Sakura Dental Clinic - North Dagon

Sakura Dental Clinic - North Dagon We care your smile

27/03/2026

သွားတိုက်တံလေးတွေ စကားပြောနိုင်ရင် သင့်ကိုဘာပြောမလဲ?

ဗီဒီယိုထဲကလိုပဲ... သင့်သွားတိုက်တံက "ငါ့ကို ဘယ်တော့လဲမှာလဲ" လို့ မမေးခင် အသစ်လဲလှယ်ဖို့ သတိပြုရအောင်။

သွားတိုက်တံကို (၃) လထက်ကျော်ပြီး သုံးနေရင်
⚠️ စုတ်ဖွာနေတဲ့ အမွေးတွေကြားထဲမှာ ပိုးမွှားတွေ ခိုအောင်းနေတတ်ပြီး 𝐁𝐚𝐜𝐭𝐞𝐫𝐢𝐚 အသိုက်အမြုံဖြစ်လာမယ်။
⚠️ အမွေးကားကားတွေက သွားဖုံးကို ထိခိုက်စေပြီး သွားဖုံးနာခြင်း၊ သွေးထွက်ခြင်းတွေကို ဖြစ်စေပါတယ်။
⚠️ သွားကြားထဲက အညစ်အကြေးတွေကို ထိရောက်အောင် မဖယ်ရှားနိုင်တော့လို့ သွားပိုးစားခြင်းနဲ့ ခံတွင်းနံ့ပြဿနာတွေ ကြုံရနိုင်ပါတယ်။

✨ ဒါ့ကြောင့် ကျန်းမာလှပတဲ့ အပြုံးကို ထိန်းသိမ်းဖို့ဆိုရင် - ✅ သွားတိုက်တံကို (၃) လတစ်ကြိမ် မဖြစ်မနေ လဲလှယ်ပါ။ ✅ အနည်းဆုံး (၆) လတစ်ကြိမ် သွားဆရာဝန်နဲ့ ပုံမှန်ပြသ စစ်ဆေးပါ။

သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 ကို သတိရလိုက်ပါ! 🦷✨

📞 𝐂𝐨𝐧𝐭𝐚𝐜𝐭: 𝟎𝟗-𝟕𝟖𝟗 𝟏𝟒𝟒 𝟏𝟏𝟒, 𝟎𝟗-𝟒𝟎𝟓 𝟏𝟖𝟖 𝟏𝟖𝟒 🏥 𝐀𝐝𝐝𝐫𝐞𝐬𝐬: အမှတ်(၁)၊ ဦးဝိစာရလမ်းနှင့် တပင်ရွှေထီးလမ်းထောင့်၊ ၃၄ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။

#𝐒𝐚𝐤𝐮𝐫𝐚 #𝐃𝐞𝐧𝐭𝐚𝐥𝐂𝐥𝐢𝐧𝐢𝐜 #𝐎𝐫𝐚𝐥𝐇𝐞𝐚𝐥𝐭𝐡 #𝐓𝐨𝐨𝐭𝐡𝐛𝐫𝐮𝐬𝐡𝐓𝐢𝐩𝐬 #𝐇𝐞𝐚𝐥𝐭𝐡𝐲𝐒𝐦𝐢𝐥𝐞 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐃𝐞𝐧𝐭𝐚𝐥𝐂𝐚𝐫𝐞

🦷 အံဆုံးပေါက်တာနဲ့ သွားဖုံးရောင်တာက နာကျင်မှုချင်း ဆင်တူတာကြောင့် ဝေခွဲရခက်တတ်ပါတယ်။ ဒါပေမဲ့ သေချာသတိထားပါဦးနော်။ ၁။ အံဆ...
23/03/2026

🦷 အံဆုံးပေါက်တာနဲ့ သွားဖုံးရောင်တာက နာကျင်မှုချင်း ဆင်တူတာကြောင့် ဝေခွဲရခက်တတ်ပါတယ်။ ဒါပေမဲ့ သေချာသတိထားပါဦးနော်။

