Bahosi Hospital

Bahosi Hospital Welcome to Bahosi Hospital

Receptionist (အချိန်ပြည့်)🎓သတ်မှတ်ချက်များ- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရပါမည်။-Customer Service နှင့် ပတ်သက်သော...
05/06/2023

Receptionist (အချိန်ပြည့်)
🎓သတ်မှတ်ချက်များ
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရပါမည်။
-Customer Service နှင့် ပတ်သက်သော သင်တန်းဆင်းလက်မှတ်၊ လုပ်ငန်းအတွေ့အကြုံရှိသူအားဦးစားပေးစဥ်းစားပါမည်။
-ကွန်ပျူတာကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရပါမည်။ သက်ဆိုင်ရာ ကွန်ပျူတာ သင်တန်းဆင်းလက်မှတ်လိုအပ်ပါသည်။
-လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ Day shift/ Night shift/ 24-hour duty ထမ်းဆောင်နိုင်သူဖြစ်ရပါမည်။
-ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်ပြီး အသင်းအဖွဲ့နှင့် တာဝန်ထမ်းဆောင်တတ်သူ ဖြစ်ရပါမည်။
📃လစာနှုန်းထား
ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံ နှင့် လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်၍ လုပ်ခလစာညှိနှိုင်းနိုင်ပါသည်။
📃လျှောက်ထားရန်
https://www.bahosihospital.com/career/receptionist/

Nurse (for Haemodialysis Department) (အချိန်ပြည့်)
🎓သတ်မှတ်ချက်များ
- Bachelor's degree in nursing (Bachelor of Nursing Science) or Diploma in Nursing ဘွဲ့ရရှိထားသူဖြစ်ရပါမည်။
- သက်ဆိုင်ရာကျွမ်းကျင်မှု လိုင်စင်ကိုင်ဆောင်ထားသူဖြစ်ရပါမည်။
- ကျောက်ကပ်တုသွေးသန့်စင် ဌာနတွင် လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရပါမည်။
- လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ Day shift/ Night shift/ 24-hour duty ထမ်းဆောင်နိုင်သူဖြစ်ရပါမည်။
- ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်ပြီး အသင်းအဖွဲ့နှင့် တာဝန်ထမ်းဆောင်တတ်သူ ဖြစ်ရပါမည်။
📃လစာနှုန်းထား
- ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံ နှင့် လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်၍ လုပ်ခလစာညှိနှိုင်းနိုင်ပါသည်။
📃လျှောက်ထားရန်
http://www.bahosihospital.com/.../nurse-for

Junior IT Support Technician (အချိန်ပြည့်)
🎓သတ်မှတ်ချက်များ
- Computer, Networking နှင့် ပတ်သက်သော သင်တန်းဆင်းလက်မှတ်ရှိရပါမည်။
- ရုံးတွင်း Hardware, Network ပြဿနာများကို ‌ဖြေရှင်းပေးနိုင်ရပါမည်။
- ရုံးတွင်း IT နှင့် ပတ်သက်‌သော စက်ပစ္စည်းများထိန်းသိမ်းခြင်း၊ Software Application များအား Manage လုပ်ခြင်းတို့အား ထမ်းဆောင်နိုင်ရပါမည်။
- ရုံးတွင်း Computer, Networking နှင့် ပတ်သက်သော အခက်အခဲများအား ကူညီဖြေရှင်းပေးရပါမည်။
- လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂ နှစ် ရှိရပါမည်။
- လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်၍ ရုံးချိန်ပြင်ပတွင် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရပါမည်။
ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်ပြီး အသင်းအဖွဲ့နှင့် တာဝန်ထမ်းဆောင်တတ်သူ ဖြစ်ရပါမည်။
📃လစာနှုန်းထား
- ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံ နှင့် လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်၍ လုပ်ခလစာညှိနှိုင်းနိုင်ပါသည်။
📃လျှောက်ထားရန်
http://www.bahosihospital.com/.../junior-it-support

Medical Officer (အချိန်ပြည့်)
🎓သတ်မှတ်ချက်များ
- M.B.B.S ဘွဲ့ရရှိထားသူဖြစ်ရပါမည်။
- လိုင်စင် update ဖြစ်ရန်လိုအပ်ပါသည်။
- လုပ်ငန်းအတွေ့အကြုံရှိသူအား ဦးစားပေးပါမည်။
- လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ Day Shift/ Night Shift/ 24-hour duty ထမ်းဆောင်နိုင်သူဖြစ်ရပါမည်။
- ဆက်ဆံရေး‌ကောင်းမွန်ရန်လိုအပ်ပြီး အသင်းအဖွဲ့ နှင့် တာဝန်ထမ်းဆောင်တတ်သူဖြစ်ရပါမည်။
📃လစာနှုန်းထား
- ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံ နှင့် လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်၍ လုပ်ခလစာညှိနှိုင်းနိုင်ပါသည်။
📃လျှောက်ထားရန်
https://www.bahosihospital.com/career/medical-officer

Nurse (အချိန်ပြည့်)
🎓သတ်မှတ်ချက်များ
Bachelor's degree in nursing (Bachelor of Nursing Science) or Diploma in Nursing ဘွဲ့ရရှိထားသူဖြစ်ရပါမည်။
သက်ဆိုင်ရာကျွမ်းကျင်မှု လိုင်စင်ကိုင်ဆောင်ထားသူဖြစ်ရပါမည်။
လုပ်ငန်းအတွေ့အကြုံရှိသူအား ဦးစားပေးပါမည်။
လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ Day shift/ Night shift/ 24-hour duty ထမ်းဆောင်နိုင်သူဖြစ်ရပါမည်။
ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်ပြီး အသင်းအဖွဲ့နှင့် တာဝန်ထမ်းဆောင်တတ်သူ ဖြစ်ရပါမည်။
📃လစာနှုန်းထား
ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံ နှင့် လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်၍ လုပ်ခလစာညှိနှိုင်းနိုင်ပါသည်။
📃လျှောက်ထားရန်
https://www.bahosihospital.com/career/nurse

Pharmacist (အချိန်ပြည့်)
🎓သက်မှတ်ချက်များ
- Bachelor’s degree in pharmacy (B. Pharm) ဘွဲ့ရရှိထားသူဖြစ်ရပါမည်။
- လုပ်ငန်းအတွေ့အကြုံရှိသူအား ဦးစားပေးပါမည်။
- ဆေးများအကြောင်း ကောင်းစွာနားလည်ပြီး လူနာနှင့် လူနာရှင်များအား တိကျသေချာစွာ ရှင်းပြနိုင်သူဖြစ်ရမည်။
- လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ day shift/ night shift/ 24-hour duty ထမ်းဆောင်နိုင်သူဖြစ်ရမည်။
- ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်ပြီး အသင်းအဖွဲ့နှင့် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
📃လစာနှုန်းထား
ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံနှင့် လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်၍ လုပ်ခလစာ ညှိနှိုင်းနိုင်သည်။
📃လျှောက်ထားရန်
www.bahosihospital.com/career/pharmacist

