Doctors On Wheels အိမ်တိုင်ရာရောက်ဆေးကုသမှုလုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • Doctors On Wheels အိမ်တိုင်ရာရောက်ဆေးကုသမှုလုပ်ငန်း

Doctors On Wheels  အိမ်တိုင်ရာရောက်ဆေးကုသမှုလုပ်ငန်း အိမ်မှာနေပါ။ဒေါက်တာတို့လာကုပေးပါမယ်။

အလုပ်များလှတဲ. ဒီခေတ်ဒီအခါမှာ ကျန်းမာရေးစစ်ဆေးကုသ ဖီု.အတွက် သင်.ကျောင်း သင်.အလုပ်ခွင်သင်.နေအိမ်မှာ အလုပ်မပျက်သာစောင်.နေပါ။
အတွေ.အကြုံ ပြည်.၀သော ဆရာဝန်ဆရာမ ပညာရှင်များမှသင်တို. ရှိရာအရောက် ကျန်းမာရေး စစ်ဆေးကုသ ပေးပါမည်။
ကျန်းမာရေး ကြိုတင်စစ်ဆေးကုသခြင်းဖြင်.ရောဂါကြီးများကို ရှောင်ရှားပစ်လိုက်ပါ။

ကျန်းမာကြပါစေ 🙏🙏🙏
09/10/2025

ကျန်းမာကြပါစေ 🙏🙏🙏

ပရိမိတ္တဇာလသုတ် ဓမ္မဒါန ပါ
09/10/2025

ပရိမိတ္တဇာလသုတ် ဓမ္မဒါန ပါ

ကျန်းမာကြပါစေ🙏🙏🙏
02/10/2025

ကျန်းမာကြပါစေ🙏🙏🙏

ခါးနာ တင်ပါးနာ ပေါင်နာ ခံစားနေရသူများအတွက် ပြောပြပေးချင်ပါတယ်ခါးနာလို့အကြောညပ်လို့အာရုံကြောယောင်လို့စသော ရောဂါ အမည်တွေကိ...
21/09/2025

ခါးနာ တင်ပါးနာ ပေါင်နာ ခံစားနေရသူများအတွက်
ပြောပြပေးချင်ပါတယ်

ခါးနာလို့
အကြောညပ်လို့
အာရုံကြောယောင်လို့စသော ရောဂါ အမည်တွေကိုတော့လူအများကြားဖူးကြမှာပါ

ထိုဝေဒနာ ကို ခံစားဖူးသူများပေမယ့် sciatica ဆိုသောရောဂါကို တော့သိသူ နည်းပါတယ်။

Sciatic nerve ဆိုတာ လူတကိုယ်လုံး ရဲ့ အာရုံ ကြော အဖွဲ့အစည်းမှာ အကြီးဆုံး အာရုံကြောတချောင်းပါ။

လက်သန်းလုံးနီးပါး လုံးပတ်ရှိပါတယ်။

ခါးရိုးဆစ်များဆီကနေ ထွက်လာပြီး တင်ပါး အလည်ကဖြတ်ဆင်းကာ ပေါင်နောက်ဘကိကနေ ခြေဖျားအထိသွားပါတယ်။

အောက်ပိုင်းရောက်လျင်အာရုံကြောမွှာတွေခွဲကာ သေးငယ်သွားပြီး အမည်လည်းပြောင်းသွားပါတယ်။

Sciatic nerve မှာ အကြောင်း တခုခူ ကြောင့် ထိခိုက် မိတဲ့အခါ sciatica ခေါ်တဲ့ အာရုံကြော နာကျင်မှု ကို အဓိက က ခံစားရတာပါ။

Sciatic nerve related pain ဖြစ်ပြီး Sciatica ခေါ်ပါတယ်

သူနာတဲ့ပုံစံက သိသာပါတယ်။

ခါးမှာ ဒီ လောက်မနာပါ။

အများအားဖြင့် တင် ပါး အလည်ခေါင်လောက်မှာ အတွင်းထဲကနေ ဝါးချွန်နဲ့ ထိုးနေသလို စူးပြီးနာပါတယ်။

တချို့ က ပေါင်နောက်ဘက် အကြောအထိနာပါတယ်။

လှုပ်လျင်ပိုနာပါတယ်

လမ်းလျောက်လျင်ပိုနာပါတယ်။

weight bearing ကို မခံနိုင်ပါဘူး။

ပက်လက်အိပ်လျက်ခြေကိုအပေါ်မမြောက်နိုင်ပါဘူး။

နာလို့ လူက frame စောင်းသလို ခါးတစောင်းရပ် နေရပါတယ်။

နှာချေတာ ချောင်းဆိုးတာ လုပ်မိလျင်တောင်နာပါတယ်။

အိပ်ရာထ ပိုနာပါတယ်။

အေးလျင်ပိုနာပါတယ်။

ပက်လက် မအိပ်နိုင်ဘူး။ မနာတဲ့ဘက်စောင်းအိပ်ရပါတယ်။

မလှုပ်ပဲ ထိုင်နေလျင် လုံးဝမနာဘူး ဖြစ်တတ်ပါတယ်။

ဆောင့်စောင့် မထိုင်နိုင်ပါဘူး။

ပုဆစ်တုပ်မထိုင်နိုင်ပါဘူး။

မကုန်းနို င်ပါဘူး။

ခြေဖါးအထိ ထုံကျင်တာမျိုးလည်းရှိတတ်ပါတယ်။

မရနိုင်တဲ့ position တွေကို လုပ်မိ လျင်အသည်းခိုက်အောင်နာပါတယ်။

အထက်ပါ လက္ခဏာ တွေ အကုန် လုံးမဟုတ်လည်း တော်တော်များများကခံစားရကြပါတယ်။

❓❓❓ မိမိ ခံစားနေရတာနဲ့ တူနေပါသလား ❓❓❓

❓ ဘာကြောင့်ဖြစ်ရတာလဲ ❓

🔰 အများအာဖြင့်တော့ ခါးရိုးအဆစ်တွေကြားထဲက အရွတ်ပြား လေးက ကူရှင် လိုခံပေးထား တဲ့ အရွတ်ပြားလေးက ပြားလာ ပါးလာ ကျွံ ထွက်လာတာပါ။
ထိုအခါ ခါးအရိုးဆစ်လေးတွေက တခုနှင့်တခု နီး လာ ပိလာပြီး သူတို့ ကြားထဲမှာရှိတဲ့ အာရုံကြော တွေ ပိညပ်လာတာပါ။ အကြော ညပ် တယ်ဆိုကြပါစို့။

🔰နောက်တခု ဖြစ်တတ်တာက အာရုံကြောမကြီးသွားရာ ခါးရိုးဆစ် အလည်က လမ်းကြောင်းလေး ကျဉ်းပိလာတာပါ။ ခွဲစိတ်ရတတ်ပါတယ်။

🔰 ကင်ဆာ ပျံ့နှံ ခြင်း၊ ပေါင်နှင့် တင်ပါးရိုးအဆက်ကအရွတ်ယောင်ခြင်း၊ ပိုးဝင်ခြင်း စသော အခြေနေများကို လည်း ( အဖြစ်နည်း ပေမယ့်) ထည့်စဉ်းစားရမှာပါ။

