အမျိုးသား သီးသန့် ကျန်းမာရေးဆေးခန်း

  • Home
  • Myanmar
  • Yangon
  • အမျိုးသား သီးသန့် ကျန်းမာရေးဆေးခန်း

အမျိုးသား သီးသန့် ကျန်းမာရေးဆေးခန်း အမျိုးသား၊ အမျိုးသမီး ဖိုမ ကျန်းမာေ?

အမျိုးသားများ ကြီးဆေးထိုးထားခြင်း၊ ပုံပျက်နေခြင်း၊ လိင်တံအရေပြားဖြတ်ခြင်းနှင့် အမျိုးသမီးများ ပြန်လည်ပြုပြင်တင်းရင်းခြင်းဆိုင်ရာ ကုသမှုများ။
(Knowledge sharing and reconstructive surgery)

၂၇၊ ၅၊ ၂၀၂၅ မှ ၃၁၊ ၅၊ ၂၀၂၅ ရက်နေ့ထိ (၅) ရက်တိတိ ဆေးခန်း ခေတ္တ ပိတ်ပါမယ်ခင်ဗျာ….👨‍⚕️I look forward to seeing everyone in ...
22/05/2025

၂၇၊ ၅၊ ၂၀၂၅ မှ ၃၁၊ ၅၊ ၂၀၂၅ ရက်နေ့ထိ
(၅) ရက်တိတိ ဆေးခန်း ခေတ္တ ပိတ်ပါမယ်ခင်ဗျာ….

👨‍⚕️
I look forward to seeing everyone in June. Best of luck to all!

ယနေ့ခေတ် အမျိုးသားများအတွက် Popular အဖြစ်ဆုံး Aesthetic Treatments များ===============================၁။ Pe**le Fillers ...
13/05/2025

ယနေ့ခေတ် အမျိုးသားများအတွက် Popular အဖြစ်ဆုံး Aesthetic Treatments များ

===============================

၁။ Pe**le Fillers (Girth Enhancement)
-----------------------------------------
အမျိုးသား အင်္ဂါ ကြီးထွားမှုအတွက် filler ကုထုံးဖြစ်သည်။ HA ဟု အလွယ်ခေါ်သော (Hyaluronic Acid) or PMMA (Polymethylmethacrylate) စသည့် filling agents များကို အသုံးပြုကြသည်။

မခွဲမစိတ်ပဲ လိုချင်သော အနေအထားနှင့် မိမိကိုယ်ကိုယ်ယုံကြည်မှုတိုးစေသောကြောင့် လူကြိုက်များသော အမျိုးသားကုထုံးတစ်ခုဖြစ်သည်။ အများအားဖြင့် ၆ လမှ တစ်နှစ် ဝန်းကျင်အထိ တာရှည်ခံတတ်ကြသည်။

၂။ P-Shot (Priapus Shot)
----------------------------
ယနေ့ခေတ် တွင် P-Shot ဟု တွင်ကျယ်စွာ အမျိုးသားအများစု စိတ်ဝင်တစားရှိကြသော ကုထုံးတစ်ခုဖြစ်သည်။ မိမိ ကိုယ်ခန္တာမှ သွေးကိုအသုံးပြုပြီး သွေးရည်ကြည်ဟုခေါ်သော platelet အလွှာကိုယူကာ ထိုးသွင်းကုသသော ကုထုံးတစ်မျိုးဖြစ်သည်။ သွေးလည်ပတ်မှုအားကောင်းစေခြင်း၊ အာရုံခံစားမှုတိုးတတ်လာခြင်း၊ ထောင်မက်မှု နှင့် အရွယ်အစားကိုပင် တိုးတတ်ကောင်းမွန်စေခြင်း စသည့်ရည်ရွယ်ချက်ဖြင့် ကုသကြသည်။ ရိုးရှင်းပြီး ထိရောက်မှုရှိသော P-Shot ကုထုံးကို ED (Erectile Dysfunction) ကိုလည်း သက်သာစေပြီး ယနေ့ခေတ်အမျိုးသားအများစုကြားတွင် popular ဖြစ်သော ကုထုံးတစ်ခုဖြစ်သည်။