Medical Technologist (အချိန်ပြည့်)
🎓သတ်မှတ်ချက်များ
- Bachelor’s degree in medical technology (B. Med. Tech) ဘွဲ့ရရှိထားသူဖြစ်ရပါမည်။
- လုပ်ငန်းအတွေ့အကြုံရှိသူအား ဦးစားပေးပါမည်။
- ဓာတ်ခွဲခန်းအတွင်း လုပ်ငန်းစဉ်များကို ကောင်းစွာနားလည်ပြီး SOP အတိုင်းတိကျစွာ ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

www.bahosihospital.com/career/medical-technologist

အလုပ်လျှောက်ထားလိုသူများသည် မိမိတို့
- ကိုယ်ရေးရာဇဝင် နှင့် ဓာတ်ပုံ
- သက်ဆိုင်ရာသင်တန်းဆင်းလက်မှတ်၊ ဘွဲ့လက်မှတ်
- မှတ်ပုံတင်
- သန်းခေါင်စာရင်း တို့အား Scan ဖတ်၍ bahosihr@gmail.com သို့ Email ပေးပို့လျှောက်ထားနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက
Bahosi Hospital HR Department
Phone: 951-2300631, Extension: 4614, 4615 သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🌏World Environment Day (ကမ္ဘာ့ပတ်ဝန်းကျင်နေ့)(June-5)ဇွန်လ(၅)ရက်နေ့ကို  ကမ္ဘာ့ပတ်ဝန်းကျင်နေ့ဟု ကုလသမဂ္ဂက သတ်မှတ်ခဲ့ပြီး ...
05/06/2023

🌏World Environment Day (ကမ္ဘာ့ပတ်ဝန်းကျင်နေ့)(June-5)
ဇွန်လ(၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်နေ့ဟု ကုလသမဂ္ဂက သတ်မှတ်ခဲ့ပြီး ကမ္ဘာကြီးပူနွေးလာမှု၊ လူဦးရေများလာမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းလာမှု စသည့်ကိစ္စရပ်များကို သတိပြုမိစေရန်ရည်ရွယ်၍ ကျင်းပ ပြုလုပ်ခြင်းဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်သောအားဖြင့် ပလပ်စတစ်နှင့် အခြားသောအမှိုက်များကိုစနစ်တကျစွန့်ပစ်ပြီး သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ကြီးသာယာအောင် အတူတကွဝိုင်းဝန်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရင်း ဗဟိုရ်စည်ဆေးရုံကြီးဝန်ထမ်းများမိသားစုက ကမ္ဘာ့ပတ်ဝန်းကျင်နေ့ကို ကြိုဆိုလိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4001, 4002, 4010
🏥အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။

📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com
🛰Website: www.bahosihospital.com

🦟သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ပါသွေးလွန်တုပ်ကွေးရောဂါသည်🦟 Aedes Aegypti ခြင်နှင့် Aedes Albopictus ခြင်ကိုက်ခြင်းမ...
04/06/2023

🦟သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ပါ

သွေးလွန်တုပ်ကွေးရောဂါသည်🦟 Aedes Aegypti ခြင်နှင့် Aedes Albopictus ခြင်ကိုက်ခြင်းမှတစ်ဆင့် ကူးစက်တတ်သော (Dengue Virus) ကြောင့်ဖြစ်ပွားသည့် အပူပိုင်းဒေသရောဂါတစ်မျိုးဖြစ်ပါသည်။ ပုံမှန်ရောဂါ လက္ခဏာများမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားတွင် အနီစက်များထွက်ခြင်း ကြွက်သားနှင့်အဆစ်များတွင် နာကျင်ခြင်းတို့ဖြစ်တတ်ပါသည်။ သွေးလွန်တုပ်ကွေးနှင့် တုပ်ကွေးမိဖျားနာခြင်းလက္ခဏာများသည် အစောပိုင်းတွင်ဆင်တူမှုရှိပြီး အဖျားရက်ရှည်လာပါက သွေးလွန်တုပ်ကွေးလက္ခဏာ သိသိသာသာပြလာနိုင်ပါသည်။ ပုံမှန်ရာသီ အကူးအပြောင်းတွင်ဖြစ်တတ်သည့် တုပ်ကွေးရောဂါနှင့် ကွာခြားမှုမရှိသောကြောင့် ဖျားလျှင်ဂရုစိုက်သင့်ပြီး အဖျားရက်ရှည်လျှင် လုံးဝမပေါ့ဆသင့်ကြောင်း ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။

🦟သွေးလွန်တုပ်ကွေးလက္ခဏာများမှာ
✅သွေးလွန်တုပ်ကွေးရောဂါ (Dengue Hemorrhagic Fever) လက္ခဏာများမှာ- ကိုယ်ပူကြီးခြင်း၊ ဖျားခြင်း၊ ခေါင်း ကိုက်ခြင်း၊ မျက်စိမျက်ရိုးကိုက်ခြင်း၊ အဆစ်အမြစ် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ နုံးချိအားနည်းခြင်းတို့ ဖြစ်ပါသည်။

✅သွေးလန့်ခြင်း (Dengue Shock Syndrome) လက္ခဏာများမှာ- ခန္ဓာကိုယ်တွင်း သွေးယိုစီးသည့်အတွက်ကြောင့် ကော်ဖီရောင် အညိုရောင်အမျှင်အဖတ်များပါသော အရည်များအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ဝမ်းသွားလျှင် သွေးပါခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးကြားသွေးထွက်ခြင်း၊ ခန္ဓကိုယ်တွင် သွေးခြေဥကဲ့သို့ အနီကွက်များထွက်ခြင်း၊ ရုတ်တရက်ဗိုက်အောင့်လာခြင်း၊ အရမ်းမှိန်းလာခြင်း၊ ၃ရက်မှ ၅ရက်အတွင်းအဖျားကြီးရာမှ ရုတ်တရက် အဖျားကျကာခြေဖျား လက်ဖျားများအလွန်အမင်းအေးစက်ခြင်း၊ သွေးပေါင်အလွန်ကျခြင်း၊ အစားအရေမဝင်နိုင် အောင်အဆက်မပြတ်အန်ခြင်း၊ ကိုယ်အပူချိန် ကျဆင်းသွားပြီးမှိန်း၍အိပ်နေလျှင် အန္တရာယ်ရှိသော အခြေအနေဖြစ် နိုင်ပါသည်။ ထို့ကြောင့်အထက်ပါလက္ခဏာတစ်ခုခုတွေ့ရှိပါက နီးစပ်ရာဆေးရုံ ဆေးခန်းသို့ ချက်ချင်းခေါ်ဆောင် ပြသသင့်ပါသည်။

🛡🛡သွေးလွန်တုပ်ကွေးမဖြစ်အောင်ကာကွယ်ပါ
ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်သောနည်းလမ်းဖြစ်သောကြောင့် သွေးလွန်တုပ်ကွေးမဖြစ်အောင် ခြင်မကိုက်အောင်နေခြင်းသည် အကောင်းဆုံးကာကွယ်နည်းဖြစ်ပါသည်။ ယခုလိုစိုစွတ်သော မိုးရာသီတွင် ခြင်ကျားပိုးလောက်လန်းသည် ရေကြည်ရေသန့် ရေတင်ကျန်နိုင်သည့် ဘူး၊ ခွက်၊ တာယာဟောင်းများထဲတွင် အလွယ်တကူ ပေါက်ဖွားနိုင်ခြင်းကြောင့် မိမိအိမ်နှင့်ပတ်ဝန်းကျင်တွင် ခြင်ပေါက်ဖွားနိုင်သော နေရာများမရှိစေရန် ရေတင်ကျန်နိုင်သည့် စွန့်ပစ်ပစ္စည်းအားလုံးကို စနစ်တကျစွန့်ပစ်ပြီး ခြင်ခိုအောင်းနိုင်သောနေရာများကို ရှင်းလင်းသင့်ပါသည်။ မိမိတို့ အိမ်ရှိရေစည်ရေအိုးများပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် ပုံမှန်လုပ်ဆောင်သင့်ပြီး မိမိပတ်ဝန်းကျင်ကို ဂရုတစိုက် သန့်ရှင်းအောင် ဆောင်ရွက်သင့်ပါသည်။ ထို့အပြင်ခြင်ကျားသည် နေ့ဘက်တွင်ပိုကိုက်တတ်သောကြောင့် ဂရုစိုက် သင့်ပြီး ဘယ်အချိန်ဘဲအိပ်အိပ် ခြင်ထောင်ဖြင့်အိပ်သင့်ပါသည်။

