပ်ဖို့ မလွယ်တော့ပါဘူး။
ပြိုင်ပွဲဝင်ဖို့ကြိုးစားနေသူဆိုရင်တော့ တနေ့တာ ကုန်ကျစရိတ်က
50000 အထက် သိန်းကျော် ကုန်ကျစရိတ်ထိ ရှိပါတယ်
သာမာန်ကစားသမားတွေရဲ့ အခက်အခဲက အချိန်မှန်ကစားဖို့
ခက်ခဲ့ခြင်း၊အချိန်မှန်စားဖို့ ခက်ခဲခြင်းပါပဲ
ကျောထောက်နောက်ခံမရှိပဲ သာမာန် လခစား 3-4-5 သိန်းရတဲ့
သူတောင် Gym ကို စွဲစွဲမြဲမြဲ ကစားဖို့ မလွယ်ပါဘူး
ငွေကုန်ကြေးကျများတဲ့အပြင် အချိန်ကလည်း Gym ဝေးရင်
ဝေးသလို ကစားတဲ့အချိန် အသွားအပြန်အချိန်တွေက အနည်းဆုံး
2-3 နာရီပေးရပါတယ်
Gym ကစားသူဟာ အစားအသောက်ကို ကိုယ်တိုင်ချက်ပြုတ်စား
ရမယ်ဆိုရင် အခြေအနေကပိုပြီးတော့ ဆိုးဝါးပါတယ်
အချိန်ပိုပြီးပေးရပါတယ် စားဖို့သောက်ဖို့ နောက်ကနေ စီစဉ်ပေးသူ
ရှိရင်တော့ ကစားသူက သာသာယာယာ ကစားလို့ရပါတယ်
ဒါတွေက ကစားသူတွေ တကယ်လက်တွေ့ ရင်ဆိုင်ရတဲ့ အခက်အခဲ
တွေပါပဲ
တကယ် Gym မကစားဘူးပဲ စာတွေဖတ်ပြီး အာချောင်နေတဲ့ သူတွေက
ဒီအခက်အခဲတွေကို မသိပါဘူး ။
ဘယ်လို ကစားလိုက်ပါလား ဘယ်လို စားလိုက်ပါလား ဆိုပြီး
Motivation Speaker တွေ ဘယ်လို တွန်းပေးတွန်းပေး
ကစားသူက ကိုယ့်ဝမ်းနာကိုယ်သာသိ ဆိုသလို ကိုယ်ရဲ့ အခက်အခဲကို
ကိုယ်တိုင်သာ အသိဆုံးဖြစ်ပါတယ်
တချို့ဆိုရင် Gym ကစားတာကို အသည်းအသန် ဝါသနာပါပေမဲ့
မိသားစုအရေး မိမိအရေးတွေကို ချင့်ချိန်ပြီး ကျောခိုင်းသွားသူတွေ
အများကြီး ရှိပါတယ်
တချို့လည်း ဒီလို အခက်အခဲကြားကနေ ကျားကုတ်ကျားခဲ ပေတေပြီး
ကစားတဲ့ သူတွေလည်းရှိပြီး ထွန်းပေါက် အောင်မြင်သွားတဲ့သူတွေလည်း
ရှိပါတယ် ။
ကစားသမား ဘဝကတော့ ရှင်းပါတယ် ကစားချင်စိတ်ရှိရင် ကစားမယ်
မကစားနိုင်ရင် မကစားဘူး မိမိရဲ့ ကျန်းမာရေးကလွဲလို့ ဘယ်သူမှ
မထိခိုက်ပါဘူး ။
Gym ကစားမယ်ဆိုရင် များများစားစားမလိုပါဘူး
ခေတ်အခြေအနေအရ အချက် 2 ချက်ပဲ လိုပါတယ်
1️⃣ ပိုက်ဆံ ရှိရမယ်
2️⃣ အချိန်ပေးနိုင်ရမယ်

စာနည်းနည်းရှည်သွားပြီမို့
Trainer - Gym Ownner လျှောက်တဲ့ ခရီးလမ်းကို နောက်အပိုင်း
တွေမှာ ရေးပါမယ်

📝📝📝📝📝📝📝📝📝📝📝📝📝

ပိုစ့်ကို လွတ်လပ်စွာ Share နိုင်ပါသည်
ရေးသူနာမည်ပါ ထည့်ရေးထားပါသည် ။
Copy ယူလျှင် နာမည်ကို ဖြုတ်ချန်မထားခဲ့ပါနဲ့

29/04/2026

Q&A about protein
🇲🇲


🇲🇲

28/04/2026

Mention your gym besties 🫂
🇲🇲

🇲🇲

Creatine ကို ဘာကြောင့်သောက်သင့်သလဲ ?Creatine ဆိုတာ ကမ္ဘာတစ်ဝှမ်းကကာယဗလနှင့် အားကစားသမားများ အများဆုံးအသုံးပြုနေတဲ့ Suppl...
28/04/2026

Creatine ကို ဘာကြောင့်သောက်သင့်သလဲ ?
Creatine ဆိုတာ ကမ္ဘာတစ်ဝှမ်းက
ကာယဗလနှင့် အားကစားသမားများ အများဆုံးအသုံးပြုနေတဲ့ Supplement တစ်မျိုး ဖြစ်ပါတယ်။
💪 Creatine ရဲ့ အဓိက အကျိုးကျေးဇူးများ

✔️ ကြွက်သား Recovery မြန်စေခြင်း
✔️ ကြွက်သားထုထည် တိုးတက်စေခြင်း
✔️ Workout အတွင်း ခွန်အားတိုးစေခြင်း
✔️ Muscle မရှုံးဆုံးအောင် ကာကွယ်ပေးခြင်း
✔️ Stamina (သက်လုံ) ကောင်းစေခြင်း

Creatine ကို အသုံးပြုခြင်းကြောင့်
နောက်တစ်ကြိမ် Workout အတွက်လည်း
အားအင်ပြည့်ပြည့်နဲ့ အဆင်သင့်ဖြစ်နေစေပါတယ်။
Creatine ဆိုတာ
Amino Acid 3 မျိုး ပေါင်းစပ်ထားတာဖြစ်ပါတယ်
• Glycine
• Methionine
• Arginine
ဒီ Amino Acid တွေကို
အသား၊ အထူးသဖြင့် အမဲသား တွေမှာ
တွေ့နိုင်ပါတယ်။
အသားမစားသူများ
Vegetarian များ
Gym ကစားသူများအတွက်
Creatine ဟာ အထူးအသုံးဝင်ပါတယ်
Creatine ကို
✅ Workout မတိုင်ခင် နှင့်
✅ Workout ပြီးချိန် သောက်သံုးလို့ရပါတယ်
👉 Whey Protein
👉 Mass Gainer
👉 Juice
တို့နဲ့ ရောသောက်လို့ရပါတယ်။
Creatine ဟာ
တားမြစ်ဆေး မဟုတ်ပါဘူး
✔️ International Sports Organizations
✔️ FDA
တို့မှ ခွင့်ပြုထားသော
Safe Supplement တစ်ခု ဖြစ်ပါတယ်။
Side effects ကတော့
လူအများစုမှာ မဖြစ်ပါဘူး။
တချို့မှာသာ —
• ဗိုက်အောင့်
• အပူတက်သလိုခံစားရခြင်း
ဖြစ်နိုင်ပါတယ် (အလွန်နည်းပါတယ်)
VX မှာတော့
✔️ Creatine Monohydrate
✔️ Micronized Creatine
2 မျိုးလုံး ရရှိနိုင်ပါတယ်
Creatine ကို အရင်က အရသာမပါတဲ့ pure unflavor တစ်မျိူးထဲ ရပေမယ့် ယခုအခါမှာ သောက်ရလွယ်ကူအောင် greenapple /cola/bluerespberry နဲ့ watermalon အရသာတို့နဲ့ပါရရှိနိုင်နေပြီဖြစ်ပါတယ်



27/04/2026

Q&A about milk
🇲🇲


🇲🇲

26/04/2026

ရှုပ်ကုန်ပီ
🇲🇲


🇲🇲

FITWHEY CLASSIC 9.0 Second day 💪FITWHEY STRONG MEN (5.7 ton monster truck pull)
26/04/2026

FITWHEY CLASSIC 9.0 Second day 💪

FITWHEY STRONG MEN (5.7 ton monster truck pull)



26/04/2026

Address

No.17, The Atrium Condominium Relax Floor,junction Of Upper Pansotan Road And Bo Min Gaung Road
Yangon
11051

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00

Telephone

09972234444

Alerts

Be the first to know and let us send you an email when Vita Xtrong Gym & Supplements Protein Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share