၃။ Scrotox (Scrotal Botox)
------------------------------
ကပ်ပယ်အိတ်တွဲလောင်းကျလွန်းခြင်း (scrotal hanging) ဖြစ်လွန်းသောအမျိုးသားများအတွက် Botox Injection treatment တစ်ခုဖြစ်သည်။

၄။ Pe**le Lengthening Procedures
--------------------------------------
အမေးအများဆုံးနှင့် အမျိုးသားအများစုစိတ်ဝင်စားဆုံးသော မေးခွန်းမှာ လိင်တံအရှည် တိုးတတ်လိုမှုဖြစ်သည်။ ခွဲစိတ်ကုသနည်းအနေဖြင့် Suspensory Ligament ခေါ် ဆီးခုံရှိ လိင်တံထောင်မက်မှု၏ အဓိက အရွတ်ကြော ကို ဖြတ်တောတ်ဖြေလျော့ ရသော ခွဲစိတ်မှုဖြစ်သည်။ သို့သော် ရေရှည်အားဖြင့် စိတ်တိုင်းကျရန်မသေချာပေ၊ ထောင်မက်မှု အားနည်းလာခြင်း၊ အမာရွတ်ထင်ခြင်း နှင့် အခြားခွဲစိတ်မှုဆိုင်ရာ ပြသနာများရှိခြင်းကြောင့် ပြုလုပ်ရန်အားမပေးပေ။ အခြားသော supportive tools များဖြစ်သည့် Stretching devices သို့မဟုတ် Traction devices များလည်းအသုံးပြုလေ့ရှိပြီး အရေးအကြီးဆုံးအပိုင်းမှာ မိမိကိုယ်ကို ယုံကြည်မှုရှိအောင် နေထိုင်စားသောက်ခြင်းနှင့် ကျန်းမာရေးကောင်းအောင် နေထိုင်စားသောက်မှုပုံစံသည်သာ အကောင်းဆုံးဖြစ်သည်။

၅။ P***c Area Liposuction (Buried P***s fix)
------------------------------------------------
၀လွန်းသော၊ ဗိုက်ရွှဲသော၊ ဆီးခုံအဆီတတ်ပြီး လိင်တံကျုံ့ဝင်နေသော အမျိုးသားများပြုလုပ်သင့်သော ကုသမှုတစ်ခုဖြစ်သည်။ အဆီစုနေသော ကိုယ်အနေအထားကြောင့် မူလရှိနေသော အရွယ်အစားနှင့် length ပြောင်းလည်းလာခြင်း နှင့် နောက်ဆက်တွဲ အမျိုးသားများ မိမိကိုယ်ကိုယုံကြည်မှုအားနည်းလာတတ်ကြသည်။ ထုံဆေးသို့မဟုတ် ခါးရိုးထုံဆေး ကိုအသုံးပြုပြီး အဆီပျော်ဆေးတစ်မျိုးကို ထည့်သွင်းကာ အအေးပိုက်ငယ်လောက် အပေါက်မှတဆင့် ဆီးခုံရှိမို့ဖေါင်းဖေါင်းနေရာကို အဆီစုပ်ထုတ်ပြစ်ခြင်းဖြစ်သည်။ အချိန်တိုအတွင်း ထိရောက်သော ကုသမှုတစ်ခုဖြစ်ပြီး နောက်ပိုင်းတွင် တစ်လခွဲခန့် pressure bandage စည်းထားရန်လိုအပ်သည်။ ကျန်းမာသော နေထိုင်စားသောက်မှုပုံစံဖြစ်အောင် ပြောင်းလည်းနေထိုင်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းနှင့် အစာအဟာရ မျှတကောင်းမွန်စွာစားသောက်နေထိုင်ခြင်းသည်သာလျင် ရေရှည်ကျန်းမာကြံ့ခိုင်သော လူနေမှုဘ၀ကို ရရှိမည်ဖြစ်သည်။

၆။ Testerone Replacement Therapy (TRT)
------------------------------------------------
ခန္တာကိုယ်တွင်း ကျားဟောမုန်း (Testerone) level 300ng/dl ထက်လျော့နည်းလာသည့်အခါ လိင်စိတ်လျော့နည်းလာခြင်း၊ ထောင်မက်မှုအားနည်းလာခြင်းနှင့် s***m production ပါ လျော့ နည်းလာခြင်းစသည့်လက္ခဏာများ ဖြစ်ပေါ်လာစေသည်။ ကျန်းမာရေးချို့တဲ့ခြင်းကြောင့်လည်းကောင်း၊ အသက်အရွယ်ကြီးရင့်လာခြင်းကြောင့်လည်းကောင်း ကျားဟော်မုန်းနည်းလာခြင်းကြောင့် စိတ်ပိုင်း ရာ ယုံကြည်မှုအားနည်းလာခြင်း အပါအဝင် ဆံပင်ကျွတ်ခြင်း၊ ကျွတ်သားအားနည်းလာခြင်း၊ မောပမ်းလွယ်ခြင်း စသည့် ခန္တာကိုယ်ကျန်းမာရေးပါ ထိခိုက်လာတတ်ကြသည်။ သွေးအတွင်း Testerone level ကိုသေချာစွာစစ်ဆေးပြီး ကျွမ်းကျင်သော ဆရာဝန်နှင့် သေချာစွာကုသသင့်သည်။

၇။ Fat Transfer or Implants
------------------------------
Liposuction ဟုခေါ်သော ပိုနေသောအဆီကို စုပ်ထုတ်ခြင်းနှင့် Fat Transfer ဟုခေါ်သော လိုအပ်သောနေရာကို အဆီရွှေ့ပြောင်းကုသခြင်းသည် ယနေ့ခေတ်လူသိများပြီး Popular ဖြစ်သော အလှအပဆိုင်ရာကုသမှုတစ်ခုဖြစ်သည်။ ဗိုက်၊ ပေါင် စသည့်အဆီစုသည့်နေရာများမှ အဆီပိုများကို စုပ်ထုတ်သန့်စင်ပြီး လိုအပ်သည့်နေရာကို ပြန်လည်ထိုးသွင်းရသောကုသမှုဖြစ်သည်။ လိင်တံကြီးထွားမှု (Girth Enhancement) အတွက် အဆီဖြည့်သွင်းခြင်း (Fat Transfer) အပြင်၊ Pe**le Implants ခွဲစိတ်ထည့်သွင်းခြင်း၊ Pe**le Filler ထိုးခြင်း စသည့် ကုသမှုများကို ကျွမ်းကျင်သောဆရာဝန်များနှင့်သာ စနစ်တကျကုသမှုခံယူသင့်သည်။

Dr.Min
SMILE Clinic.

page မှာ အတော်နောက်ကျမှ စာပြန်ဖြစ်တာ တောင်းပန်အပ်ပါသည်။ဆေးခန်းပြန်ဖွင့်ပါပြီခင်ဗျာ ..
03/04/2025

page မှာ အတော်နောက်ကျမှ စာပြန်ဖြစ်တာ တောင်းပန်အပ်ပါသည်။
ဆေးခန်းပြန်ဖွင့်ပါပြီခင်ဗျာ ..

Chat Box မှာ မေးထားတဲ့ ညီအကိုတွေ reply နောက်ကျနေတာ နားလည်ပေးဘို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ...စီလီကွန်ထိုးထားတဲ့သူတွေ၊ ကြီးဆ...
08/10/2024

Chat Box မှာ မေးထားတဲ့ ညီအကိုတွေ reply နောက်ကျနေတာ နားလည်ပေးဘို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ...
စီလီကွန်ထိုးထားတဲ့သူတွေ၊ ကြီးဆေးထိုးထားတဲ့သူတွေနဲ့ အရေပြားဖြတ်ချင်လို့ ဆက်သွယ်ချင်ရင် တိုက်ရိုက်ဖုန်းဆက်လို့လည်းရသလို၊ Viber မှ တဆင့်လည်း ဆက်သွယ်လို့ရပါတယ်..

Dr.Min, Smile Clinic, Bo Bahtoo Housing, North Dagon Township, Yangon.

📱 09261765524

30/10/2023

ကြီးဆေးထိုးထားလို့ ပြန်လည်ခွဲစိတ်ပြုပြင်လိုသူများ..

အရေပြားဖြတ် ကုသလိုသူများ
Chat Box တွင် ပြန်လည်ဆက်သွယ်ပေးပါခင်ဗျာ…

Address

Bo BaHtoo Road
Yangon
11422

Telephone

+959261765524

Website

Alerts

Be the first to know and let us send you an email when အမျိုးသား သီးသန့် ကျန်းမာရေးဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram