Amethyst Co., Ltd

Amethyst Co., Ltd A Pharmaceutical distributor in Myanmar by registration of pharmaceutical products, market survey, i

A Pharmaceutical distributor in Myanmar by registration of pharmaceutical products, market survey, importation, marketing, sales and distribution.

Amethyst Co., Ltd  မှ လစဉ် လှူဒါန်းနေကျဖြစ်တဲ့ မေတ္တာရောင်ခြည် ပရဟိတ သီလရှင် စာသင်တိုက်သို့ ယခုလမှာလည်း (၃၈) ကြိမ်မြောက်...
14/07/2025

Amethyst Co., Ltd မှ လစဉ် လှူဒါန်းနေကျဖြစ်တဲ့ မေတ္တာရောင်ခြည် ပရဟိတ သီလရှင် စာသင်တိုက်သို့ ယခုလမှာလည်း (၃၈) ကြိမ်မြောက် အလှူအဖြစ် အလှူတော်ငွေ (၁၂၀,၀၀ဝိ/-) ကျပ်နှင့် ဆန်၊ ဆီ၊ ဆပ်ပြာမှုန့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။



Official Website: www.amethystmyanmar.com
Telegram Channel: https://t.me/amethystpharmamyanmarchannel
Viber Channel: https://bit.ly/3DU0GA0

"သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ၊ဝါဆိုလပြည့် ထူးခြားနေ့၊ အောက်မေ့ ဤလေးဖြာ"ဝါဆိုလပြည့်နေ့ “သန္ဓေ၊ တောထွက်၊ ဓမ္မစက...
09/07/2025

"သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ၊
ဝါဆိုလပြည့် ထူးခြားနေ့၊ အောက်မေ့ ဤလေးဖြာ"

ဝါဆိုလပြည့်နေ့ “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ” ဆိုတဲ့အတိုင်း ထူးမြတ်တဲ့ လဝါဆိုဟာ ဘုရားလောင်း ပဋိသန္ဓေ ခသောနေ့၊ တောထွက်တော်မူသောနေ့၊ ဓမ္မစကြာတရားဦး ဟောကြားတော်မူသောနေ့၊ တန်ခိုးပြာဋိဟာပြတော်မူသောနေ့ စသဖြင့် ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများ စိုက်ထူခဲ့သော နေ့ထူးနေ့မြတ်ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မှာ ဝါဆိုပန်းများ ကပ်လှူခြင်း၊ သီလဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်း ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော် ရွတ်ဖတ်ပူဇော်ခြင်းများကဲ့သို့သော ကုသိုလ်တွေ မမေ့မလျော့ ပြုလုပ်နိုင်ကြပါစေကြောင်း Amethyst Co., Ltd မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်...🙏


အမျိုးသားများ ဆီးကျိတ်ရောင်ရမ်းခြင်း နှင့် ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးမယ့် Prostamin Forte 🧡     #ဆီးကျိတ်
25/06/2025

အမျိုးသားများ ဆီးကျိတ်ရောင်ရမ်းခြင်း နှင့် ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးမယ့် Prostamin Forte 🧡

#ဆီးကျိတ်

💁‍♂️ အမျိုးသားတိုင်း အသက် (၅၀) ကျော်လာရင် ဆီးကျိတ်ကြီး‌ရောဂါ၊ ဆီးကျိတ်ရောင်ရောဂါ ဖြစ်နိုင်ခြေ အတော်လေး များလာတာဖြစ်လို့ ဒီလိုပြဿနာတွေကို ဖြေရှင်းလိုရင်တော့ Prostamin Forte ကို သတိရလိုက်ပါ။

👉 India နိုင်ငံထုတ် Prostamin Forte မှာ ရွှေဖရုံသီးအစေ့၊ ခွေးလျားသီးအမြစ်၊ ဆေးထန်းပင်အသီး၊ Pygeum Africanum Bark (Bitter Almond) တို့မှ ထုတ်ယူထားသော Extract များ၊ Zinc | Vitamin E | Vitamin B6 တို့ကဲ့သို့ ဗီတာမင်နဲ့ သတ္တုဓာတ်များလည်း အချိုးကျ ပါဝင်ပေါင်းစပ်ထားတဲ့အတွက် -

