Sweetie Home Food Production

Sweetie Home Food Production Serve homemade fruity Kefir, KOMBUCHA, and Enzyme drinks.

ဂျင်းမကျည်း ကွန်ဘူချာ လေးလဲ ရပါပြီရှင်။ ကီဖာ နဲ့လဲ မှာယူလို့ရပါတယ်။
24/03/2025

ဂျင်းမကျည်း ကွန်ဘူချာ လေးလဲ ရပါပြီရှင်။
ကီဖာ နဲ့လဲ မှာယူလို့ရပါတယ်။

24/02/2025

Ginger Espresso

ချစ်ရတဲ့ ရွှေမျိူးတွေက Jumbo ဘူးလေးတွေကိုလဲ  ကုန်ကြမ်းဘူးပြတ်သွားတဲ့ အထိ အမြဲ မပြတ် အားပေးကြလို့ ကျေးဇူးတင်ပါတယ်ရှင်။ ပြ...
16/02/2025

ချစ်ရတဲ့ ရွှေမျိူးတွေက Jumbo ဘူးလေးတွေကိုလဲ ကုန်ကြမ်းဘူးပြတ်သွားတဲ့ အထိ အမြဲ မပြတ် အားပေးကြလို့ ကျေးဇူးတင်ပါတယ်ရှင်။
ပြီးတော့ နှစ်ဆင့် ရေခဲသေတ္တာ တံခါးမှာလဲ ဘူးလေးတွေက အလွယ်တကူ ဆန့်တာမို့ အမြဲမပြတ် အေးအေးလေး လဲ သောက်ချင်တယ်၊ အဝ လဲ သောက်ချင်တယ်ဆိုရင် Jumbo လေးကို သတိရပါနော်။

သီးသန့်  အချဉ်ဖာက်  ဖျော်ရည် အမှာတွေထဲကမှ  ၊ ကျောက်ဖရုံ အင်ဇိုင်း လေးရဲ့ သဘာဝ အလှလေးပါရှင်။ဂျင်းသံပုရာလေးက အရသာ ထူးခြားဖ...
31/01/2025

သီးသန့် အချဉ်ဖာက် ဖျော်ရည် အမှာတွေထဲကမှ ၊ ကျောက်ဖရုံ အင်ဇိုင်း လေးရဲ့ သဘာဝ အလှလေးပါရှင်။
ဂျင်းသံပုရာလေးက အရသာ ထူးခြားဖို့ နဲ့ ဆေးဖက်ဝင်မှု အတွက်ပါ။ 🍋‍🟩🫚
အမှာ သီးသန့်ဖောက် ပေးတာမို့ လိုချင်တဲ့ အရသာ နဲ့ အသီးကို ဝယ်သူ စိတ်ကြိုက် ညှိုနှိုင်း လို့ရပါတယ်။ Only for you ပါ။ ❤️
တဘူး 5000 ကျပ်ပါ။ နှစ်ဘူးကစမှာလို့ရပြီး စရံငွေ တဝက် ( ဒါမှမဟုတ်) အပြည့် ပေးပြီး မှာလို့ရပါတယ်ရှင်။

ရွှေမျိူးတို့ရေ။ မနက်ဖြန် Sedona မှာ ကျင်းပမယ့် So local ပွဲမှာ ရှိပါမယ်နော်။ အချဉ်ဖောက် ဖျော်ရည် တွေ အမြည်းသောက်ပြီး ဈေ...
28/01/2025

ရွှေမျိူးတို့ရေ။
မနက်ဖြန် Sedona မှာ ကျင်းပမယ့် So local ပွဲမှာ ရှိပါမယ်နော်။
အချဉ်ဖောက် ဖျော်ရည် တွေ အမြည်းသောက်ပြီး ဈေးဝယ်ထွက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ ❤️

ရွှေမျိူးတို့အတွက်  Sweetie Home မှ မှာယူ ရွေးချယ်သောက်စရာ ကျန်းမာရေး ဖျော်ရည် လေးတွေပါရှင်။
24/01/2025

ရွှေမျိူးတို့အတွက် Sweetie Home မှ မှာယူ ရွေးချယ်သောက်စရာ ကျန်းမာရေး ဖျော်ရည် လေးတွေပါရှင်။

ရွှေမျိူးတို့ရေ။  So Local Vol.3 CNY 2025 ရဲ့ Booth No. F1 မှာ Sweetie Home ကပါဝင်သွားမှာဖြစ်ပါတယ်So Local Vol.3 CNY Fun...
21/01/2025

ရွှေမျိူးတို့ရေ။
So Local Vol.3 CNY 2025 ရဲ့ Booth No. F1 မှာ Sweetie Home ကပါဝင်သွားမှာဖြစ်ပါတယ်

So Local Vol.3 CNY Fun Fair & Bazaar 2025 January

Date : 29.01.2025 (Wednesday)
Time : 11am to 9pm
Venue : Sedona Hotel Grand Ball Room

ဝင်ကြေးအခမဲ့ပါ

ပြည်တွင်းထွက်ကုန်များကို Promote လုပ်တဲ့ပွဲလေးဖြစ်လို့လာရောက်ကြဖို့ဖိတ်ခေါ်ပါတယ်

Local Fashion, Local Food, Local Prodcut Booth ပေါင်း ၉၀ ကျော်ပါဝင်ပါတယ်

Go Local 🇲🇲 So Local Sedona

ရွှေမျိူးတို့ရေ။ ကျန်းမာရေး သားရည်စာ သံပုရာ ပေါင်းလေးကိုလဲ မမေ့နဲ့နော်။
21/01/2025

ရွှေမျိူးတို့ရေ။
ကျန်းမာရေး သားရည်စာ သံပုရာ ပေါင်းလေးကိုလဲ မမေ့နဲ့နော်။

Sweetie Home ရဲ့ သံပုရာပေါင်းကို ရန်ကုန်မြို့ ပါရမီလမ်းပေါ်က Yangon Bazaar ရဲ့ Myanwen Marketplace  MyanWen Marketplace ...
11/01/2025

Sweetie Home ရဲ့ သံပုရာပေါင်းကို ရန်ကုန်မြို့ ပါရမီလမ်းပေါ်က Yangon Bazaar ရဲ့ Myanwen Marketplace MyanWen Marketplace မှာ ဝယ်ယူအားပေးနိုင်ပြီဖြစ်ကြောင်း သတင်း ကောင်း ပါးအပ်ပါတယ်ရှင်

Bazaar Yangon Supermarket
📍 https://maps.app.goo.gl/bsg75uhuvAsbrVFg9?g_st=ic

ချစ်ရတဲ့ ရွှေမျိူး တွေ အစာအိမ်နဲ့ အူလမ်းကြောင်း အထောက်အကူပြု အသင့်သောက်၊ အချဉ်ဖောက်  ဖျော်ရည်လေးတွေ အရသာစုံ ရွေးချယ် ဝယ်...
23/12/2024

ချစ်ရတဲ့ ရွှေမျိူး တွေ အစာအိမ်နဲ့ အူလမ်းကြောင်း အထောက်အကူပြု အသင့်သောက်၊ အချဉ်ဖောက် ဖျော်ရည်လေးတွေ အရသာစုံ ရွေးချယ် ဝယ်ယူနိုင်ဖို့ SHP မှ
၁) ဂျင်း၊ သံပုရာ၊ ပူစီနံ ၊ ဟိမဝန္တာ ပန်းရောင် ကျောက်ဆားတို့ နဲ့ အချိူးကျ အချဉ်ဖောက်ထားတဲ့ မူလ အရသာ ဂျင်းဂျာအေး ( Ginger Ale)
၆၀၀၀ ကျပ်
၂) ဂျင်း၊ စပါးလင် တို့နဲ့ အချိုးကျ အချဉ်ဖောက်ထားတဲ့ ဆေးဖက်ဝင် စပါးလင် ဂျင်ဂျာအေး ( Lemongrass Ginger Ale)
၆၀၀၀ ကျပ်
၃) ဂျင်း၊ ဇီးသီး၊ လက်ဖက်အချဉ်ဖောက် ကွန်ဘူချာ တို့ အချိူးကျ ဖျော်စပ်ထားတံ့ ဂျင်းဇီး ကွန်ဘူချာ ( Ginger Plum Kombucha)
၅၀၀၀ ကျပ်
၄) ဂျင်း၊ အာရေးဘီကား ကော်ဖီ၊ ကွန်ဘူချာ တို့ အချိူးကျ ‌စပ်ထားတဲ့ ကော်ဖီ ချစ်သူတို့ အကြိုက် ဂျင်းကော်ဖီ ကွန်ဘူချာ ( Ginger Coffee Kombucha)
၅၀၀၀ ကျပ်
ကို Ocean , Market Place by Citymart နဲ့ Citymart Exclusive ဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါပြီရှင်။
#ကွန်ဘူချာ

ရွှေမျိူးတို့ ၊ ပုံလေးကို Save ထားပြီး သဘာဝ အချဉ်ဖောက် ဖျော်ရည်များ လိုအပ်လာရင်၊ လိုအပ်သူ ရှိလာရင်  မျှဝေ ပြီး မှာယူ လို...
19/12/2024

ရွှေမျိူးတို့ ၊ ပုံလေးကို Save ထားပြီး သဘာဝ အချဉ်ဖောက် ဖျော်ရည်များ လိုအပ်လာရင်၊ လိုအပ်သူ ရှိလာရင် မျှဝေ ပြီး မှာယူ လို့ရပါတယ်ရှင်။

အစားအသောက် တာရှည်ခံအောင် ပြုလုပ်ခြင်း နည်းစနစ်များ။(I)  သံဘူးဖြင့် ပိုးသတ်ခြင်းဆီသွပ်ဘူးလို့ ပြည်တွင်းက သိကြတဲ့  Canning...
29/11/2024

အစားအသောက် တာရှည်ခံအောင် ပြုလုပ်ခြင်း နည်းစနစ်များ။

(I) သံဘူးဖြင့် ပိုးသတ်ခြင်း

ဆီသွပ်ဘူးလို့ ပြည်တွင်းက သိကြတဲ့ Canning Process ဟာ မှိုတက်လွယ်တဲ့ စားစရာ တွေကို တာရှည်ခံ ဓါတု ဆေး မပါပဲ နှစ်ချီ အထားခံပြီး စားသုံးသူ လက်ထဲ အလွယ်တကူထည့်နိုင်တဲ့ တာရှည်ခံနည်းလမ်း‌ တွေ ထဲက တစ်ခုပါ။
သူ့မှာ အဓိက အဆင့်ငါးဆင့်ပါပါတယ်။
၁။ ပြင်ဆင်ခြင်း
ဆေးကြော၊ လိုသလောက်အတုံး၊ ပမာဏ ဖြတ်တောက်၊အရသာသွင်း စတာတွေ လုပ်ကြပါတယ်။

၂။ အရည် ထည့်သွင်းခြင်း
ပိုးသတ်ပြီး အပူဒဏ်ခံ သံဘူး/ ဖန်ပုလင်း တွေကို ပြင်ဆင်ထားတဲ့ အစားအစာပမာဏထည့်၊ အချိူရည်/ဟင်းရည်/ ဆားရည် ထည့်သွင်းတာပါ။

၃။ အဖုံးပိတ်ခြင်း
ပြင်ဆင်ပြီး ဘူးတွေကို လေလုံအောင်/ လေမဝင်အောင် အဖုံးပိတ်စက်တွေနဲ့ ပိတ်ရပါတယ်။

၄။ ကြာရှည်ခံအောင် ပြုလုပ် ခြင်း
ပြင်ဆင်ပြီး အဖုံးပိတ်ပြီး ဘူးတွေကို Canning Process အတွက် သတ်မှတ်ထားတဲ့ အပူချိန်မြင့် ရေနွေးထဲ ထည့်ပြုတ်တာ (ဒါမှမဟုတ်) သတ်မှတ်ဖိအားမြင့် တစ်ခု ပေး ပြီး အစားအသောက်ကို ပျက်စီးစေနိုင်တဲ့ ပိုးမွှားတွေ သေအောင်/ သူတို့ ဖြစ်ပေါ်လာနိုင်တဲ့ အ‌ခြေအနေတရပ်ကို ပျက်စီးအောင် ပြုလုပ်ရပါတယ်။ ဒါက ကြာရှည်ခံဆေးတွေ မပါပဲ ပိုးမပေါက်/ ပိုးသတ်/ မှိုထိန်းတာ တမျိူးပါ။

၅။ အအေးခံခြင်း
ပိုးသတ်စက်/ ပေါင်းခံစက် ထဲကထွက်လာတဲ့ finished products တွေကို အအေးခံပြီးရင်တော့ ပါကင်ပိတ်လို့ရပါပြီ။

🚨တချို့က Canned ဘူးတွေက နှစ်အကြာကြီးခံတယ်။ တာရှည်ခံဆေးတွေ ဘယ်လောက်ထည့်တာလဲ မသိဘူး ဆိုပြီး စိုးရိမ်တက်ကြပါတယ်။

🚧စနစ်တကျ ပြုလုပ်ပိုးသတ်ထားတဲ့ Canned ဘူးတွေမှာ ပိုးမွှားပေါက်ဖို့ အခြေအနေတရပ်ကို ဖျက်စီးထားတာမို့ ပိုးမပေါက်နိုင်တော့ပါဘူး။ ဒါကြောင့် နှစ်ရှည်ခံပါတယ်။ပုံမှန်အားဖြင့်တော့ အဲ့လို ပိုးသတ်စက်ကြီး တွေက Full mood operation လုပ်ရတာမို့ စက်ထဲဝင်သွားပြီးရင် ပိုးသတ်နိုင်ဖို့ သေချာသလောက်ပါပဲ။

🤔🤔ဒါပေမယ့်စက်ဆိုတာလဲ ပျက်နိုင်တာရှိတာမို့ စက်ရုံက ပိုးသတ်ရာမှာ စက်ကြောင့် Error ဖြစ်သွားတဲ့ ဘူး ဟုတ်မဟုတ် ဘယ်လို သိမလဲဆို ရင်တော့ ပိုးမသေထားဘူးဆို ပုံမှန် ဟင်းလျာတွေလို ရက်ကြာရင် အချဉ်ပေါက်လာနိုင်တာမို့
🚨သံဘူး က အဖုံး/ ဘေးနံရံ‌တွေ ဖောင်းနေတာ၊ အဖုံးတွေ ဟနေတာ ၊ ဆီတွေ စိမ့်ထွက်နေတာ တွေ့နိုင်ပါတယ်။ အစားအသောက်ပါတဲ့ အရည်ပမာဏကလဲ အစားအသောက်ကို ဖုံးနေရပါမယ်။ 🧮Expired Date မတိုင်ခင် ဖြစ်တာဟုတ်မဟုတ်ကို လဲ Expired Date ကို စစ်နိုင်ပါတယ်။

🥢စိတ်အချရဆုံးကတော့ သံဘူး/ဖန်ဘူး ဖွင့်ပြီး အကောင်းဆုံး အရသာ အတွက် ၂၄ နာရီ အတွင်း စားသင့်ပါတယ်။

ဆက်လေ့လာချင်ရင် ပေးထားတဲ့ reference တွေမှာ သွားလေ့လာလို့ရပါတယ်။
References:
https://nchfp.uga.edu/publications/publications_usda.html https://www.healthycanning.com
https://nchfp.uga.edu

Dr.Tin Mar Lar Thein

ကျန်အစားအသောက် ကြာရှည်ခံအောင် ပြုလုပ်ခြင်းများကို ဆက်လုက် ဖော်ပြပါမည်။

Address

Yangon

Alerts

Be the first to know and let us send you an email when Sweetie Home Food Production posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sweetie Home Food Production:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram