Htoo for You

Htoo for You Welcome to Htoo 4 U

⛑️⛑️ ငါ ဒါကြီးနဲ့ ဘာဆက်လုပ်ရမလည်း။ ⛑️⛑️▪️မနက်ကတည်းက ဒီကွန်ဒုံးကြီးတခု လက်ထဲရောက်ပြီး စဉ်းစားနေတာ ဒါကြီးနဲ့ ဘာဆက်လုပ်ရမလည...
10/12/2024

⛑️⛑️ ငါ ဒါကြီးနဲ့ ဘာဆက်လုပ်ရမလည်း။ ⛑️⛑️

▪️မနက်ကတည်းက ဒီကွန်ဒုံးကြီးတခု လက်ထဲရောက်ပြီး စဉ်းစားနေတာ ဒါကြီးနဲ့ ဘာဆက်လုပ်ရမလည်းပေါ့။ တော်တော်ကြာကြာ စဉ်းစားပြီးတော့

"ဟာကွာ၊ မထူးပါဘူး" ဆိုပြီး စာလေးတပိုဒ်ရေးလိုက်ပါတယ်။

▪️ဒီစာလေးက မေမေတို့နဲ့ လက်ရှိတိုက်ရိုက်ကြီး သက်ဆိုင်တာမျိူးမဟုတ်ပေမယ့်၊ တချိန်ခါ မေမေတို့ သားသားလေးတွေ၊ မီးမီးလေးတွေကို ပြန်လည်လမ်းညွှန်ပေးရမယ်။ ပြန်လည်တည့်မတ်ပေးရပါမယ်။ ကျွန်တော်တို့ ငယ်စဉ်အခါက လိင်ကျန်းမာရေးနဲ့ ပတ်သတ်ရင် တိတိကျကျလမ်းညွှန်မှုမရခဲ့ပေမယ့် မေမေတို့ဟာ မေမေတို့ ဘေဘီလေးတွေအတွက် သေချာပြန်ညွှန်နိုင်ရပါမယ်။

(၁) သမီးရည်းစားကိစ္စ တားဆီးလို့ရနိုင်ပါသလား။

- ကျားရယ်၊ မရယ် ဖြစ်လာရင် သွေးသားနဲ့ ဆန္ဒတွေဆိုတာရှိပါတယ်။ ခုခေတ်ခါကြီး ပိုဆိုးတာပေါ့။ ၅ တနိး ရည်းစားရတာနဲ့ ၉ တန်းနဲ့ ခိုးပြေးတာ စုံနေတာပါပဲ။ ဒါတွေက ကျွန်တော်တို့ အရွယ်မှာ မရှိတာမဟုတ်ဘူး ရှိခဲ့ပါတယ်။ ခုမှ ဘာလို့ ထူးပြောလည်းဆို တအားများလာလို့ပါ။

- မေမေတို့ ရည်းစားမထားနဲ့ဆိုလို့ မထားမှာ ၁၀၀ မှာ ၁ ယောက်လောက်ပါ။ ဒီထဲ ကိုယ့်သားသမီး လူတိုင်းပါစေချင်တာပေါ့။ ကိုယ့်ကလေး ချစ်မဝလေး ဘယ်သူ့မှ မမျှချင်တာ သဘာဝပါ။ ဒီလိုပဲ ကျား/မ သဘာဝ ဆန့်ကျင်ဖက် လိင်ကို စိတ်ဝင်စားလာတာလည်း သဘာဝဆိုတာကို မေမေတို့ လက်ခံနိုင်ရပါမယ်။ ကိုယ်က စလောင်းဖုံးလို လိုက်အုပ်တဲ့အခါ ကြာလာရင် ကလေးဟာ တပါးသူ အပိုင်ဖြစ်ပြီး မစဉ်းစားနိုင်တာတွေ မစဉ်းစားတတ်တာတွေ ဖြစ်သွားတတ်ပါတယ်။

- ဒီတော့ ဘာလုပ်ရမလည်း မေမေတို့သည် ကလေးတွေရဲ့ ပထမဆုံး သူငယ်ချင်းပါ။ အခင်ဆုံး သူငယ်ချင်းလိုဖြစ်အောင်၊ ဖြစ်သမျှ ကိုယ့်ကိုရင်ဖွင့်နိုင်အောင်ထိ ကြိုးစားထားရပါမယ်။ ပြသနာတက်ပြီးမှ နောက်ကလိုက်ရှင်းရတာထပ် ပြသနာမတက်ခင် သားသမီးကို ဦးဆောင်ပြီး ကြုံလာနိုင်ချေတွေကို ကာကွယ်ရပါမယ်။ ကာကွယ်ရာမှာ စလောင်းဖုံးကာကွယ်တာမျိုးဆို ကြာရင် ရုန်းထွက်သွားတတ်ပါတယ်။

(၂) လိင်ကိစ္စ တားဆီးလို့ရပါသလား။

- လိင်ကိစ္စဟာ တားဆီးလို့မရပါဘူး။ ဒီ group ထဲမှာ

"ကိုကိုရယ် ဟင့်အင်း" လုပ်နိုင်ကြခဲ့ရဲ့လား မေမေတို့။

စတာပါနော် မေမေတို့။ သို့ပေမယ့် သမီးရည်းစားဖြစ်ရင် အနည်းအများ အထိအတွေ့ကရှိကြတာပဲ။ ဒီကနေမှ တဆင့်