✅ ဆီးအိတ်ကြွက်သား တင်းကျုံ့မှုကို လျော့နည်းစေတယ်။
✅ ဆီးကျိတ် ရောင်ရမ်းမှုကို သက်သာစေတယ်။
✅ BPH (Benign prostatic hyperplasia) ရောဂါများမှ ကာကွယ်ပေးတယ်။
✅ ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ပေးတယ်။
✅ ဆီးကျိတ်နဲ့ ဆီးလမ်းကြောင်း တစ်လျှောက် နာကျင်တာကို သက်သာစေတယ်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA - Food and Drug Administration, Myanmar ၏ အသိအမှတ်ပြု ထောက်ခံချက်လက်မှတ် ရရှိထားပြီး ဖြစ်ပြီး တစ်နေ့ (၁) လုံး ပုံမှန်သောက်သုံးနိုင်သလို သက်ဆိုင်ရာ ဆရာဝန်ရဲ့ ညွှန်ကြားချက်ဖြင့်လည်း သောက်သုံးနိုင်ပါတယ်။ 🤗

"ဆီးကျိတ်ကြောင့် ခေါင်းမခဲရစေဖို့ အမျိုးသားတိုင်းအတွက် Prostamin Forte"

#ဆီးကျိတ်

Amethyst Co., Ltd  မှ လစဉ် လှူဒါန်းနေကျဖြစ်တဲ့ မေတ္တာရောင်ခြည် ပရဟိတ သီလရှင် စာသင်တိုက်သို့ ယခုလမှာလည်း (၃၇) ကြိမ်မြောက်...
25/06/2025

Amethyst Co., Ltd မှ လစဉ် လှူဒါန်းနေကျဖြစ်တဲ့ မေတ္တာရောင်ခြည် ပရဟိတ သီလရှင် စာသင်တိုက်သို့ ယခုလမှာလည်း (၃၇) ကြိမ်မြောက် အလှူအဖြစ် အလှူတော်ငွေ (၁၂၀,၀၀ဝိ/-) ကျပ်နှင့် ဆန်၊ ဆီ၊ ဆပ်ပြာမှုန့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။



Official Website: www.amethystmyanmar.com
Telegram Channel: https://t.me/amethystpharmamyanmarchannel
Viber Channel: https://bit.ly/3DU0GA0

ဒီနေ့ ဇွန်လ (၅) ရက်နေ့ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environment Day) ပဲ ဖြစ်ပါတယ်။သဘာဝပတ်ဝန်းကျင် ကျန်းမာရေ...
05/06/2025

ဒီနေ့ ဇွန်လ (၅) ရက်နေ့ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environment Day) ပဲ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင် ကျန်းမာရေးဟာ သက်ရှိတစ်ဦးချင်းစီရဲ့ ကျန်းမာရေးနဲ့ ထပ်တူ အရေးပါတာကြောင့် နေထိုင်ရာ ကမ္ဘာကြီး အမြဲစိမ်းလန်း သာယာဖို့ဆိုရင် တစ်ယောက်ချင်းစီတိုင်းမှာ တာဝန်ရှိသလို တစ်ယောက်ချင်းစီကစလို့ ထိန်းသိမ်းနေထိုင်ဖို့ လိုအပ်ပါတယ်...

✅ ပလတ်စတစ် ပစ္စည်း၊ အိတ်တွေကို လျှော့ချ အသုံးပြုရန်
✅ စွန့်ပစ်ပစ္စည်းတွေကို ခွဲခြား ပြီး စနစ်တကျ စွန့်ပစ်ရန်
✅ သစ်ပင်တွေ ပြန်လည်စိုက်ပျိုးပေးရန်
✅ ပတ်ဝန်းကျင်တစ်ခွင် သန့်ရှင်းရေး၊ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ပြုလုပ်ပေးရန်

စတဲ့ အချက်လေးတွေကို လိုက်နာရင်း ရေ၊ မြေ၊ လေ၊ သစ်တော သဘာဝတရားကြီး ပိုမိုရေရှည်တည်တံ့စေရေးအတွက် ယနေ့ World Environment Day မှ စတင်ကာ ပါဝင်ထိန်းသိမ်းဖို့ တိုက်တွန်းလိုက်ပါရစေ...



