Healthy Tips by Dr. Su Yee

Healthy Tips by Dr. Su Yee 🫶ကျန်းမာရေးဆိုင်ရာ ဗဟုသုတ မျှဝေရန်

🫶sharing is caring

18/06/2025

သတိထားရမဲ့ ရာသီတုပ်ကွေး အကြောင်း ❗❗

မိုးရာသီစလာပြီဆိုတော့ ဆေးခန်းမှာ တုပ်ကွေးလူနာတွေ များလာပြီ❗❗ရာသီတုပ်ကွေးကာကွယ်ဆေး (Influvac Tetra-2025 mm register) ဆုရည...
03/05/2025

မိုးရာသီစလာပြီဆိုတော့ ဆေးခန်းမှာ တုပ်ကွေးလူနာတွေ များလာပြီ❗❗

ရာသီတုပ်ကွေးကာကွယ်ဆေး
(Influvac Tetra-2025 mm register) ဆုရည်ဆီမှာ လိုသလောက်မှာလို့ရပါတယ်နော် ❗❗

✅ cold chain စိတ်ချပါ
✅ အိမ်တိုင်ရာရောက် လာထိုးပေးတဲ့ service လည်း ရှိပါတယ်
✅မြို့နယ်အလိုက် cold chain မှန်ကန်စွာ ရေခဲပုံးနဲ့ deli ပို့ဆောင်ပေးပါတယ်ရှင့်

လိုအပ်သူများရှိရင် cb မှာ လာရောက်မှာယူနိုင်ပါတယ်ရှင့် ❗❗

21/03/2025

ကိုယ်ဝန်ဆောင်ချိန်သွေးဆင်းရင်စိုးရိမ်ရလား ❗❗ #ကိုယ်ဝန်ဆောင်ကျန်းမာရေး

14/03/2025

ရိုးရိုးမွေးသင့်လား Vs ခွဲမွေးသင့်လား ?? #ကိုယ်ဝန်ဆောင်ကျန်းမာရေး

09/03/2025

ကိုယ်ဝန်ဆောင်ချိန် အဖြူဆင်းတာစိုးရိမ်ရလား ?? #ကိုယ်ဝန်ဆောင်ကျန်းမာရေး

ဆုရည် fb page လေး active မဖြစ်တာနည်းနည်းကြာသွားလို့ ဒီ page လေးကို ပြန်လည်ပြီး post လေးတွေတင်သွားပါမယ်ရှင့် ❤️ကိုယ်ဝန်ဆေ...
09/03/2025

ဆုရည် fb page လေး active မဖြစ်တာနည်းနည်းကြာသွားလို့
ဒီ page လေးကို ပြန်လည်ပြီး post လေးတွေတင်သွားပါမယ်ရှင့် ❤️

ကိုယ်ဝန်ဆောင်မေမေတွေနဲ့ ဘေဘီလေးတွေအတွက်
သိရမဲ့ ဆောင်ရရှောင်ရမဲ့အချက်လေးတွေကို ပြန်ပြီး knowledge sharing လုပ်သွားပေးပါမယ်နော် 🤩

တခြားအထွေထွေ ကျန်းမာရေးဆိုင်ရာများကိုလည်း အလျဉ်းသင့်သလို ပြောပြပေးသွားမှာမို့ ဆက်ပြီး page လေးကို စောင့်ကြည့်ပေးကြပါအုံးရှင့် 💗💗

31/10/2024

ဘေဘီလေးကို ရေချိုးကြမယ် 😍

10/10/2024

ဘေဘီလေးတွေ ၂ လပြည့် ကာကွယ်ဆေးထိုးဖို့ ဘာတွေသိထားရမလဲ ??