"အင်းပါ ကိုကိုရယ်" တွေဖြစ်သွားကြတာလည်း ရှိကြမှာပဲလေ။

- ဒီတော့ တားဆီးမရတဲ့ ကိစ္စမှာ ဘာပြသနာတွေရှိလာနိုင်လည်း စဉ်းစားကြည့်ရအောင်။

‼️ မလိုလား ကိုယ်ဝန်

- အမျိူးသမီးတယောက်က သားဥစကြွေရင် ကိုယ်ဝန်ရနိုင်ပါပြီ။ ဘွဲ့လွန်ကျောင်းသားဘဝမှာ ၁၂ နှစ်အရွယ် ကိုယ်ဝန်သည်တွေတောင် မွေးခဲ့ရပါတယ်။

- အံ့ဩစရာကောင်းတာက ဒီ group ထဲမှာတောင် အတူနေထားတယ်၊ တားဆေးလည်း မသုံးထားဖူး၊ ကလေးရနိုင်လားဆိုတဲ့ မေးခွန်းတွေ ခဏခဏပဲ။ ဘာရမယ် မျှော်လင့်ထားကြလို့တုန်းဗျ။

- ရသွားခါမှ ဖျက်ချတာတွေဖြစ်တတ်သလို ဖျက်ချရင်း အသက်ဆုံးသွားတာတွေလည်း အများကြီးပါ။

‼️ အရေးပေါ်တားဆေး

- အရေးပေါ်တားဆေးကို နတ်ဆေးလို ယူဆနေကြပေမယ့် အရေးပေါ်ဆေးက failure rate များပါတယ်။

- အမှားဆုံးက သူဟာ သားဥကြွေပြီးသွားရင် လုံးဝ လုံးဝကို အသုံးမဝင်ပါဘူး။ အတူနေလိုက်တယ်၊ သားဥကြွေရက်ကြီးမှာ ခဏနေ အရေးပေါ်ဆေးသောက်လိုက်မယ်ဆို မရပါဘူး။

‼️ လိင်ကတဆင့် ကူးစက်ရောဂါ။

- လိင်ကတဆင့်ဆို ကာလသားရောဂါ (Syphilis/ Gono)၊ HIV ရောဂါလောက်သာ လိင်က ကူးတတ်တယ် ယူဆထားတာ တော်တော်များများမှာ တွေ့ရတယ်။

- လိင်ကတဆင့် ကူးတဲ့ရောဂါတွေမှ အများကြီးပါ။ ဥပမာအားဖြင့် Chlamydia လိုရောဂါပိုးပါ။ အများစုမှာ လက္ခဏာမပြပါဘူး။ အရမ်းကူးလွယ်ပါတယ်။ ဒီကတဆင့် သားအိမ်ယောင်တယ်၊ သားဥပြွန်ယောင်တယ်၊ ပြည်တည်တယ်။ နောက်ဆုံး ကလေးမရတာတွေထိ ဖြစ်တတ်ပါတယ်။

- ဒီလိုပဲ ရေယုံရောဂါတွေ၊ ကြွက်နို့တွေ စသည်ဖြင့် အများကြီးပါ။ ကြောက်စရာ အကောင်းဆုံးက သားအိမ်ခေါင်းကင်ဆာပါ။ Human Papilloma Virus ကြောင့်ဖြစ်တာပါ။ သားသား၊ မီးမီးလေးတွေကို ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကာကွယ်ရနိုင်ပါတယ်။

(၃) သန္ဓေတားဆေး

- အိမ်ထောင်မပြုခင် လိင်ဆက်ဆံတာကို မတားနိုင်ရင်တောင် ပြသနာမဖြစ်အောင် လမ်းညွှန်ပေးနိုင်ရပါမယ်။ လမ်းညွှန်ရာမှာ အချက် ၂ ချက်စဉ်းစားရပါမယ်။

- မလိုလား ကိုယ်ဝန်မရအောင်ရယ်၊ ရောဂါ မကူးရယ်အောင်ပါ။ ဘယ်ဟာ အကောင်းဆုံးလည်းမေးရင် ကျွန်တော့်လက်ထဲက ပစ္စည်းလေးပါ။

"ဟုတ်ပါတယ်။ ကွန်ဒုံး (condom) ပါ"။

‼️အသုံးပြုရာမှာလည်း expire date ကိုကြည့်ပါ။ အပေါက်ပြဲရှိ၊ မရှိကိုစစ်ပါ။ အတူနေပြီးပြီးခြင်း အပြင်ကိုထုတ်ပါ။ စနစ်တကျ လွှတ်ပြစ်ပါ။ ပြန်မသုံးရပါ။

(၄) Nightlife နှင့် တောသားလေးကျွန်တော်

- Bar တွေ၊ Club တွေ ဟာ ဒီခေတ်ကာလ ကလေးတွေအတွက်က မထူးဆန်းတော့ သလိုတောင်ဖြစ်နေပါပြီ။ ဆေးတွေသုံးကြ၊ ပြဲရွဲကြ၊ ကိုယ့်ချစ်သူ၊ သူ့ချစ်သူ၊ ဘယ်သူ့ချစ်သူ၊ ဘာမှန်းတောင် မသိကြတော့တာတွေဆိုတာလည်း အများကြီး။ ဒီလိုပြောလို့ ကျွန်တော် ဒီ life ကို ဝေဖန်တာ မဟုတ်ပါဘူး။ လူတွေမှာ ကိုယ့် right နဲ့ ကိုယ်ရှိကြတယ်။ သို့ပေမယ့် ဒီ right ဟာ ကိုယ့်အတွက် ဘေးကင်းရမယ်၊ တဖက်လူကို ဒုက္ခမပေးရပါဘူး။ ဒီအတွက်လည်း ဒီစာကို ကျွန်တော်ရေးတာပါ။

- လွန်ခဲ့တဲ့ တနှစ်က အသည်းကွဲတုန်း club ကို ၂ ခါ ၃ ခါ လောက်ရောက်ဖူးတယ်။ ဒီမှာ အသက်ကြီးဆုံးက ကိုယ်တွေလောကိုဆိုတော့ မြင်မြင်သမျှ အဆန်းကြီး။ ကောင်မလေးတွေ ချောချောလေးတွေဆိုတော့ ငမ်းတာပေါ့။ အဲ့မှာမှ တော်တော်လှလှလေး ချစ်စရာလေးပါဆိုပြီးမှတ်ချက်ပေးတုန်းရှိသေးတယ် ခဏနေတော့ အကိုကြီးတယောက်နဲ့ အာဘွားတွေပေးကြပါလေရော။ မောင်ကျန်ရစ် ကျွန်တော်လည်း နားလည်လိုက်ပါတယ် ရည်းစားပေါ့။

- အာ့နဲ့ ပြန်ခါနီး အဲ့ကောင်မလေးထပ်တွေ့ပါရော။ အဲ့လိုပဲ အာဘွားတွေပေးနေပြန်ရော။ အဲ့ထိ မအံ့ဩသေးဘူး။ ဘယ်မှာ အံ့ဩသွားလည်းဆိုတော့ လူမတူတော့မှ။

"ဟာ၊ ဟင်" တွေဖြစ်၊ ကိုယ့်ဟာကိုယ်ပဲ မူးနေတာလားတွေဖြစ်ကုန်ရော။ ဒါက တကယ့်ကိုယ်တွေ့အဖြစ်နော်။ ကျွန်တော်ပြောသလို မျက်မြင်/မျက်ကွယ်ကို တွေးကြည့်ရင် အခြေအနေကြီးက အရမ်းကို ကြောက်ဖို့ကောင်းနေပါပြီ။ ဒီအချိန်မှာ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကိုယ့်ဟာကိုယ် အန္တရာယ်မဖြစ်အောင် ကာကွယ်လို့ရအောင် မေမေတို့က လမ်းကြောင်းပေးရပါမယ်။

▪️ကဲစာရှည်ပြီ။ ဒီစာကို ရေးတဲ့အခါ ဆရာရေးတယ်၊ ဆရာလုပ်တယ်၊ ဝေဖန်တယ်ဆိုတယ် အမြင်မျိုးထပ် မောင်၊ အကို၊ တူ တယောက်က ကြုံရတဲ့ အတွေ့အကြုံကို မျှ​ဝေတယ်ပဲ သဘောထားပါ မေမေတို့။ ဒီ group က တကယ်ကို ပြောမနာ ဆိုမနာဖြစ်နေတော့ ပွင့်ပွင့်လင်းလင်း ရေးပြရခြင်းပါ။ မေမေတို့ဖက်က အတွေ့အကြုံတွေ လိင်ကတဆင့် ကူးစက်နိုင်တာတွေ၊ တား​ဆေးနဲ့ ပတ်သတ်တာတွေ မေးလို့ မျှဝေလို့ရပါတယ်။

စာကြွင်း - ဆေးခန်းက Condom နော် စာရေးဖို့ ဓါတ်ပုံရိုက်ထားတာနော်။ ပေါက်ကရလာပြောမှာ အာရုံရနေတယ်။ ကိုယ့်ဟာကိုယ် စာကျက်နေတာ ကျုပ်က 😝😝

🦵🦶🦿ကလေးခြေခွင်ခြင်း🦿🦵🦶            ကလေးခြေခွင်တာ အသက်အလိုက် ပုံမှန်ခွင်တာနဲ့ ရောဂါကြောင့်ခွင်တာဆိုပြီး ရှိပါတယ်။ အသက်အလို...
09/06/2024

🦵🦶🦿ကလေးခြေခွင်ခြင်း🦿🦵🦶

ကလေးခြေခွင်တာ အသက်အလိုက် ပုံမှန်ခွင်တာနဲ့ ရောဂါကြောင့်ခွင်တာဆိုပြီး ရှိပါတယ်။ အသက်အလိုက် ပုံမှန်ခြေခွင်တာကို အတင်းပြုပြင်တာနဲ့ အမှန်တကယ် ခြေခွင်တာကို မှန်ကန်သော ကုသမှု မယူခဲ့ဘူးဆို ကလေးမှာ ပြဿနာတွေ ဖြစ်ရပါတယ်။

🦿🦿🦿 ခြေထောက်ကိုကြည့်ရင် ခြေချောင်း၊ ခြေဖဝါး၊ ဖနောင့်၊ ခြေမျက်စိ၊ ခြေသလုံး၊ ဒူး၊ ပေါင်နဲ့ တင်ပါးဆုံဆိုပြီး ရှိပါတယ်။

🦶🦶🦶 ခြေချောင်းလေးတွေနဲ့ ခြေဖဝါးက အတွင်းလန်တာ varusနဲ့ အပြင်လန်တာvalgus ဆိုပြီးရှိပါတယ်။ မွေးစမှ ငါးနှစ်ထိ အပြင်လန်တာ ပုံမှန်ပါ။

🦵🦵🦵 ခြေနှစ်ဖက်ဟာ မွေးစမှ တစ်နှစ်ထိ ဒူးနေရာမှာ အပြင်ခွင် genu varum ပါတယ်။ တစ်နှစ်မှ ၄နှစ်ကျော်ထိ မတ်တပ်ရပ်ရင် ဒူးနေရာဟာ အတွင်းခွင်genu valgum ပြီး ဒူးချင်းထိknock kneeပါတယ်။ နောက်ပိုင်းအသက်ရောက်မှ ဒူးက တဖြည်းဖြည်း တစ်ဖြောင့်တည်းနီးပါး ပြန်ဖြစ်ပါတယ်။

ခြေနှစ်ချောင်းရဲ့ အရှည်ဟာ အမြဲညီနေရပါတယ်။ အတိုအရှည်မညီရင် တင်ပါးဆုံရိုးပြဿနာတွေ၊ ပေါင်ရိုးနဲ့ ခြေသလုံးရိုးပြဿနာတွေ ဖြစ်တတ်ပါတယ်။ ပုံ၁ ပုံမှန်ခြေထောက် ကြီးထွားပုံ

🦶🦶🦶ခြေဖဝါးရောဂါများ
၁။ Club foot or talipes equinovarus (ခြေဖဝါးမွေးရာပါ အတွင်းခွင်ခြင်း) အဖြစ်များတာက သားအိမ်ထဲမှာ အနေအထားမမှန်လို့ ခွင်ရပါတယ်။ တချို့ ရောဂါစုတွေနဲ့လဲ တွဲတတ်လို့ ကလေးဆရာဝန်နဲ့ သေခြာပြရပါမယ်။
ကုသဖို့လိုပါတယ်။ မကုရင်နောက်ပိုင်း လမ်းလျှောက်ရခက်ခဲတာ၊ ခြေဖဝါးအသားမာတက်နာကျင်တာတွေကြောင့် ခွဲစိပ်ရတတ်ပါတယ်။ ကုသတာက အတင်းနှိပ်နယ်တာ လုံးဝမဟုတ်ပါဘူး။ နှိပ်တာက အခန့်မသင့်ရင် အရိုးကျိုး သွေးကြောထိကာ ခြေ‌ထောက်ပုတ်တတ်ပါတယ်။ ကုသမှုက ကျောက်ပတ်တီးဖိနပ် တပ်ပေးထားတာပါ။ ချက်ချင်းကြီး ပုံစံကျဖို့ခက်ရင် တဆင့်ခြင်း ကုရပါတယ်။ အသက်၃နှစ်မှ ၅နှစ်အထိ ဝတ်ရပါတယ်။ နောက်ဆုံး အပြင်ပိုင်းမှ ကုသရခက်မှသာ ခွဲစိတ်ကုသရပါတယ်။
ပုံ ၂ club foot (Wikipedia) ပုံ ၃။ club foot အား ကုသသည့်ဖိနပ်ပုံ (ref: www.hss.edu)

ရောဂါ ၂။ Rocker bottom foot or congenital vertical talus (မွေးရာပါခြေဖဝါး အပြင်ခွင်ခြင်း) ခြေဖဝါးဟာ သိသိသာသာ အပြင်ခွင်မေတယ်၊ ဖဝါးဟာ အတွင်းမှာ အတန်ငယ်ခုံးရမှာ မခုံးဘဲ ပြားနေတယ်၊ ဖနောင့်ဟာ ဘွတ်ဖနပ်လို ထိုးထွက်နေရင်တော့ ဒီရောဂါပါ။ အပြင်ခွင်တာ မွေးစမှာ ပုံမှန်ဆိုပေမယ့် ဒါကတော့ ပုံမှန်မဟုတ်ပါဘူး။ ဒီရောဂါဆိုရင်လဲ ကျောက်ပတ်တီးဖိနပ်စီးတာ၊ တိပ်ပြားအထိန်းကပ်တာတွေ လုပ်ရသလို မတိုးတက်ရင် ခွဲစိတ်ကုသရပါတယ်။ အသက်၆လမှ ၁နှစ်မှာ ခွဲစိပ်ကုရတတ်ပါတယ်။ ပုံ ၄။ rocker bottom foot ( ref: webpath.med.utah.edu)

ရောဂါ ၃။ ခြေဖဝါးပြားခြင်းနှင့် ခုံးခြင်း Pes planas, Pes cavus၊ ခြေဖဝါးဟာ မွေးစမှ ၆လထိပြားတတ်ပြီး ၆လကျော်ရင် ခုံးလာရပါတယ်။ ခြေရာကိုကြည့်ရင် ခြေမဖက် အလည်က ခုံးနေလို့ ခြေရာလွတ်နေရပါတယ်။ ကြွက်သားတွေ အရိုးအဆစ်ပြဿနာတွေကြောင့် ဖြစ်ရပြီး ရောဂါစုတွေနဲ့လဲ တွဲတတ်ပါတယ်။ အထုးပြုပြင်ထားတဲ့ ဖိနပ်တွေ ဝတ်ဖို့နဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုနိုင်ပါတယ်။ ရောဂါစုတွေနဲ့တွဲရင် ကုသဖို့လိုပါတယ်။ ပုံ ၅ ခြေဖဝါးပုံမှန်၊ ပြားခြင်းနှင့် ခုံးခြင်း (ref: link.springer.com)

🦵🦵🦵ဒူးရောဂါများ ၄။ Genu varum or bow leg လေးကိုင်းပုံ ဒူးခွင်ခြင်းနှင့် Genu valgum or knock knee ဒူးနှစ်လုံးတိုက် ဒူးခွင်ခြင်း။ ဒူးခွင်တဲ့ရောဂါသတ်မှတ်ဖို့ အသက်ကို ကြည့်ရပါတယ်။ မွေးစမှ အသက်တစ်နှစ် နှစ်နှစ်ထိ လေးကိုင်းပုံ ဒူးခွင်တာ ပုံမှန်ပါ။ အကယ်၍ နှစ်နှစ်အထက်မှာ တွေ့ရရင်တော့ ဗီတာမင်ဒီချို့တဲ့တာ၊ ထိခိုက်မိတာ၊ ပိုးဝင်တာနဲ့ ရှားပါးသော ကင်ဆာနှင့် အရိုးနှင့်ကြွက်သားရောဂါများကြောင့် ဖြစ်နိုင်ပါတယ်။ အသက်၂နှစ်မှ၄-၅နှစ်ထိ ဒူးနှစ်လုံးတိုက်ခွင်တာ ပုံမှန်လဲရှိတတ်ပါတယ်။ ၆နှစ်ကျော်ထိခွင်တယ် တခြားလက္ခဏာတွေရှိတယ်ဆိုရင်တော့ အထက်ကပြောတဲ့ ရောဂါတွေနဲ့ တွဲတတ်လို့ အရေးကြီးပါတယ်။ နှစ်ဖက်ခွင်ရင် ဗီတာမင်ဒီချို့တဲ့တာနဲ့ တကိုယ်လုံးထိတဲ့ ရောဂါတွေ ပိုဖြစ်တတ်ပါတယ်။ တစ်ဖက်ထဲဖြစ်ရင်တော့ ထိခိုက်မိတာ၊ ပိုးဝင်တာနဲ့ အရိုးကင်ဆာတွေ‌ကို သတိထားရပါတယ်။ ကုသမှုကတော့ မူလအခံရောဂါရှာဖွေကုသတာနဲ့ လိုအပ်ရင် ခွဲစိပ်ပြီး ခြေသလုံးရိုးကို ဖြောင့်အောင် စတီးချောင်းကပ်၊ စကူသံမှိုဆွဲတာတွေ လုပ်ရတတ်ပါတယ်။

၅။ ခြေနှစ်ချောင်း အရှည်မညီခြင်း။ တဖက်ဖက်မှ မွေးရာပါ တိုတာ သို့မဟုတ် ရှည်တာလဲဖြစ်နိုင်သလို ပြင်ပရောဂါကြောင့် တိုတာ/ရှည်တာလဲ ဖြစ်နိုင်ပါတယ်။ ထိခိုက်မိတာ၊ ပိုးဝင်တာ၊ ကင်ဆာနဲ့၊ ကြွက်သားနှင့် အာရုံကြောရောဂါများကြောင့် ဖြစ်ရလို့ သေခြာရောဂါရှာဖွေကုသရပါတယ်။

ကဲ ခုလောက်ဆို ခြေခွင်တာလား ပုံမှKlean Cinမ်းဖြင်း ခွဲခြားနိုင်မယ်ထင်ပါတယ်။ ခြေခွင်တာ မိမိဘာသာ နှိပ်နယ်ရင် ခြေဖြတ်ရတဲ့အထိ ဆိုးနိုင်ပြီး အရိုးအထူးကုဆရာဝန်နှင့် သေခြာပြသပြီး ကုသသင့်တယ်ဆိုတာ သိပြီထင်ပါတယ်။

References Nelson textbook of pediatrics
Photos credit to each internet website

Credit Klean Cin

🤔🤔🤔 ကလေးအလှုပ်နည်းခြင်း 🤔🤔🤔‼️‼️ ကလေးလှုပ်တယ်ဆိုတာ ဘာလဲ??- မေမေတို့ရဲဗိုက်ထဲမှာ ကလေးလေးက ကန်ပဲကန်ကန်၊ လုံးပဲလုံးလုံး၊ လှိ...
17/05/2024

🤔🤔🤔 ကလေးအလှုပ်နည်းခြင်း 🤔🤔🤔

‼️‼️ ကလေးလှုပ်တယ်ဆိုတာ ဘာလဲ??

- မေမေတို့ရဲဗိုက်ထဲမှာ ကလေးလေးက ကန်ပဲကန်ကန်၊ လုံးပဲလုံးလုံး၊ လှိမ့်ပဲလှိမ့် ကလေးရဲ့ရွေ့ရှားမှုတိုင်းကို ကလေးလှုပ်တယ်သတ်မှတ်ပါတယ်။ ဘယ်နားပဲလှုပ်တယ် ညာနားပဲလှုပ်တယ် ချက်အောက်ပဲလှုပ်တယ် ဘာမှအရေးမကြီးပါဘူး။ အဓိကက ကလေးလှုပ်ဖို့ပါ။

‼️‼️ ဘယ်အချိန်စလှုပ်လဲ??

- သားဦးဆို ၁၈ ပါတ်ကနေ ၂၀ အတွင်းပါ။ အချို့တွေ ၂၀ ကျော်တဲ့ထိနောက်ကျတာတွေရှိပါတယ်။ သားနှောင်းမိခင်တွေဟာ အစောဆုံး ၁၆ ပါတ်လောက်ကနေစပြီး သိနိုင်ပါတယ်။ လူတယောက်နဲ့ တယောက်ခံစားသိကွာပြီး ပြောင်းလဲနိုင်တာရှိပါမယ်။ ဒီနေရာမှာ သတိထားရမှာက due date နဲ့ကိုယ်ဝန်အပါတ်ပါ အချို့တွေက DD တွေကိုယ့်ဟာကိုယ်တွက်ပြီး အပါတ်ရေတွေ သတ်မှတ်ပါတယ်။ အဲ့မှာစပြီးမှားတော့တာပဲ။ DD ဆိုတာ ရာသီလာရက်၊ ဗိုက်ကသားအိမ်အရွယ်၊ ဆီး ၂ ကြောင်းပေါ်တဲ့ရက်၊ တားဆေးသုံး မသုံး၊ ultrasound အကုန်ပေါင်းပြီးမှ ထွက်လာသင့်တဲ့ ရက်တရက်ပါ။ ကျွန်တော်တို့ကျောင်းသား ဘဝမှာ မှားရင်စာမေးပွဲကျသည်ထိ အရေးကြီးပါတယ်။ လက်တွေ့မှာဖြစ်နေတာကျတော့ application တွေနဲ့တွက် ultrasound ရက်တွေအတည်ယူလိုယူနဲ့ DD ပြသနာပေါင်းများစွာတက်တော့တာပါပဲ။

‼️‼️ ကလေးအလှုပ်နည်းတာ အရေးကြီးလား??

- ကလေးအသေမွေးဖွားကျတဲ့ မေမေတွေရဲ့ ၅၅ ရာခိုင်နှုန်းဟာ ကလေးအလှုပ်နည်းခြင်းကို ကြိုတင်ခံစားရတတ်ပါတယ်။ ဒါကြောင့် ပေါ့လို့တော့မရပါဘူး။ ကျွန်တော်မြင်ဖူးပါတယ် ၃၇ ပါတ်ကျော်မှာ ကလေးမလှုပ်တာ ၃ ရက်ရှိလို့ဆိုပြီး လာပြတဲ့မေမေ လာပြချိန်မှာ ကလေးအသက်မရှိတော့ပါဘူး။ ကလေးအလှုပ်နည်းတာကို သိလားဆိုတော့လည်း သိတယ်။ လှုပ်မလားဆိုပြီး စောင့်နေတာဆိုပြီး အကြောင်းပြချက်ပေးခဲ့ပါတယ်။ ၃ ရက်ထိစောင့်ပြီး နောင်ပိုင်းမှာတော့ ကလေးဟာ အပြီးပိုင်နှုတ်ဆက်သွားပါတယ်။

‼️‼️ကလေးလှုပ်ခြင်း အကြောင်း

- ပျမ်းမျှအားဖြင့် တနာရီကို ၃၁ ကြိမ်လှုပ်တယ်

- တခါနဲ့တခါကြား ၅၀ ကနေ ၇၅မိနစ် ထိခြားတတ်တယ်

- နေ့လည်နဲ့ ညနေပိုင်းတွေ အလှုပ်ဆုံးပဲ

- ကလေး ၁ ခါအိပ်ရင် ၂၀ ကနေ ၄၀ မိနစ်ထိကြာတတ်တယ်

- မိနစ် ၉၀ ကျော်သည်ထိ အိပ်တာတော်တော်ရှားပါတယ်။ ပြောချင်တာ တနာရီခွဲအတွင်း တကြိမ်တော့ အနည်းဆုံးလှုပ်သင့်ပါတယ်။

‼️‼ရောဂါမဟုတ်ပဲ အလှုပ်နည်းတဲ့ အချိန်များ

- မေမေတယောက်ဟာ လှဲအိပ်နေတဲ့အချိန် ကလေးလှုပ်တာကို အသိဆုံးဖြစ်တယ်။ အထိုင်များတယ် အလုပ်လုပ်တယ် မတ်တပ်အရပ်များတဲ့ မေမေတွေဆို အနေအထားကြောင့်တကြောင်း အာရုံမရတာကြောင့်တကြောင်း ကလေးလှုပ်တာနည်းတယ်ဆိုပြီး ဖြစ်တတ်ပါတယ်။

-နောင်တခုအနေနဲ့ အချင်းဟာ သားအိမ်နံရံ အရှေ့ဖက်မှာတွယ်တာဆိုလည်း အသိနည်းနိုင်ပါတယ်။ အချင်းကော သားအိမ်ပါခံနေတော့ မေမေတယောက်တွက် ခံစားသိဖို့ခက်သွားတာပါ။

-ဆေးထဲမှာဆို အိပ်ဆေးတွေ၊ အရက်၊ ဆေးလိပ် တွေဟာ ကလေးအလှုပ်နည်းစေတတ်ပါတယ်။

- တခါခါကျလိုအပ်လို့ ကလေးအဆုတ်အားကောင်းဆေး ထိုးရတတ်ပါတယ်။ ဒီလို မေမေတွေမှာဆို ကလေးအလှုပ်နည်းတာကို ၂ ရက်လောက်ထိခံစားရတတ်ပါတယ်။

- ကလေးက မှောက်ခုံ အနေအထားဖြစ်နေရင်လည်း မေမေတို့ရဲ့ သိနိုင်စွမ်းကိုလျော့စေပါတယ်။

‼️‼️ ရောဂါကြောင့် အလှုပ်နည်းခြင်း

- IUGR (ရောဂါကြောင့် သေးနေသောကလေး)

- SGA (ကလေးသေးနေခြင်း)

- မိခင် သွေးတိုး၊ ဆီးချို

- အသက်ငယ်လွန်း ကြီးလွန်းသော မေမေတွေ

- ဆေးလိပ်သောက်တဲ့ မေမေတွေ

- သားဦးမေမေတွေ

- ဝလွန်းတဲ့ မေမေတွေ

- ကလေးပုံမှန် မဟုတ်တဲ့အခါတွေ အစရှိတာတွေမှာတော့ ကလေးအလှုပ်နည်းတာဟာ ပိုပြသနာကြီးတတ်ပါတယ်။

‼️‼️ ကလေးအလှုပ်နည်းရင် ဘာလုပ်ရမလဲ??

- တခါခါ မေးကျပါတယ် ဆရာ သမီး ၂၄ ပါတ်၊ သမီး ၂၆ ပါတ် အစရှိသဖြင့်ပေါ့။ စိတ်မကောင်းစွာ ပြောရရင် ဘာမှလုပ်မရပါဖူး။ တခြားနိုင်ငံတွေမှာ ၂၄ ပါိတ်နဲ့ အလှုပ်နည်းရင် fetal medicine unit ကို ပို့ကျပါတယ်။ ကျွန်တော်တို့မှာ မရှိပါဘူး။

- ဒီတော့ စာထဲမှာပါတဲ့ အတိုင်းပြောရရင် ၂၈ ပါတ်ကျော်မှ အလှုပ်နည်းတာဆိုရင် အလှုပ်နည်းတာ သိသိချင်း ဘေးစောင်းအိပ်ပြီး ကလေးအလှုပ်မှတ်ပါ။ ၂ နာရီအတွင်းမှ ၁၀ ကြိမ်မပြည့်ရင် နီးစပ်ရာ ဆေးရုံသို့မဟုတ် ပြသနေသော OG ကိုပြပါ။

‼️‼️ စိတ်အရမ်းမပူစေချင်တာက ကိုယ်ဝန်ပါတ် ၂၀ ကျော်တွေမှာ ကလေးသိပ်မလှုပ်လို့ စိတ်အရမ်းမပူကြပါနဲ့။ ကလေးဟာ တဖြေးဖြေးချင်း ပိုပိုလှုပ်လာတာ ၃၂ ပါတ်ရောက်မှ pleatau phase ကိုရောက်ပါတယ်။ ပြောချင်တာ လှုပ်တဲ့ အကြိမ်ရေတန့်သွားပ့ါမယ်။ ၇၀ ရာခိုင်နှုန်းလောက်က ကလေးအလှုပ်နည်းပေမယ့် အကောင်းပကတိပါ။ ကလေးအလှုပ်နည်းလို့ဆိုပြီး မွေးလို့ရတဲ့ထဲ ကျွန်တော်တို့နိုင်ငံ မပါပါဘူး။ ၃၄ ပါတ်တောင် မနည်းမွေးယူနေရတာပါ။

#ထူး
Photo credit Google

09/05/2024

*** ရေမွှာရည်ဆင်းခြင်း ***

- ရေဆင်းခြင်းကို မေမေတို့ အမေးများတဲ့ မေးခွန်းကပဲစပြီး စကားဦးသန်းလိုက်ပါ့မယ်။

* မေးခွန်း ၁ - ကျွန်မ ရေဆင်းတာလား?

* မေးခွန်း ၂ - ကျွန်မ အဖြူဆင်းတာလား?

* မေးခွန်း ၃ - ရေကနည်းနည်းပဲဆင်းတာ စောင့်လို့ရမလား?

* မေးခွန်း ၄ - ရေချိုးရင် ရေပေါင်တတ်လား?

- ဒါရေဆင်းတာနဲ့ ပတ်သတ်ပြီး အများဆုံးမေးခွန်းတွေပါ။ ဒီမေးခွန်းတွေဖြေရရင် ရေဆင်းလား အဖြူဆင်းလား online ကနေ ဘယ်လိုမှ မခွဲနိုင်ပါ။ Speculum လိုခေါ်တဲ့ မှန်ပြောင်းလေးနဲ့ကြည့်ပြီး ရေလား အဖြူလားခွဲရပါတယ်။

- ရေချိုးလို့ ရေမပေါင်ပါ။ ရေမြွှာနဲ့လည်းဘာမှကို မဆိုင်တာပါ။

- ကဲ ရေဆင်းတာဖြစ်ပါပြီ စောင့်လို့မလားဆိုတော့ ‼‼ လုံးဝမရပါဖူး။ ဘာလိုလည်းဆို မေမေတို့ရဲ့ ကလေးလေးတွေကို ပိုးအန္တရာယ် ထိခိုက် အန္တရာယ်တွေကနေ အဓိက ကာကွယ်ပေးနေတာ ဒီရေမြွှာအိတ်ကြီးပါ။ ဒါကြီးပေါက်သွားရင် မေမေတို့ရဲ့ ကလေးလေးက မလုံခြုံတော့ဖူး။ အဆိုးဆုံးနဲ့ အသက်အန္တရာယ် အရှိဆုံးက ချက်ကြိုးထွက်ကျတာပါပဲ။
ကြာလာရင် ပိုးဝင်လာမယ် ကလေးအသက်အန္တရာယ်ရှိတာ။ ဒါတွေအကုန်လုံးကို စောင့်ကြည့်ဖို့အတွက် ချက်ချင်းဆေးရုံ သို့မဟုတ် မေမေတို့ရဲ့ OG ဆီကို ပြေးသင့်ပါတယ်။

*** ရေမြွှာနဲ့ ရေမြွှာအိတ်

- ကလေးလေးက မေမေ့ဗိုက်ထဲမှာ ဘာနဲ့တူလည်းဆို ရေဘောလုံးထဲက ကော်ရုပ်လေးပဲ။ ရေ ဘောလုံးက ရေမြွှာအိတ်ကိုပြောယ်။ ရေတွေကတော့ ရေမြွှာနဲ့တူတယ်။ ကလေးလေးက ကော်ရုပ်လေးပေါ့။ ဒီလောက်ဆို မြင်သာမယ်ထင်တယ်။

*** ရေမြွှာပမာဏ ဘယ်လောက်ရှိသင့်လဲ??

တိုင်းနည်းက ၂ နည်းရှိတယ်။

၁- liquor index/ AFI ဆို 8 ကနေ 18 cm ထိရှိတတ်တယ်။ အချို့ကျလည်း 25 cm မှ များတယ်ပြောတယ် အမျိုးမျိူးပေါ့။

၂- DVP လို့ပြောတဲ့ deepest vertical pool ဆိုရင် 2 ကနေ 8 cm လောက်ကို ပုံမှန်သတ်မှတ်တယ်။

*** ရေမြွှာပေါက်တာ ဘယ်လိုသိမလဲ??

- အနည်းအများ ပေါ်မူတည်ပါတယ်။ နည်းတဲ့ချိန်ကျ ထမိန်ကွက်ရုံ ရေစွတ်ရုံမျိူးပဲဖြစ်တတ်တယ်။ တခါခါ ဆီးသွားတာနဲ့မကွဲတတ်ဖူး။ များရင်တော့ ရှင်းပါတယ် ရေတွေအများကြီး မိန်းမကိုယ်ကနေထွက်လာနိုင်တယ် ထမိန် ၂ ထည် ၃ ထည်လောက်စိုတတ်ပါတယ်။ ဒီတော့ ဘယ်လောက်ပဲ ဆင်းဆင်း ဆေးရုံ ဆေးခန်းသွားရမှာ မေမေတို့တာဝန်ပါ။ နောက်ကျလို့ ပိုးဝင်ပြီး ကလေးဆုံးရှုံးဖူးတဲ့ မေမေတွေအများကြီး ရှိပါတယ်။

*** Term PROM ( ဗိုက်မနာခင် ရေမြွှာပေါက်ခြင်း)

- ၃၇ ပါတ်ကျော်မှ ရေမြွှာပေါက်တာမျိုးကိုဆိုလိုတယ်။ အဆုတ်အားကောင်းဆေးတွေမလိုဘူး။ ပိုးသတ်ဆေး သောက်ဖို့တွေမလိုဘူး။ ၆၀ ရာခိုင်နှုန်းလောက်က ၂၄ နာရီ အတွင်း ဗိုက်နာပြီးမွေးတတ်ကျပါတယ်။

*** PPROM ( လမစေ့ခင် ရေမြွှာဆင်းခြင်း)

- ၃၇ ပါတ်မတိုင်မီ ရေဆင်းတာတွေအားလုံးကို ဆိုလိုပါတယ်။ မွေးလို့ရမရက ကလေးပေါ်မူတည်တယ်။ အရမ်းနုလွန်းရင် မမွေးဖို့ကြိုးစားရမယ်။ ဒီလိုကြိုးစားရတဲ့ထဲမှာ ပိုးသတ်ဆေး သောက်တာ ထိုးတာတွေပါတယ်။ အဆုတ်အားကောင်းဆေး ထိုးတာတွေပါတယ်။ သားအိမ်ထဲ ပိုးဝင်ရင်တော့ ကလေးအတွက်မကြည့်ဘဲ မေမေအသက်ကယ်ဖို့ မဖြစ်မနေမွေးရတာတွေ ရှိတတ်ပါတယ်။

- ဒီစာလေးကိုဖတ်ပြီး မေမေတို့ ရေဆင်းခြင်းနဲ့ ပါတ်သတ်ပြီး ​အနည်းနဲ့အများ ဆင်ခြင်နိုင်ကျပါစေ။

#ထူး

မေမေ/ဖေဖေတို့ မင်္ဂလာပါဗျာ။ကျွန်တော် ဒီ page လေးထောင်လိုက်ရတဲ့ ရည်ရွယ်ချက်လေး ပြောပြပါရစေ။ ▪️Page ရဲ့ Followers အများစုက...
08/05/2024

မေမေ/ဖေဖေတို့ မင်္ဂလာပါဗျာ။

ကျွန်တော် ဒီ page လေးထောင်လိုက်ရတဲ့ ရည်ရွယ်ချက်လေး ပြောပြပါရစေ။

▪️Page ရဲ့ Followers အများစုကလည်း group ကဆိုတော့ ကျွန်တော်တို့ ၂ ယောက် အကြောင်းအရမ်း ထူးပြီး မိတ်မဆက်တော့ပါဘူး။ ကျွန်တော်က သားဖွားမီးယပ်ဆိုင်ရာ ပြသနာတွေအတွက် ဖြေပေးတာများပြီး၊ ဆရာ Klean Cin ကတော့ ကလေး ပြသနာတွေ အဓိကဖြေပေးပါတယ်။

▪️Group ထဲမှာ မေးခွန်းတွေ တအားများလာပြီး မနိုင်တော့က တစ်ကြောင်း၊ ကျွန်တော်တို့ ကိုယ်ပိုင်အချိန်လေးတွေ ပိုလိုလာတာကြောင်ဘ တစ်ကြောင်း ဒီ page လေးကို run ဖြစ်တာပါ။

▪️သေချာတာတော့ ကျွန်တော်တို့ ဒါကို စီးပွါးဖြစ် လုပ်ကိုင်တာထပ်စာရင် ဖြေနိုင်ပေးမယ့် အရေအတွက် ကန့်သတ်လိုက်တာပါပဲ။ ပြီးတော့ ကျွန်တော်တို့ အများကြီး လက်မခံနိုင်ပါဘူး တနေ့ တနေ့ နိုင်သလောက်သာ ကျွန်တော်တို့ လက်ခံပေးနိုင်မှာပါ။ အဓိကက ကျွန်တော်တို့ ၂ ယောက်တည်း ဖြေပေးနေမှာ ဖြစ်လို့ ဝန်မနိုင်မှာ ဆိုးတာပါ။

▪️ကာလစျေးနှုန်းအရကို တမင်နည်းနည်းပဲ ယူထားတာပါ။ သို့ပေမယ့် တတ်နိုင်သလောက် လူတယောက်ခြင်းစီအတွက် quality care ပေးဖို့ ကြိုးစားမှာဖြစ်လို့ လူကို တဖြေးဖြေး ကန့်သတ်သွားမှာပါ။

▪️အားပေးပေးသူ တယောက်ခြင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ဗျို့

#ထူး

Address

Yangon

Opening Hours

Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00

Website

Alerts

Be the first to know and let us send you an email when Htoo for You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram