White Star Physiotherapy Clinic 2

White Star Physiotherapy Clinic 2 Physiotherapy helps to avoid surgery.

29/05/2024
08/09/2023

💥....Quizz Time ....💥

ဒီတစ်ပတ် Quizz လေးမှာ အရိုးနဲ့ ပတ်သတ်ပြီး အခြေခံမေးခွန်းလေးတစ်ခု ဖြေကြည့်ရအောင်

ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အရိုးရဲ့ အဓိက လုပ်ဆောင်ချက်က ဘာဖြစ်မလဲ....❓

a) သွေးစုတ်ထုတ်ပေးခြင်း.....
b) အစာချေဖျက်မှုကို လုပ်ဆောင်ခြင်း....
c) အပူထုတ်ပေးခြင်း...
d)ကိုယ်တွင်း အင်္ဂါများကို ထောက်ပံ့ ကာကွယ်ခြင်း

လွယ်လွယ်လေးမို့ Comment ထဲ ဖြေသွားကြည့်ပါဦ....🥰

m.me/whitestarphysiotherapy



#လည်ပင်းကျီးပေါင်း
#အရိုးအကြော

29/06/2023

အခမဲ့ ဆေးကုသနည်း R.I.C.E

ဒီနေ့ ကျွန်တော်လောလောနဲ့ အိမ်ကအထွက် လှေကားအဆင်း ခြေခေါက်သွားတယ်။ ဖြစ်ဖြစ်ချင်းတော့ ဘာမှမသိသာလိုက်ပေမယ့် နဲနဲကြာတော့ ခြေထောက်က ထောက်လို့မရတော့ဘူး။ ထော့နဲ့ထော့နဲ့ ဖြစ်သွားပြီ။ အလုပ်သွားဖို့ခက်ပြီ။ အိမ်ပေါ်ကိုပဲ ပြန်တက်လာခဲ့တယ်။

အရေးအကြီးဆုံးက ကြယ်ဖြူဆေးခန်းကပြောထားတဲ့ ရေခဲကပ်ဖို့ပဲလေ။

ရေခဲကို အဝတ်နဲ့ထုပ်ပြီး ၁၅ မိနစ်လောက်ကပ်လိုက်တယ်။ အရေပြားထုံသွားတဲ့အထိ ကပ်လိုက်တယ်။ ဒီနေ့တော့ ကျွန်တော်ခွင့်ယူလိုက်တယ်။ ခြေထောက်ကို အနားပေးဖို့လိုအပ်တယ်။

ခြေထောက်ကို တတ်နိုင်သလောက် သွေးမကျအောင် အပေါ်ကိုတင်ထားတယ်။ ရေခဲကပ်တာကို ၂နာရီ၃ နာရီလောက်ခြားပြီးလုပ်ဖြစ်တယ်။ ခြေထောက်ကို ပတ်တီးကျပ်အောင်စည်းလိုက်တယ်။ လမ်းတတ်နိုင်သလောက် မလျှောက်ပါဘူး။ ရေခဲကို နောက်တရက်ဆက်ကပ်ဖို့လိုတယ်။

ခြေထောက်မှာ အညိုအမည်းတွေစွဲသွားတာမျိုးသိပ်မရှိဘူးဆိုတော့ အရွတ် တွေ တင်းသွားတာမျိုးပဲရှိပြီး မပြတ်ဘူးလို့ယူဆရတယ်။ ဒါဆိုရင်တော့ ရက်အနည်းငယ်နဲ့ ပျောက်မှာပါ။ ၃ရက်မြောက်နေတော့ လမ်းပြန်လျှောက်နိုင်ခဲ့တယ်။ ဘာကုသမှုမှ မလုပ်ခဲ့ရဘူး။

ဆေးပူပူကိုဖြစ်ဖြစ်ချင်းလိမ်းမိတဲ့ သူငယ်ချင်းတယောက်ကတော့ တလကျော်တာတောင် မပျောက်နိုင်ဘူး။ ကြယ်ဖြူဆေးခန်းမှာ ဆရာဝန်ပြပြီး ultrasound treatment ယူမှ ကောင်းသွားတာ။ လေ့ကျင့်ခန်း တွေလဲ လုပ်ရတာပေါ့။

တချို့ အရွတ်ပြဲသွားတဲ့လူနာတွေကတော့ အချိန်ပိုယူရတယ်။တချို့အရွတ် ပြတ်သွားရင်တော့ ခွဲစိတ်ရတာပေါ့။ တချို့လဲ သေချာမကုဘဲ အချိန်ကြာလာတဲ့အခါ ဒူးလိမ် ခါးလိမ် နဲ့ လမ်းလျှောက်တာ ပုံမမှန်တဲ့အထိ ဖြစ်လာကြတယ်။

ဒီတော့ တခုခု ခြေကျင်းဝတ်မှာ ထိခိုက်တယ်ဆိုရင် RICE တဲ့...
Rest...Ice...compression... elevation..
အနားယူ... ရေခဲကပ်...ကျပ်စည်း...အပေါ်မြှင့် တဲ့ နည်းလေးကိုမှတ်ထားလိုက်ပါဗျ။

ကြယ်ဖြူဆေးခန်းနှင့်တိုင်ပင်ပါ။

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

959796555576

Website

Alerts

Be the first to know and let us send you an email when White Star Physiotherapy Clinic 2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category