20/09/2024

ဘေဘီလေးမွေးတဲ့ အမှတ်တရလေး ❣️🤩




❗❗ကာလဝမ်းရောဂါ (cholera)  ❗❗👇👇ဒါကတော့ အခုရက်ပိုင်း တော်တော်များများမှာဖြစ်ပြီးကူးစက်နေတဲ့ ကာလဝမ်းရောဂါပါ။ #ကာလဝမ်းရောဂါဆ...
06/07/2024

❗❗ကာလဝမ်းရောဂါ (cholera) ❗❗

👇👇

ဒါကတော့ အခုရက်ပိုင်း တော်တော်များများမှာဖြစ်ပြီးကူးစက်နေတဲ့ ကာလဝမ်းရောဂါပါ။

#ကာလဝမ်းရောဂါဆိုတာဘာလဲ ❓

👉ကာလဝမ်းရောဂါဆိုတာ Vibrio cholerae ဆိုတဲ့ ဘက်တီးရီးယားရောဂါပိုးကူးစက်တာကြောင့် ဖြစ်တာပါ။

#ကာလဝမ်းရောဂါဘယ်လိုကူးစက်နိုင်သလဲ ❓

👉cholera ဘက်တီးရီးယားပိုးပါတဲ့ အစားအသောက်၊ ရေတို့ကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။
👉ကာလဝမ်းရောဂါရှိသူရဲ့ မစင်၊ အန်ဖတ်တို့ကနေတဆင့် လည်း ကူးစက်နိုင်ပါတယ်။

#ကာလဝမ်းရောဂါပိုးကူးစက်ခံရတဲ့အခါဘယ်လိုလက္ခဏာတွေပြတတ်သလဲ ❓

👉 ကာလဝမ်းရောဂါပိုးကူးစက်ခံရသူ ၁၀ ဦးမှာ တစ်ဦးက ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။

❗အရည်ဝမ်းလျှောခြင်း
ဆန်ဆေးရေလို အရည်ဝမ်းသွားတတ်တာမျိုးပါ။

❗အန်ခြင်း
တချို့တွေမှာ ဝမ်းမလျှောခင် အရည်တွေ အန်တဲ့ လက္ခဏာကို စတင်ပြသတတ်ပါတယ်။

❗နုံးခွေခြင်း၊ သတိလစ်ခြင်း
ခန္ဓာကိုယ်အရည်ဓာတ်ဆုံးရှုံးမှုကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ သွေးပေါင်ရုတ်တရက်ကျပြီး သတိလစ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

❗ကြွက်တက်ခြင်း
ရေဓာတ်သာမက သတ္တုဓာတ်တွေပါ ဆုံးရှုံးတဲ့အတွက် ကြွက်တက်စေနိုင်ပါတယ်။

#ဘယ်သူတွေဖြစ်နိုင်ခြေများလဲ ❓

👉မသန့်ရှင်းတဲ့ရေ သောက်ရသူ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းသူ၊ သန့်ရှင်းမှုအားနည်းတဲ့ ဒေသ တွေမှာ နေထိုင်သူတွေက ကာလဝမ်းရောဂါ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်ပါတယ်။

#ကာလဝမ်းရောဂါဖြစ်ရင်ဘယ်လိုကုသရမလဲ❓

✅ဓာတ်ဆားရည် အလုံအလောက် သောက်ရပါမယ်။ ကာလဝမ်းရောဂါ အတွက် အရေးကြီးဆုံး ကုသမှုထဲမှာ ပါဝင်ပါတယ်။
✅ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေး(Antibiotics)နဲ့ ဆေးပတ်လည်အောင် ကုရပါမယ်။
✅ကလေးတွေမှာဖြစ်ရင် ဇင့်ပါတဲ့ အားဆေးကိုပါ ဖြည့်စွက်တိုက်ကျွေးရပါမယ်။

#ကာလဝမ်းရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ ❓

✅အစာမစားခင်နဲ့ စားပြီးတဲ့အခါ၊
အိမ်သာတက်ပြီးတဲ့အခါတွေမှာ လက်ကို ဆပ်ပြာနဲ့ သေချာ ဆေးကြောရပါမယ်။
✅အစားအသောက်တွေကို ကောင်းစွာကျက်အောင် ချက်ပြုတ်ပြီးမှ စားရပါမယ်။
✅ယင်နားစာတွေကို လုံးဝ မစားသင့်ပါဘူး။
✅ရေသန့်သောက်ရပါမယ်။ မရရင် ရေကို ကျိုချက် သောက်သုံးရပါမယ်။
✅ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားရပါမယ်။
✅ယင်လုံအိမ်သာ သုံးစွဲရပါမယ်။

❗❗သတိပြုရန်❗❗

👉သက်ကြီးရွယ်အိုတွေ၊ရောဂါအခံရှိသူတွေ၊ကိုယ်ဝန်ဆောင်တွေ၊ကလေးငယ်တွေမှာ ဒီလက္ခဏာများခံစားရရင် ဆေးရုံချက်ချင်းပြပါ။

👉ကာလဝမ်းရောဂါကို သေချာကုသမှုမခံယူရင် အသက်အန္တရာယ် ဆုံးရှုံးစေနိုင်တာကြောင့် လက္ခဏာတွေ ပြလာရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားပြဖို့ အရေးကြီးပါတယ်။

ဒီလောက်ဆိုရင်တော့ ကာလဝမ်းရောဂါအကြောင်းသိရှိကြပြီထင်ပါတယ်။

ကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။

Dr.Su Yee
M.B.,B.S(Ygn)

Hello !! အခုတလော နှာစေးချောင်းဆိုး ဖျားနာ တုပ်ကွေးလူနာများတဲ့ တုပ်ကွေးရာသီရောက်နေလို့ အားလုံးဂရုစိုက်ပြီးနေကြပါရှင့် ❣️မ...
19/06/2024

Hello !!
အခုတလော နှာစေးချောင်းဆိုး ဖျားနာ တုပ်ကွေးလူနာများတဲ့

တုပ်ကွေးရာသီရောက်နေလို့ အားလုံးဂရုစိုက်ပြီးနေကြပါရှင့် ❣️

မေမေဗိုက်တို့လည်း ပိုပြီးဂရုစိုက်ကြနော် 😍

ဆုရည်လည်း ဒီရက်ပိုင်း မွေးဖို့ပြင်ဆင်နေတာလေးတွေများနေလို့ Page လေးမှာ ဆောင်းပါးလေးတွေရေးတာ နောက်ကျနေပါတယ်❣️

နောက်ရက်မှာ မေမေတွေ မွေးဖို့ဘာတွေပြင်ဆင်ထားရမလဲဆိုတာနဲ့ပတ်သတ်တဲ့ video လေးတစ်ပုဒ် တင်ပေးသွားပါမယ်ရှင့် ❣️

ဆုရည်ရဲ့ tiktok account လေးကိုလည်း follow ထားပေးနော် 😍

👉 https://www.tiktok.com/?_t=8nIyGFnApcm&_r=1

အားလုံးကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။@

 #မိုးရာသီနှင့်မိန်းမကိုယ်မှိုစွဲခြင်းမိုးရာသီ အချိန်အခါမှာ ပတ်ဝန်းကျင်အပူချိန် အတက်အကျများခြင်း၊ စိုထိုင်းစများခြင်း ကြ...
10/06/2024

#မိုးရာသီနှင့်မိန်းမကိုယ်မှိုစွဲခြင်း

မိုးရာသီ အချိန်အခါမှာ ပတ်ဝန်းကျင်အပူချိန် အတက်အကျများခြင်း၊ စိုထိုင်းစများခြင်း ကြောင့် မိန်းမကိုယ်မှိုစွဲခြင်း နဲ့ ဘက်တီးရီးယားတွေ ဗိုင်းရစ်တွေ ပေါက်ပွား ဝင်ရောက်ဖို့ အကောင်းဆုံး အချိန်ဖြစ်နေပါတယ်။

ဒီလိုပိုးမွှားများ မဝင်ရောက်နိုင်အောင် တတ်နိုင်သမျှ မိမိကိုယ်ကိုယ် ဂရုစိုက်ကာကွယ်ဖို့ အချက် (၄) ချက်ကိုဝေမျှပေးသွားပါမယ်။

👇👇👇👇

1️⃣မကျပ်လွန်းတဲ့ လေဝင်လေထွက်ကောင်းတဲ့ အတွင်းခံများ ရွေးချယ်ဝတ်ပါ။

👉ကျပ်လွန်းတဲ့အတွင်းခံတွေက လေအဝင်အထွက်မကောင်းစေတတ်လို့ အရေပြားအနီကွက် rash ပေါ်ခြင်း ယားယံခြင်းများပိုဖြစ်စေနိုင်သလို ပိုးမွှားများပေါက်ဖို့ အား ပေးသလိုလည်းဖြစ်စေပါတယ်။
👉 မကျပ်လွန်းတဲ့ လေဝင်လေထွက်ကောင်းသော ချည်သား အတွင်းခံများက ကျပ်လွန်းတဲ့ နိုင်လွန်အတွင်းခံများထပ် ခြောက်သွေ့မှုကို ပေးနိုင်တာမို့ ပိုးပေါက်ခြင်းမှ ကာကွယ် လျှော့ချနိုင်တာပဲ ဖြစ် ပါတယ်။

2️⃣မကြာခဏ သန့်စင်ပေးပါ။

👉 မိုးရာသီကာလမှာ စိုထိုင်းစကြောင့် မိန်းမကိုယ် pH level ကလည်း ကျနေတာဖြစ်လို့ ပိုးမွှားများပိုမိုဝင်နိုင်ချေများနေပါတယ်။

👉 feminine wash များက pH level ကိုထိန်းပေးနိုင်ပါတယ်။ ဆေးကြောခြင်းဖြင့် အနံ့အသက်လည်းကောင်းမွန်စေပါတယ်။ ဆေးကြောပြီးရင် ခြောက်အောင်ပြန်သုတ်ဖို့တော့မမေ့ပါနဲ့။ 😉
✅မိန်းမကိုယ်သန့်စင်ဆေးရည်တွေကို ဆေးကြောတဲ့အခါ အဝ တစ်ဝိုက်ကိုပဲ ဆေးကြောသန့်စင်ရတာဖြစ်ပါတယ်။
❌အထဲထိ အမြှုပ်များဖြင့် နှိုက်ဆေးခြင်း ပိုးဝင်ခြင်းပိုဖြစ်စေနိုင်လို့ လုံးဝမလုပ်သင့်ပါဘူး။

3️⃣မိန်းမကိုယ်နဲ့အတွင်းခံကိုခြောက်သွေ့အောင်ထားပါ။

👉စိုထိုင်းနေတဲ့ပတ်ဝန်းကျင်က မှိုစွဲခြင်း၊ပိုးဝင်ခြင်း၊ယားယံခြင်း ကိုပိုမိုဖြစ်စေနိုင်လို့ တတ်နိုင်သမျှ ခြောက်သွေ့အောင်ထားဖို့လိုပါတယ်။

4️⃣ရေဓာတ်ပြည့်ဝအောင်နေပါ။

👉 ရာသီဥတု က ခုမိုးရွာ ခုနေသာလိုက်နဲ့ ညီးစီစီဖြစ်လို့ ချွေးစေးများထွက်လွယ်ပါတယ်။ ရေများများသောက်ပါ ။ ရေဓာတ်ပြည့်ဝစွာ နေခြင်းဖြင့် အကျိုးပြုဘက်တီးရီးယားတွေကိုထိန်းသိမ်းပေးနိုင်ပြီး မိန်းမကိုယ် pH level ကို ထိန်းပေးနိင်လို့ ပိုးမဝင်အောင် ကာကွယ်ပေး နိုင်မှာပဲ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ မိုးရာသီမှာမိန်းမကိုယ်ပိုးမဝင်အောင်နေထိုင်ရမဲ့အချက်လေးတွေသိရှိပြီထင်ပါတယ်။

ကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။

Dr.Su Yee
M.B.,B.S(Ygn)

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Healthy Tips by Dr. Su Yee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram