Bumrungrad Clinic Yangon

Bumrungrad Clinic Yangon Bumrungrad Clinic Yangon provides primary healthcare and medical diagnostics for health screenings as the same quality as Bumrungrad International in BKK.

💊 Sunshine Vitamin or Vitamin D💊 Vitamin D ဟာ အရိုးကျန်းမာရေးနှင့် ကိုယ်ခံအားစနစ်အတွက် အရေးပါတဲ့ Vitamin တစ်မျိုးဖြစ်ပါတ...
13/08/2025

💊 Sunshine Vitamin or Vitamin D

💊 Vitamin D ဟာ အရိုးကျန်းမာရေးနှင့် ကိုယ်ခံအားစနစ်အတွက် အရေးပါတဲ့ Vitamin တစ်မျိုးဖြစ်ပါတယ်။ Vitamin D ကို နေရောင်ခြည်ကနေတဆင့် အရေပြားအောက်မှာ ထုတ်လုပ်ပါတယ်။ အစားအစာတွေက တစ်ဆင့်လည်း ရရှိနိုင်ပါတယ်။ ဥပမာ- အဆီများတဲ့ ငါးတွေ (Salmon, Sardines, Tuna)၊ ငါးကြီးဆီ၊ ကြက်ဥအနှစ်၊ နွားနို့နှင့် Vitamin D ဖြည့်စွက်ထားတဲ့ အစားအစာတွေ။

💊 အရွယ်ရောက်ပြီး လူတစ်ယောက်အတွက် တစ်နေ့ကို 1,500 IU ကနေ 2,000 IU အထိ ပျှမ်းမျှလိုအပ်ပါတယ်။ ဒါကို ပြည့်ဖို့အတွက် လိုအပ်တဲ့ နေရောင်ခြည်ပမာဏဟာ လူတစ်ယောက်ရဲ့ အသက်အရွယ်၊ အသားအရောင်၊ နေရောင်ခြည်ရရှိမှုနှင့် အချို့ရောဂါအခံ ရှိ/မရှိစတာတွေအပေါ် မူတည်ပြီး ကွဲပြားပါတယ်။

💊 Vitamin D မလုံလောက်တာနှင့် Vitamin D ချို့တဲ့တာက ယနေ့ခေတ်မှာ အဖြစ်များလာနေပါတယ်။ ခန္ဓာကိုယ်မှာ Vitamin D မလုံလောက်ရင် အရိုးသိပ်သည်းဆတွေ လျော့ကျလာပြီး အရိုးပါး၊ အရိုးပွဖြစ်လာတာ၊ သွေးထဲမှာ Calcium ပမာဏတွေ နည်းလာတာနှင့် အရိုးကျိုးလွယ်တာတွေ ဖြစ်တတ်ပါတယ်။ အကြောင်းရင်းသေချာမရှိပဲ ပင်ပန်းနွမ်းနယ်နေတတ်တာ၊ ခါးနာတာ၊ ဆံပင်တွေကျွတ်တာ၊ အနာကျက်နှေးတာ၊ ကိုယ်အလေးချိန်တက်လာတာနှင့် စိတ်ဓာတ်ကျလွယ်နေတာတွေကလည်း Vitamin D မလုံလောက်တာကြောင့် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အရိုးကျန်းမာရေးအတွက်အပြင် ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက်ပါ Vitamin D လုံလောက်မှု ရှိ၊ မရှိကို စစ်ဆေးကုသဖို့ အရေးကြီးပါတယ်။ Vitamin D ကို လုံလောက်အောင် ထိန်းညှိထားတာက ကိုယ်ခံအား၊ ကြွက်သားနှင့် နှလုံးသွေးကြောကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။

💡အစားအသောက်တွေကနေ Vitamin D လုံလုံလောက်လောက်မရနိုင်တဲ့အခါ (ကလေးငယ်တွေနှင့် သက်ကြီးရွယ်အိုတွေ)
💡နေရောင်ခြည်နှင့် ထိတွေ့မှုနည်းတဲ့အခါ
💡အစာအိမ်နှင့် အူလမ်းကြောင်းရောဂါအခံတွေကြောင့် ခန္ဓာကိုယ်က Vitamin D ကို မစုပ်ယူနိုင်တဲ့အခါ
💡နာတာရှည် အသည်းနှင့် ကျောက်ကပ်ရောဂါတွေကြောင့် Vitamin D ထုတ်လုပ်ပေးတဲ့ Enzymes တွေ မရှိတဲ့အခါ.... Vitamin D မလုံလောက်တာ/ ချို့တဲ့တာတွေ ဖြစ်လာပါတယ်။

💊 Vitamin D ပမာဏကို သွေးကတစ်ဆင့် 25-hydroxy-vitamin D (25OH-D) Test ဖြင့် စစ်ဆေးသိရှိနိုင်ပြီး
💡25OH-D Concentration
…20-29 ng/ml ပဲ ရှိရင် Vitamin D မလုံလောက်တဲ့ အခြေအနေဖြစ်ပြီး၊
…20 ng/ml အောက် ဖြစ်နေရင်တော့ Vitamin D ချို့တဲ့နေတာ ဖြစ်ပါတယ်။

💊 Vitamin D ကို ဖြည့်စွက်ဆေးဝါးတွေကို Vitamin D2/ Vitamin D3 အနေတဲ့ Dose အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ စျေးကွက်ထဲမှာ ရရှိနိုင်ပါတယ်။ မိမိရဲ့ Vitamin D ပမာဏအပေါ်မူတည်ပြီး ပြန်ဖြည့်စွက်ဖို့ လိုအပ်တဲ့ပမာဏကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ညွှန်ကြားတဲ့အတိုင်း စနစ်တကျ သောက်သုံးပေးသွားရမှာပဲ ဖြစ်ပါတယ်။


🤎 လူကြီးမင်းတို့၏ ကျန်းမာရေးဆိုင်ရာလိုအပ်မှုများအတွက် ဘမ်ရွန်ဂရက် ရန်ကုန်ဆေးခန်းကို ရွေးချယ်သည့်အတွက် ကျေးဇူးအထူးတင်ရှိပ...
09/08/2025

🤎 လူကြီးမင်းတို့၏ ကျန်းမာရေးဆိုင်ရာလိုအပ်မှုများအတွက် ဘမ်ရွန်ဂရက် ရန်ကုန်ဆေးခန်းကို ရွေးချယ်သည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။

🍀 ဝန်ဆောင်မှုများ စဉ်ဆက်မပြတ်တိုးတက်စေရေးအတွက် လူကြီးမင်းတို့ အကြံပြုလိုသည်များကို အောက်ဖော်ပြပါ Customer Satisfaction Survey Form တွင်ဖြည့်စွက်ပေးခဲ့နိုင်ပါသည်။ Barcode Scan ဖတ်၍လည်း ဖြည့်စွက်ပေးခဲ့နိုင်ပါသည်။

📌 " ဝန်ဆောင်မှုနှင့်ပတ်သက်၍ လူကြီးမင်းတို့၏ စိတ်ကျေနပ်မှု စစ်တမ်း "

🍀 Myanmar Version
https://forms.office.com/r/9nYf3Sfps4

🍀 English Version
https://forms.office.com/r/vBdubPg3Jy

🤎 လူကြီးမင်းတို့၏ တန်ဖိုးရှိသော ဝေဖန်အကြံပြုချက်များကို တန်ဖိုးထားမှတ်သား၍ အချိန်နှင့်တပြေးညီ ပြုပြင်ဆောင်ရွက်ပေးလျက်ရှိပါသည်။


💠 Rabies ကို ခွေးရူးပြန်ရောဂါလို့ ခေါ်ကြပေမယ့် ရောဂါပိုးရှိတဲ့ ခွေးအပြင် တောရိုင်းတိရစ္ဆာန်နှင့် အခြားနို့တိုက်သတ္တဝါတွေ...
08/08/2025

💠 Rabies ကို ခွေးရူးပြန်ရောဂါလို့ ခေါ်ကြပေမယ့် ရောဂါပိုးရှိတဲ့ ခွေးအပြင် တောရိုင်းတိရစ္ဆာန်နှင့် အခြားနို့တိုက်သတ္တဝါတွေကနေလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တွေ ကိုက်ခံရတာကနေတစ်ဆင့်ကူးစက်ပြီး ကိုက်ခံရပြီးကာစမှာ ဘာလက္ခဏာမှ မပြတတ်ပဲ တစ်ပတ်ကျော် (သို့မဟုတ်) ၁ လကျော်မှ -
-ဖျားနာတာ
-ပင်ပန်းနွမ်းနယ်တာ
-စိတ်မရှည်၊ စိတ်ဆတ်လာတာကနေ
-တက်တာ
-ထင်ယောင်ထင်မှားဖြစ်တာ
-အကြောဆွဲတာတွေဖြစ်ပြီး အသက်သေဆုံးနိုင်ပါတယ်။ Rabiesဟာ ကူးစက်ခံရတဲ့ လူတိုင်းနီးပါးသေဆုံးတတ်တဲ့အထိ အန္တရာယ်ကြီးပါတယ်။

💠 ဒါကြောင့် Rabies Vaccine (ခွေးရူးပြန်ရောဂါကာကွယ်ဆေး)ကို
-တိရစ္ဆာန်ဆေးကုဆရာဝန်တွေ
-တိရစ္ဆာန်တွေနဲ့ အမြဲထိတွေ့ ကိုင်တွယ်နေရသူတွေ
-Rabies အဖြစ်များတဲ့နေရာတွေကို ခရီးသွားလာမယ့်သူတွေ ကြိုတင်ထိုးနှံထားသင့်ပါတယ်။ ဒါကို Preventive Vaccination လို့ခေါ်ပြီး ၃ ကြိမ်ထိုးနှံပေးရမှာဖြစ်ပါတယ်။ Intramuscular(IM) (သို့မဟုတ်) Intradermal(ID)လမ်းကြောင်းဖြင့်
-ပထမအကြိမ်
-ပထမအကြိမ်နှင့် ၇ ရက်အကြာမှာတစ်ကြိမ်
-ပထမအကြိမ်နှင့် ၂၁ ရက်သို့မဟုတ် ၂၈ရက်အကြာမှာ တစ်ကြိမ်
စုစုပေါင်း ၃ ကြိမ် ထိုးနှံပေးရမှာ ဖြစ်ပါတယ်။

💠 ကြိုတင်ကာကွယ်ဆေး အပြည့်အစုံထိုးထားပြီးရင် နောက်ပိုင်း ခွေးသို့မဟုတ် အခြားတိရစ္ဆာန် အကိုက်ခံရခဲ့ရင် -
-ကြိုတင်ကာကွယ်ဆေးထိုးပြီးထားတဲ့
၆ လအတွင်းဆို နောက်ထပ် ဆေးတစ်ကြိမ်
-၆ လနောက်ပိုင်းဆိုရင်တော့ ၃ ရက်ခြားပြီး ဆေး ၂ ကြိမ်ပဲ ထပ်ထိုးဖို့လိုအပ်ပါတယ်။

💠 ကာကွယ်ဆေးမထိုးထားခဲ့ဖူးပဲ အကိုက်ခံရရင်တော့ -
Intramuscularလမ်းကြောင်းနဲ့ဆိုရင် -
ပထမအကြိမ်
ပထမအကြိမ်နှင့် ၃ ရက်အကြာမှာတစ်ကြိမ်
ပထမအကြိမ်နှင့် ၇ ရက်အကြာမှာတစ်ကြိမ်
ပထမအကြိမ်နှင့် ၁၄ ရက်အကြာမှာတစ်ကြိမ်
ပထမအကြိမ်နှင့် ၂၈ရက်အကြာမှာ တစ်ကြိမ်
စုစုပေါင်း ၅ ကြိမ် ထိုးနှံပေးရမှာ ဖြစ်ပါတယ်။

Intradermal(ID)လမ်းကြောင်းနဲ့ဆိုရင် -
ပထမအကြိမ်
ပထမအကြိမ်နှင့် ၃ ရက်အကြာမှာတစ်ကြိမ်
ပထမအကြိမ်နှင့် ၇ ရက်အကြာမှာတစ်ကြိမ်
ပထမအကြိမ်နှင့် ၂၈ရက်အကြာမှာ တစ်ကြိမ်
စုစုပေါင်း ၄ ကြိမ် ထိုးနှံပေးရမှာ ဖြစ်ပါတယ်။

💠 Rabies Vaccine ကို စနစ်တကျ ပြည့်ပြည့်စုံစုံထိုးနှံမှသာ ရောဂါကို ပြည့်ပြည့်ဝဝကာကွယ်ပေးနိုင်မှာဖြစ်လို့ အားလုံးလေ့လာနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်ရှင်။


🏥 ဘမ်ရွန်ဂရက် ကျန်းမာရေးဆွေးနွေးပွဲ
01/08/2025

🏥 ဘမ်ရွန်ဂရက် ကျန်းမာရေးဆွေးနွေးပွဲ

🤎 နှလုံးကျန်းမာရေးအတွက် ဖြည့်စွက်ရမယ့် အစားအစာ ၆ မျိုး 🤎 မနက်စာအတွက် OatmealOatmeal တွေဟာ အာဟာရဓာတ်ပြည့်ဝတဲ့အပြင် နှလုံး...
01/08/2025

🤎 နှလုံးကျန်းမာရေးအတွက် ဖြည့်စွက်ရမယ့် အစားအစာ ၆ မျိုး

🤎 မနက်စာအတွက် Oatmeal
Oatmeal တွေဟာ အာဟာရဓာတ်ပြည့်ဝတဲ့အပြင် နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ အမျှင်ဓာတ်လည်းများလို့ အဆာခံ၊ တင်းတိမ်စေသလို Glycemic Index နိမ့်လို့ ဆီးချိုရောဂါရှင်တွေအတွက်လည်း သင့်တော်ပါတယ်။

🤎 ဆလပ်ရွက်အပြင် ဟင်းနုနွယ်ရွက်
Salad တွေမှာ သုံးနေကျ ဆလပ်ရွက်တွေအစား Spinach (ဟင်းနုနွယ်ရွက်)ကို အစားထိုး စားသုံးကြည့်ပါ။ Antioxidant တွေဖြစ်တဲ့ Vitamin A, C, E အပြင် Magnesium, Selenium နှင့် Zinc တွေ အများအပြားပါဝင်လို့ သွေးကြောတွေကို ကျန်းမာစေပြီး သွေးတိုးတာ၊ သွေးကြောပိတ်တာတွေကို ကာကွယ်ပေးပါတယ်။

🤎 Salmon နှင့် အဆီပြည့်ဝတဲ့ငါးတွေ
နှလုံးအတွက်အကျိုးပြုတဲ့ Omega-3 Fatty Acid တွေ ကြွယ်ဝတဲ့အပြင် Vitamin B, D, Protein နှင့် Selenium တွေလည်း ကြွယ်ဝပါတယ်။

🤎 အသီးဆို Blueberry
Antioxidant တွေနဲ့ Vitamin C ကြွယ်ဝပြီး သွေးကြောနံရံတွေ ရောင်ရမ်းတာကို လျှော့ချပေးနိုင်လို့ Heart Attack မဖြစ်အောင် ကာကွယ်ပေးပါတယ်။

🤎 အသီးအရွက်ဆို Broccoli
Vitamin A, B1, B6, C, E နှင့် K အပြင် အမျှင်ဓာတ်၊ Calcium, Omega-3, Folate, Iron, Potassium, Protein တွေ ပါဝင်ပြီး နှလုံးညှစ်အားကို ကောင်းမွန်စေသလို အောက်စီဂျင်မလုံလောက်တဲ့ အခြေအနေတွေမှာလည်း နှလုံးမထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

🤎 Snack အတွက်ဆို သစ်ကြားသီး
သွေးထဲက မကောင်းတဲ့ LDL တွေကို လျှော့ချပေးလို့ နှလုံးသွေးကြော မပိတ်အောင်နှင့် သွေးပေါင်ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။


Only 3 days left! ⏳Grab this opportunity before it’s gone!📍 Book your check-up now!
29/07/2025

Only 3 days left! ⏳
Grab this opportunity before it’s gone!
📍 Book your check-up now!

🥳 Cheers to 9 Years!
💝 Grateful for Your Trust

၉ နှစ်တိုင် ယုံကြည်အားပေးခဲ့ကြတဲ့ မိတ်ဆွေများ အားလုံးအတွက် Bumrungrad Clinic Yangon ရဲ့Special Promotion ကာလလေးကို ဇူလိုင်လ (၃၁) ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေးလိုက်တဲ့အကြောင်းလေး သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🎉 Enjoy ➡️ Up to 35% OFF on check-up packages 🎊

💝 Elite
💝 Elite Vitality
💝 Platinum
💝 Diamond Health Check-up Package တွေကို

ယခင်က Bumrungrad Hospital Bangkok သို့မဟုတ် Bumrungrad Clinic Yangon မှာ ပြသဖူးသူအတွက်ဆိုရင် -
35% Discount

ယခုမှ ပထမဆုံးအကြိမ် Bumrungrad မှာ ပြသမယ့်သူတွေအတွက်ဆိုရင် -
30% Discount

ဒီလို အထူးစျေးနှုန်းနဲ့ ဇူလိုင်လအတွင်းမှာ လာရောက်စစ်ဆေးလို့ရမှာပဲ ဖြစ်ပါတယ်။

✨ ဇူလိုင်လအတွင်းမှာ လာရောက်မစစ်ဆေးဖြစ်သေးရင်လည်း ကျန်းမာရေးစစ်ဆေးခြင်း Packageတွေကို ကြိုတင်ဝယ်ယူထားရင် (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့အထိ နောက်ဆုံးထားပြီး အသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင်။

🌟 ရက်ချိန်းရယူရန်၊ Package ရွေးချယ်ရန်နှင့် ကျန်းမာရေးဝန်ဆောင်မှုများကို အသေးစိတ်မေးမြန်းလိုပါက -
🏥 ဘမ်ရွန်ဂရက်ရန်ကုန်ဆေးခန်း။
အမှတ် (၉/ဘီ) မနော်ဟရီလမ်း၊ဒဂုံမြို့နယ်၊ရန်ကုန်။
ဖုန်းနံပါတ် 📲 09- 78 230 2424, 09- 45 749 4363 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။





#2025

♦️ ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ အသည်းရောင်ရောဂါနဲ့ ပတ်သက်ပြီး လူတိုင်းသတိပြုဂရုစိုက်နိုင်ကြဖို့ ရည်ရွယ်ပြီး World Hepatitis D...
28/07/2025

♦️ ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ အသည်းရောင်ရောဂါနဲ့ ပတ်သက်ပြီး လူတိုင်းသတိပြုဂရုစိုက်နိုင်ကြဖို့ ရည်ရွယ်ပြီး World Hepatitis Day (ကမ္ဘာ့အသည်းရောင်ရောဂါနေ့) ကို နှစ်စဉ် ဇူလိုင်လ ၂၈ ရက်နေ့မှာ သတ်မှတ်ထားပါတယ်။

♦️ ယခု ၂၀၂၅ အတွက် Theme ကတော့ "Hepatitis: Let’s Break It Down" ပဲ ဖြစ်ပါတယ်။

♦️ အသည်းရောင်ရောဂါနှင့် နောက်ဆက်တွဲ အသည်းကင်ဆာဖြစ်ပွါးတာကို အဆုံးသတ်ဖို့ ဘဏ္ဍာရေး၊လူမှုရေးစတဲ့ အခက်အခဲတွေရှိနေဆဲဖြစ်ပြီး ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အမြန်ဆောင်ရွက်ရန်လိုအပ်နေကြောင်း လှုံ့ဆော်ဖို့ ရည်ရွယ်ပါတယ်။

♦️ နာတာရှည် အသည်းရောင်ရောဂါ B နှင့် C ကြောင့် အသည်းကင်ဆာအထိဖြစ်နိုင်ပါတယ်။ အသည်းရောင် B ပိုးကို ကာကွယ်ဆေးထိုး ကာကွယ်လို့ရပြီး ကူးစက်ခံရပြီးသားဆိုရင်တော့ ဆေးဝါးပုံမှန်စနစ်တကျသောက်သုံးပြီး ထိန်းထားနိုင်ပါတယ်။ အသည်းရောင် C ပိုးကတော့ ဆေးဝါးတွေနဲ့ အမြစ်ပြတ်ကုသနိုင်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ကာကွယ်မှုတွေ၊ ကုသမှုတွေ ရနိုင်စေဖို့ လက်တွဲလုပ်ဆောင်ကြရန်လိုအပ်နေကြောင်း ဒီ Campaign က အသိပေးလျက်ရှိပါတယ်။


🧑‍⚕️ ဆီးချိုရောဂါဟာ နှလုံးသွေးကြောပြဿနာတွေဖြစ်စေနိုင်တဲ့ Independent Risk Factor တစ်ခုဖြစ်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေအနေန...
26/07/2025

🧑‍⚕️ ဆီးချိုရောဂါဟာ နှလုံးသွေးကြောပြဿနာတွေဖြစ်စေနိုင်တဲ့ Independent Risk Factor တစ်ခုဖြစ်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်ပြီး ဆေးဝါးတွေနဲ့ စနစ်တကျထိန်းထားရင် နှလုံးသွေးကြောပြဿနာတွေကို ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

🧑‍⚕️ အဓိကအားဖြင့် -

✅ ဆရာဝန်နှင့် ပုံမှန် Check-up လုပ်တာ၊ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သင်ယူလေ့လာပြီး လိုက်နာဆောင်ရွက်တာ၊အစားအစာကို ဆရာဝန်နဲ့ တိုင်ပင်ပြီး စနစ်တကျစားတာ

✅ စားသောက်နေထိုင်မှုပုံစံနှင့် ဆေးဝါးတွေရဲ့ ထိရောက်မှု အတိုင်းအတာကို သိပြီး ချိန်ဆထိန်းညှိနိုင်ဖို့ ဆီးနှင့် သွေးကို ပုံမှန် စစ်ဆေးတာ

✅ ကျန်းမာရေးနှင့် ညီညွတ်တဲ့ စားသောက်မှုပုံစံအတိုင်း စားတာ

✅ လိုအပ်တဲ့ ဆေးဝါးတွေ ပုံမှန်သောက်တာ

✅ ကိုယ်အလေးချိန်လျှော့တာ/ ထိန်းတာ

✅ လေ့ကျင့်ခန်းပုံမှန်လုပ်တာ

ဒါတွေကို ဆောင်ရွက်ပေးနိုင်ပါတယ်။



✨ ခန္ဓာကိုယ်မှာ Bad Cholesterol တွေ များလာတဲ့အခါ သွေးကြောနံရံတွေပေါ်မှာ စုပုံလာပြီး သွေးကြောတွေကို ကျဉ်းလာစေပါတယ်။ သွေးက...
26/07/2025

✨ ခန္ဓာကိုယ်မှာ Bad Cholesterol တွေ များလာတဲ့အခါ သွေးကြောနံရံတွေပေါ်မှာ စုပုံလာပြီး သွေးကြောတွေကို ကျဉ်းလာစေပါတယ်။ သွေးကြောတွေ ရောင်ရမ်းနေတဲ့အချိန်မှာဆိုရင် သွေးကြောပေါက်တာ၊ သွေးခဲပိတ်တာတွေအထိ ဖြစ်နိုင်ပါတယ်။ Cholesterol များလေ နှလုံးနှင့် သွေးကြောရောဂါတွေ ဖြစ်နိုင်ချေများလေ ဖြစ်ပါတယ်။

✨ High Blood Cholesterol Level ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ -

-အစားအသောက်ပုံစံမှားတာ
(ဥပမာ-အနီရောင်အသားတွေ အလွန်အကျွံစားတာ၊ Trans Fat တွေများတဲ့ အစားအစာတွေ အစားများတာ)

-BMI 30 နဲ့ အထက်ဖြစ်နေတာ၊ အဝလွန်နေတာ

-လေ့ကျင့်ခန်းမလုပ်တာ

-ဆေးလိပ်သောက်တာ၊ ဆေးလိပ်သောက်တဲ့သူနားမှာ အမြဲနေတာ

-အသက် ၆၅ နှစ် အထက်ဖြစ်လာတာ (ခန္ဓာကိုယ်မှာ ဇီဝကမ္မဖြစ်စဉ်တွေ နှေးလာတာကြောင့်)

-ဆီးချိုရှိတာနှင့် ဆီးချိုရောဂါ မျိုးရိုးရှိတာ

- နှလုံး၊ ကျောက်ကပ်၊ သွေးတိုးရောဂါနှင့် သွေးတွင်းအဆီများတတ်တဲ့ မိသားစုမျိုးရိုးရှိတာ
ဒီအချက်တွေပဲ ဖြစ်ပါတယ်။



📌 သွေးတိုးရောဂါကြောင့် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နိုင်လဲ?🫀 သွေးတိုးရောဂါကြောင့် နှလုံးမှာ ဝန်ပိုစေတဲ့အပြင်-သွေးကြောရဲ့ အတွင...
24/07/2025

📌 သွေးတိုးရောဂါကြောင့် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နိုင်လဲ?

🫀 သွေးတိုးရောဂါကြောင့် နှလုံးမှာ ဝန်ပိုစေတဲ့အပြင်

-သွေးကြောရဲ့ အတွင်းဘက်မျက်နှာပြင်မှာ အဆီနှင့် Fibrous Material တွေ စုပုံလာစေပြီး သွေးကြောကျဉ်းရောဂါကို ဖြစ်စေနိုင်ပါတယ်။

-နှလုံးကနေ သွေးတွေ လုံလုံလောက်လောက် မညှစ်ထုတ်ပေးနိုင်တော့တဲ့ နှလုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။

-နှလုံးက လိုတာထက်ပိုပြီး အလုပ်လုပ်ရတာကြောင့် နှလုံးရဲ့နံရံတွေ ထူလာပြီး နှလုံးကြီးတာ၊ နှလုံးရပ်တာတွေ ဖြစ်နိုင်ပါတယ်။

-အားနည်းပျက်စီးလာတဲ့ သွေးကြောတွေကြောင့် ကျောက်ကပ်ဆီကို သွေးတွေ လုံလုံလောက်လောက်မရောက်တော့ပဲ ကျောက်ကပ်ရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။

-ဦးနှောက်သွေးကြောပိတ်တာကြောင့် လေဖြတ်တာ၊ အသက်ဆုံးရှုံးရတာလည်း ဖြစ်နိုင်ပါတယ်။

-မျက်လုံးသွေးကြောပြဿနာဖြစ်ပြီး အမြင်ဝေဝါးသွားတာ၊ အမြင်အာရုံဆုံးရှုံးရတာမျိုးအထိ ဖြစ်နိုင်ပါတယ်။



🇲🇲 (၇၈)ကြိမ်မြောက် အာဇာနည်နေ့ 🇲🇲 ယနေ့ကျရောက်သော (၇၈)ကြိမ်‌မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီး...
19/07/2025

🇲🇲 (၇၈)ကြိမ်မြောက် အာဇာနည်နေ့ 🇲🇲

ယနေ့ကျရောက်သော (၇၈)ကြိမ်‌မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား လေးစားစွာ ဂါရဝပြုအပ်ပါသည်။


💡 HPV Vaccine(သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး)နဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ။ 🔎 အသက်(၂၆)နှစ်တော့ကျော်ပြီ။ ကာကွယ်ဆေ...
18/07/2025

💡 HPV Vaccine(သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး)နဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ။

🔎 အသက်(၂၆)နှစ်တော့ကျော်ပြီ။ ကာကွယ်ဆေးထိုးလို့ရသေးလား။ ဘာတွေ အကျိုးရှိမလဲ။
✅ ထိုးလို့ရပါတယ်။ တစ်ခါမှ မထိုးဖူးသေးရင် ထိုးထားသင့်ပါတယ်။ HPV Infection ရှိပြီးသားဆိုရင်တောင် ကျန်တဲ့ HPV အမျိုးအစားတွေကို ကာကွယ်ဖို့ ထိုးပေးနိုင်ပါတယ်။

🔎 HPV infection ရှိပြီးသားဆိုတော့ အကျိုးသက်ရောက်မှု ရှိပါ့မလား။
✅ အပေါ်မှာ ပြောခဲ့သလိုပဲ တခြား HPV အမျိုးအစားတွေကို ကာကွယ်ပေးသလို တူညီတဲ့ Virus ထပ်ပြီး မကူးစက်အောင်လည်း ကာကွယ်ပေးပါတယ်။

🔎 လိင်အတွေ့အကြုံရှိပြီးရင်ရော ထိုးလို့ရသေးလား။
✅ အသက်(၉)နှစ် အထက်ကစပြီး ကျား၊ မ မရွေး ထိုးနိုင်ပါတယ်။ လိင်အတွေ့အကြုံ ရှိဖူးသူဖြစ်ဖြစ်၊ မရှိဖူးသူဖြစ်ဖြစ် ထိုးလို့ရပါတယ်။

🔎 ကာကွယ်ဆေးမထိုးခင် သားအိမ်ခေါင်းကင်ဆာအရင်စစ်ရမလား။
✅ HPV-DNA ဒါမှမဟုတ် သားအိမ်ခေါင်းကင်ဆာစစ်တာတွေ မလုပ်ပဲ ကာကွယ်ဆေးထိုးလို့ရပါတယ်။ စစ်ဆေးကြည့်လို့ HPV ပိုးတွေ့တာက အန္တရာယ်မရှိတဲ့ ပိုးအမျိုးအစား ဖြစ်နေနိုင်သလို သားအိမ်ခေါင်းမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ့တာတွေက HPV ကြောင့်မဟုတ်ပဲ အခြားအကြောင်းရင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် HPV Vaccine ထဲမှာ ပါဝင်တဲ့ ပိုးအမျိုးအစားတွေကို ကာကွယ်ဖို့ ထိုးသင့်ပါတယ်။

🔎 ကိုယ်ဝန်ယူမှာ ထိုးလို့ရပါ့မလား။ ထိုးပြီးမှ ကိုယ်ဝန်ရှိနေတာ သိရင်ရော ဘာလုပ်သင့်လဲ။
✅ ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိသူတွေလဲ ထိုးလို့ရပါတယ်။ ကိုယ်ဝန်မဆောင်ခင်မှာ Dose ပြည့်အောင်ထိုးထားရင်တော့ ပိုသင့်တော်ပါတယ်။ ဆေးထိုးပြီးမှ ကိုယ်ဝန်ရှိလာခဲ့ရင် ကျန်တဲ့ Dose တွေကို မီးဖွားပြီးမှပဲ ဆက်ထိုးသင့်ပါတယ်။

🔎 အမျိုးသားတွေ HPV Vaccine ထိုးရင် ဘာအကျိုးရှိလဲ။
✅ HPV ကြောင့် ဖြစ်တဲ့ ခံတွင်းနှင့်လည်ချောင်းကင်ဆာ၊ လိင်တံကင်ဆာ၊ စအိုကင်ဆာနှင့် လိင်အင်္ဂါကြွက်နို့တွေကို ကာကွယ်ပေးနိုင်ပါတယ်။

🔎 HPV Vaccine က ဘယ်နှစ်မျိုးရှိလဲ? ဘာတွေ ကွာခြားလဲ?
✅ HPV 16 နှင့် 18 ကို ကာကွယ်ပေးတဲ့(၂)မျိုးစပ်ကာကွယ်ဆေး
✅ HPV 6,11,16,18 ကို ကာကွယ်ပေးတဲ့ (၄)မျိုးစပ်ကာကွယ်ဆေး
✅ HPV 6,11,16,18, 31, 33, 45, 52, 58ကို ကာကွယ်ပေးတဲ့ (၉)မျိုးစပ်ကာကွယ်ဆေးဆိုပြီး (၃)မျိုး ရှိပါတယ်။

✅ (၄)မျိုးစပ်ကာကွယ်ဆေးက သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်‌ချေ ၇၀% နှင့် လိင်အင်္ဂါကြွက်နို့တွေကို ဖြစ်စေတဲ့ Virus ၉၀% ကို ကာကွယ်ပေးပါတယ်။ အမျိုးသားတွေမှာဆိုရင် HPV ကြောင့်ဖြစ်တဲ့ စအိုကင်ဆာနှင့် လိင်အင်္ဂါကြွက်နို့တွေကို ကာကွယ်ပေးပါတယ်။

✅ (၉)မျိုးစပ်ကာကွယ်ဆေးက သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေ ၉၄% နှင့် ခံတွင်းနှင့်လည်ချောင်းကင်ဆာတွေကို ဖြစ်စေတဲ့ Virus ၉၅% ကို ကာကွယ်ပေးပါတယ်။

🔎 (၂)မျိုးစပ်ရော (၄)မျိုးစပ်ရော ထိုးပြီးပြီ။ (၉)မျိုးစပ်ထပ်ထိုးသင့်လား။
✅ (၉)မျိုးစပ်ကာကွယ်ဆေးကို ဆရာဝန်နဲ့တိုင်ပင်ပြီးထပ်မံထိုးနှံနိုင်ပါတယ်။ ဒါဆိုရင် နောက်ထပ် Virus အမျိုးအစားတွေကိုပါ ထပ်ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

🔎 (၉)မျိုးစပ်ကာကွယ်ဆေးက ဘယ်လောက် ထိရောက်လဲ။
✅ အသက် (၉)နှစ်မှ (၁၅)နှစ်အတွင်းထိုးရင် ခုခံအားများများ ပိုထွက်ပါတယ်။ ဒီခုခံအားဟာ ဆေးထိုးပြီး (၁၀)နှစ်ကြာတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲ ၉၀% အထက် ရှိနေဆဲဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာနှင့် လိင်အင်္ဂါကြွက်နို့တွေကို ၁၀၀% အပြည့် ကာကွယ်နိုင်ဆဲ ဖြစ်ပါတယ်။



Address

No. 9/B, Ma Naw Hari Street, Dagon Township, Yangon
Yangon
11191

Opening Hours

Monday 07:00 - 16:00
Tuesday 07:00 - 16:00
Wednesday 07:00 - 16:00
Thursday 07:00 - 16:00
Friday 07:00 - 16:00
Saturday 07:00 - 12:00

Telephone

+959782302424

Alerts

Be the first to know and let us send you an email when Bumrungrad Clinic Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Bumrungrad Clinic Yangon:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

Our Story

Bumrungrad Clinic Yangon is your local access to Bumrungrad International Hospital.

Founded in 2016, the clinic ensures the same level of quality as Bumrungrad’s main campus in BKK by matching our medical technology, equipment and bringing in healthcare professionals who have received training in Thailand and overseas.

Bumrungrad Clinic Yangon offers health screening services, primary care services, on-site medical laboratory services, medical imaging services, pharmacy services, appointment scheduling and continuation of care services.

Bumrungrad Clinic is fully integrated with Bumrungrad International’s computer infrastructure to ensure seamless coordination between diagnostic and primary care services in Yangon and specialized care services at the main hospital in Bangkok.