၁။ အံဆုံးကတော့ အသက် ၁၇ နှစ်ကနေ ၂၅ နှစ်ကြားမှာ စတင်ပေါက်လေ့ရှိပါတယ်။ ✨ လက္ခဏာများ: သွားဖုံးအနောက်ဆုံးမှာ ဖောင်းကြွလာခြင်း၊ တင်းကြပ်သလို ခံစားရခြင်း။ တစ်ချက် တစ်ချက်ကိုက်ခဲတတ်ပြီး သွားထွက်လာဖို့ တွန်းနေတဲ့ ခံစားချက်မျိုး ရပါတယ်။ တစ်ခါတလေ ပုခုံးနဲ့ နားထင်ဘက်အထိပါ ကိုက်ခဲတတ်ပါတယ်ရှင်။ 😖

၂။ သွားဖုံးရောင်တာက အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး သန့်ရှင်းရေး အားနည်းတာကြောင့် အဖြစ်များပါတယ်။ ✨ လက္ခဏာများ: သွားဖုံးက နီရဲနေမယ်၊ သွားတိုက်ရင် သွေးထွက်မယ်။ သွားဖုံးကို ထိလိုက်ရင် နာမယ်၊ သွားနဲ့ သွားဖုံးကြားမှာ ပြည်တည်သလိုမျိုး ဖောင်းနေတတ်ပါတယ်။ ခံတွင်းနံ့ နံတာမျိုး ဒါမှမဟုတ် သွားတွေနဲ့ သွားဖုံးကြား အနည်းငယ် ကြဲလာတာမျိုး ကြုံရနိုင်ပါတယ်။ 😷

ဒီလိုဝေဒနာတွေက အချိန်ဆွဲလေ ပိုဆိုးလေပါပဲ။ ⏳ အံဆုံးက စောင်းပေါက်နေတာလား ဒါမှမဟုတ် သွားဖုံးရောင်တာလားဆိုတာကို 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐗-𝐫𝐚𝐲 ရိုက်ပြီး စစ်ဆေးခွဲခြားကာ အထိရောက်ဆုံး စနစ်တကျ ကုသမှုခံယူသင့်ပါတယ်။ ✅

သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 ကို သတိရလိုက်ပါရှင်။ 🌸🦷

#𝐒𝐚𝐤𝐮𝐫𝐚𝐃𝐞𝐧𝐭𝐚𝐥𝐂𝐥𝐢𝐧𝐢𝐜 #𝐃𝐞𝐧𝐭𝐚𝐥𝐂𝐚𝐫𝐞 #𝐎𝐫𝐚𝐥𝐇𝐞𝐚𝐥𝐭𝐡 #𝐓𝐨𝐨𝐭𝐡𝐚𝐜𝐡𝐞 #𝐆𝐞𝐧𝐞𝐫𝐚𝐥𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲

သွားတိုက်တာ တစ်ခုတည်းနဲ့ သွားတွေဖြူစင်ပြီး ညီညာမယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ကော်ဖီ၊ လက်ဖက်ရည်ကြောင့် စွဲနေတဲ့ အစွန်းအထ...
20/03/2026

သွားတိုက်တာ တစ်ခုတည်းနဲ့ သွားတွေဖြူစင်ပြီး ညီညာမယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ကော်ဖီ၊ လက်ဖက်ရည်ကြောင့် စွဲနေတဲ့ အစွန်းအထင်းတွေကိုတော့ ပုံမှန်သွားတိုက်ရုံနဲ့ မဖယ်ရှားနိုင်ပါဘူး။

𝐋𝐚𝐬𝐞𝐫 𝐖𝐡𝐢𝐭𝐞𝐧𝐢𝐧𝐠 က ကော်ဖီ၊ ဆေးလိပ် နဲ့ အစားအသောက်ကြောင့် သွားအရောင် ညစ်နွမ်းနေသူများအတွက် အဆင်ပြေပါတယ်။ နာကျင်မှုမရှိဘဲ မိနစ် ၄၀ မှ ၁ နာရီအတွင်း သွားတွေကို ချက်ခြင်းဖြူစင် ဝင်းပလာပြီး သွားကြွေလွှာကို မထိခိုက်စေဘဲ သဘာဝအတိုင်း တောက်ပတဲ့ အပြုံးကို ပိုင်ဆိုင်စေပါတယ်။ 🦷