⛳ဘယ်လိုလူတွေအဖြစ်များသလဲ
သွေးလွန်တုပ်ကွေးရောဂါသည် ကလေးများတွင်အဖြစ်များပြီး ရောဂါပြင်းထန်ပါက အသက်ဆုံးရှုံးမှုများကိုပါ ဖြစ်စေနိုင်ပါသည်။ ကလေးများဖျားပြီဆိုလျှင် သွေးလွန်တုပ်ကွေးရောဂါကို သတိလက်လွတ် မဖြစ်ဖို့အကြံပြုအပ်ပါသည်ခင်ဗျာ။ ကလေးများတွင် ငွေ့ငွေ့လေးဖျားခြင်းမျိုးမဟုတ်ဘဲ အဖျားကြီးပြီးသုံးရက်ဆက်တိုက်ဖျားခြင်းနှင့် သွေးလန့်သောလက္ခဏာများရှိပါက နီးစပ်ရာဆေးရုံဆေးခန်းသို့ပြသင့်ပြီး သွေးလွန်တုပ်ကွေး ဟုတ်မဟုတ် စစ်ဆေးပြီး ကုသ သင့်ပါသည်။ သွေးလွန်တုပ်ကွေးရောဂါသည် အသက်(၁၅)နှစ်အောက်တွင် အများဆုံးဖြစ်ပွားတတ်သော်လည်း ယခုအခါတွင် အသက်အရွယ် ကျား/မ မရွေး တောရောမြို့ပါ နေရာမရွေး ဖြစ်ပွားလေ့ရှိသော ရောဂါတစ်ခုဖြစ်ပါသည်။ တစ်နှစ်ပတ်လုံးကူးစက်နိုင်ပြီး ယခုလိုမိုးရာသီတွင် အဖြစ်များဆုံးဖြစ်ပါသည်။ သွေးလွန်တုပ်ကွေး ပထမအကြိမ် ဖြစ်ဖူးသူများတွင် နောက်တစ်ကြိမ်ဖြစ်လျှင် ပိုမိုဆိုးရွားတတ်သောကြောင့် အထူးသတိထားရန်လိုအပ်ပြီး ဖြစ်ပြီး ပါကလည်း ပြန်ဖြစ်နိုင်သည့်အတွက် မပေါဆသင့်သည့် ရောဂါဖြစ်ပါသည်။

👉👉ထို့ကြောင့်သွေးလွန်တုပ်ကွေးရောဂါသည် အသက်အန္တရာယ်ရှိသည့်ရောဂါဖြစ်သောကြောင့် လူကြီးလူငယ် မရွေး သွေးလွန်တုပ်ကွေး သံသယရှိပါက ဆေးရုံဆေးခန်းများသို့ ချက်ချင်းသွားရောက်ပြသသင့်ပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4001, 4002, 4010
🏥အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။

📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com
🛰Website: www.bahosihospital.com

🤒💉💉ရာသီတုပ်ကွေးကာကွယ်ဆေး(Vaxigrip Tetra 2023)မြန်မာ FDA မှတ်ပုံတင်ရှိပြီး Cold Chain ဖြင့်စနစ်တကျ သိမ်းဆည်းထားသော (၂၀၂၃)...
03/06/2023

🤒💉💉ရာသီတုပ်ကွေးကာကွယ်ဆေး(Vaxigrip Tetra 2023)

မြန်မာ FDA မှတ်ပုံတင်ရှိပြီး Cold Chain ဖြင့်စနစ်တကျ သိမ်းဆည်းထားသော (၂၀၂၃)ခုနှစ်မိုးရာသီအတွက် ပြင်သစ်နိုင်ငံထုတ် 💉လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေး Vaxigrip Tetra 2023 (Influenza Vaccine) ကို ဗဟိုရ်စည်ဆေးရုံကြီးတွင်ယုံကြည်စိတ်ချစွာ ထိုးနှံနိုင်ပြီးဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။📣📣📣

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎OPD Phone – 01-2300631 / Ext: 4007
☎Phone- 01-2300631(Hot Line), 01-2300502 to 01-2300514 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါ တယ်။
🏥အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း ထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

👩‍⚕️Prof.Daw Moe Thuzar(မျက်နှာ၊မေးရိုး၊ခံတွင်းနှင့်ပြုပြင်မှု့ဆိုင်ရာခွဲစိတ်ကုဆရာဝန်ကြီး) M.B.,B.S,M.Med.Sc(Surgery) Dr...
02/06/2023

👩‍⚕️Prof.Daw Moe Thuzar
(မျက်နှာ၊မေးရိုး၊ခံတွင်းနှင့်ပြုပြင်မှု့ဆိုင်ရာခွဲစိတ်ကုဆရာဝန်ကြီး)

M.B.,B.S,M.Med.Sc(Surgery)
Dr.Med.Sc(Maxillo-Facial & Oral Surgery)

Wed,Sat-10:00Am⏱⏱

⛳️သိုင်းရွိုက်ဟော်မုန်းနည်းခြင်း(Hypothyroidism)ကိုဂရုစိုက်ပါသိုင်းရွိုက်၏အလုပ်သည် ခန္ဓာကိုယ်၏အရေးပါသောလုပ်ဆောင်မှုများစ...
01/06/2023

⛳️သိုင်းရွိုက်ဟော်မုန်းနည်းခြင်း(Hypothyroidism)ကိုဂရုစိုက်ပါ

သိုင်းရွိုက်၏အလုပ်သည် ခန္ဓာကိုယ်၏အရေးပါသောလုပ်ဆောင်မှုများစွာကို ထိန်းချုပ်ပေးသည့် ဟော်မုန်းများကို ထုတ်လွှတ်ပေးခြင်းဖြစ်ပါသည်။ သိုင်းရွိုက်ဟော်မုန်းကို ထုတ်လွှတ်ပေးသောသိုင်းရွိုက်ဂလင်းသည် လည်ပင်း၏အသံအိုးအောက် လေပြွန်ရှေ့နားတွင်ရှိသော လိပ်ပြာပုံစံသေးငယ်သော သိုင်းရွိုက်ဟော်မုန်းထုတ်လွှတ်ပေးသည် ဂလင်းတစ်ခုဖြစ်ပါသည်။ သိုင်းရွိုက်ဆိုသည်မှာ ကိုယ်တွင်းဟော်မုန်းအားလုံး၏ အချုပ်ဟုတင်စားလို့ရပါသည်။ သိုင်းရွိုက်ကောင်းမွန်စွာအလုပ်မလုပ်ခြင်းသည် ခန္ဓာကိုယ်တွင် (Hyperthyroidism) သိုင်းရွိုက်ဟော်မုန်းများလွန်းခြင်းနှင့် (Hypothyroidism) သိုင်းရွိုက်ဟော်မုန်း နည်းခြင်းများကို ဖြစ်စေနိုင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။ သိုင်းရွိုက်ချို့ယွင်းခြင်း၏ လက္ခဏာများသည် ကမ္ဘာတစ်ဝန်းတွင် အသက်အရွယ် အသီးသီးပေါ် ရောဂါလက္ခဏာအမျိုးမျိုးနှင့် ပြင်းထန်မှုပေါ်မူတည်၍ အကျိုးသက်ရောက်မှုရှိစေနိုင်ပါသည်။

သိုင်းရွိုက်ဟော်မုန်း (များခြင်း/နည်းခြင်း) မဖြစ်ခြင်းသည်အကောင်းဆုံးဖြစ်ပါသည်။ ထို့ကြောင့် သိုင်းရွိုက်ဟော်မုန်း (နည်းခြင်း/များခြင်း)ထဲမှ သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးလက္ခဏာများနှင့် ဆောင်ရန်ရှောင်ရန်များကို ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။

⛳️သိုင်းရွိုက်ဟော်မုန်းနည်းခြင်း(Hypothyroidism)၏လက္ခဏာများ

ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အအေးမိသလိုခံစားရခြင်း၊ အားနည်းခြင်း၊ ကိုက်ခဲခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အသားအရေခြောက်သွေ့ခြင်း၊ ချွေးထွက်နည်းခြင်း၊ နှလုံးခုန်နှုန်းနှေးကွေးခြင်း၊ သွေးတွင်းကိုလက်စထရောမြင့်မားခြင်း၊ ကြွက်သားအားနည်းခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်းနှင့် ဝမ်းချုပ်ခြင်းတို့ ဖြစ်ပါသည်။ အထက်ပါလက္ခဏာများခံစားရပါက သိုင်းရွိုက်အားနည်းခြင်းရှိမရှိကို ဆရာဝန်နှင့်တိုင်ပင်ပြီး ကုသသင့် ပါသည်။ ဤရောဂါလက္ခဏာအများအပြားရှိနေပါက (သို့မဟုတ်)ပိုဆိုးလာပါက Hypothyroidism အတွက် စမ်းသပ် ရန်လိုအပ်ခြင်းရှိမရှိ ဆုံးဖြတ်ရန် ဆရာဝန်နှင့်တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါသည်။ အမျိုးသမီးများသည် အမျိုးသားများထက် သိုင်းရွိုက်ရောဂါဖြစ်နိုင်ခြေ ရှစ်ဆပိုများပါသည်။

⛳️သိုင်းရွိုက်ဟော်မုန်းနည်းခြင်း၏ ဖြစ်နိုင်ခြေအချို့နှင့်နောက်ဆက်တွဲပြဿနာများ

သိုင်းရွိုက်ဟော်မုန်းနည်းခြင်းသည် ပုံမှန်အားဖြင့် နှေးကွေးပြီး ရောဂါလက္ခဏာ ပြင်းထန်မှုအပေါ်မူတည်၍ လူတစ်ဦးနှင့်တစ်ဦးလက္ခဏာများ ကွဲပြားခြားနားနိုင်ပါသည်။ (Hypothyroidism) အလွန်ပြင်းထန်ပါက (Myxedema Coma) မေ့မြောသွားနိုင်ပြီး အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်ပါသည်။ မကုဘဲထားပါက Hypothyroidism ၏အန္တရာယ်နှင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများဖြစ်သော လည်ပင်ကြီးရောဂါ၊ နှလုံးရောဂါ၊ စိတ်ကျရောဂါ၊ မျိုးမပွားနိုင်ခြင်း၊ မွေးကင်းစကလေးများတွင် ကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ ဉာဏ်ရည်မသန်စွမ်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းခြင်း၊ အပျိုဖော်ဝင်ချိန်နောက်ကျခြင်း များကိုဖြစ်စေနိုင်ပါသည်။

🛡သိုင်းရွိုက်ဟော်မုန်းနည်းခြင်းများကိုလျှော့ချရန်အကြံပြုချက်များမှာ

✅ရှောင်ရှားသင့်သောအစားအစာများ- ယေဘူယျအားဖြင့် သိုင်းရွိုက်ဟော်မုန်းနည်းသူများအတွက် ရှောင်ရှားသင့်သော အစားအစာများကိုအတိအကျလိုက်နာရန် မလိုအပ်သော်လည်း သတိထားရန်အကြံပြုချက်အချို့မှာ အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များနှင့် ပဲပိစပ်မှထွက်သော အစားအစာများကိုရှောင်သင့်ပါသည်။

✅မျှတသောအစားအစာများကိုစားပါ- လုံလောက်သော အိုင်အိုဒင်းပမာဏ ရရှိရန်အတွက် အိုင်အိုဒင်းကြွယ်ဝသော အစားအစာများပါဝင်သော အိုင်အိုဒင်းဆား၊ ဒိန်ချဉ်ဒိန်ခဲ ကဲ့သို့နို့ထွက်ပစ္စည်းများ၊ ကြက်ဥ၊ ပင်လယ်စာများကို စားသုံးသင့်ပါသည်။

✅လေ့ကျင့်ခန်းပုံမှန်လုပ်ပါ- ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းသည် သိုင်းရွိက်လုပ်ဆောင်ချက်နှင့် ဇီဝဖြစ်ပျက်မှုကို တိုးတက်ကောင်းမွန်အောင်ကူညီပေးပြီး အချို့သောသိုင်းရွိုက်ချို့ယွင်းမှုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။

✅စိတ်ဖိစီးမှုကိုကာကွယ်ပါ- နာတာရှည်စိတ်ဖိစီးမှုသည် သိုင်းရွိုက်လုပ်ငန်းဆောင်တာနှင့် ဟော်မုန်းအဆင့်ကိုထိခိုက်စေ နိုင်ပါသည်။ ထို့ကြောင့် တရားထိုင်ခြင်း၊ ယောဂ (သို့) အသက်ပြင်းပြင်းရှုလေ့ကျင့်ခြင်းသည် စိတ်ဖိစီးမှုကို လျှော့ချနိုင်ပြီး သိုင်းရွိုင်းကျန်းမာရေးကို အထောက်အကူပြုနိုင်ပါသည်။

✅လုံလောက်စွာအိပ်စက်ပါ- လုံလောက်သောအိပ်စက်ခြင်းသည် အလုံးစုံသောကျန်းမာရေးအတွက် အရေးကြီးပြီး သိုင်းရွိုက်လုပ်ဆောင်မှုကိုထောက်ပံ့ပေးနိုင်ပါသည်။

✅ဆေးလိပ်နှင် အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ- ဆေးလိပ်နှင့် အရက်အလွန်အကျွံသောက်ခြင်းသည် သိုင်းရွိုက်လုပ်ဆောင်မှုကိုထိခိုက်စေနိုင်ပြီး သိုင်းရွိုင်းရောဂါဖြစ်ပွားမှုကိုပါတိုးမြှင့်စေနိုင်ပါသည်။

✅ပုံမှန်ကျန်းမာရေးစစ်ဆေးပါ- ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းနှင့် သိုင်းရွိုက်လုပ်ဆောင်မှုစစ်ဆေးခြင်းများသည် သိုင်း ရွိုက်ချို့ယွင်းချက်များကို စောစီးစွာသိရှိနိုင်ပြီး ကြိုတင်ကာကွယ်မှုများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ (သွေးစစ်ဆေးခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း)

ထို့ကြောင့် မိမိတွင်သိုင်းရွိုင်းရောဂါနှင့်ပတ်သက်ပြီး သံသယရှိပါက စောစီးစွာရောဂါရှာဖွေခြင်းနှင့် ကုသခြင်းသည် နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ကာကွယ်နိုင်ကြောင်း ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။

👉👉သိုင်းရွိုက်ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးစစ်ဆေးလိုပါက ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-up ဌာနတွင် ကျွမ်းကျင်သောပညာရှင်များက တိကျသောအဖြေများရရှိအောင် စစ်ဆေးဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010
🏥အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com
🛰Website: www.bahosihospital.com

