03/03/2026
"Rapid Test Kit တွေက တကယ်ပဲ စိတ်ချရရဲ့လား? သိထားသင့်တဲ့ အချက် (၄) ချက် 🧪✨
အခုနောက်ပိုင်း ကျန်းမာရေးစစ်ဆေးမှုတွေမှာ အချိန်ကုန်သက်သာပြီး လွယ်ကူတဲ့ Rapid Test Kit တွေကို အသုံးများလာကြပါတယ်။ ဒါပေမဲ့ Kit တစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် 'မြန်ရုံ' နဲ့ မရပါဘူး၊ 'မှန်ကန်ဖို့' လည်း လိုအပ်ပါတယ်။
Viva Test လိုမျိုး Quality ကောင်းမွန်တဲ့ Test Kit တွေမှာ ကြည့်ရမယ့် အဓိက အချက်တွေကတော့ -
1️⃣ Sensitivity (အာရုံခံနိုင်စွမ်း): ရောဂါရှိနေရင် ရှိကြောင်း ပြနိုင်စွမ်း ဘယ်လောက်ရှိလဲဆိုတာပါ။ (ဥပမာ- ကျွန်တော် တို့ရဲ့ Viva Test ရဲ့ HIV Cassette ဆိုရင် 99.9% အထိ တိကျမှုရှိပါတယ်)
2️⃣ Specificity (သတ်မှတ်ခွဲခြားနိုင်စွမ်း): ရောဂါမရှိရင် မရှိကြောင်း (Negative) ကို တိတိကျကျ ပြနိုင်စွမ်းပါ။
3️⃣ One Step Process: စစ်ဆေးရတာ ရိုးရှင်းပြီး အဆင့်များများစားစား မလိုဘဲ အဖြေထုတ်ပေးနိုင်ရပါမယ်။
4️⃣ Storage Condition: ဆေးပစ္စည်းဆိုတာ သိုလှောင်မှု စနစ်တကျရှိမှ အဖြေမှန်ရမှာပါ။ (2°C - 30°C အတွင်း ထားရှိဖို့ လိုအပ်ပါတယ်)
✅ Viva Test တွေဟာ WHO ရဲ့ Standard တွေနဲ့အညီ ထုတ်လုပ်ထားပြီး HIV, Hepatitis B (HBsAg), Hepatitis C (HCV) နဲ့ Syphilis စတဲ့ ရောဂါတွေကို မိနစ်ပိုင်းအတွင်း အဖြေထုတ်ပေးနိုင်ပါတယ်။
ကျန်းမာရေးအတွက် စစ်ဆေးမှုလုပ်တော့မယ်ဆိုရင် အရည်အသွေးစိတ်ချရတဲ့ Test Kit တွေကိုပဲ ရွေးချယ်အသုံးပြုကြဖို့ တိုက်တွန်းပါရစေခင်ဗျာ။ 😊
"