𝐕𝐞𝐧𝐞𝐞𝐫 ကတော့ သွားမညီတာ၊ သွားကြဲတာနဲ့ သွားအရောင်မလှတာတွေကို တစ်ခါတည်း ပြုပြင်ပေးပါတယ်။ 🦷✨ သူက သွားရဲ့ မျက်နှာပြင်ပေါ်မှာ ပါးလွှာတဲ့ ကြွေပြားလေးတွေကို ကပ်လိုက်တဲ့ နည်းလမ်းဖြစ်ပြီး "𝐇𝐨𝐥𝐥𝐲𝐰𝐨𝐨𝐝 𝐒𝐦𝐢𝐥𝐞"ကို ဖန်တီးပေးနိုင်ပါတယ်။ နှစ်ရှည်ခံပြီး သဘာဝသွားနဲ့ ခွဲမရလောက်အောင် လှပတဲ့ အပြုံးကို ရရှိချင်ရင်တော့ အထူးပြုလုပ်သင့်တဲ့ 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 ပါ။ ✅

သွားတိုက်ရုံနဲ့ မလုံလောက်တာဖြစ်လို့ 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 မှာ ဆွေးနွေးတိုင်ပင်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🏥🌸

#𝐃𝐞𝐧𝐭𝐚𝐥𝐂𝐚𝐫𝐞

ဘယ်သူမှမသိအောင် တိတ်တဆိတ်လှပလာဖို့ သွားညှိလို့ရနေပြီနော်…သွားညီချင်ပေမယ့် သံကြိုးတွေ (𝐁𝐫𝐚𝐜𝐞𝐬) တပ်ရမှာကို စိုးရိမ်နေသူတွေ...
18/03/2026

ဘယ်သူမှမသိအောင် တိတ်တဆိတ်လှပလာဖို့ သွားညှိလို့ရနေပြီနော်…

သွားညီချင်ပေမယ့် သံကြိုးတွေ (𝐁𝐫𝐚𝐜𝐞𝐬) တပ်ရမှာကို စိုးရိမ်နေသူတွေ၊ ရုပ်ရည်ပိုင်းဆိုင်ရာ ယုံကြည်မှုလျော့နည်းသွားမှာကို ပူပန်နေသူတွေအတွက် 𝐈𝐧𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐀𝐥𝐢𝐠𝐧𝐞𝐫𝐬 ကိုတပ်သင့်ပါတယ်.. 🦷✨

𝐈𝐧𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐀𝐥𝐢𝐠𝐧𝐞𝐫𝐬 တွေက အကြည်ရောင်ဖြစ်လို့ တပ်ထားမှန်း လုံးဝမသိသာဘဲနဲ့ သွားတွေကို စနစ်တကျနဲ့ညီညာလာစေမှာ ဖြစ်ပါတယ်။ ဒါတွေအပြင် အစားစားတဲ့အခါ ဒါမှမဟုတ် သွားတိုက်တဲ့အခါမျိုးမှာလည်း အလွယ်တကူ ချွတ်ထားလို့ရတာကြောင့် သန့်ရှင်းရတာလည်း လွယ်ကူစေသလို သွားဖုံးနာကျင်မှုကိုလည်း အထိရောက်ဆုံး လျှော့ချပေးနိုင်ပါတယ်။

သိထားသင့်တဲ့ အချက်လေးတစ်ခုကတော့ 𝐈𝐧𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐀𝐥𝐢𝐠န်𝐞𝐫𝐬 က သွားလေးတွေကို ဖြည်းဖြည်းချင်း မှန်ကန်တဲ့နေရာရောက်အောင် တွန်းပို့ပေးတာကြောင့် နာကျင်မှုနည်းပါးပြီး သွားနဲ့ခံတွင်းကျန်းမာရေးအတွက်လည်း ပိုမိုကောင်းမွန် စေပါတယ်ရှင်။

သွားနဲ့ခံတွင်းကျန်းမာရေးအတွက် စိတ်ချယုံကြည်ရတဲ့ 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 ကို သတိရလိုက်ပါနော်…

#𝐒𝐚𝐤𝐮𝐫𝐚𝐃𝐞𝐧𝐭𝐚𝐥𝐂𝐥𝐢𝐧𝐢𝐜 #𝐈𝐧𝐯𝐢𝐬𝐢𝐛𝐥𝐞𝐀𝐥𝐢𝐠𝐧𝐞𝐫𝐬 #𝐃𝐞𝐧𝐭𝐚𝐥𝐂𝐚𝐫𝐞

ဒီနေ့ ရော သင့်ကလေးကို သွားတိုက်ပေးပြီးပြီလား? 🦷✨ကလေးတွေ သွားပိုးစားတာဟာ နာကျင်ရုံတင်မကဘဲ အစားကောင်းကောင်းမစားနိုင်လို့ က...
14/03/2026

ဒီနေ့ ရော သင့်ကလေးကို သွားတိုက်ပေးပြီးပြီလား? 🦷✨

ကလေးတွေ သွားပိုးစားတာဟာ နာကျင်ရုံတင်မကဘဲ အစားကောင်းကောင်းမစားနိုင်လို့ ကြီးထွားမှု ကိုပါ တိုက်ရိုက်ထိခိုက်စေပါတယ်။

ငယ်ငယ်ကတည်းက ကိုယ့်ရဲ့ ခန္ဓာကိုယ် အစိတ် အပိုင်းလေးတွေကို တန်ဖိုးထားတတ်အောင် သင်ပေးခြင်းဟာ ကလေးတစ်ယောက်အတွက် အကောင်းဆုံး လက်ဆောင်ပါ။ အထူးသဖြင့်
ကလေးငယ်တွေရဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးဟာ သူတို့ရဲ့ ကြီးထွားမှုဖြစ်စဉ်မှာ ထင်ထားတာထက် ပိုပြီး အရေးပါလှပါတယ်။ 🦷

သွားတိုက်တာကို ငြီးငွေ့စရာ သင်ခန်းစာတစ်ခုလို့ မမြင်ဘဲ ပျော်စရာကောင်းတဲ့ အလေ့အကျင့်တစ်ခုဖြစ်အောင် ဖန်တီးပေးလို့ ရပါတယ်။ ဥပမာ - ကလေးနှစ်သက်တဲ့ အရသာရှိတဲ့ သွားတိုက်ဆေး၊ သူတို့နှစ်သက်တဲ့ ကာတွန်းရုပ်လေးတွေပါတဲ့ သွားပွတ်တံလေးတွေကို သုံးပေးတာမျိုးက သူတို့ကို ပိုပြီး စိတ်ဝင်စားလာစေမှာပါ။ သွားတိုက်နေစဉ်အတွင်း သီချင်းလေးတွေ အတူတူဆိုတာ ဒါမှမဟုတ် ပုံပြင်လေးတွေ ပြောပြပေးတာမျိုးက သွားတိုက်ချိန်ကို ကစားချိန်တစ်ခုလို ပျော်ရွှင်စရာ ဖြစ်သွားစေပါတယ်ရှင်။

#သွားနဲ့ခံတွင်းကျန်းမာရေး

ဒီမေးခွန်းက အမြဲတမ်း ဒွိဟဖြစ်စေတဲ့ အချက်ပါ။ 🤔🦷 သွားတွေက အရမ်းစီညီမှုမရှိဘဲ ကြဲနေတာဆိုရင် 𝐁𝐫𝐚𝐜𝐞𝐬 (သွားညှိခြင်း) က အကောင်း...
11/03/2026

ဒီမေးခွန်းက အမြဲတမ်း ဒွိဟဖြစ်စေတဲ့ အချက်ပါ။ 🤔

🦷 သွားတွေက အရမ်းစီညီမှုမရှိဘဲ ကြဲနေတာဆိုရင် 𝐁𝐫𝐚𝐜𝐞𝐬 (သွားညှိခြင်း) က အကောင်းဆုံးပါ။ သူက အချိန် ၁ နှစ်ကျော်လောက် ပေးရပေမဲ့ သဘာဝအတိုင်း သွားတွေကို မပျက်စီးစေဘဲ နေရာမှန်ရောက်အောင် ပြန်စွဲပေးတာမို့ သွားကြဲတာတွေအတွက် တစ်သက်လုံး စိတ်ချရပါတယ်။ သွားအရမ်းကြဲတာအပြင် သွားမညီတာတွေပါ ရှိနေရင်တော့ 𝐁𝐫𝐚𝐜𝐞𝐬 က အထိရောက်ဆုံးပါပဲ။ ✨

✨ ဒါပေမဲ့ သွားက အနည်းငယ်ပဲကြဲတာ၊ သွားပုံစံက သေးလွန်းလို့ ကြဲနေတာမျိုးဆိုရင်တော့ 𝐕𝐞𝐧𝐞𝐞𝐫 (သွားအုပ်ခြင်း) က ပိုကောင်းပါတယ်။ ၂ ပတ်အတွင်းမှာတင် သွားအရောင်ကိုပါ တစ်ခါတည်း ဖြူသွားစေတဲ့အပြင် သွားပုံစံကိုပါ စိတ်ကြိုက် ပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့် သွားက အနည်းငယ်ပဲကြဲပြီး အချိန်မပေးနိုင်သူတွေအတွက် အရမ်းကို အဆင်ပြေပါတယ်။ 🥰

ဒါ့ကြောင့် ဘယ်နည်းလမ်းက မိမိအတွက် အကိုက်ညီဆုံးဖြစ်မလဲဆိုတာ သိရဖို့ 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 မှ ကျွမ်းကျင်တဲ့ သွားဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🏥👩‍⚕️

"အသက်ကြီးရင် ဆန်ပြုတ်ပဲ သောက်ရတော့မှာလား?" အသက် (၇၀) ကျော်တဲ့အထိ အသားကင်ပဲဖြစ်ဖြစ်၊ အမာပဲဖြစ်ဖြစ် မြိန်မြိန်ယှက်ယှက် ဝါး...
08/03/2026

"အသက်ကြီးရင် ဆန်ပြုတ်ပဲ သောက်ရတော့မှာလား?"

အသက် (၇၀) ကျော်တဲ့အထိ အသားကင်ပဲဖြစ်ဖြစ်၊ အမာပဲဖြစ်ဖြစ် မြိန်မြိန်ယှက်ယှက် ဝါးစားနိုင်ဖို့ဆိုရင် သင့်တော်တဲ့ နည်းလမ်းကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

✨ သွားမခိုင်လို့ စိတ်ကြိုက်မစားရတော့ဘဲ ဆန် ပြုတ်ပဲ သောက်နေရတဲ့ ဘဝမျိုးကို စွန့်လွှတ်လိုက်ပါ။
𝐃𝐞𝐧𝐭𝐚𝐥 𝐈𝐦𝐩𝐥𝐚𝐧𝐭 ဆိုတာ မေးရိုးအတွင်း တိုင်စိုက်ထည့်တာဖြစ်လို့ မိမိသွားအစစ်အတိုင်း ခိုင်ခံ့မှုရှိအောင် ဖန်တီးပေးတာပါ။ ဒါကြောင့် အသားကင်ကဲ့သို့ အမာစာများကိုပါ စိုးရိမ်စရာမလိုဘဲ အားရပါးရ စိတ်ကြိုက်ဝါးစားနိုင်မှာပါရှင်။ 🥩🦷

✨ 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 မှာတော့...
* ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးများကိုယ်တိုင် ကုသပေးခြင်း၊
* နောက်ဆုံးပေါ် 𝐃𝐢𝐠𝐢𝐭𝐚𝐥 စနစ်များဖြင့် တိကျသေချာစွာ တိုင်ပင်ဆွေးနွေးပေးခြင်း၊
* နာကျင်မှုအနည်းဆုံးနဲ့ အကောင်းဆုံးရလဒ်ကို ဖော်ဆောင်ပေးခြင်း စတာတွေကြောင့် လူနာပေါင်းများစွာရဲ့ ယုံကြည်မှုကို ရရှိထားပါတယ်။ 👨‍⚕️🩺

အသက်အရွယ်ကြောင့် စားချင်တာကို မစားရဘဲ အားမလိုအားမရ ဖြစ်နေတာမျိုး မရှိစေဖို့ 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 မှ တာဝန်ယူ ဖြေရှင်းပေးပါရစေ။ 🤍

04/03/2026

🦷 သွားက အစားအစာတွေ ဝါးရတာလေ ဗီတာမင်နဲ့ ဘာဆိုင်လို့လဲ? ဗီတာမင်က သွားတွေကို ဘယ်လို ကျန်းမာစေတာလဲ? 🤔

ကျန်းမာလှပတဲ့ သွားနဲ့ သွားဖုံးတွေကို ရရှိဖို့ သွားတိုက်ပေးခြင်းတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ 🙅‍♂️ ခန္ဓာကိုယ်အတွင်းက စိုက်ထူပံ့ပိုးပေးမယ့် ဗီတာမင်တွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ရပ်အဖြစ် ပါဝင်နေပါတယ်။ ✨

🍊 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐂
သွားဖုံးသွေးယိုတာ၊ သွားဖုံးရောင်တာတွေက 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐂 ချို့တဲ့လို့ပါ။ 🩸 သူက သွားဖုံးတစ်ရှူးတွေကို ခိုင်မာစေပြီး သွားဖုံးရောဂါမဖြစ်အောင် အဓိက ကာကွယ်ပေးတဲ့ "𝐁𝐨𝐝𝐲𝐠𝐮𝐚𝐫𝐝" ပါပဲ။ 💪

🥛 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃
သွားရဲ့ အပြင်ဘက်ဆုံး အလွှာ (𝐄𝐧𝐚𝐦𝐞𝐥) ကို ပိုမိုခိုင်မာစေဖို့အတွက် 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃 က ကူညီပေးပါတယ်။ 🦷 သူက ခန္ဓာကိုယ်ထဲကို ကယ်လ်စီယမ် စုပ်ယူမှုအားကောင်းစေပြီး သွားတွေကို ကျိုးပွယ်လွယ်ခြင်းကနေ ကာကွယ်ပေးပါတယ်။

🥕 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐀
𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐀 က ခံတွင်းထဲမှာ တံတွေးထွက်ရှိမှုကို အားပေးပါတယ်။ 💦 တံတွေးဟာ သွားတွေကြားမှာရှိတဲ့ အစာဟောင်းတွေနဲ့ ဘက်တီးရီးယားတွေကို သဘာဝအတိုင်း ဆေးကြောပေးပြီး သွားပိုးစားခြင်းကနေ ကာကွယ်ပေးပါတယ်။

ဗီတာမင်ပြည့်စုံတဲ့ အစားအစာများ စားသုံးခြင်းနဲ့အတူ နေ့စဉ် သွားတိုက်ခြင်း၊ 𝐝𝐞𝐧𝐭𝐚𝐥 𝐜𝐡𝐞𝐜𝐤-𝐮𝐩 ပြုလုပ်ခြင်းတို့ကိုလည်း မမေ့ပါနဲ့။ 🩺✨

သွားနဲ့သွားဖုံး ကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးဖို့ လိုအပ်နေပြီဆိုရင်တော့ 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 ကို ခုပဲ ဆက်သွယ်လိုက်ပါ! 🏥📲

#သွားနဲ့ခံတွင်းကျန်းမာရေး

"မြန်မာ့မြေဆီလွှာကို အသက်သွင်းပြီး ပြည်သူ့ဝမ်းစာအတွက် ရုန်းကန်ပေးနေကြတဲ့ ကျေးဇူးရှင် တောင်သူဦးကြီးများအားလုံးကို Sakura ...
02/03/2026