🌏❌🚬World No To***co Day🌏ဆေးလိပ်နှင့်ဆေးရွက်ကြီးကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန်ရည်ရွယ်၍ မေလ (၃၁)ရက်နေ့တွင် ကျင်းပပြု လုပ်သေ...
31/05/2023

🌏❌🚬World No To***co Day🌏
ဆေးလိပ်နှင့်ဆေးရွက်ကြီးကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန်ရည်ရွယ်၍ မေလ (၃၁)ရက်နေ့တွင် ကျင်းပပြု လုပ်သော World No To***co Day အား ဗဟိုရ်စည်ဆေးရုံကြီး ဝန်ထမ်းများမိသားစုမှ ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် World No To***co Day အား မေ (၃၁)ရက်နေ့တွင် နှစ်စဉ် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ဆေးရွက်ကြီးနှင့်ဆေးလိပ်အသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာသော အန္တရာယ်များသည် ကျန်းမာရေးအပေါ်ဆိုးရွားစွာ အကျိုးသက်ရောက်ခြင်းနှင့်ပတ်သက်၍ အသိပေးမှုပျံ့နှံ့စေရန်၊ လယ်သမားများအနေဖြင့် ဆေးရွက်ကြီးအစား အဟာရရှိသော ကောက်ပဲသီးနှံ့များစိုက်ပျိုးစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သော နေ့တစ်နေ့ဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “We need food, not tobacco” ဖြစ်ပါသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းများက ဆေးရွက်ကြီးနှင့်ဆေးလိပ်သုံးစွဲမှုကြောင့် နှစ်စဉ်သေဆုံးမှု (၈) သန်းခန့် ရှိသည်ဟုဆိုထားပါသည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲခြင်းက နှလုံးရပ်တန့်ခြင်း၊ လေဖြတ်ခြင်း၊ နာတာရှည် ရောဂါများဖြစ်သော အဆုတ်ရောဂါ၊ တီဘီရောဂါနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်စေနိုင်ပြီး၊ စိတ်ကြွရောဂါများ၊ ကင်ဆာရောဂါအမျိုးမျိုးနှင့် အခြားမလိုလားအပ်သော ကျန်းမာရေးပြဿနာများကိုပါ ဖြစ်စေနိုင်သည်ဟုဆိုထားပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4001, 4002, 4010
🏥အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။

📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com
🛰Website: www.bahosihospital.com

👩‍⚕️Dr Daw Than Than Aye( အထွေထွေရောဂါနှင့်အစာအိမ်အူလမ်းကြောင်းအထူးကုသမားတော်) M.B.,B.S,M.Med.Sc(Int:Med:) MRCP, Dip.Med...
30/05/2023

👩‍⚕️Dr Daw Than Than Aye
( အထွေထွေရောဂါနှင့်အစာအိမ်အူလမ်းကြောင်းအထူးကုသမားတော်)

M.B.,B.S,M.Med.Sc(Int:Med:)
MRCP, Dip.Med.Sc(Em:Med:)
Dr.Med.Sc(Gastroenterology)

Mon.Wed.Fri--7:30Am⏱⏱
Thu--5:00pm⏱⏱
Sun--9:00Am⏱⏱
(5.6.23)Mon မှစ၍OPD ပုံမှန်ပြန်ထိုင်ပါမည်။

Nurse (for Haemodialysis Department) (အချိန်ပြည့်)🎓သတ်မှတ်ချက်များ- Bachelor's degree in nursing (Bachelor of Nursing Sc...
30/05/2023

Nurse (for Haemodialysis Department) (အချိန်ပြည့်)
🎓သတ်မှတ်ချက်များ
- Bachelor's degree in nursing (Bachelor of Nursing Science) or Diploma in Nursing ဘွဲ့ရရှိထားသူဖြစ်ရပါမည်။
- သက်ဆိုင်ရာကျွမ်းကျင်မှု လိုင်စင်ကိုင်ဆောင်ထားသူဖြစ်ရပါမည်။
- ကျောက်ကပ်တုသွေးသန့်စင် ဌာနတွင် လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရပါမည်။
- လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ Day shift/ Night shift/ 24-hour duty ထမ်းဆောင်နိုင်သူဖြစ်ရပါမည်။
- ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်ပြီး အသင်းအဖွဲ့နှင့် တာဝန်ထမ်းဆောင်တတ်သူ ဖြစ်ရပါမည်။
📃လစာနှုန်းထား
- ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံ နှင့် လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်၍ လုပ်ခလစာညှိနှိုင်းနိုင်ပါသည်။
📃လျှောက်ထားရန်
http://www.bahosihospital.com/.../nurse-for

Junior IT Support Technician (အချိန်ပြည့်)
🎓သတ်မှတ်ချက်များ
- Computer, Networking နှင့် ပတ်သက်သော သင်တန်းဆင်းလက်မှတ်ရှိရပါမည်။
- ရုံးတွင်း Hardware, Network ပြဿနာများကို ‌ဖြေရှင်းပေးနိုင်ရပါမည်။
- ရုံးတွင်း IT နှင့် ပတ်သက်‌သော စက်ပစ္စည်းများထိန်းသိမ်းခြင်း၊ Software Application များအား Manage လုပ်ခြင်းတို့အား ထမ်းဆောင်နိုင်ရပါမည်။
- ရုံးတွင်း Computer, Networking နှင့် ပတ်သက်သော အခက်အခဲများအား ကူညီဖြေရှင်းပေးရပါမည်။
- လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂ နှစ် ရှိရပါမည်။
- လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်၍ ရုံးချိန်ပြင်ပတွင် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရပါမည်။
ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်ပြီး အသင်းအဖွဲ့နှင့် တာဝန်ထမ်းဆောင်တတ်သူ ဖြစ်ရပါမည်။
📃လစာနှုန်းထား
- ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံ နှင့် လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်၍ လုပ်ခလစာညှိနှိုင်းနိုင်ပါသည်။
📃လျှောက်ထားရန်
http://www.bahosihospital.com/.../junior-it-support

Medical Officer (အချိန်ပြည့်)
🎓သတ်မှတ်ချက်များ
- M.B.B.S ဘွဲ့ရရှိထားသူဖြစ်ရပါမည်။
- လိုင်စင် update ဖြစ်ရန်လိုအပ်ပါသည်။
- လုပ်ငန်းအတွေ့အကြုံရှိသူအား ဦးစားပေးပါမည်။
- လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ Day Shift/ Night Shift/ 24-hour duty ထမ်းဆောင်နိုင်သူဖြစ်ရပါမည်။
- ဆက်ဆံရေး‌ကောင်းမွန်ရန်လိုအပ်ပြီး အသင်းအဖွဲ့ နှင့် တာဝန်ထမ်းဆောင်တတ်သူဖြစ်ရပါမည်။
📃လစာနှုန်းထား
- ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံ နှင့် လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်၍ လုပ်ခလစာညှိနှိုင်းနိုင်ပါသည်။
📃လျှောက်ထားရန်
https://www.bahosihospital.com/career/medical-officer

Nurse (အချိန်ပြည့်)
🎓သတ်မှတ်ချက်များ
Bachelor's degree in nursing (Bachelor of Nursing Science) or Diploma in Nursing ဘွဲ့ရရှိထားသူဖြစ်ရပါမည်။
သက်ဆိုင်ရာကျွမ်းကျင်မှု လိုင်စင်ကိုင်ဆောင်ထားသူဖြစ်ရပါမည်။
လုပ်ငန်းအတွေ့အကြုံရှိသူအား ဦးစားပေးပါမည်။
လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ Day shift/ Night shift/ 24-hour duty ထမ်းဆောင်နိုင်သူဖြစ်ရပါမည်။
ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်ပြီး အသင်းအဖွဲ့နှင့် တာဝန်ထမ်းဆောင်တတ်သူ ဖြစ်ရပါမည်။
📃လစာနှုန်းထား
ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံ နှင့် လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်၍ လုပ်ခလစာညှိနှိုင်းနိုင်ပါသည်။
📃လျှောက်ထားရန်
https://www.bahosihospital.com/career/nurse

Pharmacist (အချိန်ပြည့်)
🎓သက်မှတ်ချက်များ
- Bachelor’s degree in pharmacy (B. Pharm) ဘွဲ့ရရှိထားသူဖြစ်ရပါမည်။
- လုပ်ငန်းအတွေ့အကြုံရှိသူအား ဦးစားပေးပါမည်။
- ဆေးများအကြောင်း ကောင်းစွာနားလည်ပြီး လူနာနှင့် လူနာရှင်များအား တိကျသေချာစွာ ရှင်းပြနိုင်သူဖြစ်ရမည်။
- လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ day shift/ night shift/ 24-hour duty ထမ်းဆောင်နိုင်သူဖြစ်ရမည်။
- ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်ပြီး အသင်းအဖွဲ့နှင့် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
📃လစာနှုန်းထား
ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံနှင့် လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်၍ လုပ်ခလစာ ညှိနှိုင်းနိုင်သည်။
📃လျှောက်ထားရန်
www.bahosihospital.com/career/pharmacist

Medical Technologist (အချိန်ပြည့်)
🎓သတ်မှတ်ချက်များ
- Bachelor’s degree in medical technology (B. Med. Tech) ဘွဲ့ရရှိထားသူဖြစ်ရပါမည်။
- လုပ်ငန်းအတွေ့အကြုံရှိသူအား ဦးစားပေးပါမည်။
- ဓာတ်ခွဲခန်းအတွင်း လုပ်ငန်းစဉ်များကို ကောင်းစွာနားလည်ပြီး SOP အတိုင်းတိကျစွာ ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
- လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ day shift/ night shift/ 24-hour duty ထမ်းဆောင်နိုင်သူဖြစ်ရမည်။
- ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်ပြီး အသင်းအဖွဲ့နှင့် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
📃လစာနှုန်းထား
ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံနှင့် လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်၍ လုပ်ခလစာ ညှိနှိုင်းနိုင်သည်။
📃လျှောက်ထားရန်
www.bahosihospital.com/career/medical-technologist

အလုပ်လျှောက်ထားလိုသူများသည် မိမိတို့
- ကိုယ်ရေးရာဇဝင် နှင့် ဓာတ်ပုံ
- သက်ဆိုင်ရာသင်တန်းဆင်းလက်မှတ်၊ ဘွဲ့လက်မှတ်
- မှတ်ပုံတင်
- သန်းခေါင်စာရင်း တို့အား Scan ဖတ်၍ bahosihr@gmail.com သို့ Email ပေးပို့လျှောက်ထားနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက
Bahosi Hospital HR Department
Phone: 951-2300631, Extension: 4614, 4615 သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🤒🤧ရာသီတုပ်ကွေးကာကွယ်ဆေးထိုးဖို့မမေ့နဲ့နော်မကြာမီ⛈☔️မိုးရာသီကာလသို့ ရောက်ရှိတော့မှာဖြစ်သောကြောင့် ကျန်းမာရေးနှင့်ပတ်သက်ပြ...
30/05/2023

🤒🤧ရာသီတုပ်ကွေးကာကွယ်ဆေးထိုးဖို့မမေ့နဲ့နော်
မကြာမီ⛈☔️မိုးရာသီကာလသို့ ရောက်ရှိတော့မှာဖြစ်သောကြောင့် ကျန်းမာရေးနှင့်ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်များကို ကြိုတင်သိရှိထားပြီး ရောဂါများမဖြစ်မီ 🛡🛡ကြိုတင်ကွာကွယ်နိုင်ရန်အတွက်ဖော်ပြပေးလိုက် ပါတယ်ခင်ဗျာ။

🤧🤒တုပ်ကွေးရောဂါဘာကြောင့်ဖြစ်ရတာလဲ
သာမန်အအေးမိခြင်း သို့မဟုတ် တုပ်ကွေးဖြစ်စေမည့် 🦠ဗိုင်းရပ်စ်ကူးစက်ခြင်းများဟာ ပြင်းထန်သော ကျန်းမာရေးအန္တရာယ် အမျိုးမျိုးကိုဖြစ်စေနိုင်ပါတယ်။ ဦးဆုံးအနေနဲ့ သာမန်အအေးမိခြင်းနှင့် တုပ်ကွေးကို ခွဲခြားသိမြင်ရန်လိုအပ်ပါတယ်။ သာမန်အအေးမိခြင်း၏ ရောဂါလက္ခဏာသုံးမျိုးမှာ လည်ချောင်းနာခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းတို့ဖြစ်ပါတယ်။ သာမန်အအေးမိခြင်းနှင့် တုပ်ကွေးရောဂါ သည် ရောဂါလက္ခဏာတူများစွာရှိသော်လည်း တုပ်ကွေးရောဂါကူးစက်ခံရပါက အပူချိန်မြင့်မားခြင်း၊ ဖျားခြင်း၊ ခန္ဓာကိုယ် ညောင်း၊ ကိုက်၊ ခေါင်းအုံ၊ ခေါင်းကိုက်နာကျင်ခြင်းနှင့် နှာရည်ကျ၊ ချောင်းဆိုးခြင်းများ ကို ဖြစ်စေနိုင်ပါတယ် ။ CDC ၏ပြောကြားချက်အရ တုပ်ကွေးရောဂါဟာ မည်သည့်အချိန်တွင်မဆို ဖြစ်ပွား နိုင်သော်လည်း ရောဂါအများစုမှာ ရာသီအကူးအပြောင်းကာလများတွင် အဖြစ်များတယ်ဟုဆိုထားပါတယ်။

🤧ရာသီတုပ်ကွေးဘယ်လိုကူးစက်နိုင်သလဲ❓
🔹အသက်ရှုလမ်းကြောင်းမှတစ်ဆင့်ကူးစက်နိုင်ခြင်း၊
🔹ရောဂါပိုးရှိသူများ နှာချေခြင်း၊ ချောင်းဆိုးခြင်းမှတစ်ဆင့်ကူးစက်နိုင်ခြင်း၊
🔹ရောဂါပိုးရှိသူနှင့်ထိတွေ့ပြီး နှာခေါင်း၊ မျက်လုံး၊ ပါးစပ်တို့ကို ပြန်လည်ထိတွေ့ခြင်းဖြင့် ကူးစက်နိုင် ခြင်း၊
🔹ရောဂါပိုးကူးစက်ခံရသည့်အချိန်မှစ၍ (၁)ရက်မှ (၄)ရက်အကြာတွင် ရောဂါလက္ခဏာများပေါ် ပေါက်တတ်ခြင်း၊
🔹ရောဂါလက္ခဏာမပြမီ (၁)ရက်မှစတင်၍ ရောဂါလက္ခဏာစတင်ခံစားရပြီးနောက် (၇)ရက်အထိ အခြားလူများကို ကူးစက်စေနိုင်ခြင်း၊

🛡🛡ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်မှုရှိသောကြောင့် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်သော အားဖြင့်
✅လက်ကိုမကြာခဏဆေးခြင်း၊
✅အပြင်ထွက်တိုင်း Mask တပ်ခြင်း၊
✅သင့်တော်မယ့် နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးနှင့် Covid-19 ကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေးများထိုးခြင်း၊
✅အာဟာရရှိသော အစားအစာများကို စားသုံးခြင်း၊
✅ရေများများသောက်ခြင်း၊
✅ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ခြင်း၊
✅ပြည့်ဝစွာအနားယူခြင်းများကို ပြုလုပ်သင့်ပါတယ်ခင်ဗျာ။

💉💉ရာသီအလိုက်ကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ
🎯နှစ်စဉ် တုပ်ကွေးနှင့်ဆက်နွယ်သောရောဂါများကို ကာကွယ်နိုင်ခြင်း၊
🎯တုပ်ကွေးရောဂါရဲ့ပြင်းထန်မှုကို ကာကွယ်နိုင်ခြင်း၊
🎯အလုပ်(သို့မဟုတ်)ကျောင်းများတွင် ဖျားနာသည့်အရေအတွက်ကိုလျှော့ချနိုင်ခြင်း၊
🎯တုပ်ကွေးနှင့်ဆက်နွယ်သောဆေးရုံတက်ခြင်းကို လျှော့နည်းစေနိုင်ခြင်း၊
🎯တုပ်ကွေးနှင်ပတ်သက်သော သေဆုံးမှုကိုလျှော့နည်းစေနိုင်ခြင်း၊
အအေးမိခြင်း၊ တုပ်ကွေးနှင့် အခြားအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများဟာ လူတစ်ဦးမှတစ်ဦးသို့ ပို၍ ကူးစက်ရန် လွယ်ကူစေနိုင်သောကြောင့် တုပ်ကွေးကာကွယ်ဆေးရရှိခြင်းက တုပ်ကွေးရောဂါ အခြေအနေ များကို လျှော့နည်းစေနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းတွင် တုပ်ကွေးရောဂါနှင့် ဆက်နွယ်နေတဲ့ အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါများကြောင့် သေဆုံးမှုလျှော့နည်းစေရန်အတွက် ရာသီအလိုက် ကာကွယ်ဆေး ထိုးခြင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

💉💉ရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံသင့်သူများ
👉အသက်(၆)လ မှ (၅)နှစ်အထက်ကလေးများ၊
👉အသက်(၆၅)နှစ်အထက်ရှိ လူကြီးများ၊
👉နာတာရှည် ရောဂါရှိသူများ( ဆီးချို၊ နှလုံး၊ ကျောက်ကပ်၊ ကင်ဆာနှင့် သွေးအားနည်းရောဂါ )၊
👉နာတာရှည် အဆုတ်ရောဂါအခံရှိသူများ (ပန်းနာရင်ကြပ်၊ တီဘီရောဂါအခံရှိသူများ)၊
👉ကျန်းမာရေးဝန်ထမ်းများ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံသင့်ပါသည်။
တုပ်ကွေးရောဂါသည် အဆုတ်အပါအဝင်၊ အသက်ရှုလမ်းကြောင်းဆိုင်ရာများကို အဓိကထိခိုက်စေနိုင်ပြီး ပြင်းထန်သောရောဂါတစ်ခုကိုဖြစ်စေနိုင်ပါတယ်။ အသက်အရွယ်မရွေးနှင့် အခြေခံကျန်းမာရေး ပြဿနာ ရှိသူများတွင် အများအားဖြင့် ဖြစ်ပွါးစေနိုင်ပါတယ်။ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန(CDC) ၏အဆိုအရ ကလေးများနှင့် အသက်ကြီးပိုင်းလူများအတွက် နှစ်စဉ်တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးရန် အကြံပြုထားပါတယ်။

⛳️⛳️အထက်ဖော်ပြပါရာသီအလိုက်ကာကွယ်ဆေးများကို ဗဟိုရ်စည်ဆေးရုံကြီးတွင် ထိုးနှံနိုင်ရန် ဝန်ဆောင်မှုပေးနေပြီး (Myanmar FDA Approval) ရရှိထားကာ Cold Chain ဖြင့်စနစ်တကျ သိမ်းဆည်းထားသော ၂၀၂၃ခုနှစ် အတွက် ပြင်သစ်နိုင်ငံထုတ် လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေး Vaxigrip Tetra 2023 (Influenza Vaccine) ကိုယုံကြည်စိတ်ချစွာ ထိုးနှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎OPD Phone – 01-2300631 / Ext: 4007
☎Phone- 01-2300631(Hot Line), 01-2300502 to 01-2300514 သို့ဆက်သွယ် စုံစမ်း မေးမြန်းနိုင် ပါတယ်။
🏥အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း ထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

🌏World Digestive Health Day (May-29) 🌏မေ (၂၉) ရက်နေ့တွင်ကျရောက်သော World Digestive Day သည် ကမ္ဘာတစ်ဝန်းလုံးတွင် အစာအိမ်န...
29/05/2023

🌏World Digestive Health Day (May-29) 🌏
မေ (၂၉) ရက်နေ့တွင်ကျရောက်သော World Digestive Day သည် ကမ္ဘာတစ်ဝန်းလုံးတွင် အစာအိမ်နှင့်ပတ်သက်သော ကျန်းမာရေးပြဿနာများကို ပိုမိုသိရှိစေနိုင်ရန်နှင့် ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ကျင်းပသော World Digestive Health Day အားဗဟိုရ်စည် ဆေးရုံကြီးဝန်ထမ်းများမိသားစုမှ ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ပါသည်ခင်ဗျာ။💐💐💐

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4001, 4002, 4010
🏥အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။

📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com
📡Website: www.bahosihospital.com

High Dependency Unitကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ High Dependency Unit တွင် အထူးကြပ်မတ်ကုသရန်လိုအပ်နေသော ခွဲစိတ်ပြီ...
28/05/2023

High Dependency Unit
ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ High Dependency Unit တွင် အထူးကြပ်မတ်ကုသရန်လိုအပ်နေသော ခွဲစိတ်ပြီးလူနာများနှင့် ရောဂါဝေဒနာပြင်းထန်စွာခံစားနေရသော လူနာများအား အတွေ့အကြုံရှိကျွမ်းကျင်သော HDU Team မှ ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက ခေတ်မီစက်ကိရိယာများကို အသုံးပြုကာ သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၏ လမ်းညွှန်ချက်အတိုင်း အချိန်နှင့်တပြေးညီစောင့်ရှောက်ကုသမှုပေးလျက်ရှိပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎01-2300631, Ext-1501, 1503, 1504
🏥အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈) ဗဟိုရ်စည်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com
📡Website: www.bahosihospital.com

🩺🩺Post Covid Medical Check-UpCovid Positive ဖြစ်ပြီးသောသူများအတွက် မိမိတို့၏ အထွေထွေကျန်းမာရေး အခြေအနေနှင့် ကိုယ်ခန္ခာအတ...
27/05/2023

🩺🩺Post Covid Medical Check-Up

Covid Positive ဖြစ်ပြီးသောသူများအတွက် မိမိတို့၏ အထွေထွေကျန်းမာရေး အခြေအနေနှင့် ကိုယ်ခန္ခာအတွင်းရှိ အင်္ဂါများ၏ ကောင်းမွန်မှုအခြေအနေများကို သိရှိနိုင်ရန်အတွက် Post Covid Medical Check-Up Package များနှင့် မိတ်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

မိမိကြိုက်နှစ်သက်ရာ Package ကိုရွေးချယ်စစ်ဆေးနိုင်ပြီး ရရှိတဲ့အဖြေပေါ်မူတည်ပြီးလည်းလမ်းညွှန်မှုပေးသွားမှာဖြစ်လို့အမှန်တကယ်အကျိုးရှိမှာသေချာပါတယ်။

ဒါကြောင့် စိတ်ဝင်စားတယ်ဆိုလျှင်ဖြင့် ဗဟိုရ်စည်ဆေးရုံသို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

https://www.bahosihospital.com/post-covid-package/

"လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်"

⛳Bahosi Medical Check-Up Department
📱Phone 09-441144886 (Office Hour)
☎️Phone 01-2300631 (Hotline), 01-2300502 to 01-2300514 / Ext- 4505, 4001, 4002, 4010
သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

🏥အမှတ် (၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ရန်ကုန်။

📧Email: bahosihospital@gmail.com
📧Webmail: bahosihospital@bahosihospital.com
📡Website: www.bahosihospital.com

🛡လည်ပင်းကျီးပေါင်းရောဂါ(Cervical Spondylosis) ကြိုတင်ကာကွယ်ပါ🛡ယနေ့ခေတ်လူအများစု၏ နေ့စဥ်နေထိုင်မှုဘဝပုံစံများကြောင့် တချိ...
26/05/2023

🛡လည်ပင်းကျီးပေါင်းရောဂါ(Cervical Spondylosis) ကြိုတင်ကာကွယ်ပါ🛡
ယနေ့ခေတ်လူအများစု၏ နေ့စဥ်နေထိုင်မှုဘဝပုံစံများကြောင့် တချို့ရောဂါများ အဖြစ်ပိုများလာကြပါတယ်။ 📱💻ဖုန်း၊ ကွန်ပြူတာ အစရှိသည်တို့ကို ပိုမိုအသုံးပြုလာခြင်းကြောင့် လည်ပင်းကျီးပေါင်းရောဂါသည် ယခင်ထက် ပိုမိုဖြစ်လာနိုင်ပါတယ်။ လည်ပင်ကျီးပေါင်းရောဂါ (Cervical Spondylosis) သည် အသက်အရွယ်အရသော်လည်းကောင်း၊ မိမိနေထိုင်မှုလူနေမှု ပုံစံအရသော်လည်းကောင်း လည်ပင်းရှိ အရိုးဆစ် တစ်ခုနှင့်တစ်ခုကြားတွင်ရှိသော Disc လေးဟာ Dehydrated ဖြစ်လာပီး တဖြည်းဖြည်းပါးလားကာ အရိုးအဆစ်တစ်ခုနဲ့တစ်ခု ပူးကပ်သွား၍ အာရုံကြောကိုဖိမိခြင်း၊ မလိုလားအပ်သော အရိုးအတက်ထွက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

ဘယ်လိုလူတွေမှာအဖြစ်များလည်း❓
1.အသက်အရွယ်ကြီးသူများ (Aging Process)၊
2.လည်ပင်းဒဏ်ရာရဖူးသူများ၊
3.လည်ပင်းကို ပိုမိုအသုံးပြုရသူများ (ဖုန်း၊ ကွန်ပြူတာကြာရှည်စွာသုံးခြင်း၊ စာရေး၊ ဈေးသည်များ)၊
4.ဆေးလိပ်သောက်သူများ၊
5.အဝလွန်သူများ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူများ၊

ရောဂါလက္ခဏာက ဘာတွေလည်း❓
👉လည်ပင်းတောင့်တင်းမယ်၊ နာမယ်
👉ခေါင်းမူးမယ်
👉နာကျင်မှုက ပြန့်သွားတဲ့အခါ လည်ပင်းတွင်သာမက ပခုံးကြွက်သားတွေပါနာကျင်မယ်
👉တစ်ခါတစ်ရံ လက်ကျင်မယ်၊ နာမယ်။

ဘယ်လိုအချိန်မှာဆရာဝန်နဲ့ပြသင့်လည်း❓
🩺အထက်ပါရောဂါလက္ခဏာ တစ်ခုခုရှိတာနဲ့ဆောလျင်စွာပြသသင့်ခြင်း၊
🩺ပခုံး၊ လက်မောင်းတို့မှာ ထုံကျင်တာ ပိုမိုဆိုးလာခြင်း၊
🩺ဆီး၊ ဝမ်းထိန်းရခက်ခြင်း၊
🩺နာကျင်မှုဟာ နေ့စဥ်လူနေမှုဘဝကို ထိခိုက်လာခြင်း၊

🎯ရောဂါရှာဖွေခြင်း
✅Cervical X-Ray (လည်ပင်းဓာတ်မှန်ရိုက်ခြင်း)၊
✅CT (ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း)၊
✅MRI (သံလိုက်ဓာတ်ဖြင့် ပုံရိပ်ဖော်ခြင်း)၊

🩺ကုသခြင်း
1.ဆေးသောက်ခြင်း၊
2.Physiotherapy Treatment ယူခြင်း၊
3.ခွဲစိတ်ခြင်း၊

⛳️⛳️Physiotherapy treatment ယူခြင်းများမှာ

၁။ Radiant Therapy လို့ခေါ်တဲ့ အနီအောက်ရောင်ခြည်ကို အသုံးပြုပြီး ကြွက်သားများ နာကျင်ရောင်ရမ်းမှုကို လျှော့ချပေးတဲ့ အထောက်အကူပြု စက်ဖြင့်ကုသပေးခြင်း၊
၂။ Ultrasound ဆိုတဲ့ အသံလှိုင်ကိုအသုံးပြုပြီး တင်းနေသောကြွက်သားများကို လျော့ကျစေရုံသာမက နာကျင်မှုကိုလည်း များစွာသက်သာစေခြင်း၊
၃။ TENS (Transcutaneous Electrical Nerve Stimulation) ကိုလည်း အသုံးပြု ကုသပေးခြင်းဖြင့် နာကျင်မှုကို ဖြစ်စေသော အာရုံကြောများကို ပိတ်ဆို့ပေးယုံသာမက ကြွက်သားများကိုလည်း ဖြေလျော့ ပေးခြင်းဖြင့် နာကျင်မှု၊ တောင့်တင်းမှုများ သက်သာစေနိုင်ခြင်း၊
၄။ နာကျင်မှုဟာ အာရုံကြောညပ်နေခြင်းကြောင့်ဖြစ်ပါက သင့်၏ ကိုယ်အလေးချိန်ပေါ်မူတည်၍ Traction Machine ဖြင့် ကုသနိုင်ခြင်း၊
၅။ နာကျင်မှုများသက်သာလာပါက နောင်ထပ်မဖြစ်အောင်၊ ပိုမဆိုးလာစေရန် မှတ်ရလွယ်ကူသော လေ့ကျင့်ခန်းများကို တတ်ကျွမ်းနားလည်သော Physiotherapist များ၏ အကူအညီဖြင့် ဆောင်ရွက်ကုသပေးခြင်း၊

👉👉သင့်မှာ လည်ပင်းကျီးပေါင်းနဲ့ပါတ်သက်ပြီး သံသယရှိခြင်း၊ ခံစားနေရခြင်းတို့ရှိပါက Bahosi Physical Rehabilitation Center သို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။📣📣📣

“လူသားအားလုံးကျန်းမာစေချင်သည် ဗဟိုရ်စည်”

☎️01-2300631 (Hotline) လိုင်းခွဲ ၅၀၃၀ (နံက် ၉ နာရီမှ ညနေ ၅ နာရီ)
🏥အမှတ် (၁-၆)၊ ဗဟိုရ်စည်၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ရန်ကုန်။
Spondylosis

Hospital

📧Email: bahosihospital@gmail.com
📧Webmail: bahosihospital@bahosihospital.com
📡Website: www.bahosihospital.com

Address

Bahosi Hospital Address :B 1/6/31/36/37/38, Bahosi Housing Complex , Wardan Street , Lanmadaw Township
Yangon
11131

Alerts

Be the first to know and let us send you an email when Bahosi Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Bahosi Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category