
03/08/2021
ပခုံးနာရောဂါအကြောင်းသိကောင်းစရာ
-----------------------------------------------------------
ပခုံးနာတဲ့ရောဂါ (Shoulder Pain) ဟာ အဖြစ်များတဲ့ နာကျင်မှုရောဂါတစ်ခုပါ။ ပခုံးနာရတဲ့ အကြောင်းအရင်းများ? ဘယ်လိုကာကွယ်ရမလဲ? ဘယ်လိုကုသရမလဲ? ဆိုတဲ့အကြောင်းများကို ပါမောက္ခဒေါက်တာသန်းတိုးမှ ရှင်းပြထားခြင်းဖြစ်ပါတယ်။
ပခုံးဘာကြောင့်နာရသလဲ?
🔹၁။ ပခုံးဘာကြောင့်နာကြသလဲဆိုတော့ အများအားဖြင့်က ပခုံးကို အောက်ခံအမာပေါ်မှာ ဖိပြီးအိပ်မိလို့ အချက်က အများဆုံးတွေ့ကြုံရပါတယ်။
🔹၂။ နံပါတ် ၂ အချက်က ပခုံးကို တိုက်ရိုက် ရိုက်မိလို့၊ ထိမိ ခိုက်မိထားလို့ ဖြစ်နိုင်ပါတယ်။
🔹၃။ နံပါတ် ၃ အချက်က ပခုံးနေရာကို ခိုက်မိတာ မဟုတ်ပေမယ့် တခြားနေရာတွေ ဉပမာ - လက်ကောက်ဝတ်တို့၊ တံတောင်ဆစ်တို့ဘာတို့ ကျိုးသွားလို့ ကျောက်ပတ်တီးစည်းထားလို့ မလှုပ်ပဲနေရတာ၊ ငြိမ်ငြိမ်လေးနေရတာကြာသွားရင်လည်း ပခုံးကနာပြီး ကပ်သွားတတ်ပါတယ်။
-------------🔸------------
ပခုံးနာရောဂါရဲ့ Symptoms (လက္ခဏာ) များ
🔹နံပါတ် ၁ - ပခုံးနာရောဂါမှာတော့ ပခုံးနာတာနဲ့သူကစတာပေါ့၊ ကြာလာရင်တော့ ပခုံးနာတာကနေ ဖြေးဖြေးချင်း ကပ်သွားတတ်တယ်။ နာနေတာတစ်လလောက် ဟိုဟာလေးလိမ်း၊ ဒီဟာလေးလိမ်း ပျောက်နိုးပျောက်နိုးနဲ့ ကြာရင်ကပ်သွားပြီးတော့ ပခုံးနာတာက ပိုဆိုးသွားတတ်ပါတယ်။
🔹နံပါတ် ၂ အချက်က ကြာလာရင် ပခုံးလှုပ်ရတာ ကပ်လာတာ။ လက်ကို မြှောက်တာတို့၊ ဘေးကားတာတို့၊ ခေါင်းကိုင်တာတို့၊ ခါးထောက်တာတို့၊ လှည့်တာတို့ တစ်ကိုယ်လုံးကပ်လာတတ်တယ်။ ဒီလိုကပ်လာခဲ့တာ အချိန်ကြာလာလေ၊ ပိုကပ်လာလေနဲ့ နောက်ပိုင်းကျရင် ညပါအိပ်မရတဲ့အဆင့်ဖြစ်လာတတ်ပါတယ်။
🔹နံပါတ် ၃ အချက်ကတော့ ပခုံးနာရောဂါမှာ ခွဲခြားလို့ရတာက ပခုံးနာတာက လက်မောင်းအလယ်အထိပဲသွားတယ်။ လက်မောင်းအောက်ထိမဆင်းဘူး။ အကယ်၍ လက်မောင်းအောက်အထိဆင်းတယ် လက်ဖျံတို့လိုနေရာအထိ ဆင်းတာတွေကျတော့ လည်ပင်းကနာတယ်လို့ အကြမ်းဖျင်းမှတ်လို့ရတယ်။ ပခုံးနာရောဂါက ဘယ်တော့မှ အောက်အထိမဆင်းဘူး။ အဲ့ဒီလိုပခုံးနာရောဂါနဲ့ လည်ပင်းနာရောဂါကို အဲ့လို ၂ ခုခွဲခြားလို့ရပါတယ်။
-------------🔸------------
ပခုံးနာရောဂါကို ဘယ်လိုကုသမလဲ?
🔹နံပါတ် ၁ - နာနေတဲ့အတွက် အနာသက်သာအောင် ဆေးဖြန်းရပါမယ်၊ အကိုက်အခဲပျောက်ဆေးပေးရပါမယ်။
🔹နံပါတ် ၂ - အပူကပ်လို့ရတယ်။ ပခုံးမှာ ရေနွေးအိတ်ဖြစ်ဖြစ် ပူတဲ့ဟာတစ်ခုခု ရေနွေးပတ် ကပ်လို့ရပါတယ်။
🔹နံပါတ် ၃ - ဒါတွေနဲ့မှ မသက်သာသေးဘူးဆိုရင် ကျွန်တော်တို့စံပြဆေးခန်းအနေနဲ့ကူညီပေးလို့ရပါတယ်။ ကျွန်တော်တို့ဆေးခန်းတွေမှာတော့ ပခုံးနာရောဂါတွေအတွက်ကို ပြန်ကွာအောင် လေ့ကျင့်ခန်းများလုပ်ပေးမယ်။ စက်တွေနဲ့လေ့ကျင့်ခန်းပြန်လုပ်ပေးမယ်။ ဒါတွေလုပ်ခြင်းအားဖြင့် ဖြေးဖြေးချင်းပြန်ကွာသွားအောင် လုပ်ပေးလို့ရပါတယ်။
စံပြ အရိုး၊ အကြော၊ အဆစ်ရောဂါ အထူးဆေးကုခန်း (1995)
🔸စံပြဆေးခန်း (သမိုင်း) Mon – Sun (8AM to 8 PM)
အင်းစိန်လမ်း၊ ပါရမီ မီးပွိုင့်အနီး၊ ဘုရားလမ်းမှတ်တိုင်၊ လှိုင်မြို့နယ်။ Phone – 01 522778
🔸စံပြဆေးခန်း (တာမွေ) (Mon – Sun (10AM to 8 PM)
(398/B) ဗညားဒလလမ်း (ကျောက်မြောင်းမီးသတ်ရှေ့)၊ တာမွေမြို့နယ်၊ Phone – 01 700699, 01 430443
🔸စံပြဆေးခန်း (လမ်းမတော်) (Mon – Sun (10AM to 8 PM)
၉/၁၁၊ ရွှေတောင်တန်းလမ်း (အောက်ဘလောက်)၊ လမ်းမတော်မြို့နယ်။ Phone – 01229676
#စံပြဆေးခန်း #ပခုံးနာရောဂါ