🩺🩺🩺 ဘယ်လိုကုသမလဲ

💊🚫💊🚫💊🚫 သေချာတယ် သောက်ဆေး သက်သက်နဲ့မပျောက်ပါဘူး

🏺🚫🏺🚫🏺🚫 ဆေးမြီးတို အိမ်တွင်းဆေးနဲ့မပျောက်ပါဘူး

👉👉👉 ဒါဆို ဘာလုပ်ရမလဲ👈👈👈

✅✅✅ ဆရာဝန် ပြပါ ✅✅✅

ဆေးပညာမှာ ရောဂါတခုကိုကုသဖို့ အခြားရောဂါတခုမဟုတ်ကြောင်း exculde လုပ်ရတာရှိပါတယ်။

✅ X ray ဓါတ်မှန် ရိုက်ရပါမယ်။ အရိုး ကျိုးတာ အရိုးအက်တာမဟုတ်ကြောင်း exclude လုပ်ရပါမယ်။
အရွတ်ပါးတာ၊ အရွတ်ကျွံတာ၊ အရိုးပါးတာ အရိုးကွင်းကျဉ်းတာ တွေ ဓါတ်မှန်မှာတွေ့ရနိုင်ပါတယ်။ လိုအပ်လျင် MRI ရိုက်မယ်။ မလိုလျင်မရိုက်ပါ။

✅ အရိုး ကျိုးခြင်း၊ အရုံကြောမကြီး ဖိမိနေခြင်းစသော အရေးကြီး ရောဂါများကို exclude လုပ်ပြီးနောက် sciatica ကို စတင်ကုသပါမည်။

ကုသနည်းများတွင်

✳️ လေ့ကျင့်ခန်း လုပ်ခြင်း

နာပါတယ်ဆို လေ့ကျင့်ခန်းလုပ်နိုင်ပါ့မလား ထင်စရာ ရှိသော်လည်း နာကျင်မှုကိုသက်သာစေသော ကြွက်သားတင်းမာမှုကို လျော့ စေသော လေ့ကျင့်ခန်းများရှိပါသည်။

✳️အနေအထိုင်

သက်သာစေသော ရောဂါမတိုးစေသော အနေအထိုင်ကို ဂရု စိုက်ရပါမည်။
ပုဆစ်တုတ်မထိုင်ရ။ ဆောင့်ကြောင့်မထိုင်ရ။ဖိမအိပ်ရ။ အနာခံပြီးဇွတ်မလုပ်ရ။

✳️ သောက်ဆေး

အနာသက်သာဆေး
ကြွက်သာ တင်းမာမှုလျော့စေသောဆေး
အာရုံကြော အားဆေး
အာရုံကြော ဆိုင်ရာ ထုံကျင်မှုသက်သာဆေး
အယောင်ကျဆေး
လိုအပ်လျင် - antibiotics
စသည်ဖြင့် ဆရာဝန်ကပေးနိုင်ပါတယ်။

✳️ လိမ်းဆေး

တချို့ လူတွေက diclofenac cool gel လို အနာသက်သာဆေးနဲ့ပိုအဆင်ပြေပါတယ်။
တချို့ လူတွေက ပူတဲ့ လိမ်းဆေးနံ့ မှ ၊ ရေနွေးအိတ်ကပ်မှ သက်သာတာလည်းရှိပါတယ်။

တချို့ က ရေခဲ ခြောက်ကပ်မှ သက်သာတတ်တယ်။ မိမိ နဲ့အဆင်ပြေတာလုပ်လို့ရပါတယ်။

✳️ ထိုးဆေး

ခဏ သက်သာနိုင်ပါတယ်။ ချက်ချင်းမ ပျောက်ပါ။

✳️ စိတ် စွမ်းအင်

sciatica သည် အာရုံကြောရောဂါမို့ စိတ်စုစည်းပြီး ကိုယ်တွင်းကစွမ်းအင်ဖြင့် ရောဂါ ရဲ့ နာကျင်မှုကို ခုခံ နိုင်တာတွေ့ရပါတယ်။
အသက်အောင့်ပြီး အံကြိတ်ပြီး တောင့် ထား လိုက်လျင် လျော့ပေးထားသလောက်မနာဘူးဟု တချို့လူနာတွေကပြောပါတယ်။
ဒါကတော့ research သိပ်မရှိသော interview related အချက်တခုပါ။

✳️ Physiotherapy စက်ကိရိယာ

ဒါကို တော့ gold standard လို့ ဆိုချင်ပါတယ်။ ခွဲစိတ်ဖို့ indication မရှိတဲ့ လူနာတတွမှာ
ခွဲစိတ်သင့်သောလည်း မခွဲစိတ်ဘူး ဆုံုးဖတ်ထားတဲ့ လူနာတွေမှာ

physiotherapy စက်ကိရိယာများဖြင့် သိသိသာသာ သက်သာစေပါတယ်။

Laser TENS ( Transcutaneous electrical nerve stimulation) ကိရိယာ ဖြင့် လူနာများစွားကို သက်သာပျောက်ကင်းအောင် ကုသပေးခဲ့ ဖူး ပါတယ်။

TENS ကို အာရုံကြောနိုးဆွ ကုသ ကိရိယာတခု လို့ ဆိုနိုင်ပါတယ်။

အသံလှိုင်းဖြင့် သွားတဲ့ အနာသက်သာစေတဲ့ ultrasound နှင့်
Radient heat ခေါ်သော အပူပေး ကီရိယာများ လည်း ဆရာဝန်က ဆုံးဖြတ်လျင် သင့်တော်သလိုအသုံးပြုနိုင်ပါတယ်။

✳️ ခွဲ စိတ်ခြင်း

ကျောရိုး အာရုံကြောမကြီးက ခါးဆစ်ရိုးကွင်းများလဲတွင် ဖိညပ်နေခြင်း
အရိုးတွေ ကျွံထွက်ပြီး ဖိမိနေခြင်း
အရိုးကျိုးခြင်းစသော အခြေအနေများကြောင့် ခြေထောက်နာလျင်တော့ ခွဲစိတ်ဖို့စဉ်းစားရမှာဖြစ်ပါတယ်။

🔵 အခုရေးပေးတာတွေကတော့ လူအများခံစားနေရတဲ့ ခါး နာခြေထောက်နာ အကြောညပ် ဝေဒနာအတွက်အဖြစ်များတဲ့ sciatica ခေါ်တဲ့ sciatic nerve ကြောင့် ဖြစ်ရတဲ့ နာကျင်မှုများအကြောင်းပါ

🟢 အနာသိလျင်ာဆေးရှိပြီး၊ ဆေးသေချာမကုလျင်တော့ အလုပ်ပျက်အစားပျက် တရှောင်ရှောင်ဖြစ်နေရတဲ့ရောဂါတမျိုးပါ

🟡 အနေအထိုင် ဆင်ခြင်ပြီး လေ့ကျင့်ကုသလျင် ၂ ပတ် မှ ၆ ပတ်အတွင်း သက်သာ ပျောက်ကင်းနိုင်ပါတယ်။ သက်သာပြီး လည်း အခန့်မသင့်လျင် ပြန်ဖြစ်တတ်လို့ အနေအထိုင်ဆင်ခြင်ရပါတယ်။

🟣 ခွဲစိတ်ဖို့ လိုလျင်တော့ ခွဲဖို့ စဉ်းစားရမှာပါ။ မခွဲချင်ကြတာတော့များပါတယ်။

✅Physiotherapy စက်ကရိယာများဖြင့် Doctors On Wheels မှ အိမ်တိုင် ရာရောက်ကုသပေးပါတယ်✅

Doctors On Wheels

09442333535
09961211300
ရန်ကုန်မြို့

( January 2016 တွင်စတင်တည်ထောင်သည် )

Yangon

ကျန်းမာသုခရကြပါစေ🙏🙏🙏
09/09/2025

ကျန်းမာသုခရကြပါစေ🙏🙏🙏

16/08/2025

အရက် စွဲ နေပြီလား ဘယ်လိုသိနိင်မလဲ ???

🔰အရက် သောက်ဖို.က တခြား အလုပ်အားလုံးထက် အ ရေးကြီး နေပြီ လား

🔰ရေချိန် ကိုက် ဖို. ပိုပို သောက် နေရပြီလား

🔰မသောက်ရရင် နေမထိထိုင်မသာ ချွေးပြန် မောပန်းကတုံကရင် ဖြစ် လား

🔰ဒီလိုဖြစ်ရင် သောက်လိုက် မှ သက်သာ လား

🔰သောက်ချင်တဲ့ အကြိမ် နိးနီး လာပြီလား

🔰မဖြစ်မနေ သောက် ရမှ နေသာပြီလား

အထက်ပါ အချက်တွေ ရှိ နေလျှင် အရက်စွဲ နေပြီ ဟု သုံး သပ် နှိင် သည်။

Address

Yangon
11091

Opening Hours

Monday 09:30 - 18:00
18:30 - 19:00
Tuesday 09:30 - 18:00
18:30 - 19:00
Wednesday 09:30 - 18:00
18:30 - 19:00
Thursday 09:30 - 18:00
18:30 - 19:00
Friday 09:30 - 18:00
18:30 - 19:00
Saturday 09:30 - 18:00
18:30 - 19:00
Sunday 09:30 - 17:00
18:30 - 19:00

Telephone

+959442333535

Alerts

Be the first to know and let us send you an email when Doctors On Wheels အိမ်တိုင်ရာရောက်ဆေးကုသမှုလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Doctors On Wheels အိမ်တိုင်ရာရောက်ဆေးကုသမှုလုပ်ငန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

ဘာတွေထူးခြားလဲ

Doctors On Wheels အိမ်တိုင်ရာရောက် ဆေးကုသမှုလုပ်ငန်း ကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီ မှ စတင် တည်ထောင်ခဲ့ပါသည်။

ဆေးပညာ experience ၁၅ နှစ်ကျော်ရှိသော ၊Singapore နိုင်ငံတွင် Home Health Care Services လုပ်ကိုင်ခဲ့သော၊ Singapore နိုင်ငံမှ Specialist Diploma ဘွဲ့ လွန်များ ရ ၇ှိထားသော မိသားစု ကျန်းမာရေး ဆရာဝန် Family Physician မှ ဦးစီးတည်ထောင်ခဲ့ပါသည်။

Doctors On Wheels အိမ်တိုင်ရာရောက် ဆေးကုသမှုလုပ်ငန်း၏ အထူးနှစ်သက်ဖွယ် ၀န်ဆောင်မှုများမှာ မိမိရောဂါအကြောင်းကို သေသေချာချာရှင်းပြခြင်း ၊ လူမမာအိမ်တွင် အချိန် ၄၅ မိနစ်မှ ၁နာရီခွဲခန့် အထိ အချိန်ပေးကုသရှင်းပြခြင်း၊ မိမိကိုကုသပေးသောဆရာဝန် ထံတိုက်ရိုက်ဖုန်းဆက်ခွင့်ရခြင်း ၊နှင့် လူမမာ များ၏ ကျန်းမာရေးကို မိမိ ၏မိသားစုသဖွယ်အရေးထားစဉ်းစာေးပးခြင်း၊ ECG ,သွေးချိုစစ်စက်၊ ချွဲစုပ်စက် ၊ အောက်ဆီဂျင်ပေးစက် ၊နှင့်လိုအပ်သောဆေးဝါးများ တပါတည်းပါလာခြင်း၊စိတ်ရှည်သဘောကောင်းအရည်အချင်းပြည့်ဝသော ဆရာဝန် ဆရာမ များမှ ကုသပြုစုပေးခြင်း အစရှိသောကိုယ်ချင်းစာတရားနှင့် မေတာ တရားကိုအခြေခံ သောservices များဖြစ်ပါသည်။ကျန်းမာရေး ပုံမှန် စစ်ဆေးကုသခြင်းဖြင်.ရောဂါကြီးများကိုရှောင်ရှားလိုက်နိုင်ပါသည်။အသက်ဥာဏ်စောင့်ပါသည်။

မိသားစုထဲမှာ ဆရာဝန်ရှိစေချင်လား ? Doctors On Wheels ကို သတိရလိုက်ပါ။