"မြန်မာ့မြေဆီလွှာကို အသက်သွင်းပြီး ပြည်သူ့ဝမ်းစာအတွက် ရုန်းကန်ပေးနေကြတဲ့ ကျေးဇူးရှင် တောင်သူဦးကြီးများအားလုံးကို Sakura Dental Clinic မှ လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်။ ရွှေဝါရောင်စပါးနှံတွေကြားမှာ တောင်သူဦးကြီးတို့ရဲ့ အပြုံးပန်းတွေ ဝေဆာနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။"

#တောင်သူလယ်သမားနေ့ #နေ့ထူးနေ့မြတ်

🦷 "သွားတွေ ဖြူနေရုံနဲ့ တကယ်ပဲ သန့်ရှင်းနေပြီလား?" ✨သွားဖြူနေတိုင်း သွားကျန်းမာတာ မဟုတ်ပါဘူး! ❌ အမြင်မှာ လှနေရုံနဲ့ ပိုးမ...
28/02/2026

🦷 "သွားတွေ ဖြူနေရုံနဲ့ တကယ်ပဲ သန့်ရှင်းနေပြီလား?" ✨

သွားဖြူနေတိုင်း သွားကျန်းမာတာ မဟုတ်ပါဘူး! ❌ အမြင်မှာ လှနေရုံနဲ့ ပိုးမွှားတွေက မမြင်ရတဲ့နေရာမှာ ခိုအောင်းနေတတ်လို့ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐂𝐥𝐞𝐚𝐧𝐢𝐧𝐠 လုပ်ဖို့က အမြဲတမ်း အရေးကြီးပါတယ်။

📍 မျက်စိနဲ့မမြင်ရတဲ့ ပိုးမွှားတွေက သွားကြားထဲနဲ့ သွားဖုံးအစပ်တွေမှာ ခိုအောင်းနေနိုင်ပါတယ်။
📍 သွားကျောက်တွေက သွားလေးတွေရဲ့အနောက်မှာ ပုန်းနေတတ်ပြီး သွားဖုံးရောဂါကို ဖြစ်စေပါတယ်။
📍 အတွင်းပိုင်း ပိုးစားခြင်းက အပြင်ပန်းမှာ ဖြူဖွေးနေပေမယ့် အတွင်းက ကြွေလွှာတွေကို တိုက်စားနေတတ်ပါတယ်။

ဒါကြောင့် သွားလေးတွေ ကျန်းမာသန့်ရှင်းဖို့အတွက် 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 မှာ (၆) လတစ်ကြိမ် သွားဆရာဝန်နဲ့ ပြသပြီး 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐂𝐥𝐞𝐚𝐧𝐢𝐧𝐠 လုပ်ဖို့ မမေ့နဲ့ဦးနော်။ 🏥✨

📞 𝐂𝐨𝐧𝐭𝐚𝐜𝐭: 𝟎𝟗-𝟕𝟖𝟗 𝟏𝟒𝟒 𝟏𝟏𝟒, 𝟎𝟗-𝟒𝟎𝟓 𝟏𝟖𝟖 𝟏𝟖𝟒
🏥 ဆေးခန်းလိပ်စာ: အမှတ်(၁)၊ ဦးဝိစာရလမ်းနှင့် တပင်ရွှေထီးလမ်းထောင့်၊ ၃၄ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။

26/02/2026

✨ သွားတိုက်နေရုံနဲ့ မလုံလောက်ဘူးနော် "မှန်ကန်ဖို့" လည်း လိုအပ်ပါတယ် ✨

နေ့တိုင်း သွားတိုက်နေပေမဲ့ သွားဖုံးနိမ့်တာ၊ သွားကြွေလွှာစားတာတွေ ဖြစ်နေပြီဆိုရင် မိမိရဲ့ သွားတိုက်တဲ့ နည်းစနစ်ကို ပြန်ဆန်းစစ်ဖို့ လိုနေပါပြီ။ 🦷✨

ကျန်းမာသန်စွမ်းတဲ့ အပြုံးတစ်ခု ပိုင်ဆိုင်နိုင်ဖို့ ဒီအချက်လေးတွေကို သတိထားရအောင် - 👇
✅ခပ်ပြင်းပြင်း တိုက်တာထက် သွားမျက်နှာပြင် အနှံ့အပြားကို စနစ်တကျ အသာအယာ ပွတ်ဆွဲပေးပါ။
✅မနက်တစ်ကြိမ်နဲ့ ညအိပ်ခါနီး တစ်ကြိမ် ပုံမှန်တိုက်ပေးပါ။ ☀️🌙
✅အချဉ် ဒါမှမဟုတ် အစားအသောက် စားပြီးပြီးချင်း သွားတိုက်တာက သွားကြွေလွှာကို ပိုပျက်စီးစေနိုင်ပါတယ်။ အနည်းဆုံး မိနစ် ၃၀ စောင့်ပြီးမှ တိုက်ပေးပါ။ ⏳

🦷 သင့်ရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 မှ အမြဲအသင့်ရှိနေမှာပါ..

#မှန်ကန်တဲ့သွားတိုက်နည်း

🦷 သွားကို ဂရုမစိုက်တာက ငွေကို လွှင့်ပစ်နေတာနဲ့ အတူတူပါပဲ 💰"နှမြောတာက ပိုကုန်စေတယ်" 🦷💸သွားဆေးခန်းပြရတာ ဈေးကြီးတယ်လို့ ထင်...
24/02/2026

🦷 သွားကို ဂရုမစိုက်တာက ငွေကို လွှင့်ပစ်နေတာနဲ့ အတူတူပါပဲ 💰

"နှမြောတာက ပိုကုန်စေတယ်" 🦷💸
သွားဆေးခန်းပြရတာ ဈေးကြီးတယ်လို့ ထင်နေတာလား? တကယ်တော့ သွားကို ဂရုမစိုက်ဘဲ ပစ်ထားတာကမှ ပိုက်ဆံကို လွှင့်ပစ်နေတာပါ။

🛡️ အစောပိုင်းမှာ ရိုးရိုးလေး 𝐅𝐢𝐥𝐥𝐢𝐧𝐠 (ဖာ) လိုက်ရုံနဲ့ ပြီးသွားမယ့်ကိစ္စကို ပစ်ထားလိုက်တဲ့အခါ သွားအာရုံကြောအထိ ပျက်စီးသွားတတ်ပါတယ်။
အဲ့ဒီအခါမှ သွားက အရိုးအထိ ပျက်စီးသွားပြီး 𝐑𝐨𝐨𝐭 𝐂𝐚𝐧𝐚𝐥 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭လိုမျိုး အဆင့်ဆင့် ကုသရလို့ ပိုက်ဆံတွေ အထပ်လိုက် ကုန်သွားပါပြီ။ 💸💸

ဒါ့အပြင် သွားမကောင်းတဲ့အတွက် အစားအသောက် ကောင်းကောင်းမစားရတာ၊ ညဘက်အိပ်မရတာတွေကြောင့် အလုပ်အကိုင်နဲ့ 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 တွေပါ ထိခိုက်လာတဲ့အခါ သွယ်ဝိုက်တဲ့နည်းနဲ့ ငွေကြေးဆုံးရှုံးမှုတွေပါ ကြုံလာရပါတယ်။ 📉

💬သွားဆရာဝန်ဆီ ပုံမှန်ပြသတာဟာ အပိုကုန်ကျစရိတ် မဟုတ်ဘဲ နောင်ရေးအတွက် "𝐒𝐚𝐯𝐢𝐧𝐠𝐬" (ငွေစုတာ) ပါပဲ။ 🏦၆ လတစ်ကြိမ် သွားနဲ့ခံတွင်းအတွက် 𝐂𝐡𝐞𝐜𝐤-𝐮𝐩 လုပ်ပြီး မိမိသွားလေးတွေကို ဒီနေ့ကစပြီး ဂရုစိုက်လိုက်ပါ။

Address

No. 1, Corner Of U Wisara Road And Tapin Shwe Htee Road, 34 Quarter, North Dagon Township
Yangon
2

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

09789144114

Website

Alerts

Be the first to know and let us send you an email when Sakura Dental Clinic - North Dagon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sakura Dental Clinic - North Dagon:

Share