ကြည်လင်တဲ့ အမြင်အာရုံနဲ့ ကျန်းမာတဲ့ မျက်လုံးလေးတွေကို ပိုင်ဆိုင်နိုင်ဖို့ အကောင်းဆုံး မျက်စိအားဆေး Optic Total Plus and ...
30/05/2025

ကြည်လင်တဲ့ အမြင်အာရုံနဲ့ ကျန်းမာတဲ့ မျက်လုံးလေးတွေကို ပိုင်ဆိုင်နိုင်ဖို့ အကောင်းဆုံး မျက်စိအားဆေး Optic Total Plus and Optic Senior Plus 💙🤎

#မျက်စိအားဆေး

👁️ တစ်နေ့တာလုံးမှာ မျက်လုံးလေးတွေရဲ့ လုပ်ငန်းဆောင်တာက အဓိကနေရာကနေ ပါဝင်နေတာကြောင့် မျက်လုံးကျန်းမာရေးကို ပိုပြီးဂရုစိုက်ချင်တဲ့သူတွေအတွက် Optic Total Plus and Optic Senior Plus ရှိနေမှ ဖြစ်မှာပါ...

Optic Total Plus မှာ

🔹 Lutein
🔹 European Blueberry မှ ထုတ်ယူထားတဲ့ Anthocyanin
🔹 Beta-Carotene တို့ရဲ့ အဓိက ပါဝင်မှုနဲ့အတူ Vitamin B6 | B12 တို့ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အမြင်အာရုံကို ကြည်လင်ပြတ်သားစေဖို့ အားဖြည့်ပေးပြီး မျက်လုံးအတွင်းရှိ ဆံချည်မျှင် သွေးကြောလေးတွေရဲ့ ခံနိုင်ရည်အားကို မြှင့်တင်ပေးတဲ့အပြင် မျက်လုံးကိုက်ခြင်း၊ မျက်လုံးအောင့်ခြင်း ၊ မျက်ရည်ပူကျခြင်းများကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

Optic Total Plus ကို စာဖတ်များသူ၊ မျက်မှန်တပ်သူ၊ ကွန်ပြူတာအကြည့်များသူ လူငယ်၊ လူလတ်ပိုင်းများ အထူးရွေးချယ်သင့်ပြီး အသက်အရွယ် မရွေး သောက်သုံးနိုင်ပါတယ်။ 💙

Optic Senior Plus မှာဆိုရင်

🔸 Lutein
🔸 Zeaxanthin
🔸 Grape Seeds မှ ထုတ်ယူထားတဲ့ Proanthocyanins
🔸 European Blueberry မှ ထုတ်ယူထားတဲ့ Anthocyanin
🔸 Beta-Carotene တို့ရဲ့ အဓိက ပါဝင်မှုနဲ့အတူ

မျက်စိခြောက်ခြင်းကို သက်သာစေပြီး ၊ မျက်ကြည်လွှာအား UV-Damage ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ဖို့ Glutathione ထည့်သွင်းထားတဲ့ အတွက် အသက် (၅၀) နှင့်အထက် မျက်စိကျန်းမာရေး ပြဿနာများဖြစ်တဲ့ အမြင်အာရုံ မှုန်ဝါးလာခြင်း၊ မျက်စိညောင်းညာခြင်း၊ မျက်စိတိမ်စွဲခြင်း၊ မျက်လုံးခြောက်ခြင်း တို့ကို သက်သာလျော့ပါးစေပြီး AMD (Age related macular degeneration) သက်ကြီး အမြင်အာရုံအားနည်းခြင်းမှလည်း ကာကွယ်ပေးပါတယ်။ 🤎

စက္ခုအာရုံ ကြည်လင်လင်းလက် Optic Total Plus and Optic Senior Plus

Amethyst Co., Ltd  မှ လစဉ် လှူဒါန်းနေကျဖြစ်တဲ့ မေတ္တာရောင်ခြည် ပရဟိတ သီလရှင် စာသင်တိုက်သို့ ယခုလမှာလည်း (၃၆) ကြိမ်မြောက်...
16/05/2025

Amethyst Co., Ltd မှ လစဉ် လှူဒါန်းနေကျဖြစ်တဲ့ မေတ္တာရောင်ခြည် ပရဟိတ သီလရှင် စာသင်တိုက်သို့ ယခုလမှာလည်း (၃၆) ကြိမ်မြောက် အလှူအဖြစ် အလှူတော်ငွေ (၁၂၀,၀၀ဝိ/-) ကျပ်နှင့် ဆန်၊ ဆီ၊ ဆပ်ပြာမှုန့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။



Official Website: www.amethystmyanmar.com
Telegram Channel: https://t.me/amethystpharmamyanmarchannel
Viber Channel: https://bit.ly/3DU0GA0

နွေရာသီရဲ့ နောက်ဆုံးလ၊ နွေရဲ့အပူဆုံး အချိန် ကဆုန်လအခါ မြန်မာတို့ရဲ့ ရိုးရာ ညောင်ရေသွန်းပွဲဆိုတာကလည်း ခေတ်အဆက်ဆက် ထင်ရှား...
11/05/2025

နွေရာသီရဲ့ နောက်ဆုံးလ၊ နွေရဲ့အပူဆုံး အချိန် ကဆုန်လအခါ မြန်မာတို့ရဲ့ ရိုးရာ ညောင်ရေသွန်းပွဲဆိုတာကလည်း ခေတ်အဆက်ဆက် ထင်ရှားတဲ့ ပွဲတော်တစ်ခုပါ။

ကဆုန်ညောင်ရေသွန်းကြတဲ့ ရည်ရွယ်ချက်ကတော့ ဗုဒ္ဓမြတ်စွာ အမှီသဟဲပြု ပွင့်တော်မူရာ ပရိဘောဂစေတီတော် ဗောဓိညောင်ပင်ကြီး အေးမြရှင်သန်စေဖို့ ရေစင်သွန်းလောင်း ကုသိုလ်ယူကြခြင်းမှ ကဆုန်ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာတယ်လို့ မှတ်သားရပါတယ်။

ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့ ဆိုတဲ့အတိုင်း ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ်ထားတဲ့ ကဆုန်လပြည့်နေ့မှာ အားလုံးပဲ ကဆုန်ညောင်ရေ ရေစင်ဖြာလို ကြည်လင်ချမ်းမြကြပါစေကြောင်း Amethyst Co., Ltd မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏

#ကဆုန်ညောင်ရေသွန်းပွဲ #ကဆုန်လပြည့်နေ့

နှစ်စဉ် မေလ (၁) ရက်နေ့ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကာယစွမ်းအား၊ ဉာဏစွမ်းအားတွေကို အသုံးပြုပြီး လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေ...
01/05/2025

နှစ်စဉ် မေလ (၁) ရက်နေ့ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကာယစွမ်းအား၊ ဉာဏစွမ်းအားတွေကို အသုံးပြုပြီး လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေကို ဂုဏ်ပြုသောအားဖြင့် သတ်မှတ်ခဲ့တဲ့ အထိမ်းအမှတ်နေ့တွေထဲက တစ်ခုဖြစ်တဲ့ အလုပ်သမားနေ့လေးပဲ ဖြစ်ပါတယ်။

ဒီနေ့ကျရောက်တဲ့ အလုပ်သမားနေ့လေးမှာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ နယ်ပယ်ဘက်ပေါင်းစုံက အလုပ်သမားများအားလုံး ဒီထပ်မက ပိုမို တိုးတက်ကောင်းမွန်တဲ့ ဘဝတွေကို ရရှိနိုင်ကြပါစေကြောင်း Amethyst Co., Ltd မှ ဆုတောင်းပေးရင်း ယနေ့ကျရောက်သော "အလုပ်သမားနေ့" ကို ဂုဏ်ပြု ကြိုဆိုလိုက်ရပါတယ်နော် 💜


#အလုပ်သမားနေ့

ကျန်းမာရေးအစ အစာအိမ်၊ အူလမ်းကြောင်း ကျန်းမာမှ ဆိုသလို မကြာခဏ အစာမကြေ၊ လေထိုးလေအောင့် ဖြစ်တတ်တယ်ဆိုရင် Prolase လေးကို ဆော...
28/04/2025

ကျန်းမာရေးအစ အစာအိမ်၊ အူလမ်းကြောင်း ကျန်းမာမှ ဆိုသလို မကြာခဏ အစာမကြေ၊ လေထိုးလေအောင့် ဖြစ်တတ်တယ်ဆိုရင် Prolase လေးကို ဆောင်ထားလိုက်တော့နော်

စားတိုင်းမမေ့ Prolase 💙

#အစာခြေအင်ဇိုင်း

ကျန်းမာရေးအစ အစာအိမ်၊ အူလမ်းကြောင်း ကျန်းမာမှ ဆိုသလို မကြာခဏ အစာမကြေ၊ လေထိုးလေအောင့် ဖြစ်တတ်တယ်ဆိုရင် Prolase လေးကို ဆောင်ထားဖို့ လိုနေပါပြီ။

India နိုင်ငံထုတ် Prolase မှာ -

Digestive Enzymes - Protease, Lactase, Alpha Amylase တို့ အစာခြေအင်ဇိုင်းလေးတွေ ပါဝင်လို့ စားလိုက်တဲ့ ကစီဓာတ်တွေ၊ အဆီတွေ၊ အသားတွေကို အလွယ်တကူ ချေဖျက်နိုင်အောင် ကူညီပေးတာကြောင့် အစာမကြေခြင်း၊ ရင်ပြည့် ရင်ကယ်ဖြစ်ခြင်းနှင့် လေထိုးလေအောင့်ဝေဒနာတွေကို သက်သာစေပါတယ်။

Herbal Extracts - အစာခြေစနစ်ကို အားကောင်းအောင် လှုံ့ဆော်ပေးတာကြောင့် အစာခြေရည် လျှံတက်တာ၊ လေချဉ်တက်တာတွေကို အချိန်တိုအတွင်း သက်သာစေပြီး အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

Probiotics and Prebiotics - အူလမ်းကြောင်းအကျိုးပြု ဘက်တီးရီးယားလေးတွေကို သင့်တင့်မျှတစေပြီး အစာခြေစနစ်ကို ကောင်းမွန်စွာ လည်ပတ်စေကာ အာဟာရစုပ်ယူမှုကိုလည်း အားပေးတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ခုခံစွမ်းအားကိုပါ တိုးတက်စေပါတယ်။

✨ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် ကျန်းမာရေးကောင်းကျိုးများစွာ ရရှိနိုင်တဲ့ Prolase ကို အသက် (၁၂) နှစ်မှစပြီး သက်ကြီးရွယ်အို ဘိုးဘွားများအထိ တစ်နေ့လျှင် (၁) ကြိမ် မှ (၃) ကြိမ် အစာမစားခင် သောက်သုံးနိုင်သလို သက်ဆိုင်ရာ ဆရာဝန်ရဲ့ ညွှန်ကြားချက်ဖြင့်လည်း သောက်သုံးနိုင်ပါတယ်။

စားတိုင်းမမေ့ Prolase 💙

#အစာခြေအင်ဇိုင်း

🌞 တစ်စတစ်စ နေ့အပူချိန်မြင့်တက်လာနေတဲ့ နွေရာသီမှာ ပြင်းထန်တဲ့ အပူဒဏ်ကြောင့် အသက်အရွယ်မရွေး အပူဒဏ်ဆက်စပ် ကျန်းမာရေးပြဿနာတွ...
23/04/2025

🌞 တစ်စတစ်စ နေ့အပူချိန်မြင့်တက်လာနေတဲ့ နွေရာသီမှာ ပြင်းထန်တဲ့ အပူဒဏ်ကြောင့် အသက်အရွယ်မရွေး အပူဒဏ်ဆက်စပ် ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။

အပူဒဏ်အန္တရာယ်ကို တတ်နိုင်သမျှ ကာကွယ်ဖို့အတွက် -

(၁) အရောင်ဖျော့ဖျော့ ချည်ထည်များကို ဝတ်ဆင်ပါ။

အပူဒဏ်ကို ကာကွယ်နိုင်ဖို့ လေဝင်လေထွက်ကောင်းပြီး သက်တောင့် သက်သာရှိတဲ့ ပေါ့ပေါ့ပါးပါး ချည်ထည် အဝတ်အစားများကိုသာ ဝတ်ဆင်သင့်ပါတယ်။

(၂) နေပူထဲ ထွက်တဲ့အခါ ဦးထုပ်၊ ထီး စသည့် အကာအကွယ်များ ယူသွားပါ။

နေပူပူထဲ အပြင်ထွက်ရတဲ့အခါ ပြင်းထန်တဲ့ အပူရှိန် တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်နိုင်ဖို့ ဦးထုပ်၊ ထီး စသည့် အကာအကွယ်များ မဖြစ်မနေ ယူဆောင်သွားသင့်ပါတယ်။

(၃) နေပူချိန်တွင် ​လေ့ကျင့်ခန်း ပြင်းထန်စွာ လုပ်ခြင်းကို သတိပြုပါ။

နေအပူချိန်ပြင်းသော အချိန်များတွင် ကိုယ်လက်လေ့ကျင့်ခန်းများ ပြင်းပြင်းထန်ထန် လုပ်ခြင်းက ချွေးထွက်လွန်ပြီး ရေဓာတ်ဆုံးရှုံးမှု ပိုဖြစ်နိုင်လို့ ရှောင်ကျဉ်သင့်ပါတယ်။

(၄) ရေ၊ ဓာတ်ဆားကို မကြာခဏ သောက်ပေးပါ။

ရာသီဥတုပူတဲ့အခါ ချွေးထွက်များပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်တွေ ပိုမိုဆုံးရှုံးနိုင်တာဖြစ်လို့ အမြဲရေဓာတ်ပြည့်ဝနေအောင် ရေ၊ ဓာတ်ဆားနှင့် ရေဓာတ်ဖြည့် အစားအစာများ မကြာခဏ စားပေးသင့်ပါတယ်။

နွေပူ လေပူ ရာသီဥတုမှာ သတိထား ဂရုစိုက်ရင်း ကျန်းကျန်းမာမာ ရှိနေစေဖို့ လိုက်နာဆောင်ရွက်နိုင်တဲ့ နည်းလမ်းအချို့ကို မျှဝေဖော်ပြပေးလိုက်ရပါတယ်။

တန်ခူးလေအေး ရနံ့သွေးလို့ ကောင်းမှုတွေများ၊ ကုသိုလ်လည်း ပွားကြတဲ့ မြန်မာ့နှစ်သစ်ဆိုတာ အားလုံးအတွက်အထူးခြားဆုံး အချိန်လေးပ...
13/04/2025

တန်ခူးလေအေး ရနံ့သွေးလို့ ကောင်းမှုတွေများ၊ ကုသိုလ်လည်း ပွားကြတဲ့ မြန်မာ့နှစ်သစ်ဆိုတာ အားလုံးအတွက်အထူးခြားဆုံး အချိန်လေးပါပဲ။

ခေတ်တွေ၊ စနစ်တွေကြောင့် ကျင်းပပုံချင်း မတူကြတော့ပေမဲ့ ကျေးလက်မက မြို့ရွာမကျန် အသက်အရွယ်မရွေး လူတိုင်းရဲ့ ရင်ထဲမှာ ရိုးရာသင်္ကြန်ရဲ့ အနှစ်သာရတွေကတော့ ဘယ်တော့မှ ပြောင်းလဲမယ် မထင်ပါဘူး။

💦 ကူးပြောင်းခြင်းဆိုတဲ့ အဓိပ္ပာယ်နဲ့အညီ နှစ်ဟောင်းရဲ့ မကောင်းတာတွေကို သင်္ကြန်ရေ ပက်ဖျန်းဆေးကြောလို့ နှစ်သစ်မှာ အကောင်းဆုံးတွေပဲ ပြန်လည်စတင်ဖို့ ရည်ရွယ်ကြတဲ့ အတာကူးသင်္ကြန် အချိန်အခါမှာ

ပြည်သူပြည်သားအားလုံး ကျန်းမာခြင်းနဲ့အတူ လုံခြုံဘေးကင်းလို့ အေးချမ်းပြည့်စုံတဲ့ အနာဂတ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Amethyst Co. Ltd မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် 🙏

Address

34,Sabal Street, Corner Of Kantkaw Street, Bolane Aungmingalar Quarter, Tamwe Township
Nay Pyi Taw
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Amethyst Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Amethyst Co., Ltd:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

Amethyst Co., Ltd was established in February 2008 in Yangon. It was officially registered as a trading company. Amethyst Co., Ltd is one of the members of MPMEEA (Myanmar Pharmaceutical and Medical Equipment Entrepreneurs Association) since 2008. The head office is situated at 34, Sapal Street, Corner of Kantkaw Street,Bolane Aungmingalar Quarteer, Tamwe Township and 9 branch offices in Mandalay, Pyay, Mawlamyaing, Myitkyina, NayPyiDaw, Lashio, Taunggyi, Pathein and Myeik. Moreover the medical dealers are appointed as territory representatives of the Company at Bago, Sittwe, Meiktila, Monywa, Kalay, Pakokku, Magway, Dawei, Keng Tong and Hpa-an. Amethyst Co., Ltd is performing the mainly activities of importing, marketing, distribution, customer service, tender business and FDA (Food and Drug Administration) registration agent for the health care products including pharmaceuticals and medical equipment. The products are imported from Canada, India, Vietnam, Poland, USA, Lithuania, Bangladesh, Korea The company offers a wide range of products in marketing and distributing through the whole country.